Showing posts with label မှုခင်း သတင်းများ. Show all posts
Showing posts with label မှုခင်း သတင်းများ. Show all posts

24 August 2016

သမ္မတ အနေနဲ့ သေဒဏ်တွေ ပြန်အတည်ပြုဖို့  အချိန်တန်ပြီလား


““၁၉၈၈ ခုနှစ်ကတည်းက အခု အချိန်အထိ သေဒဏ် ကို တစ်ခါ မှ အတည်ပြုစီရင်ခဲ့တာ မရှိဘူး””  ဟု အကျဉ်း ဦးစီးဌာနမှ ညွှန်ကြားရေး မှူးး တစ်ဦးကပြောသည်။
ကြိုးစင်တွေလား...ရှိတယ်။ ထောင်တိုင်းမှာ ရှိတယ်။ ကြိုးပေးဖူးတဲ့ ထောင်ဝန်ထမ်းတော့ တော် တော်ရှားသွားပြီ။ ပင်စင်ယူကုန်ကြ ပြီလေ၊မရှိတော့ဘူး။ ကြိုးမပေး တော့တာ အနှစ်သုံးဆယ်နီးပါးဆို တော့ တကယ်လုပ်ဖူးတဲ့သူ ရှား ကုန်တာပေါ့။ အခု သေဒဏ်ပြန်စီ ရင်မယ် ဆိုရင်တောင် ထောင်ဝန် ထမ်းတွေကို သင်   တန်းပြန်ပေးရဦး မယ်ဟု ထိုအရာရှိကပင် ဆက်လက် ပြောဆိုသည်။
မျက်မှောက် ခေတ်လက်ခံ ကျင့် သုံးနေသည့် တရားစီရင်ရေး စနစ်ပြစ်မှုနှင့်ပြစ်ဒဏ် များတွင် သေဒဏ်သည်အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်သည်။ လက်ရှိ ကမ်္ဘာပေါ်တွင် သေဒဏ် ကို လက်ခံကျင့်သုံးနေ သော နိုင်ငံပေါင်း ၅၈ နိုင်ငံ ရှိပြီး သေဒဏ်စနစ် ကို ဖျက်သိမ်းထား သောနိုင်ငံ ပေါင်း ၁၀၂ နိုင်ငံရှိ သည်။ 

နိုင်ငံ ၆ နိုင်ငံတွင် အရေး ပေါ်အခြေအနေမျိုးမှ အပ ကျန် အခြေအနေတွင်သေဒဏ် ကို မ ကျင့်သုံးတော့ပေ။ နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် သေဒဏ်စနစ် ရှိသော်လည်း အတည်ပြုစီရင်ခြင်း မပြုသည် မှာအနည်းဆုံးဆယ်နှစ်ခန့်  ရှိပြီ ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ စာရင်းဇယားများအရ သိရသည်။
၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံခန့် က သေဒဏ် စီရင်မှု ပေါင်း ၁၆၃၀ နှင့် အထက်ပြုလုပ် ခဲ့သည်။ တရားဝင် ထုတ်ပြန်သည့် စာရင်းများ အရ အီရန် တွင် ၂၀၁၅ တစ်နှစ်တည်းတွင် သေဒဏ်စီရင်မှု ပေါင်း ၉၇၇ မှုနှင့် အထက် ပြုလုပ် ခဲ့သည်။ 

တရုတ်နိုင်ငံမှာ သေဒဏ် စီရင်မှု အများဆုံးပြုလုပ်သည့်နိုင်ငံ ဟု ယူဆရသော်လည်း စာရင်းဇ ယား အချက်အလက်များ တရားဝင် ထုတ်ပြန်ခြင်း မပြုပေ။  တရုတ်ကဲ့သို့ မထုတ်ပြန်သည့်နိုင်ငံ အချို့ မှာ မ လေးရှား၊  မြောက်ကိုရီးယားနှင့်  ဗီ ယက်နမ်  တို့ဖြစ်ကြသည်။ 

အမေရိ ကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ် အတွင်း သေဒဏ်စီရင်မှု ၂၈ ခု ပြုလုပ်ခဲ့ သည်။ သေဒဏ် စီရင်ရာတွင် အ များအားဖြင့် ကြိုးပေးခြင်း၊  လျှပ်စစ် ကုလားထိုင် တင်ခြင်းနှင့် ဆေးထိုး ခြင်းစသည့်  နည်းလမ်းများကို အ သုံးပြုစီရင်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် ချမှတ်လေ့ ရှိသောပြစ်ဒဏ် များတွင် ငွေဒဏ်၊ ထောင်ဒဏ်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၊ တစ်သက်တစ်ကျွန်း ဒဏ်၊ သေဒဏ်  ဟူ၍ ချမှတ်ကျင့် သုံးလေ့ရှိသည်။ အမြင့်ဆုံးပြစ်ဒဏ် ဖြစ်သည့် သေ  ဒဏ်  ကို  ချမှတ်ရာ တွင် ““လည်ပင်းကြိုးစွပ်၍ မသေ မချင်းသတ်စေဟု စီရင်ချက်တွင် ရေးသားဖော်ပြလေ့ရှိပြီး မနီလာ ကြိုးဖြင့် ကြိုးစင်တွင် ကြိုးပေးသည့် နည်းကို အသုံးပြုစီရင်လေ့ရှိသည်။ 

