29 October 2017

တိုင်းပြည် မတိုးတက်တာ ၂၀၀၈ ဥပဒေကြောင့်လား ၊ မစီမံတတ်လို့လား ...




သင် ဘယ်ပါတီထောက်ခံ ထောက်ခံ ဒီပိုစ့် ကို အချိန်နည်းနည်း ပေးပြီး ဖတ်ကြည့်လိုက်ပါ ။

တင်ပြသူ......ဥာဏ်ကျယ်လေး

၁။ နိုင်ငံ တည်ဆောက်ရေးအတွက် နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီး စီမံခန့်ခွဲကြသည်။သို့ရာတွင် နိုင်ငံတစ်ခုနှင့် တစ်ခု ထပ်တူတော့ မကျနိုင်ပေ။ 

တစ်ပါတီစံနစ်၊ ပါတီစုံစနစ်၊ ဘုရင်စံနစ် စသည်တို့ ရှိကြသလို အစိုးရအဖွဲ့ ကို သမ္မတ ဦးဆောင်သည့်စံနစ်၊ ဝန်ကြီးချုပ် ဦးဆောင်သည့် စံနစ် စသည်ဖြင့် လည်းရှိကြသည်။ 

အင်္ဂလိပ်တို့ နေမဝင် အင်ပါယာ တည်ထောင်စဉ်က ဘုရင်ခံ ခန့်၍ အစိုးရ အဖွဲ့ကို ဦးဆောင်စေသည်။

၂။ မြန်မာနိုင်ငံတွင်လည်း ပါလီမန်ခေတ် ၊ မဆလ ခေတ်၊ နဝတ ခေတ်၊ နအဖ ခေတ်၊ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး ပါတီစုံ ဒီမိုကရေစီ ခေတ် စသည်ဖြင့် တစ်ဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။ 

နိုင်ငံသားများ အနေဖြင့် ထိုခေတ်များကို မှီသူ ရှိသလို၊ အကုန် မမှီသော်လည်း "၈၈" အရေးအခင်း ပြီးနောက် မွေးဖွါးလာသူများသည် နောက်ပိုင်း ခေတ်များကို မှီသူများလည်းရှိကြသည်။

 ပြည်သူများ အနေဖြင့် အဓိက လိုလားတောင့်တသည်မှာ အေးချမ်းစွာဖြင့် သင့်တင့်သော ဝင်ငွေရသည့် စီးပွါးရေးဖြင့် ဘဝ ရပ်တည်နိုင်ရေးသာ အဓိက လိုလားကြသည်မှာ ငြင်းနိုင်မည် မဟုတ်ပေ ။ ညှင်းပမ်းနှိပ်စက်မှုမရှိဘဲ မျှတသော တရားစီရင် အုပ်ချုပ်ရေးမျိုး၊ မိမိ ယုံကြည်ကိုးကွယ်ရာ ဘာသာကို လွတ်လပ်စွာဖြင့် ကိုးကွယ်ခွင့် ရရှိရေးကိုသာ မျှော်လင့်ကြသည်။

၃။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ အတည်ပြုပြီးနောက် ရွေးကောက်ပွဲ ကျင်းပကာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲကျင့်သုံးလာသည်။ ဖွဲ့စည်းပုံ ကြိုက်သူ/ မကြိုက်သူများရှိလာ 
ပြီး သဘောထား ကွဲလွဲခဲ့ကြသည်။ 

ပုဒ် ၅၉(စ)ပြင်ဆင်ရေး လှုံ့ဆော်လာကြသည်။ နောက်ပိုင်းတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟုပြောင်းလဲ လှုံ့ဆော် ခဲ့ကြသည်။ မည်သည့်အတွက်ဖြစ်သနည်း၊ ဒေါ်စု သမ္မတဖြစ်ရန် ပုဒ်မ ၅၉(စ) က ပိတ်ပင်နေသည်ဟု သုံးသပ်ပြီးနိုးဆော်လာသည်။ ထို့နောက်ပိုင်း "နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေ" ပြဌာန်းပြီး သမ္မတ ၏
အထက် မှ စီမံနိုင်အောင် အခြေခံ ဥပဒေကို ကျော်လွှားခဲ့သည်။

၎။ ထိုနောက်....
(က) လွှတ်တော်တွင် ဥပဒေများ ပြဌာန်းခြင်း ၊
(ခ) စီးပွါရေး စီမံကိန်းများဆောင်ရွက်ခြင်း ၊
(ဂ) ပညာရေး/ ကျန်းမာရေး...စသည့် ကိစ္စများတွင် ၂၀၀၈ ဖွဲ့စည်းပုံ မည်သည့် ပုဒ်မ က အဟန့်အတား ဖြစ်နေသည် ဟု မကြားမိပါ ။ ထုတ်ဖေါ်ပြောဆိုခဲ့သည်မျိုး မတွေ့ရပါ။ 

သို့ရာတွင် လွတ်တော်တွင် ဥပဒေပြဌာန်း/ ပါယ်ဖျက်ရန် လွတ်တော်တွင် မဲခွဲစဉ်က တပ်မတော်သား အမတ်များ ကန့်ကွက်သော်လည်း အတည်ပြုနိုင်ခဲ့သည်။ ဤသို့ကြောင့် တပ်မတော် အမတ်များကြောင့်လည်း အ ခက်အခဲ မဖြစ်ခဲ့ပေ။

ဥပမာ....နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေပြဌာန်းခြင်း၊ ဧည့်စာရင်း ဥပဒေနှင့် အခြား ဥပဒေများ ပါယ်ဖျက်ခြင်း။

၅။ ထိုသို့ စီမံဆောင်ရွက်နေနိုင်သော်လည်း နိုင်ငံ ၏ စီပွါးရေး အပါအဝင် အဖက်ဖက်တွင် "နဂိုထက် အကျ ဖက်" တွင် ရောက်ရှိနေသည့်ပြင် " ပြည်ပ မှ အကူအညီများ ရနိုင်မည်၊ ပြည်ပ ရင်းနှီးမြှပ်နှံမှုများ အများ အပြား ဝင်ရောက်လာမည်၊ တိုင်းရင်းသားများ စည်းလုံး ညီညွတ်ရေး ပိုမို အောင်မြင်နိုင်မည်၊ ပညာရေး/ကျန်းမာရေးတွင် အလွန်တိုးတက် ကောင်းမွန် လာလိမ့်မည်..... စသည့်" မျှော်လင့်ချက်များ ဖြစ်မလာဘဲ " အဟောသိကံ "  ဖြစ်ခဲ့ရသည်ကို တွေ့ရသည်။


