Showing posts with label နည်းပညာ ဗဟုသုတများ. Show all posts
Showing posts with label နည်းပညာ ဗဟုသုတများ. Show all posts
15 October 2017
ကိုယ့်ကိုယ် ကိုယ် ဘယ်လိုရောင်းမလဲ
အခုခေတ်မှာ Marketing ပညာရပ် က တော်တော်လေး ခေတ်စားလာပါတယ်။ တကယ်တော့ Marketing ပညာ နဲ့ အလုပ် လုပ်နေသူမှ မဟုတ်ပါဘူး၊ လူတိုင်း အခြေခံလောက်တော့ သိထားသင့်တဲ့ ပညာရပ် တစ်ခုလည်း ဖြစ်ပါတယ်။ စာရေးဆရာချင်း တူရင် Marketing အိုင်ဒီယာ သာတဲ့သူက လူပိုသိလေ့ ရှိသလို၊ နောက်ဆုံး ပရဟိတ လုပ်ရင်တောင်မှ ဒီပညာရပ်ကို အသုံးချပြီး လုပ်နိုင်တဲ့သူက ပို အောင်မြင် လေ့ရှိတာ တွေ့ ရမှာပါ။
ကိုယ့်ကိုယ် ကိုယ် ကုန်ပစ္စည်း တစ်ခုလို တွေးကြည့်လိုက်မယ်ဆိုရင် ကိုယ့် Brand ကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်နိုင်တဲ့သူဟာ လုပ်ငန်းခွင် မှာ၊ အလုပ် တစ်ခုကို အပြိုင်လျှောက်ကြတဲ့ အခါမှာ အများထက် ခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။
ခုလို အလုပ်အကိုင် အခွင့်အလမ်း တွေ ပေါလာတော့မယ့် အချိန်မှာ အလုပ် လိုချင်တဲ့ လူငယ် တွေ တစ်စုံတစ်ရာ ပြင်ဆင်နိုင်အောင်လို့ ကျွန်တော့် အတွေ့အကြုံ တစ်ချို့ အခြေခံပြီး ရေးလိုက်ရပါတယ်။ Target ကတော့ အလုပ် တစ်ခါမှ မလုပ်ဖူးသေးတဲ့ လူငယ် တွေကို ရည်ရွယ်ပါတယ်။
၁။ ကြိုတင်ပြင်ဆင်ပါ
အလုပ် လိုချင်တဲ့ လူငယ်တိုင်း ကြိုတင်ပြင်ဆင် ရမှာ (၂) ခု ရှိပါတယ်။
နံပါတ်တစ် က ကိုယ့်မှာ ဘယ်လို အရည်အချင်း တွေ၊ အားသာချက်တွေ ရှိတယ်၊ ဘယ်လို အလုပ် မျိုးမှာ ထူးချွန်တယ်၊ ဘယ်လို အလုပ် ကို ၀ါသနာပါတယ် စသဖြင့် အရင်ဆုံး ဆန်းစစ်ဖို့ လိုပါတယ် ။ ခေါ်သမျှ 
အလုပ် ကြုံသလို ၀င်လျှောက်နေလို့ မရပါဘူး။ အလုပ် မှာ အောင်မြင်ချင်တယ်၊ ပျော်ရွှင်ချင်တယ်ဆို အလုပ် က ကိုယ့်ကို ရွေးတာမျိုး မဖြစ်ပါစေနဲ့၊ ကိုယ်ကပဲ အလုပ် ကို ရွေးပါ။
နောက်တစ်ခုကတော့ အဆက်အသွယ် အရေးကြီးပါတယ်။ လူလူချင်းအပြင် ခုနောက်ပိုင်း ခေတ်စားလာတာဆို လူမှုကွန်ရက်၊ အထူးသဖြင့် LinkedIn လိုဟာမျိုးမှာ ကိုယ့်အကြောင်းကို သေသေချာချာလေး ပြင်ဆင်ပြီး ဖော်ပြထားနိုင်ဖို့ လိုပါတယ်။
၂။ အလုပ်ခေါ်စာ ဖတ်ရှုခြင်း
ကျွမ်းကျင်တဲ့ HR သမား တစ်ယောက် ရှိတဲ့ အဖွဲ့အစည်း ဟာ Vacancy announcement ကို စိတ်ဝင်စားစရာ နဲ့ ပြတ်ပြတ်သားသား ဖြစ်အောင် ထုတ်ပါတယ်။ သူတို့ လိုချင်တဲ့ အတွေ့အကြုံ နဲ့ အရည် အချင်းတွေ၊ လုပ်ရမယ့် အလုပ်တာဝန်တွေ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။
အဲဒါကို သေသေချာချာဖတ်ပြီး ကိုယ်နဲ့ သင့်တော်တယ် မသင့်တော်ဘူး စဉ်းစားစေချင်တယ်။ အဖွဲ့နာမည်မသိ၊ ခေါ်တဲ့ရာထူးမသိ၊ လုပ်ရမယ့်အလုပ်မသိဘဲ ဒီမှာ အလုပ် ခေါ်တယ် ကြားလို့ လာလျှောက်တယ် ဆိုတာမျိုးက impression ကျစေပါတယ်။
ဒီအလုပ်၊ အဖွဲ့အစည်း၊ အဲဒီမှာ ကြုံတွေ့ရမယ့် လုပ်ငန်းခွင် အခြေအနေ တွေ စသဖြင့် စုံစမ်းပါ။ စိတ်တိုင်းကျပြီဆိုမှ အလုပ် လျှောက်ဖို့ ဆုံးဖြတ်ပါ။ ထပ်ပြောပါရစေဦး၊ အလုပ်က ကိုယ့်ကိုရွေးတာမျိုး မဖြစ်ပါစေနဲ့၊ ကိုယ်ကပဲ အလုပ် ကို ရွေးပါ။
18 June 2017
ဒစ်ဂျစ်တယ် စီးပွားရေး
*ဒီလို လုပ်နေကျပဲလေ* ဆိုတဲ့ ပြောနေကျ စကားကို ကျနော်တို့ ဆက် ပြောနေဦးမှာလား ။ ဒါဆိုရင်တော့ ဒစ် ဂျစ်တယ် စီးပွားရေး မှာ နောက်က ကျန်နေခဲ့မှာ သေချာနေပါပြီ။
ဒစ်ဂျစ်တယ် စီးပွားရေး (Digital Economy) ဆိုတာ ဘာလဲ
ဒစ်ဂျစ်တယ် စီးပွားရေး ဆိုတာ အလွယ်တော့ Digital Computer Information and Communication Technology ကို အခြေခံတဲ့ စီးပွားရေးလို့ ဆိုပါတယ်။ အလွယ်ပြောရရင်တော့ ဂဏန်းပေါင်းစက်လို ဒစ်ဂျစ်တယ် စက်ကလေးမျိုးတွေက အစ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ စမတ်ဖုန်း များ အလယ်၊ အဲဒါတွေအားလုံးကို ချိတ်ဆက်ပေးတဲ့ အင်တာနက် နဲ့ ဖေ့စ်ဘွတ်လို ဗိုင်ဘာ လို apps တွေ အဆုံး ပါဝင်ပါတယ်။ 
ဒါ့အပြင် ထိတွေ့ လို့ မရတဲ့ ဥပဒေ စည်းမျဉ်းတွေ၊ စံနှုန်းတွေ၊ နည်းပညာတွေပါ ပါဝင်ပါတယ်။ အရင်က ဒစ်ဂျစ်တယ်ဆိုတာ စီးပွားရေးရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပေမယ့် အခုက စလို့ ရှေ့ လျှောက်မှာတော့ အရာရာ ဒီဂျစ်တယ် နဲ့ မလွတ်ကင်းနိုင်တဲ ခေတ်ကြီးမှာ ဒစ်ဂျစ်တယ် ကိုယ်တိုင် က ပင်မ စီးပွားရေး ဖြစ်လာနေပါပြီ။
အပြောင်းအလဲမြန်တဲ့ ဒီကမ္ဘာ
ကျနော်တို့ ရင်းနှီးခဲ့ဘူးတဲ့ Brand တွေဖြစ်တဲ့ Kodak, Nokia, BlackBerry အစရှိတာတွေ မျက်စိရှေ့ မှာတင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ကြတယ်။ ဖလင်ကူးဆေးတယ် ဆိုတဲ့ ဆိုင်တွေ ပျောက်ကွယ် သွားခဲ့တယ်။ သူတို့ရဲ့ ပစ္စည်းတွေ အရည်အသွေး မမှီလို့ မဟုတ်ခဲ့ဘူး။ အခုကျနော်တို့ သုံးနေကြတဲ့ Brand တွေ၊ ဝန်ဆောင်မှုတွေ၊ အသုံးအဆောင်တွေဟာ လွန်ခဲ့တဲ့ ငါးနှစ်က မကြားဘူးခဲ့တာတွေ အများစုပဲ။
Facebook, Google, 3G, Viber, Visa, MasterCard, Smart Watch, Drone, YouTube, Uber, Grab, စတာတွေဟာ ကျနော်တို့တွေ အတွက် အသစ်ဖြစ်ယုံတင် မက အတော်များများက ကမ္ဘာကြီး အတွက်တောင် အသစ်တွေပါ။
အရင်က ခေတ်ရေစီးကြောင်း တစ်ခု တစ်နေရာ ကနေ တစ်နေရာ စီးဆင်းသွားဖို့ နှစ်၊ လ ချီအောင်ကြာခဲ့ တယ်။ ရုပ်ရှင်တွေ၊ ဂီတတွေ၊ မဂ္ဂဇင်းတွေ၊ တီဗွီတွေ က တစ်ဆင့် အချိန်တစ်ခု ယူပြီးမှ ပင်မရေစီးကြောင်းထဲ စီးဝင်ကြတယ်။ 
အခုဆို အင်တာနက် လှုမှု ဆက်ဆံရေး ကွန်ယက်တွေက တစ်ဆင့် ချက်ချင်း စီးဆင်းပြန့်နှံ့တယ်။ Dab ဆိုရင် Dab၊ PPAP ဆိုလဲ PPAP၊ စီးဆင်းနှုန်းက အင်မတန်မြန်လာတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှန်း မှာ ပြောင်းလဲနေ တာတွေဟာ ချက်ချင်း ဆိုသလို ကိုယ်ရှေ့ကို ရောက်လာတော့မယ်။ မနေ့က ဆိုတာ တော်တော်ဝေး သွား ပြီး မနက်ဖြန် ဆိုတာ အရမ်းနီးလာတယ်။
ဘာတွေလာမလဲ… ဘယ်အလုပ်တွေ ပျောက်ကွယ်သွားမလဲ......
