Showing posts with label အတွေး အမြင် နှင့် သက်ဆိုင်သော ဗဟုသုတများ. Show all posts
Showing posts with label အတွေး အမြင် နှင့် သက်ဆိုင်သော ဗဟုသုတများ. Show all posts

26 August 2022

ဘာတွေ ဖြစ်လာကြဦးမလဲ ? / ဘာတှဖွေဈလာကွဦးမလဲ ? Scenario Analysis.

 


Scenario analysis  ဆိုတာ ဒီနေ့ဖြစ်ပျက်မှုတွေအပေါ်အခြေခံပြီး အနာဂါတ်ဖြစ်လာနိုင်တာတွေကို မှန်းဆ တွက်ချက်ပုံဖေါ်တာပါ။


Scenarion Analysis နဲ့ပါတ်သက်ပြီးဆောင်းပါး (၂) ပုဒ်လောက်ရေးဘူးတယ်။ တစ်ပုဒ်က SA နဲ့ပါတ်သက်ပြီးပညာ ရပ်ဆိုင်ရာ သဘောတရား စဉ်းစားပုံ၊ အခြေခံမှုတွေနောက် တစ်ပုဒ်က SA ပေါ်အခြေခံပြီး ကမ္ဘာ့မြင်ကွင်းသစ် ဘယ်လိုထွက်လာနိုင်သလဲ ဆိုတဲ့ ပုံကြမ်း၊


အမှန်တစ်ကယ် ဆိုရင် Alternatives တွေ ရှိရမယ်၊ ပြည့်စုံအောင်မရေးနိုင်ခဲ့ဘူး။ အမေရိကန်ခေတ်လွန်မှာ ဘာဖြစ် လာမလဲ ဆိုတဲ့ မြင်ကွင်းတခုထဲကိုသာ ရေးခဲ့ပါတယ်၊ အချိန် မရတာရယ် အချိန်အကုန်သိပ်မခံနိုင်တာရယ် လိုချင် တဲ့ အချက်အလက်တွေမရတာရယ် စတာတွေကြောင့်ပါ ။


🌺  မတူညီတဲ့နိုင်ငံရေးတည်ဆောက်မှု

         Different Political Structure.


အမေရိကန်၊ ဂျာမဏီ၊ အိန္ဒိယ စတာတွေက ရွေးကောက် ပွဲက တစ်ဆင့် တက်တဲ့ အစိုးရတွေ၊ Trump အိမ်ကို ဝင်စီးလိုက်တဲ့ဖြစ်စဉ်နောက်ပိုင်း၊ အမေရိကန်မှာ တစ်ပါတီထဲ ကြီးစိုးတဲ့ စနစ်အဖြစ် အမေရိကန်ပြောင်းသွားတော့မှာလား ?  ဆိုတဲ့ မေးခွန်းတွေ အသံကျယ်လာတယ် ။


Free election ဆိုပေမဲ့ Fair election မဟုတ်တာ ကတော့ လေ့လာသူတွေဖက်က မြင်လိမ့်မယ်နဲ့တူတယ် ။ Deep State က ဒီမိုကရက်တွေဖက် အလေးသာ ပေးထား တယ် ။ ရှေးတုန်းက အမေရိကန်တွေလို မသန့်ရှင်းတော့ ဘူး ။


 နောက်ပိုင်းတက်လာတဲ့ ရုရှားနဲ့ တရုတ်တို့ရဲ့ Political structure က အနောက်အုပ်စုနဲ့ ဆန့်ကျင်ဖက်၊ Election ကိုဖြတ်ကြပေမဲ့ ဖြတ်ပုံဖြတ်နည်း လုံးဝမတူကြဘူး ။


ပူတင်က ရုရှားကိုဦးဆောင်ခဲ့တာ (၂၁) နှစ်ရှိသွားပြီ၊ အမေရိကန်က ပြန်လေးစားရတဲ့ လက်နက်တွေပိုင်ဆိုင်တဲ့နိုင်ငံ ( လက်နက်နိုင်ငံ ) အဖြစ် တည်ဆောက်နိုင်ခဲ့တယ်၊ တိန်ရှောက်ဖိန် ဟာ ခေတ်သစ်တရုတ်နိုင်ငံရဲ့ ပိသုကာပါ၊ သမ္မတ တစ်ဦး (၁၀) နှစ်ပုံစံနဲ့ တရုတ်ကို ( စီးပွားနိုင်ငံ ) အဖြစ်ရောက်အောင် အုတ်မြစ်ချပေးနိုင်ခဲ့တယ် ။


အာရှထဲမှာ နောက်ပိုင်းတက်လာမှာက အိန္ဒိယ၊ ကမ္ဘာ့ အကြီး ဆုံး ဒီမိုကရေစီက အိန္ဒိယ အာရှထဲကနိုင်ငံတစ်ခု၊ သူ့ Political structure ကလဲ ရွေးကောက်ပွဲက တစ်ဆင့်ဖြတ်သန်းမှုမျိုးပဲ၊ ရွေးကောက်ပွဲ အပျိုရည်ကို အမေရိကန် ထက် ပိုပြီးထိမ်းသိမ်း ထားနိုင်ဆဲလို့ ယူဆလို့ရတယ်။


20 November 2021

ဒီမိုကရေစီ၊ Jesus ၊ Barabbas နဲ့ လူအုပ်ကြီး

 



ကျမ ဂျာမဏီနိုင်ငံမှာဒေါက်တာဘွဲ့ယူနေတဲ့အချိန်တုန်းက၊ ကိုယ့်ဘာသာက Microbiology ဆိုတော့ ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်မှု့ပေါင်းများစွာနဲ့မိုးလင်းကမိုးချုပ်အချိန်ကုန်ခဲ့တယ် ။ အချိန်မရှိတဲ့ကြားကဘဲ…နိုင်ငံရေးစိတ်ဝင်းစားတဲ့ ကျမက နိုင်ငံရေးသိပံ္ပ Seminar တွေဖက်ကို တစ်ခါတစ်ရံခြေဦးလှည့်မိတတ်တယ် ။


တစ်ခါမှာတော့…

" ဒီမိုကရေစီက Jesus ကိုသတ်ခဲ့သလား?"…

ဆိုတဲ့ခေါင်းစဉ်နဲ့ Seminar ကိုတွေ့လိုက်တော့…

အဲ့ဒီအချိန်က ဒီမိုကရေစီ crazy ဖြစ်နေတဲ့ မြန်မာနိုင်ငံသူ ကျမ၊ တစ်ချိန်တည်းမှာဘဲ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လို့ Bible သမ္မာကျမ်းစာအုပ်ကို လက်ဝယ်တစ်ခါမှ မကိုင်ခဲ့ဘူးသူဖြစ်တော့…Jesus ကို ဒီမိုကရေစီကသတ်ခဲ့သလား ဆိုတဲ့ခေါင်းစဉ်က ကျမအတွက် အရမ်းကိုစိတ်ဝင်စားစရာဖြစ်ခဲ့တယ် ။


Seminar က ဘာသာရေးနဲ့ လုံးဝလုံးဝ မပတ်သက်ဘဲ၊ ဖြစ်ရပ်တစ်ခုကိုနိုင်ငံရေး ရှု့ဒေါင့်သက်သက်ကသဘောထား အမြင်တွေကိုဘဲဆွေးနွေးခဲ့ကြတာဖြစ်တယ် ။

ခရစ်တော်မတိုင်မီ BC ၅ ရာစုနှစ်ကတည်းက ဂရိနိုင်ငံရဲ့မြို့အုပ်ချုပ်ရေး တစ်ချို့မှာ အထက်လွှာ လူ့မလိုင်အုပ်ချုပ်မှု့ စနစ် ( Aristocracy/ rule of an Elite) ကို ဆန့်ကျင်တဲ့ ပြည်သူလူထု အုပ်ချုပ်မှု့စနစ် ( Democracy/ rule of the people) ဟာ အစပျိုးလာခဲ့တာပါ ။


ကြာခဲ့ပြီပေါ့…

ဘာအသစ်အဆန်းမှ မဟုတ်တဲ့၊ ဒီလောက် သက်တမ်းရင့်နေတဲ့ ဒီမိုကရေစီကြီးကို ငါတို့က အခုအချိန်အထိ ငါတို့နိုင်ငံ အတွက်တောင်းယူလို့ မရသေးပါလား ဆိုပြီး စိတ်ထဲမှာအောင့်သက်သက်ဖြစ်ခဲ့မိသေးတယ် ။

Jesus ကို ကားစင်တင်ပြီး သတ်ဖို့ဆုံးဖြတ်မယ့်တရားခွင်မှာ… အမိန့်ချပေးရမယ့် ရောမဘုရင်ခံ Pontius Pilate က တစ်ကယ်တော့ Jesus ကိုမသေစေချင်ခဲ့ပါဘူးလို့ ဆိုပါတယ်။

အဲ့ဒါကြောင့်လည်း… Jesus ကို သတ်ဖို့/ မသတ်ဖို့ ဆိုတာကို ဒီမိုကရေစီနည်းလမ်း ဆန်ဆန် ဂျေရုဆလင်မြို့သူမြို့သား လူအုပ်ကြီးကို အဆုံးအဖြတ်ပေးစေခဲ့ပါတယ် ။


12 April 2021

တစ်ဆင့်မြင့် The Next Level

 



      🍄  တစ်ဆင့်မြင့်  The Next Level  ( ၁ )

