မိန်းခလေးတိုင်း ဖတ်သင့်ပါတယ်
ဖုန်း ဆိုတာ ပန်းတွေကြွေစေဖို့လား
@@@@@@@@@@@@@@@@@@@
' တောက် '
ညီမငယ် ၏ ဒိုင်ယာရီ စာအုပ်ကို ပိတ်ရင်း ကျွန်မတောက်ခေါက်လိုက်မိသည်။ မိုက်ရိုင်းလိုက်သည့် အကောင်
လူမဆန်လိုက်သည့် အကောင်။ ထို အကောင်မျိုးတို့နှင့် ထိတွေ့စေနိုင်သော အဓိကတရားခံ တစ်ဦးအား လည်း စိမ်းစိမ်း ကားကားကြည့်မိသည်။
ခေတ်မှီ Touch ဖုန်းလေး လှပသည်။ အသုံးဝင်သည်။ သို့သော် အန္တရာယ်များသည်။သေစေနိုင်သည်။
ဖုန်းလေးကို ကိုင်လိုက်မိသည်။ တုန်ရီနေသော လက်တို့ကြောင့်အောက်သို့ပြုတ်ကျ သွားသည်။
အထိန်းအကွပ်မဲ့ကျဆင်းသွားသော ဖုန်းလေးက ကြမ်းပြင်ထက်မှာငြိမ်ငြိမ်လေး တိတ်ဆိတ်လျက်။ မကြာသေးမီက ခွေခွေလေးလဲကျနေခဲ့သော ညီမငယ်လေး အတိုင်းပင်။ မျက်ရည်တို့က အတိုင်းသား စီးကျလာသည်။ ညီမငယ် ညီမငယ် ကံဆိုးလိုက်တာကွယ်။
'''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
'အစ်မ အစ်မ သိလား'
'သမီးမှာ ချစ်သူရှိနေပြီ'
'အလဲ့ ဟုတ်လှချည်လား'
'ပြပါဦး ညီမ ရဲ့'
'ဘယ်သူတုန်း ဘယ်ကတုန်း'
'ဟောဒီမှာကြည့် '
မတ်တပ်ရပ်လျက် ရိုက်ထားသောယောကျာ်းလေး တစ်ဦး၏ ပုံ
'အမယ် မဆိုးပါဘူး ချောသားဟ '
'အစ်မလိုတော့ အပျိုဟိုင်းကြီး အဖြစ်မခံနိုင်ပေါင်'
'အမလေးလေးတော် ဖြစ်ရလေ'
'နာမည်က ဘယ်သူလဲ ဘာလုပ်လဲ ဘယ်မှာနေလဲ'
'အဟီး ဘာမှ မသိဘူး နာမည်လေး တစ်ခုဘဲသိတာ'
'အေ ပြောစမ်းပါဦး'
'ကိုထက်လွင် တဲ့ အစ်မရဲ့'
'ကျန်တာတော့ ဘာမှမသိ'
'အင် ဒါနဲ့ညည်းက ဘယ်လို ချစ်သူဖြစ်တာတုန်း'
'အမယ်လေး ငါ့အစ်မ အပျိုကြီးရယ်'
'ဒါကြောင့် အပျိုကြီးဖြစ်နေတာပေါ့'
'ဒီခေတ်က online ခေတ်လေ အစ်မရဲ့'
'online ခေတ် online ပေါ်ကတွေ့တာ အစ်မရေ'