15 December 2019

ခန္ဓာထဲက အခြေအနေ



များသောအားဖြင့် တရား အားထုတ်တဲ့အခါ ထင်ရှားတဲ့ ရုပ်ကို အရင် ရှုပြီးမှ သိမ်မွေ့တဲ့ နာမ်ကို ရှုလေ့ရှိပါတယ်။ ဒါက အေးအေးဆေးဆေး ထိုင်တဲ့အခါ, ထတဲ့အခါ, လျောင်းတဲ့အခါ,
သွားတဲ့ အခါ, အထွေထွေ အမူအရာတွေ ပြုလုပ်တဲ့ အခါတွေမှာ ရှုမှတ်တာ ဖြစ်ပါတယ်။

အချို့သော အခြေအနေတွေမှာတော့ နာမ်ကို တန်းရှုလို့ ရပါတယ်။ ဒါမျိုးကျတော့ ရုတ်တစ်ရက် လုပ်ချင် ကိုင်ချင်စိတ် ဖြစ်လာတဲ့အခါ၊ စိတ်မှာ မကြံစည်ဘဲ သိလိုက်တဲ့အခါ၊ ဖျတ်ကနဲ ခံစား လိုက်တဲ့အခါ စသည်ဖြင့် အနေအထားတွေမှာ နာမ်က ထင်ရှားပြီး အရင်ပေါ်လေ့ ရှိပါတယ်။

ဒါကြောင့်မို့ တရားအားထုတ်တဲ့ အခါ ဘယ်ဟာကို ရှုမှတ်ရမလဲလို့ မေးလာသူတွေ ကို "အခြေ အနေ"ပေါ် မူတည်ပြီး ရှုမှတ်ရပါတယ် လို့ ဖြေပေးလိုက်ပါတယ်။

အခြေအနေ ဆိုတာ အပြင်က အခြေအနေတွေကို ပြောတာ မဟုတ်ပါဘူး။ မိမိရဲ့ခန္ဓာ
အခြေအနေပါ။

အမြဲတန်း ပြောလေ့ရှိတဲ့ စကားတစ်ခွန်း အတိုင်းပါဘဲ။ မိမိ သတိထားတဲ့ အခိုက်မှာ ထင်ရှားတဲ့
ပေါ်ရာ ပြရာဟာ မိမိ ရှုမှတ်ရမဲ့ အရှုခံပါဘဲ။ ဒါကြောင့်မို့ ဘယ်ဟာဘဲ ပေါ်ပေါ် ရှုတတ်အောင် လေ့ကျင့် ထားရပါမယ်။ လေ့ကျင့်တဲ့ အခါမှာတော့ တစ်ခုချင်းကို ကျေညက်အောင် လေ့ကျင့် ရပါတယ်။

များသောအားဖြင့် ရုပ်ကို အရှုခံအဖြစ် လေ့ကျင့်တာကို ပြောပြ ပါဦးမယ်။
ရုပ်ကို ရှုရင်း သတိကို ရုပ်မှာ ကပ်ထားရာမှ သတိနဲ့ ဝီရိယကို မျှမျှတတ ထားလိုက်တဲ့အခါ ရှုနေတဲ့ စိတ်ကိုပါ တွေ့သွားလို့ ရုပ်နာမ် ကွဲသွားတာကို အရင်က ပြောခဲ့ ပြီးပါပြီ။

တစ်ချို့က ဝီရိယ အားသန်ပါတယ်။ ရှေ့က ပြနေတဲ့ အရှုခံ ရုပ်ကို မလွတ်တန်း ရှုနေချင်တယ်။ ကပ်ငြိမှုတဏှာ များသူတွေပါ။

ဘယ်လို ရှူရှူ သိဖို့ လိုရင်းပါ


ဝင်လေ,ထွက်လေကို ရှူးရှဲ ရှူးရှဲ အသံမည်အောင် ပြင်းပြင်းထန်ထန် ရှူရတဲ့ ရိပ်သာတွေ ရှိသလို အဲဒီလို ရှူတာ မိမိ ကိုယ်ကိုယ် ပင်ပန်း ဆင်းရဲ စေတာမို့ ပုံမှန်ဘဲ ရှူရမယ်လို့  ညွှန်ပြတဲ့ ရိပ်သာ တွေလည်း ရှိပါတယ်။

မူလ စွန်းလွန်း ဆရာတော်ကြီး က အာနာပါန ကို အဆက်မပြတ်ရှုမှတ် နေတာဘဲ ရှိပါတယ်။
ရှူးရှဲ ရှူးရှဲ မည်အောင် ရှူရမယ်လို့ မညွှန်ပြခဲ့ပါဘူး။
နောက်ပိုင်း စွန်းလွန်းဆရာတော်တွေက မထင်ရှားရင် ပြင်းပြင်းရှူဘို့  ညွှန်ကြားတာ တွေ့ရပါ တယ်။
သဲအင်း ဆရာတော်ကြီး ကတော့ ပုံမှန်ရှူနေတာ စိတ်က နှာသီးဝမှာ ဘယ်လိုမှ ထားလို့ မရဘူး
ဖြစ်နေတယ်။ သူ ပြုခဲ့တဲ့ အကုသိုလ် ပုံရိပ်တွေနဲ့ အတွေးတွေ ကြောက်စိတ်တွေဘဲ အာရုံမှာ ထင်နေတာကြောင့် ရှူးရှဲ မည်တဲ့ အထိ ပြင်းပြင်းထန်ထန် ရှူလိုက်တာ ဖြစ်ပါတယ်။
အောင်လံဆရာတော် ကတော့ သဲအင်းလောက် မပြင်းထန်ပေမဲ့ ဝင်လေ,ထွက်လေကို အာရုံမှ
မလွတ်အောင် ပုံမှန်ထက် ပိုပြီး ပြင်းပြင်း ရှူရပါတယ်။
ပြင်းပြင်းရှူတာ ပင်ပန်းတယ်လို့  ယူဆ သူတွေမှာလည်း အချို့သူတွေမှာ ပုံမှန် ရှူနေပေမဲ့ လေ မထင်ရှားတာမျိုး ကြုံရတတ်ပါတယ်။ အဲဒီ အခါမှာ ဟိုလောက်ကြီး ပြင်းပြင်း မဟုတ်ပေမဲ့ နဲနဲ အားစိုက်ပြီး ရှူပေးရပါတယ်။
ဝင်လေ,ထွက်လေ ထင်ရှားလာတော့မှ အားစိုက်တာကို ပြန်လျော့ ရပါတယ်။


28 September 2019

မြန်မာပြည်က လူတွေ မညီညွတ်တာကို ကမ္ဘာကတောင် သိနေပြီ




တစ်လောက ဘုန်းကြီးရန်ကုန်သွားတော့ Mahachulalongkorn University  က ပါမောက္ခ အဆင့် နိုင်ငံခြားသား အမျိုးသမီးတစ်ယောက်က ဘုန်းကြီး ကို ဘာမေးတုန်း ဆိုတော့-...


"အရှင်ဘုရား မြန်မာပြည်မှာ မြန်မာတွေ မညီညွတ် ဘူး"လို့ ကြားတယ်တဲ့ ဘုန်းကြီးက "အေး ဟုတ်တယ်" လို့..

သူက " ဘာကြောင့်လဲ" တဲ့..
ဘုန်းကြီးက "ဘာကြောင့်မှ မဟုတ်ဘူး" လို့ " တို့ လူမျိုးတွေရဲ့ သွေးသားကြောင့်ဖြစ်တာ" လို့ ဖြေလိုက်တယ်..


"မြန်မာ လူမျိုးတွေဟာ"
"one man show နဲ့ hero တွေချည်းပဲ" လို့ အကုန်လုံး.. " တစ်ကယ့် သူရဲကောင်းတွေပဲ" လို့ မြန်မာပြည် က လူတွေက..ဘယ်ကိစ္စပဲ လုပ်လုပ် one man show တစ်ကိုယ်ကောင်း လုပ်ကြတယ်.. ။ စုပေါင်း လက်တွဲလုပ်တဲ့ အကျင့် အင်မတန်မှ အားနည်း တယ်..။


သူ့ထက်ငါ သာဖို့အတွက် ကြိုးစားကြတယ် one man show ပေါ့ ။
တစ်ယောက်ထဲ ကောင်းတာကိုပြချင်တယ်..
အဖွဲ့အသင်း နဲ့ အောင်မြင်တာကို မလိုချင်ကြဘူး..
တစ်ယောက်ထဲပဲ လုပ်ချင်ကြတယ်..။

"တို့ဆီမှာက hero တွေများတယ်" လို့
အဲဒီလို ဖြေလိုက်တော့ သူက ရယ်နေတယ်..

