20 July 2020

ဝါဆိုလပြည့်နေ့- ဓမ္မစင်္ကြာ အခါတော်နေ့





ဝါဆိုလပြည့်နေ့သည် ဓမ္မစကြာ အခါတော်နေ့ဖြစ်ပေသည်။ ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓုပ္ပတ္တိတွင် ဝါဆို လပြည့် နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပဋိသန္ဓေတည်တော်မူသောနေ့၊ တောထွက်တော်မူသောနေ့၊
ပဉ္စဝဂ္ဂီ ငါးဦး တို့အား တရားဦးဓမ္မစကြာ ဒေသနာတော်ကို ဟောကြားတော်မူသောနေ့၊ တာဝတိံသာ နတ်ပြည်တွင် သတ္တမ ဝါဆိုတော်မူသောနေ့ စသည့်ဖြင့် ထူးခြားလျက်ရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ပေသည်။


မဟာသက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့ညနေ ဆည်းဆာနေအဝင် လထွက်ချိန်တွင် ဗာရာဏသီပြည် အနီးရှိ ဣသိပတန မိဂဒါဝုန်ဥယျာဉ်တွင် သုံးလူ့ထွက်ထား ဂေါတမမြတ်စွာဘုရားသည် “ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ” အစရှိသော သစ္စာလေးပါး ဓမ္မစကြာ တရားထူး တရားမြတ်ကို အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတို့အား ဟောကြားတော်ခဲ့သည်။

ဂေါတမမြတ်စွာဘုရားဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားသည် မဇ္ဈိမပဋိပဒါ အလယ် အလတ် ကျင့်စဉ် ဖြစ်သော မဂ္ဂင်ရှစ်ပါး အစုတရားဖြစ်၍ အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်သည့် လမ်းစဉ် ဖြစ်ပေသည်။


ဤမဂ္ဂင်ရှစ်ပါး အစုတရားများမှာ ....


(၁)။ သမ္မာဒိဋ္ဌိ- ကောင်းစွာသိမြင်ခြင်း။
(၂)။ သမ္မာသင်္ကပ္ပ- ကောင်းစွာကြံစည်ခြင်း။
(၃)။ သမ္မာဝါစာ - ကောင်းစွာပြောဆိုခြင်း။
(၄)။ သမ္မာကမ္မန္တ - ကောင်းစွာပြုခြင်း။
(၅)။ သမ္မာအာဇီဝ- ကောင်းစွာအသက်မွေးခြင်း။
(၆)။ သမ္မာဝါယာမ- ကောင်းစွာအားထုတ်ခြင်း။
(၇)။ သမ္မာသတိ - ကောင်းစွာအောက်မေ့ခြင်း။
(၈)။ သမ္မာသမာဓိ- ကောင်းစွာတည်ကြည်ခြင်း။ တို့ပင်ဖြစ်ပေသည်။


တရုတ် ရဲ့ သရုပ်




တ ရုပ် နိုင် ငံ ရဲ့ အ တွင်း သ ရုပ် ကို သေ ချာ နား လည် ထား ဖို့ လို မယ် ။
တ ရုတ် နိုင် ငံ က မြန် မာ နိုင် ငံ အ ပေါ် စိတ် ထား မ မှန် ဘူး လို့ ပြော ရင် တစ် ဖက် သတ် ပြော ရာ

ကျ မယ် ။

အ မှန် တစ် ကယ် တော့ တ ရုတ် န်ူင် ငံ က ဘယ် နိုင် ငံ အ ပေါ် ကို မှ စိတ် ထား မ ပြောင်း လဲ ဘူး ။
သူ့ ရဲ့ ထား တဲ့ စိတ် က သူ ဘာ အ ကျိုး ရ မ လဲ ဆို တဲ့ အ ချက် နဲ့ သူ့ အ တွက် ဘာ နစ် နာ မ လဲ ဆို တဲ့ အ ချက် နှစ် ခု ပဲ ရှိ တယ် ။ မျှ မျှ တ တ ဆို တာ သိပ် နား မ လည် ဘူး ။ ရ သ လောက် အ မြတ် ပဲ ဆို တဲ့ ခံ ယူ ချက် ပဲ ရှိ တယ် ။



တ ရုတ် နိုင် ငံ သည် မြန် မာ နိုင် ငံ ရဲ့ သ ဘာ ဝ ပတ် ဝန်း ကျင် ကို ပျက် စီး စေ မည့် စိုက် ပျိုး ရေး လုပ် ငန်း များ ၊ သ တ္ထု တူး ဖော် ရေး နှင့် သစ် တော လုပ် ငန်း များ ကို ရင်း နှီး မြုတ် နှံ ခြင်း ဖြင့် အ ကြွေး ထူ စေ ကာ မြန် မာ့ အ ချုပ် အ ခြာ အာ ဏာ ကို ဆုံး ရှုံး စေ သည့် ခေတ် သစ် နည်း လုပ် ဆောင် နေ ကြောင်း အ မေ ရိ ကန် သံ ရုံး လူ မှု ကွန် ယက် စာ မျက် နှာ မှာ မြန် မာ နိုင် ငံ ဆိုင် ရာ အ မေ ရိ ကန် ယာ ယီ တာ ဝန် ခံ ဂျော့ခ်ျ အန် ဆစ် ဘ လီ ( George N Sibley ) က ရေး သား ဖော် ပြ လိုက် တယ် ။


