14 December 2013

ငါတို့ဝေး - လွှမ်းပိုင်(hlwan paing)




Hip Hop  အဆိုတော် လွှမ်းပိုင် ၏ သီချင်းအသစ် တပုဒ်ဖြစ်တဲ့ --
ငါတို့ဝေး( Mp3)

ငါတို့ဝေး( Mp3) Download >>
.'ဒီနေရာကို ကလစ်ပါ..(or)  ဒီနေရာကို ကလစ်ပါ. (or) ဒီနေရာကိုကလစ်ပါ.

From...လေလွင့်နေတဲ့လူ



ဆားများတဲ့ အစားအသောက်တွေ စားတာက မနက်ခင်းမှာ မျက်နှာကို ဖောင်းအစ်နိုင်သလား

 

 

ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာနေတဲ့ လူတွေမှာတော့ မဖြစ်နိုင်ပါ ဘူး။ လူတစ်ယောက်က ဆား ကဲတဲ့ အစား အသောက်တွေကို စားပြီးချိန်မှာ ခန္ဓာကိုယ် ထဲ ဆိုဒီယမ်အဆင့် မြင့်တက် လာပါတယ်။ 


အဲဒီအခါ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နဲ့ ရေဓာတ်ဟန်ချက် ညီမျှစေဖို့ ရေဓာတ်ကို ပိုမိုစုပ်ယူ ရပါတော့တယ်။
ဒါပေမဲ့ ပုံမှန်ကျန်းမာ ရေးကောင်း နေတဲ့ လူအများစုမှာတော့ ခန္ဓာကိုယ်ထဲ ဆား နဲ့ ရေဓာတ် များတာကြောင့် မျက်နှာ မှာ အရည် စုပုံမှု မဖြစ်တော့ပါဘူး။ 


အကြောင်းက ကျန်းမာနေတဲ့ ကျောက်ကပ်တွေက အချိန်တို အတွင်းမှာ ဆားနဲ့ ရေအပိုတွေကို စွန့် ထုတ်နိုင် စွမ်းရှိ လို့ပါ။ ကျောက်ကပ်၊ နှလုံးနဲ့ အသည်းတို့ မကောင်းတဲ့သူတွေမှာ မျက်နှာတစ်ဝိုက် အရည် စုပုံမှုဖြစ် ပြီး ဖောင်းအစ်နေတတ် ပါတယ်။ အထူးသဖြင့် ခြေချင်းဝတ်ပတ် လည်မှာ ဖောင်း အစ်မှု ပိုဖြစ်နိုင်ပါတယ်။

တူနှစ်ကိုယ် တဲအိုပျက်မှာ နေပြီး ထမင်းရည်သောက်မယ် ဆိုတာ ရေရှည် မှာတော့ မဟုတ်ဘူး{ ထူးအယ်လင်း }

 Image result for ထူးအယ်လင်း Photos



မင်းလေးနားလည် သီချင်းနဲ့ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားပြီး နောက်ပိုင်း အခွေတွေ ဆက် တိုက်ထွက်ခဲ့ ပါတယ်။ တစ်ခွေ နဲ့ တစ်ခွေအချိန်အနည်း ငယ်ကြာခဲ့ ပေမယ့် ထွက်ရှိလာတဲ့ သီချင်းတိုင်း ဟာ ပရိသတ်တွေနဲ့ ရင်ဘတ်ချင်း ထိခဲ့တဲ့သီချင်းတွေပါပဲ။ 

အခုလည်း အချစ်ဆိုတဲ့ နယ်ပယ်ထဲမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အဖြစ်အပျက်လေးတွေ ကို ရိုးရှင်းသော စာသားလေးတွေနဲ့ လူငယ်ပရိသတ် ထဲကို အရောက်ပို့ခဲ့ တဲ့ အချစ်လို့ခေါ်သလား သီချင်းပိုင် ရှင်ဖြစ်ပြီး (၂၇)ကြိမ်မြောက်အရှေ့ တောင် အာရှအားကစားပြိုင်ပွဲ မှာလည်း တေးရေး လင်းထက်ရဲ့ ရောင်စုံဥယျာဉ် သီချင်းနဲ့ ဆုရခဲ့တဲ့ တေးသံရှင် ထူးအယ်လင်းနဲ့ ခဏတာ တွေ့ဆုံခဲ့ပါတယ်။


Q. လတ်တလောအနုပညာ လှုပ်ရှားမှု...
A. သူများအခွေအတွက်စီစဉ် ပေးနေပါတယ်။ (၈)ရက်နေ့မှာ ဆီး ဂိမ်းအတွက် နေပြည်တော်ကိုသွား မယ်။

Q. ကိုယ်ဆိုတဲ့ သီချင်းက ဆီး ဂိမ်းအတွက်ရွေးချယ် ခံရတဲ့အပေါ် ဘယ်လို ခံစားရလဲ။
A. ဆုရမယ်လို့မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ နှစ် ပေါင်းများစွာကြာပြီးမှပြန်လည်ပြု လုပ်ခွင့် ရတဲ့ကိုယ့်နိုင်ငံရဲ့ဆီးဂိမ်းမှာ မမျှော်လင့်ဘဲရွေးချယ်ခံရတော့ သ မိုင်းဝင်မှတ်တမ်းတစ်ခုပေါ့။ အဲဒီအ တွက် အများကြီးဂုဏ်ယူပါတယ်။

Q. မင်းလေးနားလည် အခွေနဲ့ လူသားဘဝအခွေက ဘာကြောင့် အချိန်အရမ်း ကွာခြားသွား တာလဲ။
A. ကျွန်တော်က သီချင်းတွေ ကိုရင်ဘတ်ထဲကလာတဲ့ခံစားမှုမျိုး ပါတာပဲလိုချင်တာပါ။ စက်ရုံတစ် ရုံလို တစ်ခွေပြီးတစ်ခွေမထုတ်နိုင်ပါ ဘူး။ ကိုယ်ဆိုလိုက်တဲ့သီချင်းက ပ ရိသတ်နဲ့ရင်ဘတ်ချင်းထိအောင်ကြိုး စားချင်လို့ပါ။