ဟုတ်တယ် ဒါဟာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကလည်း ညီညွတ်မှုကို အလေးထားခဲ့ တယ်..။


ဟိုချီမင်း (Ho Chi Minh)





ဗီယက်နမ် လွတ်မြောက်ရေးခေါင်းဆောင် ဟိုချီမင်း လက်ထက်မှာ ပြင်သစ် နဲ့ စစ်ပွဲ ။အမေရိကန် နဲ့ စစ်ပွဲများ အံ့မခန်းလောက်အောင် တိုက်ခိုက် အန်ုင်ယူခဲ့တာ မိတ်ဆွေတို့ သိပြီးဖြစ်မှာပါ။

နိုင်ငံရေးမှာလည်း အလွန် ပါးနပ်လိမ္မာသူဖြစ် ပါတယ်။အမေရိကန် နဲ့ အကြိတ်အနယ် ရင်ဆိုင် တိုက်ခိုက်နေရချိန် ရုရှား နဲ့ တရုပ် ကလည်း မတည့် ။ ဒါပေမဲ့ နှစ်ဘက်လုံး မျှ အောင်ပေါင်းပြီး နှစ်ဘက်လုံးဆီက ကူအညီ နဲ့ အမေရိကန် ကျူးကျော်စစ်ကို တွန်းလှန်သွားခဲ့တာ မို့ နိင်ငံရေးမှာ အလွန်ပါးနပ်တယ်လ်ို့ ချီးကျူးတာပါ။


ခေါင်းဆောင်မှု မှာတော့ သူ့ရဲဘော်တွေဖြစ်တဲ့ လေဇွမ် တ်ို့ ဖန်ဗန်ဒေါင်း တို့ ဆိုတာ ဒေါင်ဒေါင် မည် သဘောတရားရေး သမားတွေဖြစ်ပါတယ်။ သူတို့ တစ်ဦးချင်းဆီကို က ပါတီနဲ့ နိုင်ငံတော် ကို ဦးဆောင်သွားနိင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ဟို သေတဲ့အထိ သစ္စာစောင့်သိ ရိုသေအောင် ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။


ကိုးကွယ်မှု နဲ့ ပတ်သက်ရင်လည်း တစ်ကယ် လေးစားလောက်ပါတယ်။ ကိုယ်တိုင် က နယ်
ချဲ့ တော်လှန်ချိန်မို့ တွေဝေမှု မရှိအောင် ကွန်မြူနစ် ဝါဒ ကို လက်ခံ ကျင့်သုံးပေမဲ့ ပြည်သူ အများ စု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို မနှိပ်ကွပ်တဲ့အပြင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အကာ အကွယ် ပေးခဲ့လို့ ဗုဒ္ဓဘာသာပြည်သူ တစ်ရပ်လုံးရဲ့အချစ်တော် ခေါင်းဆောင် ဖခင်ကြီးဖြစ်ခဲ့ပါတယ်။




ဦးသန့် ရေးခဲ့သောစာ { Oh! We Burmans }




လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ဦးသန့် ရေးခဲ့သောစာ ဖြစ်ပါသည်။
Oh! We Burmans by Maung Thant

ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်း အားနည်းချက်တစ်ခု ရှိပါသည်။
ဤအားနည်းချက်သည်ပင်ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းရင်းခံတစ်ခု ဖြစ်နိုင်သည်။
ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို၊ အမေရိကန်တွေ က ‘လူကြီးသူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။

ကျွန်ုပ်တို့နိုင်ငံတွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှပေါ ဖြစ်လေရာ၊ သူတို့ပြော သော ရောဂါ အမည်နှင့် အဟပ်ညီမည်ထင်ပါသည်။ သို့သော် အဆိုပါ ရာဂါ ဆိုသည်ထက်၊ အသိပညာအရာ တွင် ကလေကဝနိုင်မှုနှင့် ပို၍ ဆိုင်ပါလိမ့်မည်။


မည်သို့ပင်ရှိစေ ဤလို ရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး အရေအတွက်သည်ကား၊ ပို၍ပို၍ များလာ ဟန် ရှိပါသည်။ ထားတော့…၊

ဤချို့ယွင်း အားနည်းချက် (ဆိုကြပါစို့ ရောဂါ) ဆိုသည် မှာ ဘာကို ဆိုလိုပါသနည်း။ ဤရောဂါ က ကျွန်ုပ်တို့ မြန်မာတွေ ကို ဘယ်သောင်ဘယ်ကမ်း ဆိုက်စေမည် နည်း ။ ကလေး
တစ်ယောက် က သူ့ကစားဖော် သူငယ်ချင်းများ ကို ပြောလေ့ပြောထ ရှိသည်များကို ကျွန်ုပ်တို့ တစ်တွေ မကြာခဏဆိုသလို ကြားရလေ့ရှိသည်။



19 September 2019

မဟာ အောက်တိုဘာ တော်လှန်ရေး ဂျင်း




အောက်တိုဘာလ ၁ ရက်နေ့မှာ တစ်ပြည်လုံး ယူနီကုဒ်ဖောင့် ပြောင်းသုံးရမယ် ဆိုတဲ့ " မဟာအောက်တိုဘာ တော်လှန်ရေးဂျင်း " မိသွားတဲ့လူတွေ အတော်များသား ... ဟာ ပြောင်းရမယ် ဆိုတော့ ပြောင်းမှပဲပေါ့ ။

တစ်ကယ်တော့ မဟုတ်ပါဘူး ... သာမန်လူ အားလုံး ကိုယ်ကြိုက်တဲ့ ဖောင့် ကို လွတ်လပ်စွာ သုံးလို့ ရပါတယ် ... မီဒီယာတွေရယ် တယ်လီဖုန်းအော်ပရေတာတွေရယ် ကိုပဲ ယူနီကုဒ်ဖောင့် သုံးဖို့ ညွှန်ကြားတာပါ ။


အဲဒါကို တစ်ပြည်လုံးမှာ ရှိသမျှလူ အကုန် မသုံးမနေရ အမိန့်ထုတ် သလိုလို ဘာလိုလိုနဲ့ ဂျင်း ထည့်တာ ကတော့ ကောက်ကျစ်စွာနဲ့ လူတွေကို မလိမ့်တစ်ပတ်လုပ် လှည့်စားပြီး သူတို့ အရူး ထနေတဲ့ ယူနီကုဒ် ကို သုံးအောင် အောက်လမ်းနည်း သုံးတာပဲ ... အဲဒီ ဂျင်း အတော်များများ မိသွားကြတယ် ။


ပိုရယ်ရတာ ရှိသေးတယ် ... ကိုယ့်ဟာ ကိုယ် ကြိုက်လို့ သုံးချင်လည်း သုံးပေါ့ ... ပြဿ       နာ မဟုတ်ပါဘူး ... အဲဒါကိုပဲ တိုင်းပြည် အတွက် အင်မတန် အရေးကြီးတဲ့ လှုပ်ရှားမှုကြီးတစ်ရပ်မှာ တာဝန်ကျေပွန်စွာ ပါဝင်ဆင်နွှဲလိုက် သလိုလို ဘာလိုလို လုပ်နေကြတာကတော့ တစ်ကယ့် ဟာသ မှ ဟာသ စစ်စစ် ။

ရှိသေးတယ် ... ပိုကောင်းဖို့အတွက် ဒုက္ခခံရမယ် ဆိုပဲ ... ပေးဆပ်ခြင်းပေါ့ ... (ပေးဆပ်သူတို့ နှလုံးသား တို့ ... အမွန်မြတ်ဆုံးသော စွန်လွှတ်ခြင်း အဲလေ စွန့်လွှတ်ခြင်း၏ ဘလာ ဘလာ ဘလာတို့ ... ရယူမှု အနည်းဆုံးနဲ့ ပေးဆပ်ခြင်း အများဆုံးတို့ ဘာတို့ ဆိုတဲ့ ကိုယ်ရည်သွေး စကားလုံးတွေ သွားသတိရတယ်) ။

ဒီဖောင့်ကနေ ဟိုဖောင့်ပြောင်းသုံးတာ ကိုယ့်အတွက်က ဒုက္ခများတာက လွဲလို့ ဘာမှ ပိုကောင်း တာမှ မဟုတ်တာ ... အလကားနေရင်း ဘာကိစ္စ ဒုက္ခခံရမှာလဲ... ?? လက်ကွက်ကျင့်ရ ... ဟိုဟာထည့်ရ ဒီဟာဖြည့်ရ အဆင်မပြေလို့ ဟိုမေးရ ဒီမေးရ နဲ့ အတော် စောက်လုပ် ရှုပ်တဲ့ ကိစ္စ ၊


17 September 2019

ဇော်ဂျီစနစ် သမိုင်း





#zawgyi စပြီး ထုတ်တာကတော့ ၂၀၀၅ ခုနှစ်ကပါ။ အဓိက က တော့ နည်းပညာလောကရဲ့ အပြောင်းအလဲ မှာ WEB 2.0 လို့ခေါ်တဲ့ အများက အများကို ပြန်ပြီး မျှဝေတဲ့ ခေတ် ကို အရောက် မှာ Blog ဆိုတာတွေ ပေါ်လာတယ် ခေတ်စားလာကြတယ်။


လူတိုင်း အခမဲ့ နံမည်တစ်ခုယူပြီး မျှဝေချင်တာတွေ ကို ရေးလို့ ရတယ် ဖတ်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးလို့ ရတယ် သတင်းတွေ လွယ်ကူစွာပုံနဲ့တစ်ကွ ပေးလို့ရ သလို ပညာရပ်ဆိုင်ရာတွေမျှဝေလို့ ရတဲ့ ခေတ်ကို ရောက်လာပါတယ်။

မြန်မာနိုင်ငံမှာလည်း အင်းတာနက်တွေ ရလာပြီးတဲ့နောက်မှာ ဖိုရမ်တွေမှာလူတွေစုမိ လာကြ တာတွေ ရှိကြတယ်။ Google ရဲ့ Gmail တွေ ခေတ်စားလာပြီးတဲ့နောက် Gtalk ဆိုတာတွေ ခေတ်စားလာတယ်။

နိုင်ငံတစ်ကာနဲ့ ဖုန်းဆက်ခ သိပ်ကြီးတဲ့ အချိန်မှာ ဖုန်းတွေပိုင်ဖို့ ခက်ခဲတဲ့ ဈေးနှုံးကြီးတဲ့ အချိန်မှာ Gtalk နဲ့ chat လုပ်ကြတာတွေဟာ ပြည်ပရောက်မြန်မာတွေနဲ့ ပြည်တွင်း က မိသားစုတွေ သိပ် မမြန်တဲ့ VoIP တွေ သုံးမရတဲ့ ခေတ်မှာ အလွန် အသုံးဝင်ခဲ့တဲ့ စနစ်တစ်ခုဖြစ်ခဲ့တယ်။ 