Drone
အခုလောလောဆယ် အပျော် ပျံသန်းဖို့နဲ့ ကောင်းကင်ဓါတ်ပုံ ရိုက်ဖို့ သုံးနေကြတဲ့ Drone တွေဟာ Logistic အပြင် အခြား မဆုံးနိုင်တဲ့ အသုံးတွေ ရှိနေပါတယ်။ အခု သုံးနေတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယို ရိုက်ကူးရေးမှာတောင် အရင်က နဲ့ မတူတဲ့ Dimension နဲ့ Space ကို ဖေါက်ထွက်လာခဲ့တာ သက်သေ အနေနဲ့ တွေ့ နိုင်ပါတယ်။
 ပျောက် ကွယ်တော့မယ့် အလုပ်က ပစ္စည်း သယ်ပို့ပေးသူ (Delivery Man)
AR (Augmented )
AR ကတော့ အပြင်မှာ ရှိတာနဲ့ ဖန်တီး ထားတာကို ပေါင်းစပ် ထားတာပါ။ ဥပမာ မန္တလေးကျုံးရှေ့ ရောက်လို့ ကိုယ်ရဲ့ စမတ်ဖုန်း ထဲက ကြည့်လိုက်တဲ အခါ ကျုံး ရဲ့ အခေါ်အဝေါ်ဖြစ်တဲ့ ပြအိုး ဆိုတာဘာ ပြစ္စင် ဆိုတာဘာလို့ အပြင်က မြင်ရတာနဲ့ ဖြည့်စွက် ယှဉ်တွဲ ဖေါ်ပြတာပဲ ဖြစ်ပါတယ်။ Pokemon Go ဂိမ်းဟာ အမြင်သာဆုံး AR ပစ္စည်းတစ်ခုပါ။
04 March 2017
Computer keyboard shortcut key များ အကြောင်း သိကောင်းစရာ
ကွန်ပျူတာ ကို သုံးနေကြသူတိုင်း ဒီနည်းလမ်းလေး တွေကို သိထား သင့်ပါတယ်။ Shortcut key များဟာ အလုပ် လုပ်တဲ့ အခါမှာ လွယ်ကူ ထိရောက်စေပြီး ပိုမိုလည်း မြန်ဆန်စေ ပါလိမ့်မယ်။ အကယ်၍ သင့်အနေနဲ့ အကုန် မမှတ်နိုင်ဘူး ဆိုရင် ဖော်ပြပါ shortcut key တွေကို ကွန်ပျူတာ သုံးတဲ့ အခါ မှာ အနီးဆုံး နေရာတွင် Print ထုတ်ပြီး ကပ်ထားဖို့ တိုက်တွန်းပါရစေ။
ကီးများ ဖော်ပြချက်များ................
Alt + F File menu options in current program
Alt + E Edit options in current program
Alt + Tab Switch between open programs
F1 Universal Help in almost every Windows program.
F2 Rename a selected file
F5 Refresh the current program window
Ctrl + N Create a new, blank document in some software programs
Ctrl + O Open a file in current software program
Ctrl + A Select all text.
Ctrl + B Change selected text to be Bold
Ctrl + I Change selected text to be in Italics
Ctrl + U Change selected text to be Underlined
Ctrl + F Open find window for current document or window.
Ctrl + S Save current document file.
30 December 2016
ဒီဇင်ဘာ ၃၁ တွင် စကြ၀ဋ္ဌာ နာရီများ၌ တစ် စက္ကန့်  ထပ်တိုးမည်
ကမ္ဘာကြီး သည် ထုထည်ကြီးမားသော်ငြား ပင်လယ် သမုဒ္ဒရာ ဒီရေ တို့ ၏ အရှိန်ကြောင့် အရှိန်တုန့် နှေးသွားလေ့ ရှိရာ နှစ်ပေါင်း ၁၀၀ အတွင်း တစ်ရက်လျင် ၂ မီလီ စက္ကန့် နှုန်း အရှိန်တန့် လျက် လည်ပတ်လာခဲ့သဖြင့် စကြ၀ဋ္ဌာ အက်တမ် နာရီများနှင့် အချိန်ကိုက်ညီမှု မရှိတော့သည့် အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီ တိတိတွင် နာရီများမှာ ၅၉ စက္ကန့် ပြီးလျင် သုည သုညပြမည် မဟုတ်ဘဲ ၅၉ စက္ကန့် ပြီး လျင် ၆၀၊ ထို မှ သုည သုည ဆက်လက် ပြသသွားကာ အချိန် ကို တစ်စက္ကန့် စောင့်ဆိုင်းစေမည်ဖြစ်ကြောင်းသိရသည်။ 
ကမ္ဘာကြီးဟာ ထုထည်ကြီးမားလှတယ် ဆိုပေမယ့်လည်း ပင်လယ်သမုဒ္ဒရာတွေ ရဲ့ ဒီလှိုင်း အတက်အကျတွေကြောင့် တစ်ရက် ကို နှစ်မီလီ စက္ကန့် လောက်တော့ တုန့် သွားလေ့ ရှိပါတယ်။ နှစ်ပေါင်းကြာမြင့်လာတဲ့အခါ ကမ္ဘာလည်ပတ် တဲ့နှုန်း နဲ့  ၂၄ နာရီပြည့်တာနဲ့  စကြ၀ဋ္ဌာထဲ ပို့ ထားတဲ့ အက်တမ် နာရီတွေ ရဲ့  ၂၄ နာရီပြည့်တာနဲ့ က မကိုက်တော့ ပါဘူး။ 
အဲဒါကြောင့် စကြ၀ဋ္ဌာ စံတော်ချိန်ကို တစ်စက္ကန့် စောင့်ဆိုင်းစေရခြင်းဖြစ်ပြီး အချိန် နာရီမှာ တစ်စက္ကန့် တိုးထည့်ရခြင်းဖြစ်ပါတယ် ဟု သုတေသီတစ်ဦးကပြောပြသည်။ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက် ကတည်းက သိပ္ပံ ပညာရှင်တွေက အချိန်ကို နက္ခတ်တာရာ အပေါ်အခြေခံ တွက်ချက် ခြင်း မပြုဖို့  သဘောတူညီခဲ့ကြပါတယ်။ 
19 August 2016
မြစ်ဆုံဆည် အပေါ် ဆည်မြောင်းပညာရှင် တစ်ဦး ရဲ့ မတူတဲ့ အမြင်
၈ ဘီလီယံ တစ်ခါ သုံးပြီး နှစ်တိုင်း မြစ်ရေကြီးတာ ကို ကာကွယ် မလား ?   မြစ်ရေကြီးခံပြီး နှစ်တိုင်း   ၁ ဘီလီယံ လောက် အဆုံးရှုံးခံမလား ၊  တစ်ကယ်ဆောက်ရင်တောင် ရေကြီးခြင်း ကို မကာကွယ် ထားတဲ့       တရုတ် ဒီဇိုင်း နဲ့ မဆောက်သင့်ပါဘူး။ ဆည်မြောင်း က ထုတ်ထားတဲ့ ဒီဇိုင်း မှသာ လျှင် ရေကြီးခြင်း ကို ကာကွယ်နိုင်မယ်။ 
*******************************************************************************************************
မြစ်ဆုံဆည် တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဆည်မြောင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးး (ငြိမ်း)
