27 May 2018

မြန်မာတို့ အရာရာ နေ၀င်ချိန်ရောက်ပြီလား ?



 မြန်မာ့အရေးကို တွေးလိုက်မြင်လိုက်ရင်.. အရာရာနေ၀င်ချိန်မှာ မြင်နေရပြီလားလို့တွေးရင်း သက်ပြင်း ချရတယ်။

စီးပွားရေးလား  ?...

..ဒေတာ အလွဲတွေနဲ့ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်အထိ အလိမ်တွေရောက်သွားအောင်လုပ်နေကြမှတော့..နိုင်ငံ အုပ်ချုပ်သူတွေမှားနေတာ အပြစ်မမြင်ချင်တော့ဘူး  ...ဒါပေမယ့်အောက်ခြေက လိမ်နေသူတွေ၊ပါတီထဲက အနားပြာ လူလိမ်တွေကြောင့် ပိုဆိုးလာတာပါပဲ။

...ဘူးလက်ကြီးကလည်း ရေးတယ် ။ င
မန်း ရဲ့ လက်ရာတွေ ထုတ်ရေးတယ်။ ငမန်း မကလို့ဝေလငါး ဖြစ်ဖြစ် တိုင်းပြည် တိုးတက်ပြီး သူတို့ချမ်းသာရင် Win-Win လို့ပြောလို့ ရပါသေးတယ်။


ဥပမာပြောရရင် ၊မြို့တော်ဝန် ဦးကိုလေးလက်ထက်ကို မီလိုက်သူတွေသိပါတယ်။ ဦးကိုလေး လက် ထက် မှာ ရန်ကုန်မြို့ကြီးဟာ တော်တော်ပြုပြင်ခဲ့ပါတယ်။ လမ်းတွေ သေသေချာချာ ဂရုစိုက်ပြင်တယ်။ စီးတီး ဂေါက်ကလပ်ကြီး လုပ်တယ်။ သူလည်း စားတာပါပဲ။

ပေမယ့် သူ့လက်အောက်မှာ စည်ပင်ဝန်ထမ်းတွေပျော်ကြတယ်။ ရန်ကုန် လူထုလည်း ကျေနပ်တယ်။ဒီတော့ Win-Win လို့တောင်ပြောရမလိုပါပဲ။

ဘာလဲ အဂတိလား? ...   အာဆီယံနိုင်ငံ အားလုံး အဂတိ ကင်းတာ တစ်နိုင်ငံမှ မရှိဘူး ။ ဗီယက်နမ်
ွားကြည့် ဆိပ်ကမ်းမှာစောင့်တဲ့ စစ်ယူနီဖောင်းနဲ့ စစ်သားက အစ အရက်တောင်းတတ်တယ်။

ဒီတော့ အဂတိကင်းဖို့က တိုက်ဖျက်နေရုံနဲ့ မရဘူး ။ စနစ်တွေပြင်ရတယ်ဆိုတာ နားလည်ဖို့လိုတယ်။e-Governance စနစ်တွေနဲ့ ပြည်သူကို ၀န်ဆောင် မှူပေးပြီး၊ ပြည်သူကိုမြန်ဆန်သက်တောင့် သက်သာ ရှိမှု တိကျတဲ့ အချက်အလက်တွေ ပေးထားရင် ဘယ်သူကမှ အဂတိ မလုပ်နိုင်ကြတော့ပါဘူး။

အာဆီယံနိုင်ငံတွေ ဒီစနစ်တွေ လုပ်နေကြပြီ။ မြန်မာ ကျန်ခဲ့ပြီ။ ဒါတွေမလုပ်ဘဲစိတ်ကူးတည့်ရာ အကောင် အထည်ဖော်နေကြတယ်။ တစ်ကယ်ပြောင်းရမည့် စနစ်တွေကိုမပြင်ဘဲ ငွေအရလွယ်ပြီး လူမြင်ကောင်း တာတွေ လိုက်လုပ်နေတယ်။