Sophistication က ဆန်းသစ်တာ Invention ကအသစ်တည်ထွင်တာ သူများထက် သာလွန်တဲ့ လက်ရာ၊ နည်းပညာကို State of the art  ဒါမှမဟုတ် Cutting the edge စသဖြင့် တင်စားပြောလေ့ရှိတယ် ။

The next level က အသုံးရှင်းပြီး အရည်အချင်းတွေ အားလုံးပါသွားတယ်၊ ဆန်းသစ်တာရော တည်ထွင်တာရော၊ သူများထက် သာလွန်တာရော အားလုံးပါမှ တစ်ဆင့်မြင့်မှာဆိုတော့...  သူ့အသုံးက ပိုလွှမ်းခြုံမှုရှိတယ် ။

ပထမအသုံးတွေက တစ်ခုခြင်းစီနဲ့သာဆိုင်ပြီး Next level က ဘက်စုံသဘောတရားကို ကိုယ်စားပြုပါတယ် ။

ဥပမာ.... မဟော်သဓါ ကို Next level နဲ့ တင်စားနိုင်တာမျိုး၊ အနော်ရထာကို တင်စား နိုင်တာမျိုး၊ တစ်ဦးတယောက်ဟာ အခြားသူတွေထက် သိသိသာသာသာ ထူးချွန်နေတာမျိုးဆိုရင် သူ့ကို Next level လို့ဆိုလေ့ရှိကြတယ် ။


🍄  စင်္ကာပူရဲ့ တစ်ဆင့်မြင့်စီးပွားရေး ? ...  The next level economy of Singapore ?

သိတဲ့အတိုင်းပဲ နိနိုင်ငံတစ်ခု တိုးတက်ဖို့ အကြောင်းချင်းရာ အများကြီးလိုအပ်တယ်၊ အဓိကကျတဲ့ ခေါင်းဆောင်တွေတော်ရလိမ့်မယ် ။ ပထဝီ၊ နိုင်ငံအခြေအနေ၊ အကျယ်အဝန်း၊ လူဦးရေ စတဲ့ပံ့ပိုးမှုတွေကလဲ လိုအပ်တယ်၊

အခြေအနေတွေကောင်းပြီး ခေါင်းဆောင်ညံ့ရင် မတိုးတက်နိုင်သလို၊ ခေါင်းဆောင်ကောင်းရင် တိုးတက်နိုင်ပေမဲ့ အခြေအနေက အကန့်အသတ် ပြန်ဖြစ်စေတာကို သဘောပေါက်ထားကြသင့်တယ် ။ ခေါင်းဆောင်ကလဲ ညံ့ အခြေအနေကလဲ မပေးရင်တော့ အဲ့ဒီနိုင်ငံ အတွက်အတော်ရင်လေးစရာပါပဲ၊

စင်္ကာပူဟာ Next level economy အတွက် အများကြီး စဉ်းစားလာရသလို တရုတ် ဟာလဲ next level political economy အတွက် Combination model တွေ (၁၁) မျိုးလောက် ထုတ်ပြီး၊ ခေါင်းပူနေရတယ် ။

စင်္ကာပူက သေးလွန်းပြီး လူဦးရေနည်းလွန်းတော့ လေတိုက် သိပ်မခံဘူးနောက်ထပ် နှစ် (၂၀) လွန်ကာလအတွက်ခေါင်းဆောင်ပိုင်းမှာ အတော်လေး  ခေါင်းစားနေရပြီ ။ တရုတ်ကိုကြည့်ရင်လည်း Normal economy နဲ့ လက်ရှိ Structure ဟာ Matching သိပ်မဖြစ်လှပေမဲ့၊ ထိမ်းသိမ်းလို့ ရနေသေးတယ်၊ ဒါပေမဲ့ နောက်ထပ် နှစ် (၃၀) လွန် ကာလအတွက် Structure နဲ့ Economic system ကိုပြန်ပြီး Tune up ပြန်ညှိဖို့လိုမယ် ။ ဥပမာအဖြစ်လောက်ပေးတာပါ၊

နိုင်ငံတိုင်း ( Great power , Super power,  Hyper power ) States တွေအတွက် Next level ဟာမရှိမဖြစ် စဉ်းစားရမဲ့ အရာဖြစ်လာခဲ့ပြီ ။


03 April 2021

မြန်မာ့အမှောင်ခရီးကာလ { The Dark Age of Myanmar }

 



မြန်မာတွေ ဒီနေ့ အမှောင်ခေတ်တစ်ခုကို ဖြတ်သန်းနေရတယ်လို့ပြောရင် မမှားလောက်ဘူး။ တစ်ချိန်က ဥရောပကြီးတစ်ခုလုံး အမှောင်ခေတ် ကာလရှည်တစ်ခုကို ဖြတ်သန်းခဲ့ရဘူးတယ် ။ အမှောင်ခေတ်ဆိုတာ လူတွေရဲ့အသိဉာဏ် အသုံးချမှုဆိုင်ရာ အကြီးအကြယ် လွဲမှားမှုကိုတင်စားတာပါ ။ အထူးသဖြင့် ယုံကြည်မှုဆိုင်ရာလွဲမှားမှုက အင်အားအကြီးဆုံးဖြစ်တတ်တယ်။


အမှားကို အမှန်ထင် အမှန်ကိုအမှားလို့ခံယူ ၊ ဝိဇ္ဇာက အဝိဇ္ဇာ အဝိဇ္ဇာက ဝိဇ္ဇာဖြစ် ၊ လူကောင်းကို လူဆိုးလို့မြင်လူဆိုးကို သူတော်စင်လို့ကိုးကွယ် အားလုံး အလွဲလွဲ အမှားမှားက အများစုမှာဖြစ်ခဲ့ဘူးတယ် ။ ဥရောပကြီးတစ်ခုလုံး အမှောင်ခေတ်လွန်တော့  Renaissance ရီနေးစင့်ခေတ်ရောက်ပြီးမှ အနောက်ကမ္ဘာ တိုးတက်လာခဲ့တာ။


နှစ် "ရာ" ချီနောက်ကျပြီး ဒီနေ့လို အသိတွေ လွယ်လွယ်ကူကူ ဖလှယ်နိုင်တဲ့ခေတ်မျိုးကျမှ မြန်မာမှာ အမှောင်ခေတ်ကို ဖြတ်သန်းရတာ တွေးကြည့်ရင်.... အတော်ရင်နာဖို့ကောင်းလှတယ် ။

ပြောရရင် ပညာဟာအခြေခံပဲ၊ အတန်းပညာထက် အသိပညာ ပိုအရေးကြီးတယ်၊ ။ အသိ နဲကြတော့ ပုတီးစိပ်ပြရင် သူတော်ကောင်းလိုထင်ပြီး ဒီမိုကရေစီလို့ များများပြောနိုင်ရင် ကယ်တင်ရှင်လို့ ထင်လာကြတယ် ။ လူလိမ်တွေဘယ်တော့မှ အမှန်မပြောတတ်ဘူး ။ လိမ်မှန်း မသိအောင် မျက်နှာဖုံးတစ်ခုခု စွပ်လေ့ရှိကြတယ် ဆိုတဲ့ အသိမရှိသေးသရွေ့ မြန်မာတွေ ဆက်အလိမ်ခံနေရဦးမှာပဲ ။ အမှောင်ခေတ်ကို ဆက်ဖြတ်နေရဦးမှာပဲ။


16 December 2020

အလုပ် နှင့် သိက္ခာ

 



ဖူးဖူး အိမ်ကို ရောက်လာသည်မှာ သုံးလကျော် နေပေပြီ။ တစ်နေ့တစ်မျိုး မရိုးနိုင် အောင်ပင် သူမထံမှ ကျွန်မ စကားဆန်းများ ကြားရသည်။


တစ်ခါတစ်ရံတွင် ကျွန်မ၏ အတွေ့အကြုံ များမှာ သူမလောက်ပင် မရင့်ကျက် သေးဟု ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်မိသည်။ ဖူးဖူး အသက်မှာ (၁၈)နှစ် ပြည့်ပြီးခါစ ဖြစ်သည်။ ဖူးဖူး ၏ဇာတိမှာ မုံရွာ တစ်ဖက်ကမ်းမှ ဖြစ်သည်။


စိုက်ပျိုးရန် ခက်ခဲပြီး ရေရှားပါးသော သူတို့ရွာမှ အရွယ်ရောက်သူ အတော် များများမှာ မြို့ပေါ်တက် အလုပ်လုပ်၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ် ကြသည်။ သူမ၏ အစ်ကို၊ အစ်မများ အပါအဝင် သူတို့ရွာမှ နိုင်ငံရပ်ခြားသို့ အလုပ် သွားလုပ်ကြသူ အတော်များ သည်ကို ဖူးဖူး ပြောပြသဖြင့် သိခဲ့ရသည်။


ဖူးဖူးမှာ ပညာ အရည်အချင်း ကိုးတန်းထိ တက်သည်။ အခြေအနေ အကြောင်း ကြောင်းကြောင့် ကျောင်းဆက် မတက်နိုင်ဘဲ မိမိဘဝ မိမိကျောင်း ရသော အခြေအနေကို ရောက်လာခြင်း ဖြစ်သည်။ ကျွန်မထံ ရောက်လာသော သူမ၏ ရည်ရွယ်ချက်မှာ ကျွန်မကို တစ်ဖက် တစ်လမ်းမှ ကူညီရန်နှင့် ကျွန်မဆီက ကွန်ပျူတာ ပညာကို သင်ယူလို သောကြောင့် ဖြစ်သည်။


