မလ္လာယုနိုင်ငံတော် မလေးရှားနိုင်ငံ သည် အရှတိုက် ၏ အရှေ့တောင်ဘက် အစွန်းထိပ်နှင့် ဘော်နီယိုခေါ် ကာလီမာတန်ကျွန်း ၏ မြောက်ဘက်တွင် တည်ရှိပြီး၊ မလေးရှားနိုင်ငံ ၏ မြောက်ဘက်တွင် ထိုင်းနိုင်ငံနှင့် တောင် ဘက်ခြမ်းတွင် အင်ဒိုးနီးရှားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း စပ်ဆက်လျှက် တည်ရှိပါသည်။
မလေးနိုင်ငံ ၏ အကျယ်အ၀န်း မှာ ပျမ်းမျှ စတုရန်းမိုင် (၁၂၇၃၁၆) ကျယ်ဝန်းပြီး နိုင်ငံ၏မြို့တော်မှာ “ကွာလာလမ်ပူ” ဖြစ်ပါသည်။ ၁၉၉၂ ခုနှစ် ဇူလိုင်လ တွင် ကောက်ခံထားသည့် မှတ်တမ်း များအရ လူဦးရေမှာ ၂၂.၂ သန်းခန့် ရှိပါသည်။
မလေးရှားနိုင်ငံ၏ နောက်ခံ သမိုင်း ရာဇ၀င်မှာ တရုပ်နွယ်များ မှ ဆင်းသက် လာကြခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ B.C,1500,2000 ခန့်တွင် တရုတ် ပြည်၊ ယူနန်ပြည်နယ် အတွင်း မှ မွန်ဂိုနွယ်ဖွား တရုပ် များသည် မလေးကျွန်းဆွယ် ရှိ ကျွန်းစုများသို့ရောက်ရှိ အခြေချခဲ့သည်မှ မလေးနိုင်ငံသည် စတင် ခဲ့ခြင်းဖြစ် သည်။ ထို မွန်ဂို တရုပ် များသည် မလေးကျွန်းစွယ် ကို မလက္ကာမြို့ပြ တည်ထောင်၍ အုပ်ချုပ်ခဲ့ကြလေသည်။
ထိုသို့ မလက္ကာမြိုပြ တည်ထောင်၍ အုပ်ချုပ်ခဲ့ ကြသည့် ဘုရင် တို့အားလည်း (မလက္ကာ ဘုရင်) များဟုသာ ခေါ်ဆိုခဲ့ကြပါသည်။ ထို အချိန်ကာလတွင် မလေးကျွန်းစွယ် ကို မလေးရှားနိုင်ငံဟု အမည်တွင် သ မှတ်ခဲ့ခြင်း မလေးရှား မတွင်းသေးပေ။ (Melayu)“မလ္လာယုနိုင်ငံတော်” ဟုသာ အမည်တွင်ခဲ့ကြပါသည်။ မလ္လာယုနိုင်ငံခေါ် မလေးရှားနိုင်ငံသို့ ဗုဒ္ဓ သာသနာတော်သည် B.C,309 ဘုရားရှင်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် နှစ်ပေါင်း (၂၅၀) ခန့် အကြာ တတိယ သင်္ဂါယနာ တင်ပြီး ချိန်မှ စတင်၍ရောက်ရှိခဲ့ပြီး ထိုမလေးကျွန်းစွယ် ကိုလည်း သုဝဏ္ဏ ဘူမိဒေသတွင် ပါဝင်ကြောင်းကို ပညာရှင်တို့က ယူဆကြပါသည်။
တိကျ ခိုင်လုံသော သမိုင်း အထောက်အထားများ အရ မလေးရှားနိုင်ငံတွင် သာသနာနှစ်(၉၀၀)နှင့် (၁၀၀၀) အတွင်း ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစုတွင်း အိန္ဒိယ ၌ အသုံးပြုသော သက္ကတ္တ ဘာသာဖြင့် ရေးထိုး ထားသော ဗုဒ္ဓ ဘာသာကျမ်းစာ ကျောက်ချပ် များစွာ တို့ကို မလေးရှားနိုင်ငံ အနှံ့တွင် တွေ့ရှိခဲ့ရပါသည်။