ဒီအတွက် သုံးနိုင်ဖို့ အင်္ဂလိပ်စာနဲ့ မြန်မာစာ တွဲသုံးလို့ရတဲ့ စနစ်တစ်ခု လိုအပ်လာပါတယ်။
တစ်ကယ်တော့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကတည်းက မိန်းဖရိမ် မှာ မြန်မာ စာ ရအောင်လုပ်ခဲ့တာတွေ DOS လို့ခေါ်တဲ့ စနစ်မှာ jj တို့ ဘာတို့လို မြန်မာစာကို fix width နဲ့ ပေါ်လာတာတွေ ရှိခဲ့ပါတယ်။ ၁၉၈၉ ဒီလောကထဲ စရောက်တော့ Windows က မ ပေါ် လာသေးဘူး။


မြန်မာစာကို 1992 လောက်မှာ အာတာရီ စက်ပေါ်မှာ စတွေ့ကြုံဘူးခဲ့ပါတယ်။ တစ်ကယ်တော့ ဒီအရင် ကတည်းက မန္တလေး လူထု တိုက်မှာ ၁၉၈၀ လွန်ခေတ်တွေ ကတည်းက AVA laser နဲ့ ဂျွန်အိုကဲ တို့ လုပ်ခဲ့တဲ့ စနစ်ကို တွေ့ဘူးခဲ့တာပါ။

နောက်ပိုင်းမှာတော့ Geocomp က နေ အကယ်ဒမီ ဆိုပြီး Windows မှာ သုံးလို့ရတဲ့ မြန်မာစာ ရိုက် စနစ်ကို မှတ်မှတ်ရရ နှစ်ဆန်း ၁ ရက်နေ့မှာ သတင်းစာကနေ ကြော်ငြာပြီး ထွက်လာခဲ့ တယ် ။ နောက်ပိုင်းမှာ CE တို့ Win Innwa တို့ ဆက်ပေါ်လာတယ်။ DTP လို့ခေါ်တဲ့ စာစီ စာရိုက် ပုံနှိပ်လုပ်ငန်းတွေမှာ စသုံးလာကြတယ်။


ဒီအတွင်းမှာ ယိုးဒယားမှာ သွားလုပ်လာပြီး i Win လို့ခေါ်တဲ့ စနစ်တစ်ခုလည်း ပေါ်လာခဲ့ပြီး ထွက်ခါစက မသုံးပေမဲ့ eGovernment ခေတ်မှာ သုံးလာကြတာတွေ တွေ့ခဲ့ရတယ်။ ၂၀၀၁ နောက်ပိုင်း အင်တာနက်က ဖိုရမ်တွေမှာ အဲဒီ ASCII လို့ခေါ်တဲ့ 8Bit စာလုံးတွေကို ဘဲ သုံး လာခဲ့ကြတယ်။


15 September 2019

အရှေ့တိုင်း ရဲ့တော်ဝင်နှင်းဆီ (သို့) လင်းပင် ထိပ်တင်မလတ်


ပထမကမ္ဘာစစ် မတိုင်မီ ဂျာမနီ အိမ်ရှေ့မင်းသား အရှေ့တိုင်းဘက်ဆီ တိုင်းခန်း လှည့်လည်ရင်း အိန္ဒိယကိုရောက်တယ်။ အိန္ဒိယ လူ့ဂုဏ်တန်တို့ တည်ထောင်ထားရာ ကလပ် ကိုလည်း အလည် အပတ်သွားခဲ့တယ်။
အဲ့ဒီမှာ အိန္ဒိယနဲ့ မတူတဲ့ အရှေ့တိုင်းသူ တစ်ယောက်ကို မြင်လိုက်ချိန်မှာ “အို… လှလွန်းပါဘိ၊ အရှေ့တိုင်းရဲ့ တော်ဝင်နှင်းဆီပေပဲ” လို့ နှုတ်က တစ်ဖွဖွ ရွတ်ဆိုရလောက်အောင်၊ ဂျာမနီရဲ့ အိမ်ရှေ့မင်းသား ရာဇအိန္ဒြပျက်လောက်အောင် ချောမောပြေပြစ်သူတစ်ဦး ရှိခဲ့ဖူးသတဲ့။
အဲ့ဒါကတော့ မြန်မာ့ရာဇသွေး လင်းပင် ထိပ်တင်မလတ် ပါပဲ။ သူက ကနောင်မင်းသားကြီးရဲ့ သားတော်တစ်ပါးဖြစ်တဲ့ လင်းပင်မင်းသား ရဲ့ သမီးတော်တစ်ပါးပေါ့။ အိမ်ရှေ့စံ ကနောင် မင်းကြီးရဲ့ မြေးအရင်းကြီးပေပဲ။
တစ်ကယ်တော့ လင်းပင် မင်းသားဟာ ခမည်းတော် ကနောင် ကွယ်လွန်ချိန်မှာ (၇) နှစ် သားပဲ ရှိသေးတာ။ အရွယ်ရောက်လာတော့ မြင်းကွန်း၊ မြင်းခုံတိုင် ညီနောင်ကို လက်စားချေဖို့ ရှမ်းပြည် ဘက် ထွက်ခွာပြီး မကြာမီ အချိန်မှာပဲ သီပေါဘုရင်နဲ့ မိဘုရား ပါတော်မူကြောင်း သိတာနဲ့ အင်္ဂလိပ် ကို ဆက်လက် ပုန်ကန်နေတယ်။
ဒါပေမယ့် ၁၈၈၇ ခုနှစ်ထဲမှာတော့ အင်္ဂလိပ်နဲ့ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုလိုက်ရတယ်။ စာချုပ် ချုပ်ပြီးတဲ့နောက် အင်္ဂလိပ်တို့က လင်းပင် မင်းသားကို အိန္ဒိယ ပို့လိုက်တာပဲ။
အိန္ဒိယရောက်တဲ့ အချိန်ထိ လင်းပင် မင်းသားဟာ တစ်ကိုယ်တည်း နေထိုင်နေရဆဲပါ။ နောက်မှ အင်္ဂလိပ်တို့က လင်းပင်နှစ်သက်တဲ့ ရေနံ့သာ ခင်ခင်ကြီးဆိုတဲ့ မင်းသမီးကို အိန္ဒိယရှိ လင်းပင် မင်းသားထံ ပို့ခဲ့တယ်။
အိန္ဒိယမှာပဲ လင်းပင် မင်းသားနဲ့ ရေနံ့သာ ခင်ခင်ကြီး လက်ထပ်ပွဲ ကျင်းပရတာပါ။ အဲ့ဒီ လက်ထပ် ပွဲကို ဗမာပြည်က စိန်ဗေဒါကြီး ကိုယ်တိုင် မြန်မာ့ဆိုင်းဝိုင်း နဲ့ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။




သူ့ ဖက် တော့ သိ တတ် ပါ့




တ ရုတ် က အ မေ ရိ ကန် နိုင် ငံ ကုန် ပ စ္စည်း အ မယ် အ များ အ ပြား ကို အ ခွန် တိုး ကောက် မယ့် စာ ရင်း ရ နေ ပယ် ဖျက် ပေး ခဲ့ တယ် ။ အောက် တို ဘာ လ မှာ ပြန် ပြီး စ မယ့် ကုန် သွယ် ရေး စစ် ပွဲ အ တွက် ဆွေး နွေး ပွဲ မှာ အ မေ ရိ ကန် ဖက် က အ မြင် ကြည် ဖို့ အ တွက် ရည် ရွယ် သ လို ပါ ပဲ ။


တစ် ချိန် တည်း မှာ ဟောင် ကောင် ပြ ဿ         နာ ကို က မ္ဘာ ပတ် သယ် ဆောင် သွား တဲ့ ဂျို ရှာ ဝေါင်း က ဂျာ မ ဏီ က ဝန် ကြီး နဲ့ လက် ဆွဲ နှုတ် ဆက် နေ တယ် ။ သူ့ အ လှည့် ကျ တော့ တ ရုတ် က ကန့် ကွက် ပါ တယ် ပေါ့ ။

တ ရုတ် ဖက် က ရေ ရှည် အ တွက် ကို လည်း ပြင် ဆင် ထား ရင်း ကုန် သွယ် ရေး စစ် ကို မြန် မြန် လည်း ပြီး ချင် နေ တယ် ။ မ ပြီး လို့ လည်း မ ရ ပါ ဘူး ။ ကြာ လေ တ ရုတ် ဖက် က ဆုံး ရှုံး မှု များ လေ ပဲ ဖြစ် လာ မှာ ပါ ။

အ မေ ရိ ကန် သ မ္မ တ က တ ရုတ် နိုင် ငံ ထဲ မှာ ရှိ တဲ့ အ မေ ရိ ကန် ကု မ္ပ ဏီ တွေ ကို အ မိန့် အာ ဏာ သုံး ပြီး မ ဖြစ် မ နေ ထွက် သွား ရ မယ် လို့ ရာ ဇ သံ ပေး လို့ ရ တယ် ။ သူ အ ခု ထိ အဲ့ ဒီ ဥ ပ ဒေ ကို အ ကောင် အ ထည် မ ဖော် သေး ပေ မယ့် နှုတ် နဲ့ တော့ အ လွတ် သ ဘော မြန် မြန် ပြန် ထွက် ကြ လို့ ပြော နေ ပြီ ။

အ မေ ရိ ကန် ကု မ္ပ ဏီ တွေ က လည်း တ ရုတ် နိုင် ငံ က နေ စော နိုင် သ မျှ စော အောင် ထွက် မှ သက် သာ တော့ မယ် ။ ကြာ လေ ရှုံး လေ ဖြစ် တော့ မှာ ပါ ။ ဘာ ဖြစ် လို့ လဲ ဆို တော့ တ ရုတ် က သူ့ ယွမ် ငွေ တွေ ကို တန် ဖိုး တွေ ချ နေ လို့ ပါ ။

