Showing posts with label သတိပြုစ၇ာ ကဏ္ဍများ. Show all posts
Showing posts with label သတိပြုစ၇ာ ကဏ္ဍများ. Show all posts

02 September 2017

နည်းနည်းတော့ ပြောပါရစေ




ရခိုင်လူမျိုး စစ်စစ် ဖြစ်တဲ့ Tun Tun Win ရဲ့ "နည်းနည်းလောက် ပြောပါရစေ" တဲ့ ဖတ်ကြည့်ကြပါခင်ဗျာ..
သူများတွေ ခွဲထွက်တာ မခွဲထွက်တာ အသာထား။ ငါ့တို့ ရခိုင်တွေ ပြည်ထောင်စုက ခွဲထွက်ပြီး " မဟာ အဖရခိုင်နိုင်ငံတော်" ထူထောင်မဲ့ကိစ္စမှာ ဘယ်ပုံ ဘယ်နည်းတွေးခေါ်ပြီးတော့ နိုင်ငံထူထောင်တည်ဆောက်ရပ်
တည်မှာလဲ နည်းနည်းသိချင်တယ်။

ရခိုင် တစ်ယောက်ဖြစ်တဲ့ အတွက် ငါ့မှာလည်း သိပိုင်ခွင့်ရှိတယ် ထင်တယ်။ အစီစဉ်ကောင်းရင် ငါလည်းခွဲထွက် တိုးတက်ကြီးပွါး ချမ်းသာ တစ်ဆွေ တစ်မျိုးသားလုံးကောင်းစားမယ် ဆိုရင်မင်းတို့ " မဟာမျိုးချစ်" တွေနဲ့ အတူ အသက်ပေးတိုက်ပွဲဝင်ပါ့မယ်။

ဒါပေမယ့် နည်းနည်းတော့ စဉ်းစားတွေးခေါ်ကြနော်။
ပြည်မ က ခွဲထွက်ပြီး ပြည်မ ရန်ကို အသာ ထားမေ့ပစ်လိုက်။ ပထဝီ သဘာဝအရ ရခိုင် မပြောနဲ့ မြန်မာ ဆိုတာတောင်ဘေးဘယ်ညာမှာ တရုပ်က လူဦးရေသန်း (၁၃၈၈)သန်းကျော် ၊ အိန္ဒိယက သန်း(၁၃၄၂)
သန်းကျော် ဘေးကပြဿ နာကောင် ဘင်္ဂလား က လူဦးရေ (၁၆၅) သန်းကျော် ၊ ယိုးဒယား ဘာညာ
ကျန်သေးတယ် ထားလိုက်တော့။

အဓိက ရခိုင် နဲ့ အနီးဆုံး ဆက်စပ်နေတာက ဘင်္ဂလား (၁၆၅) သန်းကျော်နှင့် ချစ်တီးမျိုး (၁၃၄၂) သန်းကျော် အိန္ဒိယကို ဘယ်ပုံ ဘယ်နည်း ရင်ဆိုင်ကာကွယ်တားဆီးမလဲ ဆိုတာပဲသိချင်တယ်။

ရခိုင်မှာ လက်ရှိ အစိုးရ စာရင်းအရ လူဦးရေ (၃) သန်းကျော် ဒါတောင်ကုလားက တစ်သန်းနီးပါး၊ ကျန်တဲ့ တစ် သန်းနီး ပါးက နေရာ အနှံ့ရောက်နေတယ်။ တစ်ကယ် စေ့စေ့ပေါက်ပေါက် စာရင်းကောက်ရင် ရခိုင် (၁) သန်းလောက်ပဲ ရှိမယ်။ အဲဒီထဲမှာ သက်ကြီး ရွယ်အို ကလေး သူငယ် အရက်သမား ဘိန်းစား သူခိုး 
ပယ်ရင် တိုက်နိုင် ခိုက်နိုင်တဲ့လူ (၃) သိန်း ဆိုတာအများဆုံးထား။


19 June 2017

အရှေ့တောင်အာရှ မူဆလင် နယ်စွန် ပြဿနာ - [ဒေါက်တာ အေးချမ်း]