ကျွန်မနှင့် ရင်းနှီးသော အစ်မ တစ်ယောက်၏ အဆက်အသွယ်ဖြင့် ဖူးဖူး ၏ စာရိတ္တကို အာမခံသဖြင့် ကျွန်မ ခေါ်ထားခြင်း ဖြစ်သည်။ စရောက် ကတည်းက သွက်သွက် လက်လက် နှင့် တက်တက် ကြွကြွရှိလှသော ဖူးဖူး မှာ ကျွန်မနှင့်တော့ အတော် အဆင်ပြေသည်။ ဖူးဖူးမှာ အရွယ်နှင့် မလိုက်အောင် စကားပြောလျှင် ကျွန်မကျွန်မ နှင့်လည်း ပြောတတ် သေးသည်။


သူမကို ဘာလို့ နိုင်ငံခြားမှာ အလုပ် သွားမလုပ် တာလည်း ငွေတွေ အများကြီး ပိုရလျှင် မိသားစုကို ဒီထက်မက ပိုမိုပံ့ပိုး နိုင်မည်ဟု ပြောကြည့်သည်။ ”ကျွန်မ အစ်မတွေလဲ နိုင်ငံခြား သွားလုပ်ဖူး တာပဲ ဆရာမ ရယ်။ ဒါပေမဲ့ ရတာနဲ့ ပြန်ကုန်တာ မထူးပါဘူး။ အိမ်ကို ပို့တော့လဲ ရွာမှာက ဘာအလုပ်မှ သိပ်မဖြစ်တော့ ပို့တဲ့သူ မောရုံပဲ၊ နိုင်ငံခြား သွားတယ်သာ အမည်တွင်တယ်။ ဘာမှ မပြောင်းလဲ ပါဘူး။ မိဝေးဖဝေး မှာ နေရတာသာ ပိုပါတယ် .. ” ဟု ဖြေသည်။ 


20 July 2020

တရုတ် ရဲ့ သရုပ်




တ ရုပ် နိုင် ငံ ရဲ့ အ တွင်း သ ရုပ် ကို သေ ချာ နား လည် ထား ဖို့ လို မယ် ။
တ ရုတ် နိုင် ငံ က မြန် မာ နိုင် ငံ အ ပေါ် စိတ် ထား မ မှန် ဘူး လို့ ပြော ရင် တစ် ဖက် သတ် ပြော ရာ

ကျ မယ် ။

အ မှန် တစ် ကယ် တော့ တ ရုတ် န်ူင် ငံ က ဘယ် နိုင် ငံ အ ပေါ် ကို မှ စိတ် ထား မ ပြောင်း လဲ ဘူး ။
သူ့ ရဲ့ ထား တဲ့ စိတ် က သူ ဘာ အ ကျိုး ရ မ လဲ ဆို တဲ့ အ ချက် နဲ့ သူ့ အ တွက် ဘာ နစ် နာ မ လဲ ဆို တဲ့ အ ချက် နှစ် ခု ပဲ ရှိ တယ် ။ မျှ မျှ တ တ ဆို တာ သိပ် နား မ လည် ဘူး ။ ရ သ လောက် အ မြတ် ပဲ ဆို တဲ့ ခံ ယူ ချက် ပဲ ရှိ တယ် ။



တ ရုတ် နိုင် ငံ သည် မြန် မာ နိုင် ငံ ရဲ့ သ ဘာ ဝ ပတ် ဝန်း ကျင် ကို ပျက် စီး စေ မည့် စိုက် ပျိုး ရေး လုပ် ငန်း များ ၊ သ တ္ထု တူး ဖော် ရေး နှင့် သစ် တော လုပ် ငန်း များ ကို ရင်း နှီး မြုတ် နှံ ခြင်း ဖြင့် အ ကြွေး ထူ စေ ကာ မြန် မာ့ အ ချုပ် အ ခြာ အာ ဏာ ကို ဆုံး ရှုံး စေ သည့် ခေတ် သစ် နည်း လုပ် ဆောင် နေ ကြောင်း အ မေ ရိ ကန် သံ ရုံး လူ မှု ကွန် ယက် စာ မျက် နှာ မှာ မြန် မာ နိုင် ငံ ဆိုင် ရာ အ မေ ရိ ကန် ယာ ယီ တာ ဝန် ခံ ဂျော့ခ်ျ အန် ဆစ် ဘ လီ ( George N Sibley ) က ရေး သား ဖော် ပြ လိုက် တယ် ။


တ ရုပ် နိုင် ငံ က သူ့ ရဲ့ အိမ် နီး ချင်း နိုင် ငံ တစ် ခု ဒီ မို က ရေ စီ နိုင် ငံ ဖြစ် မှာ လုံး ဝ မ ထောက် ခံ ပါ ဘူး ။ ဒါ ကြောင့် မြောက် ကို ရီး ယား ကို ကြား ခံ ထား ပြီး တောင် ကို ရီး ယား နဲ့ ခွဲ ထား တယ် ။ ဟောင် ကောင် ကို လည်း အ တင်း ပြန် သိမ်း ပိုက် လိုက် ပြီး ထိုင် ဝမ် လည်း အ ချိန် တစ် ခု ရောက် ရင် တစ် နည်း နည်း နဲ့ တ ရုတ် တို့ ပြန် သိမ်း ပါ လိမ့် မယ် ။

 

10 July 2020

External Locus of Control - ပြင်ပ သက်ရောက်မှု




ကိုယ်လုပ်ရင်ဖြစ်တယ်လို့ တစ်ဖက်သတ်ယုံကြည်တာကို ILOC - Internal locus of control လို့ခေါ်ပြီး....
ပြင်ပ ထိမ်းချုပ်မှုရှိတယ် ( ဥပမာ..ကံ ) ဆိုတဲ့ အပေါ် ယုံကြည်မှုကို ELOC- External locus of control လို့ခေါ်တယ် ။


MBA ကျောင်းသားဘဝမှာ ဘမောင် နဲ့ နိုင်ငံခြားသား ဆရာတို့ ငြင်းခုံခဲ့ကြတဲ့ issue တစ်ခုပေါ့ ။


ဗုဒ္ဓက...
ဘယ်အရာကိုမှ တစ်ဖက်စွန်း မကျဖို့ လမ်းညွှန်ထားတယ်၊ ELOC အရ... ကိုယ်လုပ်ရင်ဖြစ်တာက အခြေခံ အဖြစ် လက်ခံထားရမှာ ဖြစ်ပေမဲ့ အစွန်းတစ်ဖက် မရောက်ဖို့လိုတယ် ။  ILOC ကို ယုံကြည်မှုများပြီး ဘာမှ မလုပ်ရင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ပြန်ဘူး၊ ELOC နဲ့ ILOC ကို မျှတစွာ အသုံးချနှိုင်တာက
ပညာ ပဲ ။



မြန်မာတွေမှာ "စန်း" ဆိုတာရှိတယ်၊
"စန်း" ထတဲ့ အချိန် ဘာလုပ်လုပ်ဖြစ်တယ် ။ အနုပညာ နယ်ထဲမှာ ပိုထင်ရှားတယ် ။


" ကံ" ကောင်းတဲ့အခါ " စန်း" လဲ လိုက်ကောင်းတတ်တယ် ။" စန်း" ကျရင် ဘယ်သူမှ လက်မခံတော့ဘူး ။
ကနေဒီ ဆိုရင် " စန်း" ကျန်နေသေးပေမဲ့ သက်တမ်းကုန်တော့ အသက်ပါ ပေးလိုက်ရတယ်၊ နစ်ဆင်ဆိုရင် “ ကံ" အဆိုးနဲ့ ကြုံပြီး Watergate affair ကြောင့် ရုပ်ပျက်ဆင်းပျက်
သမ္မတ အဖြစ်က နှုတ်ထွက်ပေးလိုက်ရတယ် ။ 


အသက်ရှင်သန် နေပေမဲ့လည်း "စန်း" ကုန်သွားလို့ မထင်ပေါ်တော့တဲ့ အပြင် ရှင်သန်နေစဉ် သူများ မေးငေါ့တာကို ခံစားခဲ့ရသူဖြစ်သွားတယ်။ အရာရာအတွက် ဆင်ခြင်နိုင်တာ အကောင်းဆုံးပါ အထူး သဖြင့် တာဝန်ကြီးကြီး ယူထားပြီး အများနဲ့သက်ဆိုင်တဲ့ သူ အားလုံး ဆင်ခြင်နိုင်မှ တော်ရုံကျပါလိမ့်မယ် ။


လူပြော သူပြောများလာရင်... "စန်း" ကျနေပြီ ဆိုတာသိဖို့ကောင်းတယ်၊ မဆင်ခြင်နိုင်ရင် နွံထဲမှာ ရုန်းလေ နစ်လေ ပိုဖြစ်တတ်တယ် ။


28 May 2020

သန်ရာ သန်ရာ



 
က လေး တွေ ယဉ် ကျေး လိမ် မာ လာ အောင် ရိုး ရာ ယဉ် ကျေး မှု ဓ လေ့ ထုံး စံ တွေ သင် ပေး သင့် လား Sex ကိ စ္စ တွေ သင် ပေး သင့် လား ။ ဒါ ခံ ယူ သူ ရဲ့ သ ဘော နဲ့ ပဲ ဆိုင် ပါ တယ် ။