ဥ ပ မာ ကုန် သွယ် ရေး စစ် မ ဖြစ် ခင် က အ မေ ရိ ကန် တစ် ဒေါ် လာ ကို တ ရုတ် ယွမ် ငွေ ၃ ယွမ် ကျော် ကျော် ရှိ ခဲ့ ရာ က နေ အ ခု အ မေ ရိ ကန် တစ် ဒေါ် လာ ကို ၇ ယွမ် ကျော် သွား ပြီ ဆို ရင် ၂ ဆ ကျော် ရှုံး သွား ပြီ ။ သ ဘော က အ မေ ရိ ကန် ဒေါ် လာ တစ် သန်း တန် ဖိုး ရှိ တဲ့ အ မေ ရိ ကန် စက် ရုံ တစ် ခု က အ ခု တ ရုတ် နိုင် ငံ မှာ ရောင်း ချ ပြီး ဒေါ် လာ ပြန် ဝယ် မယ် ဆို ၅ သိန်း ပဲ ကျန် တော့ မယ် ။


တ ရုတ် က နောက် ထပ် ယွမ် ငွေ တန် ဖိုး ကို ထပ် ချ လို့ တစ် ဒေါ် လာ ကို ၁၀ ယွမ် ၊ ၁၂ ယွမ် သာ ဖြစ် သွား ရင် အ မေ ရိ ကန် ကု မ္ပ ဏီ တွေ ဒေ ဝါ လီ ခံ သွား ရ မယ် ။


07 September 2019

အစွန်းတစ်ဖက် အယူဝါဒ နဲ့ မြန်မာနိုင်ငံ စီးပွားရေးအကြပ်အတည်း


နိုင်ငံတော်အတိုင်ပင်ခံ အနေနဲ့ ဘယ်လိုပဲ " မစိုးရိမ်ကြပါနဲ့ " လို့ဖြေသိမ့် ပေမဲ့လည်း၊ ဗဟိုဘဏ် ဒုဥက္ကဌရဲ့ လွှတ်တော်တွင်း ဖြေကြားချက်နဲ့ Lenders of last resort ဆိုတဲ့ (နောက်ဆုံးခံစစ်) အသုံးအနှုံးရယ်၊ ပြင်ပမှာ နှစ်ဦးထဲက ဘဏ်သမားတွေ အချင်းချင်းက ထွက်လာတဲ့ သတင်းရယ်က စိုးရိမ်မှုကို ထိထိရောက်ရောက်လျော့ချနှိုင်ဟန် မတွေ့ ရဘူး ။

မူဝါဒ မှားယွင်းမှု၊ အဆုံးအဖြတ်များ လွဲချော်မှုတွေက အရင်းခံ အစပြုရာ
ဖြစ်တယ်လို့ပဲ ပြောရလိမ့်မယ် ။


အပ်ငွေများနေတဲ့ ဘဏ်တစ်ချို့ရှိသလို၊ တိုးရင်း မပေးနိုင်တဲ့ NPL ကြီးကြီး မားမားနဲ့ မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့ ဘဏ်တွေလဲရှိနေတယ် ။

NPL ရာနှုံးမြင့်ဘဏ်တွေက ပိုအန္တရာယ် ရှိနေပါတယ် ။ အပ်ငွေများတဲ့ ဘဏ်တွေမှာ ပြသနာမရှိဘူး ဘဏ်အချင်းချင်း ကစားထုတ်သွားလို့ ရ တယ်။

ဗဟိုဘဏ်မှာ ထရီလီယံ ချီတဲ့ ငွေသားရှိတယ် ဆိုပေမဲ့ အဲ့ဒီငွေတွေ ကို ဘဏ်တွေ အကြပ်အတည်း မကျော်လွှားနိုင်တော့မှ အသုံးပြုရတယ် ဆို တာလည်း ဒီခေတ်လူတွေ သိနိုင်ကြတဲ့အရာပါ။



06 September 2019

ဂဠုန် ဦးစော နှင့် ပတ်သက်၍ လူသိပ်မသိသေးသော အကြောင်းအရာများ






ဦးစောကို လူတွေက ကြို့ပင်ကောက်သား လို့ထင်နေကြတယ်။ အမှန်က အုတ်ဖို သားဗျ။ အုတ်ဖို ကနေ ကြို့ပင်ကောက် ကို ကျောင်းသွားတက်တာဘဲ ရှိတာပါ။
အဲဒီကနေ (၅) တန်းအောင်ခဲ့တယ်။ အဲဒီနောက်(၁၉၂၇) မှာ အထက်တန်းရှေ့နေဖြစ်သွားပြီး ဂျီစီဘီအေထဲထဲက ဦးဘဖေ ဆီမှာ တပည့်အဖြစ် ဝံသာနု လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တယ်။
ဒီနေရာမှာ ဘာကို သွားပြီး သတိထားမိသလဲ ဆိုရင် ဦးစော နိုင်ငံရေးလောကထဲကိုရောက်ပြီး ဝံသာနု လုပ်ငန်း တွေကို စပြီးလုပ်နေတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ (၁၄)နှစ် သားလေး ဘဲရှိသေးတယ် ဆိုတာ တွေ့ရပါ တယ်။ အဲဒီလိုဘဲ ဦးစော ဟာ ဂျီစီဘီအေ ထဲကို (၁၉၂၇)မှာ စဝင်ခဲ့သလို ဆရာစံ ဟာလည်း (၁၉၂၃) မှာ ဂျီစီဘီအေ ထဲမှာ ရှိနေနှင့်ခဲ့ပါတယ်။
နောက်ပိုင်း ဂျီစီဘီအေခေါင်းဆောင်တွေရဲ့ ပျော့ညံ့မှုတွေကို မကြိုက်တော့လို့ ဆရာစံ ဟာ လက်နက်ကိုင် လမ်းစဉ် ကို လိုက်သွားပြီး တောင်သူလယ်သမား အရေးတော်ပုံ ဆိုတာကြီး ဟာ (၁၉၃၀) ဒီဇင်ဘာလ(၂၂)မှာ ဖြစ်ပေါ်လာခဲ့တာပါ။
လူတော်တော်များများဟာ ဦးစော ကို ဂဠုန်ဦးစော လို့ဘာကြောင့်ခေါ်လည်း ဆိုတာ မသိကြ ပါဘူး။ အဲဒီအချိန်က အင်္ဂလိပ်ကို ဆရာစံ ရဲ့ဂဠုန် တပ်သားတွေဟာ တိုက်ကြရင်း အဖမ်းခံရ ပါတယ်။



ငို နေ တာ လား ရီ နေ တာ လား




ပြည် သူ က အပ် နှံ ထား သော ငွေ ကြေး များ မ ဆုံး ရှုံး စေ ရန် အ တွက် ဘဏ် များ တွင် အ ဓိ က တာ ဝန် ရှိ နေ ပြီး စီး ပွား ရေး လုပ် ငန်း ရှင် များ ကို ထပ် မံ ဖြေ လျှော့ ပေး ရန် အ စီ အ စဉ် မ ရှိ ကြောင်း ဗ ဟို ဘဏ် ဒု တိ ယ ဥ က္က ဌ ဦး စိုး သိန်း က သြ ဂုတ် ၂၇ ရက် နေ့ က ပြု လုပ် တဲ့ လွှတ် တော် အ စည်း အ ဝေး မှာ ပြော ခဲ့ တယ် ။

ဘဏ် မှာ အ ကြွေး ဆပ် ဖို့ နဲ့ အ တိုး ပေး ဖို့ က လုပ် ငန်း ရှင် တွေ ရဲ့ တာ ဝန် ဖြစ် တာ ကြောင့် ဘဏ် ချေး ငွေ အ တွက် မျက် ရည် ကျ နေ တာ ဟာ ဘဏ် လုပ် ငန်း တွေ ကြောင့် မ ဟုတ် ဘူး လို့ လည်း NLD စီး ပွား ရေး ကော် မ တီ တာ ဝန် ရှိ သူ က ပြော သွား တယ် ။
ပြည် သူ က အပ် နှံ ထား သော ငွေ ကြေး များ မ ဆုံး ရှုံး ရန် ဘဏ် များ မှာ သာ အ ဓိ က တာ ဝန် ရှိ နေ ပြီး ထပ် မံ ဖြေ လျှော့ ပေး ဖို့ အ စီ အ စဉ် မ ရှိ ဘူး ဆို တာ မှာ ဘယ် ကိ စ္စ တွေ ကို ထင် သာ အောင် ဖြေ လျှော့ ပေး ထား လဲ ဆို တဲ့ မေး ခွန်း က စ ပြော ရ ပါ မယ် ။
ပြည် သူ့ ပိုက် ဆံ တွေ မ ဆုံး ရှုံး ဖို့ ဘဏ် မှာ ပဲ တာ ဝန် ရှိ တယ် ဆို တဲ့ စ ကား က အ မှန် ပဲ ဖြစ် တယ် ။
ဒါ ပေ မဲ့ ဘဏ် တွေ အ ပေါ် ကို တာ ဝန် ရှိ သူ တွေ အာ ဏာ ရှိ သူ တွေ လွှမ်း မိုး မှု တွေ ရှိ သ လား ဆို တာ အ ဖြေ တစ် ခု ဖြစ် လိမ့် မယ် ။ ဘာ ဖြစ် လို့ လဲ ဆို တော့ YBS ကိ စ္စ နဲ့ ပတ် သက် ပြီး ကျော် နေ ဝင်း ပြော ခဲ့ တဲ့ အ ထဲ မှာ အ သံ ဖိုင် ဖွင့် ပြ မယ် ဆို တဲ့ ကိ စ္စ တစ် ခု ပါ တယ် ။ ပွင့် ပွင့် လင်း လင်း ရေး ပြ ပြီး ဆွေး နွေး ချင် ပေ မယ့် တ ရား စွဲ ခံ ရ မှာ စိုး လို့ မ ပြော တော့ ပါ ဘူး ။
ဘဏ် ချေး ငွေ အ တွက် မျက် ရည် ကျ တာ ဘဏ် လုပ် ငန်း ကြောင့် မ ဟုတ် ဘူး လို့ ဆို တဲ့ စ ကား လည်း အ မှန် ပဲ ။ ဒါ ပေ မဲ့ လုပ် နေ တဲ့ အ လုပ် တွေ ကို ရပ် ပစ် တာ သင် တို့ ပ ယော ဂ မ ပါ ဘူး လို့ ပြော ချင် လို့ လား လို့ မေး ရင် ဘယ် လို ပြန် ဖြေ မ လဲ ။