15 October 2017

ကိုယ့်ကိုယ် ကိုယ် ဘယ်လိုရောင်းမလဲ



အခုခေတ်မှာ Marketing ပညာရပ် က တော်တော်လေး ခေတ်စားလာပါတယ်။ တကယ်တော့ Marketing ပညာ နဲ့ အလုပ် လုပ်နေသူမှ မဟုတ်ပါဘူး၊ လူတိုင်း အခြေခံလောက်တော့ သိထားသင့်တဲ့ ပညာရပ် တစ်ခုလည်း ဖြစ်ပါတယ်။ စာရေးဆရာချင်း တူရင် Marketing အိုင်ဒီယာ သာတဲ့သူက လူပိုသိလေ့ ရှိသလို၊ နောက်ဆုံး ပရဟိတ လုပ်ရင်တောင်မှ ဒီပညာရပ်ကို အသုံးချပြီး လုပ်နိုင်တဲ့သူက ပို အောင်မြင် လေ့ရှိတာ တွေ့ ရမှာပါ။
ကိုယ့်ကိုယ် ကိုယ် ကုန်ပစ္စည်း တစ်ခုလို တွေးကြည့်လိုက်မယ်ဆိုရင် ကိုယ့် Brand ကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်နိုင်တဲ့သူဟာ လုပ်ငန်းခွင် မှာ၊ အလုပ် တစ်ခုကို အပြိုင်လျှောက်ကြတဲ့ အခါမှာ အများထက် ခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။
ခုလို အလုပ်အကိုင် အခွင့်အလမ်း တွေ ပေါလာတော့မယ့် အချိန်မှာ အလုပ် လိုချင်တဲ့ လူငယ် တွေ တစ်စုံတစ်ရာ ပြင်ဆင်နိုင်အောင်လို့ ကျွန်တော့် အတွေ့အကြုံ တစ်ချို့ အခြေခံပြီး ရေးလိုက်ရပါတယ်။ Target ကတော့ အလုပ် တစ်ခါမှ မလုပ်ဖူးသေးတဲ့ လူငယ် တွေကို ရည်ရွယ်ပါတယ်။
၁။ ကြိုတင်ပြင်ဆင်ပါ
အလုပ် လိုချင်တဲ့ လူငယ်တိုင်း ကြိုတင်ပြင်ဆင် ရမှာ (၂) ခု ရှိပါတယ်။
နံပါတ်တစ် က ကိုယ့်မှာ ဘယ်လို အရည်အချင်း တွေ၊ အားသာချက်တွေ ရှိတယ်၊ ဘယ်လို အလုပ် မျိုးမှာ ထူးချွန်တယ်၊ ဘယ်လို အလုပ် ကို ၀ါသနာပါတယ် စသဖြင့် အရင်ဆုံး ဆန်းစစ်ဖို့ လိုပါတယ် ။ ခေါ်သမျှ 
အလုပ် ကြုံသလို ၀င်လျှောက်နေလို့ မရပါဘူး။ အလုပ် မှာ အောင်မြင်ချင်တယ်၊ ပျော်ရွှင်ချင်တယ်ဆို အလုပ် က ကိုယ့်ကို ရွေးတာမျိုး မဖြစ်ပါစေနဲ့၊ ကိုယ်ကပဲ အလုပ် ကို ရွေးပါ။
နောက်တစ်ခုကတော့ အဆက်အသွယ် အရေးကြီးပါတယ်။ လူလူချင်းအပြင် ခုနောက်ပိုင်း ခေတ်စားလာတာဆို လူမှုကွန်ရက်၊ အထူးသဖြင့် LinkedIn လိုဟာမျိုးမှာ ကိုယ့်အကြောင်းကို သေသေချာချာလေး ပြင်ဆင်ပြီး ဖော်ပြထားနိုင်ဖို့ လိုပါတယ်။
၂။ အလုပ်ခေါ်စာ ဖတ်ရှုခြင်း
ကျွမ်းကျင်တဲ့ HR သမား တစ်ယောက် ရှိတဲ့ အဖွဲ့အစည်း ဟာ Vacancy announcement ကို စိတ်ဝင်စားစရာ နဲ့ ပြတ်ပြတ်သားသား ဖြစ်အောင် ထုတ်ပါတယ်။ သူတို့ လိုချင်တဲ့ အတွေ့အကြုံ နဲ့ အရည် အချင်းတွေ၊ လုပ်ရမယ့် အလုပ်တာဝန်တွေ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။

အဲဒါကို သေသေချာချာဖတ်ပြီး ကိုယ်နဲ့ သင့်တော်တယ် မသင့်တော်ဘူး စဉ်းစားစေချင်တယ်။ အဖွဲ့နာမည်မသိ၊ ခေါ်တဲ့ရာထူးမသိ၊ လုပ်ရမယ့်အလုပ်မသိဘဲ ဒီမှာ အလုပ် ခေါ်တယ် ကြားလို့ လာလျှောက်တယ် ဆိုတာမျိုးက impression ကျစေပါတယ်။
ဒီအလုပ်၊ အဖွဲ့အစည်း၊ အဲဒီမှာ ကြုံတွေ့ရမယ့် လုပ်ငန်းခွင် အခြေအနေ တွေ စသဖြင့် စုံစမ်းပါ။ စိတ်တိုင်းကျပြီဆိုမှ အလုပ် လျှောက်ဖို့ ဆုံးဖြတ်ပါ။ ထပ်ပြောပါရစေဦး၊ အလုပ်က ကိုယ့်ကိုရွေးတာမျိုး မဖြစ်ပါစေနဲ့၊ ကိုယ်ကပဲ အလုပ် ကို ရွေးပါ။


အင်တာနက် ကနေ အသေးစား စီးပွားရေး လုပ်တော့မယ်ဆိုရင်



အင်တာနက်ကနေ အသေးစား စီးပွားရေးလုပ်ငန်းတွေ လုပ်တော့မယ်ဆိုရင် မိမိ ကိုယ်ပိုင် ဝက်ဘ်ဆိုက်ထောင်ထားပါ ။ ရောင်းချမယ့် ထုတ်ကုန်နဲ့ ပတ်သက်တဲ့ ပုံ၊ အကြောင်းအရာတွေကို သုံးစွဲသူတွေရဲ့ အီးမေးလ် ဆီ အမြဲပို့ပေးနေပါ။ Boost လုပ်ပါ။

ဝက်ဘ်ဆိုက်မှာ ဆိုရင်လည်း နောက်ခံ ဘက်ဂရောင်း အဖြူရောင်ပေါ်မှာ မိမိရဲ့ လုပ်ငန်းနာမည်ကို ဖောင့်စာလုံးကြီးကြီးနဲ့ ရှင်းနေအောင် တင်ထားပါ။ ဝင်ရောက်တဲ့ Home/about us ပေ့ခ်ျတိုင်း ကို တစ်ခုနဲ့တစ်ခုအနည်းငယ် ကျဲပြီး ပေ့ခ်ျ တစ်ခုတိုင်းကို ဝင်လိုက်တိုင်း အကြောင်းအရာတွေကို ရှင်းအောင်ဖော်ပြထားပါ။ 
ဂရပ်ဖစ်၊ အော်ဒီယို၊ ဗီဒီယိုကို သာသုံးပါ။

အီးမေးလ်ကနေ ကြော်ငြာတာ သုံးစွဲသူတွေဘက်က မိမိ ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်တဲ့အခါ ၀င်လာတဲ့ အီးမေးလ်တွေ စုဆောင်းထားပါ ။ opt-in list တွေကို တည်ဆောက်ထားပါ ။ ရှိသမျှ အီးမေးလ် အကောင့်တွေ ကို မိမိရဲ့လုပ်ငန်း ထုတ်ကုန်အကြောင်းကိုသေချာ ရှင်းပြ မိတ်ဆက်ပြီး အီးမေးလ်ပို့ပါ။

အီးမေးလ် နဲ့ မာကတ်တင်း လုပ်ဆောင်တာက လက်ကမ်းစာစောင်တွေ၊ တီဗီ ချန်နယ်တွေနဲ့ ရေဒီယိုတွေကနေ ကြော်ငြာတာထက် ပိုပြီး ထိရောက်မှုရှိကာ အချိန်ကုန် လူပင်ပန်းငွေကုန် သက်သာစေတဲ့ နည်းဖြစ်ပါတယ်။

အီးမေးလ် ပို့မယ်ဆိုရင် ကိုယ့်ရဲ့ ထုတ်ကုန်ကို ဆွဲဆောင်မှု ရှိစေတဲ့ logo ဒီဇိုင်းနဲ့ ရုပ်ပုံ အပါအဝင် ပို့ပါ ။ 
စာချည်းပဲ သီးသန့် မပို့ပါနဲ့။ ကုန်ပစ္စည်းအသစ် ရောင်းမယ်ဆိုတိုင်း ဝက်ဘ်ဆိုက် လင့်ခ်နဲ့ တွဲလျက် အမြဲပို့ပါ။


မိမိရဲ့ ဝက်က်ဆိုက်ထဲ ဝင်ရောက်လာနိုင်အောင် ဆွဲဆောင်မှု ရှိတဲ့ animation ဗီဒီယိုလေးတွေနဲ့ ကြော်ငြာ တစ်ခု လုပ်ပြီး ချက်ဘောက်စ်တွေကနေ ပို့ပေးနေပါ။


ရုတ်တရက် နှလုံးရောဂါ ဖောက်လာရင် တစ်မိနစ်အတွင်း အသက်ကယ်နည်း



ရုတ်တရက် နှလုံးရောဂါ ဖောက်လာခြင်း (Heart Attack) ဟာ များသောအားဖြင့် အဟာရ ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်ပါတယ်။
အစားအစာ တွေကို စားနေပေမယ့်လည်း အဟာရဓါတ် မပြည့်ဝတဲ့ အစားအစာ တွေ ဖြစ်တတ်ပါတယ်။
အဲဒီအတွက် နှလုံးရောဂါ ဖောက်လာတဲ့အခါ နှလုံး ပုံမှန်အလုပ် ပြန်လုပ်ဖို့ အတွက် တစ်ကယ့် အစာ 
အဟာရ ကဲ့သို့ စွမ်းဆောင်နိုင်မယ့်အရာကို ချက်ခြင်း ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။
ဒေါက်တာ ဂျွန်ခရစ္စတိုဖာ က သူ့ရဲ့ လုပ်သက် ၃၅ နှစ်လုံးလုံး Heart Attack လူနာတွေကို ဖော်ပြပါနည်းနဲ့ ကယ်တင်ခဲ့ရာမှာ အားလုံး အသက်ရှင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ နည်းလမ်းကတော့ ရေနွေးကြမ်းပူပူ တစ်ခွက်ထဲကို ငရုပ်သီး အစိမ်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ရောမွှေပြီး လူနာကို တိုက်လိုက်တာဖြစ်ပါတယ်။
ဒီနည်းနဲ့ လူနာဟာ တစ်မိနစ် အတွင်းမှာ ပုံမှန်ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။


