အမျိုးသမီး အတွင်းခံ အဝတ်အစားတွေ ကို မော်ဒယ် အဖြစ် ကြော်ငြာ ရိုက်ကူးပေးတဲ့ ကျောင်းဆရာမ တစ်ဦး ဟာ အလုပ်ထုတ် ခံလိုက်ရပါတယ်။ လူမှု ကွန်ယက်ပေါ် က အတွင်းခံ နဲ့ ဓာတ်ပုံတွေ ကို မိဘ အချို့ က တွေ့ မြင် သွားခဲ့လို့ စောဒက တက်ခဲ့ကြတာပါ။
ဒါဟမ်ကောင်တီ က အခြေခံကျောင်းတစ်ကျောင်း မှာ ဆရာမ အဖြစ် လုပ်ကိုင်နေတဲ့ ဂမ်မာ ဆိုသူဟာ Lexi ဖက်ရှင် လုပ်ငန်း အတွက် မော်ဒယ် အဖြစ်လည်း လုပ်ကိုင်သူ ဖြစ်ပါတယ်။
ကျောင်းမှာ အလုပ်ကောင်းကောင်း လုပ်နိုင်နေတဲ့ အပြင် ကလေးတွေ ကိုလည်း သဘာဝ ကျကျ စာသင်ပြနိုင် တဲ့ အတွက် တုန့်ပြန်မှု ကောင်းကောင်း ရထားချိန် မှာ ဒီလိုဖြစ်ခဲ့တာလို့ ဆရာမဟောင်း ဂမ်မာ က ပြောပါတယ်။