27 August 2019

စဉ်း ကို မ စဉ်း စား တာ




အ လုပ် တစ် ခု ခု ကို လုပ် ရင် ဘာ တွေ ဖြစ် မ လဲ လို့ အ ရင် စဉ်း စား ရ တယ် ။
စီး ပွား ရေး သ မား တွေ ရဲ့ အ သက် က အဲ့ ဒီ မ လုပ် ခင် မှာ စဉ်း စား တာ ပဲ ။ မ စဉ်း စား ပဲ ဘာ မှ မ လုပ် ကြ ဘူး ။ မ စဉ်း စား တဲ့ သူ တွေ နဲ့ လည်း အ လုပ် မ လုပ် ဘူး ။

တစ် နေ့ က ရန် ကုန် မြို့ ပ လက် ဖောင်း ပေါ် မှာ ၅ ပေ ဆိုင် ခန်း တွေ လုပ် ပြီး ရောင်း ချ ခွင့် ပေး မယ့် ကိ စ္စ ကို တစ် ယောက် က လာ မေး တယ် ဘယ် လို သ ဘော လဲ ဆို ပြီး ။
လုပ် မယ့် သူ တွေ က လုပ် သင့် လား မ လုပ် သင့် လား ဆို တာ ကို စဉ်း ကို မ စဉ်း စား ကြ တာ လို့ ပြန် ဖြေ လိုက် တယ် ။ ထပ် ပြီး စဉ်း စား ဖို့ ကို တွေး ကို မ တွေး ကြ တာ လို့ ပြန် ပြော ပြ လိုက် တယ် ။

တစ် ချို့ လူ တွေ စဉ်း စား ဖို့ နေ နေ သာ သာ စဉ်း စား ရ ကောင်း မှန်း ကို မ သိ ကြ ဘူး ဆို တာ Online Facebook ပေါ် လာ မှ ရှင်း ရှင်း မြင် လာ တယ် ။ အ ပြစ် မ ပြော လို ပါ ဘူး မ စဉ်း စား တတ် တဲ့ ပ ညာ ရေး ကို ဖြတ် သန်း လာ ကြ တာ ကိုး ။ ဒါ ပေ မဲ့ အဲ့ ဒီ လို မ စဉ်း စား တတ် တဲ့ သူ တွေ နိုင် ငံ ကို ဦး ဆောင် တဲ့ နေ ရာ မှာ နေ ရာ ယူ ထား ကြ တော့ ပျက် စီး စေ တာ ပေါ့ ။

သာ သ နာ ကို လက် ဆင့် ကမ်း နေ တဲ့ ပ ရိ ယ တ္ထိ သာ သ နာ ကို ထိမ်း သိမ်း နေ တဲ့ စာ သင် သား တွေ ကို စာ သင် ကြား ပို့ ချ နေ တဲ့ ဘုန်း ကြီး ကျောင်း တွေ မှာ မီ တာ ခ တွေ တက် တော့ အ ခက် အ ခဲ တွေ ဖြစ် ကုန် တယ် ။

အဲ့ ဒီ လို အ ခက် အ ခဲ ဖြစ် တယ် လို့ ထုတ် ဖော် ပြော တော့ ဘုန်း ကြီး က ပိုက် ဆံ ကိုင် ရ လို့ လား တို့ ၊ ဘဏ် စာ အုပ် ထဲ မှာ ပိုက် ဆံ မ ရှိ ကြောင်း ပြ ရင် ဘာ လုပ် ပေး မယ် ညာ လုပ် ပေး မယ် ဆို ပြီး ရ ဟန်း သံ ဃာ တွေ ကို ပစ် မှား ကြ တယ် ။ ခက် ခဲ တာ ကို ခက် ခဲ တယ် ပြော တာ တိုက် ခိုက် စ ရာ လား ။

ငါး ပါး သီ လ တောင် မ လုံ တဲ့ လူ တွေ က ဗု ဒ္ဓ ဘာ သာ ကို မ ကွယ် ပျောက် အောင် လက် ဆင့် ကမ်း သင် ယူ နေ တဲ့ ရ ဟန်း တွေ ကို သံ သ ရာ မ ကြောက် ပဲ ပစ် မှား ကြ တယ် ။ ပြော သင့် မ ပြော သင့် စဉ်း ကို မ စဉ်း စား တတ် ကြ တာ ။ သူ တို့ နား မ လည် တာ က သ မိုင်း ဆို တာ နောက် နှစ် အ နည်း ငယ် ကြာ ရင် ကို ပေါ် လာ တော့ မှာ ။


အဲ့ ဒီ အ ခါ ကျ ရင် မြန် မာ ပြည် မှာ ရ ဟန်း သံ ဃာ တွေ ကို ဘယ် သူ တွေ က ပစ် မှား တယ် ၊ ဘယ် သူ တွေ က အ ခက် တွေ့ စေ ခဲ့ တယ် ဆို တာ က မ္ဘာ တည် သ ရွေ့ မှတ် တမ်း ဖြစ် တော့ မှာ ဆို တာ ကို ပဲ ။




ကမ္ဘာကျော် ထောက်လှမ်းရေးသမား တစ်ဦး ( သို့မဟုတ် ) တာကီအို ယိုရှိကာဝါ




ဂျပန်ရေတပ်မတော်ရဲ့ လေသူရဲ တစ်ဦးဖြစ်တဲ့ တာကီအို ယိုရှီကာဝါဟာ ဆေးဆင့်နိမ့်လို့ လေသူရဲ အလုပ်မှ အနားပေးခြင်းကို ခံရပါတယ်။ ဘဝကို ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေ ရ ပါတယ်။

တစ်နေ့ -

" မင်းကို ဒို့ စောင့်ကြည့်နေတာကြာပြီ။ မင်းကို အကြောင်းအရာတစ်ခု ပြောမယ်။ နားထောင် ချင်လဲ ရတယ်။ နားမထောင်ချင်ဘူး ဆိုလဲ ရတယ်" လို့ပြောပြီး လူတစ်ယာက်က ဂျပန်ရေ တပ် ထောက်လှမ်းရေး ကဒ်ပြားကို ထုတ်ပြ မိတ်ဆက်ရင်း ပြောလာပါတယ်။

ယိုရှီကာဝါ က နားထောင်ချင်ပါတယ် ဆိုတော့ -

" နားထောင်ချင်တယ်ဆိုရင် ပြောပြမယ်။ ပြောတဲ့အကြောင်းအရာကို မင်းအနေနဲ့ လက်ခံချင်လဲ ရတယ်။ လက်မခံချင်လဲ ရတယ်။ ဒါပေမဲ့ အခုပြောမဲ့အကြောင်းအရာကို တစ်ခြားသူ တစ်ယောက် ကို ပြောပြဆွေးနွေးလို့ မရဘူး။ ပြောပြ ဆွေးနွေးမယ်ဆိုရင် မင်းရဲ့အသက် အတွက် တာဝန်မယူဘူး " လို့ ထပ်ပြီးပြောလာတယ်။

ယိုရှီကာဝါက agree ဆိုမှ Pearl Harbor attack မှာ သူပါဝင်ရမဲ့ ကဏ္ဌကို ပြောပြတယ်။ ပြောလာတဲ့အလုပ်ကို သူကလက်ခံလိုက်တော့ သူ တပ်က ထွက်ခဲ့တဲ့လေသူရဲ ရာထူးလစာ ရဲ့ (၂) ဆနဲ့ သဘောတူခဲ့ကြတယ်။



27 July 2019

ပကတိ အမြင်




စာပေနဲ့ စီမံခန့်ခွဲရေး ပညာရပ်မှာ အားလုံးနီးပါးလောက်က အကောင်းမြင် Optimistic ဖြစ်ဖို့ ရေးကြသားကြပြီး Pessimistic ဆိုတဲ့ အဆိုးမြင်ကို ရှောင်လေ့ရှိကြတယ် ။

မနေ့က လုပ်ငန်းရှင်ကြီးဖြစ်နေတဲ့ တပည့်တစ်ယောက်နဲ့ ဖုန်းပြောဖြစ်ကြတယ် ။ဘယ်အဖွဲ့က ပညာတော်တဲ့ လူငယ် အရေအတွက် ဘယ်လောက်ကို စုထားတယ်လို့ဆိုတယ် ။

လူငယ်တွေကိုပြုစုပျိုးထောင်ရာမှာ စာတွေ့ Education တစ်ခုထဲနဲ့ မပြည့်စုံဘူး၊ ၁၉၅၀ ဝန်းကျင်မှာ အမေရိကန်တွေ ကြုံခဲ့တဲ့ အမှားမျိုး ....
Knowledge = Education. + Experiences
ပညာ = စာတွေ့ + လက်တွေ့



Education ဆိုတာ General ပဲ၊ Local context ထဲ့ပေးရတဲ့ အပြင် လက်တွေ့နဲ့ စာတွေ့ ကွာတာတွေ အများကြီးပဲ ။

" မင်းကိုယ်တိုင် MBA ရပြီးပြီလေ၊ လက်တွေ့နဲ့ ဘာကွာသလဲ ဆိုတာ မြင်မှာပေါ့ "
" ဒါတော့ ဟုတ်တယ်ဆရာ "


လုပ်ငန်းကြီးလာရင် CEO တစ်ဦးဟာ သူ့လက်အောက်က Admin, Finance, Trade, Manufacturing, HR စတဲ့ ဌာနတွေ များရင်များသလောက် ကိုင်တွယ် ဆက်ဆံရပုံခြင်းမတူပါ၊
အရပ် စကား နဲ့မြင်အောင်ပြောရရင်...