14 October 2017

ဘင်္ဂါလီများ နိုင်ငံသားဖြစ်ရေး ကုလသမဂ္ဂ၏ တွန်းအားပေးမှု မှားယွင်းဟုဆို


မြန်မာနိုင်ငံရှိ ဘင်္ဂါလီ (ရိုဟင်ဂျာ ဟု မူရင်းဖော်ပြထား) များ၏ အခွင့်အရေးများကို ကာကွယ်ပေးရမည်  ဖြစ်သော်လည်း ၎င်းတို့နိုင်ငံသားဖြစ်ရေးအတွက် ကုလသမဂ္ဂ၏ တွန်းအားပေးမှုသည် မှားယွင်းကြောင်း မြန်မာ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူ ကက်သလစ် ဘုန်းတော်ကြီး James Mawdsley က ပြောသည်။ 

ဆက်လက်ပြီး ၎င်းက အနောက်အုပ်စု အစိုးရများ၊ NGOs များနှင့် မီဒီယာများ၏ တုံ့ပြန်မှုသည် အလွဲလွဲ အချော်ချော်ဖြစ်နေသည်ဟုလည်း ပြောကြားသည်။ အနောက်အုပ်စုတွင် ဖြစ်ပေါ်နေသော ထင်မြင် ယူဆ
ချက်၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂသည် ဘင်္ဂါလီ ထောင်ပေါင်းများစွာအား နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာနိုင်ငံကို စဉ်ဆက် မပြတ် ဖိအားပေးနေကြောင်း၊ 

ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးအဖွဲ့ကလည်း နိုင်ငံသားဖြစ်ခွင့်ပေးရေးအတွက် ဥပဒေ အပြောင်းအလဲ တစ်ရပ်ပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း၊ လန်ဒန်မြို့မှ သည် ၀ါရှင်တန်ဒီစီ အထိ လော်ဘီများ က ဤအဆိုပြုချက် အပေါ် ကျယ်ကျယ်ပြန့်ပြန့် လိုလား ထောက်ခံနေ ကြကြောင်း James Mawdsley က ပြောကြားခဲ့သည်။

ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ရန် တွန်းအားပေးနေသည့် ပြင်ပ အင်အားစုများ အနေနှင့် အတိတ်မှ အမှားများ၏ တစ်ခုကို သင်ခန်းစာ ယူသင့်ကြောင်း၊ ဗြိတိသျှအင်ပါယာသည် အိန္ဒိယ တိုက်ငယ်တွင် ခွဲခြားအုပ်ချုပ်မှု၏ ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုရှိသည့် မဟာဗျူဟာ တစ်ရပ်ကို ကျင့်သုံးခဲ့ကြောင်း၊ 

ဤမဟာ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံသည် အိန္ဒိယ၊ မူဆလင် အမြောက်အမြားကို မလွှဲမရှောင် သာလက်ခံခဲ့ရ ကြောင်း၊ ခုအခါ ကမ္ဘာကြီးသည် ပိုမိုကြီးမားသော လူအုပ်စုကြီး တစ်ခု စုပြုံကျလာမှုကို မြန်မာနိုင်ငံ အနေနှင့် လက်ခံရန် ကြိုးပမ်းနေကြောင်း၊ 

ဤအချက်သည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် အမှတ်အသားကို ခြိမ်းခြောက် အန္တရာယ်ပြုရာရောက်ကြောင်း၊ အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုနေကြကြောင်း ၎င်းက ပြောကြားသည်။



ဆိုးရော့စ် (သို့မဟုတ်) အမွှေးရှည် လက်မည်းကြီး



George Soros ဟုဆိုလျှင် မသိသူ အတော် ရှားမည်ဟု ဆိုရလိမ့်မည် ။ စီးပွားရေးလောက တွင်သာမက နိုင်ငံများစွာ ၏ နိုင်ငံရေးလောကတွင်ပါ သတင်းဆိုးဖြင့် ကျော်ကြားခဲ့သူဖြစ်၏ ။ အမေရိကန် ၏ လက်ရှိ သမ္မတ Donald Trump သည် ဆိုးရော့စ် ကို အပြီးတိုင် ချေမှုန်းပစ်မည့်သူ၊ နိုင်ငံတော်၏ ရန်သူ "The Enemy of the State" ဟု ကင်ပွန်းတပ်ခဲ့ပြီး ဆိုးရော့စ် နဲ့ ပတ်သက်သည့် ရာဇဝတ်မှု မကင်းသည့် လုပ်ရပ်များကို စတင်ဖော်ထုတ်နေသည်။ ရုရှားသမ္မတ ပူတင် ကလည်း “ အသေရရ-အရှင်ရရ ” (Dead or alive) ဟု ရာဇသံ ထုတ်ခံနေရသူဖြစ်၏။

အဘယ်ကြောင့် ဆိုးရော့စ် အနေဖြင့် ဤမျှလောက် ပစ်မှတ်ဖြစ်လာခဲ့ရသနည်း ...  ?

ဆိုးရော့စ် ဆိုတာ

အသက် (၈၇) နှစ် ရှိပြီဖြစ်သော ဆိုးရော့စ် ကို ဘူဒါပတ် (ဟန်ဂေရီ) တွင် ၁၉၃ဝ ၌ မွေးဖွား ခဲ့သည်၊ ဂျာမန်နာဇီလက်အောက်တွင် ကြီးပြင်းခဲ့ရသော ဆိုးရော့စ် ၏ ဖခင်မှာ ရှေ့နေ တစ်ဦးဖြစ်ပြီး ၊ ပထမ ကမ္ဘာစစ် အတွင်း စစ်သုံ့ပန်းဖြစ်ခဲ့သည်။

ကမ္ဘာစစ်အပြီး ဂျူး ဆန့်ကျင်ရေးတွင် ဖခင်ဖြစ်သူက “ ဂျာမန်-ဂျူး ” အမည်ဖြစ်သော Schwartz မှ ဟန်ဂေရီအမည်ဖြစ်သော Soros အဖြစ် ပြောင်းလဲခဲ့ရာမှ သားဖြစ်သူက George Soros ဟူ၍ ဖြစ်လာခဲ့သည် ။ ဆိုးရော့စ် သည် ဂျူး လူမျိုးတစ်ဦး ဖြစ်ပါသော်လည်း အစ္စရေးထက် သူမွေးဖွားခဲ့ရာ ဟန်ဂေရီနိုင်ငံ အပေါ်မှာသာ သစ္စာရှိသူဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် အင်၈ျမင်နေတန်ယာ က မှတ်ချက် ပြုဖူးခဲ့သည် ။ (မွေးဖွားကြီးပြင်းခဲ့ရာနိုင်ငံအပေါ် သစ္စာစောင့်သိခဲ့ခြင်းကို အတုယူနိုင်ဖွယ်ရာ ဖြစ်သည်။)

ဆိုးရော့စ် ၏ ငယ်ဘဝမှာ ရုန်းကန်ခဲ့ရ၏။ သို့သော်လည်း (၁၇) နှစ်သား အရွယ် (၁၉၄၇) တွင် အင်္ဂလန်သို့ပြောင်းရွှေ့ခဲ့ရပြီး Landon School of Economics တွင် စီးပွားရေး ပညာ တက်ရောက် သင်ကြားခွင့်ရ ခဲ့ခြင်းသည် တစ်ချိန်တွင် Bank of England ကျဆုံးဖို့ ဖြစ်လာခဲ့သည်။ အင်္ဂလိပ် တို့၏ ပညာကိုသင်ခဲ့သော ဆိုးရော့စ် သည် အင်္ဂလိပ်တို့ ကို ကောင်းစွာ ကျေးဇူးဆပ်ခဲ့၏။

