03 November 2013

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း


သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း =======================  သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်  ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။  ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5  အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။  (၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။  (၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။  (၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။  (၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။  အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။  Guide Magazine —
သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မ...သိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။


 ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်း ဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။ 

 ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5 အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက် ဂဏန်းဟာ-

(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ် လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။ 

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။ 

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ် ဆိုတာ ပြသနေ ပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ 

 (၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ 

(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါ တယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ် တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။ အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေ ရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။

 ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။ 

 Guide Magazine

From...Facebook
 

ကြွက်နို့ လက်တွေ့ပျောက် ဆေးမီးတို



“ လက်တွေ့ပျောက် ဆေးမီးတို ”  ***ကြွက်နို့  ကြွက်နို့ကို သွေးအနည်းငယ်စို့်အောင် သန့်ရှင်းတဲ့ပစ္စည်းတစ်ခုခုနဲ့လုပ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးနဲ့လှီးပြီးအစေးထွက်အောင်လုပ်ပါ။ အဲဒီ အစေးနဲ့ သွေးစို့နေတဲ့ ကြွက်နို့ကိုပွတ်တိုက်ပါ။ ဒီနေ့လုပ် မနက်ဖန် ချက်ချင်းပျောက်ပေါ့။  နောက်တစ်နည်းကတော့ ကြောင်လျှာပင်ရှိလျှင် အဆင်ပြေပြီဟုသာ မှတ်ယူလိုက်ပါတော့။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာလျှင် ကျောက်ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးလိုက်ပါ။ ထိုသွေးထားသော အရည်ကို “ပထမဦးဆုံးပေါက်သော ကြွက်နို့”ပေါ်တွင် အမြဲမပြက် လိမ်း လိမ်းပေးပါ။ တစ်ရက်ထက် တစ်ရက် ကြွက်နို့မှာ ပြားချပ်ပျော့ပျောင်းလာပြီး မကြာခင်ကာလအတွင်းမှာပင် ပျောက်ကင်းသွားပါလိမ့်မည်။  အရူးလွယ်အိပ်


လက်တွေ့ပျောက် ဆေးမီးတို

ကြွက်နို့ကို သွေးအနည်းငယ်စို့်အောင် သန့်ရှင်းတဲ့ပစ္စည်းတစ်ခုခုနဲ့လုပ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးနဲ့လှီးပြီးအစေးထွက်အောင်လုပ်ပါ။ အဲဒီ အစေးနဲ့ သွေးစို့နေတဲ့ ကြွက်နို့ကိုပွတ်တိုက်ပါ။...
ဒီနေ့လုပ် မနက်ဖန် ချက်ချင်းပျောက်ပေါ့။

နောက်တစ်နည်းကတော့ ကြောင်လျှာပင်ရှိလျှင် အဆင်ပြေပြီဟုသာ မှတ်ယူလိုက်ပါတော့။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာလျှင် ကျောက်ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးလိုက်ပါ။ ထိုသွေးထားသော အရည်ကို “ပထမဦးဆုံးပေါက်သော ကြွက်နို့”ပေါ်တွင် အမြဲမပြက် လိမ်း လိမ်းပေးပါ။ တစ်ရက်ထက် တစ်ရက် ကြွက်နို့မှာ ပြားချပ်ပျော့ပျောင်းလာပြီး မကြာခင်ကာလအတွင်းမှာပင် ပျောက်ကင်းသွားပါလိမ့်မည်။

အရူးလွယ်အိပ်

 Myawady News

 From...Facebook

02 November 2013

မနက်စာ နှင့် သင့်ကလေး ကျန်းမာရေး

 
 
မနက်စာဟာ ကလေးတွေအတွက် အိပ်ယာမှ နှိုးနှိုးချင်း ပထမဆုံးစားရတဲ့ အစား အသောက် ဖြစ်တာမို့ အရေးကြီးဆုံးလို့ ဆိုချင်ပါတယ်။ ကလေးတစ်ယောက်ဟာ မနက်စာ မစားပဲ ကျောင်းသွားမယ် ဆိုပါစို့။ ကျောင်းမှာ သူများတွေထက် ပိုမောပန်းတာ၊ ဥာဏ်ရည် မထက်မြတ်တဲ့ ပြသာနာတွေနဲ့ ကြုံတွေ့လာရမှာပါ။ 


 မနက်စာစားခြင်းဖြင့် ကလေးငယ်ရဲ့ ဥာဏ်ရည် ဥာဏ်သွေးလည်း ထက်မြက်ပြီး စိတ်ရော၊ ကိုယ်ရော တစ်နေကုန် လန်းဆန်း တက်ကြွပျော်ရွှင်မှုကို ရရှိပါတယ်။ ဒါကြောင့် သင့်ကလေးကို အိမ်မှ မထွက်သွားမှီ မနက်စာကို ၀၀လင်လင် စားတဲ့ အလေ့အကျင့်တစ်ခု ရအောင် လုပ်ပေးရ မှာပါ။


ထို့ပြင် မနက်စာကို နေ့စဉ် တစ်မျိုးထဲ ကျွေးမယ့်အစား ဗီတာမင်နှင့် အာဟာရပြည့်ဝတဲ့ နို့၊ ကြက်ဥ၊ ပါမုန့်၊ အသား၊ အသီး၊ ဟင်းသီးဟင်းရွက်တို့ကို အလှည့်ကျ စီမံ ကျွေးမွေးသင့်ပါတယ်။ သူတို့ ဘာတွေကို ကြိုက်လည်း၊ ဘာကို မကြိုက်တတ်ဘူး ဆိုတာတွေလည်း သိထားရမှာပါ။ သို့ပေမယ့် သူတို့ တစ်ခါမှ မစားဖူးတဲ့ အစားအသောက်တစ်ခု ကို ကျွေးသင့်လားဆို တဲ့ မေးခွန်း အတွက် အဖြေကတော့ ကျွေးသင့်ပါတယ်။


 တစ်ခါမှ မကျွေးကြည့်သေးပဲ၊ သူတို့ လုံးဝမစားဖူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အစားအသောက် အသစ်တွေကို ကျွေးတဲ့အခါ ကျောင်းတက်ရက် အစား စနေ၊ တနင်္ဂနွေ ကျောင်းအား ရက်တွေ မှာ ကျွေးတာဟာ ပိုမို လွယ်ကူတာကို တွေ့ရပါတယ်။ မနက်စာက ကလေးတွေအတွက်ပင် အရေးကြီးတာ မဟုတ်ပဲ၊ လူကြီးတွေ အတွက် တစ်နေ့တာ အလုပ်တွေကို ကောင်းမွန်စွာ စိတ်ရော၊ ကိုယ်ပါ လုပ်ကိုင်နိုင်ဖို့ အရေးပါတာမို့ မနက်စာကို အပြည့်အ၀စားဖို့ တိုက်တွန်းလိုက် ပါတယ်။

‘ကြက်ဥ’

ကလေးတွေအတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်စာ ကတော့ ကြက်ဥပဲ ဖြစ်ပါတယ်။ ကြက်ဥကို အချိန်တိုအတွင်းမှာပဲ မျိုးစုံလုပ်စားနိုင်ပါတယ်။ ကြက်ဥပြုတ်တာလောက်ကို လူတိုင်း အလွယ်ကူ လုပ်စားတတ်ကြပါတယ်။

