29 August 2018

အစိုးရ ဆုံးဖြတ်ချက်မှားရင် နှစ်နာရမှာက ပြည်သူတွေပါ



ဆင်ကန်း တောတိုး မျက်ကန်း တစ္ဆေ မကြောက်ပါ
အစိုးရ ဆုံးဖြတ်ချက်မှားရင် နှစ်နာရမှာက ပြည်သူတွေပါ


ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းပြောသွားတာကို ကျွန်တော်နားလည်တာကတော့၊ အစိုးရမှာ နိုင်ငံခြားငွေ(USD) တွေမရှိတော့ဘူး၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB) နဲ့မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်(MICB) မှာ အပ်ထားတဲ့ပြည်သူတွေရဲ့ အကောင့်တွေထဲမှာ ရှိနေတဲ့ (USD) တွေကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းနဲ့လုပ်ငန်းရှင်တွေကိုမြန်မာငွေတွေ အပေါင်ထားခိုင်းပြီး အတိုးနဲ့ ထုတ်ချေးပါမယ်။


(MFTB) နဲ့(MICB) ဘဏ်တွေမှာ အပ်ထားတဲ့ (USD) တွေကို ချေးတဲ့အခါမှာလဲ ငွေလဲနုန်းကို မပြောင်း လဲပဲ (Fixed့rate)  နဲ့ သတ်မှတ်ထားပြီး အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ မှုလငွေလဲလှယ်နုန်း အတိုင်းပဲ အတိုးနဲ့ အရင်းပေါင်းပြီး ပြန်ဆပ်ရမယ်လို့ အဓိပ္ပါယ်ရပါတယ်။ဒီလိုဆိုရင်ရေရှည်မှာ ဘာတွေ ဖြစ်လာနိုင်မလဲ........ ? ။

ဥပမာ  တစ်ခုပေးမယ်ဗျာ။ အစိုးရက လုပ်ငန်းရှင်တစ်ယောက်ကို (September့2018) မှာဒေါ်လာ တစ်သောင်း ထုတ်ချေးမယ် ဆိုကြပါစို့။ အတိုးကတော့ တစ်နှစ်မှာ (၂) ကျပ်တိုး (2%APR) ဆိုကြပါစို့။ထုတ်ချေးတဲ့အချိန်မှာငွေလဲနုန်းက (1USD=1500Kyats) နဲ့ သဘောတူထားကြပြီး၊ပြန်ဆပ်တဲ့ အခါမှာလဲ ဒီနုန်းအတိုင်းပဲ မပြောင်းလဲရဘူးလို့ သဘောတူထားကြရမယ်ဆိုကြပါစို့ ။
ဒီလိုဆိုတော့ လုပ်ငန်းရှင်တစ်ယောက်ဟာ အဲဒီ(USD$10,000) တစ်သောင်းကိုထုတ်ချေးသွားပြီးမြန်မာငွေသိန်း (၁၅၀)ကျပ်ကိုအစိုးရဆီမှာ အပေါင်ထားခဲ့မယ် ဆိုကြပါစို့။

တစ်နှစ်ပြည်လို့(September့2019) ကြရင် လုပ်ငန်းရှင်ကအဲဒီ( USD$10,000 ) ကိုပြန်ဆပ်ရမယ်၊ပြီးရင်အစိုးရဆီမှာ မိမိအပေါင်တင်ထားခဲ့တဲ့မြန်မာငွေသိန်း (၁၅၀) ကျပ်ကိုပြန်ထုတ်ယူရမယ် ဆိုကြပါစို့။

တစ်ကယ်လို့ သူယူထားတဲ့(USD$10,000)ကိုပြန်လာမဆပ်ရင်တော့ အစိုးရက သူအပေါင် တင်ထားတဲ့မြန်မာ ကျပ်ငွေသိန်း(၁၅၀) ကိုသိမ်းယူလိုက်မယ် ဆိုပါစို့ ဒါဆိုရင် ဘာတွေဖြစ်ဦးမလဲလို့ကြည့်ကြ ရအောင်ဗျာ။


14 August 2018

မြန်မာ ဟူသည်



မြန်မာ ဆိုတာ ဘာမှန်းတောင် မသိတဲ့ သူတွေကြောင့် ပြန်တင်ပါသည်။

မြန်မာ ဟူသည် . . . . .
မြန်မာ လူမျိုးတွေဟာ မြန်မာ ဆိုတဲ့ အမည်နာမကို ဘယ်အချိန်က ခံယူခဲ့ပြီး ဘယ်သူတွေက အသိ အမှတ်ပြု ခေါ်ဝေါ်ခဲ့ကြပါသလဲ . . . ?