ဦးခင်မောင်ချစ်နှင့်တွေ့ဆုံခြင်း ၊
၂၀၁၆-ဧပြီလ ထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ် (၃၄) တွင် ပါရှိသည့် အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။
 မောင်သင်တုန်း ရေးသည်။
မြစ်ဆုံဆည် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အစိုးရသစ် လက်ထက်မှာဆောက်လုပ်ဖို့ လိုအပ်ပါသလား။
လူထု က ကန့်ကွက်နေတဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်း ကို ဘာကြောင့် တည်ဆောက်ဖို့ လိုပါအပ်သလဲ။ မြစ်ဆုံဆည် တည် ဆောက်မယ် ဆိုရင် လူထု အတွက် ဘာတွေ အကျိုးရှိပါသလဲ။ 
တန်ဖရဲကျေးရွာ အနီးကို ဘာကြောင့်မြစ်ဆုံဆည် တည်ဆောက် ဖို့ ရွေးချယ်ရပါသလဲ ဆိုတဲ့ အချက်တွေကို သိရှိဖို့ အတွက် မူလ ဧရာဝတီ ဘက်စုံသုံး မြစ်ဆုံဆည် ကို ဒီဇိုင်းရေးဆွဲ ခဲ့တဲ့ ဆည်မြောင်း ဦးစီးဌာန၊ ညွှန်   ကြားရေးမှူးး (ငြိမ်း) Engr.professer ဦးခင်မောင်ချစ် နဲ့ တွေ့ဆုံမေးမြန်းမှု အချို့ ကို ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်။
မော်ကွန်း ။ ။မြစ်ဆုံ ဆည် ရဲ့ ဒီဇိုင်း ကို အန်ကယ်တို့ အနေ ဘယ် အချိန်က စပြီး ဆွဲခဲ့ တာလဲ ဆိုတာပြော    ပြပေးပါ။
ဦးခင်မောင်ချစ်။ ။ ၁၉၇၄ ခုနှစ် မှာ ဆည်မြောင်း ဌာနက ဒုတိယ ညွှန်ကြားရေးမှူးး ဒေါက်တာ အုန်းမြင့် ဟာ ဧရာဝတီရေကြီးမှု အစီရင် ခံစာကို တင်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာ ထဲမှာ ဧရာဝတီမြစ်ဆုံ တမံ ကို တန်ဖရဲရွာ နားမှာ ဆောက် သင့်တယ်လို့ အချက်အလက် အချို့နဲ့ တင်ပြခဲ့ပါ တယ်။ အသေးစိတ် တွက်ချက်မှု မပါခဲ့ဘူး။ ဒါပေမဲ့ အန်ကယ် ဆည်မြောင်း ဌာနမှာ ညွှန်ကြားရေးမှူးး (ဒီဇိုင်း)ဖြစ်တဲ့ အချိန်မှာ ဦးဇော်ဝင်းရှိန် နဲ့ အန်ကယ် အတူ ၂၀၀၂ ခုနှစ်မှာ ဧရာဝတီမြစ်ဆုံ နဲ့ ဘက်စုံ စီမံကိန်း ကို ရေးဆွဲခဲ့ပါတယ်။
မော်ကွန်း ။ ။ ဘာကြောင့်မြစ်ဆုံ တည်ရှိတဲ့နေရာ ကို ဆည်တည်ဆောက် ဖို့ ရေးဆွဲခဲ့တာလဲ။ တစ်ခြားနေရာမှာ တည်ဆောက်လို့ မရဘူးလား။
ဦးခင်မောင်ချစ် ။ ။ ဧရာဝတီမြစ်ဆုံ ရဲ့ တန်ဖရဲ ရွာနေရာ က ရေ၀င် ဧရိယာဟာ ၁၆၀,၀၀၀ စတုရန်းမိုင် ရှိပါတယ်။ အဲဒီ ၁၆၀,၀၀၀ စတုရန်းမိုင် ရဲ့ ရေစီးရေလာ ဟာ တစ်နှစ် ကို ဧကပေ သန်းတစ်ရာခန့် ရှိပါတယ်။ ဧရာဝတီမြစ်ကြီး ရဲ့ တစ်နှစ်တာ ရေစီးရေလာ ဟာ ဧကပေ သန်းလေးရာ ရှိတဲ့ အတွက် ဧရာဝတီမြစ်ဆုံနေရာဟာ ဧရာဝတီမြစ်ကြီး ရဲ့ လေးပုံ တစ်ပုံ ခန့်ရှိတဲ့ တန်ဖရဲ ရွာနေရာ က ရေလှောင်အားကောင်းတဲ့ အတွက် မြစ်ဆုံဆည် ကို စဉ်းစားခြင်းဖြစ်ပါတယ်။
တစ်ခြားရေလှောင်အားကောင်းတဲ့နေရာ က ဗန်းမော်မြို့အောက်နား မှာ ရှိသော်လည်း ဗန်းမော်မြို့ကြီး ပါဝင် သွားမှာဖြစ်တဲ့ အတွက် ထည့်သွင်း စဉ်စားခြင်း မပြုတာဖြစ်ပါတယ်။ ဒါကြောင့် ဆည်မြောင်းဌာန က လည်း ဒေါက်တာအုန်းမြင့် ရဲ့ အစီရင်ခံ စာကို အခြေခံပြီးသော် လည်းကောင်း၊ နောက်ထပ် တိုင်းတာ တွက်ချက်မှု အရလည်းကောင်း တန်ဖရဲရွာ အနီးမြစ်ဆုံ စီမံကိန်းကိုရေးဆွဲ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။
မော်ကွန်း ။ ။ မြစ်ဆုံဆည် တည်ဆောက်မှု ကို လူထု ကလည်း လက်မခံဘူး။ ဆရာတို့ အင်ဂျင်နီယာ ဘက်ကတော့ မဖြစ်မနေဆောက်ရမယ် ဆိုတော့ ဘယ်လိုမြင်ပါသလဲ။
ဦးခင်မောင်ချစ် ။ ။ လူထု အနေနဲ့ ကတော့ လောလောဆယ် တရုတ် က တည်ဆောက်တဲ့ ဆည်ဟာ လျှပ် စစ်မီး ရရုံ လေး အတွက် တည်ဆောက်တယ် ဆိုတာကို နားလည် လို့ပဲလား၊ တိုင်းပြည် အတွက် ရေကြီးရေလျှံ မှုကို အကျိုးမပြုတာ ကို သိလို့ ကန့်ကွက်တာလားတော့ မသိပါဘူး။ အန်ကယ် အနေနဲ့ ကတော့ ဒီနှစ်    ချက် ကို အကျိုးမပြုတာနဲ့ ပဲ ကန့်ကွက်ပါတယ်။
တရုတ် က ဆောက်မယ့် ဆည်ဟာ လျှပ်စစ်မီး ပဲ ထွက်ရှိပြီးတော့ မြန်မာပြည် ရဲ့ အသက်သွေးကြောဖြစ်တဲ့ မြန်မာပြည် ရဲ့ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီ ရဲ့ ရေဘေး ကာကွယ်ရေး မပါတဲ့အတွက် ကန့်ကွက်ပါ တယ်။ နောက်ပြီးတော့ ဇန်န၀ါရီ နဲ့ ဖေဖော်ဝါရီ မှာ ရေကြောင်းကြပ်နေ တဲ့ ဧရာဝတီ    မြစ်ကြီး ပြန်လည်   ရေစီးကောင်း လာဖို့ ရည်ရွယ်ချက် မပါဘူး။ ဒါကြောင့် ကန့်ကွက်ပါတယ်။ အန်ကယ် တို့ ဆည်မြောင်းဌာနက ဆွဲတဲ့ ဧရာဝတီ ဘက်စုံ စီမံကိန်း မြစ်ဆုံ ကိုပဲ ဆက်ပြီး အဆိုပြုပါတယ်။
မော်ကွန်း ။ ။ အစိုးရအသစ် အနေ နဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်း ကို ဘာကြောင့် တည်ဆောက်ဖို့ လိုအပ်တာလဲဆိုတာကို ပြောပြပေးပါ။
ဦးခင်မောင်ချစ် ။ ။ ဧရာဝတီမြစ်ဆုံ ဘာကြောင့် တည်ဆောက်ရသလဲ ဆိုရင်...............