ကြက်ဥပြုတ်ရာမှာ နည်းလမ်းကောင်းလေး ရှိပါသေးတယ်။ ဒယ်အိုးတစ်ခုထဲကို ရေအေးထည့်ပြီး ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ၊ ဗီနီကာ ၄စက်လောက် ထည့်ကာ ကြက်ဥကို ၂မိနစ်ခွဲ ခန့် ပြုတ်ပေးပါက အကာကျက်ပြီ အထဲမှာ အနှစ်ပျော့ပျော့လေးကို ရရှိမှာပါ။ အကယ်၍ သင့်ကလေးက ကြက်ဥအကျက်မှ ကြိုက်သူဆိုလျှင် နောက် ၂မိနစ်လောက်ထပ်ပြုတ်လိုက်ပါ ဦး။ ကြက်ဥပြုတ်ရပြီဆိုလျှင် ကြက်ဥကို တခြမ်းခြမ်းပြီး ဆားအနည်းငယ် ဖြူးကာ ကျွေးနိုင်ပါတယ်။

နောက်တစ်မျိုးအနေနဲ့ ပါမုန့်ကြက်ဥကြော်လေးကို လုပ်ကျွေးကြည့်နိုင်ပါသေးတယ်။ အရင်ဆုံး ပါမုန့်ကို အလယ်ကနေ ၁လက်မအရွယ် အပေါက်လေး ခွက်လေးနှင့်ဖြစ်စေ၊ ဓားလေး နှင့် ဖြစ်စေ ဖောက်လိုက်ပါ။ ထို့နောက် ဒယ်ထဲ ဆီအနည်းငယ်ထည့်ပြီ ပါမုန့်ကို ထည့် ကာ ဖောက်ထားသော ကြက်ဥကို ပါမုန့်အလယ်သို့ လောင်းချပေးပါ။ ၂-၃မိနစ်အတွင်းပင် ပါမုန့်ကြက်ဥကြော်လေး ရရှိပါပြီ။ ပြီးမှ အပေါ်မှ ခရမ်းချဉ်သီးဆော့လေး ဖြူးပေးပြီ သင့်ကလေး ကို ကျွေးကြည့်ပါ၊ သူကြိုက်နှစ်ပါလိမ့်မည်။

နေ့စဉ် ကြက်ဥပြုတ်၊ ပါမုန့်ကြက်ဥကြော်ပဲ ကျွေးနေလျှင်လည်း သူရိုးအီ လာပါလိမ့်မည်။ အသစ်အဆန်းနဲ့ နို့ကြက်ဥမွှေကြော်လေးပါ ပြောင်းကျွေးကြည့်ပါ။ ကြက်ဥထဲသို့ နွားနို့ ထည့်ပြီ ရောမွှေခလောက် ထားလိုက်ပါ။ ဒယ်ထဲသို့ ဆီအစား အနံ့လေးပါ သင်းပြီး စားချင်အောင် ထောပတ်လေး ထည့်မယ်။ ထောပတ်အရည်ပျော်သွားမှ ခုနက ခလောက်ထားတဲ့ ကြက်ဥကို ထည့်မွှေကြော်လိုက်လျှင် အနံ့ရော၊ အရသာပါ ပြည့်စုံတဲ့ မနက်စာတစ်မျိုးကို ရရှိသွားပါပြီ။

‘သစ်သီး’


ကလေးကို မနက်စာအတွက် သစ်သီးပဲ ကျွေးရင် နေ့လည်စာ မရောက်ခင် ဆာလောင်မှာ မစိုးရိမ်ပါနှင့်။ သစ်သီးနှင့် ဒိန်ချဉ်လေးကို ရောကျွေးကြည့်ပါ ဆာလောင်မှုကို ကင်းရှင်း စေ ပါတယ်။ မနက်စာအတွက် အလွယ်ကူဆုံးက သစ်သီးပဲ ဖြစ်ပါတယ်။ အသီးအနှံကို ကျွေးရာမှာ လည်း တစ်မျိုးထဲကို အမြဲကျွေးတာမျိုး မဟုတ်ပဲ အလှည့်အပြောင်းအနေနဲ့ ငှက်ပျောသီးကို အ၀ိုင်းထူထူလေး လှီးပြီး အပေါ်မှ ဒိန်ချဉ်လေးထည့်ကာ၊ ပျားရည်လေး အနည်း ငယ်ဖြင့် ရောကျွေး နိုင်ပါသေးတယ်။

ပန်းသီးကြိုက်တဲ့ ကလေးအတွက်ဆိုရင် ပန်းသီးကို နွားနို့၊ သကြားနှင့် ရောမွှေကာ တစ်မျိုး၊ ပန်းသီးကို ကင်ပြီ တစ်မျိုး ချက်ပြုတ်လို့ရပါတယ်။ ပန်းသီးကို ဘယ်လိုကင်မလဲဆိုတာတော့ အရင်ဆုံး ပန်းသီးကို ရေနှင့် သန့်စင်အောင် ဆေးလိုက်ပါ။ ပြီမှ အခွံနွှာပြီ ဓားဖြင့် အစိတ်လေးများ စိတ်လှီးပေးပြီ သကြားဖြင့် ရောနုယ်ထားပေးပါ။ ထို့နောက်မှ သတ္တုပြားဖြင့် အုပ်ကာ oven မီးဖိုထဲထည့်၍ ၁၈၀ဒီဂရီဖြင့် နာရီဝက်ခန့် ကင်ပေးပါက ပန်းသီးလေး ပျော့သွား ပါလိမ့်မည်။ ထိုအခါ oven ထဲမှ ပြန်ထုတ်ပြီ ခရင်ဖြင့် တွဲဖက်စားပါက အရသာပြည့်စုံသော ပန်းသီးကင်လေးကို ရရှိမှာပါ။

တခြား သစ်သီးအနေနဲ့ စပျစ်သီး (သို့) လိမ္မော်သီးကို တစ်ခြမ်းခြမ်းကာ သကြား အနည်းငယ်ဖြူး ကာ မီးတွင် ခေတ္တမျှ သကြားပျော်ရုံအပူပြပေးပါ။ အေးတဲ့ ဆောင်းတွင်းအချိန်တွင်မှာ ထိုသို့ မနက်စာကို ကျွေးက ပိုမိုကောင်းမွန်ပါတယ်။ ကလေးများကို မနက်စာအဖြစ် ပန်းသီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ လိမ္မော်သီးပဲ ကျွေးရမှာလားဆိုတော့ မဟုတ်ပါဘူး။ သူတို့ ကြိုက်နှစ် သက်မယ့် သစ်တော်သီး၊ ဖရဲသီး၊ ကီဝီသီး၊ ထောပတ်သီး စသည်တွေကို အလှည့်ကျ ဒိန်ချဉ်လေးနှင့် တွဲဖက်ပြီ ကျွေးနိုင်ပါသေးတယ်။

ထောပတ်သီးကိုလည်း ပါမုန့်နှင့် တွဲဖက်ကာ sandwiches အဖြစ် လုပ်စားလျှင်လည်း ရပါတယ်။ မိမိ လုပ်မည့် ပါမုန့်အရေအတွက်ပေါ် မူတည်ပြီ ထောပတ်သီးများကို ဇွန်းဖြင့် ဖြစ်စေ ခြေပေး ပါ။ ပြီမှ ပါမုန့်တွင် ခြေထားသော ထောပတ်သီးများကို သုတ်ပေးပြီ မနက်စာအဖြစ် ကလေး ကို ကျွေးပါက သူတို့ ခံတွင်းတွေ့သွားမှာပါ။ ပါမုန့်အဖြူအစား ပါမုန့်အညှိသုံးလျှင် ပိုမို ကျန်းမာရေးနှင့် ညီညွှတ်ပါသည်။

‘ကောက်ပဲသီးနှံ’