ဥပမာ .. ရန်ကုန် စီးတီးပရောဂျက်ကြီးလိုမျိုးပေါ့။ ဒီတော့ အကြွေးတွေတက် ငွေကြေး ပိုဖောင်းပွ(ကျဆင်း တယ် ဆိုတာ လိမ်တာပါ ။ မယုံရင် မနှစ်က ကြက်ဥ တစ်လုံးဈေးနဲ့ ဒီနှစ်ကြက်ဥ တစ်လုံးဈေး ပဲ ယှဉ်ကြည့်ပါ)

ဒီတော့ စီးပွားရေးကိုပြောရရင် ဖာသည်မ တစ်ယောက် အော်ဒါ မရလို့ညအိပ်ရေးပျက် မိုးလင်း နေတဲ့ စီးပွားရေးလို့ ပြောရမလိုပါပဲ အလှပြင်ရင်း မိုးသာ လင်းသွားတယ် အော်ဒါကတော့ မရပါဘူး။

22 May 2018

A နောက်ပိတ်တွေရဲ့ အထာ - (၂) / (၃)

 


A နောက်ပိတ်တွေရဲ့ အထာ - (၂)

USA (A နောက်ပိတ်) မှာဘယ်ပါတီက သမ္မတ တက်တက် သူ့နိုင်ငံ အကျိုးစီးပွားအတွက်သူအမြဲ လုပ်တာပါပဲ ။ ခရစ်ယန်ရယ်၊ မွတ်စလင်ရယ်၊ မွတ်စလင်မှာမှ ရှီအိုက်ရယ် ဆွန်နီရယ် ဘာမှခွဲခြားနေတာ မဟုတ်ပါဘူး ။

ဒေသန္တရ စစ်ပွဲတွေ ဖန်တည်း စစ်မီးတွေမွှေး စစ်ဖြစ်တဲ့နိုင်ငံတွေကို မျိုးဆက် တစ်ဆက် နှစ်ဆက် နောက်ကျတဲ့ လက်နက်တွေ၊ လေယာဉ်တွေ၊ ဂြိုလ်တုတွေကို တရားဝင်ရော တရားမဝင်ပါ ရောင်းချ စီးပွားဖြစ်ဘို့လုပ်နေတာပါပဲ ။

ပွဲဖြစ်ဘို့တော့ စုပြုံသေ လက်နက်ရှိလို့၊ ဓာတုလက်နက်သုံးလို့ တို့၊ လူ့အခွင့်အရေး ချိုးဖောက်လို့၊
လူမျိုးတုန်း သတ်ဖြတ်လို့၊ စစ်အာဏာရှင်စနစ်မို့လို့တို့၊ ဒီမိုကရေစီထွန်းကားဘို့၊ လစ်ဗရယ်ဝါဒ သွတ်သွင်းဘို့တို့ စတဲ့ အကြောင်းပြချက်တွေကို လူကြားကောင်းအောင်အသံကောင်းဟစ်၊ ကုလသမဂ္ဂကို ရှေ့ကထား လူမိုက်ငှားတဲ့အခါ ငှား၊ ကုလသမဂ္ဂကိုဘေးချိတ်ြပီး ထင်ရာလုပ်တဲ့အခါ လုပ်နဲ့၊ သူ့နိုင်ငံ စီးပွားဖြစ်ဘို့၊ သူ့နိုင်ငံ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဘို့ ဖွံ့ဖြိုးဘို့ရာ၊ တစ်ကမ္ဘာလုံးက ဘယ်နိုင်ငံ ဘယ်လူမျိုးအပေါ် မဆို မထောက်မညှာ လုပ်နေတာပါပဲ ။