ရိုး ရာ ယဉ် ကျေး မှု တွေ ကို မ ပျောက် ပျက် စေ ပဲ လိမ် မာ ယဉ် ကျေး တဲ့ သူ တွေ ဖြစ် လာ စေ ချင် လို့ ရှိ ရင် ရိုး ရာ ယဉ် ကျေး မှု တွေ ဘာ သာ တ ရား ကိုင်း ရှိုင်း ဖို့ တွေ သင် ပေး ဖို့ စိတ် အား ထက် သန် မှာ ဖြစ် ပြီး Sex ကိ စ္စ ပို အ ရေး ကြီး တယ် လို့ ခံ ယူ ထား တဲ့ သူ က တော့ Sex ကိ စ္စ အ ရင် စ သင် မှာ ပဲ ။
ဒါ ကိုယ် ပိုင် လွတ် လပ် စွာ ခံ ယူ ခွင့် ဖြစ် လို့ ဘယ် သူ မှ မ မှား ဘူး ။ အ ပြစ် ပြော လို့ လည်း မ ရ ဘူး ။ ကိုယ် သန် ရာ သန် ရာ ပါ ။


ကိုယ် မွေး ထား တဲ့ က လေး တွေ မ ဟုတ် ပဲ သူ များ မွေး ထား တဲ့ က လေး တွေ ကို သင် ပေး မယ် ဆို ရင် တော့ သင့် သ ဘော တစ် ခု ထည်း မ ဟုတ် တော့ ဘူး ။ သက် ဆိုင် ရာ ကာ ယ ကံ ရှင် မိ ဘ အ သိုင်း အ ဝိုင်း တွေ နဲ့ လည်း သက် ဆိုင် သွား ပြီ ။

မ ကြာ သေး တဲ့ အ ချိန် က ဝန် ကြီး ချုပ် တက် ရောက် ကျင်း ပ တဲ့ ပွဲ တစ် ခု မှာ နံ မည် ရှိ အ ဆို တော် အ နု ပ ညာ ရှင် အ မျိုး သ မီး တစ် ယောက် ( စ ကား လုံး ရိုင်း သွား ရင် ခွင့် လွှတ် ပါ ) သူ့ ရဲ့ ဖင် နဲ့ ရင် ကို ပဲ ဖုံး ထား တဲ့ အ ဝတ် ဝတ် ပြီး စင် ပေါ် ကို အ မြင် မ တော် တက် ပြီး သ ရုပ် ဆောင် ဖျော် ဖြေ သွား တယ် ။

ပွဲ လာ တဲ့ ပ ရိတ် သတ် တွေ တောင် ဝန် ကြီး ချုပ် ရှေ့ မှာ အ ခု လို ဝတ် တာ မ သင့် ဘူး ရှက် ဖို့ကောင်း တယ် ဆို ပြီး ပြော ဆို ကြ တယ် ။ သည်း ခံ တတ် တဲ့ ဝန် ကြီး ချုပ် က ပြုံး ပြုံး ပြုံး ပြုံး နဲ့ ဘာ မှ မ ပြော ပဲ ထိုင် ကြည့် နေ ခဲ့ တယ် ။ ဒါ ပေ မဲ့ အဲ့ ဒီ ဝန် ကြီး ချုပ် က ခင် ဗျား တို့ ရဲ့ သ မီး တစ် ယောက် ယောက် အဲ့ ဒီ လို သ င်္ကြန် မ ဏ္ဍပ် ပေါ် မှာ ရှိ နေ မှာ မ ဖြစ် ရ အောင် ( စ ကား လုံး အ တိ အ ကျ မ မှတ် မိ ) လို့ ဆို ပြီး မြန် မာ အ မျိုး ကောင်း သ မီး တွေ ပျက် စီး မှာ လူ အ ထင် သေး မှာ စိုး ရိမ် ပြီး သ င်္ကြန် မ ဏ္ဍပ် တွေ ပိတ် ခဲ့ တဲ့ သူ ဖြစ် ပါ တယ် ။

တစ် ကယ် အ စစ် မြန် မာ့ ရိုး ရာ ယဉ် ကျေး မှု နဲ့ မ သင့် လျှော် ဆန် ကျင် တဲ့ ကိ စ္စ တွေ ကို မ ဖြစ် စေ ချင် ဘူး ဆို ရင် အ နည်း ငယ် လောက် တော့ မ သင့် တာ ကို မ သင့် ကြောင်း အ လွတ် သ ဘော ပြော ရ မှာ ပဲ ။ အ နည်း ဆုံး မျက် နှာ မှာ မ နှစ် မြို့ တဲ့ ပုံ ၊ မ ကြိုက် တဲ့ ပုံ လောက် တော့ ဖော် ပြ သင့် တယ် ။
နိုင် ငံ တစ် ကာ မှာ လည်း သ မ္မ တ တက် ရောက် မယ့် ပွဲ ဆို ဘယ် လို အ ဝတ် အ စား ၊ ဘု ရင် ဘု ရင် မ တက် ရောက် မယ့် ပွဲ ဆို ဘယ် လို အ ဝတ် အ စား အ ပြု အ မူ လို့ သတ် သတ် မှတ် မှတ် ရှိ တယ် ။
ဒါ ကိန်း ဂ ဏ္ဏန်း ကြီး တာ မ ဟုတ် ဘူး ။ ယဉ် ကျေး မှု အ ဆင့် အ တန်း အ ရ ကန့် သတ် ထား တာ ။ သင် ဒီ လောက် အ ဆင့် မ ရှိ ရင် ဒီ အ ဆင့် ကို လာ လို့ မ ရ ဘူး လို့ သတ် မှတ် ထား တာ ။ ပေါက် လွတ် ပဲ စား အ ဆင့် နဲ့ ဂုဏ် သ ရေ ရှိ အ ဆင့် ကို ခွဲ ထား တာ ။

အမျှော် အမြင်




ရေ ရှည် ကို တွေး နိုင် မြင် နိုင် တဲ့ အ ရည် အ ချင်း ကို အ မျှော် အ မြင် ရှိ တယ် လို့ ဆို တယ် ။
ဆန့် ကျင် ဖက် က တော့ ရေ ရှည် ကို မ မြင် နိုင် တာ ပေါ့ ။ ဦး သိန်း စိန် အ စိုး ရ လက် ထက် မှာ Samsung ကု မ္ပ ဏီ မြန် မာ နိုင် ငံ ကို လာ ပြီး ရင်း နှီး မြုတ် နှံ ဖို့ ကိ စ္စ လျှပ် စစ် အ ပါ အ ဝင် တစ် ခြား အ မျိုး မျိုး ကိ စ္စ တွေ ကြောင့် ဗီ ယက် နမ် ကို ရောက် သွား တယ် ။

ဒီ ကိ စ္စ ပြီး လို့ ငါး နှစ် ကျော် ကြာ အ ခု Covid 19 ပြ ဿ နာ ဖြစ် လာ တယ် ။ Covid 19 မ ဖြစ် ခင် တစ် နှစ် ကျော် က တည်း က အ မေ ရိ ကန် နဲ့ တ ရုတ် ကုန် သွယ် ရေး စစ် ဖြစ် ခဲ့ ပြီး Huawei ကို စ အ ရေး ယူ ခဲ့ တယ် ။

ကုန် သွယ် ရေး စစ် ဖြစ် နေ တဲ့ အ ချိန် တွင်း မှာ တ ရုတ် ပြည် က နိုင် ငံ တစ် ကာ စက် ရုံ တွေ ပြန် ထွက် တော့ မယ် ဆို တာ သိ နိုင် တယ် ။ ရေး လည်း ပြ ခဲ့ သ လို ပြင် ဆင် ထား ဖို့ လည်း တိုက် တွန်း ခဲ့ တယ် ။ အ ခု ကုန် သွယ် ရေး စစ် ကော Covid 19 ကော ပေါင်း ပြီး တ ရုတ် ကို မ ကျေ နပ် ကြ လို့ ဂျ ပန် က စ ပြီး စက် ရုံ တွေ ရုပ် သိမ်း ဖို့ စီ စဉ် တယ် ။ အဲ့ ဒီ ဂျ ပန် စက် ရုံ တွေ ဗီ ယက် နမ် နဲ့ ဘ င်္ဂ လား ဒေ့ရှ် ကို ရောက် သွား တယ် ။

ဂျ ပန် စက် ရုံ တွေ မ ရ လို့ နောက် တစ် ခါ အ မေ ရိ ကန် စက် ရုံ တွေ ကျန် သေး တယ် လို့ ရေး ခဲ့ တယ် ။ အဲ့ ဒီ ဒု တိ ယ အ မေ ရိ ကန် စက် ရုံ တွေ ပြန် ထွက် မှာ လည်း အင် ဒို နီး ရှား ကို ရောက် သွား တယ် ။
တစ် ကယ် လို့ စက် ရုံ တွေ ပြန် ထွက် လာ ရင် ငါ တို့ မြန် မာ နိုင် ငံ က်ု လာ ပြီး စက် ရုံ ဆောက် ဖို့ ဆို ပြီး အ စိုး ရ က အ စ ပြည် သူ အ လုပ် သ မား တွေ အ ထိ ဘယ် သူ တွေ ဘာ ကို ကြို တင် ပြင် ဆင် ထား ကြ သ လဲ ။ ပြန် ထွက် လာ မယ့် စက် ရုံ တွေ မြန် မာ ပြည် လာ ဖို့ နေ နေ သာ သာ မြန် မာ ပြည် ထဲ ရှိ တဲ့ စက် ရုံ တွေ တောင် ပြန် ထွက် စ ပြု လာ ပြီ ။