မနက်စာအတွက် ကောက်ပဲသီးနှံလို့ ဆိုရာတွင် ဂျုံ၊ ဆန်၊ ဂျုံကြမ်း၊ ပြောင်း တို့ကို ဆိုလိုခြင်း ဖြစ် သည်။ ကောက်ပဲသီးနှံတွေ စားခြင်းဖြင့် သင့်ကလေးမှာ လိုအပ်တဲ့ ဗီတာမင်၊ ကဇီဓာတ် တို့ကို ရှိမှာ ဖြစ်ပါတယ်။ အရှေ့တိုင်း နိုင်ငံတွေမှာ အစားများတဲ့ ဆန်မှာ ကဇီဓာတ်အပြည့်အ၀ပါတာမို့ ဆန်ချက်တဲ့အခါ ငဲ့ချက်တာမျိုး မဟုတ်ပဲ၊ ထမင်းပေါင်းအိုးနှင့် ချက်ပါက ကဇီဓာတ်ကို အပြည့် အ၀ရရှိမှာပါ။ 

ဆန်ကို မနက်စာ ဆန်ပြုတ်အဖြစ် ကလေးကို ချက်ကျွေးနိုင်ပါတယ်။ ဆန်ပြုတ်တဲ့အခါ ချက်ပြီး သား ထမင်းကို ပြုတ်မယ့်အစား ဆန်ကို ရေဖြင့် ပြဲအောင် တည်ထားပေးပါ။ ပြီးမှ ဆန်ပြဲသွား လျှင် အရသာအတွက် ဆား၊ ကြက်သားမှုန့်များ ထည့်ပေးပါ။ ထို့နောက် ဆန်ပြုတ်ချခါနီးမှ နှမ်းဆီ၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးလိုက်ပါ။ ဆန်ပြုတ်အပြင် ထမင်းကြော်၊ ထမင်းသုတ် တို့လည်း ချက်ကျွေးနိုင်ပါသည်။

‘ပန့်ကိတ်’

 
 
ကျန်းမာရေးနှင့် သင့်လျော်ပြီး ကလေးတွေ ကြိုက်နှစ်သက်မယ့် နောက်မနက်စာ တစ်မျိုး ကတော့ ပန့်ကိတ်ပါပဲ။ ပန့်ကိတ်ကိုလည်း မရိုးအောင် မျိုးစုံ လုပ်စားနိုင်ပါ တယ်။ ကျောင်းသွား ခါနီးမှ ပန့်ကိတ်လုပ်ပေးရတာ အလုပ်ရှုပ်တယ်ထင်လျှင် ညထဲက ကြိုလုပ်ပြီ ရေခဲသေတ္တာထဲ ထည့်ထားလို့ ရပါတယ်။ စားခါနီးမှ မိုင်ခရိုဝေ့ထဲ ထည့်ကာ ၁-၂မိနစ်လောက် ပြန်နွေးလိုက် ရုံပါပဲ။

အရင်ဆုံး ရိုးရိုးပန့်ကိတ်ကို ဘယ်လို လုပ်ပေးရမယ်ဆိုရင် သူအတွက် လိုအပ်တာတွေကတော့ ဂျုံ စားပွဲတင်ဇွန်း ၅ဇွန်းစာ၊ ကြက်ဥ ၂လုံး၊ ၂၅၀မီလီရှိတဲ့ နွားနို့တို့ပါ။ ခွက်တစ်ခုထဲ ကြက်ဥကို သမအောင် ခလောက်ပြီ နွားနို့ထည့် ရောမွှေလိုက်ရုံပါ။ နောက်ဆုံးမှ ဂျုံမှုန့်များပါ ထည့်ကာ နာနာလေး ခလောက်လိုက်လျှင် ပန့်ကိတ်အရည် အပျစ်လေးကို ရရှိသွားပါပြီ။ 


 ပန်ကိတ်ကောင်း တစ်ခုဖြစ်ဖို့ လှိုဝှက်ချက်လေး ရှိပါသေးတယ်။ လှိုဝှက်ချက်က ဒယ်ထဲ ဆီများ များ မထည့်ရပဲ ဒယ်ပေရုံသာ ဆီကို ထည့်ပြီ ဒယ်အရမ်းပူလာမှ ပန်ကိတ်အနှစ်ရည်ကို ထည့်ရ မှာပါ။ ပန်ကိတ်အရည် စားပွဲတင်ဇွန်း ၂ဇွန်းလောက်ကို ထည့်ပေး ခြောက်လာ လျှင် နောက် တစ်ဖက်ကို ဇွန်းပြားတစ်ခုနှင့် လှန်ပေးလိုက်ပါ။ ခုပန့်ကိတ်လေးကို သင့်ကလေးအတွက် မနက်စာအဖြစ် ကျွေးနိုင်ပါပြီ။

ပန့်ကိတ်ကိုပဲ တူနာနဲ့ လုပ်ထားတဲ့ တူနာပန့်ကိတ်လေးဆို ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး သင့်ကလေး ပိုကြိုက်မှာ သေချာပါတယ်။ ပန့်ကိတ်လိုပင် ဂျုံမှုန့်၊ ကြက်ဥ၊ နွားနို့အပြင် တူနာ စည်သွပ်ဘူး ၁ဘူးရယ်၊ ကြက်သွန်နီ၊ ငရုတ်ကောင်းမှုန့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းရယ် ထပ်ဖြည့်စွက်ရမှာပါ။ ခွက်တစ်ခုထဲ ကြက်ဥ၊ နွားနို့၊ တူနာ၊ ကြက်သွန်နီ၊ ဂျုံ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။


 ပြီးလျှင် တူနာပန့်ကိတ်များကို အ၀ိုင်းပြားလေးများ လုပ်ပေးထားပါ။ ဒယ်ထဲ ဆီနည်းနည်းသာ ထည့်ပြီ တူနာပန့်ကိတ်များကို ထည့်ကြော်ပေးရုံပါပဲ။ ပန့်ကိတ် နှစ်ဖက်လုံး အညှိရောင်သန်း လာလျှင် ပြန်ဆယ်ပြီး ပန်းကန်ပြားပေါ်တင်ကာ ကျွေးနိုင်ပါတယ်။ ပန့်ကိတ်အပြင် ငှက်ပျောသီး ပါးပါးလှီးထားတာလေးနှင့်ပါ တွဲဖက် ကျွေးလျှင် ပိုကောင်းပါတယ်။

‘ကိတ်မုန့်’

 
 
သင့် ကလေးက မနက်စာ သစ်သီး၊ ကြက်ဥ၊ ပန်ကိတ် တွေကို စားရတာ ငြီးငွေ့နေလျှင် ကိတ်မုန့် နဲ့ လက်ဖက်ရည်လေးကို တွဲကျွေးလို့ရပါသေးတယ်။ ကိတ်မုန့်စားလို့ ကလေးအတွက် ကျန်းမာရေးမှာ ထိခိုက်တာမျိုး မရှိပါဘူး။ ခရင်မပါတဲ့ ရိုးရိုးကိတ်မုန့်၊ သီးစုံ ကိတ်မုန့်၊ ပါမုန့် ပူတင်း၊ မုန်လာဥကိတ်တွေကို ကျွေးလျှင် ပိုမိုကောင်းမွန်ပါသည်။

ကိတ်မုန့်ကို မနက်စာအဖြစ် အလွယ်တကူ လုပ်စားနိုင်မည့် နည်းလေးတွေ ပြောပြချင်ပါတယ်။ သင် လိုအပ်မှာက ဂျုံ ၁၀၀ဂရမ်၊ ထောပတ် ၁၀၀ဂရမ်၊ သကြား ၁၀၀ဂရမ်၊ ကြက်ဥ ၂လုံးပါပဲ။ အရင်ဆုံး သကြားနှင့်ထောပတ်ကို blender (သို့) electric hand whisk ဖြင့် သမနေအောင် ၃မိနစ်ခန့် ရောမွှေပေးပါ။ ပြီးမှ ခလောက်ထဲထားသော ကြက်ဥနှင့် ဂျုံနည်းနည်းခြင်းစီ ထည့်ပြီး ရောမွှေပေးပါ။ ထို့နောက် oven ထဲထည့်ပြီ ၁၉၀ဒီဂရီဖြင့် ၁၅မိနစ်ခန့် ဖုတ်ပေးလိုက် ရုံပါပဲ။ နောက်ဆုံးမှ ကိတ်မုန့်ကို ပါးပါးလှီးပြီ နွားနို့ (သို့) လိမ္မော်ရည် တို့နှင့် တွဲဖက် ကျွေးနိုင် ပါတယ်။


