လေယာဉ်ပေါ်က ဆင်းတဲ့ အခါ ဝတ်စုံဖြူလေယာဉ်မှူးတွေ ထိုင်နေတဲ့ မောင်းနှင်ခန်း ကို လှမ်းတွေ့ဖူးကြ မှာပါ...။ လေယာဉ် တစ်စီးလုံးကို ထိန်းချုပ် တဲ့ လေယာဉ် ဦးခန်း ကို Cockpit လို့ ခေါ်ပါတယ်။
ဘတ်စ်ကားစီး ခရီးသည်တွေဟာ သူတို့ရဲ့ အသက် ကို ကား ဒရိုင်ဘာ လက်ထဲ အပ်ထား ရသ လို လေယာဉ် စီး ခရီးသည်တွေ ဟာလည်း ထိုနည်းနှင်နှင် ပါပဲ။ နာရီ အနည်းငယ် အတွင်းမှာ ကိုယ့် အသက် ကိုယ်မပိုင် တော့တဲ့ လေကြောင်းစီး ခရီးသည်တွေ ရဲ့စိတ်မှာ ဘာတွေတွေးနေမယ် ထင်ပါသလဲ?
( သူတို့တစ်တွေကောင်းကောင်းရော မောင်းတတ်ရဲ့လား မသိဘူး ) ၊
( တစ်လောက မှ လေယာဉ်တွေ ဆက်တိုက် ပျက်ကျ ထားတာ ) ၊
( လေယာဉ် ထိန်းချုပ်ခန်း ထဲမှာ ခလုပ်တွေ တစ်ထောက်ထောက်နဲ့
ဘာတွေလုပ်နေ ပါလိမ့် ) စတဲ့ မေးခွန်းတွေ ပါမယ်လို့ ခန့်မှန်းကြည့်ပါတယ် .။.
မှန်မမှန် ကို စာဖတ်သူတွေ သာ အမှားပြင်လိုက်ကြပါ ..။
သူတို့ဘာတွေ လုပ်ပြီး ဘယ်လိုမောင်းနှင်တယ် ဆိုတာ သိခွင့် မရတာ က စိတ်ကို ပိုပြီး မယိုး မယွ ဖြစ်စေ ပါတယ်။ ဒါကြောင့်မို့ တစ်သက်လုံး အလွတ် မရ ခဲ့တဲ့ ဘုရားစာ ကို အထစ် အငေါ့မရှိ ဆိုနိုင် တာ လေယာဉ်ပေါ် မှာ ပါ ဆိုတာ စီးဖူး သူတိုင်း ယုံကြပါပြီလား?
ဒီ့ အတွက် ဝေယံ တိမ်ပေါ်မှာ လူများစွာကို သယ်ဆောင်သွားတဲ့ လေယာဉ် ရဲ့ Cockpit
မှာ ဘာတွေ လုပ်ကြတယ် ဆိုတာသိရအောင် လေ့လာထားမိတာတွေ က ဒီလိုပါ။
အပြင်ကနေ လှမ်းကြည့် မိရင်တော့ အနည်းဆုံး လေယာဉ်မှူး ( ၂ ) ယောက် ရှိပါမယ်။
ကွန်ပျူတာ မျက်နှာပြင် ရှိတယ်။
ကား စီယာတိုင် တစ်ဝက်စာ လေယာဉ် စီယာ တိုင် လိုမျိုး ရှိမယ်။
လေယာဉ် ပျံတက်ဖို့ ကား ဂီယာ ထိုးတံလိုမျိုး Throttle Quadrant ရှိတယ်။
ဒါတွေ ပဲ ကျွန်တော်တို့မြင်နိုင်တယ်။