* အင်္ဂျင်နီယာ၊ ဆရာဝန်၊ အနုပညာရှင် စတာတွေကို တစ်သမတ်ထဲ
ဆက်ဆံလို့ မရသလို၊


* သာမန်ဝန်ထမ်း၊ မန်နေဂျာ၊ CEO တို့တွေးတာခြင်း မတူသလိုပါ ။


ဒါကြောင့် လူငယ်တွေနဲ့ ပညာရှင်တွေကို ပြုစု ပျိုးထောင်ရာမှာ ပညာရေးဆိုတဲ့ Education ဟာ အခြေခံကျတာ မှန်ပေမဲ့ လုပ်ငန်းခွင်အတွေ့အကြုံမျိုးကို ထဲ့ပေါင်းနိုင်ပါမှ တော်ရုံ ကျပါလိမ့်မယ်။


29 June 2019

ကုန်းဘောင်ခေတ်ရဲ့ နန်းသက်အတိုဆုံး မင်း




ကုန်းဘောင်ခေတ်ရဲ့ နန်းသက်အတိုဆုံးမင်း (သို့) ဖေါင်းကားစား မောင်မောင်
ဖောင်းကားစားသည် အလောင်းမင်းတရား၏ မြေးတော်ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော် ဖြစ်သည်။ သမန်းဖောင်းကား ရွာကို စားရ၍ ဖောင်းကားစားဟု အမည်တွင်သည်။

ဘိုးတော် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက သားတော်များအား အကြီးဆုံး နောင်တော်ကြီး မှ အစပြုပြီး ညီတော် အစဉ်အတိုင်း မင်းပြုရမည်ဟု မှာကြားခဲ့လေသည်။
နောင်တော်ကြီးတွင် သားတော် "ဖောင်းကားစား မောင်မောင်" ရှိသည်။ နောင်တော်ကြီးသည် ခမည်းတော် အမိန့်ကို နာခံသော အားဖြင့်မိမိ သားတော်ကို နန်းရံမထားဘဲ ညီတော် မြေဒူးမင်း ကိုသာ နန်းရံ ထားခဲ့သည်။

ယခု မြေဒူးမင်းကမူ သူ၏သားတော် စဥ့်ကူးမင်းကို နန်းရံထားလေသောကြောင့် ဖောင်းကားစား မောင်မောင်က မကျေမနပ် ဖြစ်၍ အရေးအခင်းပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။

ဆင်ဖြူရှင်လွန်၍ စဉ့်ကူးမင်း နန်းတတ်သောအခါ မိမိထီးနန်းကို အန္တရာယ်ဖြစ်စေနိုင်မည့် သူတွေကို ဖယ်ရှားပြီးသော် နေ့စဉ် နန်းတော်တွင် အရက်သောက်ခြင်း၊ ကခုန်ခြင်း၊ ကြက် တိုက်ခြင်း များဖြင့် ပျော်ပါးလေ၏။

လွှတ်တော် အစည်းအဝေးကိုလည်း မှန်မှန်မတက်သဖြင့် ၀န်ကြီးများ၊ မှူးမတ်များမှ မကြည်ညို ကြတော့ပေ။ သို့သော် စဥ့်ကူးမင်း သည် မိမိလုပ်ချင်သည်ကိုသာ လုပ်နေပြီး မည်သူကိုမှ ဂရု မစိုက်ပေ။ ပျော်ချင်တိုင်း ပျော်နေပြီး မိမိ ရှေ့ရှေးအတွက်ပင် စိတ်မပူခဲ့ပေ။

ထိုသို့ နန်းစံနေပြီး AD 1782၊ 2 လပိုင်း၊ 2 ရက်နေ့တွင် အင်းဝ နေပြည်တော်သည် ပျင်းဖို့ ကောင်းသည်ဟု ဆိုပြီး မယ်တော် အပါအ၀င် မိဖုရား မောင်းမ အပေါင်းတို့နှင့် သက်တော်စောင့် ရဲမက်၂ ထောင် ကျော်ဖြင့် အညာ သီဟတောသို့ ဘုရားဖူး ထွက်လေသည် ။



28 June 2019

ပျားရည် အသုံးဝင်ပုံများနှင့် ပျားရည် စစ်မစစ် စမ်းသပ်နည်း




" ပျားရည် "
အသုံးဝင်ပုံများနှင့် ပျားရည် စစ်မစစ် စမ်းသပ်နည်း
(၁) အသားအရေကို နူးညံ့ ချောမွတ်လှပစေခြင်း
(၂) ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေခြင်း
(၃) အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ခြင်း
(၄) ဝက်ခြံများ ပျောက်ကင်းစေနိုင်ခြင်း
(၅) ဗောက်သေစေခြင်း
(၆) ဆံပင်ပြန်ပေါက်စေခြင်း
(၇) အစားအစာများတွင် ပျားရည်ထည့်၍ ချက်ပြုတ်နိုင်ခြင်း
(၈) ထိခိုက် ဒဏ်ရာများကို အနာကျက်မြန်စေခြင်း
(၉) အမာရွတ်များကို လျော့ပါး ပျောက်ကွယ်စေခြင်း
(၁၀) အပူလောင်ခြင်းအတွက် အမြန်ဆုံးသက်သာစေခြင်း
(၁၁) ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းမှကာကွယ်ပေးခြင်း
(၁၂) ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေခြင်း
(၁၃) စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
(၁၄) အရက်မူး ပြယ်စေခြင်း

မည်သူမဆို ပျားရည်ကို တစ်နေ့တစ်ဇွန်း စားသုံးပါက အထက်ပါ အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။


" ပျားရည် အသုံးပြုပုံများ "

🔹ညအိပ်ယာမဝင်ခင် ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း သောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။
🔹ဝက်ခြံပျောက်ကင်းလိုပါက ၀က်ခြံနှင့် ပတ်ပတ်လည် အရေပြားပေါ်သို့ ပျားရည်သုတ်လိမ်းပါ ။ မိနစ် ၃၀ ခန့် ထားပြီးနောက် ရေနွေးနွေး နှင့် မျက်နှာသစ်ပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ်ပြုလုပ်ပါ။
🔹နှုတ်ခမ်းကွဲခြင်းများအတွက် ပျားရည်နှင့် နှုတ်ခမ်းကို မကြာခဏ သုတ်လိမ်းပေးပါ ။
🔹အသားအရည် ချောမွတ်စေရန် ပျားရည် နှင့် ခြေလက်၊ မျက်နှာ၊ လည်ပင်း အစရှိသည့် ချောမွတ်လိုသောနေရာများကို သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ ။ ပြီးမှရေချိုးပစ်ပါ။
🔹အပူလောင်ဒဏ်ရာများအတွက် ဂွမ်း(သို့) ပတ်တီးကို ပျားရည်စွတ်ပြီး ဒဏ်ရာပေါ် အုပ်ပါ။ အနာမကျက်မခြင်း တစ်နေ့ ၃ ကြိမ်ခန့် လဲလှယ်သင့်ပါတယ်။
🔹မနက်အိပ်ယာအထတွင် ပျားရည် တစ်ဇွန်းသောက်သုံးပါက အူလမ်းကြောင်းတစ်လျှောက် ပိုးမွှားများသေစေပြီး အူနံရံရှိ အကျိအချွဲများကို ရှင်းလင်းပေးနိုင်ပါတယ်။
🔹အရက်မူးနေပါက ပျားရည်ကို အမူးပြယ်ဆေးအဖြစ် သုံးစွဲနိုင်ပါသည်။
🔹ပင်ပန်းနွမ်းနယ်နေပါက ပျားရည် နှင့် သံပုရာရည်ကို ရောစပ်သောက်သုံးပါက နှလုံးငြိမ်စေပြီး အမောပြေစေပါတယ်။
🔹အစားမှားခြင်းအတွက် ရေနွေးထဲသို့ ပျားရည်ဇွန်းဝက်ခန့် ထည့်၍ သောက်သုံးပါက အစာအဆိပ်ပြေစေပါတယ်။
🔹လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်း၊ အအေးမိခြင်းများအတွက် ရေနွေးတစ်ခွက်ထဲသို့ ပျားရည်နှင့် သံပုရာရည် ရောစပ်ပြီးသောက်သုံးနိုင်ပါတယ်။

04 June 2019

စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ် ငြိမ်းချမ်းရေး





မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့မြောက်ဘက် ကက်ရှ်မီးယား ရဲ့ အရှေ့မြောက် လာဒက် က ပြန်လာ တယ်။ လာဒက်မှာ ဘုန်းကြီး တရားဟောတယ် ။
Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာ အဖွဲ့ ရဲ့ ဌာနချုပ်မြို့ လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို့ လုံး ပိုစတာ ထောင်ပြီးတော့ကြော်ငြာ လိုက်တော့ ဗုဒ္ဓ ဘာသာဝင်ရော ၊ ခရစ်ယာန် စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ် ။

Tourist တွေကလည်း အရမ်းပေါတယ်။သူတို့ လည်း လာ နားထောင်ကြတယ်။ခေါင်းစဉ်က ဘုန်းကြီးပေး တဲ့ ခေါင်းစဉ် မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။
Buddhist and World Peace ဗုဒ္ဓဘာသာ တရားတော်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ် ကို ဟောရမှာ။

ကမ္ဘာ ဆိုတာဘာလဲ .......
စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟော သလဲ ဆိုရင် The World ကမ္ဘာ ဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။

ရေ မြေ ၊ တောတောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန်ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့ က ကမ္ဘာ လို့ ခေါ်ချင်သလား။ မင်းတို့ ခေါ် ချင်လည်း ခေါ်ရပါတယ်။ တို့ ဗုဒ္ဓ ကတော့ ခြေဖျား မှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှ ရှိတဲ့ ခန္ဓာကိုယ်ကို“ တစ်ကမ္ဘာ” လို့ သတ်မှတ်တယ်။