မြန် မာ နိုင် ငံ ထဲ က စက် ရုံ တွေ လည်း Covid 19 နဲ့ ရော ပြီး အ ပြီး ပိတ် သိမ်း တဲ့ စက် ရုံ တွေ ရှိ လာ တယ် ။ တ ချို့ လည်း ဘ င်္ဂ လား ဒေ့ရှ် ကို ပြောင်း မယ် လို့ ပြော လာ တယ် ။ မြန် မာ နိုင် ငံ က စက် ရုံ ပိုင် ရှင် တွေ စု ပြီး Novotal Hotel ( Hotal အ တိ အ ကျ မ မှတ် မိ ) မှာ အ စိုး ရ အ နေ နဲ့ စက် မှု ဇုံ တွေ မှာ ဖြစ် နေ တဲ့ ကိ စ္စ တွေ ကို တာ ဝန် မ ယူ ရင် နောက် တစ် နှစ် မှာ စက် ရုံ တွေ ပိတ် သိမ်း ရ လိမ့် မယ် လို့ ၂၀၁၉ ခု နှစ် ဆန်း ပိုင်း လောက် မှာ တ ရား ဝင် သ တိ ပေး ခဲ့ တယ် ။ ဘာ တစ် ခု မှ မ ပြောင်း လဲ ခဲ့ ဘူး ။

အလည်လွန် တန်ပြန်သက်ရောက်မှု့ ( Political Spinning Effect )




Magnus Effect ဆိုတာရှိတယ် ။
Spinning effect ဆိုတာ လည်ပါတ်မှုက ထွက်ပေါ်လာတဲ့ သက်ရောက်မှု တစ်ခုဖြစ် ပါတယ် ။ ဘောလုံး ဂိုးသွင်းတဲ့အခါ လည်ပါတ်မှုကြောင့် ဦးတည်ရာကနေကွေ့လာတဲ့ သက်ရောက်မှုမျိုးပါ ။ အလွန့်အလွန် ကျွမ်းကျင် ပါမှ အသုံးပြုလို့ရတတ်တယ် ။

US Grand Strategy ကိုလေ့လာရင်...
ဟိုး... အိုက်စင်ဟောင်ဝါ၊ ထရူးမင်း တို့လက်ထက်ကသုံးခဲ့တဲ့ Doctrine တွေဟာ ဘေးထွက်ဆိုးကျိုး နည်းပြီး သူတို့မူဝါဒကို အကောင်အထည်ဖေါ်ပေးတဲ့ မဟာဗျူဟာတွေကိုလည်း နိုင်နင်းကြတာကြောင့် အောင်မြင်ခဲ့ တာတွေ့ရတယ် ။
 
ရလာဒ်က....
* အမေရိကန်ခေတ်တစ်ခုဖြစ်လာတယ် ။
* စစ်အေးကာလကို အဆုံးသတ်ပြီး ဆိုဗီယက်ယူနီယံ ကို အစိပ်စိပ်အမွှာမွှာ ကွဲသွားစေခဲ့တယ် ။
* Bipolar ကနေ ... မေးခွန်းမဲ့ Unipolar World ဖြစ်စေခဲ့တယ် ။
 
လည်ပတ်နေတဲ့ အရာဝတ္ထုတွေမှာတင် Spinning effect ရှိတာ မဟုတ်ဘူး၊ ပိုပြီး အလည်လွန်ကြတဲ့ နိုင်ငံရေးမှာလဲ Political Spinning Effect ဆိုတာရှိတယ် ။ အမေရိကန်ရဲ့ ရှေး... သမ္မတတွေအနေနဲ့ PSE ကို ကောင်းကောင်းတွက်ချက် ထိန်းသိမ်းနှိုင်မှုကြောင့်ရလဒ် ဘယ်လောက်ပြီးသလဲ ဆိုရင်... US ဟာ ပြိုင်ဖက်မဲ့ Sole Super Power ဖြစ်သွားတယ် ။
 

03 May 2020

ဗုဒ္ဓ္ဓဘာသာဝင်တွေရဲ့ အဓိက အားနည်းချက်



ဗုဒ္ဓ္ဓဘာသာဝင်တွေရဲ့ အဓိက အားနည်းချက်က " သူ့ အကုသိုလ်နဲ့ သူ သွားလိမ့်မယ် ၊ ဝင်မပြောနဲ့ ၊ ဝင်မလုပ်နဲ့ ၊ ဝင်မပါနဲ့ " ဆိုတာပါပဲ ။

ဒါဟာ မကောင်းမှု့ လုပ်တော့မဲ့သူကို တားလို့ ရရဲ့နဲ့ ကိုယ့်ကို အမှုပတ်မှာစိုးလို့ ခေါင်းရှောင်ပြီးပြောတဲ့ စကား ပဲ ဖြစ်ပါလိမ့်မယ် ။

မြတ်စွာဘုရားသာ အဲ့ဒီ စိတ်မျိုးနဲ့  " သူ့ အကုသိုလ်နဲ့ သူ သွားလိမ့်မယ် ၊ ဝင်မပြောနဲ့ ၊ ဝင်မလုပ်နဲ့ ၊ ဝင်မပါနဲ့ " ဆိုတဲ့ စိတ်ရှိရင် ဗောဓိပင် နှင့် ရွှေပုလ္လင်ကို အောင်တော်မူပြီးထဲက ပရိနိဗ္ဗာန် တန်းဝင်လို့ ရပါပြီ ။ သူများကိစ္စ စိတ်မဝင်စားရင် ဘယ်သူ့ကိုမှ သံသရာက ကျွတ်အောင် အပင်ပန်းခံ လိုက်ပြီး မကယ် ချွတ် သလို ၊ သာသနာ ဆိုတာကိုလဲ တည်ထောင်ခဲ့စရာ အကြောင်းကိုမရှိပါ ။

28 September 2019

မြန်မာပြည်က လူတွေ မညီညွတ်တာကို ကမ္ဘာကတောင် သိနေပြီ




တစ်လောက ဘုန်းကြီးရန်ကုန်သွားတော့ Mahachulalongkorn University  က ပါမောက္ခ အဆင့် နိုင်ငံခြားသား အမျိုးသမီးတစ်ယောက်က ဘုန်းကြီး ကို ဘာမေးတုန်း ဆိုတော့-...


"အရှင်ဘုရား မြန်မာပြည်မှာ မြန်မာတွေ မညီညွတ် ဘူး"လို့ ကြားတယ်တဲ့ ဘုန်းကြီးက "အေး ဟုတ်တယ်" လို့..

သူက " ဘာကြောင့်လဲ" တဲ့..
ဘုန်းကြီးက "ဘာကြောင့်မှ မဟုတ်ဘူး" လို့ " တို့ လူမျိုးတွေရဲ့ သွေးသားကြောင့်ဖြစ်တာ" လို့ ဖြေလိုက်တယ်..


"မြန်မာ လူမျိုးတွေဟာ"
"one man show နဲ့ hero တွေချည်းပဲ" လို့ အကုန်လုံး.. " တစ်ကယ့် သူရဲကောင်းတွေပဲ" လို့ မြန်မာပြည် က လူတွေက..ဘယ်ကိစ္စပဲ လုပ်လုပ် one man show တစ်ကိုယ်ကောင်း လုပ်ကြတယ်.. ။ စုပေါင်း လက်တွဲလုပ်တဲ့ အကျင့် အင်မတန်မှ အားနည်း တယ်..။


သူ့ထက်ငါ သာဖို့အတွက် ကြိုးစားကြတယ် one man show ပေါ့ ။
တစ်ယောက်ထဲ ကောင်းတာကိုပြချင်တယ်..
အဖွဲ့အသင်း နဲ့ အောင်မြင်တာကို မလိုချင်ကြဘူး..
တစ်ယောက်ထဲပဲ လုပ်ချင်ကြတယ်..။

"တို့ဆီမှာက hero တွေများတယ်" လို့
အဲဒီလို ဖြေလိုက်တော့ သူက ရယ်နေတယ်..

ဟုတ်တယ် ဒါဟာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကလည်း ညီညွတ်မှုကို အလေးထားခဲ့ တယ်..။


15 September 2019

သူ့ ဖက် တော့ သိ တတ် ပါ့




တ ရုတ် က အ မေ ရိ ကန် နိုင် ငံ ကုန် ပ စ္စည်း အ မယ် အ များ အ ပြား ကို အ ခွန် တိုး ကောက် မယ့် စာ ရင်း ရ နေ ပယ် ဖျက် ပေး ခဲ့ တယ် ။ အောက် တို ဘာ လ မှာ ပြန် ပြီး စ မယ့် ကုန် သွယ် ရေး စစ် ပွဲ အ တွက် ဆွေး နွေး ပွဲ မှာ အ မေ ရိ ကန် ဖက် က အ မြင် ကြည် ဖို့ အ တွက် ရည် ရွယ် သ လို ပါ ပဲ ။


တစ် ချိန် တည်း မှာ ဟောင် ကောင် ပြ ဿ         နာ ကို က မ္ဘာ ပတ် သယ် ဆောင် သွား တဲ့ ဂျို ရှာ ဝေါင်း က ဂျာ မ ဏီ က ဝန် ကြီး နဲ့ လက် ဆွဲ နှုတ် ဆက် နေ တယ် ။ သူ့ အ လှည့် ကျ တော့ တ ရုတ် က ကန့် ကွက် ပါ တယ် ပေါ့ ။