ကုမ္ပဏီတစ်ခုမှာ ဝက်ဆိုဒ် ရှိသင့် မရှိသင့်




ကုမ္ပဏီ တစ်ခုမှာ ဝက်ဆိုဒ် ရှိသင့် မရှိသင့် အဲဒါကတော့ ကိုယ့်အယူဆနဲ့ ကိုယ်ပေါ့။ ဝက်ဆိုဒ်ရှိမှ ကုမ္ပဏီက သိက္ခာရှိမယ် ဆိုရင်တော့ ဝက်ဆိုဒ်ဆွဲပေါ့။ မရှိရင်လည်း ဘာမှမဖြစ်ဘူး ဆိုရင်တော့ မဆွဲနဲ့ပေါ့။ သို့သော် ဝက်ဆိုဒ် ရှိမယ်ဆိုရင် ဘယ်လို ကောင်ကျိုးတွေ ရှိနိုင်ပါလဲ ဆိုတာကို အကြမ်းမျဉ်း တင်ပြပါ့မယ်။

လူကြီးမင်း၏ ကုမ္ပဏီဟာ လက်တော့တွေ ရောင်းတဲ့ ကုမ္ပဏီ ဆိုပါစို့။ ဝက်ဆိုဒ်ရှိမယ် ဆိုရင် ၎င်းပစ္စည်းတွေ ကို ဝက်ဆိုဒ် ပေါ်မှာ တင်ပြထားလို့ ရပါတယ်။ အသစ်ရောက်လာတာ တွေရော အဟောင်းတွေ ရောပေါ့။ ဒီလို တင်ပြထားခြင်း အားဖြင့် customer တွေဟာ လူကိုယ်တိုင် ဆိုင်ကို လာပြီး ကြည့်စရာ မလိုတော့ ဘူးပေါ့။ ဆိုက်မှာပဲ ဒါလေးတွေက ဘယ်ဈေး ရှိတယ် ဆိုတာကို သိရတာပေါ့။


ထို့ပြင် ကိုယ့်ရဲ့ ဖောက်သည်မ ဟုတ်သူတွေလည်း ကြည်လို့ ရတာပေါ့။ ယခုခေတ်က အွန်လိုင်းခေတ်လေ။ အွန်လိုင်းမှ ကိုယ့်ဆိုဒ်ကို ကြည့်တဲ့ သူတိုင်း ကိုယ့်ဆိုင်မှာ ဘာပစ္စည်းတွေ ရှိတယ်ဆိုတာကို သိနိုင်တာပေါ့။ ဝက်ဆိုဒ်ဆွဲလိုက်လို့ လူတွေပိုတောင် သိလာပါသေးတယ်။ 

ဒါ့အပြင် ဝက်ဆိုဒ်က တစ်လတည်းလာ ဆိုတော့ လည်း မဟုတ် တစ်နှစ်တည်းလည်း မဟုတ် မိမိ တစ်ဘဝ လုံး အတွက် ဖြစ်ပါတယ်။ မသုံးချင်တော့မှသာ ဖျက်ပစ်လိုက်ရတာ အရာမျိုးပါ။ ဒါက ကောင်းကျိုး အကြမ်း မျဉ်း ဖြစ်ပါတယ်။

မိတ်ဆွေတချို့ … သို့မှတစ်ဆင့် (၃)


ဒီဇင်ဘာ ၁၁ ရက်နေ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲမတိုင်ခင်မှာ အိမ် ရှင် မြန် မာနိုင်ငံ ကတော့ ရွှေတွဲလွဲ ငွေတွဲလွဲနဲ့ တာထွက် ကောင်းနေခဲ့ပါပြီ။ အခုဆောင်းပါး ရေးနေတဲ့အချိန် အထိ အိမ် ရှင် မြန်မာအသင်းက ရွှေ (၁၈)၊ ငွေ (၇)၊ ကြေး (၉) နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

မြန်မာအသင်း အများစုရတဲ့ ရွှေငွေထဲမှာ ရိုးရာခြင်းလုံးက အများဆုံး ဖြစ်ပေမယ့် ၀ူရှူးအားကစားအဖွဲ့ က လည်း ထင်တာထက်ပိုပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အထူးညွှန်းဆိုရမယ့် ရွှေတံဆိပ် ကတော့ နပန်း အားကစားသမား မြင့်ဇင်ပဲ ဖြစ်ပါတယ်။


 မြင့်ဇင်ဟာ မြန်မာနပန်း အားကစား အဖွဲ့အတွက် SEA Games ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံး ရွှေ တံဆိပ်ကို ဆွတ်ခူးပေးခဲ့သူ အဖြစ် သမိုင်းမှာ မှတ်တမ်းဝင်သွား ခဲ့ပါတယ်။ မြန်မာ နပန်းအဖွဲ့သား တွေဟာ ထူးထူးခြားခြား ပံ့ပိုးမှုတွေ မရရှိခဲ့ပေမယ့် တာဝန်ကျေပွန်ပြီး တိုင်းပြည်ရဲ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ပါတယ်။

နပန်းသမား အများစုကို ရခိုင်ပြည်နယ်က ရိုးရာကျင် ကစားသမားတွေကို အခြေခံပြီး စုဖွဲ့ခဲ့ရတာ ဖြစ်ပါ တယ် ။ နိုင်ငံတကာ အားကစားပြိုင်ပွဲ တွေမှာ မြန်မာနပန်း ကစားသမားတွေဟာ စာမျက်နှာသစ်ကို ဖွင့် လှစ်နိုင် ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာအမျိုးသား ဖူဆယ်အသင်း ကလည်း အစဉ်အလာ အရ အနိုင်မရခဲ့တဲ့ မလေးရှား အသင်းကို လေးဂိုးစီ သရေကစားနိုင် ခဲ့ပါတယ်။ ဒါဟာလည်း တိုးတက်မှုတစ်ခုလို့ အသိ အမှတ် ပြု ရမှာ ဖြစ်ပါတယ်။

ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲ ဝေဖန်နေကြတာကို ဦးရဲထွဋ် က အခုလို တုံ့ပြန်ထားပါတယ်

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကြီးကို ထည်ထည်ဝါ၀ါ လုပ်နိုင်တာဟာ တရုတ်နိုင်ငံက နည်းပညာတွေ အကူအညီယူတဲ့အပေါ် ဝေဖန်နေကြတာကို သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က အခုလို တုံ့ပြန်ထားပါတယ်။

 နေပြည်တော် ဆီးဂိမ်း ဖွင့်ပွဲ၊ ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ အသံ၊ မီး နဲ့ မီးရှုး မီးပန်း များနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရ ပါတယ်။ 

မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရ က လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ်ကျင်းပတာဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။ 






 

ဒါ့ကြောင့် ဒီပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့အောင်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ခမ်းနားစွာဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့နည်းပညာမှန်သမျှ အသုံးပြုမှာ ပဲဖြစ် ပါတယ်။ 

13 December 2013

မြန်မာ လို့ လက်မ ထောင်နိုင်ပြီ




ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်..