12 March 2019

သူများတွေ သိကုန်ပြီ ကိုယ်သိဖို့ပဲ လိုတော့တယ်




ဒီနေ့ ဘီဘီစီ သတင်း ဖတ်ရင်း က စိတ်ဝင်စား စရာ သတင်းလေးတစ်ပုဒ် ဖတ်ဖြစ် ပါတယ်။
အင်္ဂလန် မှာ ဒုတိယ ကမ္ဘာ စစ် နောက်ပိုင်း ခေတ် စား တဲ့ ဘဏ်ချေးငွေနဲ့ အိမ်ကြီးကြီး ကားကောင်းကောင်း တွေ ဝယ်ပြီး နေ တဲ့လူနေမှုပုံ စံက နေ တော်သင့် သလောက် အိမ်လေး ရယ် မရှိမဖြစ်လို မှ ဝယ် တဲ့ ဂျပန် ကားလေး ကိုစီး ပြီး အကြွေးမထူ လူ မပူရဘဲ ခပ်အေးအေး နေ တဲ့ပုံစံ ကို ပြောင်း လဲလာပါတယ်တဲ့။
အဲ့ဒီလို ကြွားဝါ ရမဲ့ကိစ္စ တွေ မှာ ငွေမသုံးဘဲ မရှိမဖြစ်တာ လေး ကို စီစစ်ပြီး သုံး တာ ကို အင်္ဂလိပ် လို Frugal Living လို့ ခေါ်ပါတယ်။
စားစရာ ဝတ်စရာ စတာ တွေမှာ ငွေကုန် ကြေးကျ များ တဲ့ ဇိမ်ခံပ စ္စည်းတွေ မလို အပ်ပဲ ဝါသနာ အရ ဝယ်တာ ကို လျှြော့ပီး သင့်တင့် မျှတအောင် နေ တာပါ။
အရင်းရှင် စနစ် ရဲ့ကျောရိုး ဖြစ်တဲ့ လောဘ အလျှောက် အလွန်အကျွှံ ဝယ်ယူ သုံးစွဲ တဲ့ အကျင့် ကနေ ရှိတာလေး နဲ့ လှအောင် ဆင် ပြီးရိုးရိုး ရှင်းရှင်း နဲ့ နေ လာကြပါတယ်။
ဒီလို နေ ကြည့်တော့ ဘာသွားတွေ့ သလဲ ဆို တော့ ဘဏ်တွေက နေ အကြွေး ယူ ရတာ အတိုးပေးရတာ နည်း သွားပြီး သူ တို့ နိုင်ငံ ကလူတွေ အတွက် ဆို အသက် ၄၀ လောက်မှာ ငွေကြေးစုမိဆောင်း မိဖြစ်သွား ပြီး ပင်စင်ယူ ကိုယ်ဝါသနာ ပါရာ လုပ် နေ နိုင်သွား ပါတယ်။


09 March 2019

စအို က အကောင် အရှင်လေးတွေ



ဆရာဝန် ညီလေးတစ်ယောက်ရဲ့ဆေးခန်းကို လာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့ စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ ) အကောင်အရှင်လေးတွေ ထွက်ထွက်နေတာ ပေါ်လိုက် ပျောက်လိုက်နဲ့ ၃-၄ နှစ်လောက် ရှိပြီတဲ့…။
သတိထားမိတာတော့ အဲဒီ မတိုင်ခင် ဝက်သားတုတ်ထိုးတွေ အတော်စားဖြစ်တယ်လို့ပြောတယ်။ အဲဒီ အကောင်လေးတွေသာ အသည်းထဲမှာ တွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။
ဒီ လပိုင်း/နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်း မကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင် လူနာ တွေ အစာအိမ် ကင်ဆာ အူမကြီး ကင်ဆာတွေနဲ့၊ တစ်ချို့ ဆိုရင် ခွဲလို့ မရနိုင်တော့တဲ့ အခြေအနေမို့ အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက်ချိန်းကို ထိုင်စောင့်နေရတဲ့ ဘဝတွေကိုဖြစ်လို့။
အဲဒီလို လူနာတွေကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တစ်ကျက်ပြုတ်တွေ ထိုင်စားနေတဲ့ တုတ်ထိုး ဆိုင်တွေ ၊ မကျက်တစ်ကျက် ကင်တဲ့ အပြင် မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါ ရိုက်ထားတဲ့ အကင် ဆိုင်တွေနဲ့ တစ်ခါတစ်လေ ခေါင်းထဲ ဗိုက်ထဲက သွေးတွေတောင် ထွက်လာတတ်သေးတဲ့ ငါးကင်တွေ…
နောက်တစ်ခါ ဆိုင်ကြီး ကနားကြီးတွေနဲ့ ရောင်းပြီး ဈေးကြီး ပေးစားရတဲ့ ဆိုင်တွေက ပွက်ပွက်ဆူနေတဲ့ အိုးထဲ ထည့်ပြီး ကျက်မှန်း မသိ မကျက်မှန်း မသိ ဆယ်စားနေကြတဲ့ အသား ငါး ပုစွန်တွေနဲ့ readymade အသင့်စား အစားအစာ လို့ခေါ်တဲ့ ခေါက်ဆွဲခြောက် ကြာဇံခြောက် ကော်ဖီမစ် တီးမစ်တွေကို မျက်စိ ထဲမှာပြေးမြင်မိတယ်။


သေတဲ့ အထိ လေမဖြတ်ဘူး




၁။ ဆင်တုံးမနွယ် အစို လက်တစ်ညိုး တစ်ဆစ်ဖြတ် (ငါးကျပ်သားခန့်) ကို ၄ ခြမ်းခွဲပြီး ထည့်ပါ။
၂။ ရေကျက်အေး သို့ သောက်ရေသန့် (ငှက်ပျောဖူး ပုလင်း ၂ ပုလင်း) (1.5 L)
၃။ ဆား တစ်ဇွန်း (လက်ဖက်ရည်ဇွန်း အသေး) (ဆားများပါက သွေးတိုးသမားများအတွက် မကောင်းပါ။)
၎။ ထန်းလျက် (ငါးကျပ်သား) (ထန်းလျက် မပါပါက ကြာကြာထားမခံပါ။ ပုတ်လွယ်သည်။)
၅။ ရှောက်နူသီး ခေါ် ရှောက်ဘီလူးသီး ၂ လုံး (ရှောက်တွတ်သီး ဟုလည်းခေါ်သည်။ )
ထို ၅ မျိုးကို ရော၍ အဖုံးလုံသော ဖန်ပုလင်း သို့ ကိုကာကိုလာဗူး အမာ များတွင် (ရေဗူး အပျော့ တွင် ပေါက်ထွက်နိုင်) တစ်ပတ်တိတိ ပိတ်ထားပြီး (ခပ်ကြာကြာ ထားနိုင်ရင် ပိုကောင်းသည် ) 

ရက်ပြည့်က တစ်နေ့ကို ညအိပ်ယာ မဝင်မှီ စတီးဇွန်း ၃ ဇွန်းစာ ညစဉ်သောက်ပါ။ ဗူးအဖုံး ဖွင့်စဉ် gas ရှိသောကြောင့် လှုပ်၍ မဖွင့်ရ။


စာဖတ်လို့ ပိုက်ဆံ မရပေမယ့် ပိုက်ဆံ ရှာဖို့ အတွေး အခေါ်တွေ ရပါလိမ့်မယ်




အလုပ် မရှိရင် စာဖတ်ပါ၊ စာဖတ်လို့ ပိုက်ဆံ မရပေမယ့် ပိုက်ဆံ ရှာဖို့ အတွေး အခေါ်တွေရပါလိမ့်မယ် ။
ဆယ်နှစ်စာ အတွေ့အကြုံကို ကြို ရချင် ရင်အတွေး အခေါ်ရှိတဲ့ လူကြီး စကား နားထောင်ပါ။
ဘဝမှာ အောင်မြင်ချင် ရင် ရူံးနိမ့်ခဲ့ဖူး သူ ဆီက သင်ယူ လေ့လာပါ။
တစ်သက်လုံး လိပ်ပြာ လုံချင်ရင် ကိုယ်ကျင့်တရား ကိုလုံခြုံစွာထိမ်းနိုင် အောင်ကြိုးစားပါ။
အသိပညာ ၊ အတတ်ပညာ ကို ပြည့်စုံ ရင့်ကျက် စေချင်ရင်လက်တွေ့ လုပ်ဆောင်ပါ။
ကြီးမားတဲ့”နောင်တ” ဆိုတာ မရှိ စေချင်ရင်ရွှေထက် တန်ဖိုးကြီးသော “အချိန် “ကိုလေးစားပါ။


08 March 2019

လက်နက်၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ လုပ်ငန်းများမှ ငွေအသပြာများ အလျှံပယ်ဖြစ်နေသည့် မြို့




တရုတ်ပြည် သို့ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် မူဆယ်မြို့၏ ညစ်ပတ် ပေရေနေသော လမ်းမများပေါ်တွင် ‘ပန်ဆေး’ ပြည်သူ့စစ် အဖွဲ့မှ တိုက်ခိုက်ရေးသမားများ ဥဒဟို သွားလာနေကြသည်။

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့တွင် လက်နက်များ၊လောင်းကစား ရုံ များ၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ လုပ်ငန်း များ မှ ပေါ်ထွက်လာသည့် ငွေကြေးများ အလျှံပယ်ဖြစ်နေသည်။

တရုတ်ပြည်နှင့် မြန်မာနိုင်ငံ အကြား ၎င်းတို့ နယ်စပ် တစ်လျှောက် တပ်ဖွဲ့များ ဖြန့်ချမှု မပြုရန် သဘောတူညီ ချက် တစ်ရပ်ရှိသည်။ သို့ဖြစ်၍ KIA နှင် TNLA အပါအဝင် ယင်းဒေသ၌ လှုပ်ရှားနေ ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဗဟိုအစိုးရ အကြားနှစ်ရှည် လများပဋိပက တစ်ခုတွင် မြန်မာ့တပ်မတော်သည် ဌာနေပြည်သူ့စစ်အဖွဲ့များကို ကိုယ်စားလှယ်များအဖြစ် အသုံးပြုခဲ့ သည်။