တ ရုတ် ဖက် က ရေ ရှည် အ တွက် ကို လည်း ပြင် ဆင် ထား ရင်း ကုန် သွယ် ရေး စစ် ကို မြန် မြန် လည်း ပြီး ချင် နေ တယ် ။ မ ပြီး လို့ လည်း မ ရ ပါ ဘူး ။ ကြာ လေ တ ရုတ် ဖက် က ဆုံး ရှုံး မှု များ လေ ပဲ ဖြစ် လာ မှာ ပါ ။

အ မေ ရိ ကန် သ မ္မ တ က တ ရုတ် နိုင် ငံ ထဲ မှာ ရှိ တဲ့ အ မေ ရိ ကန် ကု မ္ပ ဏီ တွေ ကို အ မိန့် အာ ဏာ သုံး ပြီး မ ဖြစ် မ နေ ထွက် သွား ရ မယ် လို့ ရာ ဇ သံ ပေး လို့ ရ တယ် ။ သူ အ ခု ထိ အဲ့ ဒီ ဥ ပ ဒေ ကို အ ကောင် အ ထည် မ ဖော် သေး ပေ မယ့် နှုတ် နဲ့ တော့ အ လွတ် သ ဘော မြန် မြန် ပြန် ထွက် ကြ လို့ ပြော နေ ပြီ ။

အ မေ ရိ ကန် ကု မ္ပ ဏီ တွေ က လည်း တ ရုတ် နိုင် ငံ က နေ စော နိုင် သ မျှ စော အောင် ထွက် မှ သက် သာ တော့ မယ် ။ ကြာ လေ ရှုံး လေ ဖြစ် တော့ မှာ ပါ ။ ဘာ ဖြစ် လို့ လဲ ဆို တော့ တ ရုတ် က သူ့ ယွမ် ငွေ တွေ ကို တန် ဖိုး တွေ ချ နေ လို့ ပါ ။

ဥ ပ မာ ကုန် သွယ် ရေး စစ် မ ဖြစ် ခင် က အ မေ ရိ ကန် တစ် ဒေါ် လာ ကို တ ရုတ် ယွမ် ငွေ ၃ ယွမ် ကျော် ကျော် ရှိ ခဲ့ ရာ က နေ အ ခု အ မေ ရိ ကန် တစ် ဒေါ် လာ ကို ၇ ယွမ် ကျော် သွား ပြီ ဆို ရင် ၂ ဆ ကျော် ရှုံး သွား ပြီ ။ သ ဘော က အ မေ ရိ ကန် ဒေါ် လာ တစ် သန်း တန် ဖိုး ရှိ တဲ့ အ မေ ရိ ကန် စက် ရုံ တစ် ခု က အ ခု တ ရုတ် နိုင် ငံ မှာ ရောင်း ချ ပြီး ဒေါ် လာ ပြန် ဝယ် မယ် ဆို ၅ သိန်း ပဲ ကျန် တော့ မယ် ။


တ ရုတ် က နောက် ထပ် ယွမ် ငွေ တန် ဖိုး ကို ထပ် ချ လို့ တစ် ဒေါ် လာ ကို ၁၀ ယွမ် ၊ ၁၂ ယွမ် သာ ဖြစ် သွား ရင် အ မေ ရိ ကန် ကု မ္ပ ဏီ တွေ ဒေ ဝါ လီ ခံ သွား ရ မယ် ။


07 September 2019

အစွန်းတစ်ဖက် အယူဝါဒ နဲ့ မြန်မာနိုင်ငံ စီးပွားရေးအကြပ်အတည်း


နိုင်ငံတော်အတိုင်ပင်ခံ အနေနဲ့ ဘယ်လိုပဲ " မစိုးရိမ်ကြပါနဲ့ " လို့ဖြေသိမ့် ပေမဲ့လည်း၊ ဗဟိုဘဏ် ဒုဥက္ကဌရဲ့ လွှတ်တော်တွင်း ဖြေကြားချက်နဲ့ Lenders of last resort ဆိုတဲ့ (နောက်ဆုံးခံစစ်) အသုံးအနှုံးရယ်၊ ပြင်ပမှာ နှစ်ဦးထဲက ဘဏ်သမားတွေ အချင်းချင်းက ထွက်လာတဲ့ သတင်းရယ်က စိုးရိမ်မှုကို ထိထိရောက်ရောက်လျော့ချနှိုင်ဟန် မတွေ့ ရဘူး ။

မူဝါဒ မှားယွင်းမှု၊ အဆုံးအဖြတ်များ လွဲချော်မှုတွေက အရင်းခံ အစပြုရာ
ဖြစ်တယ်လို့ပဲ ပြောရလိမ့်မယ် ။


အပ်ငွေများနေတဲ့ ဘဏ်တစ်ချို့ရှိသလို၊ တိုးရင်း မပေးနိုင်တဲ့ NPL ကြီးကြီး မားမားနဲ့ မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့ ဘဏ်တွေလဲရှိနေတယ် ။

NPL ရာနှုံးမြင့်ဘဏ်တွေက ပိုအန္တရာယ် ရှိနေပါတယ် ။ အပ်ငွေများတဲ့ ဘဏ်တွေမှာ ပြသနာမရှိဘူး ဘဏ်အချင်းချင်း ကစားထုတ်သွားလို့ ရ တယ်။

ဗဟိုဘဏ်မှာ ထရီလီယံ ချီတဲ့ ငွေသားရှိတယ် ဆိုပေမဲ့ အဲ့ဒီငွေတွေ ကို ဘဏ်တွေ အကြပ်အတည်း မကျော်လွှားနိုင်တော့မှ အသုံးပြုရတယ် ဆို တာလည်း ဒီခေတ်လူတွေ သိနိုင်ကြတဲ့အရာပါ။



06 September 2019

ငို နေ တာ လား ရီ နေ တာ လား




ပြည် သူ က အပ် နှံ ထား သော ငွေ ကြေး များ မ ဆုံး ရှုံး စေ ရန် အ တွက် ဘဏ် များ တွင် အ ဓိ က တာ ဝန် ရှိ နေ ပြီး စီး ပွား ရေး လုပ် ငန်း ရှင် များ ကို ထပ် မံ ဖြေ လျှော့ ပေး ရန် အ စီ အ စဉ် မ ရှိ ကြောင်း ဗ ဟို ဘဏ် ဒု တိ ယ ဥ က္က ဌ ဦး စိုး သိန်း က သြ ဂုတ် ၂၇ ရက် နေ့ က ပြု လုပ် တဲ့ လွှတ် တော် အ စည်း အ ဝေး မှာ ပြော ခဲ့ တယ် ။

ဘဏ် မှာ အ ကြွေး ဆပ် ဖို့ နဲ့ အ တိုး ပေး ဖို့ က လုပ် ငန်း ရှင် တွေ ရဲ့ တာ ဝန် ဖြစ် တာ ကြောင့် ဘဏ် ချေး ငွေ အ တွက် မျက် ရည် ကျ နေ တာ ဟာ ဘဏ် လုပ် ငန်း တွေ ကြောင့် မ ဟုတ် ဘူး လို့ လည်း NLD စီး ပွား ရေး ကော် မ တီ တာ ဝန် ရှိ သူ က ပြော သွား တယ် ။
ပြည် သူ က အပ် နှံ ထား သော ငွေ ကြေး များ မ ဆုံး ရှုံး ရန် ဘဏ် များ မှာ သာ အ ဓိ က တာ ဝန် ရှိ နေ ပြီး ထပ် မံ ဖြေ လျှော့ ပေး ဖို့ အ စီ အ စဉ် မ ရှိ ဘူး ဆို တာ မှာ ဘယ် ကိ စ္စ တွေ ကို ထင် သာ အောင် ဖြေ လျှော့ ပေး ထား လဲ ဆို တဲ့ မေး ခွန်း က စ ပြော ရ ပါ မယ် ။
ပြည် သူ့ ပိုက် ဆံ တွေ မ ဆုံး ရှုံး ဖို့ ဘဏ် မှာ ပဲ တာ ဝန် ရှိ တယ် ဆို တဲ့ စ ကား က အ မှန် ပဲ ဖြစ် တယ် ။
ဒါ ပေ မဲ့ ဘဏ် တွေ အ ပေါ် ကို တာ ဝန် ရှိ သူ တွေ အာ ဏာ ရှိ သူ တွေ လွှမ်း မိုး မှု တွေ ရှိ သ လား ဆို တာ အ ဖြေ တစ် ခု ဖြစ် လိမ့် မယ် ။ ဘာ ဖြစ် လို့ လဲ ဆို တော့ YBS ကိ စ္စ နဲ့ ပတ် သက် ပြီး ကျော် နေ ဝင်း ပြော ခဲ့ တဲ့ အ ထဲ မှာ အ သံ ဖိုင် ဖွင့် ပြ မယ် ဆို တဲ့ ကိ စ္စ တစ် ခု ပါ တယ် ။ ပွင့် ပွင့် လင်း လင်း ရေး ပြ ပြီး ဆွေး နွေး ချင် ပေ မယ့် တ ရား စွဲ ခံ ရ မှာ စိုး လို့ မ ပြော တော့ ပါ ဘူး ။
ဘဏ် ချေး ငွေ အ တွက် မျက် ရည် ကျ တာ ဘဏ် လုပ် ငန်း ကြောင့် မ ဟုတ် ဘူး လို့ ဆို တဲ့ စ ကား လည်း အ မှန် ပဲ ။ ဒါ ပေ မဲ့ လုပ် နေ တဲ့ အ လုပ် တွေ ကို ရပ် ပစ် တာ သင် တို့ ပ ယော ဂ မ ပါ ဘူး လို့ ပြော ချင် လို့ လား လို့ မေး ရင် ဘယ် လို ပြန် ဖြေ မ လဲ ။