အလုပ်နားချိန်မှာ ... စပ်စုစိန် ကိုရွှေဖိုခေါင်းက မဆီမဆိုင် လာမေးတယ်

``ငါတို့ရိုးရာဝတ်စုံ ကီမိုနိုလို .. မင်းတို့ ရိုးရာဝတ်စုံက ဘယ်လိုမျိုးလဲ`` တဲ့

ကျွန်တော်တစ်ချက်ကြောင်သွားတယ်... ပြီးတော့ ပျော်သွားတယ်
ရိုးရာဝတ်စုံတင်မကဘူး ..မြန်မာ့ရိုးရာ ယဉ်ကျေးမှုကိုပါ ပြဖို့
မနေ့တနေ့ကမှ ကြီးကြီးကျယ်ကျယ်ဖွင့်လှစ်ထားတဲ့ ဆီးဂိမ်းပွဲကြီး ရှိနေတာပဲ ။


ဒါနဲ့ youtube ကဒေါင်းထားတဲ့ ... SEAGAME ဖွင့်ပွဲ အခမ်းအနားကို ဖွင့်ပြလိုက်တယ်

ဆီးဂိမ်းဖွင့်ပွဲလုပ်တဲ့ ကွင်းကြီးရယ်..
လှပဆန်းပြားတဲ့ မီးရှူးမီးပန်းတွေရယ်..
နောက် မြန်မာ့ဆိုင်း မြန်မာ့ဂီတ..မြန်မာ့စောင်း..အဲဒီ စောင်းကြိုးတွေကို ညင်သာစွာတီးခတ်နေတဲ့
မြန်မာမိန်းမပျိုလေးများရဲ့ ကျက်သရေရှိတဲ့ အသွင်ဟန်ပန်တွေ..

အနော်ရထားမင်းကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ နန်းသဘင် သရုပ်ဖော်ပြကွက်တွေ ..
ပုဂံရဲ့ မှော်ဆန်တဲ့ အလှတရားတွေနဲ့.. မြန်မာ့ရေမြေ မြန်မာ့ရှုခင်း အလှတွေ.

အားလုံး ပါးစပ်လေးအဟောင်းသားနဲ့ ..အံ့သြတကြီး ကြည့်နေကြတယ်

ပြီးတော့ ... ငြိမ်ငြိမ်သက်သက်နဲ့ တောက်လျှောက်ထိုင်ကြည့်နေတဲ့ ဆိုင်ခေါင်းက
ကျွန်တော့်ကို စကားတစ်ခွန်း လှမ်းမေးတယ်



အိမ်တွင်းဖြစ် ခြင်ဖမ်း ကိရိယာလေး လုပ်ကြမယ်။



အိမ်တွေမှာ ခြင်တွေ ထွက်လာတာသတိထားမိရဲ့လား...။သင်နှင့် ကလေးငယ်တွေ ခြင်ကိုက်မခံရအောင် အိမ်တွင်းဖြစ် ခြင်ဖမ်းကိရိယာလေး အကြောင်း M-Media Knowledge ကဏ္ဍ ကပြောပြချင်သည်။

အိမ်တွင် အလွယ်တကူပြုလုပ်နိုင်သည့်ခြင်ဖမ်းကိရိယာအတွက် လိုအပ်သောပစ္စည်းများ
(၁) ရေတဖန်ခွက်
(၂) သကြားညို ရေဖန်ခွက်ဖြင့်လေးပုံတစ်ပုံ
(၃) တဆေး တစ်ဂရမ် (တစေး =အချဉ်ဖောက်ရာ၌ သုံးသည့်ပစ္စည်း)
(၄) ၂ လီတာဝင်ရေဗူးတစ်ဗူး
 

ပြုလုပ်ပုံအဆင့်ဆင့်......
 
(၁) ပလတ်စတစ်ဗူးကို တစ်ဝက်ဖြတ်ပါ။
 

ကင်ဆာရောဂါ ဖြစ်ပွား မှုနှုန်း ၁၄သန်းထိ ရှိလာ

 

 

ကမ္ဘာပေါ် မှာ ​ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း နဲ့ ​ကင်ဆာရောဂါကြောင့် ​သေဆုံး သူတွေ ​သိသိ သာသာ များ လာ တယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ်အတွင်းမှာ ​ကင်ဆာဂေါဖြစ်ပွားသူနှု န်းဟာ ​၁၄သန်းကျော်ရှိပြီး ​ကင်ဆာရော ဂါကြောင့် ​သေ ဆုံး သူ ​၈ ​သန်းကျော် ရှိတယ်လို့ ​ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ​ထုတ်ပြန်ကြေညာချက် ထဲ မှာ ​ဖော်ပြထားပါတယ်။



ခန့်မှန်းခြေအနေနဲ့ ​ကင်ဆာရောဂါတွေဟာ ​အမျိုးပေါင်း ​၂၈မျိုးရှိပြီးတော့ ​နိုင်ငံပေါင်း ​၁၈၄ ​နိုင်ငံကနေ ​စစ်တမ်း ​ကောက်ယူထားတာဖြစ်တယ်လို့ ​ဆိုပါတယ်။ ​ပြီးခဲ့တဲ့ ​၂၀၀၈ ​ခုနှစ်တုန်းက ​ကင်ဆာရောဂါ ​ဖြစ်ပွား သူနှုန်းဟာ ​၁၃သန်းနီးပါးရှိပါတယ်။


အသွင် အမျိုးမျိုးနှင့် တရုတ်နို့မှုန့် များ အသက် အန္တရာယ် ရှိဟုဆို

 


ပြည်တွင်း မုန့်ဈေးကွက် တွင် တရုတ် နယ်စပ် က အသွင် အမျိုးမျိုးနှင့် ထုတ်လုပ် ထားသော အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) လက်မှတ် မရှိသည့် ကလေးကြိုက် တရုတ်နို့မှုန့်များ ကျယ်ပြန့် စွာ ရောင်းချနေခြင်းသည် ကလေးသူငယ်များ အသက်အန္တရာယ် အတွက် စိုးရိမ်ဖွယ် ရှိ လာနိုင်ကြောင်း တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲ ဦးဆောင် လှုပ်ရှားသူ ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။



