ဆင်ကန်း တောတိုး မျက်ကန်း တစ္ဆေ မကြောက်ပါ
အစိုးရ ဆုံးဖြတ်ချက်မှားရင် နှစ်နာရမှာက ပြည်သူတွေပါ
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းပြောသွားတာကို ကျွန်တော်နားလည်တာကတော့၊ အစိုးရမှာ နိုင်ငံခြားငွေ(USD) တွေမရှိတော့ဘူး၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB) နဲ့မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်(MICB) မှာ အပ်ထားတဲ့ပြည်သူတွေရဲ့ အကောင့်တွေထဲမှာ ရှိနေတဲ့ (USD) တွေကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းနဲ့လုပ်ငန်းရှင်တွေကိုမြန်မာငွေတွေ အပေါင်ထားခိုင်းပြီး အတိုးနဲ့ ထုတ်ချေးပါမယ်။
(MFTB) နဲ့(MICB) ဘဏ်တွေမှာ အပ်ထားတဲ့ (USD) တွေကို ချေးတဲ့အခါမှာလဲ ငွေလဲနုန်းကို မပြောင်း လဲပဲ (Fixed့rate) နဲ့ သတ်မှတ်ထားပြီး အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ မှုလငွေလဲလှယ်နုန်း အတိုင်းပဲ အတိုးနဲ့ အရင်းပေါင်းပြီး ပြန်ဆပ်ရမယ်လို့ အဓိပ္ပါယ်ရပါတယ်။ဒီလိုဆိုရင်ရေရှည်မှာ ဘာတွေ ဖြစ်လာနိုင်မလဲ........ ? ။
ဥပမာ တစ်ခုပေးမယ်ဗျာ။ အစိုးရက လုပ်ငန်းရှင်တစ်ယောက်ကို (September့2018) မှာဒေါ်လာ တစ်သောင်း ထုတ်ချေးမယ် ဆိုကြပါစို့။ အတိုးကတော့ တစ်နှစ်မှာ (၂) ကျပ်တိုး (2%APR) ဆိုကြပါစို့။ထုတ်ချေးတဲ့အချိန်မှာငွေလဲနုန်းက (1USD=1500Kyats) နဲ့ သဘောတူထားကြပြီး၊ပြန်ဆပ်တဲ့ အခါမှာလဲ ဒီနုန်းအတိုင်းပဲ မပြောင်းလဲရဘူးလို့ သဘောတူထားကြရမယ်ဆိုကြပါစို့ ။
ဒီလိုဆိုတော့ လုပ်ငန်းရှင်တစ်ယောက်ဟာ အဲဒီ(USD$10,000) တစ်သောင်းကိုထုတ်ချေးသွားပြီးမြန်မာငွေသိန်း (၁၅၀)ကျပ်ကိုအစိုးရဆီမှာ အပေါင်ထားခဲ့မယ် ဆိုကြပါစို့။
တစ်နှစ်ပြည်လို့(September့2019) ကြရင် လုပ်ငန်းရှင်ကအဲဒီ( USD$10,000 ) ကိုပြန်ဆပ်ရမယ်၊ပြီးရင်အစိုးရဆီမှာ မိမိအပေါင်တင်ထားခဲ့တဲ့မြန်မာငွေသိန်း (၁၅၀) ကျပ်ကိုပြန်ထုတ်ယူရမယ် ဆိုကြပါစို့။
တစ်နှစ်ပြည်လို့(September့2019) ကြရင် လုပ်ငန်းရှင်ကအဲဒီ( USD$10,000 ) ကိုပြန်ဆပ်ရမယ်၊ပြီးရင်အစိုးရဆီမှာ မိမိအပေါင်တင်ထားခဲ့တဲ့မြန်မာငွေသိန်း (၁၅၀) ကျပ်ကိုပြန်ထုတ်ယူရမယ် ဆိုကြပါစို့။
တစ်ကယ်လို့ သူယူထားတဲ့(USD$10,000)ကိုပြန်လာမဆပ်ရင်တော့ အစိုးရက သူအပေါင် တင်ထားတဲ့မြန်မာ ကျပ်ငွေသိန်း(၁၅၀) ကိုသိမ်းယူလိုက်မယ် ဆိုပါစို့ ဒါဆိုရင် ဘာတွေဖြစ်ဦးမလဲလို့ကြည့်ကြ ရအောင်ဗျာ။