၁၉၉၂ ခုနှစ်တွင် Black Wednesday ဟူ၍ အင်္ဂလန်တွင် ပြောစမှတ် ဖြစ်ခဲ့သည်။ ဆိုးရော့စ် ၏ငွေကြေး ကစားမှုကြောင့် နှစ်ပေါင်း (၁၅ဝ) ခန့်မျှ သက်တမ်း ရှည်ခဲ့သော Bank of England သည် တစ်ပတ်အတွင်း ပြိုလဲသွားခဲ့သောကြာင့် ဖြစ်သည်။ လန်ဒန် ၏ ငွေကြေးဈေးကွက် အလဲလဲ အပြိုပြို ဖြစ်ခဲ့ရပြီး ၊ ဥရောပငွေကြေးဈေးကွက်မှ နုတ်ထွက်လိုက်ရတော့သည် ။ ဆိုးရော့စ် က ဒေါ်လာ (၁) ဘီလီယံ အမြတ်ထွက်ခဲ့ သည် ။

ယခုအခါ ဆိုးရော့စ် သည် ကမ္ဘာနိုင်ငံရေး အတော်များများတွင် ပါဝင် ပတ်သက်နေသည်၊ နိုင်ငံ များစွာကို 
ဒုက္ခပေးခဲ့၏ ။ နောက်ဆုံး အမေရိကန်နိုင်ငံရေးကိုပင် သူလိုရာ ပုံသွင်းနိုင်ရေး ကြိုးစား ခဲ့၏။ သို့သော်လည်း အမေရိကန်နိုင်ငံရေး၊ စီးပွားရေးကို ချုပ်ကိုင်ထားသော ဂျူး အုပ်စုကိုတော့ မကျော် နိုင်ခဲ့ ။

အမေရိကန်သမ္မတ ဘုရှ် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ကို အားပေးခဲ့မှုတွင် တစ်ကြိမ်၊ ၂ဝ၁၆-ရွေးကောက်ပွဲတွင် ထရမ့် ၏ ပြိုင်ဘက် ဟီလာရီ ဘက်မှ ကြီးကြီးမားမား ပံ့ပိုးမှုတွင် တစ်ကြိမ် ၊ ဆိုးရော့စ် ကျဆုံးခဲ့သည်၊ နိုင်ငံငယ်များကို သွန်လိုသွန်၊ မှောက်လိုမှောက်ခဲ့သော ဆိုးရော့စ် သည် အမေရိကန် နိုင်ငံရေးတွင် တောင်ဖြိုရန် ကြံခဲ့ပါသော်လည်း ခါချဉ်ကောင် ခါးမသန်ခဲ့၊ သူ့ထက်စွမ်းသော သူများကို မကျော်လွှားနိုင်ခဲ့ချေ။

နိုင်ငံငယ်များ နောက်က အမွှေးရှည် လက်မည်းကြီး

နိုင်ငံငယ် များ၏ နိုင်ငံရေး ဇာတ်ညွှန်းကို ပူးတွဲရေးသားသူမှာ ဆိုးရော့စ် ဖြစ်၏ ။ သမ္ဘာရင့်{သရဲလွန်} သ
ဘက် အဆင့်ဖြစ်သဖြင့် ထို လက်မည်းကြီးမှာ အမွှေးအတော်ရှည်၏ ။ အာရှနိုင်ငံများကို အတော် ဒုက္ခပေးသွားခဲ့ရုံသာမက ယူကရိန်းနိုင်ငံရေးတွေမှာပင် ပါဝင် ပတ်သက်ခဲ့သူ ဖြစ်သဖြင့် ပူတင်နှင့် ထိပ်တိုက် တိုးခဲ့သည် ။ ပူတင်က ဆိုးရော့စ်ကို နိုင်ငံ၏ ရန်သူ၊ "The Enemy of State" ဟု ကင်ပွန်းတပ်ပြီး၊ ထရမ့်-ဟီလာရီပြိုင်ပွဲတွင် တစ်ကြိမ်ထပ် တွေ့ကြလိုက်သေးသည် ။

အမှန်တစ်ကယ် ဆိုရလျှင် ဆိုးရော့စ် သည် နိုင်ငံများ၏ ရန်သူ "Enemy of States" ဖြစ်ပါ၏ ။ ဆိုးရော့စ်ကြောင့် ဒုက္ခရောက်သွားကြသည့် နိုင်ငံများ မနည်းပါးတော့ချေ။


12 October 2017

စစ်သား ပီသသူများ တိုက်ကြတဲ့ စစ်ပွဲ (သို့) မဲသဝေါ တိုက်ပွဲ


၁၉၈၈ အရေးအခင်း ကာလအတွင်း မြန်မာနိုင်ငံ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်စီးနေချိန်ကာလ အတွင်း ဗကပ ကွန်မြူနစ် တို့က ရှမ်းပြည်နယ် အရှေ့ပိုင်းမှ မိုင်းယန်း ကို လည်းကောင်း၊ KNU တို့က မဲသဝေါ ကိုလည်းကောင်း တစ်ချိန်တည်း တစ်ပြိုင်တည်း ချိန်ကိုက် တိုက်ခိုက်ကြခြင်းဖြင့် မြန်မာ့ စစ်သမိုင်းတွင် ရက် အရှည်ကြာဆုံး မဲသဝေါ တိုက်ပွဲကြီး စတင်ဖြစ်ပွားလေသည်။

တိုက်ပွဲ စတင်ဖြစ်ပွားခြင်း ၊

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့


မဲသဝေါစ ခန်းကြီး တစ်ခုလုံးအား ဒုဗိုလ်မှူးကြီး သီဟသူရကျော်ညွန့် ဦးစီးသည့် အမှတ် (၇၆)ခြေလျင်တပ်ရင်းက စခန်းထိန်း တာဝန်ယူထားရသည့် အချိန်ကာလ။


တပ်ရင်း တစ်ရင်းလုံး ဆိုသော်လည်း တပ်ခွဲ တစ်ခွဲမှာ ရှမ်းရွာသစ် ဆီသို့ ခရီးသွားနေရသဖြင့် ထိုအချိန်က မဲသဝေါ၌ တပ်ခွဲ ၄ ခွဲ မျှသာရှိ၏ ။ ထို တပ်ခွဲလေးခွဲအား မဲသဝေါ စခန်းအသီးသီး၌ ဖြန့်ခွဲ နေရာချထားရ၏။


စက်တင်ဘာ ၂၇ ရက်နေ့ နံနက်တွင် KNU အင်အား ၆၀၀ ခန့်သည် အံ့ကျော်ကုန်း ၏ ရှေ့ကာ တပ်စုအား လက်နက်ကြီး ပစ်ကူများဖြင့် တရစပ် ရုတ်တရက် အတင်းဝင်ရောက် တိုက်ခိုက်ကြတော့၏။


တစ်ချိန်တည်း တစ်ပြိုင်တည်း မှာပင် အင်အား ၁၀၀၀ ခန့်က ကဆာနလီကုန်း နှင့် မဲသဝေါ ပင်မစခန်းကြီးအား လက်နက်ကြီး ပစ်ကူများနှင့် အတင်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ KNU တို့သည် မြောက်ဘက်ရှိ ကုန်းများမှ ဝင်ရောက် တိုက်ခိုက်ကြသည်သာ မက သောင်းရင်းမြစ်ကြောင်းကို အသုံးပြုပြီး စက်လှေများ ၊ မော်တော်များဖြင့် တပ်များ စေလွှတ်ကာ မဲသဝေါအား လေးဘက် လေးတန်မှ ဝိုင်းဝန်း တိုက်ခိုက်ကြလေ သည်။ 


၎င်းတို့၏ အင်အားများမှာ KNU တပ်မ (၁) ကွပ်ကဲမှုအောက်မှ အမာခံ တပ်မဟာများသာ မက မဒတ (အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု) တပ်ဖွဲ့များပါ ပါဝင် တိုက်ခိုက်ခြင်းဖြစ်လေရာ တိုက်ပွဲ အစမှာပင် အင်အား ၂၀၀၀ ( ၅၀၀၀ ခန့် ရှိသည်ဟုလည်း သိရသည် ) ကျော်မျှ ရှိခဲ့လေသည်။

KNU တို့က သာလွန် အင်အားနှင့် အငိုက်ဖမ်း တိုက်ခိုက်သောကြောင့် ထိုနေ့မှာပင် အံ့ကျော်ကုန်း ၊ ပွိုင့် ၉၆၂ ၊ ကဆာနလီကုန်းနှင့် မဲသဝေါ ပင်မစခန်းကြီးတို့ ကျဆုံးသွားခဲ့ပြီး တပ်ရင်းမှူးနှင့် ရတခလရ ၇၆ အင်အားစုများမှာ မောရလီတောင်ကျောကို စွန့် ခွာ စစ်ဆင်ကာ ရန်သူကို ခုခံခဲ့ကြရ၏။