ဒီပြဿနာသုံးရပ်ရဲ့ သမိုင်းနောက်ခံကို ကျွန်တော် အင်္ဂလိပ်လို စာတမ်း တစ်စောင်ရေးပြီး ထုတ်ဖူးတယ် ။ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ကျွန်းတောင်ဘက်က အစ္စလာမ် ဘာသာဝင် မိုရို လူမျိုးတွေ နေထိုင်တဲ့ နေ ရာရယ်၊ ထိုင်းတောင်ပိုင်း က ပတာနီ၊ နာရာသီဝတ် နဲ့ ယာလာ ဆိုတဲ့ အစ္စလာမ် ဘာသာဝင် မလေးလူမျိုးတွေနေတဲ့ နယ်သုံးနယ်ရယ်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ လူမျိုးတွေ ၀င်ရောက်နေထိုင်ကြတဲ့ မေယု နယ်ခြားဒေသခေါ် ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေကို နှိုင်းယှဉ်ပြီးရေးခဲ့တာပါ။ 

ဒီနေရာတွေကို ကျွန်တော်က အင်္ဂလိပ်လို “Muslim Enclaves” လို့ ခေါ်လိုက်တယ်။ အခုမြန်မာလို ရေးတဲ့အခါ အစားထိုးဖို့ ဝေါဟာရ ရှာမတွေ့တာနဲ့ 'နယ်စွန်' ဆိုတဲ့ စကားကိုပဲ သုံးလိုက်ပါတယ်။ အရှေ့တောင်အာရှအရေးကို လေ့လာကြတဲ့ ပညာရှင် အတော်များများဟာ ဒီနယ် သုံးနယ်ကို တစ်သဘောတည်း ထား ပြီး နှိုင်းယှဉ်လေ့ရှိကြတယ်။ 

တစ်ကယ်တော့ သမိုင်းနဲ့ ယဉ်ကျေးမှု နောက်ခံ မတူကြဘူးဆိုတာ သဘောပေါက်ဖို့ လိုပါလိမ့်မယ်။ ဒီပြဿနာကို ဆွေးနွေးမယ် ဆိုရင် အရှေ့တောင်အာရှ က စုမားတြား အစ္စလာမ်ဘာသာ ရဲ့သမိုင်းကို အကျဉ်းလောက်သိထားဖို့လိုမယ်။

အရှေ့တောင်အာရှ မှာ အစ္စလာမ်ဘာသာ ဟာ ဂျီဟဒ်ခေါ် ဘာသာရေး စစ်ပွဲကြောင့် ပျံ့နှံ့လာခဲ့ခြင်း မဟုတ်ပါ။ ကုန်သွယ်မှုနဲ့ အတူ ပျံ့နှံ့ လာခဲ့ခြင်းဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာ အစ္စလာမ် ဘာသာ အစောဆုံး အမြစ်တွယ် ခဲ့တာက စုမားတြားကျွန်း မြောက်ဘက် အစွန်က ပါဆိုင်း (Pasai) နဲ့ ပါလက် (Palak) ဆိုတဲ့ နယ်တွေပါ။ 


အိန္ဒိယပြည် ဂူဂျရက် နယ်သား မူဆလင် ကုန်သည်တွေက ဒီနယ်နှစ်နယ်က အုပ်ချုပ်သူ မင်းတွေကို သာ သနာပြုပြီး အစ္စလာမ် ဘာသာထဲ သွတ်သွင်းနိုင်ခဲ့တယ်။ အုပ်ချုပ်သူရဲ့ သြဇာကြောင့် အုပ်ချုပ်ခံတွေလည်း ဘာသာ ကူးပြောင်းလာကြတယ်။ စူမားတြားကျွန်းလုံးသာ မက အနှစ်တရာလောက် အတွင်းမှာ မလေး ကျွန်းဆွယ်၊ ဂျားဗား ကျွန်း တို့ကိုပါ ပျံ့နှံ့သွားတယ်။ 

စူမားတြားမှာ အစ္စလာမ်သာသနာ အမြစ်တွယ်ပုံကို အဲဒီ ကျွန်းမှာ ဥရောပကို ပြန်ဖို့ သင်္ဘောစောင့်နေတဲ့ မာကိုပိုလို က သူ ခရီးသွားမှတ်တမ်းမှာ မှတ်တမ်း တင်သွားပါတယ်။ မာကိုပိုလို ဟာ တရုတ်ပြည်ကနေ ဒီကျွန်းပေါ်ကို အေဒီ ၁၂၉၃ ခုနှစ်မှာ ရောက်လာပါတယ်။ အစ္စလာမ်ဘာသာဟာ ၁၄ နဲ့ ၁၅ ရာစု အတွင်းမှာပဲ အရှေ့တောင်အာရှကို ပျံ့နှံ့သွားလိုက်တာ စပိန်တွေ ဖိလစ်ပိုင်မှာ ကိုလိုနီမထူထောင်ခင်မှာဘဲ မင်ဒါနာအိုတောင်ပိုင်းအထိ ပျံ့နှံ့နေပါပြီ။ 