Ref: How to feed your whole family
Wutyee Food House
 From...Myanmar Online News

ရှောက်ရေနွေး သောက်ရခြင်း၏ အကျိုးကျေးဇူးများ

Photo


မနက်အိပ်ရာထခါစမှာ ရေနွေး မတ်ခွက်တစ်ခွက်ထဲ ကို ရှောက်သီးတစ် စိတ်ညှစ် ပြီး သောက်ပေးရင် အောက်ပါအကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။ 
၁။ ခုခံအားစနစ် မြှင့်တင်နိုင်ခြင်း ရှောက်သီးမှာ ဗီတာမင် C နဲ့ ပိုတက်စီယမ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ အအေးမိဝေဒနာကို တွန်းလှန်နိုင်ပြီး ပိုတက်စီယမ်မှာမူ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်နိုင်ပြီး သွေးဖိအားကို ထိန်းချုပ်နိုင်ပါတယ်။

 ၂။ ခန္ဓာကိုယ်၏ pH ဓာတ် ညီမျှစေခြင်း ရှောက်သီးဟာ အက်စစ်ဓာတ်ပါဝင် နေပေမယ့် ခန္ဓာကိုယ်တွင်းမှာ သူတို့ဟာ အယ်လ်ကာလီ ဖြစ်နေတတ်ပါတယ်။ စီထရစ်အက်စစ်ဖြစ် တဲ့ ရှောက်သီးဟာ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်စဉ်မှာ အက်စစ်ဓာတ် ဖြစ်အောင် ဖန်တီးလို့ မရနိုင်တာကြောင့်ပါ။ ခန္ဓာကိုယ်တွင် အယ်လ်ကာလီဖြစ်နေတာဟာ ကျန်းမာရေးကောင်းဖို့ အတွက် သော့ချက်ပါ။ 
 ၃။ ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ခြင်း ရှောက်သီးမှာ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့် ဆာလောင်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အယ်ကာလီ အစားအစာကို စားသုံးသူတွေဟာ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန် တတ်ပါတယ်။ 
၎။ အစာခြေဖျက်မှုကို ကူညီနိုင်ခြင်း ရေနွေးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း လှုံ့ဆော် မှုပေးနိုင်တာကြောင့် အူနံရံမှ ကြွက်သားတွေ လှုပ်ရှားလာစေပါတယ်။ ရှောက်သီးနဲ့ သံပရာသီး မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် အစာခြေလမ်းကြောင်း အတွင်း အဆိပ် အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ 
 ၅။ သဘာဝဆီးဆေး ဖြစ်စေခြင်း ရှောက်ရည်ဟာ ဆီးထွက်များစေတာမို့ ခန္ဓာကိုယ်အတွင်း မလိုလား  အပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ 
၆။ အသားအရေ ကြည်လင်ဝင်းပစေခြင်း ဗီတာမင် C ဟာ အရေးကြောင်းတွေကို လျော့ နည်းစေနိုင်ပြီး အသားအရေ ဝင်းပစေနိုင်ပါတယ်။ ရှောက်ရည်ဟာ သွေးထဲမှ အဆိပ်တွေကို ဖယ်ရှားနိုင်တာကြောင့် အသားအရေ သန့်ရှင်းမှု ရှိစေနိုင်ပါတယ်။
 ဒေါက်တာခင်မိုးမိုး Ref: Good Health Source: http://news.yatanarpon.com.mm/cp/goodhealth/article-79248

'ဇ' အဆင့်မြင့် မြို့ပတ်ရထား စတင်ပြေးဆွဲ

'ဇ' အဆင့်မြင့် မြို့ပတ်ရထား စတင်ပြေးဆွဲ  Saturday, 02 November 2013   ရန်ကုန်မြို့ပေါ်နေ ရထားစီး ပြည်သူများ သွားလာနိုင်စေရန် မြန်မာ့မီးရထား အနေဖြင့် ''ဇ'' အဆင့်မြင့် မြို့ပတ် ရထားကို ယနေ့တွင် စတင်ပြေးဆွဲ ပေးလျက်ရှိသည်။  ''ရန်ကုန်မြို့မှာ အခုဆိုရင် မြို့တွင်းရထားစီး ပြည်သူတွေဟာ ယခင်ထက် ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ အဲဒီအတွက် မြန်မာ့ မီးရထားအနေနဲ့ အဲကွန်းအထူး မြို့ပတ်ရထားနဲ့ ရိုးရိုးမြို့ပတ်ရထားတွေကို နေ့စဉ်ပြေး ဆွဲ ပေးနေတာကနေ ထပ်မံပြီးတော့ ''ဇ''အဆင့်မြင့် မြို့ပတ်ရထားတွဲဆိုင်းကို ထပ်မံပြေးဆွဲပေးသွားမှာပါ။ ဒီတွဲဆိုင်း တွေမှာ ပန်ကာတွေ၊ လျှပ်စစ်မီးတွေ၊ ထိုင်ခုံတွေ၊ စတီးလက်ကိုင် တန်းတွေနဲ့ ပြုလုပ်ထားပြီး စီးနင်းလိုက်ပါ သူတွေအတွက် အဆင်ပြေမှာပါ'' ဟု အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။  အဆိုပါ ''ဇ'' အဆင့်မြင့် မြို့ပတ်ရထားအား လိုက်ပါစီးနင်းသူများ အနေဖြင့် တွဲများအားလုံးသို့ တောက်လျှောက် ကူးသန်းသွားလာနိုင်ပြီး လက်မှတ်ခနှုန်းထားမှာ ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃ဝဝ၊ နိုင်ငံခြားသား တစ်ဦးလျှင် တစ်ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ ကုန်ပစ္စည်းများ တင်ဆောင်ခွင့်မရှိပေ။ ထိုရထားတွင် အဆိုင်းခြောက်ဆိုင်း ပါဝင်ပြီး လူဦးရေ ၆ဝဝ ခန့် လိုက်ပါစီးနင်းနိုင်သည်။ တစ်ရက်လျှင် မြို့ပတ်ခြောက်ကြောင်း ပြေးဆွဲသွားမည် ဖြစ် သည်။  ရထားထွက်ချိန်များမှာ နေ့စဉ် အင်းစိန်မှ နံနက် ၅ နာရီ စထွက်ကာ ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ ၅၅ မိနစ်၊ အင်းစိန် ဘူတာမှ နံနက် ၇ နာရီ မိနစ် ၅ဝ၊ လှော်ကားမှ နံနက် ၈ နာရီ မိနစ် ၃ဝ၊ အင်းစိန်ဘူတာမှ နံနက် ၉ နာရီ ၂၅ မိနစ်၊ ရန်ကုန်ဘူတာမှ နံနက် ၁ဝ နာရီ ၂၅ မိနစ်များတွင် ပြေးဆွဲသွားမည်ဖြစ်သည်။ ထပ်မံ၍ ရန်ကုန် ဘူတာကြီးသို့ မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ၊ ညနေ ၄ နာရီခွဲ၊  ည ၇ နာရီ မိနစ် ၃ဝ တွင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း  သိရသည်။  http://www.myawady.net.mm/allnews/headline/item/29464-2013-11-02-08-57-20
Saturday, 02 November 2013