Might is right.ဆိုတဲ့မူနဲ့ ထာဝရ Mighty ဖြစ်နေဘို့ ကြိုးစားနေတာပါ၊ လတ်တလော သူ့အမျိုးသား အကျိုးစီးပွားအတွက် China containment ဗျူဟာကို ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံက ပထဝီ အနေအထား အရ ရွေးချယ်ခံသားကောင်ဖြစ်လေတော့အနောက်ဘက်နယ်စပ် တစ်လျှောက်မှာ
Proxy war ဖြစ်ပေါ်လာဘို့၊ ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်ဘို့၊ အားကောင်းတဲ့ Institution နှစ်ခုဖြစ်တဲ့
တပ်မတော်နဲ့ သံဃာ အဖွဲ့အစည်းတွေ အင်အား ချည့်နဲ့ပြိုကွဲဘို့ရာ ဆိုရော့စ်လို လူကို အသုံးချပြီး
နည်းမျိုးစုံကြိုးစားလာတော့တာပါ ။

ကမ္ဘာ့ ဘယ်နေရာမှာ စစ်ဖြစ်ဖြစ် လက်နက်ရောင်းရင်စီးပွားဖြစ်လေတော့ စစ်ပွဲ အသစ်တွေ ဖန်တည်း နေတာမှာ ဘကုန်းနဲ့မြန်မာ စစ်ဖြစ်ရင် လက်နက်လည်းရောင်းရ တရုတ်ကြီး နှာခေါင်းပေါက်လည်း
ပိတ်ပြီးသားဖြစ်၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်မိမယ့် အကွက်ပါ ။


လက်နက်ရောင်းပြန်တော့လည်း အဟောင်းအမြင်းတွေကို ဈေးအဆမတန် တင် အချဉ်ဖောက်ရောင်း တာပါ ။

ခုတောင် OIC အထောက်အပံ့နဲ့ ဘကုန်းအတွက်ဂြိုလ်တု တစ်လုံး ဈေးဦးပေါက်ရောင်းပြီးသွားပါပြီ ။
မြန်မာနဲ့ စစ်ဖြစ်ရင်သုံးဘို့ ရည်ရွယ်တဲ့ ထောက်လှမ်းရေးဂြိုလ်တုပါ ။ စစ်များဖြစ်ခဲ့ရင် ဘကုန်း အတွက်လက်နက်တွေ ဝယ်ဘို့ ဝိုင်းပေးကြမဲ့OIC က ဒေါ်လာတွေ ဘီလီယံနဲ့ချီပြီးရအုံးမှာပါ ။

15 May 2018

A နောက်ပိတ်တို့ရဲ့အထာ



မြန်မာပြည်မှာ ဘယ်အစိုးရ တက်တက် China (A နောက်ပိတ်) က သူ့ကို မလှန်နိုင်အောင်၊ အနည်းဆုံး သူ့ရဲ့မိတ်ဆွေအဖြစ် ရှိနေအောင် လုပ်နေမှာပဲ ။

ကြိုက်ကြိုက် မကြိုက်ကြိုက် မီးစ တစ်ဘက် ရေမှုတ် တစ်ဘက် ပေါ်လစီနဲ့ သွားနေမှာပဲ၊ ဒီအတွက် အရှေ့ခြမ်းမှာ (ဟိုတုန်းက) ဗကပ အပါအဝင်၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို အမျိုးစုံအောင် ဖွဲ့ပေး ထောက်ပံ့ပေး အကာအကွယ်ပေးနေခဲ့တာပါ ။

ကွန်မြူနစ်ဝါဒကိုexport မလုပ်တော့ဘဲ သူ့တိုင်းပြည် တိုးတက်ချမ်းသာဘို့ ဆုံးဖြတ်ခဲ့တာရယ်၊
အနောက်ဘက်ကို တွန်းပို့သလို ဖြစ်မှာစိုးတာရယ်ကြောင့်၊ နောက်ပိုင်းမှာ ဗကပ တပ်တွေ ချုပ်ငြိမ်းသွား ခြဲ့ပီး၊ ကွန်မြူနစ်စစ်သားအိုကြီးတွေ တရုတ်ပြည်ထဲမှာပဲ ခေါင်းချသွားခဲ့ကြရတယ် ။