ယင်းဈေးသက်သာသော နို့မှုန့်ထုပ် များကို ကျောင်းမုန့်ဈေးတန်းနှင့် ရပ်ကွက် မုန့်ဆိုင်တို့တွင် အရိုးခေါင်းပုံပါ မုန့်အခွံနှင့် နို့မှုန့်ကို စီးကရက်ပုံစံ ပိုက်ဖြင့် စုပ်ယူ စားသောက်ရသော အမှုန့်များ၊ ဆေးပြားသဏ္ဌာန် နို့ခဲ များနှင့် ရောင်စုံ သကြားလုံးများ ပုံစံမျိုးစုံနှင့် ရောင်းချနေကြောင်း ရန်ကုန် မြို့တွင်းက ရောင်းချသူများနှင့် ဝယ်ယူသူများထံမှ သိရသည်။

ကလေးကြိုက် အရောင်မျိုးစုံ အသွင်သဏ္ဌာန်မျိုးစုံနှင့် ထုတ်လုပ်ထားသော တရုတ်နို့မှုန့် ထုတ်များတွင် သကြား ထက် အချိုနှစ်ဆပြင်းသော ဓာတ်များ ထည့်သွင်းထားပြီး စားသုံးမိပါက ပါးစပ်အတွင်း ပျဉ်းတွဲတွဲ အချိုအရသာကို ကြာရှည်စွာ ခံစားရနိုင်ကြောင်း ဒေါက်တာကျော်ဆွေက ပြောဆိုသည်။
 

မိန်းမော တွေဝေ မင်တက် မိသွားစေတဲ့ ဆီးဂိမ်း ဖွင့်ပွဲ

Thursday, December 12, 2013




▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
█ ★အမျိုးသားဆုံမှတ်-27th SEA Games ★ █
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[12-12-13]

● ဒီကနေ့ ဒေသတွင်းမီဒီယာတွေ၊ နိုင်ငံတကာက မြန်မာ့အရေးစိတ်ဝင်စားကြတဲ့ မီဒီယာတွေရဲ့ Front Page တွေမှာ နေပြည်တော်ဆီးဂိမ်းဖွင့်ပွဲသတင်းကို ဓါတ်ပုံတွေနဲ့ တခမ်းတနား ရေးသား ဖော်ပြထားကြ တာ တွေ့ရပါတယ်။ တစ်ချို့ သတင်းအာဘော်တွေမှာ ရေးသားဖော်ပြထားတာတွေက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။

● တစ်ချိန်က အထီးကျန် သင်းကွဲနိုင်ငံ ကလေးဆီက ကမ္ဘာကို ထုတ်ပြလိုက်တဲ့ Message က မြန်မာတွေ လုပ်နိုင်တယ် ဆိုပါသတဲ့။ တစ်ချို့ဆိုရင် ဒီလောက်ထင်မထားဘူး ဆိုပြီး ပြောင်ပဲ ရေးသားထားတာ တွေ့ရှိရပါ တယ်။ ဘာပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံကို အပြုသဘောမြင်ကြသည် ဖြစ်စေ၊ အဆိုးမြင်ကြသည် ဖြစ်စေ တလေး တစား ဖြစ်သွားကြရတာတော့ မငြင်းနိုင်ပါဘူး။


● တစ်ချို့က ဘာကို အသားပေးပြီး ရေးထားသလဲ ဆိုတော့ ဖွင့်ပွဲအခမ်းအနားမှာ ပြသသွားတဲ့ မြန်မာ့ရိုးရာ တူရိယာတွေနဲ့ တေးသွားသံစဉ်တွေကို စိတ်ဝင်တစား ရေးသားပြီး မြန်မာနိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်းတွေ ကိုပါ တို့ထိသွားခဲ့ပါတယ်။

 

12 December 2013

ရက်ရော ၊ ပေးကမ်းမှု မြန်မာ ဒုတိယအဆင့်

 


ကမ္ဘာပေါ်မှာ စစ်တမ်း အချက်အလက် များကို အမျိုးမျိုး ကောက်ယူနေကြပါ၏ ။ 
ဥပမာ – အချမ်းသာဆုံးနိုင်ငံ များ ၊ အဆင်းရဲဆုံးနိုင်ငံများ ၊ ခြစားမှု အများဆုံးနိုင်ငံ များ စသည်တို့ဖြစ်ကာ ယခု ကမ္ဘာပေါ်တွင် ရက်ရောမှု – ပေးကမ်းမှု နိုင်ငံများ စာရင်း – The World Giving Index 2013 ကို Charities Aid Foundation ( CAF ) က ထုတ်ပြန်လိုက်ပါသည်။


၎င်းစာရင်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် ဒုတိယမြောက် ရက်ရော ပေးကမ်းမှု အများဆုံး နိုင်ငံ အဖြစ် ဖော်ပြထား၏ ။ ယင်းမှ မြန်မာနိုင်ငံ သားတို့၏ အကျင့်စရိုက် ၊ စိတ်နေစိတ်ထား ကို ခန့်မှန်းနိုင်ရန် အခွင့်အလမ်း တစ်ခုပင် ။

 မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ အဖြစ်လည်းကောင်း ခြစားမှု များသည့် နိုင်ငံ အဖြစ်လည်းကောင်း ၊ ပြည်တွင်း စစ် ပဋိပက္ခ အရှည်ကြာဆုံး နိုင်ငံတစ်ခု အဖြစ်လည်း ကောင်း ၊ မကြာ ခဏ ဖော်ပြခံရသလို တစ်ချိန် တည်းမှာ ရက်ရောမှု ပေးကမ်းမှု အများဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခံရသည်မှာ မြန်မာနိုင်ငံသားများ အနေဖြင့်မှု အလွန်နားလ ည်ရခက်သည့် ကိစ္စမဟုတ်ပါ။

မိုးမိသူများ ရဲ့ မှတ်တမ်း { ကဗျာ }

                                                                    Online Photo's

ကျွန်တော်တို့ ရပ်ကွက်က ရှိုးပွဲ
( ဘာ ..ဒီ ကလေးတွေ စားစရာမရှိပါဘူး ဆိုမှ
ဟိုဟာဝယ် ဒီဟာဝယ်နဲ့ 
ထုတယ် ကွာ အသုံးမကျတဲ့ အမျိုးတွေ
ဟေ့ ..ဒီတစ်ပါက် မပေးရင် အိမ်ပေါ်ကဆင်းဟေ့ ) 
ဒါ ကျွန်တော်တို့ ရပ်ကွက်က တီးခက်ပုံသံစုံပေါ့...............
 