ရန်ကုန်မြို့ပေါ်နေ ရထားစီး ပြည်သူများ သွားလာနိုင်စေရန် မြန်မာ့မီးရထား အနေဖြင့် ''ဇ'' အဆင့်မြင့် မြို့ပတ် ရထားကို ယနေ့တွင် စတင်ပြေးဆွဲ ပေးလျက်ရှိသည်။


''ရန်ကုန်မြို့မှာ အခုဆိုရင် မြို့တွင်းရထားစီး ပြည်သူတွေဟာ ယခင်ထက် ပိုမိုများပြားလာတာ ကို တွေ့ရ ပါတယ်။ အဲဒီအတွက် မြန်မာ့ မီးရထားအနေနဲ့ အဲကွန်းအထူး မြို့ပတ်ရထားနဲ့ ရိုးရိုးမြို့ပတ်ရထားတွေ ကို နေ့စဉ်ပြေး ဆွဲ ပေးနေတာကနေ ထပ်မံပြီးတော့ ''ဇ''အဆင့်မြင့် မြို့ပတ်ရထားတွဲဆိုင်းကို ထပ်မံပြေး ဆွဲပေးသွားမှာပါ။ ဒီတွဲဆိုင်း တွေမှာ ပန်ကာတွေ၊ လျှပ်စစ်မီးတွေ၊ ထိုင်ခုံတွေ၊ စတီးလက်ကိုင် တန်းတွေ နဲ့ ပြုလုပ်ထားပြီး စီးနင်းလိုက်ပါ သူတွေအတွက် အဆင်ပြေမှာပါ'' ဟု အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

အဆိုပါ ''ဇ'' အဆင့်မြင့် မြို့ပတ်ရထားအား လိုက်ပါစီးနင်းသူများ အနေဖြင့် တွဲများအားလုံး သို့ တောက်လျှောက် ကူးသန်းသွားလာနိုင်ပြီး လက်မှတ်ခနှုန်းထားမှာ ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃ဝဝ၊ နိုင်ငံခြားသား တစ်ဦးလျှင် တစ်ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ ကုန်ပစ္စည်းများ တင်ဆောင်ခွင့် မရှိပေ။ ထိုရထားတွင် အဆိုင်းခြောက်ဆိုင်း ပါဝင်ပြီး လူဦးရေ ၆ဝဝ ခန့် လိုက်ပါစီးနင်းနိုင်သည်။ တစ်ရက်လျှင် မြို့ပတ်ခြောက်ကြောင်း ပြေးဆွဲသွားမည် ဖြစ် သည်။

ရထားထွက်ချိန်များမှာ နေ့စဉ် အင်းစိန်မှ နံနက် ၅ နာရီ စထွက်ကာ ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ ၅၅ မိနစ်၊ အင်းစိန် ဘူတာမှ နံနက် ၇ နာရီ မိနစ် ၅ဝ၊ လှော်ကားမှ နံနက် ၈ နာရီ မိနစ် ၃ဝ၊ အင်းစိန် ဘူတာမှ နံနက် ၉ နာရီ ၂၅ မိနစ်၊ ရန်ကုန်ဘူတာမှ နံနက် ၁ဝ နာရီ ၂၅ မိနစ်များတွင် ပြေးဆွဲ သွားမည်ဖြစ်သည်။ ထပ်မံ၍ ရန်ကုန် ဘူတာကြီးသို့ မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ၊ ညနေ ၄ နာရီခွဲ၊ ည ၇ နာရီ မိနစ် ၃ဝ တွင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/headline/item/29464-2013-11-02-08-57-20
 
From... မြ၀တီ

တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ

တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ  ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။  မြန်မာ့မီးရထားမှ မူလက ပြေးဆွဲနေသော ' ဇ ' ရိုးရိုးရထားမှ တွဲဆိုင်းများအစား မြစ်ငယ်ရထားတွဲ စက်ရုံမှ အဆင့်မြှင့်ထားသာ တွဲသေး ၆ တွဲကို တစ်ဆက်တည်း ဖြစ်အောင် ပြုပြင်ပြင်ဆင် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။  ''ကျွန်တော်တို့ ရထားတွဲဆိုင်းတွေကို တစ်ဆက်တည်း ဖြစ်အောင် ပြုလုပ်ထားပြီး ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီနေ့ရထားသစ် ပြေးဆွဲမှုကို မီးရထားဝန်ကြီး ကိုယ်တိုင် မနက်က လာရောက်ဖွင့်လှစ် ပေးသွားပါတယ်။ ခရီးသည် စီးနင်းမှုကတော့ အစနေ့ဆိုပေမဲ့ တွဲဆိုင်းအပြည့် လိုက်ပါစီးနင်း ကြတာကို တွေ့ရပါတယ်'' ဟု အဆိုပါ မြို့ပတ်အထူး ရထားမှ လက်မှတ်စစ်အုပ် ဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။  ယင်း ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်တွင် ထိုင်ခုံများကို ဖိုင်ဘာခုံတန်း ရှည်များဖြင့် အစားထိုးပြီး တွဲဆိုင်းသေး တစ်ခုတွင် ပန်ကာ ၆ လုံးထိ တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။  စီးနင်းခအဖြစ် ခရီးသည် တစ်ဦးလျှင် ၃၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံခြားသား ခရီးသည် တစ်ဦးကိုမူ (၁) ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။ ''အခုလို မြို့ပတ်ရထားကို အဆင့်မြှင့်ပြီး ပန်ကာတွေ၊ လက်ကိုင်တွေ တပ်လိုက်တော့ စီးရတာ သက်သောင့်သက်သာ ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ ဒီထက်ပိုလျှော့ချ ပေးနိုင်ရင် ခရီးသွားတွေ ရထားကိုပဲ အာရုံစိုက် စီးလာနိုင်တယ်။ ကားကျတော့ လမ်းကျပ်လို့ ဘယ်အချိန် ရောက်မယ်မှန်း မသိဘူး'' ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။  စတင်ပြေးဆွဲသော အဆင့်မြှင့်တင် ထားသည့် မြို့ပတ်ရထားဖြင့် ခရီးသွားနေသော ကမ္ဘာ့လှည့် ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ -ကြည်နိုင်)
ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားမှ မူလက ပြေးဆွဲနေသော ' ဇ ' ရိုးရိုးရထားမှ တွဲဆိုင်းများအစား မြစ်ငယ် ရထားတွဲ စက်ရုံမှ အဆင့်မြှင့်ထားသာ တွဲသေး ၆ တွဲကို တစ်ဆက် တည်း ဖြစ်အောင် ပြုပြင်ပြင် ဆင် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ရထားတွဲဆိုင်းတွေကို တစ်ဆက်တည်း ဖြစ်အောင် ပြုလုပ်ထားပြီး ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီနေ့ရထားသစ် ပြေးဆွဲမှု ကို မီးရထားဝန်ကြီး ကိုယ်တိုင် မနက်က လာရောက်ဖွင့်လှစ် ပေးသွားပါတယ်။ ခရီးသည် စီးနင်း မှုကတော့ အစနေ့ဆိုပေမဲ့ တွဲဆိုင်းအပြည့် လိုက်ပါစီးနင်း ကြတာကို တွေ့ရပါတယ်'' ဟု အဆို ပါ မြို့ပတ်အထူး ရထားမှ လက်မှတ်စစ်အုပ် ဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။

ယင်း ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်တွင် ထိုင်ခုံများကို ဖိုင်ဘာခုံတန်း ရှည်များဖြင့် အစားထိုးပြီး တွဲဆိုင်းသေး တစ်ခုတွင် ပန်ကာ ၆ လုံးထိ တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။