(၁) ဧရာဝတီမြစ်ဝကျွန်းပေါ် ရေဘေး ကာကွယ်ရေး အတွက် တည်ဆောက်ဖို့ လိုတာပါ။ ၁၉၇၄ ဧရာဝတီ  ရေကြီးမှုဖြစ်စဉ် မှာ ဟင်္သာတရေမှတ် ၄၇ လက်မ နဲ့ တာတမံများ ပျက်စီးပြီး ၀က်ဝက်ကွဲရေကြီး   ဆုံးမှုဖြစ်ပေါ်ခဲ့ ပါတယ်။ မြစ်ဆုံဆည်ရေလှောင်လိုက်ရင် ဟင်္သာတ ရေမှတ် လေးပေ လျော့သွားမှာဖြစ်တယ်။
(၂) ဖေဖော်ဝါရီ မတ်လ မှာ နွေ မှာ ရေလွှတ် တာကြောင့် နွေရာသီ မှာ ဧရာဝတီမြစ်ရေ က ရေတိမ်ခြင်း ကို လေးပေ ကနေ ခြောက်ပေ အထိ မြင့်တက်လာမှာ ဆိုတော့ ရေကြောင်း သွားလာမှု အထူး အဆင်ပြေစေ  မယ်။
(၃) နွေ၊ မိုး၊ ဆောင်း လျှပ်စစ်မီး ထုတ်ပြီး လျှပ်စစ်တွေ နဲ့ပဲ ဧရာဝတီမြစ် ရဲ့ ဘယ်နဲ့ ညာဘက်မှာ ရှိတဲ့ စိုက်ပျိုး မြေ ဧကနှစ်သန်းခန့် ကို လျှပ်စစ်ရေတင် စနစ် နဲ့ စိုက်ပျိုးနိုင်မယ်။
(၄) နွေရေ တိုးလာလို့ ပင်လယ် ဆားငန်ရေ (Sea Water Intrusion) တိုးလာခြင်း  ကို သက်သာ သွားမယ်။ မြစ်ရေ ကျတော့ ပင်လယ်ရေ က တိုးတိုး ၀င်လာ တယ်။ အဲဒါကို သက်သာသွားစေမယ်။
(၅) နွေ၊ မိုး၊ ဆောင်း လျှပ်စစ်မဂ္ဂဝပ် ၆,၀၀၀ ထုတ်လုပ်နိုင်မယ်။
မော်ကွန်း ။ ။ အခုဆိုရင် ရာသီဥတုပြောင်းလဲမှုကြောင့် မျိုးစုံဖြစ်နေ တယ်။ မြစ်ဆုံ က ရာသီဥတု ဆိုးရွာမှုကို ဘယ်လိုမျိုး အကျိုးသက်ရောက် နိုင်ပါသလဲ။
ဦးခင်မောင်ချစ် ။ ။ ရာသီဥတုပြောင်းလဲမှု က ကမ္ဘာအနှံ့ မှာဖြစ်နေတယ်။ ရာသီဥတုပြောင်းလဲမှု က မိုးများ  မယ့် ဘက် နဲ့ ရေကြီးမယ့်ဘက် ကို အားသန်နေပါတယ်။ ဥပမာပြောရရင် ၁၉၇၄ ဧရာဝတီ ၀က်ဝက်ကွဲ     ရေကြီးမှုထက် ပိုကြီး တာတွေ လာလိုက်ရင် ဟင်္သာတ  ရေမှတ် ၅၀ လက်မဖြစ်လာလိုက်ရင် တာတမံတွေဘယ်လောက်ပျက်စီးပြီး စိုက်ပျိုးမြေတွေ၊ လူနေအိမ်တွေ ဘယ်လောက်ပျက်စီးသွားမလဲ ဆိုတာ ခန့်မှန်း    တွက်ချက် လို့ရပါတယ်။
ဒီ အခြေအနေကို တားဖို့ ဆိုတာ မိုးတွင်း မှာ ဒလဟော စီးလာမယ့်ရေ ကို တစ်နေရာမှာအထိုက်အလျောက် ဖမ်းသိမ်းနိုင်မှ သာလျှင် ရေကြီးမှု ဟာ သက်သာမယ် လို့ အင်ဂျင်နီယာ ပညာအနေနဲ့ လည်း တွက်လို့ ရပါ  တယ်။ ဒါကြောင့်မို့ အန်ကယ် တို့ ဧရာဝတီမြစ် ရဲ့ ကြီးလာမယ့်ရေ  ကို ဇူလှိုင်၊ သြဂုတ်၊ စက်တင်ဘာ   မှာ ဖမ်းသိမ်း ဖို့ ဧရာဝတီမြစ်ဆုံ နဲ့ ထမံသီ (ချင်းတွင်း မြစ်အထက်) နှစ်နေရာ ကို စဉ်းစားတာဖြစ်ပါတယ်။
17 August 2016
အမေရိကန် ဇနီးမောင်နှံ က Pokemon Go ဂိမ်းကြောင့် လူနေမှု ဘဝ ထိခိုက်မှုဖြင့် Nintendo ကို တရားစွဲ
အမေရိကန်နိုင်ငံ၊ ဒက်ထရိုက်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦး က မိမိတို့၏ အေးချမ်းသော လူနေမှု ဘဝ ကို Pokemon Go  ဂိမ်းက ထိခိုက် ပျက်စီးစေသည်  ဟု ဆိုကာ Nintendo ကုမ္ပဏီကို တရားစွဲဆို  ခဲ့ကြောင်း သိရသည်။
ဒက်ထရိုက် ရှိ စိန့်ချဲရှောစ် ရပ်ကွက်၊ ဝှာဘီ ပန်းခြံ အနီးတွင် နေထိုင်သည့် စကော့တ် ဒိုဒစ်ခ်ျနှင့် ဂျေမီဂေါ့တ်စ် ဒိုဒစ်ခ်ျ တို့က Pokemon သတ္တဝါလေးများ လက်တွေ့လောက တွင် အမှန်တစ်ကယ် ရှိနေသည့်ပုံစံ ဖန်တီး ထားသည့် စမတ်ဖုန်း ဂိမ်း ထွက်ပေါ်လာ ကတည်းက မိမိတို့၏ ပတ်ဝန်းကျင် တွင် မလိုလားဖွယ်    အပြောင်းအလဲ များ ဖြစ်လာသည်ဟု ဆိုသည်။
ဝှာဘီ ပန်းခြံ အနီး တွင် Nintendo က Pokemon Gym  တစ်ခုနှင့် Pokestop ၇ ခုကို သတ်မှတ် နေရာ   ချထားရာ Pokemon Go ဂိမ်း ကစားသူ အမြောက်အမြား ထိုနေရာသို့ ရောက်လာပြီး စည်စည်  ကားကား   ဖြစ်နေတတ်သည်။ ဒိုဒစ်ခ်ျ ဇနီးမောင်နှံ က ပတ်ဝန်းကျင်တွင် သူစိမ်း အမြောက်အမြား ရောက်ရှိနေခြင်းကို မနှစ်မြို့ကြချေ။
“ကိုယ်က ဖိတ်ခေါ်ထားတာ မဟုတ်တဲ့ ဧည့်သည်တွေ ကို ဘယ်သူမှ မလိုလားပါဘူး။ သူတို့ကို ဒီနေရာ မလာကြဖို့ သွားပြောတဲ့ အခါ ကိုယ်ပဲ ခြိမ်းခြောက်ကြိမ်းမောင်းတာ ခံလိုက်ရတယ်။ ဘယ်သူမှလည်း နား   မထောင်ဘူး။ အရေးလည်း  မစိုက်ဘူး။ လာချင်တဲ့  အချိန်လာပြီး ပြန်ချင်တဲ့ အချိန်မှ ပြန်သွားကြတာ”ဟု Nintendo ကုမ္ပဏီ ကို တရားစွဲဆို ထားသည့် ဇနီးမောင်နှံ က ဆိုသည်။
“အခုဆို ရပ်ကွက်ထဲမှာ ဘယ်သူမှ အိပ်ကောင်းခြင်း မအိပ်ရဘူး။ ဒါက လက်ခံစရာ ကိစ္စမျိုး မှ မဟုတ်တာ။ အဲဒီ ဂိမ်း ကစားတဲ့ လူတွေက မြက်ခင်းတွေ ကို တက်နင်းသွားတယ်။ ပတ်ဝန်းကျင် ကို ဖျက်လိုဖျက်ဆီး  လုပ်ချင်လုပ်တယ်။ သူများ ကားတွေထဲ ချောင်းကြည့်ချင် ကြည့်ကြသေးတယ်”ဟုလည်း ၎င်းတို့   က စွပ်စွဲ ပြောကြားခဲ့သည်။
အဆိုပါ ဇနီးမောင်နှံ က နစ်နာကြေး အဖြစ် ဂိမ်း အတွက် Nintendo ရရှိနေသည့် အမြတ်အစွန်းများ        အနက် ရာခိုင်နှုန်း အချို့  ကို ရယူလိုကြောင်း တောင်းဆို  ထားပြီး မိမိတို့ နေရပ်  အနီးမှာ Pokestop  နှင့် Pokemon Gym  များကို ဖယ်ရှားပေးရန်လည်း တရားရုံး  တွင် လျှောက်ထား အရေးဆိုထားသည်။
10 August 2016
စီးပွားရေး လုပ်ငန်း များစွာ ကို အပြောင်းအလဲဖြစ်စေနိုင်မည့် Pokemon Go
၂၀၁၆ ခုနှစ် ရဲ့ဇူလိုင် လဆန်းပိုင်းမှာ စမတ်ဖုန်း အသုံးပြုသူတွေကို လှုပ်လှုပ် ရှားရှားဖြစ်သွားစေတဲ့ App
တစ်ခု ထွက်လာခဲ့ပါတယ်။ App တစ်ခု ဆိုတာထက် ဖုန်းဂိမ်း တစ်ခုလို့ ဆိုရင်ပိုမှန် မှာပါ။ အခြား အခြား    သောစမတ်ဖုန်းတွေမှာဆော့ကစားရတဲ့ ဂိမ်းတွေနဲ့ မတူတာ ကတော့ဖုန်း ရဲ့GPS နဲ့ ချိတ်ဆက် ထားတဲ့   ဂိမ်းတစ်ခုဖြစ်နေတာပါပဲ။