နိုးစက်မလို ဘူး မထချင်လည်း ထ မသွားချင်လည်း သွား
အပြေးအလွှား အလုအယက် အပြိုင်အဆိုင် ဈေးဗန်းတွေချခင်းလို့ 
ခြင်္သေ့ လာအောင် ရင်ထဲက မီးစကိုဖုံး မျက်နှာတွေပြုံးလို့ 
L ဆိုင်းဆီ လို လည်း ရ စန္ဒီမြင့်လွင်လို လည်း ရ
ပါသမျှအမယ်အကုန်လိုက်ရွတ်ရတယ်................
 
သူတို့ အလင်းပေါက်က မျက်ရည်စကိုတော့ အိမ်ဝမှ ကျတာ
အဲလို ရထားလမ်းလို အဲလို မူလီပြုန်းတဲ့ ဘဝ
လောဘလည်းဖြစ် ဒေါသလည်းဖြစ် မောဟလည်းဖြစ်
ကျွန်လည်းဖြစ် ရေလည်းနစ်ပေါ့.................
 
ဒါပေသိ တစ်ကိုယ်လုံး ဆီမ၀င်းတောင်မှ
မာန လေးတော့ လင်းကြတာထုံးစံပဲ
ဒီလို ခံစားမှုကို လက်တစ်ဖက်မှာ ဆေးအပ်ထိုးပြီး
ရင်ဘက်တစ်ခြမ်းနဲ့ တိုက်စစ်ကြည့်တာ
ကဗျာတော့မဟုတ်ဘူး ကဗျာဖြစ်တယ်................
 

ခင်ဗျားရော..ကျွန်တော်ရော.." o " လို့ မြင်၏ { ကဗျာ }

                                                    From...Online Photo's




တကယ်တော့ ခင်ဗျားရယ်

ကျွန်တော်ရယ်.....အရေပြားကြည့် သက်သက်ပါ

အ၀တ် ဗလာ..အသိ နတ္ထိ

ရော့ ဒီမှာကြည့်ပါ

ဘာမှမရှိ

ဘာမှ မရှိဘူး.........


 



လူ

ဥစ္စာ.

ရုပ်ရည်

ဗုံဆံပေါ်က

သကာရည်တွေပါဗျာ

ဟုတ်တယ်ဟုတ်.........

 

ပါးစပ်ထဲက.ဘာသာ { ကဗျာ }

(အတိတ်)


(က)
အမှတ်တမဲ့ မှ...အမှတ်တရ
အမှတ်တရမှ..အမှတ်တမဲ့ 
အဖြစ်အပျက် များစွာ မှ..အဖြစ်ပျတ်များ
ဘာဆို..ဘာမှ...ဘာမှကို မရှိချင်တာ အမှန်.ဒါပေမဲ့ 
မတူးဆွ ပါပဲ..အလိုလိုပေါ်ထွက်လာတတ် တဲ့ အခါ
ငိုက်မျည်းချိန်တောင်......ငြိမ်းချမ်းရေး မရ



(ခ)
ခုလောက်ဆို...သူ
ဟိုမှာ..ဆံစတွေ...ကာလာပြောင်းလို့ 
အင်္ကျီတွေ ပါးပါးလာတယ် တဲ့ 
မြန်မာ ထဘီတွေ..ကျွတ်ကျလို့ 
ပါးက..သနပ်ခါးတွေလဲ..ကျပျောက်ခဲ့ 

(ဂ)
ဒီမှာ..ချစ်သူ
ဒို့ နိုင်ငံမှာ.ယဉ်ကျေးမှု ဘာသာတွေ ပို့ ချတုန်းပဲ
ဒို့ နိုင်ငံမှာ..သင်္ကြန်မိုး သီချင်း နားထောင်နေတုန်းပဲ


ကညွတ်ဟာ ဆီးချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို





ကညွတ်ကို ပုံမှန်စားသုံးတဲ့ သူတွေ ဟာ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး ဂလူးကို့စ် ကို စုပ် ယူဖို့ ကူညီနိုင်တဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ် လို့ သိပ္ပံပညာ ရှင်တွေ က တွေ့ရှိခဲ့ပါ တယ်။ 

ဒါကြောင့် ကညွတ်ဟာ ဆီးချိုရော ဂါကို တွန်းလှန်ဖို့ နောက်ဆုံးပေါ်လက် နက်ဖြစ်လာမယ်လို့ သိပ္ပံပညာ ရှင် တွေက ယုံကြည်ကြ ပါတယ်။
 
ကမ္ဘာပေါ်မှာ လူ ပေါင်း တစ်သန်းကျော်ဟာ ဆီးချိုရောဂါ ဖြစ်နေမှန်း မသိရှိကြသူ တွေဖြစ်ပါ တယ် ။ မောပန်း တာ၊ ရေငတ်တာ၊ မကြာခဏ ဆီးသွားတာ၊ မှက္ခရုပေါက်တာနဲ့ အနာ ကျက်နှေးတာလိုမျိုး ဆီးချိုရောဂါ ရဲ့ လက္ခဏာတွေ ကို မသိရှိနားမလည်ကြ လို့ပါ။ 


သတိပြုရတော့မည့် အိမ်နီးချင်း



ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ် များတွင် ရိုက်ခတ်မှုဖြစ်စေသော အိမ်နီး ချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကို ပြေးမြင်ကြမည်ဟု ထင်မိပါသည်။ 

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးအခင်းများ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံ တို့ ၏ ပဋိပက္ခ များက သတင်းစာမျက်နှာများ ထက်တွင် ပလူပျံနေချိန်၌ မြန်မာနိုင်ငံသည် သတိထားရမည့် အိမ်နီးချင်း တစ်ဦး ဖြစ်သော ထိုင်းနိုင်ငံကို မေ့လျော့နေနိုင်ပါသည်။ 

သို့တည်းမဟုတ် ထူးထူးခြားခြား သတင်းများကို မရိပ်စားမိသောကြောင့် သော်လည်းကောင်း၊ ထူးခြားမှု များက အချိန်ကြာမြင့်လာ သောအခါ ရိုးအီသွားပြီး သတင်း မဟုတ်တော့ဟု ယူဆ သောကြောင့်သော် လည်းကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် မြန်မာတို့ အမှန်တကယ် သတိပြုရတော့မည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။