စပိန်တွေရောက်လာတော့ ဒီလူတွေက မူဆလင်တွေပဲ ဆိုပြီး ခရူးဆိစ် စစ်ပွဲတုန်းက အာရပ်တွေကို ဥရောပ တိုက်သားတွေက ခေါ်သလို မူးရ် (Moor) လို့ ခေါ်ရာက မိုရို ဆိုတာဖြစ်လာတာပါ။ စပိန်တွေက ဖိလစ် ပိုင် မှာ ဘရင်ဂျီ ဘာသာကို သာသနာပြု တယ်။ မူစလင် မဖြစ်သေးတဲ့ တိုင်းရင်းသားတွေ အားလုံး ခရစ်ယာန်ဖြစ်လာတော့ သူတို့က မူဆလင် လူနည်းစုအဖြစ် ကျန်ခဲ့တာပါပဲ။
စပိန် ကိုလိုနီဘ၀ ကတည်းက မိုရိုတွေဟာ ခရစ်ယာန် ဘာသာဝင်တွေ ကြီးစိုးတဲ့ ဖိလစ်ပိုင်နိုင်ငံက ခွဲထွက်ဖို့ ကြိုး ပမ်းလာခဲ့ကြတာပါ။ အရှေ့အလယ်ပိုင်းက အစွန်းရောက် အစ္စလာမ်မစ်လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်ထားကြပါတယ်။ အခုမင်ဒါနာအိုကျွန်း မာရာဝီမြို့မှာ အခိုင်အမာနေရာ ယူထားကြတာကို ဖိလစ်ပိုင် တပ်တွေက အင်အားသုံးပြီး ချေမှုန်းနေရတယ်။ 

သမ္မတဒူတာတေး က ဖိလစ်ပိုင် တပ်သားတွေကို မေလ ၂၆ ရက်နေ့က မိန့်ခွန်းပြောရာမှာ မင်းတို့ မိန်းမ သုံးယောက် အထိ မုဒိမ်းကျင့်လို့ ရတယ်။ ပြဿနာ တက်ရင် ငါက ကျင့်တယ်လို့ပြောပြီး ငါထောင်ကျခံလိုက်မယ်လို့ နောက်သလို လိုပြောသွားတာကိုကြည့်ရင် ဒီစစ်ကို ဖြစ်တဲ့နည်းနဲ့ နိုင်အောင်တိုက်ရမယ်လို့ ပြောလိုက်တာပါပဲ။ 

နိုင်ငံတောင်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာ ထားတယ်။ စစ်သားတွေကို အပြည့်အ၀ ထောက်ပံ့သွားမယ်လို့ ကတိပြုတယ်။ မင်းတို့ လုပ်စရာရှိတာ မင်းတို့ လုပ်ကြ၊ ပြဿနာတွေ အားလုံးငါရှင်းမယ် ဆိုပြီး လူမိုက်စကား လည်း ပြောလိုက်သေးတယ်။ တစ်ဖက် ကလည်း ညှိနှိုင်းဆွေးနွေးဖို့ ပြင်ဆင်ထားတယ်။ ဒါပေ မဲ့ စစ်သွေးကြွတွေက ဖမ်းထားတဲ့ ဓားစာခံတွေကို လွှတ်မပေးရင် တော့ ဘယ်လိုမှအပေးအယူလုပ်လို့ မရနိုင်ပါဘူး။