မြန်မာ ဆိုတဲ့ ဝေါဟာရဟာ မြန်မာ လူမျိုးတွေရဲ့ စရိုက်သဘာဝ ဝိသေသ လက္ခဏာကို ဖော်ပြတဲ့ဝေါဟာရ ဟုတ် မဟုတ် သိရှိဖို့ အဲဒီဝေါဟာရ ရဲ့ အရင်းအမြစ်နဲ့ ဘယ်အကြောင်းတွေကြောင့် မြန်မာ လူမျိုးဆိုပြီး ဖြစ်ပေါ်လာရတယ် ဆိုတာကို _

မြန်မာ ဆိုတဲ့ ဝေါဟာရကို အဦးအစ အစောဆုံး အမှတ်အသား အနေနဲ့ တွေ့ရှိရတာ ကတော့ သက္ကရာဇ် ၄၅၂ ပုဂံခေတ် ခရစ်နှစ် ( AD 1190 ) ပြည့်နှစ် အမတ်ကြီး သိင်္ဃသူ ရေးထိုးခဲ့တဲ့ ပုဂံမြို့တောင်ဂူနီ ကျောက်စာ မှာ စတင်တွေ့ရှိရတယ်လို့ သုတေသီ တို့က ဆိုပါတယ် ။

အဲဒီ ကျောက်စာမှာ မြန်မာ ဆိုတဲ့ ဝေါဟာရကို အထင်အရှား ရေးထိုး ထားတာကို အခုထိ ပုဂံမြို့ ယဉ်ကျေးမှု ပြတိုက် အတွင်းမှာ တွေ့နိုင်ပါတယ် ။

အဲဒီကျောက်စာ သက္ကရာဇ်ထက် နှစ် ၉၀ လောက် စောတဲ့ ကျန်စစ်သား မင်းကြီးရဲ့ နန်းတည် မွန်ကျောက်စာ ( AD 1102 ) မှာ မြန်မာ ကို "မိရမာ" လို့ ရေးထိုးထားလို့ ( AD 1342 ) မှာ ရေးထိုးခဲ့တဲ့မြန်မာကျောက်စာမှာ "မြံမာ" လို့ ရေးထိုးထားတာကို တွေ့ရပြီး နောက်ပိုင်း ကျောက်စာတွေနဲ့ မှင်စာတွေမှာတော့ မြံမာ ၊ မြန်မာ ( ဒါမှမဟုတ် ) မြမ္မာ လို့ ရေးထိုးလာကြတာကို တွေ့ရပါတယ် ။

မြန်မာ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ရှေး တရုတ် ရာဇဝင်မှတ်တမ်းတွေမှာ ရှေးအခါတုန်းက မြန်မာနိုင်ငံကို စောပိုး လို့ ခေါ်ဆိုကြကြောင်း ၊

တရုတ် ဟန်မင်းများ လက်ထက် ( BC 202 မှ AD 263 ) မှာ မြန်မာနိုင်ငံကို ဘန် လို့ ခေါ်ဆိုပြီး ၊
တရုတ်တန်မင်းများ လက်ထက် ( AD 618 - 907 ) မှာ မြန်မာနိုင်ငံကိုပိယော ( ပျူ ) လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊
ဆွန်မင်းများ လက်ထက် ( AD 960 ) ခန့်မှာ မိယင် လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊ အဲဒီ မင်းတွေ လက်ထက်က မိယင် ( ပျူ ) တွေဟာ တရုတ် တို့နဲ့ ဆက်ဆံ ကူးသန်း သွားလာမှုတွေ စတင် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ် ။