စီးနင်းခအဖြစ် ခရီးသည် တစ်ဦးလျှင် ၃၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံခြားသား ခရီးသည် တစ်ဦးကိုမူ (၁) ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။ ''အခုလို မြို့ပတ်ရထား ကို အဆင့်မြှင့်ပြီး ပန်ကာတွေ၊ လက်ကိုင်တွေ တပ်လိုက်တော့ စီးရတာ သက်သောင့်သက်သာ ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ ဒီထက်ပိုလျှော့ချ ပေးနိုင်ရင် ခရီးသွားတွေ ရထားကိုပဲ အာရုံစိုက် စီးလာနိုင်တယ်။ ကားကျတော့ လမ်းကျပ်လို့ ဘယ်အချိန် ရောက်မယ်မှန်း မသိဘူး'' ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
စတင်ပြေးဆွဲသော အဆင့်မြှင့်တင် ထားသည့် မြို့ပတ်ရထားဖြင့် ခရီးသွားနေသော ကမ္ဘာ့လှည့် ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ -ကြည်နိုင်)
 Eleven Media Group
  From...Facebook

ရေချိုးခန်း၊ အိမ်သာတွေထဲက မိန်းမသားများ၏ ၀တ်လစ်စလစ်ပုံများကို ခိုးရိုက်မှုရန်ကို ရှောင်ရှားနိုင်ဖို့

ရေချိုးခန်း၊ အိမ်သာတွေထဲက မိန်းမသားများ၏ ၀တ်လစ်စလစ်ပုံများကို ခိုးရိုက်မှုရန်ကို ရှောင်ရှားနိုင်ဖို့ ဒီစာကိုဖတ်ပါ  မိန်းကလေးများ ရေချိုးတော့မယ် ဆိုရင် ကိုယ့်ရေချိုးခန်းကို ရေမချိုးခင် လုံခြုံမှု့ရှိ မရှိ စစ်ဆေးပြီးမှ သာ ရေချိုး ဖို့ အကြံပြုချင်ပါတယ်..။ တံခါးဂျက် ကောင်းမကောင်း၊အကာအရံ လုံမလုံ၊ ဥပမာ..တိုက်ခန်းဆိုရင်တောင် အပေါက်ဖေါက်ထား လား?အတွင်းက မမြင်အောင် အပြင်ကမှ မြင်နိုင်အောင် အပေါက်ဖေါက်ထားလား၊ခေါင်မိုးရှိတယ် ဆိုရင်တောင်အမိုးနဲ့ အကာအကြား လက်လျှိုလို့ ရနိုင်လား ဆိုတာသေချာစစ်ဆေးပြီးမှသာ ရေချိုးကြတာ အကောင်းဆုံးပါ..။   တစ်လောက ဗဟန်းမြို့နယ်မှာ တိုက်ခန်း ငါးလွှာအထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေတယ်။ ဘေးချင်းကပ်တိုက်ခန်းငါးလွှာမှာလဲလူငယ်လင်မယားမိသားတစ်စု နေကြတယ်။ တစ်နေ့တော့ ပြသာနာ အကြီးအကျယ်တက်ပြီး ရပ်ကွက်ရုံးကို တိုင်ကြားတဲ့အထိ ဖြစ်ကြတယ်..။  အကြောင်းရင်းကတစ်ဖက်တိုက်ခန်းငါးလွှာက ယောင်္ကျားဖြစ်သူကဒီဖက်ငါးလွှာက ကျောင်းသူတွေနေတဲ့ ရေချိုး ခန်းကခေါင်မိုးနဲ့ နံရံ လွတ်နေတဲ့ ကြားမှာဟမ်းဖုန်း နဲ့ ကျောင်းသူလေးတွေ ရေချိုးနေတာကို ဗွီဒီယို ခိုးရိုက်နေတာ ဖမ်းမိသွားတဲ့ အမှု့အခင်းပါပဲ.ဘယ်အချိန်ကထဲက ရိုက်နေလဲ ဘယ်လောက်ကြာနေ ပြီလဲ?  မိန်းကလေးတွေ ရေချိုးတာ လုံချီမပါဘဲ ၀တ်လစ်စလစ်ရေချိုးနေတာကို ဘယ်ပွန်းဆိုက်တွေမှာ တင်နေသလဲ? ဘယ်သူမှ မသိနိုင်ကြ ရှာ။မိန်းကလေးအဖို့လူသိကြတော့လဲတစ်ရှက်ကနှစ်ရှက်ဖြစ်ရတယ်။  ရပ်ကွက်ရုံးကိုတိုင်ကြားတော့လဲနယ်ကမိဝေးဖဝေးလာနေကြတဲ့မိန်းကလေးတွေမှာဖိဖိစီးစီး ပြောနိုင်အောင် နိုင်အောင် မလုပ်နိုင်ကြတော့ အမှု့က နောက်ဆုံးတော့ ဝေလေလေ ဖြစ်တာနဲ့ ပဲ အဆုံးသတ်ရတယ်။ အိမ်ထောင်သည် ယောကျာင်္းမှ မဟုတ်၊ ကြီးကြီးငယ်ငယ် အခုလို ကျင့်ဝတ်နဲ့ မညီ၊ စာရိတ္တပိုင်း မကောင်းတဲ့ ယောင်္ကျား၊ မောင်နှမသားချင်း စာနာမှု့မရှိတဲ့ ယောင်္ကျားတစ်ချို့ကို ဒီနေရာကနေ ရှုံ့ ချပါ တယ်။   မိန်းမပျိုလေးတွေနေတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေကို လဲလုံလုံခြုံခြုံ ရှိနေဖို့ ကြိုတင်ပြီး စစ်ဆေး ကြဖို့ ကိုလဲ တိုက်တွန်းပါတယ်..။ ( အမျိုးသမီးများဘ၀ လုံခြုံ အေးချမ်း သာယာနိုင်ကြပါစေ..)  FROM-NEW MYANMAR NEWS
ရေချိုးခန်း၊ အိမ်သာတွေထဲက မိန်းမသားများ၏ ၀တ်လစ်စလစ်ပုံများကို ခိုးရိုက်မှုရန် ကို ရှောင် ရှားနိုင်ဖို့ ဒီစာကိုဖတ်ပါ မိန်းကလေးများ ရေချိုးတော့မယ် ဆိုရင် ကိုယ့်ရေချိုးခန်း ကို ရေမချိုး ခင် လုံခြုံမှု့ရှိ မရှိ စစ်ဆေးပြီးမှ သာ ရေချိုး ဖို့ အကြံပြုချင်ပါတယ်..။ 
 
တံခါးဂျက် ကောင်းမကောင်း၊ အကာအရံ လုံမလုံ၊ ဥပမာ..တိုက်ခန်းဆိုရင်တောင် အပေါက်ဖေါက် ထား လား?အတွင်းက မမြင်အောင် အပြင်ကမှ မြင်နိုင်အောင် အပေါက်ဖေါက် ထားလား၊ခေါင်မိုးရှိတယ် ဆိုရင်တောင်အမိုးနဲ့ အကာအကြား လက်လျှိုလို့ ရနိုင်လား ဆိုတာသေချာ စစ်ဆေးပြီးမှသာ ရေချိုးကြတာ အကောင်းဆုံးပါ..။ တစ်လောက ဗဟန်းမြို့နယ်မှာ တိုက်ခန်း ငါးလွှာအထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေတယ်။
 
 ဘေးချင်းကပ်တိုက်ခန်းငါးလွှာမှာလဲလူငယ်လင်မယားမိသားတစ်စု နေကြတယ်။ တစ်နေ့တော့ ပြသာနာ အကြီးအကျယ်တက်ပြီး ရပ်ကွက်ရုံးကို တိုင်ကြားတဲ့အထိ ဖြစ်ကြတယ်..။ အကြောင်းရင်းကတစ်ဖက်တိုက်ခန်းငါးလွှာက ယောင်္ကျားဖြစ်သူက ဒီဖက်ငါးလွှာ က ကျောင်းသူတွေနေတဲ့ ရေချိုး ခန်းကခေါင်မိုးနဲ့ နံရံ လွတ်နေတဲ့ ကြားမှာဟမ်းဖုန်း နဲ့ ကျောင်းသူလေးတွေ ရေချိုးနေတာကို ဗွီဒီယို ခိုးရိုက်နေတာ ဖမ်းမိသွားတဲ့ အမှု့အခင်းပါပဲ. 
 