05 May 2017

ကားထဲမှာ ဒီလိုပစ္စည်းထားရင် သင့်ကို ၁၅ စက္ကန့် အတွင်းသေစေနိုင်တယ်ဆိုတာ



လူငယ်လေး တစ်ယောက် မီးခြစ်ခြစ်လိုက်တာနဲ့ ဘာလို့ ဒီလို ဆိုးဆိုးရွားရွားဖြစ် သွားရပါသလဲ။
တရားခံ ကတော့ ကားထဲမှာ အသုံးပြုတဲ့ ရေမွှေး ပုလင်းပါ။ လူ အတော်များများ ကား အတွင်းခန်းမွှေးစေ ရန် အတွက် ကားရေမွှေးပုလင်း ကို နှစ်သက်စွာ အသုံးပြုကြပါတယ်။
ဒါဟာ ချိန်ကိုက်ဗုံး တစ်လုံး ဆိုတာ သိတဲ့လူ အင်မတန်နည်းပါတယ်။ သင်ကိုယ်တိုင်လည်း ဒီ ကားရေမွှေး ပုလင်း က ဘာလို့ ပေါက်ကွဲနိုင်တဲ့ အထိဖြစ်စေနိုင်တာလဲဆိုတာ သိချင်နေမှာပါ။
အကြောင်းရင်း ကတော့ ယခုလို ပူပြင်းလှတဲ့ ရာသီဥတုဟာ ကားအတွင်းပိုင်းရှိ အပူချိန်ကို ၅၆ ဒီဂရီစင်တီဂရိတ် အထက် မြ င့်တက်စေပါတယ်။ 

အပြင်က အပူချိန် ၄၀ ဆိုသော်လည်း အလုံပိတ် ထားတဲ့ ကားအတွင်းပိုင်းရှိ အပူချိန်ဟာ အလွန်ကိုမြ င့်မားလွန်းလှပါတယ်။
သာမန် ကားရေမွှေး ပုလင်းများရဲ့ အပူချိန်ကို ခံနိုင်စွမ်းအား တစ်နည်း အားဖြင့် မီးလောင်မှတ်က ၄၅ ဒီဂရီစင်တီဂရိတ် အထိ သာဖြစ်ပါတယ်။ 


15 November 2015

ဒီလို အချိန်မျိုး မှာ ကလေး ကို မဆုံးမပါနဲ့





မိဘများ ဟာ ကလေး ကို ပေါက်မြောက်စေချင် လွန်းတော့ နည်းမျိုးစုံ နဲ့ သွန်သင်တာမျိုး၊ ဆိုဆုံးမ တာ မျိုး ပြုလုပ် တတ်ပါတယ်။ ဒါပေမဲ့ အောက်ပါ အချိန်အခါ နဲ့ အခြေအနေ ကို ရှောင်ရှားတတ် ဖို့လိုပါတယ်။

၁။ သတိရမှ သွန်သင်ဆုံးမ တာမျိုး
ကလေး ကို သွန်သင်တယ်။ လမ်းညွန်တယ်။ ဆိုဆုံးမတယ် ဆိုတာ စိတ်ရှည်ရှည် နဲ့ ရေ ရှည်ပြုလုပ်ရမဲ့ ၀တ္တရား တစ်ခုပါ။ မိဘ များ အလုပ်ရူပ်တယ် ဆိုပြီးတော့မှ သတိရခါ မှ ကောက်ကာ ငင်ကာ ဆုံး မလိုက်တာ မျိုး မလုပ်သင့်ပါဘူး။ အဲလိုပြုလုပ်လိုက် ရင် ကလေးရဲ့ နုနယ်တဲ့ စိတ်ထဲ မှာ အူတူတူ နဲ့ အနာတရ ရသွား တတ် ပါတယ်။

၂။ စိတ်ဆိုး မှ သွန်သင်ဆုံးမ တာမျိုး
ဘယ်သူပဲဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ၊ ဒေါသ ထွက်တဲ့ အခါကျရင် သွေးပူနေတတ် ပါတယ်။ သွေးပူ ခေါင်းပူနေ တဲ့ အချိန် မှာ တစ်ခုခု ကို ပြောချင် ရင်တောင်မှ ကိုယ့်စိတ် ကို ခဏ ထိန်းသိမ်းပြီး စိတ်ပြေသွားမှ ပြောဆို သင့် ပါတယ်။ တစ်ခါ တစ်လေ မှာ ကလေး မှားတာက ဘာမှ မပြောပ စလောက်လေး၊ ကိုယ်ဘ၀င်မကျတာ က များများ၊ အဲလို အချိန်မျိုး မှာ ကိုယ်က စိတ်ဆိုးနေတတ်ပြီး ဆိုဆုံးမ လိုက်ရင် ဆိုးကျိုးဘက် ကို ဦးတည် သွားစေတတ် ပါတယ်။