တ ရုပ် နိုင် ငံ က သူ့ ရဲ့ အိမ် နီး ချင်း နိုင် ငံ တစ် ခု ဒီ မို က ရေ စီ နိုင် ငံ ဖြစ် မှာ လုံး ဝ မ ထောက် ခံ ပါ ဘူး ။ ဒါ ကြောင့် မြောက် ကို ရီး ယား ကို ကြား ခံ ထား ပြီး တောင် ကို ရီး ယား နဲ့ ခွဲ ထား တယ် ။ ဟောင် ကောင် ကို လည်း အ တင်း ပြန် သိမ်း ပိုက် လိုက် ပြီး ထိုင် ဝမ် လည်း အ ချိန် တစ် ခု ရောက် ရင် တစ် နည်း နည်း နဲ့ တ ရုတ် တို့ ပြန် သိမ်း ပါ လိမ့် မယ် ။

 

10 July 2020

External Locus of Control - ပြင်ပ သက်ရောက်မှု




ကိုယ်လုပ်ရင်ဖြစ်တယ်လို့ တစ်ဖက်သတ်ယုံကြည်တာကို ILOC - Internal locus of control လို့ခေါ်ပြီး....
ပြင်ပ ထိမ်းချုပ်မှုရှိတယ် ( ဥပမာ..ကံ ) ဆိုတဲ့ အပေါ် ယုံကြည်မှုကို ELOC- External locus of control လို့ခေါ်တယ် ။


MBA ကျောင်းသားဘဝမှာ ဘမောင် နဲ့ နိုင်ငံခြားသား ဆရာတို့ ငြင်းခုံခဲ့ကြတဲ့ issue တစ်ခုပေါ့ ။


ဗုဒ္ဓက...
ဘယ်အရာကိုမှ တစ်ဖက်စွန်း မကျဖို့ လမ်းညွှန်ထားတယ်၊ ELOC အရ... ကိုယ်လုပ်ရင်ဖြစ်တာက အခြေခံ အဖြစ် လက်ခံထားရမှာ ဖြစ်ပေမဲ့ အစွန်းတစ်ဖက် မရောက်ဖို့လိုတယ် ။  ILOC ကို ယုံကြည်မှုများပြီး ဘာမှ မလုပ်ရင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ပြန်ဘူး၊ ELOC နဲ့ ILOC ကို မျှတစွာ အသုံးချနှိုင်တာက
ပညာ ပဲ ။



မြန်မာတွေမှာ "စန်း" ဆိုတာရှိတယ်၊
"စန်း" ထတဲ့ အချိန် ဘာလုပ်လုပ်ဖြစ်တယ် ။ အနုပညာ နယ်ထဲမှာ ပိုထင်ရှားတယ် ။


" ကံ" ကောင်းတဲ့အခါ " စန်း" လဲ လိုက်ကောင်းတတ်တယ် ။" စန်း" ကျရင် ဘယ်သူမှ လက်မခံတော့ဘူး ။
ကနေဒီ ဆိုရင် " စန်း" ကျန်နေသေးပေမဲ့ သက်တမ်းကုန်တော့ အသက်ပါ ပေးလိုက်ရတယ်၊ နစ်ဆင်ဆိုရင် “ ကံ" အဆိုးနဲ့ ကြုံပြီး Watergate affair ကြောင့် ရုပ်ပျက်ဆင်းပျက်
သမ္မတ အဖြစ်က နှုတ်ထွက်ပေးလိုက်ရတယ် ။ 


အသက်ရှင်သန် နေပေမဲ့လည်း "စန်း" ကုန်သွားလို့ မထင်ပေါ်တော့တဲ့ အပြင် ရှင်သန်နေစဉ် သူများ မေးငေါ့တာကို ခံစားခဲ့ရသူဖြစ်သွားတယ်။ အရာရာအတွက် ဆင်ခြင်နိုင်တာ အကောင်းဆုံးပါ အထူး သဖြင့် တာဝန်ကြီးကြီး ယူထားပြီး အများနဲ့သက်ဆိုင်တဲ့ သူ အားလုံး ဆင်ခြင်နိုင်မှ တော်ရုံကျပါလိမ့်မယ် ။


လူပြော သူပြောများလာရင်... "စန်း" ကျနေပြီ ဆိုတာသိဖို့ကောင်းတယ်၊ မဆင်ခြင်နိုင်ရင် နွံထဲမှာ ရုန်းလေ နစ်လေ ပိုဖြစ်တတ်တယ် ။