ဒါဟာ အများက စိတ်ဝင်တစ်စားဖြစ်လာတဲ့ Pokemon Go ဆိုတဲ့ ဂိမ်းတစ်ခုရဲ့ထူးခြားချက်ဖြစ်သလို ဒီလို GPS နဲ့ ချိတ်ဆက်ဆော့ကစား ရပြီး လူ အများရဲ့စိတ်ဝင်စားမှု ခံရခြင်း အပေါ်စောင့်ကြည့် အခွင့်ရေး ယူ      မယ့် နောက်လိုက် စွန့်ဦး တီထွင်သမားတွေကလည်း ဒုနဲ့ဒေးဖြစ်နေပါပြီ။
   ဖေ့စ်ဘွတ်ခ်၊ Instagram ၊ Snapchat၊ WhatsAPP စတဲ့ ထိပ်တန်းရောက် ဖုန်း APP တွေထက်တောင် Pokemon Go  ကို အချိန် ကြာကြာ  ပိုအသုံးပြုခြင်းခံရတယ်။ ဒါတွေဟာ Pokemon Goရဲ့ ရက်ပိုင်းအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေပါ။ နောက်ပိုင်း Pokemon Go ကစားလွန်းကြလို့ သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာ ရရှိသူတွေတောင် ရှိလာတယ်လို့ ဆိုကြပါတယ်။   
ဒီလို ရက်ပိုင်း အတွင်း အောင်မြင်မှု  အပေါင်း  သရဖူဆောင်းအောင် Pokemon Go ကို တီထွင်ဆန်းသစ်လိုက်သူက ဘယ်သူ များပါလဲ။ University of Texas ကနေ ဒီဂရီ  ရရှိခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ University of California၊ Berkeley ကနေ MBA ဘွဲ့ရရှိခဲ့သူ John Hanke  ရဲ့နှစ် ၂၀ ကျော်   ကြိုးစား  အားထုတ်မှု ရဲ့ရလဒ်ဖန်တီးဆန်းသစ်မှုဖြစ်ပါတယ်။
  John Hanke ဆိုတာ အမေရိကန်နိုင်ငံသား  စွန့်ဦးတီထွင်သူ  တစ်ဦးဖြစ်ပြီး  လက်ရှိ အချိန်မှာ Pokemon Go ရဲ့ မိခင် ကုမ္ပဏီ Niantic Labs ရဲ့ဦးဆောင်သူပါ။ သူဟာ ၁၉၉၆ ခုနှစ် ကျောင်းသား ဘ၀မှာ ကတည်းက Meridan 59  ဆိုတဲ့ Multi- Player Online Game တစ်ခုကို တီထွင် ရေးဆွဲခဲ့ပြီး Maps နဲ့ပတ်သက်တဲ့  အလုပ်တွေ လုပ်ဆောင်နိုင်ဖို့ 3DO ကိုရောင်းချခဲ့ပါတယ်။ 
၂၀၀၀ ပြည့်နှစ် မှာတော့ Aerial Photo တွေကို မြေပုံ နဲ့ ချိတ်ဆက်  အသုံးပြုနိုင်တဲ့ နည်းပညာ Keyhole ကို  တီထွင်ခဲ့ပြီး ဒါဟာ ကမ္ဘာ့ ပထမဆုံးသော Online 3D Aerial Maps ဖြစ်ခဲ့ပါတယ်။ အဲဒီ Keyhole      နည်းပညာကို လက်ရှိနည်းပညာ  ကုမ္ပဏီကြီးဖြစ်တဲ့ Google Earth App  ပေါ်ထွက်လာခဲ့ပါတယ်။ 
John Hanke ဟာလည်း Google ရဲ့ Google Earth ၊ Google Maps ၊ Local ၊ StreetView ၊ Panoramio အစရှိတဲ့ ကမ္ဘာ့မြေပုံ အခြေ ပြု လုပ်ငန်းတွေ နဲ့ SketchUp လို 3D ပုံရိပ် အခြေပြု   လုပ်ငန်း ထုတ်လုပ်မှုတွေမှာ  ဒုတိယဥက္ကဋ္ဌ  အဖြစ်နှစ်အတန်ကြာ  ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
Google  နဲ့ အချိတ်အဆက် ရရှိခဲ့တဲ့ John Hanke  ဟာ Google ရဲ့ရင်းနှီး  ပံ့ပိုးမှုနဲ့  အတူ ပထမဆုံး Maps အခြေပြု Multi-Player Game  တစ်ခုဖြစ်တဲ့ Ingress  ကို ၂၀၁၂ ခုနှစ်မှာ  ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်  အတွင်း John နဲ့ Google ပူးပေါင်းပြီး Google Maps အပေါ်မှာ Pokemon အကောင်လေးတွေ  လိုက်ရှာရတဲ့ ဂိမ်း  တစ်ခုကို April Fool Joke အဖြစ်  စမ်းသပ်ဖြန့်ချိခဲ့ပြီး အောင်မြင်မှုလည်းအတော်လေးရရှိခဲ့ ပါတယ်။ 
၂၀၁၅-၂၀၁၆ ခုနှစ်တွေမှာတော့ John Hanke ဟာ အဆိုပါအောင်မြင်မှုကို  အခြေပြုပြီး Google  နဲ့ ကမ္ဘာကျော်ဂိမ်း ကုမ္ပဏီ  တစ်ခုဖြစ်ပြီး Pokemon Game  နဲ့အောင်မြင်မှု  ရရှိခဲ့ဖူးတဲ့ Nintendo တို့ရဲ့ ရင်းနှီးပံ့ပိုးမှုငွေ ဒေါ်လာ ၂၅ သန်း နဲ့ အတူ Pokemon Go  ကို အတည်ပြု  ဖန်တီးပြီး၂၀၁၆  ခုနှစ်၊  ဇူလိုင် ၆  ရက်မှာ စတင်ဖြန့်ချိနိုင်ခဲ့တာပါ။
ဒီနေရာမှာ  ဖြတ်ပြီးပြောလိုတာ  တစ်ခုက  Nintendo  ရဲ့    အစု ရှယ်ယာ  တန်ဖိုးဟာ Pokemon Go  ရဲ့အောင်မြင်မှုကြောင့်နေ့ချင်း ညချင်းဒေါ်လာ၁၂ ဘီလီယံ အထိ ခုန်တက်  သွားခဲ့သလို  အသားတင်  ၀င်ငွေ  အနေနဲ့လည်း  တစ်နေ့ကိုဒေါ်လာနှစ်သန်း  အထိရရှိနေခဲ့ပါပြီ။
ဖုန်းကို ဖွင့်၊ အင်တာနက်ချိတ်၊ GPS on ပြီး Pokemon Go  ဆိုတဲ့ App ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူ ပေါင်း ၆၅ သန်း  နဲ့ အတူ သင်ဟာ Pokemon ကောင်လေးတွေ  ကို လိုက်ရှာနိုင်ပါပြီ။ သင်ဖမ်းမိတဲ့ Pokemon ကလေးတွေ ကို လေ့ကျင့်ပေးရင်း အခြားသူတွေနဲ့ပြိုင်ပွဲ  ၀င်နိုင်ပါပြီ။ ဂိမ်း  ပုံစံက ရိုးစင်းပေမဲ့ လူအများရဲ့စိတ်အာရုံကို အထူး ဆွဲဆောင်နေတာကတော့ငြင်းပယ်လို့မရနိုင်ပါဘူး။
ဖုန်းကို ကိုင်ပြီး လမ်းလျှောက်ရမယ့် ပထမဆုံး ရေပန်းအစားဆုံး ဂိမ်းတစ်ခုပါ။ Pokemon Go ဟာ ဂိမ်းတွေကို ပြောင်းလဲစေခဲ့ပါပြီ။ ဒီလိုပြောလိုက်တာက ကမ္ဘာ့ Video Game လောကကြီး တစ်ခုလုံးကို မရည်ရွယ်ပါဘူး။ နောက်ဆုံး မှတ်ယူထားတဲ့ စာရင်းတွေ အရ ဆိုရင် ကမ္ဘာအနှံ့ လူပေါင်း ၆၅ သန်း ဟာ Pokemon Go ကို အသုံးပြုဆော့ကစားနေကြပါပြီ။ ဒါဟာလက်ရှိ အချိန်  မိုဘိုင်းဂိမ်းလောကမှာအောင်မြင်မှု အရှိဆုံး ဆိုတာမေးခွန်း ထုတ်ဖို့ကို မလိုတော့တာပါ။ 
ဖုန်း ရဲ့ GPS နဲ့  ကင်မရာကို  ဖွင့်ပြီး ကစားရတဲ့  အတွက် သင့်ဝန်းကျင် အစစ်အမှန် ကမ္ဘာမှာ ရှိနေသယောင် ထင်ရတဲ့ ပုံရိပ်ယောင် Pokemon ကို သင့်ဖုန်း ကင်မရာကနေ တစ်ဆင့် ဖမ်းဆီးနိုင်မှာဖြစ်ပါတယ်။သင့်တစ်ကယ့် ၀န်းကျင်နဲ့ Virtual World  ကို ချိတ်ဆက်ပေးထားတဲ့ ကမ္ဘာ့  ပထမဆုံးဂိမ်းပါ။  ဆော့ကစားရခြင်းရဲ့နောက်ဆုံးရလဒ်ကတော့  ဖျော်ဖြေမှုဖြစ်ခြင်း နဲ့ ချစ်ခင်နှစ်သက်ဖွယ်ကောင်းခြင်းပဲဖြစ်ပါလိမ့်မယ်။