ပြည်တွင်းမှာတော့ UG အိုတွေက ကိုယ်ရှိန်သတ်သူသတ်၊ ဆိုရှယ် အရေခြုံသူ ခြုံ၊ နိုင်ငံရေးကျောခိုင်း
သူခိုင်း၊ ကျောခိုင်းသယောင်ဆောင်သူဆောင်ပေါ့ ။

ဒါပေမဲ့ကွန်မြူနစ်ဆိုတဲ့ အမျိုးက ပေါင်းမြက်တွေလိုပဲ၊ မိုးခေါင် ရေငတ် အာဟာရပြတ်ရင် ညှိုးနွမ်း ချောက်သွေ့  ပျောက်ကွယ် မျိုးတုန်းသွားသလား ထင်ရပေမဲ့ မိုးကလေး ရွာတာနဲ့ ခေါင်းထောင် စိမ်းလန်း လာတော့တာ ။

ဒီတော့ တရုတ်ကျောထောက်နောက်ခံ မရတော့တဲ့ကာလမှာ မရှိတော့ဘူးလို့ ထင်ရလောက်အောင်
ကိုယ်ရောင်ဖျောက်ထားခဲ့ကြပြီး ရရာနေရာမှာ စိမ့်ဝင် ထိုးဖောက်လို့ အားမွေးနေခဲ့ကြတာပါ ။

ထားပါတော့ ၊ပြောချင်တာက တရုတ်အကြောင်းပါ ။
တရုတ်ဟာ ဗကပကို အားပေးအားမြှောက် မလုပ်တော့ဘူးလို့ မူဝါဒပြောင်းလိုက်တာနဲ့၊ ဗကပ ရဲ့စစ်ရေး တည်ရှိမှု ပပျောက်အောင် တပ်မတော်က အမြစ်ပြတ်ချေမှုန်းလို့ ရသွားခဲ့တာကိုပြောချင်တာပါ ။

ဒါပေမဲ့မြန်မာ အစိုးရကိုနိုင်ဖဲ ကိုင်ထားနိုင်ဘို့  သူပုန် အမယ်သစ်တွေ မွေးထုတ်၊ သူပုန် အဟောင်းတွေကို မြေတောင်မြှောက် ထိန်းချုပ်ထားပြီး လိုအပ်တဲ့ အချိန်တိုင်းမှာ ကန့်သတ် တိုက်ပွဲတွေဖန်တီး၊ အစိုးရကို စစ်ရေးအရ ဖိအားပေး ထိန်းချုပ်ထားကာ၊ သူပုန်တွေကိုတော့ ငွေ လက်နက် နယ်မြေ ခိုလှုံခွင့်တွေပေးလို့
လက်ကိုင်တုတ်အဖြစ်အသုံးချနေတာပါ ။

03 May 2018

မျိုးဆက်သစ်တွေ အတွက် ပေးခဲ့ချင်သော ကား ဗဟုသုတ အပိုင်းအစလေးများ



 မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ ။

၁။ ကားကို ကြည့်မယ်ဆိုရင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့်သက်သာ ကြည့်နိုင်သော နေရာဖြစ်ရမည်ဖြစ်ပြီး နေ့လည်ခင်း နေပူအောက်ကြည့်ရှုခြင်း ရှောင်ပါ။

အပူဒဏ် ပြင်းထန်လွန်းသဖြင့် ကားကြည့်ရှုသောအခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တက်ပါတယ်။ အပူဒဏ်သက်သာအောင် ဆိုပြီး ညနေဘက်နဲ့ မိုးချူပ်ပိုင်းတော့ ကားကြည့်ဖို့ မလုပ်ကြပါနဲ့နော် သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ။

