24 September 2020

ကိုဗစ်အလွန် မြန်မာ့စီးပွားရေး

     
 Post Covid  Myanmar Economy


Covid ရိုက်ချက်ကပြင်းသည် ။
1929. Great Depression  မဟာစီးပွားပျက်ကပ်
1973. Oil Crisis
1997.  Asia Monetary Crisis
2008. Sub prime Crisis
စသည်တို့နှင့် သဘာဝမတူ ယခင် ပြသနာများတွင် စီးပွားရေးကျဆင်းသော်လည်း လူတွေ အပြင်ထွက် အလုပ်လုပ်ပြီး နာလန်ထရေး ကြိုးစားလို့ရသေးသည် ။


ယခုပြဿနာက လူတွေအပြင်ထွက်ခွင့်မရှိ ပုံမှန်အခြေအနေပြန်ရောက်အောင် ကုစားဖို့ ခက်ခဲသည်၊
ပြောရလျင် ပိုဆိုးသည်၊ အများကြီးပိုဆိုးပါသည် ။


🍄  နှစ်ကြော့ပြန် ဒါဏ်


       Double Negative Impact
 Covid ပထမလှိုင်းမှာပင် ကမ္ဘာ့စီးပွားရေး အတော်ထိသည်၊ ဒုတိယလှိုင်းထပ်လာဦးမည်ဟု
ကျွမ်းကျင်သူများ ခန့်မှန်းထားသည့်အတိုင်း ဒုတိယလှိုင်းလာချေပြီ ။ ပညာရှင်များက ကမ္ဘာ့ အဆိုးဝါးဆုံး စံပြဖြစ်သည့် 1929 Great  Depression ထက်ပင် ပိုဆိုးဝါးလိမ့်မည်ဟုခန့်မှန်းသုံးသပ်ခဲ့ကြ သည့်အတိုင်း၊ လက်တွေ့မှာလည်း လက္ခဏာအတော်များများ ပြသလာခဲ့သည်ကိုတွေ့ရသည်၊
နိုင်ငံများ မည်မျှတောင့်ခံနိုင်ကြမည်နည်း ?


Globalization ဟူသည့်အတိုင်း အနည်းအများသာ ကွာပါလိမ့်မည်၊ ဒါဏ်ရာမရသည့်နိုင်ငံတော့
ရှိမည်မဟုတ်ပါ၊


🍄  ကြံ့ကြံ့ခံနှိုင်မှု့
     Resiliency


နိုင်ငံတိုင်း ကြံ့ကြံ့ခံနိုင်မှုမတူပါ Covid ရိုက်ချက်ပြင်းပါသည်၊
* နိုငံအဆင့် ဒေဝါလီခံ အဖြစ်မျိုး၊
* ကမ္ဘာ့ စီးပွားရေးအဆင့် လျော့ကျသည့်နိုင်ငံမျိုး
* အစိုးရများ ပြုတ်ကျသွားသည့် နိုင်ငံမျိုး .... စသဖြင့် နိုင်ငံများ၏ ခုခံနှိုင်မှုအားပေါ်တွင်မူတည်ပါ လိမ့်မည် ။


🍄  အစိုးရများ ကဏ္ဏ
    The Role of Government.