၃။ လူရှေ့သူရှေ့ မှာ ကလေး ကို ဆိုဆုံးမတာမျိုး
ကလေး ဘယ်လောက်ပဲ မှားနေမှားနေ၊ ကလေး ကို အိမ်ခေါ်ပါ။ အိမ်ရောက်မှ အကြောင်းအရာ ကို သေသေ ချာချာ မေးမြန်းပြီး ဆိုဆုံးမ စရာ ရှိက ဆုံးမပါ။ လူရှေ့ သူရှေ့ မှာ ဆိုဆုံးမ မိရင် ကလေး ရဲ့ အတွင်းစိတ်ကို အလွန် ထိခိုက် တတ်ပြီး ကလေးရဲ့ ရှေ့ရေး ကို ထိခိုက်နိုင် တဲ့ အထိဖြစ်တတ်ပါတယ်။


23 October 2015

မုန့်ဟင်းခါး ရောင်းမှာလား ပုလွေ မှုတ်မှာလား



တစ်ခါက မုန့်ဟင်းခါး သည် တစ်ယောက် ရှိသည်။ ဆိုင်းထမ်း ကလေးနှင့် လာရောင်း တတ်၍ မုန့်ဟင်းခါး အချက် ကောင်း သောကြောင့် လက် မလည်အောင် ရောင်းရလေ့ ရှိပြီး တစ် မနက်ခင်း ကလေးမျှ နှင့်ပင် ကုန်သွားမြဲဖြစ် သဖြင့် ခပ်စောစော အိမ်သို့ ပြန်ရလေ့ရှိသော ဆိုင်းထမ်း မုန့်ဟင်းခါး သည် ကလေးဟု ဆိုပါသည်။

အသက် ခပ်ရွယ်ရွယ် လုလင်ငယ်လေး တစ်ယောက်ဖြစ်သော ထို မုန့်ဟင်းခါးသည် ကလေး က ခေတ် လူငယ် တို့ ဘာသာ ဘာဝ ဂီတ ကို စိတ်ဝင်စားသူဖြစ်ရာ ပလွေ ကလေး တစ်ချောင်း ကို အမြဲဆောင် လာလေ့ ရှိသူ လည်းဖြစ်သည်။

တစ်ရက် တွင် မုန့်ဟင်းခါး က ပုံမှန်စောစော ကုန်သည်ထက် ကိုပဲ ပို၍စောစွာ ကုန်သွားသည်။ အချိန်တော်တော် များများ ပိုနေသူ မုန့်ဟင်းခါး သည် ကလေးက မုန့်ရောင်းကောင်း၍ ပျော်နေသည် ဖြစ်ရာ ခါးတွင် ထိုးထားသည့် ပလွေကလေးကို အသာဖြတ်ယူပြီး ပလွေမှုတ် ပါလေ တော့သည်။

ပညာရှင် အဆင့် ပလွေ ဆရာ မဟုတ်စေကာ မူ သင့်တင့် လျှောက် ပတ်စွာ မှုတ်တတ် သူဖြစ်သဖြင့် နားထောင် ၍ သင့်မြတ် လှပေရာ တစ်ခဏနှင့် ပင် ဟိုနား သည်နားက လူ အချို့ ဝိုင်းအုံ လာကြ ပါတော့ သည်။ 

ထို့နောက် ဟို သီချင်းလေး မှုတ်ပါအုံး သည် သီချင်း လေးမှုတ်ပါအုံး နှင့်တောင်းဆို လာကြပါတော့သည်။
ဤတွင်မှ စ၍ မုန့်ဟင်းခါး သည် ကလေးသည် မုန့်ဟင်းခါး အပေါ် အာရုံ သိပ် မရှိပါလေတော့။ 

 တော်စွလျှော်စွ ကလေး သင့်တင့်ရုံ အားစိုက် ချက်ကာ ပလွေဖြင့် သီချင်း အသစ် များ ကိုလေ့ကျင့် ပါလေတော့ သည်။ တစ်ပုဒ်ပြီး တစ်ပုဒ်။ နောက် တစ်နေ့ မနက် မှုတ်ပြဖို့။ သို့ဖြင့် လာလတံ္တသော ရက်များ တွင်လည်း သီချင်း အသစ် ကလေးတွေ လေ့ကျင့်လိုက်၊ လာရောက်အားပေးသူမျာကို မှုတ်ပြ လိုက်၊ လက်ခုပ် ဩဘာသံ များကြားမှာ ပီတိ ဖြစ်လိုက်၊ မုန်ဟင်းခါး အိုးကြီးတော်စွ လျော်စွ ပစ်ထားလိုက်။