ရိုးရှင်းတဲ့  ဂိမ်းတစ်ခု  ရဲ့နောက်ဆက်တွဲ  အကျိုးဆက်တွေ ကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
Pokemon Go ရဲ့အကျိုးသက်ရောက်မှု ဟာ ယခုဖြစ်နေတဲ့  အတိုင်းတာ  ထက်တောင် ပိုမို   ကြီးမား  လာနိုင်သေးတယ်။ ပြီးခဲ့တဲ့  လအနည်းငယ် က Nintendo ရဲ့စတော့တွေ အဆမတန်ခုန် တက်သွားခြင်းထက်တောင် ပိုမိုကြီးကျယ်လာနိုင်ပါသေးတယ်။  
ဒီဂိမ်းကလေးဟာ  အွန်လိုင်း  စီးပွားရေး  လုပ်ငန်းတွေသာမကပဲ  လမ်းတွေပေါ်မှာ  ဖွင့်လှစ်ထားတဲ့  စတိုးဆိုင်တွေ  ၊ကော်ဖီဆိုင်တွေ၊  တစ်ခြား တစ်ခြားသော ကုမ္ပဏီတွေ  အစရှိတဲ့ Brick-and-Mortar စီးပွားရေး လုပ်ငန်းအတွက်ပါ အံ့အားသင့်ဖွယ်ရာ အခွင့်အလမ်းတွေကိုဖန်တီးပေးနေပါပြီ။
Pokemon Go ကစားတဲ့ သူတွေဟာ ဖုန်းဂိမ်း တစ်ခုထဲ မှာတင် Pokemon တွေကို လိုက်ဖမ်းနေရတာ မဟုတ်ပါဘူး။ ဂိမ်း ရဲ့သဘောတရား အရ Pokestops လို့ခေါ်တဲ့ Pokemon တွေကို ဖမ်းဆီးဖို့ Pokeballs  တွေနဲ့ တစ်ခြား အပိုဆောင်း ဆုတွေ  ရရှိနိုင်တဲ့နေရာတွေကို ကစားသူတွေ စုရုံးရောက်ရှိ လာစေပါတယ်။ အဲဒီ Pokestops တွေဟာ အပြင်ကမ္ဘာမှာ တစ်ကယ်ရှိနေတဲ့ နေရာဒေသ တွေပါ။ 
02 August 2016
မရှိမဖြစ် Winrar (winrar ဖြင့် ဖိုင်ဖြည်နည်း၊ ဖိုင်ချုပ်နည်း)
ကွန်ပျူတာ တစ်လုံး ရဲ့ မရှိမဖြစ် လိုအပ်တဲ့ ဆော့ဝဲလ်တွေ ထဲမှာ Winrar လည်း ပါပါတယ်..။ ဒါကြောင့် Winrar ကို အလွယ်သုံးတတ်အောင် ပုံလေးတွေနဲ့ ပြသွားပါ့မယ်..။ Winrar သုံးနည်းတွေ အများကြီးထဲက အဓိက နှစ်မျိုးဖြစ်တဲ့ ချုပ်၊ဖြည် သုံးနည်းလေးကို ပြောပြသွားပါမယ်..။
ကျန်ခဲ့တဲ့ ပိုစ့်မှာ ဆော့ဝဲလ် သွင်းတာ၊ ထုတ်တာ ကို ရေးခဲ့ပေမယ့် တpfကယ်ဆို Winrar သုံးတတ်အောင် အရင်ရေးသင့်တာပါ.. Winrar သုံးတတ်မှ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို Winrar နဲ့ဘယ်လို ချုပ်ရတယ်.. ဘယ်လိုပြန်ဖြည်ရတယ်ဆိုတာ နားလည် သဘောပေါက်မှာပါ..။ 
 မြန်မာ နည်းပညာဆိုဒ်တွေ က ဆော့ဝဲလ်တွေကို ဒေါင်းလော့ချတဲ့ အခါ သုတို့က သူတို့ တင်ပေး လိုက် တဲ့ ဆော့ဝဲလ်တွေ ကို ဗိုင်းရပ်စ့် မထိအောင်လို့ Winrar နဲ့ချုပ်ပေးလိုက်ပါတယ်..။ ဖိုင် size လည်း အနည်းငယ် ပိုသေးသွားသလို ကျနော်တို့ ဒေါင်းရတာလည်း အတော်လေး အဆင်ပြေပါတယ်..။
 ဆော့ဝဲလ်တွေ မှ မဟုတ်ပါဘူး.. ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ အားလုံးကို Winrar နဲ့ ချုပ်ပြီး သိမ်း ထားလို့ ရပါတယ်.. Winrar နဲ့ မချုပ်ပဲ ထားတဲ့ ဓါတ်ပုံ ဖိုင်တွေ ဆိုရင် ဗိုင်းရပ်စ် ဖုံးလိုက်လို့ ခဏ ခဏပျောက်တတ်ပါတယ်.. ဆော့ဝဲတွေ ဆိုရင်လည်း ဗိုင်းရပ်စ် ဖျက်လိုက်ရင် သုံးလို့ မရတော့ပါဘူး..။ ဒါက ကျနော့် စက်ထဲမှာ ခဏခဏဖြစ်တတ်တာကို ပြေပြတာပါ..။ 
မိမိတို့ စက်ထဲမှာ Winrar မရှိသေးဘူး ဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလော့ချလိုက်ပါ.. ဖရီးဆော့ဝဲလ်လေးပါ..။ 
ကျနော့် သူငယ်ချင်း တစ်ယောက်ဆိုရင် မြန်မာ နည်းပညာဆိုဒ်တွေ က ဆော့ဝဲလ်တွေက ဒေါင်းလို့တော့ ရတယ် ..။ သုံးလို့ မရဘူးတဲ့..။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါင်းလော့ ချလိုက်လို့ သူ့စက်ထဲရောက် လာ တဲ့ ဆော့ဝဲလ်တွေ အားလုံးက စာရွက်ဖြူလေး တစ်ရွက်ပဲ တွေ့ရတယ်တဲ့ ဘာမှ သုံးလို့မရဘူးတဲ့.. ဘယ်လို လုပ်ရမလဲဆိုပြီး ကျနော့်ကိုမေးလာပါတယ်..။ 
သူ့ စက်ကို သေချာ ဖွင့်ကြည့်လိုက်မှ Winrar ဆော့ဝဲလ် မရှိလို့ ထည့်ပေးလိုက်မှ အဆင်ပြေသွားပါတယ်..။ သူ့ကို တစ်ခါတည်း Winrar သုံးနည်းလေးပါ အောက်ကပုံလေးတွေ အတိုင်း ပြောပြလိုက်ပါတယ်.. 
28 March 2016
၂၀၁၆ ဒီဇင်ဘာလ က စပြီး ဥရောပသား မွေးကင်းစ ကလေး အားလုံး microchip ထည့်သွင်းခံရမယ်လို့သိရ
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ကပြီး ဥရောပမှာ မွေးကင်းစ ကလေးငယ် အားလုံး microchip ထည့်သွင်း ခံရမှာ ဖြစ်ပါတယ်။ မွေးဖွားတဲ့ အချိန် ကနေ မသေ မချင်း သူတို့ လှုပ်ရှားမှုတိုင်း ခြေရာခံစောင့်ကြည့်ခံရမယ့် အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ 
၂၀၁၆ ခုနှစ်က စပြီး ဥရောပ တစ်ခုလုံး မွေးကင်းစ ကလေးတိုင်း အရေပြားအောက် RFID chip ကို မဖြစ် မနေ ထည့်သွင်း ခံရမှာဖြစ်ကြောင်း မရေတွက်နိုင်တဲ့ သတင်းအရင်း အမြစ်များ က ဖော်ပြထားပါတယ်။
အဆိုပါ chip ဟာ တစ်ခါသုံး ဘက်ထရီ အသေးစား တစ်ခု တပ်ဆင် ထားတဲ့ GPS ဆင်ဆာ တစ်ခုကဲ့သို့ အလုပ် လုပ်မှာ ဖြစ်ပြီး လူတိုင်း သက်ဆိုင်ရာပြည်နယ်ဆေးခန်း တစ်ခုခုမှာ ၂ နှစ် တစ်ခါ အစားထိုး လှဲလှယ် ရမှာ ဖြစ်ပါတယ်။ 
၎င်းမှ ထုတ်လွင့်တဲ့ ဒေတာ ကို သိမ်းဆည်းပြီး အထူးပြုလုပ်ထားတဲ့ app ရှိတဲ့ tablet နဲ့ smartphone သို့ ပေး ပို့မှာ ဖြစ်ပြီး မိဘ များနဲ့ ဆရာဝန် များအား သူတို့ ကလေး များရဲ့ ကျန်းမာရေး နဲ့ အခြေအနေ အရပ်ရပ် အားလုံး အချိန် နဲ့ တပြေးညီ စောင့်ကြည့်နိုင်စေမှာ ဖြစ်ပါတယ်။
23 March 2016
ကွန်ပျူ တာ ထိန်းသိမ်းခြင်း နည်းလမ်း
ယေဘုယျ ကွန်ပျူတာထိန်းသိမ်းခြင်း နည်းလမ်းကောင်းများဖော်ပြထားပါတယ်.....