တရားခံအား ကြိုးပေးပြီးလျှင် သက်ဆိုင်ရာထောင်ပိုင်မှ “ကောင်း မွန်သပ်ရပ်စွာ သေဒဏ်ပေးပြီး ကြောင်း” တရားသူကြီးထံ စာရေး သားပေးပို့ရသည်။ သေဒဏ် ချမှတ် ခံရသူမှာ ကိုယ်ဝန်ဆောင် အမျိုး သမီးဖြစ်လျှင် ကလေးမွေးဖွားပြီး ချိန်အထိ သေဒဏ်ကို ဆိုင်းငံ့ထား ရသည်။
မြန်မာနိုင်ငံတွင် သေဒဏ် ချမှတ်လေ့ရှိသည့် မှုခင်းများမှာ နိုင်ငံတော် သစ္စာဖောက်မှု၊ စစ်ပုန်ကန်မှု အားပေးကူညီခြင်း၊ လူသတ် မှု၊ လူသတ်မှု ပါဝင်သော ဓားပြမှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဥပဒေ၊ အ ရေးပေါ် စီမံမှုအက်ဥပဒေ အစရှိ သည့် မှုခင်းများဖြစ်ပြီး မြန်မာနိုင်ငံ တွင် နောက်ဆုံးစီရင်ခဲ့သည့်သေ ဒဏ်မှာ ၁၉၈၈ ခုနှစ်က ပြင်ဦးလွင် အအက မှ ဗိုလ်မှူးး ခင်မောင်တင့် အား သတ်မှုတရားခံ တပ်သားအုန်း ထွန်းအားကြိုးပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သေဒဏ်စ နစ် ကို ဖျက်သိမ်းခြင်း မပြုသေးပေ။ တရားရုံးများတွင်လည်းသေဒဏ်များ ချမှတ် စီရင်နေဆဲဖြစ်သည်။ သို့သော် ထိုသေဒဏ် ချမှတ်ခံရ သည့် အကျဉ်းသားများအားသေ ဒဏ် ကို အတည်ပြုစီရင်ခြင်းမပြု သည်မှာ အနှစ် သုံးဆယ်နီးပါးကြာ မြင့်တော့မည်ဖြစ်သည်။ 


26 December 2015

အာဏာပိုင်တွေရဲ့ သိက္ခာ အတွက် အလုပ်သမားလေး ၂ ဦး ကို သေဒဏ်ပေးတာ - (စီအက်စ်အိုင်အယ်လ်အေ)

Nan Aye Kyi's photo.


လိပ်ကျွန်း လူသတ်မှု မှာ သက်သေ အထောက်အထား ခိုင်လုံမှု မရှိဘဲ... မြန်မာ အလုပ်သမား လူငယ် ၂ ဦး ကို သေဒဏ်ပေးလိုက်တဲ့ စီရင်ချက်ဟာ ဒေသခံ အာဏာပိုင် နဲ့ ဒေသတွင်း သြဇာညောင်းသူတွေ ရဲ့ သိက္ခာ အတွက် ဆုံးဖြတ်လိုက်တာ လို့ လူမှုကွန်ရက် က စီအက်စ်အိုင်အယ်လ်အေ အကောင့် ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါ က ဒီဗွီဘီကို ပြောပါတယ်။

စီအက်စ်အိုင်အယ်လ်အေ ဟာ လိပ်ကျွန်း လူသတ်မှု နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ဆွဲထုတ်ရင်း လူသိ များ လာတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ တစ်ခုဖြစ်ပြီး လက်ရှိ ကြည်ရှုသူ ပရိသတ်ပေါင်း ၆ သိန်းကျော် ရှိနေ ပါတယ်။

စီအက်စ်အိုင်အယ်လ်အေ အကောင့် ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါ ကို ဒီဗွီဘီ က ဆက်သွယ်မေး မြန်း ထားပါတယ်။

ကော့စမွီခရိုင် တရားရုံး ရဲ့ ဆုံးဖြတ်ချက်ပေါ် ဘယ်လိုမြင်ပါသလဲ။
“ကျနော့်အနေနဲ့ ကတော့ ဘာမှ မအံ့သြမိပါဘူး၊ အောက်ခြေ တရားရုံးတွေ က ဒီလိုပဲ လုပ်နေကျ၊ ဒေသ တွင်း အာဏာပိုင်တွေ၊ သြဇာ ကြီးမားသူတွေ က အောက်ခြေ တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို ၀င်ရောက် စွက်ဖက်နိုင်တော့ သေချာတယ် မှားဖမ်းထားတဲ့ လူငယ် ၂ ယောက် ကို လွှတ်ပေးမှာမဟုတ်ဘူး၊