ဆုတ်ခွာသွားသော တပ်ဖွဲ့များအား KNU တပ်များက မောရလီတောင်ကျော၌ ဝိုင်းပတ်ပြီး တိုက်ခိုက်ကြပြန် ၏။ လက်နက်ကြီးများကို မိုးသီး မိုးပေါက် ပမာ ပစ်ခတ်ကြ၏။




08 October 2017

ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက်ကိစ္စ ဖြေရှင်းကြစဉ်က



ဘင်္ဂလားဒေ့ရှ် နဲ့ ရေပိုင်နက် ကိစ္စ ဖြေရှင်းကြစဉ်က မြန်မာဘက်က တိုင်းတာရေး ပညာရှင် အဖြစ်ဆောင် 
ရွက် ခဲ့တဲ့ ရေတပ် တိုင်းတာရေးတပ်မှုး ဗိုလ်မှူးချုပ် မင်းသိမ်းတင့် (ဗိုလ်ရွှေမင်းသိမ်း) ရဲ့ အတွေ့ အကြုံ အကျဉ်း ရေးသားထားချက်ကို ပြန်လည်ဝေမျှ တင်ပြပေးလိုက်ပါတယ် ။

ဘကုန်း အကြောင်း သိမှတ်ရန် ၊

စာမရေးဖြစ်တာကြာပါပြီ ။ ရေးစရာပေါ်လာတော့ ရေးမှဖြစ်မယ် ဆိုပါတော့ ။ ဘကုန်း အကြောင်းပါ ။


စင်္ကာပူကို စလုံး ၊ ယိုးဒယား ကို ယပလက် ၊ ကိုရီးယား ကို ကကြီး လို့ ကျွန်တော် တို့ ရွှေမြန်မာတွေက ခေါ်နေ ကြမို့ ဘင်္ဂလားဒေ့ရှ် ကို ဘကုန်းပေါ့ဗျာ၊ ဘကုန်း အကြောင်းတော့ ကျွန်တော့် လုပ်ငန်း တာဝန်နဲ့ ဆက်စပ်ပြီး ဆက်ဆံရ၊ ငြင်းခုံရ၊ တရားရုံးရင် ဆိုင်ရမို့ သူတို့စရိုက်၊ သူတို့ အထာလေးတွေ သိသလောက် အ များ သိအောင်ဝေငှပေးတဲ့ သဘောပါ။

သူတို့နဲ့ ကျွန်တော်တို့ ပင်လယ်ပြင် နယ်နိမိတ် ခွဲခြားသတ်မှတ်ရေး ကိစ္စမှာ ကျွန်တော် က မြန်မာနိုင်ငံဘက်က နည်းပညာပိုင်း ကျွမ်းကျင်မှု ကော်မတီဥက္ကဌ တာဝန်ယူခဲ့ရပါတယ် ။ ရေတပ်တိုင်းတာရေး တပ်မှူး ဆိုတော့ လည်း လူကြီးတွေကလည်း တာဝန်ပေးခဲ့တာပါ ။


တစ်ကယ်တော့ တပ်မှူးတာဝန် မယူခင်ကတည်းက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ၁၉၇၄ ခုနှစ်က စပြီး ဒီနယ်နိမိတ် ကိစ္စကို သတ်မှတ်ဘို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ၁၉၈၆ ခုနှစ်ထိ အကြိမ်ပေါင်း (၈) ကြိမ် ဆွေးနွေး ခဲ့ကြပါတယ် ။ 

၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ (၆) ကြိမ် ထပ် ဆွေးနွေးပါတယ် ၊ အဆင်မပြေပါဘူး ။ သူတို့ လိုချင်တဲ့မျဉ်း သူတို့တောင်း ၊ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ လိုချင်တဲ့မျဉ်း ကိုယ်တောင်းပေါ့ ။ အပြန် အလှန်ပေါ့ဗျာ ။ ဒါပေမဲ့ နိုင်ငံ တစ်ကာမှာ ကျင့်သုံးတဲ့၊ လက်ခံတဲ့ နည်းစနစ်ဖြစ်ရပါမယ် ။ ဒီမှာလည်း ကုလသမဂ္ဂ ဆိုင်ရာ ပင်လယ်ပြင် ဥပဒေက သတ်မှတ်ချက် တစ်ခုက တရားမျှတမှု ရှိရမယ်ဆိုတဲ့ အချက် ပါတာပေါ့လေ ။ 

ဒီအချက်ကို သူတို့က ကိုင်ပြီး သူတို့ဟာ အိန္ဒိယနိုင်ငံ နဲ့ မြန်မာနိုင်ငံကြား ခွက်ဝင် နေတဲ့ ကမ်းရိုးတန်း ပုံစံ ရှိနေ တာမို့ နိုင်ငံတစ်ကာ လက်ခံတဲ့ အကွာအဝေး မျဉ်းတူနဲ့ ပိုင်းခြားရင် နစ်နာပါတယ် ။ မြန်မာနိုင်ငံဟာ 
ကမ်းလွန် ရေတိမ်ပိုင်း ပိုင်ဆိုင်ခွင့် မရှိပါဘူး ။ 

ပင်လယ် အောက်ခံကြမ်းပြင်က မြေသား အနည် အနှစ်တွေဟာ သူတို့မြစ်တွေက မြောက်ဘက်မှ တောင်ဘက်ကို အနည်ကျလို့ ဖြစ်လာတာမို့ သူတို့ ပိုင်ဆိုင်တာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း က ကျတဲ့ အနည် အနှစ် မဟုတ်ဘူးပေါ့ ။ ဒါကြောင့် ရခိုင် ကမ်းရိုးတန်းရှေ့က ရေပြင်ဟာ မြန်မာနိုင်ငံ မပိုင်ဘူးလို့ ဆိုပါ တယ်။

ဒီမှာတင် ကျွန်တော်တို့ ဘူမိဗေဒ ပညာရှင်တွေက သမုဒ္ဒ ရာကြမ်းပြင် Plate အချပ်တွေ နဲ့ စာတမ်းတွေ နဲ့ 
ရှင်းပြရတယ် ။ ကမ္ဘာ့နိုင်ငံတွေ ဘေးချင်း ကပ်နိုင်ငံတွေကို နိုင်ငံတစ်ကာ တရားရုံးက သတ်မှတ်ပေးတဲ့ အကွာ အဝေးတူ မျဉ်းစနစ်နဲ့ သတ်မှတ်ပေးခဲ့တဲ့ Case များစွာနဲ့ တင်ပြရပါတယ် ။


နတ်မြစ်ဝ အပြင်ဘက်မှာ သူတို့လိုချင်တဲ့ မျဉ်းအတိုင်း မြန်မာ-ဘကုန်း နယ်နိမိတ်မျဉ်း ရှိ တယ် ဆိုတာ ဒေသခံသူတို့ ငါးဖမ်းလှေတွေ သိကြောင်း၊ ငါးမဖမ်းမီ သူတို့ ရေတပ် အရာရှိတွေ ကပြောကြားပြီး လက်မှတ် ထိုးစေကြောင်း စာရွက် စာတမ်းတွေနဲ့ ခုံရုံး တင်ပါတယ် ။ ကျွန်တော်တို့ ဘက်က စစ်လိုက်တော့ ငါးဖမ်းသမားအားလုံးရဲ့ လက်ရေးတွေ အားလုံး တူနေတာ၊ ငါးဖမ်းသမား မွေးသက္ကရာဇ်က မနှစ်ကမှ ဖြစ်နေတာတွေ နဲ့

 ပြန်တင်ပြတော့ အရှက်ကွဲကုန် တာပေါ့ ။

အခု ရခိုင် ကိစ္စမှာလည်း သတိပြုစရာပါ...ကလိမ်ကကျစ်တွေပါ ။ သူတို့မှာ ကျွန်တော်တို့ကို မနာလို မရှု့စိမ့်တာတွေရှိပါတယ် ။ .နေပြည်တော်မှာ သူတို့ လာတည်းပြီး ဆွေးနွေးပွဲ လုပ်တဲ့ အခေါက်ကဆို ကျွန်တော့် Countepart ကပြောတယ်...“ကြည့်စမ်းပါ အုံး...အဆောက်အဦ အသစ်တွေနဲ့ မြေ အကျယ်ကြီးနဲ့ မင်းတို့နိုင်ငံက တို့ထက် (၃) ဆကြီးပြီး တို့လူဦးရေက မင်းတို့ထက် (၃) ဆ များတယ် ။ 