ထိုင်းသည် မြန်မာနှင့် အိမ်နီးချင်းဖြစ်ပြီး အခြေခံယဉ်ကျေးမှု အချို့ တူညီမှုရှိပါသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ လက်ထက် အယုဒ္ဓယကို ချီတက်သိမ်းပိုက်ရာမှ ယဉ်ကျေးမှုဓလေ့ အချို့ ပြည်တွင်း သို့ ပျံ့နှံ့ခဲ့ပါသည်။ ဤသို့ ဖြင့် ယဉ်ကျေးမှုများ ဒွေးရောယှက်တင် ဖြစ်လာသည်။ မည်သည့် ယဉ်ကျေးမှုက မည်သည့်နိုင်ငံတွင် စတင်သည် ဆိုသောအချက်က သမိုင်းကြောင်း အထောက်အထား ခိုင်လုံမှသာ သက်သေပြနိုင် ပေတော့မည်။

 ရှေး ယခင်က ယဉ်ကျေးမှု မူပိုင်ခွင့် ဟူသည် အရေးမကြီးဟု ထင်ရသော်လည်း ယခုအခါ အရေးကြီးလာ ပါပြီ။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် နီးကပ်နေသည့် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ် တို့တွင် ပို၍ သိသာလာပါသည်။

ယခု ၂၀၁၃ ဒီဇင်ဘာ ၄ ရက်နေ့က မွန်ပြည်နယ် မုတ္တမမြို့တွင် မြေကျင်းတူးရာမှ ၁၃ ရာစု လက်ရာ မြေ အိုးဟောင်းများ တူးဖော်ရရှိခဲ့ကြောင်း သတင်းများ တွေ့ရပါသည်။ 

သမိုင်းကြောင်းအရ တွံတေး၊ ပဲခူး၊ မုတ္တမမြို့ တို့သည် စဥ့်ထည်များဖြင့် အိုးမြို့တော်ဟု အရှေ့တောင် အာရှနိုင်ငံ များတွင် ကျော်စောပြီး ဖြစ် ပါသည်။ မုတ္တမမြို့မှ မုတ္တမအိုးများသည် သီးခြား ကွဲထွက်နေသော ဟန်ပန်နှင့် ထင်ရှားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ ရှေးဟောင်းပစ္စည်းများ သဖွယ် ထင်မှတ်မှား ဖော်ပြခြင်း ခံနေရပါသည်။

အပူးဂဏန်းတွေကြောင့် ဆီးဂိမ်းမှာ မြန်မာ အောင်မြင်ဖွယ်ရှိ


Wednesday, December 11, 2013
 ဆီးဂိမ်း/အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးက အပူးဂဏန်းတွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် ဘာဖြစ်နို်င် တယ်လို့ ထင်ပါသလဲ။

အားကစားဝန်ကြီးကတော့  ဒါဟာ "အောင်မြင်မှုနိမိတ်အပေါ် ရပ်တည်နေသည်ဟု ခန့်မှန်းကြောင်း" ပြောဆို ခဲ့တယ်လို့ 7Day သတင်းစာမှာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ ရေးထားပါတယ်။

သူရဦးရွှေမန်းနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ် တဲ့။
ဦးရွှေမန်းက ဘယ် လို တုံ့ပြန်ပြောဆိုတယ် ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါ။




အပူးဂဏန်းလပ်ကီးက ကိုယ့်အတွက်လည်း ဖြစ်နိုင်သလို တခြားသော ပြိုင်ဘက်များအတွက် လည်း ဖြစ် သွားနိုင်ပါတယ်။
သို့သော်လည်း ဒီတကြိမ်တော့ ကိုယ်ဟာ အိမ်ရှင်ဖြစ်တဲ့အတွက် အပူးဂဏန်းလပ်ကီးက ကိုယ့် အတွက် ဖြစ် နိုင်ပေတယ်လို့ ယူဆမှုများလည်း ရှိနိုင်တယ် မဟုတ်လား။

ဝန်ကြီးပြောသလိုပဲ ... ဒီတခေါက်ဆီးဂိမ်းက အပူးဂဏန်းတွေနဲ့ပါပဲ။

အပူးဂဏန်း ၁၁၊ ၂၂၊ ၃၃၊ ၄၄ တို့အကြောင်း သတင်းစာမှာ ဖွင့်ဆိုထားပါသေးတယ်။

၁၁ - ဒီဇင်ဘာ ၁၁ မှာ ဖွင့်ပွဲလုပ်မယ်၊
၂၂ - ဒီဇင်ဘာ ၂၂ မှာ ပိတ်ပွဲ၊
၃၃ - အားကစားနည်းပေါင်း ၃၃ မျိုး ပါဝင်တယ်၊
၄၄ - ၄၄ နှစ်ကြာမှ မြန်မာပြည်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တယ်၊
၅၅ - ရွှေတံဆိပ်ဆုပေါင်း ၅၅ ဆုပဲ ရမယ်ဆိုရင်တော့ ကောင်းတယ်လို့လည်း ပြောနိုင်သလို မကောင်းဘူးလို့လည်း ပြောနိုင်ပါလိမ့်မယ်။

ကောင်းတယ် ဆိုတာက ခါတိုင်းဆီးဂိမ်းတွေမှာ မြန်မာက ရွှေရရှိမှု အရေအတွက် ၂ဝ ဝန်းကျင်ထက် မကျော် ခဲ့လို့ပါ။
မကောင်းဘူး ဆိုတာက အိမ်ရှင်နိုင်ငံဖြစ်ပြီး ၅၅ ခု ရအောင် မလုပ်နိုင်ဘူးလို့ ပြစ်တင်မှုတွေ ရှိလာနိုင် လို့ပါ။

ဒီအချက်အလက်မတွေနဲ့ ပတ်သက်ပြီး ဆက်စပ် ဖတ်သင့်တာကတော့ ဧရာဝတီပင်မစာမျက်နှာ ကဆောင်းပါး - ဆီးဂိမ်းတွင် မြန်မာအားကစားများ အတွက် “ရွှေ” ရဖို့ စီစဉ်ထားသလော  ဖြစ်ပါတယ်။
http://burma.irrawaddy.org/sport/2013/10/19/49753.html မှာ ဖတ်ပါ။

ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ အိမ်ရှင်အင်ဒိုက ရွှေပေါင်း ၁၇၁ ဆု ယူခဲ့ပါတယ်။
အဲဒီတုန်းက ဘယ်နိုင်ငံတွေ ရွှေဘယ်လောက် ယူခဲ့တယ် ဆိုတာကို လေ့လာလိုသူများ အတွက် ပြန် လည် ဖော်ပြလိုက်ပါတယ်။

Indonesia 171 
Thailand 105 

Vietnam 96 
Malaysia 59

Singapore 42 
Philippines 36 

Myanmar 16
Laos 9

Cambodia 4 
East Timor 1 

Brunei 0 
 
ဧရာဝတီ အားကစားစာမျက်နှာ  - http://burma.irrawaddy.org/sport




ဧရာဝတီ Facebook / ဧရာဝတီ Twitter

.