၂။ ကားကိုတွေ့တာနဲ့ ကား ထိုင်ခုံခါးပတ်ကို ဆွဲထုတ်လိုက်ပါ ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိအကျ ရေးထားပါတယ် ဖြဲထားတာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး ။  ကြည့်တာနဲ့ တွေ့ရပါမယ်။ ကားပိုင်ရှင် ပါးစပ်က ဘယ်နှစ်ခုနှစ်ပါ လို့ အမြုတ်ထွက်အောင်ပြောနေလဲ ကျွန်တော် တို့ မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲ အလုပ် လုပ်ကြရမှာဖြစ်လို့ ကျန်တာတွေ ခဏ မေ့လိုက်ပါ။

၃။ ကားကို စက်နှိုးပါ ပြီးတာနဲ့ အဲကွန်း ဖွင့်လိုက်ပါ စက်သံသည် ဆူညံ ကျယ်လောင် တာမျိုးကို တော့ခွဲတတ်ပါစေ ပြီးလျှင် အဲကွန်းလေ အေး မအေး စစ်ပါ။

၎။ ကား အစီးတိုင်းမှာ Wheel Tax ပါပါတယ် ။ ပါတဲ့ Wheel Tax ဖရိန်နံပါတ်နဲ့ ကားမှာ တစ်ကယ်ပါ သော နံပါတ် တူညီမှု ရှိမရှိ အရင် စစ်ပါကားမှာ တပ်ထားသော ဖရိန် chassis နေရာသည်လည်း သန့်ရှင်း သပ်ရပ်နေရပါမည် ။ ဖြတ်ဆက် ဆိုလျှင် ကားဝယ်ပြီးတာနဲ့ ဆုံးသွားပါလိမ့်မည် ။ ကညန သိမ်းပါလိမ့်မည်။

၅။ ပြီးရင် ကားရှေ့ဘက်ပိုင်း ကားနောက်ဖက်ပိုင်း မီးခွက်နေရာတွေ စစ်ပါ ။ မီးလုံး အရောင်တူညီမှု ရှိမရှိ နေရာ အထိုင် မူလီတွေ မူလီရောင်ဘဲ ရှိရပါမည် ။ ကားဆေး ကူးနေခြင်း လုံးဝ မရှိစေရ မူလီက မူလီလိုဘဲ ညစ်ပတ်လို့ ရပေမယ့် ကားဘော်ဒီ ဆေးမကူးစေရ။

02 May 2018

အစိုးရ နဲ့ အင်ဂျင်နီယာ တစ်ဦး တွေ့ကြလေသောအခါ



 

 
လူတစ်ယောက် လေပူပေါင်းကြီးစီးပြီး ကောင်းကင်ထဲ ပျံနေရာကနေ ဘယ်ရောက်နေမှန်း မသိတော့တာနဲ့
လေလျှော့၊ အောက်ကို ဆင်းဖို့ လုပ်နေချိန်မှာ အမျိုးသမီးတစ်ယောက်ကို လှမ်းတွေ့လိုက်ရသတဲ့။

ဒါနဲ့ …
'အမ၊ အခု ကျနော် ဘယ်နေရာ ရောက်နေတယ်ဆိုတာ ပြောပြနိုင်မလား။ ကျနော့်မိတ်ဆွေ တစ်ယောက်နဲ့
တစ်နာရီအတွင်း တွေ့ဖို့ ကတိပေးထားတာလည်း ရှိနေလို့ ပြောပြပေးပါလား' 


'ရှင် အခုရောက်နေတာက လေပူပေါင်းကြီးပေါ်မှာပါ။
မြေပြင်ကနေ ကိုက် ၂၀ လောက်မြင့်တယ်။
လတ္တီကျု ၄၀/၄၁ ကြား၊
လောင်ဂျီကျု ၅၄/၅၅ ကြားမှာ ရှိနေပါတယ်'
လို့ အမျိုးသမီးက လှမ်းဖြေတယ်။

'အမက အင်ဂျင်နီယာ ဖြစ်ရမယ်'
'ဟုတ်ပါတယ်။ ဒါနဲ့ ရှင်က ဘာလို့
ဒီလိုပြောနိုင်ရတာလဲ'
'အမ ဖြေပုံက နည်းပညာအားဖြင့် အမှားအယွင်းမရှိ ကွက်တိပဲ။ ဒါပေမဲ့ ကျနော့်အတွက် ဘာမှ အသုံးမကျဘူး ဖြစ်နေတယ်'