ရှမ်းပြည်နယ်၏ နယ်စပ်မြို့ မူဆယ်ကို လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့က အုပ်စီးထားသည်ဟု ဆိုသည်။ ယင်းတို့ အနက် ‘ပန်ဆေး’ အဖွဲ့ သည် မူဆယ်မြို့၏ အင်အား အကြီးဆုံးပြည်သူ့စစ် အဖွဲ့များအနက် တဖွဲ့ ဖြစ်သည်။

ပန်ဆေး အဖွဲ့တွင် အဖွဲ့ဝင် ရာပေါင်းများစွာ ရှိပြီး အမ်-၁၆ ရိုင်ဖယ် များ၊ ကာလက်ရှ်နီကော့ဗ် ရိုင်ဖယ်များ စသည်ဖြင့် ခေတ်မီ လက်နက် များ ကိုင်ဆောင် ထားကြသည်။

ပန်ဆေးပြည်သူ့စစ် အဖွဲ့တွင် ကိုယ်ပိုင် ကျောက်စိမ်းတွင်းများ၊ စီးကရက် စက်ရုံများ၊ ကာရာအိုကေ ဘားများရှိသည်။ စီနီယာ ပန်ဆေး အဖွဲ့ဝင် တစ်ဦးက ၎င်းတို့ အဖွဲ့သည် မူးယစ်ဆေးဝါးနှင့် အခြားဥပဒေနှင့် ဆန့်ကျင်သော လုပ်ရပ်များတွင် ပါဝင်ပတ် သက်ခြင်း မရှိဟု ပြောကြားသည်။

မူဆယ် ရှိ အခြားပြည်သူ့စစ် အဖွဲ့များနည်းတူ ပန်ဆေး အဖွဲ့သည် တပ်မတော်၏ အုပ်ချုပ်မှုအောက်၌ ရှိသည်။ အပြန်အလှန် အနေနှင့် တစ်စုံ တစ်ခုသော အတိုင်းအတာအထိ လွတ်လပ် စွာလှုပ်ကိုင်ခွင့် ရသည်။ ပြည်သူ့စစ် အဖွဲ့ဝင်များက သူတို့ကိုယ် သူတို့ ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ အဖြစ် ညွှန်းဆိုကြသည်။

၎င်းတို့သည် ပြည်သူလူထု အပေါ် အနိုင်ကျင့် ဗိုလ်ကျ ဥပဒေနှင့် မညီသည့် လုပ်ငန်းများ လုပ်ကိုင်နေကြ သော သူပုန် အုပ်စုများကို တိုက်ခိုက်နေသည် ဟုလည်း ပြောကြသည်။

သို့ရာတွင် နိုင်ငံရေးလေ့လာ စိစစ်သူ ဒေးဗစ် မက်သီဆန် က မူဆယ်မြို့၏ တရားမဝင် စီးပွားရေး လုပ်ငန်း နောက်ကွယ်၌ ပြည်သူ့စစ် အဖွဲ့များရော၊ သူပုန်များပါ ပါဝင် ပတ်သက်နေသည်ဟု ပြောသည်။

” သူတို့ဟာ သေနတ်တွေ ကိုင်ဆောင်ပြီး မြို့ပတ်ကာ ကားမောင်း နေကြတယ်။ လောင်းကစားရုံတွေကို ဖွင့် ထားကြတယ်။ ယာဘ မူးယစ်ဆေးတွေ ရောင်းနေကြတယ်”ဟု ၎င်းက ပြောသည်။

မြန်မာ ကုန်သည်များသည် မူဆယ်မြို့မှ တစ်ဆင့် တရုတ်ပြည်သို့ ဆန်၊ ငါး၊ သစ်သီးများ တင်ပို့သည်။ တရုတ် ပြည်မှ လျှပ်စစ် ပစ္စည်း များ၊ လူသုံးကုန် ပစ္စည်းများ တင်သွင်းသည်။ အောက်တိုဘာနှင့် ဒီဇင်ဘာ အကြား တရားဝင်ကုန် သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ခန့်ရှိသည်။

သို့သော် တရားဝင် ကုန်သွယ်မှုထက် စိတ်ကြွဆေး၊ ဘိန်း၊ တိရစ္ဆာန် အစိတ်အပိုင်းများ၊ ကျောက်စိမ်း စသည့် တရားမဝင် ကုန်သွယ်မှုက မူဆယ်တွင် အဆမတန် ကြီးထွားလျက်ရှိသည်။

မြန်မာနိုင်ငံသည် ယခုအခါ ကမ္ဘာပေါ်တွင် စိတ်ကြွဆေးပြား အများ ဆုံးထုတ်လုပ်သည့် နိုင်ငံများအနက် တနိုင်ငံဖြစ်နေသည်။





အမှားကြာ အမှန်လို့ ယူဆတတ်တယ်




အလောင်းတော်ကဿ       ပ ဟု ဆိုလိုက်လျှင် အများစုက မြတ်ဗုဒ္ဓ လက်ထက် အရှင်မဟာ ကဿ ပ ကိုပြေးမြင် တတ်ကြပါ သည်။ အမှန်လည်း အလောင်းတော် ကဿ ပ ကို အရှင်မဟာ ကဿ ပအဖြစ် ယုံကြည်ကြသည်။
အင်တာနက် သမိုင်း စာမျက်နှာများက အစ အရှင်မဟာ ကဿ ပ ကို ရေးသား ပုံဖော်နေကြသည်ကိုတွေ့ရ၏။

ကလေးတွေ ဖတ်ရှုလေ့လာဖို့ အတွက် ဘုရားသမိုင်း စာအုပ်များ ဝယ်ပေးဖြစ်သည်။ အချို့သမိုင်း များက တိကျရေရာသော သမိုင်း မဟုတ်ပေ။ ထိုးဇာတ်တွေက များနေ၏။ ဒဏ္ဍာရီ ပုံပြင်ဆန်လှ သည်။ လူကြီးသူမ များက အဟုတ်ထင် သ ဖြင့် သမိုင်းမှတ်တမ်း စာအုပ် များရေးသား ထုတ်ဝေပြီးရောင်းချကြသည်။ ကလေး သူငယ်များက လည်း အဟုတ်ဟု မှတ်ထင်နေကြ လိမ့်မည်။ အမှတ်မှားပါက သမိုင်း အမှန်များပျောက်တော့ မည်။

" အမှားကြာလျှင် အမှန်ဖြစ် အမှန်စင်စစ် အမှားထင် ဘုရားရှင် ပင် ဟော၍ မရ" ဟူသကဲ့သို့ အမှားကြာ လာသည့် အခါ အမှန် ဟု ယူ ဆ တတ်ကြသည်။ အမှန် ဖြစ်လာခြင်းတော့ မဟုတ်ပေ။ အမှန်ဟု ထင်မြင် ယူဆလာခြင်းသာဖြစ်သည်။

အလောင်းတော်ကဿ         ပ ကို သွားရောက် ဖူးမြော်ကြသူတွေများ လှသည်။ မြန်မာ အများစုသည် ပင် နယ်လှည့် ဘုရားဖူးခြင်းဖြင့်သာ အချိန်ကုန်နေတတ်ကြသည်။ စာပေ ဖတ်ရှုလေ့လာခြင်းကား နည်း
ပါး လှ၏။

မရောက်ဘူးသည့် အရပ်ဒေသ သို့ ဒေသန္တရ ဗဟုသုတဖြစ်စေခြင်း ငှါ သွားသင့်၏။ မိမိသွားရောက် လေ့လာ သောအခါ၌လည်း ဓာတ်ပုံ ရိုက်ခြင်းနှင့် အချိန်မကုန်စေပဲ စနစ်တစ်ကျလေ့လာထားသင့်၏။

မိမိစီးသောမြင်း အထီး အမ ကွဲ သင့်သည် မဟုတ်လော့။ အများစုက ဘုရားဖူးခရီး ဟူ၍သာ သွားလိုက်ကြ သည်။ ပါရမီမြောက် ဘုရားဖူး သွားခြင်းမျိုး မဟုတ်ပဲ ပျားရည်ဆမ်း ခရီး ( ဟန်းနီးမွန်း ခရီး) သာဖြစ် ခဲ့ ကြသည်က များ၏။



22 February 2019

မြောက်ဦး ကို ကမ္ဘာ့ အမွေအနှစ်စာရင်း သွင်းနိုင်တော့မည်ဟုပြောကြား




ရခိုင်ပြည်နယ်ရှိ ရှေးဟောင်း ယဉ်ကျေးမှုဇုန် မြောက်ဦးမြို့ကို လာမယ့် စက်တင်ဘာလ အတွင်း ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်တော့မှာ ဖြစ်တယ်လို့ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဦးစီးဌာနက ပြောပါတယ်။


မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သောင်းထိုက် က “ ဒီ ၂၀၁၉ စက်တင်ဘာ ဆိုရင် ကျနော်တို့ Normal Nation Dossier Draft ကိုတင်ဖို့ လျာထားချက်ရှိပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်တော့ ကျနော်တို့က Final Dossier ကို ကမ္ဘာ့ အမွေအနှစ်ကော်မတီ ကို တင်ပြဖို့ ဆောင် ရွက် နေတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ Time Frame အတိုင်း လုပ်နေပါတယ်”လို့ ပြောပါတယ်။


ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အဖြစ်သတ်မှတ် ခံရတာနဲ့ တစ်ပြိုင်နက် နိုင်ငံတစ်ကာ က ပညာ ရှင်တွေ၊ ကျွမ်းကျင် သူတွေ လာရောက်ကြမှာဖြစ်လို့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ဆိုင်တဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းတွေ တိုးတက်လာမှာဖြစ်သလို ဒေသနေ လူ့အဖွဲ့အစည်းရဲ့ အလုပ် အကိုင် အခွင့်အလမ်းရော စီးပွားရေး လုပ်ငန်းတွေပါ တိုးတက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။