 နောက်တော့ သူ့ မုန့်ဟင်းခါး နာမည်ပျက် သွားခဲ့ပါသည်။ ပလွေ ကမူ ဆရာ တစ်ဆူ ပါရဂူ လောက် အထိ ကလည်း မထွန်းပေါက်၊ သာမန် ထက် လည်း မကဖြင့် ခွကျကျ လူတစ်ယောက် အဖြစ် ချာလပတ်လည် သွား ခဲ့ပါလေတော့သည်။



အကြမ်းဖက် များ၏ မွန့်တည့်ချိန် မှာ ဝင်သည့်နေ



8th October 2015
ခရုဇ် ဒုံးပျံတင် သင်္ဘော ကို အရန် သင်္ဘောငယ် သုံးစင်း နဲ့ ခြံရံ လာပြီး ကက်စပီယံ ပင်လယ်ပြင် ကနေ ရေပြင် မှ မြေပြင်ပစ် ဒုံးပျံ (၂၆) စင်း ကို ရုရှားတွေ ပစ်လွှတ် လိုက်ခဲ့တယ်၊ မြေပြင် ကို ရှပ်ပျံပြီး သီးခြား မှတ်တမ်း တင်ထားတဲ့ ပစ်မှတ် (၂၆) ခု ကို တိတိ ကျကျ ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်ခဲ့တယ်။ 

မိုင်ပေါင်း (၁ဝဝဝ) နီးပါး အကွာ ပင်လယ်ထဲ က ပစ်လွှတ် လိုက်တဲ့ ဒုံးပျံတွေ ဟာ အီရန်၊ အီရတ်နိုင်ငံတွေ ကို ဖြတ်ကျော်ပြီး ဆီးရီးယား မှာ သောင်းကြမ်းနေတဲ့ ကမ္ဘာ့ အကြီးဆုံး အကြမ်းဖက် အဖွဲ့ IS ရဲ့ အဓိက ပစ်မှတ် (၁၁) ခု ကို တစ်ပြိုင်နက် ချေမှုန်း လိုက်ခဲ့တယ်၊

ပစ်မှတ် ကို ဒတ်ထိ ကျ ပစ်ခတ်နိုင်ပြီး၊ ကြီးကြီး မားမား လည်း ပျက်စီးစေ ခဲ့တယ်၊ အရပ်သားတွေ ထိခိုက်သေကြေ မှုလည်း မရှိခဲ့ပါဘူး၊ အကြမ်းဖက် သမားတွေရဲ့ခေါင်း ကို မိုးကြိုး ထိမှန်သလို ခံစားစေ ခဲ့တာ တွေ့ရတယ်၊ 

အကြမ်းဖက် သမားတွေသာ အတော် တုန်လှုပ် သွားတာ မဟုတ်ဘဲ ပဲ့ထိန်းကောင်းမှု၊ ပစ်မှတ် ကို တိတိ ကျကျ ပစ်ခတ်နိုင်ခဲ့ မှုတွေကြောင့် အမေရိကန် ကပါ ရုရှား ကို အတော် တုန်လှုပ်သွားခဲ့တယ် လို့ သတင်းတွေ က ဆိုလာခဲ့ပါတယ်။


အကြမ်းဖက် နဲ့နောက်ကွယ်က လူ
**************************


အစ္စလာမ် ကမ္ဘာ ထူထောင်ရေး ဆိုတဲ့ ကြွေးကြော်သံ နဲ့ IS တွေ သောင်းကြမ်း လာတာ အတော် ကြာနေပါပြီ၊ အာဖဂန်နစ္စတန် မှာ ရုရှား-အာဖဂန် စစ်ပွဲ အတော်ဖြစ်လိုက်ခဲ့ ပါတယ်၊ အမေရိကန်တွေ က အာဖဂန်တွေ ကို အကြီး အကျယ် ပံ့ပိုးပေးခဲ့တယ်၊ ငွေအား၊ လူအား၊ နည်းပညာ အားတွေအပြင် အကြမ်းဖက် ပညာတွေ ကိုပါ သင်တန်းတွေပေးခဲ့တယ်။ 