(၁) Folder တစ်ခုတည်း မှာသင့်ရဲ့ Files အားလုံး ကို သိမ်းထား သင့်ပါတယ်။
My document folder ကို files တွေ သိမ်းထားဖို့ အတွက် ရည်ရွယ် ထားရှိပါတဃ်။ သင့်ရဲ files အားလုံးကိုနေ ရာ တစ်ခု ထဲမှာ ထိန်းသိမ်း ထားခြင်း ဟာ အကျိုးကျေးဇူး အများကြီး ရရှိနိုင်ပါတယ်။ 
ပထမ တစ်ခု က သင်ဟာ သင်ရဲ့ files အားလုံး ကို ဘယ်နေရာ မှာ ရှိလည်း ဆိုတာ သိမယ်။ 
ဒုတိယ အချက် က Folders တစ်ခုတည်း မှာ ရှိတဲ့ အတွက် လိုအပ်တဲ့ အချက် ကို အလွယ်တကူ ချက် ချင်းပြန်ခေါ် သုံးနိုင်ပါတယ်။ 
တတိယ အချက်က နေရာ တစ်ခုထဲမှာ ထိန်းသိမ်း ထားခြင်းကြာင့် သင်၏ စက်ဟာ အမြန်ဆုံး run နိုင် ပါ လိမ့်မယ်။
(၂) ကွန်ပျူတာ ထဲမှာ ရှိနေတဲ့ သင်၏ personal files တွေ ကို c-drive ထဲ မှာ သိမ်းမထားသင့်ပါဘူး ။ သင်ဟာကြီးမားတဲ့ files တွေကို c-drive ရဲ့ root အောက်ထဲမှာ သိမ်းထား ခဲ့မယ် ဆိုရင် သင်ဟာ computer ကိုဖွင့်တဲ့ အခါ error message ပြပါလိမ့်မယ်။
(၃) သင်ဟာ ကွန်ပျူတာ ထဲမှာ အသုံးမပြုတော့တဲ့ program တွေကိုပြန်ဖျက် ရမယ်။
အောက်ပါ နည်းအတိုင်း program တွေကို ဖျက်လို့ ရပါတယ်။ 
Start->control panel->Add or Remove Program->Find the program ->Remove button ကို click နှိပ်ပါ။
(၄) ကွန်ပျူတာ ထဲမှာ ကိုယ် မလိုချင်တဲ့ Disk-Drive တွေ အောက်ပါနည်း အတိုင်း ဖယ်ရှားပါ
ဖယ်ရှားနည်း..
Start > Accessories > System Tools > Disk Cleanup
• Select the drive you want to clean. When it has finished, select the items that you no longer want.
23 September 2015
ကမ္ဘာ့ အသက် အငယ်ဆုံး Apple ပရိုဂရမ်မာ
ကိုဝင်းထက်လင်း စည်းလုံးခြင်းအင်အား's photo.
ကမ္ဘာ့ အသက် အငယ်ဆုံး Apple ပရိုဂရမ်မာ ကတော့ စင်္ကာပူနိုင်ငံ က ကလေးငယ် Lim Ding Weng ဖြစ်ပါ တယ်။ သူ့ အသက် ၉ နှစ် အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ ပါတယ်။
သူဟာ အသက် ၇ နှစ်အရွယ် ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချ ခဲ့သူ ဖြစ်ပါ တယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း iTune စတိုး မှာ ဒေါင်းလုခ် ဆွဲမှု အကြိမ်ပေါင်း ၈သိန်း ၈သောင်း ကျော်လွန် ခဲ့ပါတယ်။ 
ယင်း App ကို စတင် ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်း က ထုတ်တဲ့ Apple IIGS ကွန်ပျူတာ နဲ့ ပြုလုပ် ခဲ့ တာ ဖြစ်ပါတယ်။ 
ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန် က CNN ရုပ်သံလိုင်းမှ လည်း အင်တာဗျူး ခဲ့ပြီး စင်္ကာပူမြို့  ရဲ့  ဂုဏ်ရှိန်ကြီး ရတဲ့ အကြောင်းအရင်း မှာ ယင်း ကလေးငယ် Lim Ding Weng ကို ထည့်သွင်း ခဲ့ပါတယ်။ 
18 September 2015
ကွန်ပျူတာ ဆာဗာ ဆိုသည်မှာ
http://home.messiah.edu/~hb1220/server.jpg
ကွန်ပျူတာ ဆာဗာ ဆိုပြီး ပြောနေကြတယ် ဘာရယ် လို့ တိတိ ကျကျ သိလှတဲ့သူ နည်းမယ် ထင်ပါတယ်။ ကွန်ပျူတာ ကတော့ ပြောစရာ သိပ်လိုမယ် မထင်ပါဘူး အားလုံး သိကြတယ်။ ဆာဗာ (Server) ဆိုတာ က ခုခေတ်မှာ ကျောင်း၊ ရုံး၊ တက္ကသိုလ်၊ ဆေးရုံက အစ အားလုံး သုံးလာကြပါပြီ။ 
ဘာကြောင့်လဲ ဆိုတော့ ကွန်ပျူတာ သုံးတယ် ဆိုတာ တစ်လုံးတည်း မဟုတ်တော့ဘူး။ နေရာတိုင်း မှာ ကွန်ပျူတာတွေ အများကြီး သုံးလာကြတာ ဆိုတော့ အဲဒီ ကွန်ပျူတာ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ လိုလာ တယ်။ 
ဒါကြောင့် ဆာဗာ ဆိုတာလည်း ပေါ်ပေါက်လာရတယ်။ ဆာဗာ ကို ဘယ်လို ရည်ရွယ်ချက် နဲ့ သုံးရတယ် ဆိုတာ သိဖို့လိုတယ်။
လူတွေက “ဆာဗာ ကတော့ ကျနေပြီ” “ဆာဗာ ကို ချိတ်လို့ မရဘူး” စသဖြင့် ပြောဆို သံတွေ ဌာနဆိုင် ရာတွေ နဲ့ လုပ်ငန်းတွေ မှာ ကြားလာရတယ်။ 
အလားတူ ပဲ ကွန်ပျူတာ အင်တာနက် ဆိုင်ရာ ပစ္စည်းတွေကို သုံးနေရင်လည်း The server is down ဆိုတာ နဲ့ Cannot establish connection to server ဆိုတဲ့ စာတန်းတွေနဲ့ လည်း မကြာကြာ ရင်ဆိုင် ဖူးကြမယ် ထင်ပါတယ်။ 
07 December 2013
ကွန်ပျူတာနှင့် ပတ်သက်ပြီး လူသိ နည်းသော အကြောင်းအရာများ
ယနေ့ခေတ် တွင် ကွန်ပျူတာ သည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေး အတွက်ပါ လွန်စွာ အသုံးတွင်ကျယ် လာသော စက်ပစ္စည်း တစ်မျိုးဖြစ်သည်။ 
ကွန်ပျူတာနှင့် ပက်သက်သော software များ၊ Hardware များ တွင်တွင် ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပတ်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။
၁။ တစ်လ လျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက် ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့ သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ် ရာ သစ်သားဖြင့် ဖန်တီး ခဲ့သည်။
၃။ ကမ္ဘာ့ ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ် က Farooq Alvi ညီအစ်ကို တို့ စတင် တီထွင် ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း ၏ ရည်ရွယ်ချက် မှာ ၄င်းတို့ ၏ သုတေသန လုပ် ငန်း များ ကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန် လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာ သုံးသော အခါ တစ်မိနစ် လျှင် ၇ ကြိမ် သာ မျက်တောင် ခတ်သည်။
23 November 2013
ဟက်ကာ တစ်ယောက် ဖြစ်ရန် နည်းလမ်း
၁။ Networking
TCP/IP, Basic Information gathering, Proxies, Socks, SSL, VPN,...
