သင် ဘယ်ပါတီထောက်ခံ ထောက်ခံ ဒီပိုစ့် ကို အချိန်နည်းနည်း ပေးပြီး ဖတ်ကြည့်လိုက်ပါ ။
တင်ပြသူ......ဥာဏ်ကျယ်လေး
၁။ နိုင်ငံ တည်ဆောက်ရေးအတွက် နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီး စီမံခန့်ခွဲကြသည်။သို့ရာတွင် နိုင်ငံတစ်ခုနှင့် တစ်ခု ထပ်တူတော့ မကျနိုင်ပေ။
တစ်ပါတီစံနစ်၊ ပါတီစုံစနစ်၊ ဘုရင်စံနစ် စသည်တို့ ရှိကြသလို အစိုးရအဖွဲ့ ကို သမ္မတ ဦးဆောင်သည့်စံနစ်၊ ဝန်ကြီးချုပ် ဦးဆောင်သည့် စံနစ် စသည်ဖြင့် လည်းရှိကြသည်။
အင်္ဂလိပ်တို့ နေမဝင် အင်ပါယာ တည်ထောင်စဉ်က ဘုရင်ခံ ခန့်၍ အစိုးရ အဖွဲ့ကို ဦးဆောင်စေသည်။
၂။ မြန်မာနိုင်ငံတွင်လည်း ပါလီမန်ခေတ် ၊ မဆလ ခေတ်၊ နဝတ ခေတ်၊ နအဖ ခေတ်၊ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး ပါတီစုံ ဒီမိုကရေစီ ခေတ် စသည်ဖြင့် တစ်ဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။
နိုင်ငံသားများ အနေဖြင့် ထိုခေတ်များကို မှီသူ ရှိသလို၊ အကုန် မမှီသော်လည်း "၈၈" အရေးအခင်း ပြီးနောက် မွေးဖွါးလာသူများသည် နောက်ပိုင်း ခေတ်များကို မှီသူများလည်းရှိကြသည်။
ပြည်သူများ အနေဖြင့် အဓိက လိုလားတောင့်တသည်မှာ အေးချမ်းစွာဖြင့် သင့်တင့်သော ဝင်ငွေရသည့် စီးပွါးရေးဖြင့် ဘဝ ရပ်တည်နိုင်ရေးသာ အဓိက လိုလားကြသည်မှာ ငြင်းနိုင်မည် မဟုတ်ပေ ။ ညှင်းပမ်းနှိပ်စက်မှုမရှိဘဲ မျှတသော တရားစီရင် အုပ်ချုပ်ရေးမျိုး၊ မိမိ ယုံကြည်ကိုးကွယ်ရာ ဘာသာကို လွတ်လပ်စွာဖြင့် ကိုးကွယ်ခွင့် ရရှိရေးကိုသာ မျှော်လင့်ကြသည်။
၃။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ အတည်ပြုပြီးနောက် ရွေးကောက်ပွဲ ကျင်းပကာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲကျင့်သုံးလာသည်။ ဖွဲ့စည်းပုံ ကြိုက်သူ/ မကြိုက်သူများရှိလာ
ပြီး သဘောထား ကွဲလွဲခဲ့ကြသည်။
ပုဒ် ၅၉(စ)ပြင်ဆင်ရေး လှုံ့ဆော်လာကြသည်။ နောက်ပိုင်းတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟုပြောင်းလဲ လှုံ့ဆော် ခဲ့ကြသည်။ မည်သည့်အတွက်ဖြစ်သနည်း၊ ဒေါ်စု သမ္မတဖြစ်ရန် ပုဒ်မ ၅၉(စ) က ပိတ်ပင်နေသည်ဟု သုံးသပ်ပြီးနိုးဆော်လာသည်။ ထို့နောက်ပိုင်း "နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေ" ပြဌာန်းပြီး သမ္မတ ၏
အထက် မှ စီမံနိုင်အောင် အခြေခံ ဥပဒေကို ကျော်လွှားခဲ့သည်။
၎။ ထိုနောက်....
(က) လွှတ်တော်တွင် ဥပဒေများ ပြဌာန်းခြင်း ၊
(ခ) စီးပွါရေး စီမံကိန်းများဆောင်ရွက်ခြင်း ၊
(ဂ) ပညာရေး/ ကျန်းမာရေး...စသည့် ကိစ္စများတွင် ၂၀၀၈ ဖွဲ့စည်းပုံ မည်သည့် ပုဒ်မ က အဟန့်အတား ဖြစ်နေသည် ဟု မကြားမိပါ ။ ထုတ်ဖေါ်ပြောဆိုခဲ့သည်မျိုး မတွေ့ရပါ။
သို့ရာတွင် လွတ်တော်တွင် ဥပဒေပြဌာန်း/ ပါယ်ဖျက်ရန် လွတ်တော်တွင် မဲခွဲစဉ်က တပ်မတော်သား အမတ်များ ကန့်ကွက်သော်လည်း အတည်ပြုနိုင်ခဲ့သည်။ ဤသို့ကြောင့် တပ်မတော် အမတ်များကြောင့်လည်း အ ခက်အခဲ မဖြစ်ခဲ့ပေ။
ဥပမာ....နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေပြဌာန်းခြင်း၊ ဧည့်စာရင်း ဥပဒေနှင့် အခြား ဥပဒေများ ပါယ်ဖျက်ခြင်း။
၅။ ထိုသို့ စီမံဆောင်ရွက်နေနိုင်သော်လည်း နိုင်ငံ ၏ စီပွါးရေး အပါအဝင် အဖက်ဖက်တွင် "နဂိုထက် အကျ ဖက်" တွင် ရောက်ရှိနေသည့်ပြင် " ပြည်ပ မှ အကူအညီများ ရနိုင်မည်၊ ပြည်ပ ရင်းနှီးမြှပ်နှံမှုများ အများ အပြား ဝင်ရောက်လာမည်၊ တိုင်းရင်းသားများ စည်းလုံး ညီညွတ်ရေး ပိုမို အောင်မြင်နိုင်မည်၊ ပညာရေး/ကျန်းမာရေးတွင် အလွန်တိုးတက် ကောင်းမွန် လာလိမ့်မည်..... စသည့်" မျှော်လင့်ချက်များ ဖြစ်မလာဘဲ " အဟောသိကံ " ဖြစ်ခဲ့ရသည်ကို တွေ့ရသည်။