မုန်တိုင်း၊ ရေကြီးတာ တို့ဆီမှာ နှစ်စဉ်ဘဲ...” ဆိုပြီး မနာလိုသံ တစ်ဝက် ညည်းသံ တစ်ဝက် နဲ့ ပြောနေတာမို့. ..ဘုရားပေးတဲ့ အတိုင်းရတာ ကံတရားပေါ့ကွာလို့ ပြောပစ်လိုက်တယ် ။ တစ်ကယ်တော့ ဒီခုံရုံး ရောက်ရတာ လဲ .ငြိမ်းချမ်း စွာ ညှိနှိုင်းဖြေရှင်းနေတုန်းမှာ...ဘာမပြော ညာမပြော အနုညာတ ခုံရုံး (Arbitration) နဲ့ ဖြေ ရှင်းမယ် ဆိုပြီး လှမ်းညှိပါတယ်။ သူတို့က ဒီလို အကျင့်မျိုးပါ။ 



05 October 2017

၁၃၆ မျိုး သော တိုင်းရင်းသား အဖြစ် ပုံဖော် ဖန်တီး ကာ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရလိုမှု ပေးနိုင်ခြင်း မရှိကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြော



မြန်မာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး တွင် မပါဝင်သည့် ရိုဟင်ဂျာ ကို ၁၃၆ မျိုး သော တိုင်းရင်းသား အဖြစ် ပုံဖော် ဖန်တီးကာ နိုင်ငံသား တိုက်ရိုက် ဖြစ်ခွင့် ရှိအောင် ဆောင်ရွက်နေ မှုနှင့် တိုက်ရိုက်နိုင်ငံသားဖြစ်မှု နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရလိုမှုကို ပေးနိုင်ခြင်း မရှိကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အောက်တိုဘာ ၃ ရက် တွင်ပြော သည်။


မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံ အမတ်ကြီး H.E. Mr. Paul R. Seger အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ဆွေးနွေးပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က သတင်း ထုတ်ပြန်သည်။

နိုင်ငံတိုင်းတွင် နိုင်ငံသားဖြစ်ခွင့် ဥပဒေများ ရှိပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံသား ဖြစ်ခွင့် ဥပဒေရှိကြောင်း၊ ထို့ကြောင့် ဘင်္ဂါလီများ အနေဖြင့် ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဥပဒေအတိုင်း လိုအပ်သည့် စိစစ်မှုများနှင့် NVC ကတ် ကို လက်သင့်ခံရန် လိုအပ်ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားခဲ့သည်။


ရေဗူးတွေကို ထပ်တစ်လဲလဲ သုံးနေသူတွေ ဒါလေးတော့ ဖတ်ထား သင့်ပါတယ်



ကျွန်တော်တို့တွေ နေ့စဉ်တိုင်း လိုလိုမှာ ရေသန့်ဗူးတွေကို အမြဲ တစ်စေ ဝယ် မသောက်နိုင်လို့ တစ်ခါ ဝယ်ပြီးတဲ့ ရေဗူးတွေကို ထပ်တစ်လဲလဲ အသုံးပြုလေ့ရှိပါတယ်။ ဒါဟာ မှားယွင်းတဲ့ အလေ့အထပါ။

ဒါ့အပြင် ကျွန်တော် အမြဲပြန်သုံးနေတဲ့ ရေသန့်ဗူးတွေမှာပါ အမြဲ မသုံးသင့်တဲ့ သတိပေးချက်လေးတွေ ပါဝင်နေတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင် သတိ မထားတာပါ။ ဒီအကြောင်းလေးကို ဖော်ပြပေးသွားချင်ပါတယ်။

ရေသန့်ဗူးတွေရဲ့အောက်ခြေ အနီးတစ်ဝိုက်မှာ 1 (PET သို့မဟုတ် PETE) ဆိုတာလေးကို တစ်ချက်လောက် ရှာဖွေကြည့်လိုက်ပါ။ ကျွန်တော်လေ့လာရသလောက် ဒီနိုင်ငံက ရေသန့်ဗူး တော်တော် များများမှာလည်း 1 (PET သို့မဟုတ် PETE) ဆိုတာလေး ပါဝင်နေပါတယ်။ 1 (PET သို့မဟုတ် PETE) ဆိုတာကတော့ တစ်ချိန် တစ်ကြိမ်သာ အသုံးပြုသင့်တယ် လို့ ဆိုလိုတာဖြစ်ပါတယ်။

ဒီတံဆိပ် ပါဝင်တဲ့ ရေသန့်ဗူးတွေဟာ အောက်ဆီဂျင် သို့မဟုတ် နေရောင်ခြည်လို မြင့်မားတဲ့ အပူချိန် နဲ့ ထိတွေ့လိုက်တဲ့အခါ ရေဗူး ထဲက ရေတွေဟာ ဓာတုပစ္စည်းတွေ ဝင်ရောက်သွားနိုင်ပြီး ရေကို အဆိပ် သင့်သွားစေနိုင်ပါ တယ်။

လုံးဝကို ရှောင်ကြည်သင့်တဲ့ ရေသန့်ဗူးတွေ ကတော့ ရေသန့်ဗူးအောက်ခြေမှာ 3 သို့မဟုတ် 7 (PVC နဲ့ PC) တို့ ပါဝင်တဲ့ ရေဗူးတွေပဲဖြစ်ပါတယ်။ ဒီရေဗူးတွေဟာ အဆိပ်အတောက်ဖြစ်မှုကို ပိုမိုအားပေးစေနိုင်ပါတယ်။





လာအို ဟာ မြန်မာ ကို ဘာကြောင့် ကျော်တက်သွားနိုင်သလဲ



လူဦးရေ ၆ သန်းကျော်သာ ရှိပြီး မြေပြန့်နည်းပါး တောင်တွေ ပေါတဲ့ ကုန်းတွင်းပိတ် နိုင်ငံငယ်လေး ဟာ 
အမြန်ဆုံး တိုးတက်လာတာ အံ့မခန်းပါပဲ။

နောက်ဆုံး ကျန်ရှိနေတဲ့ ကွန်မြူနစ် နိုင်ငံငယ်လေး တစ်ခုပေမယ့် အဓိက အားကောင်းတဲ့ နိုင်ငံခြား export၊ ဘီလီယံချီ တန်တဲ့ အခြေခံ အဆောက်အဦးတွေဖြစ်တဲ့ ကျည်ဆံရထားလမ်း နဲ့ အမြန် လမ်းမကြီးများ၊ ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ထူခြား ပြောင်မြောက်တဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို ထိန်းထားနိုင်ခဲ့ တယ်။

ဘီလီယံချီ ရင်းနှီးမြုပ်နှံမှုတွေကို တရုတ်၊ ထိုင်း နဲ့ ဗီယက်နမ် တို့မှ ရရှိခဲ့တယ် ။ မြန်မာနိုင်ငံ မှာတော့ နိုင်ငြံ
ခား ရင်းနှီးမြုပ်နှံမှု လာမယ့် နိုင်ငံတွေ များလှပေမယ့် ဟိုဟာ ကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုး နဲ့ ချီတုံ ချတုံဖြစ်ပြီး တစ်ကယ်ကောင်းတဲ့ ကိုရီးယား samsung ရဲ့ ၄.၅ ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုတော့ လွဲခဲ့ရ တယ်။
လာအို ဟာ ရေအားလျှပ်စစ် အပေါ်မှာ အသက်ရှု မှားလောက်အောင် ရည်မှန်းချက်ကြီးတွေ ရှိတယ်။ အမျိုးသား တံဆိပ်ထဲမှာ ဆန်စပါး နဲ့အတူ ရေကာတာကြီး တစ်လုံးပုံပါ ထည့်ထားတဲ့ အထိပဲ။ နိုင်ငံတွင်း ဆည်ကြီး ၁၃ လုံး ဆောက်ထားပြီး နောက်ထပ် အလုံး ၇၀ ထပ်ဆောက်မှာဖြစ်တယ်။
၁၀၀၀ မီဂါဝပ် ထွက်တဲ့ နမ်သီယွန်-၂ ဆည်ကြီးဟာ ကမ္ဘာ့ဘဏ်နဲ့ ADB ဘဏ်က တစ်စိတ် တစ်ပိုင်း 
ထောက်ပံ့ ခဲ့ပြီး ၂၀၁၀ မှာ စတင် လည်ပတ်တယ်။ ဒီဆည်က ၂၅ နှစ် အတွင်းမှာ လာအို အတွက် ၂ ဘီလီယံ ဒေါ်လာကို ရှာဖွေပေးမှာဖြစ်တယ်။