11 December 2013

အပျို စစ်စစ် များသာ ဖတ်ရန်




ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့ နော်
  အအိုတွေ ဖတ်မိရင် စိတ်ဓါတ် ကျမှာ စိုးလို့ ပါ ။

အပျို စစ်စစ် ဆိုတာ က ခုခေတ်က ၁၆ နှစ် ၁၇နှစ် ဆိုရင် ကို ရည်းစား က ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ ရက် မကြာဘူး living together က နေနေကြပြီလေ ။

တကယ်တော့ လက်မထပ်ရသေးပဲ နဲ့ အတူတူနေကြတာ မိန်းခလေး တစ်ယောက်အတွက် လုံးဝတန်ဖိုး ကျသွားပါပြီ ။

အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်း ရဲ့  တန်ဖိုးထားခြင်းကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ်
အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့ က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး

ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကိုနားလည်အောင် သူသဘောပေါက်အောင် ပြောပြ ထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။ စိတ်ခုသွားတယ်ဆိုရင်တော့ ရဲရဲကြီးသာ လမ်းခွဲလိုက် ပါ။ သူ တကယ် ချစ်တာမဟုတ်တာသေချာနေ ပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်းသိမ်း ထားပါ။



ရေချိုးစဉ် သီချင်းဆိုခြင်းကောင်းကျိုး



ရေချိုးခန်းထဲ ရေချိုးနေတုန်း သီချင်း ဆိုတာဟာ ကျန်းမာရေး ကောင်း ကျိုး များစွာ ပေးစွမ်းတယ်လို့ ဆိုပါတယ်။


ဥပမာ - ဖိတ်ဖိစီးမှု ကျဆင်းစေခြင်း၊ အာရုံစူးစိုက်မှု ကောင်းစေခြင်း ၊ သွေး ပေါင်ချိန် ကျဆင်းစေခြင်း နဲ့ ကိုယ်ခံစား ကောင်းစေခြင်း တို့ကို ဖြစ်ပေါ် စေပါတယ်။ 


ရေချိုးစဉ် သီချင်းဆိုခြင်းက ယင်း ကျန်းမာရေး ကောင်းကျိုးအပြင် အသံ ကောင်းစေတဲ့ ကောင်းကျိုး လည်း ပေးပါသေးတယ်။ 


ဟယ်ရီပေါ်တာကြောင့် ကြီးပွားသော်လည်း ရေခဲမုန့် သည် လုပ်သူ






ဟယ်ရီပေါ်တာ ရုပ်ရှင်မှာ ဇာတ်ပို့ သရုပ်ဆောင် မင်းသား အနေနဲ့ ပါဝင်တဲ့ Rupert Grint  ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး လူငယ် မင်းသား စာရင်းထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့  ဝါသနာ ကတော့ ကလေး တွေ ကို ရေခဲမုန့် ကျွေးမွေးခြင်း ဖြစ်ပါတယ်။


Rupert Grint  က ရေခဲမုန့် ကို မရောင်းပါဘူး။ အလှူလုပ်သူ ဖြစ်ပါတယ်။ ကလေးတွေကို အလကား ကျွေြး ခင်း ဖြစ်ပါတယ်။ သူ့မှာ အမေရိကန်ဒေါ်လာ ၃၇ သန်း မက တဲ့ ငွေကြေးကို ဟယ်ရီပေါ်တာ ရုပ်ရှင် ထဲမှ ရရှိထားပြီး တစ်သက်လုံး အေးဆေးနေနိုင်သူ ဖြစ်ပါတယ်။ 

ကား အကောင်းစား၊ အသုံးအဆောင် အကောင်း စားများကိုလည်း သုံးနိုင်ပေမယ့် Rupert Grint  ကတော့ ထင်သလိုမဟုတ်ပါဘူး။

စကာင်္ပူ က လက်ရှိ ဖမ်းဆီးမှုအခြေအနေ





SINGAPORE: 24 Indian nationals were charged in court on Tuesday afternoon with rioting in Little India on Sunday night.

The incident, Singapore's first major riot in four decades, broke out when a private bus knocked down 33-year-old Indian worker,
Sakthivel Kumaravelu, at the junction of Race Course Road and Hampshire Road after 9pm.

Aged between 22 and 40, the 24 accused are from different dormitories and companies.

The men are also accused of throwing concrete pieces at police officers.

Each of them faces a charge of rioting on December 8 between 9.20pm and 10.45pm in the vicinity of Race Course Road.

During the short hearing, the court heard that the Law Society’s Pro Bono Services Office is looking into offering legal aid to the accused persons.

So far, more than 10 lawyers have volunteered to do so.

The High Commission of India has also contacted the accused persons about legal representation.

Singapore's Foreign Affairs Ministry added that it is working with the High Commission to facilitate consular access and support for the men.

The accused are among 28 people who were earlier arrested in the fracas -- 25 Indian nationals, two Bangladeshis and one Singapore PR.

Subsequent police investigations showed that the Singapore PR, the two Bangladeshis and an Indian national were not involved in the incident and have been released.

If convicted of rioting, the maximum penalty is seven years' jail and caning.

The case will be mentioned on December 17.