ထို့အပြင် အဘိဓမ္မာ ကျမ်းမှ ဂါထာတော် သုံးပုဒ်အား ရေးထိုးထားသည့် ရွှံ့အုတ်ချပ် ကိုလည်း တွေ့ရှိရပြီး၊ အုတ်ကျောင်းတိုက် ၃-တိုက်နှင့် စေတီတော် (၅) ဆူ ကို ဘုရင်နှင့် သံဃာတော်များကြီးမှုး၍ ပြည်သူ၊ ပြည်သား၊ ဒကာ၊ ဒကာမအများ စုပေါင်းကာ လှုဒါန်းကာ တည်ဆောက်ထားခဲ့ကြကြောင်း ရေးထိုးထားသည့် ကမ္ဗည်းမော်ကွန်းကိုလည်းတွေ့ရှိခဲ့ကြပါသည်။
နခွန်ရှရီ ဓမ္မရာဇ် ခေါ် နခွန်ရှရီ တမ္မရတ် ဘွဲ့တော် ရှိသည့် စေတီတော်ကြီး ကိုလည်းတွေ့ ရှိရသဖြင့် ခရစ်နှစ် (၅) ရာစု ခန့်ကပင် မလေးရှားနိုင်ငံ၌ ဗုဒ္ဓ သာသနာတော်ရောက်ရှိ ပြန့်ပွားနေပြီး နေလို လလို ထွန်းပ ခဲ့ကြောင်း သိရှိရပေသည်။ ရှေ့းအခေါ် (သီရိဝိဇယနိုင်ငံ) ယခု (အင်ဒိုနီးရှား)နိုင်ငံသည် ခရစ်နှစ် (၇) ရာစုတွင် ဗုဒ္ဓဘာသာ၊ သာသနာ ထွန်းလင်းမှု အားကောင်းသည့် ဗုဒ္ဓနိုင်ငံတော်ဖြစ်ခဲ့ ပြီး မလေးရှား ကျွန်းစွယ်များ သို့ ဗုဒ္ဓသာသနာတော်ပြန့် ပွားအောင် အထောက်အပံ့ ဖြစ်ခဲ့လေသည်။
တရုပ် သုတေသီ ရဟန်းတော် အီချင်း ၏ (၇) ရာစု ကုန်ခါနီး သွားရောက်ခဲ့သည့် (သီရိဝိဇယနိုင်ငံ) ခရီးသွားမှတ်တမ်းတွင် “သီရိဝိဇယ (ခ) အင်ဒိုနီးရှားနိုင်ငံတွင် ဗုဒ္ဓသာသနာတော် လွန်စွာ ထွန်းကားနေပြီး ရေမြေခြင်း ထိစပ်ဆက်စပ်လျှက်ရှိသည့် မလ္လာယုကျွန်း (ခ) မလေးရှားနိုင်ငံ စသော နိုင်ငံများသို့ လည်း ဗုဒ္ဓသာသနာတော် ဖြန့်ဝေပေးနေပြီး” ထေရ၀ါဒကို အဓိကထား လက်ခံကျင့်သုံးနေခဲ့ကြပြီး မဟာယာန ၀ါဒ အနည်းငယ်သာရှိကြောင်းကို မှတ်တမ်းတင်ထားတာတွေ့ ရပါသည်။ မလ္လာယု ကျွန်းခေါ် မလေးရှားနိုင်ငံသည် မူဆလင် တို့၏ အတင်း အဓမ္မ ဘာသာရေးအား မတိုက်ခိုက် မသိမ်းပိုက်မှီ အချိန်ကာလ များတွင် ဗုဒ္ဓသာသနာတော် ထွန်းကား ပြန့်ပွားမှုမှာ လွန်စွာအားကောင်းလေ၏။
မလ္လာယု ဘုရင် ကိုယ်တော် တိုင်ပင် ၀ိနည်းတော်ကို နားလည် တတ်ကျွမ်းလို၍ သင်ကြား တတ်မြောက်ခဲ့ ခြင်း ကို ထောက်ရှု၍ မလေး တွင် ဘုရင်နှင့် ပြည်သူ၊ ပြည်သား တို့၏ ဗုဒ္ဓ သာသနာတော် အား ကြည်ညို ထောက်ပံ့မှုကို သိရှိနားလည် ခန့်မှန်းနိုင်ကြမည် ဖြစ် ပါသည်။