27 August 2019

စဉ်း ကို မ စဉ်း စား တာ




အ လုပ် တစ် ခု ခု ကို လုပ် ရင် ဘာ တွေ ဖြစ် မ လဲ လို့ အ ရင် စဉ်း စား ရ တယ် ။
စီး ပွား ရေး သ မား တွေ ရဲ့ အ သက် က အဲ့ ဒီ မ လုပ် ခင် မှာ စဉ်း စား တာ ပဲ ။ မ စဉ်း စား ပဲ ဘာ မှ မ လုပ် ကြ ဘူး ။ မ စဉ်း စား တဲ့ သူ တွေ နဲ့ လည်း အ လုပ် မ လုပ် ဘူး ။

တစ် နေ့ က ရန် ကုန် မြို့ ပ လက် ဖောင်း ပေါ် မှာ ၅ ပေ ဆိုင် ခန်း တွေ လုပ် ပြီး ရောင်း ချ ခွင့် ပေး မယ့် ကိ စ္စ ကို တစ် ယောက် က လာ မေး တယ် ဘယ် လို သ ဘော လဲ ဆို ပြီး ။
လုပ် မယ့် သူ တွေ က လုပ် သင့် လား မ လုပ် သင့် လား ဆို တာ ကို စဉ်း ကို မ စဉ်း စား ကြ တာ လို့ ပြန် ဖြေ လိုက် တယ် ။ ထပ် ပြီး စဉ်း စား ဖို့ ကို တွေး ကို မ တွေး ကြ တာ လို့ ပြန် ပြော ပြ လိုက် တယ် ။

တစ် ချို့ လူ တွေ စဉ်း စား ဖို့ နေ နေ သာ သာ စဉ်း စား ရ ကောင်း မှန်း ကို မ သိ ကြ ဘူး ဆို တာ Online Facebook ပေါ် လာ မှ ရှင်း ရှင်း မြင် လာ တယ် ။ အ ပြစ် မ ပြော လို ပါ ဘူး မ စဉ်း စား တတ် တဲ့ ပ ညာ ရေး ကို ဖြတ် သန်း လာ ကြ တာ ကိုး ။ ဒါ ပေ မဲ့ အဲ့ ဒီ လို မ စဉ်း စား တတ် တဲ့ သူ တွေ နိုင် ငံ ကို ဦး ဆောင် တဲ့ နေ ရာ မှာ နေ ရာ ယူ ထား ကြ တော့ ပျက် စီး စေ တာ ပေါ့ ။

သာ သ နာ ကို လက် ဆင့် ကမ်း နေ တဲ့ ပ ရိ ယ တ္ထိ သာ သ နာ ကို ထိမ်း သိမ်း နေ တဲ့ စာ သင် သား တွေ ကို စာ သင် ကြား ပို့ ချ နေ တဲ့ ဘုန်း ကြီး ကျောင်း တွေ မှာ မီ တာ ခ တွေ တက် တော့ အ ခက် အ ခဲ တွေ ဖြစ် ကုန် တယ် ။

အဲ့ ဒီ လို အ ခက် အ ခဲ ဖြစ် တယ် လို့ ထုတ် ဖော် ပြော တော့ ဘုန်း ကြီး က ပိုက် ဆံ ကိုင် ရ လို့ လား တို့ ၊ ဘဏ် စာ အုပ် ထဲ မှာ ပိုက် ဆံ မ ရှိ ကြောင်း ပြ ရင် ဘာ လုပ် ပေး မယ် ညာ လုပ် ပေး မယ် ဆို ပြီး ရ ဟန်း သံ ဃာ တွေ ကို ပစ် မှား ကြ တယ် ။ ခက် ခဲ တာ ကို ခက် ခဲ တယ် ပြော တာ တိုက် ခိုက် စ ရာ လား ။

ငါး ပါး သီ လ တောင် မ လုံ တဲ့ လူ တွေ က ဗု ဒ္ဓ ဘာ သာ ကို မ ကွယ် ပျောက် အောင် လက် ဆင့် ကမ်း သင် ယူ နေ တဲ့ ရ ဟန်း တွေ ကို သံ သ ရာ မ ကြောက် ပဲ ပစ် မှား ကြ တယ် ။ ပြော သင့် မ ပြော သင့် စဉ်း ကို မ စဉ်း စား တတ် ကြ တာ ။ သူ တို့ နား မ လည် တာ က သ မိုင်း ဆို တာ နောက် နှစ် အ နည်း ငယ် ကြာ ရင် ကို ပေါ် လာ တော့ မှာ ။


အဲ့ ဒီ အ ခါ ကျ ရင် မြန် မာ ပြည် မှာ ရ ဟန်း သံ ဃာ တွေ ကို ဘယ် သူ တွေ က ပစ် မှား တယ် ၊ ဘယ် သူ တွေ က အ ခက် တွေ့ စေ ခဲ့ တယ် ဆို တာ က မ္ဘာ တည် သ ရွေ့ မှတ် တမ်း ဖြစ် တော့ မှာ ဆို တာ ကို ပဲ ။




27 July 2019

ပကတိ အမြင်




စာပေနဲ့ စီမံခန့်ခွဲရေး ပညာရပ်မှာ အားလုံးနီးပါးလောက်က အကောင်းမြင် Optimistic ဖြစ်ဖို့ ရေးကြသားကြပြီး Pessimistic ဆိုတဲ့ အဆိုးမြင်ကို ရှောင်လေ့ရှိကြတယ် ။

မနေ့က လုပ်ငန်းရှင်ကြီးဖြစ်နေတဲ့ တပည့်တစ်ယောက်နဲ့ ဖုန်းပြောဖြစ်ကြတယ် ။ဘယ်အဖွဲ့က ပညာတော်တဲ့ လူငယ် အရေအတွက် ဘယ်လောက်ကို စုထားတယ်လို့ဆိုတယ် ။

လူငယ်တွေကိုပြုစုပျိုးထောင်ရာမှာ စာတွေ့ Education တစ်ခုထဲနဲ့ မပြည့်စုံဘူး၊ ၁၉၅၀ ဝန်းကျင်မှာ အမေရိကန်တွေ ကြုံခဲ့တဲ့ အမှားမျိုး ....
Knowledge = Education. + Experiences
ပညာ = စာတွေ့ + လက်တွေ့



Education ဆိုတာ General ပဲ၊ Local context ထဲ့ပေးရတဲ့ အပြင် လက်တွေ့နဲ့ စာတွေ့ ကွာတာတွေ အများကြီးပဲ ။

" မင်းကိုယ်တိုင် MBA ရပြီးပြီလေ၊ လက်တွေ့နဲ့ ဘာကွာသလဲ ဆိုတာ မြင်မှာပေါ့ "
" ဒါတော့ ဟုတ်တယ်ဆရာ "


လုပ်ငန်းကြီးလာရင် CEO တစ်ဦးဟာ သူ့လက်အောက်က Admin, Finance, Trade, Manufacturing, HR စတဲ့ ဌာနတွေ များရင်များသလောက် ကိုင်တွယ် ဆက်ဆံရပုံခြင်းမတူပါ၊
အရပ် စကား နဲ့မြင်အောင်ပြောရရင်...


* အင်္ဂျင်နီယာ၊ ဆရာဝန်၊ အနုပညာရှင် စတာတွေကို တစ်သမတ်ထဲ
ဆက်ဆံလို့ မရသလို၊


* သာမန်ဝန်ထမ်း၊ မန်နေဂျာ၊ CEO တို့တွေးတာခြင်း မတူသလိုပါ ။


ဒါကြောင့် လူငယ်တွေနဲ့ ပညာရှင်တွေကို ပြုစု ပျိုးထောင်ရာမှာ ပညာရေးဆိုတဲ့ Education ဟာ အခြေခံကျတာ မှန်ပေမဲ့ လုပ်ငန်းခွင်အတွေ့အကြုံမျိုးကို ထဲ့ပေါင်းနိုင်ပါမှ တော်ရုံ ကျပါလိမ့်မယ်။


09 March 2019

စာဖတ်လို့ ပိုက်ဆံ မရပေမယ့် ပိုက်ဆံ ရှာဖို့ အတွေး အခေါ်တွေ ရပါလိမ့်မယ်




အလုပ် မရှိရင် စာဖတ်ပါ၊ စာဖတ်လို့ ပိုက်ဆံ မရပေမယ့် ပိုက်ဆံ ရှာဖို့ အတွေး အခေါ်တွေရပါလိမ့်မယ် ။
ဆယ်နှစ်စာ အတွေ့အကြုံကို ကြို ရချင် ရင်အတွေး အခေါ်ရှိတဲ့ လူကြီး စကား နားထောင်ပါ။
ဘဝမှာ အောင်မြင်ချင် ရင် ရူံးနိမ့်ခဲ့ဖူး သူ ဆီက သင်ယူ လေ့လာပါ။
တစ်သက်လုံး လိပ်ပြာ လုံချင်ရင် ကိုယ်ကျင့်တရား ကိုလုံခြုံစွာထိမ်းနိုင် အောင်ကြိုးစားပါ။
အသိပညာ ၊ အတတ်ပညာ ကို ပြည့်စုံ ရင့်ကျက် စေချင်ရင်လက်တွေ့ လုပ်ဆောင်ပါ။
ကြီးမားတဲ့”နောင်တ” ဆိုတာ မရှိ စေချင်ရင်ရွှေထက် တန်ဖိုးကြီးသော “အချိန် “ကိုလေးစားပါ။