- CNA/ac/nd

http://www.channelnewsasia.com/news/singapore/24-indian-nationals/917554.html?cid=FBSG

From...yeyintnge

နတ်သျှင်နောင်




စာဆိုဘုရင်၊ ရတုဘုရင်၊ တောင်ငူဘုရင်ဟူသော ဂုဏ်ထူးဝိသေသများဖြင့် မြန်မာစာပေသမိုင်းတွင် ယနေ့ တိုင် ထင်ရှားလျက်ရှိသူမှာ နတ်သျှင်နောင်ပင် ဖြစ်သည်။ နတ်သျှင်နောင်ကို သက္ကရာဇ် ၉၃၄ခုနှစ်တွင် ဖွားမြင်ခဲ့သည်။

နတ်သျှင်နောင်၏ ခမည်းတော်မှာ တောင်ငူရွှေနန်းတည်မင်း သီဟသူရမဟာဓမ္မရာဇာ (မင်းရဲကျော်ထင် )နှင့် မယ်တော်မှာ မိဘုရားခေါင်ကြီး အတုလအဂ္ဂမဟာဒေဝီ (မင်းခင်စော) တို့ဖြစ်ပြီး ဟံသာဝတီ ဆင်ဖြူ များရှင် ဘုရင့်နောင်မင်းတရားကြီး၏မြေး တော်စပ်သည်။ 

ခမည်းတော်နှင့် မယ်တော်တို့သည် သက္ကရာဇ် ၉၃၃ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ စနေနေ့ ဟံသာဝတီ ရွှေနန်းတော်တွင်း ၌ စုံမက်ခဲ့၍ သားတော်လေးပါး (နတ်သျှင်နောင်၊ မင်းရဲကျော်စွာ၊ မင်းရဲသီဟသူ၊ မင်းရဲကျော်ထင်) ထွန်းကားခဲ့ရာ နတ်သျှင်နောင်သည် သားကြီး သြရသ ဖြစ်သည်။


● ဖွားသက္ကရာဇ်
နတ်သျှင်နောင်၏ ဖွားသက္ကရာဇ်နှင့် ပတ်သက်၍ ဝိဝါဒ အငြင်းပွားလျက်ရှိသည်။ ဦးချမ်းမြ (မြကေတု)က နတ်သျှင်နောင်အား သက္ကရာဇ် ၉၃၃ခုနှစ်တွင် ဖွားမြင်ကြောင်း အကိုးအကား အထောက်အထားများနှင့် တင်ပြဖူးသည်။ 

ပထမအချက်မှာ နတ်သျှင်နောင်နှင့် အနောက်ဘက်လွန်မင်းက နတ်သျှင်နောင် အား နောင်တော် ဟုခေါ်သော အချက်ပင် ဖြစ်သည်။ အနောက်ဘက်လွန်မင်းတရားကို သက္ကရာဇ် ၉၃၉ခုနှစ် တွင် ဖွားမြင်သောကြောင့် နတ်သျှင်နောင်ကို သက္ကရာဇ် ၉၄ဝပြည့်နှစ်တွင် ဖွားမြင်သည်ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထိုထက်ကြီးရမည်ဟု ဆိုသည်။ 

10 December 2013

TIME TABLE OF 27TH SEA GAMES SPORTS EVENTS (MYANMAR)

Date: 10/12/2013


SR NO DATE SPORTS EVENTS
 
CITY
 
FROM TO
01. 04.12.2013 09.12.2013 TRADITIONAL CANE BALL NAYPYIDAW
02. 05.12.2013 14.12.2013 BATMINTON YANGON
03. 05.12.2013 10.12.2013 WUSHOO NAYPYIDAW
04. 06.12.2013 18.12.2013 SOCCER (MEN) NAYPYIDAW
05. 06.12.2013 14.12.3013 BOXING NAYPYIDAW
06. 06.12.2013 10.12.2013 CANOE / KAYAK NAYPYIDAW
07. 07.12.2013 14.12.2013 WRESTLING NAYPYIDAW
08. 07.12.2013 21.12.2013 SOCCER (WOMEN) MANDALAY
09. 08.12.2013 16.12.2013 BASKET BALL NAYPYIDAW
10. 09.12.2013 18.12.2013 RIFLE SHOOTING YANGON
11. 10.12.2013 15.12.2013 SWIMMING NAYPYIDAW
12. 10.12.2013 20.12.2013 TRADITIONAL NET BALL NAYPYIDAW
13. 10.12.2013 14.12.2013 JUDO NAYPYIDAW
14. 10.12.2013 20.12.2013 VOLLEYBALL NAYPYIDAW
15. 11.12.2013 21.12.2013 FUSAE( MEN & WOMEN ) NAYPYIDAW
16. 11.12.2013 _ OPENING CEREMONY NAYPYIDAW
17. 12.12.2013 13.12.2013 MOUNTAIN CYCLING NAYPYIDAW
18. 12.12.2013 18.12.2013 ARCHERY NAYPYIDAW
19. 12.12.2013 18.12.2013 HORSE RACING NAYPYIDAW
20. 12.12.2013 21.12.2013 P-TAN (LAOS TRADITIONAL) NAYPYIDAW
21. 12.12.2013 21.12.2013 HOCKEY YANGON
22. 12.12.2013 16.12.2013 KARATE DO NAYPYIDAW
23. 12.12.2013 16.12.2013 BODY MUSCLE BUILDING YANGON
24. 12.12.2013 21.12.2013 CHESS NAYPYIDAW
25. 12.12.2013 16.12.2013 BILLIARDS & SNOOKER NAYPYIDAW
26. 12.12.2013 16.12.2013 WEIGHTLIFTING YANGON
27. 12.12.2013 16.12.2013 WESTERN BOAT RACING NAYPYIDAW
28. 12.12.2013 20.12.2013 GOLF NAYPYIDAW
29. 12.12.2013 20.12.2013 YATCHING NGWESAUNG
30. 13.12.2013 17.12.2013 TRACK & FIELD NAYPYIDAW
31. 13.12.2013 14.12.2013 DOWNHILL CYCLING NAYPYIDAW
32. 14.12.2013 16.12.2013 WATER FLOWER EXIBITION NAYPYIDAW
33. 14.12.2013 15.12.2013 CYCLING (B.M.X) NAYPYIDAW
34. 14.12.2013 21.12.2013 KIMBO (LAOS TRADITIONAL) NAYPYIDAW
35. 15.12.2013 21.12.2013 MWAY (THAI - BOXING ) NAYPYIDAW
36. 15.12.2013 21.12.2013 CYCLING (LONG DISTANCE ) NAYPYIDAW
37. 15.12.2013 21.12.2013 PANCHECY LAT NAYPYIDAW
38. 17.12.2013 21.12.2013 BOARD DIVING NAYPYIDAW
39. 17.12.2013 21.12.2013 TAEK KWAN DO NAYPYIDAW
40. 17.12.2013 21.12.2013 TRADITIONAL BOAT RACING NAYPYIDAW
41. 18.12.2013 21.12.2013 BOBINAM (VIETNAM TRADITIONAL) NAYPYIDAW
42. 20.12.2013 - SOCCER FINAL (MEN & WOMEN ) NAYPYIDAW
43. 22.12.2013 - CLOSING CEREMONY NAYPYIDAW
Credit: http://royalrainbowmyanmar.com

From...Search Myanmar