အခုခေတ်ကာလ အခြေအနေတွေနဲ့ တူနေလို့



တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဆရာသမား တစ်ဦးပြောပြဘူးတဲ့ သခင်စိုး မဆလပါတီ
ဝင်မယ် ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့၂နှစ်လောက်က ကျွန်တော်ရေးခဲ့ဘူးတာ အချို မိတ်ဆွေများ မှတ်မိ မယ်ထင်ပါတယ်။

အခုခေတ်ကာလ အခြေအနေတွေနဲ့ တူနေလို့အကျဉ်းချုပ်လေးပြန်တင်ပါမယ် ။
အချိန်ကာလက ဦးနေဝင်း ဘုန်းမီးနေလ တောက်ပနေတဲ့မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်တစ်ပါတီခေတ်၊ကွန်မြူနစ် သခင်စိုးကြီးကလည်း အင်းစိန် ထောင်ထဲရောက်နေတဲ့ အချိန်၊

ဦးနေဝင်း အနေနဲ့သခင်စိုးကြီး ကိုသူနဲ့ အတူမဆလပါတီကိုဦးဆောင်ဖို့ မက်လုံးတွေ အမျိုးမျိုးပေးပြီး စည်းရုံးပေမဲ့ သခင်စိုးကြီးက ခါးခါးသီးသီး တစ်လျှောက်လုံး ညင်းနေရာက တစ်နေ့တော့ သူ လမ်းစဉ်ပါတီကို ဝင်မဲ့ အကြောင်းထောင်အာဏာပိုင်တွေကို ပြောလိုက်တယ်ဆိုရင်ပဲ အဆင့်ဆင့် သတင်းပို့လိုက်ကြတာ တစ်ခဏမကြာ ဦးနေဝင်းကြီး နားရောက်တယ် ဆိုရင်ပဲ ဦးနေဝင်းကြီးက သူ့တပည့်တွေကို ခေါ်ပြီး

"မင်းတို့ ခုချက်ခြင်း ဆရာကြီး သခင်စိုးဆီသွားတွေ့..ဆရာကြီးဟာ နိုင်ငံရေးလောကမှာ ငါတို့ဆရာ..လေးလေးစားစား ဆက်ဆံ..ဒီညပဲ ဂုဏ်ပြုညစာနဲ့ ဧည့်ခံ"..အေး ဒါပေမဲ့ ငါသိခြင်တာတစ်ခုကိုတော့ မင်းတို့မေးခဲ့၊  မက်လုံးတွေအမျိုးမျိုးပေးပြီး ငါအကြိမ်ကြိမ်စည်းရုံးတာကို ခေါင်းခါ ခဲ့ပြီး အခုမှကောက်ခါ ငင်ကာ တို့ပါတီကိုဘာလို့ဝင်ခြင်ရသလည်းဆိုတာပဲ "

ဒီလိုနဲ့ ညစာစားပွဲမှာ ဦးနေဝင်းကြီးမေးခိုင်းတဲ့ မေးခွန်းကိုသူမေးရနိုး ကိုယ်မေးရနိုး နဲ့တပည့်တွေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေတယ် ဆိုရင်ပဲ အကင်းပါးတဲ့ သခင်စိုးကြီးက..မင်းတို့ဆရာက ဘာများ မှာလိုက်လို့ လည်းဟု စကားလမ်းကြောင်း ခင်းပေးလိုက်တယ်ဆိုရင်ပဲ မျက်နှာလိုခြင်တဲ့တပည့် တစ်ပန်း အပေါင်းဟာဦးနေဝင်းကြီး အမှာတော်ပါးလိုက်တဲ့ အမေးကိုသူ့ထက်ငါ အလုအယက် မေးကြတာပေါ့ ။