21 February 2019

ရှု့ဒေါင့်ကွဲဖြစ်တည်မှု ၀ါဒ ၏ တိုးတိုက်မှုများ



Existentialism ဟူသောဖြစ်တည်မှု ၀ါဒသည် အထူးသဖြင့် သက်ရှိတို့၏ အခြေခံ လိုအပ်ချက်ဖြစ်သော် လည်း လူသားပဓါန (Humanism) အယူအဆ အားကောင်းလာသောအခါ မတူညီသောရှု့ဒေါင့် များကြောင့် တိုးမိ တိုက်မိသည်မှ ထိပ်တိုက် အားပြိုင်ရာသို့ ရောက်ရှိလာခဲ့တော့၏။
.
တစ်ချိန်က ရုပ်ဝါဒ (Materialism )၊ ၀ိဉာဏ၀ါဒ ( Idealism)၊ အစစ်အမှန်ဝါဒ(Realism) တို့အားပြိုင်ခဲ့ကြ ဘူးသည်။ အိုင်ဒီယာ စစ်စစ်သည် သဘောတရားရေးရာ အရ နားထောင်ကောင်းပါသော်လည်း အတ္တ အခြေခံသော လူသားတို့ အကြားတွင် လက်တွေ့ အလုပ်မဖြစ်ခဲ့ချေ။ 

ကွန်မြူ နစ် တို့၏ ရုပ်ဝါဒကလည်း ဒုတိယကမ္ဘာစစ် ၀န်းကျင်တွင် ကမ္ဘာ့ဒေသ အတော်များများ အပေါ် သြဇာ သက်ရောက်ခဲ့ပါသော်လည်း စစ်အေးလွန်ကာလတွင် သဂြိုလ်ခံလိုက် ရသည်။

စစ်အေးလွန်တွင် အမေရိကန်တို့၏ တန်ဘိုး (Value) ဟုကြွေးကြော်ခဲ့သော ကျင့်စဉ် (Democracy) သည် လူ့အခွင့်အရေး (Human Right) ကို အဖေါ်ပြုကာ တန်ဖိုးချမှတ်မှု ဆိုင်ရာပညာ (Axiology) ထဲမှ အစိတ် အပိုင်း အချို့ဖြစ်သော စံနှုန်း (Standard) များဖြင့်ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံများ၏ အတွေးအခေါ် ကိုပြန် လည် အရောင် ပြောင်းရန်ကြိုးစားခဲ့သည်။
.
သို့သော်လည်း တစ်ကယ့် လက်တွေ့တွင် ဒီမိုကရေစီနိုင်ငံများ၏ လက်တွေ့လုပ်ရပ်၊ ကိုယ်ကျင့်တရား (Ethic) များသည် ရုပ်အမှန်ပေါ်လာရာမှ နိုင်ငံ အတော်များများ၏ ပညာတတ်များ၏ သိမှုဗေဒ (Epistemology) မှ တစ်ဆင့် ယုတ္တိဗေဒ (Logic) တို့ကြောင့် ယုံကြည်ကိုးစားမှု လျော့နည်းလာခဲ့ပြီး (၂၁) ရာစု၏ နိဒါန်းကို ဒီမိုကရေစီ လက်ညှိုးအထိုးခံခြင်းဖြင့် ဖွင့်လှစ်ခဲ့သည်ဟုမြင်ပါ၏။


20 January 2019

အီကွေဒေါ မီးတောင်အောက်က တရုတ်လုပ် ရေကာတာ



ရေကာတာကြီးသည် သက်ရှိလှုပ်ရှားနေသော မီးတောင်အောက်တွင် တည်ရှိသည်။ ပြာများက ကောင်းကင် သို့ ထိုးထွက်လျှက်။

ဆယ်စုနှစ်နှင့် ချီ၍ ရေကာတာ မဆောက်ရန် အစိုးရအရာရှိများက သတိပေးခဲ့သည်။ ဘူမိဗေဒ ပညာရှင် တို့က မြေငလျင်တချက် လှုပ်ရုံဖြင့် ရေကာတာ တစ်ခုလုံး ပျက်ပြုန်းသွားနိုင်သည်ဟု ပြောခဲ့သည်။

ယခုအခါတွင် ရေကာတာကြီးကို ဖွင့်လှစ်ပြီး ၂ နှစ်ရှိခဲ့ပြီ။ အက်ကြောင်းထောင်ချီ၍ ရေကာတာ ယန္တရားများ ပျက်လာနေသည်။ ရေကာတာထဲတွင် နုန်းများ၊ သဲများ၊ သစ်ပင်များ ပိတ်ဆို့လျှက်။ တစ်ကြိမ်တည်းသော ပမာဏအပြည့် စမ်းသပ်မောင်းနှင်မှုတွင် ပေါက်ကွဲ တုန်ခါမှုများ ဖြစ်ခဲ့သဖြင့် နိုင်ငံ၏ ပင်မ ဓာတ်အားလိုင်း တလျှောက် ရှော့ဖြစ် ပြတ်တောက်သွားခဲ့သည်။

တောကြီးမျက်မည်းထဲမှ ဧရာမရေကာတာကြီးကို တရုတ်တို့၏ ငွေကြေးနောက်ခံဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တောင်အမေရိကတိုက်မှ နိုင်ငံငယ် အီကွေဒေါ၏ စွမ်းအင်ပြဿနာကို ဖြေရှင်းရန်၊ ဆင်းရဲမွဲတေမှုမှ ရုန်းထွက်ရန် ဟူသော ရည်မှန်းချက်ကြီးများဖြင့် လုပ်ခဲ့ကြခြင်းဖြစ်သည်။

အမှန်တကယ် ဖြစ်လာသည်ကတော့ နိုင်ငံတဝှမ်းကို လွှမ်းခြုံလောင်မြိုက်ခဲ့သော အကျင့်ပျက် လာဘ်စားမှု တရားခွင်၊ ဘေးဒုက္ခရောက်လုနီး ကြွေးမြီပမာဏနှင့် တရုတ်၏ နှောင်ကြိုးအောက်မှ အီကွေဒေါနိုင်ငံ၏ အနာဂတ်တို့ပင် ဖြစ်သည်။

ကြွေးမြီ ဝန်ထုပ်အောက်က တိုင်းပြည်

ရေကာတာစီမံကိန်းတွင် ပါဝင်ခဲ့သော အီကွေဒေါ ထိပ်တန်းအရာရှိ အားလုံးနီးနီးသည် လာဘ်စားမှုဖြင့် အဖမ်းခံနေရဆဲ ဖြစ်လျှင်ဖြစ်၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရပြီး အနေအထားတွင် ရှိကြသည်။ ထိုအထဲတွင် ယခင် ဒုတိယသမ္မတ၊ ယခင် လျှပ်စစ်ရေးရာဝန်ကြီးတို့ ပါဝင်သည်။ ရေကာတာစီမံကိန်းကို စောင့်ကြည့်ပေးရန် တာဝန်ပေးခြင်းခံရသည့် အကျင့်ပျက်မှု တိုက်ဖျက်ရေးအရာရှိပင် ပါလိုက်သေးသည်။

အထက်ပါ အခြေအနေတို့အတွက် အီကွေဒေါ၏ ကုန်ကျစရိတ်မှာ တရုတ်နိုင်ငံမှ ချေးငွေ ဒေါ်လာ ၁၉ ဘီလီယံ။ ကိုကာကိုဒိုစင်ကရဲယားဟု သိကြသည့် ရေကာတာကြီး တခုတည်း အတွက်တော့ မဟုတ်ပါ။ လမ်းတံတား၊ အဝေးပြေးလမ်းများ၊ ကျောင်းများ၊ ဆေးခန်းများနှင့် အခြားရေကာတာ ၆ ခုတို့ တည်ဆောက် ခဲ့သည့် စရိတ်များလည်း ပါဝင်ပါသည်။ ထိုစရိတ်တို့ကို ပေးရန် အစိုးရမှာ အသည်းအသန် ဖြစ်နေပါသည်။

အီကွေဒေါနိုင်ငံမှ ထိုအကြွေးများ ပေးနိုင်မပေးနိုင်က အရေးမကြီးပါ။ တရုတ်တို့ဘက်မှ ငွေလက်ခံရရှိပြီး ဖြစ်နေပါသည်။


အကြောင်းမှာ ငွေပေး၊ ငွေချေးထားသော ကိစ္စအ၀၀အတွက် အီကွေဒေါ၏ တန်ဖိုးအကြီးဆုံး ထုတ်ကုန် ဖြစ်သော ရေနံ ၈၀ ရာခိုင်နှုန်းကို တရုတ်က ရယူထားသောကြောင့် ဖြစ်သည်။ အရောင်းအဝယ် စာချုပ် များစွာကို ဒေါ်လာဖြင့် ချုပ်ဆိုခဲ့သည် မဟုတ်ပါ။ ရေနံဖြင့် ပေးချေရန် ချုပ်ဆိုထားခဲ့ခြင်း ဖြစ်သည်။ အမှန်တစ်ကယ်တွင် တရုတ်တို့က ဈေးနှိမ်၍ ဝယ်ယူထားခြင်းပင် ဖြစ်သည်။ ဝယ်ရင်းဈေးအပေါ် အမြတ်တင် တစ်ဆင့်ခံပင် ပြန်ရောင်းနိုင်သည်။