VPS, RDP, FTP, POP3, SMTP, Telnet, SSH အစရှိတဲ့ Networking ပညာရပ်များ တတ်မြောက်ထားဖို့ လိုပါတယ်။ 
၂။ Operating System
Linux, Unix, Windows တို့ကို သေချာ ပိုင်နိုင်ပြီး VM ware တို့လို virtual desktop utility များကို ကောင်းကောင်း အသုံးပြု နိုင်ရပါမယ်။ 
21 September 2013
ကွန်ပျုတာ ကိုင်နေသောသူ တစ်ယောက်အတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာအုပ်
ဒီ စာအုပ်လေးက အခြေခံ သမားတွေ အတွက်ရော ကျနော်တို့ အတွက်ပါ အလွန်ကို အကျိုးပြုတဲ့ စာအုပ် ပါ ။ ကွန်ပျုတာ ကိုင်နေသောသူ တစ်ယောက်အတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာအုပ်ဆိုရင်လည်း မမှား ပါဘူး။  ပြဿ      နာ ခဏခဏတက်သူများ ယူဖြစ်အောင် ယူထားစေချင်ပါတယ် ။
လက်တွေ့ ကျတဲ့ နည်းလမ်း ဖြစ်တတ်တဲ့ ဟာကို သေသေ ချာချာကြီးရေးထားတာ ။ အမှန်ဆို ဒီထဲက နည်း ပညာတွေ ကို အသေးစိတ်   ပြန်တင်နေတာဖြစ်ပါတယ် ။ အကယ်၍ ခင်ဗျားတို့ သာ ဒီ စာအုပ်ကို ယူလိုက်ပြီ ဆိုရင် ကျုပ်နဲ့ ဆက်ဆံရေး ပြတ်သွားနိုင်ပါတယ် ။ 
ဘာလည်း ဆိုတော့ လူတိုင်း အဖြစ်များနေတဲ့ ကွန်ပျုတာပြဿ       နာ ကို ဖြေရှင်းနည်း ပုံနှင့်တကွပြထားတော့ မယူ မဖြစ်လို့ တောင် ပြောလိုက်ချင်ပါတယ်ဗျာ။ 
20 September 2013
Internet ကို ဆိုင်မှာ သုံးရင် သတိထားပါ
Internet ကို ဆိုင်မှာ သုံးရင် သတိထားပါ အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူး သတိထားရမယ့် အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့။ 
 အဲဒီ Black Device က ကိုယ်ရိုက် သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့ အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ 
ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုး တာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။ 
 ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက် ကဖေးတွေ မှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက် ကဖေးတွေမှာ သုံးဖို့များ တယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့။ အင်တာနက် မှာ သတိ ထား နိုင်ပါစေ ။
18 September 2013
ဒီ စာတွေကို သေချာဖတ်ပါ...
ဒီစာတွေ ကို သေချာ ဖတ်ပါ ကျုပ်ကစေတနာ နဲ့ အချိန်ကုန် ခံရေးပြတာနော အားနေ လို့ ဒါတွေရေး ထားတာ မဟုတ်ဘူး အဲ့ကြောင့် သေချာဖတ်ပေးပါဗျ
==========================================
Facebook အကောင့်တွေ က အသစ် ဖွင့်ရတာမလွယ်တော့ သလို အဟောင်း တွေဟာ လည်း ခဏခဏ Lock ကျတယ် ။ အကောင့် လုပ်ပေးဖို့ ခိုင်းတာ လူတွေ အများကြီးပဲ လုပ်ပေးချင်ပေမယ့် အခုနောက်ပိုင်း ဖုန်းနံပတ် တစ်ခု ဆို အကောင့်အများကြီး မရဘူး ။ 
အဲ့ဒီတော့ အားနာနာ နဲ့ ငြင်းပယ် ခဲ့ရတယ် တချို့ တွေ က လုပ်ခိုင်းပြီး ရောင်းစား တယ်။ အဲ့တော့ ရင်နာ တယ် ဗျ ကိုယ်အ ကိုယ်ခံ ဆို ကျနော် အလို့ ခံရတယ်ပဲ မှတ်ပါတယ်ဗျာ။ 
တခါ တလေ အားမနာ တ အားခိုင်း တာပဲ ကိုယ်တိုင် လုပ် မကြည့်ရသေးပဲ မကြိုးစား ရသေးပဲနဲ့  မရ ဘူး လုပ်ပေးပါ ။  ကျနော် အချိန် မရလို့ ပါ ဆိုတာတွေ အများကြီးပဲဗျာ..
နည်းပေါင်းစုံ ကြိုးစားပြီးမှ လက်လျှော့စေချင် ပါတယ် တတ်စေချင် ပါတယ် ။ သူများ လုပ်ခိုင်းတာ က ကိုယ် မတတ်တော့ဘူး အဲ့တော့ လေ့လာမှု ကိုမြင့်တင် နားမလည်တာကို မှမေး ဖြေရ သူ က အား၇ှိတယ် အား လို့ ဒါတွေလုပ်နေတာ စာတွေတင်နေတာ ရေးနေတာ မှ မဟုတ်တာ 
ကျနော်လည်း အေးအေးဆေး စာဖတ်လိုက် ချက်တင် လုပ်လိုက် ဟိုကြည့် သည်ကြည့် နေချင်တာ ပါပဲဗျာ ။
17 September 2013
ကျော်မယ်.......... ( EBook - မြန်မာလို )
Access Denied ပြနေတယ်..ဒေါင်းမရဘူး လို့အော်နေသူများ..မြန်မာ IP နဲ့ဝင် မရဘူး.. ကျော် မရဘူး လို့အော်နေကြသူများ..
.ငွေရှာတဲ့ Website တွေ မှာ Account လုပ် မရဘူးလို့ပြောနေကြတဲ့ ကိုကို ပျိုပျို များ..Survery Website (အချို့) ကို ကျော် မရပါဘူး လို့ ညည်းနေကြတဲ့ ညီအစ်ကို များ 
 (Dollar upload ကိုတော့ လက်တွေ့ကျော်ခဲ့ပြီး ) Facebook Account တွေ ကိုမြန်မာနိုင်ငံ က ဖွင့်လျှင် ဖုန်း နံပတ်တောင်းနေသော် လည်း...နိုင်ငံခြား က ဖွင့်ရင် ဖုန်း နံပတ် မတောင်း Lock မကျဘူးလို့ပြောနေသူများ အတွက် ကျော်ခွ Facebook Account ဖွင့်နည်း စတဲ့ သုံးတတ်ရင် သုံးတတ် သလို အကျိုး ရှိမယ့် Proxy ကျော် နည်း အခြေခံ စာအုပ်လေးဖြစ်ပါတယ်.။ 
ကွန်ပျူတာ ရဲ့ အလုပ် လုပ်နိုင်စွမ်း ကို မြှင့်တင်မယ်
ဒီပိုစ့်လေး ကတော့ ကျွန်တော်လည်း RAM နည်းနည်းလေး ရှိတဲ့ သူ အတွက်ပါ
RAM နည်းတော့ ဘာတွေဖြစ်လည်း ဆိုတော့ သိတဲ့ အတိုင်းဘဲ
ဟိုဖွင့် ဒီဖွင့်ဖြစ်လာရင် ကွန်ပျူတာ က အ၀ိုင်းလေး လည်ပြိး ပညာပြချင်လာတယ်  
ဂိမ်းတွေ ကစားရင်လည်း ကောင်းခန်း ကျရင် စက်က နည်းနည်း ဟမ်းချင် လာတယ်
အဆိုးဆုံး ကတော့ Face book သုံးတဲ့ အခါ News Feed တက်လာတဲ့ အခါ
Firefox အကြာကြီး ဟမ်းနေတတ်တယ် ။
တော်တော်များများဖြစ်ဘူးမှာ ပါ အဲဒီလို မဖြစ်အောင် RAM memory size ထပ် တိုးပြီးအ သုံးပြုလိုက်ပါ
အဲဒါကို အသုံးပြုဖို့ အတွက် ကတော့  memory ကတ် တော့ လိုပါတယ် ။
memory ကတ်က format လုပ်ထားပြီး ဘာမှ မထည့်ပါနဲ့ ကွန်ပျူတာမှာ ဆိုဒ်ထားပါ 
  ဆိုဒ် ထားတဲ့ ကတ် ကို rige ကလစ်ထောက်ပြီး Properties ထဲဝင်လိုက်ပါ။
15 September 2013
Facebook က သင့်ကို Block ရခြင်း အကြောင်း များ....
Friend အသားကုန် Add ခြင်း
ကိုယ်တွေ့ပါ။ :D။ စာဖတ်သူ အချို့ လည်း မောင်အောင်ခမ်းလို ကြုံရမှာပါ။ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။
- Message ဇွတ်ပို့ခြင်း
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။
- Like ဇွတ်လုပ်ခြင်း
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။
- Group အများအပြား ဝင်ခြင်း
user တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ် တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တက်ပါတယ် တဲ့။