02 October 2017

သတိထား စောင့်ကြည့်ဖို့ လိုအပ်မယ်



ပြီးခဲ့ တဲ့ အပတ်လောက်ကဖြစ်မယ်ထင်တယ် ။ ရုရှား ဂျာနယ်လစ် မီခေးလ် ကာရာစကျင်ကော့ဗ် (Михаил Коростиков ) ရေးတဲ့ “ မြန်မာ့ ရခိုင်အရေး ဘာကြောင့်များ ကမ္ဘာ့ မီဒီယာမှာ တစ်ရှေ့ပြေးခဲ့ သလဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ရတယ် ။

ဆောင်းပါး ရဲ့ ပထမပိုင်း မှာတော့ ၂၀၁၂ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခမှာ ဒုက္ခသည် ၂ သောင်းကျော်လောက် လှေစီးပြီး ထွက်ပြေး တိမ်းရှောင်ကြရသော်လည်း အာရပ်နွေဦး ဖြစ်စဉ်တွေကြောင့် ကမ္ဘာ့ မီဒီယာလောက က သတိ သိပ်မထားမိကြပဲပြီးသွားခဲ့တယ်လို့ ဆိုတယ် ။ 

အရှေ့ အလယ်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ၊ ဒုက္ခသည်တွေ လက်ခံထားတဲ့ အနောက် ဥရောပနိုင်ငံများအတွင်း အကြမ်းဖက်မှုတွေ ၊ ဘာသာရေး သွတ်သွင်းလိုမှုတွေ နဲ့ ကမ္ဘာ့အလယ်မှာ နာမည်ပျက် လာတဲ့ အစ္စလာမ် ရဲ့ ပုံရိပ်ကို ပြန်လည် အဖတ်ဆယ်ဖို့ ပစ်မှတ်ဖြစ်လာတာ ကတော့ အရှေ့တောင် အာရှ နိုင်ငံက 
မွတ်စ်လင် တွေ လို့ ဆိုပါတယ် ။

ရခိုင်ပြည်နယ် ပြဿနာမှာ ပြည်တွင်းပြည်ပ သုံးသပ်သူ အတော်များများဆီမှာ သိပ်မတွေရတဲ့ အချက်တွေကို အဲ့ဒိ ဆောင်းပါးမှာ တွေ့ရပါတယ်။ ပြဿနာပေါ်မှာ ပြည်တွင်းပြည်ပ က သုံးသပ်ကြတာတွေကို ယေဘူယျခွဲခြားကြည့်မယ် ဆိုရင် ၂ မျိုး ၂ စား ရှိနေပါတယ် ။ 

very high and very low ဆိုတဲ့ အယူအဆ ၂ မျိုးပါ ။ 
very high ဆိုတာ ကတော့ တရုတ်နိုင်ငံ ရဲ့ OBOR လို မဟာ စီမံကိန်းတွေ နဲ့ အမေရိကန်နိုင်ငံ ရဲ့ အာရှ 
ပစိဖိတ် ဒေသ ပါဝင်ပက်သက်မှု ၊ တရုတ်နိုင်ငံ ရဲ့ စူပါ ပါဝါ ဖြစ်လာနိုင်ချေတွေကို ထိန်းချုပ်လိုမှု ၊ အိန္ဒိယနိုင်ငံ ရဲ့ အရှေ့မျှော် ၀ါဒ စတဲ့ နိုင်ငံကြီးများရဲ့ နိုင်ငံရေး မဟာဗျူဟာအရ ပါဝင် ပတ်သက်မှု ဆိုတဲ့အယူအဆပါ။

ဒုတိယ အယူအဆ ကတော့ very low လို့ ပြောနိုင်မဲ့ မျက်မြင် ဒိဌတွေ့နေရတဲ့ role player တွေရဲ့ ပါဝင် လုပ်ဆောင်နေမှုတွေပါ ။ ဥပမာ ၀ါကာအူဒင်တို့ ၊ အာတာအူလာတို့ ၊ မောင်ဇာနည် တို့ ၊ ဆိုရှယ်နက်ဝေါ
့ပေါ်က ရိုလော်ဘီ တို့လိုမျိုး ပုဂ္ဂိုလ်တွေပါ ။

မီခေးလ် ကာရာစကျင်ကော့ဗ် ရဲ့ ဆောင်းပါး မှာတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အုပ်စု ၃ ခု ကို ဆွဲထုတ်ပြ ထားပါတယ်။ middle stage လို့ သုံးသပ်လို့ ရနိုင်မဲ့ very high နဲ့ very low ကို ချိတ်ဆက်ပေးနိုင်မဲ့ linking တွေ လို့လည်းပြောနိုင်မယ်ထင်ပါတယ်။ 

အဲဒီ အုပ်စု ၃ စု ကတော့ အမေရိကန် အခြေစိုက် အုပ်စု ၊ ရုရှားနိုင်ငံ အခြေစိုက် အုပ်စု နဲ့ ပြည်တွင်း လက်နက်ကိုင် အုပ်စု တို့ပါ ။


မန္တလေး နန်းမြို့တော်ကို တည်ဆောက်ခဲ့သူ (သို့) ဗိသုကာ ပညာ ထူးချွန်လွန်းတဲ့ ပန်းပဲမင်းကြီး အကြောင်း


ပန်းဘဲမင်းကြီး သည် စိတ် ခက်ထန်၏။ မင်းယောက်ဖ၊ မိဖုရားမောင်က အစ အပြစ် ရှိလျှင် ရှိသလို ဆုံးမထုထောင်းသည်။ မင်း ကိုလည်း ရဲဝံ့စွာ လျှောက်တင်တတ်သည်။ ရာထူးမမက်၊ မဟုတ်မခံ သတ္တိရှိသည် ၊ ရဲရင့်သည်။ အပြစ်ရှိသူကို ရိုက်နှက် ဆုံးမလျှင် ၀င်ရောက် တားမြစ်ခြင်း မရှိ။ ကြည့်နေတတ်သည်။ အရိုက်ခံရသူပြေးလျှင် ချမ်းသာပေးသည်။ ထိုအခါမှ ရယ်မောတော့သည်။
ပန်းဘဲမင်းကြီး ၏ ငယ်မည်သည် ဦးမှို ဖြစ်သည်။ အင်းဝသား ဇာတိ မှူးရိုး မတ်ရိုးဖြစ်သည်။ ဘကြီးတော် လက်ထက်တွင် လက်သုံးတော်ကြီးကိုင် ရာထူးကို ရသည်။ စရွံမြို့ကို စားသည်။ ရွှေဘိုမင်း ပုဂံမင်းတို့ လက်ထက်တွင် ပန်းဘဲဝန်၊ အတွင်းဝန်ကြီး၊ သေနတ်ဝန်ကြီး၊ ဆောက်လုပ်ရေးဌာန ၀န်ကြီး စစ်ဝန်ကြီးတို့ အဖြစ် ဆောင်ရွက်ခဲ့သည်။ 

ပန်းဘဲမင်းကြီးသည် မန္တလေး နန်းတော် မြို့တော်ကို ဦးစီး တည်ဆောက်ခဲ့သည် ။ လုပ်သားပေါင်း မြောက် မြားစွာဖြင့် နန်းမြို့နေရာကို ခုတ်ထွင် ရှင်းလင်းသည်။ ပြကြီး၊ ပြငယ်၊ ကျုံးတော်၊ အုတ်မြို့ရိုး စသည်ဖြင့် ပိုင်းခြားရာတွင် ခြေလှမ်းကို အတိုင်းအတာ ထား၍ ငုတ်တိုင်စိုက်သည်။ 

နန်းမြို့တော်ကို မြင်းမိုရ်တောင် သဏ္ဌာန်နဲ့ ဖန်ဆင်း ဆောက်လုပ်သည်။ နန်းတော်ကို အမရပူရ နန်းတော်ပုံအတိုင်း ဆောက်သည်။ နန်းတော်ဟောင်း က အချို့ကို မန္တလေးနန်းတော်သစ်တွင် အသုံးပြုသည် ။ ခြေလှမ်းဖြင့် တိုင်းတာပြီး ပန္နက်ချ တွင်းတူးသည်။
နန်းတော် အထက်ဆင့်ရှိ ပြာသာဒ်၊ ထုပိကာ၊ စုလစ်မွမ်းချွန် တို့ကိုလည်း မျက်စိဖြင့် တိုင်းထွာ စီမံသည်။ ခန့် ခွဲ ဆောက်လုပ်စေသည်။ မင်းကြီးသည် မြေကြီးပေါ်မှာ ရပ်၍ မျက်စိ တစ်ဖက်မှိတ်ကာ အထက်ဆင့် ကို မော့ကြည့်သည်။ လက်နှင့် အတိုင်းအထွာ ပြုသည်။ အတိုအရှည် အပိုအလို တို့ကို မျက်စိဖြင့်ကြည့် မှန်းချက်အတိုင်း ညွှန်ကြားစေခိုင်းသည်။ 