 လွှတ်ပေးလိုက်ရင် ရဲတပ်ဖွဲ့ရော၊ ခရိုင် တည်ငြိမ်အေး ချမ်းရေးကောင်စီ (လက်ရှိ အစိုးရ) ကိုရော၊ အာဏာ ပိုင် အဖွဲ့တွေရော မျက်နှာပျက် စရာတွေ ဖြစ်နေတယ်။ တစ်ဘက် မှာ ခရိုင်တည်ငြိမ်အေးချမ်းရေးကောင် စီမှာ လည်း တခြားပြဿ နာတွေ ဖြေရှင်းရမှာတွေ အများကြီးရှိသေးတယ်၊

25 September 2015

ကျော မလုံတော့သော ပြည်သူတို့ ဘဝ




အလုပ်ဆင်းပြီး နေအိမ်သို့ ပြန်နေကြသော ရန်ကုန်မြို့ မှ ပြည်သူ အချို့ကို စက်တင်ဘာ ၂၁ ရက် ညက တွေ့ရစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)




အချိန်က ၁၀ နာရီ ကို စွန်းစွန်းကျော်နေပြီ။ သူနေထိုင်ရာ ကျောက်မြောင်းရပ်ကွက်ကလည်း လူအပြတ်သား။ အနောက် က ထက်ကြပ်မကွာ လိုက်လာသော လူစိမ်းနှစ်ဦး ကို မမေခင်ကျော် (အမည်လွှဲ) အစောပိုင်း ကတည်း က သတိထားမိနေသည်။ လက်ထဲ က စလင်းဘက် ကို ကျစ်ကျစ် ပါအောင်ဆုပ်ရင်း ရှေ့တွင် မဝေးတော့သည့် သူ ၏ တိုက်ခန်း သို့ တတ်နိုင် သမျှ မြန်မြန် မပြေးရုံ တစ်မယ် ခပ်သွက် သွက် လျှောက်နေ သည်။ 

တိုက်ခန်း အရှေ့ရောက်ခါနီး မှ မမေခင်ကျော် တစ်ချက် သတိရသည် က အိမ်မှာ ရှိသည့် အဖေ့ ကို တိုက် ခန်းရှေ့ တွင် ထွက်ခေါ်ရန်။ ပူထူနေ ၍ သူလည်း ဒီလောက်ပဲ စဉ်းစားမိ​ ၍ အဖေ့ ကို ဖုန်းလှမ်း ဆက်ထား သည်။ အဖေ ကလည်း လာခေါ်မည်ဟု ဆိုသည်။ သို့သော် သူနောက်ကျသွားလေပြီ။ 


ဖုန်းချပြီးသည်နှင့် နောက်မှ ‘‘ဟဲ့...ကောင်မ’’ဆိုသည့် အော်သံနှင့် အတူ ကုပ်ကို ကိုင်၍ နံဘေးရှိ တိုက်နံရံ တစ်ခု ကို ဆွဲခေါ် သွားပြီး နံရံနှင့် ထပ်ခါ ထပ်ခါ ဆောင့်ပစ် ခံရသည်။ လဲကျ သွားချိန်တွင် ခေါင်းကို တက် နင်း ထားပြီး လက်ကိုင်အိတ်နှင့် ဖုန်း ကို လုယူသွားခဲ့ကြသည်။ 

ယခု ကဲ့သို့ မမေခင်ကျော် အကြမ်းဖက် လုယက် ခံရသည် မှာ ငါးလ အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ် သည်။ မေလ အတွင်းက တာ မွေမြို့နယ် မင်္ဂလာသိဒ္ဓိလမ်းထောင့် တွင် ဓားဖြင့်ထောက် လုယက် ခံခဲ့ရ ဖူးသည်။ 

သြဂုတ် ၂၅ ရက်တွင် ကျောက်မြောင်း ၌ ဒုတိယ အကြိမ် ထပ်မံဖြစ်ပွားခဲ့သည် ဟု မမေခင်ကျော် ၏ ဖခင် က ပြောသည်။ သို့သော် ယခု အဖြစ်အပျက်ကတော့ သူတို့ မိသားစု အတွက် ယူကျုံး မရဖွယ်ရာ အတိ ဖြစ်ခဲ့ သည်။ ထို လုယက်မှုနှစ်ခု ကြုံပြီးနောက် မမေခင်ကျော် မှာ စိတ် ကစဥ့် ကလျားနှင့် စိတ် မူမမှန်သည့် အခြေ အနေ ဖြစ်သွားခဲ့ခြင်းကြောင့်ပင်။