16 October 2015

ကလေးရှိတဲ့ မိဘ များ သတိထားနိုင်ဖို့ (ဖြစ်ရပ်မှန်)




SSC မှာ ၈.၃.၁၅ နေ့ဖြစ်တာလေးပြောပြမယ်နော်။ ညနေ ငါးနာရီလောက်က ကလေးဆေးခန်း သွားပြဖြစ် ခဲ့တယ် ထုံးစံ အတိုင်း ကားရပ်စရာ မရှိ ကားပြန်ပတ် ရမယ်။ 

ဆိုတော့လိုက် မသွားတော့ပဲဆေးခန်း မှာပဲ ကလေးနဲ့ ဆင်းနေခဲ့လိုက်တော့တယ် နံပါတ် ကလည်း ၄ ရထား တာ ဆိုတော့မြန်မြန်ပြီးလောက် တယ်ပေါ့လေ။
စာအုပ် ထပ်တဲ့နေရာရောက်တော့ လူက အတော် များနေပြီ ခါတိုင်းတော့ရောက်တာနဲ့ စာအုပ် ကလေးပြပြီးပေါင် တန်း ချိန် တာပဲ ဒီနေ့ကျ စာအုပ် ယူမယ့်ကောင်မလေးတွေ တယောက် မှလည်း မတွေ့ ပဲစောင့်နေလိုက်ရတယ် ပြသနာက အဲ့ဒီမှာ စတာပဲ ။

ကိုယ့်ဟာ ကိုယ် ကလေး ပုခုံးပေါ်တင် ချီရင်း မတ်တပ်ရပ်စောင့်နေတုန်းဗြုန်းဆို ကောင်တာရှေ့ မျက်နှာ ချင်းဆိုင် မှာ ထိုင်နေတဲ့ ဆေးခန်းစောင့်နေတဲ့ လူအုပ် ထဲက မိန်းမကြီး တယောက်က အနား အတင်း ကပ်ပြီး ကလေး ကို ဖက်နမ်း မလို လာလုပ်တယ် ။

သူ့ကြည့်တော့ လည်း လူမမာ ပုံစံ နဲ့ ဆိုတော့ ကိုယ် လည်း ခပ်ပြုံးပြုံး နဲ့ ပဲ ကလေး ကို ဘက်ပြောင်း ချီပြ လိုက်တာပေါ့ ။ အဲ့ဒါလည်း ရပ်မသွားဘဲ ကလေးပြောင်းတဲ့ ဘက် လိုက်လာပြီးလိုက် ဆွဲပြန်ရော ဆွဲ မရအောင် ကလေး လက်တွေ သိမ်းပြလည်း မရနဲ့ ရှုပ်ရှက်ကို ခတ်နေတာပါပဲ ကလေးလည်း စိတ် ညစ်ပြီး လန့်နေပြီ ။

22 November 2013

Tattoo ထိုးလို့ ဖြစ်လာတဲ့ Infection ဖြစ်ပုံတွေ




Tattoo ထိုးလို့ ဖြစ်လာတဲ့ Infection ဖြစ်တဲ့ပုံတွေ စုထားတာ ရှိပါတယ်ခင်ဗျ ။ Tattoo ထိုးလိုက်လို့ အဆင်ပြေသွားတဲ့ သူတွေရှိသလို အဆင်မပြေပဲ ရောဂါပိုးတွေ ၀င်ပြီး ဆိုးဝါး တဲ...့အရေပြား ထိခိုက်မှုတွေ ကြုံတွေ့သွားရတဲ့သူတွေလည်း ရှိတယ်ဆိုတာ သိသွားစေချင်တာပါ ။

ကျွန်တော် အခုအချိန်ထိ အားရင်တွေးနေတာ Tattoo ကို ဘယ်နေရာမှာ ဘာပုံ ထိုးရင်ကောင်းမလဲ လို့ ပဲတွေးနေတာပါ ။ တစ်ကယ်တော့ လည်း မထိုးချင်ပါဘူး၊ အဲလိုတွေးနေတာကလည်း အရသာပါပဲ၊
 