သို့ဖြင့် ပုံစံကျ နန်းမြို့တော်ကြီး ဖြစ်လာသည်။ ပန်းဘဲမင်းကြီး ၏ အတိုင်း အထွာ အမှတ်အသား သည် သူ့ခြေနှင့် သူ့ မျက်စိတွင်သာ ထားသည်။ ခြေဖြင့် ထွာသည်။ မျက်စိဖြင့် ကြည့်မှန်း တိုင်းဆသည်။ သို့ဖြင့် လိုရာအတိုင်း မစောင်းမရွဲ့ အတိအကျ ရသည်။ 

တည်ဆဲ နန်းမြို့တော်နှင့် ကျုံး တို့သည် ပန်းဘဲမင်းကြီး၏ ခြေလှမ်း ကို တာဖွဲ့၍ တည်ခဲ့ခြင်းဖြစ်သည် ။ ဤနည်း အတိုင်း မြို့တွင်းတွင် ပြကွက် ချ၍ ရာထူးကြီးငယ် အလိုက် အကွက်ရိုက်ကာ ၀င်းတော် အိမ်တော်များကို ဆောက်လုပ်စေသည်။




01 October 2017

ဘင်္ဂါလီ ခိုးဝင်ပြဿနာနှင့် သမိုင်းဝင် စာရွက်စာတမ်း အထောက်အထားများ




၁၉၇၁ ခုနှစ် က ဘင်္ဂလားဒေ့ရှ်မှာ စစ်ဖြစ်တော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် မြန်မာနိုင်ငံဘက်ကို ၅သိန်း ဝင်လာတယ် ။ ဒီ ဒုက္ခသည် ၅သိန်း ဝင်လာတယ် ဆိုတာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးထံ ဝန်ခံထားခဲ့ပြီးဖြစ်ပါတယ် ။
အဲဒီ ဒုက္ခသည် တွေမြန်မာပြည်မှ ပြန်ထွက်သွားသည့် အထောက်အထား မတွေ့ရဘူးလို့ အမေရိကန်
ပါမောက္ခ VOA မှ တစ်ဆင့်ပြော ။
ဒီသတင်း မှန်ကန်ကြောင်း အထောက်အထားများကို အောက်တွင် ဦးကိုကိုလှိုင် မှ တင်ပြထား။


ဘင်္ဂါလီ ခိုးဝင်ပြဿနာနှင့် သမိုင်းဝင် စာရွက်စာတမ်း အထောက်အထားများ
ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာနှင့် ပတ်သက်၍ အနောက် အုပ်စုနှင့် တစ်ချို့သော နိုင်ငံတစ်ကာ အဖွဲ့ အစည်း များက မြန်မာ ပြည်သူတို့၏ အောက်ပါ ရပ်တည်ချက်များ အပေါ် လုံးလုံး လျားလျား ငြင်းပယ်ခြင်း၊ အရေးမကြီး သယောင် ဘေးဖယ်ထားခြင်း နှင့် မဖော်ပြဘဲ ဖုံးကွယ် ချန်လှပ်ထားခြင်း စသည့် နည်းလမ်း များဖြင့် သေးသိမ်မှေးမှိန် ၍ ပျောက်ကွယ်သွားအောင် ပြုလုပ်ထားကြ သည်။ 

ယင်းတို့မှာ- ရိုဟင်ဂျာ လူမျိုး ဟူသော အမည် မှာ ဗြိတိသျှ ကိုလိုနီ ကာလတစ်လျှောက်လုံး တရားဝင် စာရွက် စာတမ်းများတွင် လုံးဝ မပါရှိသော အမည်ဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက် ပိုင်း နိုင်ငံရေး အရ လူမျိုးသစ် တစ်ခုအဖြစ် ဖန တီးရန် တီထွင်လာခဲ့သော အမည်တစ်ခု ဖြစ်သည်။ ထို အသိုက်အ၀န်းကို ဗြိတိသျှတို့ က စစ်တကောင်းသားများ Chittagonian ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။

မြန်မာနိုင်ငံ၌ တောင်အာရှ ဒေသမှ ၀င်ရောက်လာသူများနှင့် ပတ်သက်၍ 
ပန်ဂျပ် ဒေသမှ လာလျှင် ပန်ချာပီ၊ 
မဒရပ်မြို့မှ လာလျှင် မဒရာစီ၊ 
တမီလ်နာဒူး မှ လာလျှင် တမီလ်၊ 
နီပေါမှ လာလျှင် နေပါလီ၊ 
ပူရ်နေး မှ လာလျှင် ပုဏ္ဏား ဟူ၍ ခေါ်ဝေါ်ကြသည်။

ထို့အတူ ဘင်္ဂလားဒေသမှ လာသူများကို လည်း ဘင်္ဂါလီ ဟု ခေါ်ခဲ့ကြသည်။ ဘင်္ဂါလီ ဆိုသည်မှာ အိန္ဒိယ 
တိုက်နယ် အရှေ့ပိုင်း ရှိ ဘင်္ဂလား ဒေသတစ်ခုလုံး၌ နေထိုင်သူများ ဖြစ်ကြပြီး အရှေ့ ဘင်္ဂလား၌ မွတ်စလင် ဘင်္ဂါလီများ၊ အနောက် ဘင်္ဂလား၌ ဟိန္ဒူဘင်္ဂါလီများ ဟူ၍ လူမျိုးတူ၊ ဘာသာ ကွဲ အုပ်စုနှစ်ခု ရှိသည်။

 နောင်တွင် အနောက် ဘင်္ဂလားသည် အိန္ဒိယ သမ္မတနိုင်ငံ၏ ပြည်နယ် တစ်ခုဖြစ်သွားပြီး အရှေ့ဘင်္ဂလား မှ အရှေ့ပါကစ္စတန်၊ ယင်းမှ ဘင်္ဂလားဒေ့ရှ် ဟူ၍ ဖြစ်လာသည် ။ ထို့ကြောင့် ဘင်္ဂါလီ ဟု ခေါ်ခြင်းမှာ အရှေ့နှင့် အနောက်နှစ်ခုပေါင်း ဘင်္ဂလားဒေသမှ လာသူများကိုသာ ဆိုလိုသည်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (ဘင်္ဂလားဒေ့ရှီ) များကို ဆိုလိုခြင်းမဟုတ်။ စစ်တကောင်း သည် ဘင်္ဂလားဒေသ အ ရှေ့ တောင် စွန်း၌ တည်ရှိ၍ ယင်းဒေသမှ လာသူများကိုလည်း ဘင်္ဂါလီ သို့မဟုတ် စစ်တကောင်းဘင်္ဂါလီ ဟု ခေါ်ခဲ့ကြသည်။

စစ်တကောင်းဒေသမှ ဘင်္ဂါလီများသည် ကိုလိုနီ ကာလအတွင်းက လူဦးရေနည်းပါး ၍ မြေဆီ သြဇာ ကောင်း မွန်သော ရခိုင်ဒေသ သို့ လုပ်အားခ ချိုသာသော အလုပ်သမား များ အဖြစ် အလုံးအရင်းဖြင့် ၀င်ရောက်ခဲ့ ကြသည်။ နယ်မြေ နီးစပ်သော ဘူးသီး တောင်နှင့် မောင်တောဒေသ၌ လူများစု ဖြစ်လာပြီး ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် ဂျပန်အ၀င် အင်္ဂလိပ် အဆုတ်ကာလ တွင် ကြီးမားသော လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ 

ဘူးသီးတောင်နှင့် မောင် တောဒေသ၌ ရခိုင်ရွာ အများစု လုံးဝ ဖျက်ဆီး ခံခဲ့ရသည် ။ စစ်ကြီးပြီးသော အခါ ယင်းဒေသသို့ အင်္ဂလိပ် တပ်များနှင့် အတူ ဘင်္ဂါလီများ ပြန်လည် ၀င်ရောက် အခြေချ ကာ လွှမ်းမိုးထားခဲ့ သည်။ 

အရှေ့ ပါကစ္စတန် နိုင်ငံသစ် အတွင်းသို့ ဘူးသီးတောင်နှင့် မောင်တောဒေသ တို့အား ထည့်သွင်း ပူးပေါင်း ရန် လက်နက်ကိုင် မူဂျာဟစ် လှုပ်ရှားမှု ကို မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီကပင် စတင် လုပ်ဆောင်၍ ပုန်ကန်ခဲ့ကြသည်။