ဘာ လို့ Tattoo မထိုးချင်တာလဲ ဆိုတော့ သူက တစ်သက်လုံး အမှတ်ဖြစ်သွား လို့ပါပြီးတော့ ကိုယ်ရွေးလိုက် တဲ့ ပုံက နောက်တစ်ချိန်ကျရင် ဒီဇိုင်းက အောက်ပြီး လူရှေ့မှာ မပြရဲဖြစ်သွားမှာစိုးလို့ပါ နောက်တစ် ခု က အလုပ်အကိုင် အခွင့်အလမ်းနဲ့လည်း သက်ဆိုင်ပါတယ်
 

အင်တာဗျူးတွေ မှာ ချွတ်မပြရဘူး ဆိုပေမယ့် သိပ်တော့ အဆင်မပြေပါဘူး ။ ကျန်းမာရေး ရှုထောင့် က ကြည့်ရင်လည်း စွန့်စားလွန်းရာ ကျပါတယ် ။ ကံမကောင်းလို့ ရောဂါ ရသွားရင် မထိုးလိုက်ရင်အကောင်းသား ဆိုပြီး တွေးမယ့်အစား ဒီလိုပဲ နေလိုက်တာပါ ။
 

19 September 2013

အပျော်မယားဖြစ်ခဲ့ရသည့် အမျိုးသမီးများ




ခရစ်နှစ် ၁၈၉၈ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံတရား ဥပဒေများဆိုင်ရာ အက်ဥပဒေတွင် အမှုသည် များ သည် ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာတရားဥပဒေ၊ မဟောမေဒင်ဖြစ်လျှင် မဟာမေဒင် တရား ဥပဒေ၊ ဟိန္ဒူဖြစ်လျှင် ဟိန္ဒူတရားဥပဒေအရ အဆုံးအဖြတ်ပေးရမည်ဟု ပြဌာန်းထားသော်လည်း အမှုသည် များသည် ဗုဒ္ဓဘာသာနှင့် မဟာမေဒင်၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူစသည်ဖြင့် ဖြစ်လာပါက မည်ကဲ့သို့ ဆုံးဖြတ် ရမည်ကိုကား မပါဝင်ခဲ့ပေ။

မြန်မာ့ ဓလေ့ ထုံးတမ်းနှင့်နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော မြန်မာအမျိုးသမီးများ သည် လူမျိုးခြားများ ၏ ဓလေ့ ထုံးတမ်း များကို နားမလည်ကြချေ။ လူမျိုးခြားယောက်ျားနှင့် လက်ထပ်ထိမ်းမြားပြီး အကြင် လင်မယား အဖြစ် နေထိုင်လာခဲ့ကြသဖြင့် မိမိတို့သည် တရားဝင် လင်မယားအဖြစ်သာ နားလည်ကြ သည်။



 မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ လင်နှင့်မယားသည် တန်းတူအခွင့်အရေး ရရှိကြသည်။ လင်သေမယား၊ မယားသေလင် အမွေဆက်ခံခွင့်သည် တရားတစ်ထုံးစွဲဆိုတောင်း ခံရသည့်အခွင့် အရေးမျိုးမဟုတ်ချေ။ 

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ လက်ထပ်ထိမ်းမြားရေး တွင် ဘာသာ အယူဝါဒ မတူညီမှု အတား အဆီး၊ လူမျိုးအနွယ် ဇာတ်မတူညီမှု အကန့်အသတ်၊ လက်ထပ်ထိမ်းမြားပွဲကို မင်္ဂလာအခမ်း အနားနှင့် ပြုလုပ်ရမည် ဟူသော သတ်မှတ်ချက်မရှိသဖြင့် လူမျိုးခြား ယောက်ျားများကို တရားဝင် လင်ယောက်ျားဟူ၍ပင် နား လည်ကြ သည်။

သို့ရာတွင် အရေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့သော် မြန်မာအမျိုးသမီးများသည် တရားဝင် လင် မယားဖြစ်ကြောင်း ကိုပင် မနည်းခုခံနေရသည်။ မိမိတို့၏ ပုဂ္ဂလိကအခွင့်အရေးများ ဆုံးရှုံးရသောအခါ ဥပဒေ၏ အကူအညီကို ယူရသောအခါ ဘာသာခြား၊ လူမျိုးခြား၊ လင်ယောက်ျား၏ တရားဥပဒေအပေါ်မှာ လုံးဝတည်သွားတော့သည်။