ဘယ်အချိန်ကထဲက ရိုက်နေလဲ ဘယ်လောက်ကြာနေ ပြီလဲ? မိန်းကလေးတွေ ရေချိုးတာ လုံချီမပါဘဲ ၀တ်လစ်စလစ်ရေချိုးနေတာကို ဘယ်ပွန်းဆိုက်တွေမှာ တင်နေသလဲ? ဘယ်သူမှ မသိနိုင်ကြ ရှာ။မိန်းကလေးအဖို့လူသိကြတော့လဲတစ်ရှက်ကနှစ်ရှက်ဖြစ်ရတယ်။ ရပ်ကွက်ရုံးကို တိုင်ကြားတော့လဲနယ်ကမိဝေးဖဝေးလာနေကြတဲ့မိန်းကလေးတွေမှာဖိဖိစီးစီး ပြောနိုင်အောင် နိုင်အောင် မလုပ်နိုင်ကြတော့ အမှု့က နောက်ဆုံးတော့ ဝေလေလေ ဖြစ်တာနဲ့ ပဲ အဆုံးသတ်ရ တယ်။ 
 
အိမ်ထောင်သည် ယောကျာင်္းမှ မဟုတ်၊ ကြီးကြီးငယ်ငယ် အခုလို ကျင့်ဝတ်နဲ့ မညီ၊ စာရိတ္တပိုင်း မကောင်းတဲ့ ယောင်္ကျား၊ မောင်နှမသားချင်း စာနာမှု့မရှိတဲ့ ယောင်္ကျားတစ်ချို့ကို ဒီနေရာကနေ ရှုံ့ ချပါ တယ်။ မိန်းမပျိုလေးတွေနေတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေကို လဲလုံလုံခြုံခြုံ ရှိနေဖို့ ကြိုတင်ပြီး စစ်ဆေး ကြဖို့ ကိုလဲ တိုက်တွန်းပါတယ်..။
 
 ( အမျိုးသမီးများဘ၀ လုံခြုံ အေးချမ်း သာယာနိုင်ကြပါစေ..)
 
 FROM-NEW MYANMAR NEWS
 

01 November 2013

မြန်မာ့ ဆက်သွယ်ရေးက မိုဘိုင်းလ်ဖုန်းများ အတွက် ဝန်ဆောင်မှု အသစ်လေးခုကို နိုဝင်ဘာ ၁ ရက်မှ စတင် အသုံးပြုခွင့် ပေးမည်




မိုဘိုင်းလ် တယ်လီဖုန်းများအတွက် ဝန်ဆောင်မှု အသစ်များ ထပ်မံ အသုံးပြုခွင့် ပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် တယ်လီဖုန်းများ အတွက် ထပ်မံ တိုးချဲ့လိုက်သည့် ဝန်ဆောင်မှု အသစ်များမှာ CW (Call Wait Service) ၊ CF (Call forward Service) ၊ VMS (Voice Mail Service) ၊ MCA (Miss call Alert) ဟူ၍ ဝန်ဆောင်မှုအသစ် လေးခုကို လုပ်ဆောင်ပေးမည်ဟု ဆိုသည်။


 မြန်မာ တစ်နိုင်ငံလုံးတွင် အထက်ပါ ဝန်ဆောင်မှု အသစ်လေးခုကို မိုဘိုင်းလ် တယ်လီဖုန်း ကိုင်ဆောင်သူများ အနေဖြင့် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဖွင့်လှစ် သုံးစွဲနိုင်မည် ဖြစ်သည်။...

Call Wait Service သုံးစွဲလိုသူများ အနေဖြင့် 1331 နံပါတ်သို့ SMS ဖြင့် (order data CW) ဟု ပေးပို့ရမည်ဖြစ်ပြီး ယင်းအတည်ပြုချက် စာကို (Notification Alert SMS) ရရှိမည်ဖြစ်ပြီး ဆက်လက်၍ (order data CH) ဟုပေးပို့ရမည် ဖြစ်ပါသည်။

Call forwarding အတွက် 1331 နံပါတ်သို့ SMS ဖြင့် (order data CF)ဟု ပေးပို့ရမည်ဖြစ် သည်။ Voice Mail Service အတွက် 1331 နံပါတ်သို့ SMS ဖြင့် (order data VMSS)ဟု ပေးပို့ရ မည် ဖြစ်ပြီး Miss call Alert အတွက် 1331 နံပါတ်သို့ SMS ဖြင့် (order data MCA) ဟု ပေးပို့ရ မည်ဖြစ်သည်။

" Call forward? Voice Mail ၊ Miss Call Alert အစရှိတဲ့ ဝန် ဆောင်မှုများ အတွက် SMS ပို့ပြီး ရင် အတည်ပြုချက် စာကို (Not-ification Alert SMS) လက်ခံ ရရှိပါမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းဝန်ဆောင်မှုကို သုံးစွဲသူများ အနေဖြင့် Call Wait Service နှင့် Call forwarding အနက်မှ တစ်ခုကိုသာ ရွေးချယ် သုံးစွဲရမည် ဖြစ်ပြီး Voice Mail Service နှင့် Miss Call Alert အနက်မှ လည်း တစ်ခုကိုသာ ရွေးချယ် သုံးစွဲ ရမည်ဖြစ်သည်။ ဝန်ဆောင်မှု အသစ်များ အတွက် ကောက်ခံမည့် နှုန်းထားများမှာ Call Wait Serviceအတွက် တစ်လလျှင် ၅ဝဝ ကျပ်၊

Call forward Service အတွက် တစ်လလျှင် ၉ဝဝဝ ကျပ်၊ Voice Mail Service နှင့် Miss Call Alert အတွက် တစ်လလျှင် ၁ဝဝဝ ကျပ် သတ်မှတ် ထားကြောင်း သိရသည်။


http://www.myawady.net.mm/allnews/local/item/29425-2013-11-01-12-57-26


From...Facebook

နာနာဘာဝနှင့် ပတ်သက်သော ကိုယ်တွေ့ဖြစ်ရပ်များ




အခုလိုတိုးတက်နေသော ခေတ်ကြီးတွင် နာနာဘာဝတို့ ရှိသည် မရှိသည်ကို မယုံသူတို့အား မငြင်းခုံလိုပါ။ သို့သော် GLZ ကိုယ်တိုင်ကြုံဖူးသော အကြောင်းအရာများစွာ ရှိနေပါသည်။ မယုံကြလျှင်လည်း ပုံပြင်ဟုသာမှတ် ...

လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်လောက်က မိမိအသက်၂၀ ၀န်းကျင်ခန့် အမရပူရမြို့တွင် အကြောင်းတစ်ခုဖြင့် နံကပ်အိမ်လေးတွင် ငှားရမ်းနေထိုင်ခဲ့စဉ် က ဖြစ်သည်။


 ဂျောင်ကျသော လမ်းသွယ်လေး၏ အနောက်ဖက်ခြမ်းရှိ ထိုအိမ်လေးသို့ စရောက်ရောက်ခြင်း စိတ်ထဲတွင် ကျောချမ်းသလိုတော့ ခံစားမိသည်။ သို့သော် နေရာသစ်မို့ စိတ်ထဲ မပျော်ပိုက်သေး ၍ ဖြစ်လိမ့်မည်ဟုသာ တွေးပြီး ၆လ ငှားရမ်းဖို့ သဘောတူခဲ့သည်။ ဈေးအားဖြင့် မကြီးလှပါ။

ထိုစဉ်ခါက ယောက်ဖဖြစ်သူနှင့် အတူနေဖြစ်သည်။ ယောက်ဖမှာ အဖိတ် ဥပုသ်ရောက်တိုင်း မုံရွာသို့ ပြန်သည်။ ခန့်မှန်းခြေအားဖြင့် ကျွန်တော်မှာ ၇ ရက်တစ်ကြိမ်ခန့် မိမိဖာသာ တစ်ယောက်တည်း ဖြစ်နေခဲ့သည်။ ထိုစဉ်အခါတုန်းက ယခုကာလများလို မီးခဏခဏမလာပါ။ ထိုစဉ်က လျှပ်စစ်သည် နှုတ်မဆက်ပဲ ထွက်ထွက်သွားသည်က တစ်နေ့လုံးလိုလိုဖြစ်ပါသည်။ ထို့ကြောင့် လက်နှိပ်ဓိုမီး(ဓာတ်မီး)နှင့် ဖယောင်းတိုင်အထုတ်ကို အမြဲဆောင်ထားခဲ့ ရပါ သည်။ နေစတွင် ကျောနည်းနည်းချမ်းသည်ကလွဲလို့ ကာလအနည်းငယ် အထိ အေးအေး ချမ်းချမ်း ရှိနေခဲ့သည်။

ယောက်ဖ မုံရွာပြန်သည့်ည ... မီးက မလာပါ။ စားပွဲလေးပေါ်တွင်
ဖယောင်းတိုင်လေးထွန်း၊ ဓိုမီးလေးထောင်ထားပြီး ငှားထားသော ရုပ်ပြစာအုပ်ကို ဖတ်နေခိုက်၊ အပေါ်ထပ်ကြမ်းပြင်နေရာမှ ကျွီ ..... ဆိုသော အသံကြားလိုက်ရသည်။ မိမိ ရုပ်ပြထိုင် ဖတ်နေသောနေရာနှင့်တွက်လျှင် ၄၅ဒီဂရီ အမြင့် ၁၁ ပေခန့်ဖြစ်သည်။ ကြားရသည့်နေရာနှင့် ၁၂ ပေခန့်ဖြစ်၍ မဝေးလှပါ။ ဖယောင်းတိုင်မီးအားဖြင့် မရှင်းလင်း သည်ကြောင့် ဓိုမီးနှင့် ကြမ်းပြင်ကို အောက်ကနေထိုးကြည့်သည်။ တကယ်တော့ မဆီမဆိုင် ထိုးခြင်းသာဖြစ်သည်။ ထိုအခါ ....

မိမိထိုးထားသော ဓိုမီးရောင်အောက်တွင် ကြမ်းပြင်သည် နိမ့်ဆင်းလာသည်ကို တွေ့လိုက် ရတော့သည်။ ကျွီလို့ အသံကြားတိုင်း ကြမ်းပြင်သည် နိမ့်ဆင်းလာသည်။ နောက် ချက်ချင်း ပြန် တက်သွားသည်။ တကယ်တော့ ကြမ်းပြင်သည် ဆင့်အပေါ်မှာရှိသည်။ ဆင့်အောက်မှာမှ ထုတ် ရှိသည်။ ထုတ်ကို တိုင်ဖြင့်နတ်စွဲထားသည်။ ယခုမှာ အပေါ်တွင် တစ်ယောက်ယောက်က နင်းလိုက်၍ သံမရိုက် နတ်မစွဲထားသော ကြမ်းကျွံသည်နှင့် အလားသဏ္ဍာန် တူနေ သည်။ သေချာအောင် အောက်မှ တည့်တည့် ဓိုမီးနှင့် ထိုးကြည့်သောအခါ ..... ကြမ်းနှင့် ဆင့်သည့် ထုတ်နှင့်နတ်စွဲထားသည့်တိုင်အောင် ကျွီ ကျွီ ကနဲမြည်၍ ကျွံကျွံကျသည်။ ၃ လက်မ ခန့်ဖြစ်ပါသည်။ ကျွံကျနေချိန်တွင် နတ်စွဲထားကြောင်း သတိမထား မိပေ။ ဖြစ်သည့်နေ ရာလေး မှာ ၃ ပေပတ်လည်အတွင်းတွင်သာဖြစ်သည်။ ထူးခြားမှုဟု ချက်ခြင်းသိလိုက်ပြီးနောက် အိမ်ပေါ်သို့ တက်၍ ကြည့်ချင်သော်လည်း မကြည့်ရဲခဲ့။ ထိုကျွံသည့်နေရာ၏ အထက်ပိုင်းတွင် အခန်းတစ်ခန်းရှိသည်။ ထိုအခန်းတွင် ကျွန်တော့်ယောက်ဖ အိပ်သည်။ အောက်ထပ်အခန်းတွင် ကျွန်တော်အိပ်သည်။

ထိုအချိန် အိမ်ပေါ်သို့ သူခိုးများတက်လေသလားဟူသော အတွေးကလည်း ၀င်လာသည်။ သို့သော် သူခိုးသည်လည်း ကြမ်းကျွံကျလောက်အောင် နင်းမည်မဟုတ်။ အသံတစ်စုံတစ်ရာ သူ့ကြောင့် မြည်သွားသည်ထားဦး နောက်အသံမမြည်အောင် သူဂရုပြုတော့ မည်မှာ သေချာ သည်။ စဉ်းစားပြန်သည်က အိမ်နီးချင်း၏ ခွေးငယ်လေးသည် ကျွန်တော်တို့ဆီသို့ ၀င်ထွက်သွား လာတတ်သောကြောင့် ထိုခွေးလေးများလား .... ။ မဖြစ်နိုင် ... ခွေးသည် ထိုမျှလောက် ကြမ်း ကျွံအောင် အလေးချိန်မစီးနိုင်ပါချေ။ သို့နှင့် ကြမ်းပြင်၏ ကျွံကျသံကြားနေလျက်က အိမ်ပြင်သို့ ထွက်၍ ဘေးအိမ်သို့အကူအညီတောင်းရပါတော့သည်။

အိမ်ပေါ်သို့ တက်ကြည့်မည်။ လူလား ဘာလား မသိဟု မိမိမှ ပြောသောအခါ ဘေးအိမ်က မျက်စေ့မျက်နှာ ပျက်နေတာ နောက်မှ ပြန်သတိထားမိသည်။( ယခုအိမ်ပိုင်ရှင်သည် ထိုအိမ်နီးချင်း၏ အမျိုးဖြစ်သည်)။ သူတို့ကိုခေါ်ပြီး အိမ်ထဲသို့ ပြန်ဝင်သောအခါ ကြမ်းသည် မူလအတိုင်းဖြစ်နေသည်။ အသံလည်း ပျောက်သွားသည်။ အိမ်ပေါ်တက်ကြည့်သောအခါ ဘာမှ မရှိပါချေ။ အပေါ်ထပ်အခန်းထဲရှိ ကြမ်းကျွံသောနေရာတွင် သံသေတ္တာတစ်လုံးသာရှိသည်။ သံသေတ္တာသည် ထိုနေရာတွင်ပဲ အမြဲထားထားပြီး ထိုသေတ္တာရှိနေသောနေရာ၏ သစ်သားကြမ်းပြင်ကျွံကျခြင်းမှာ လူနင်း၍ မည်သို့မျှ မဖြစ်နိုင်ကြောင်း သေချာလှပါသည်။

သို့နှင့် ကျွန်တော့်မှာ အောက်ထပ်တွင် တစ်ယောက်တည်း အိပ်ခဲ့ရပါသည်။ အိပ်၍ ကား တော်တော်နှင့်မပျော်ချေ .....

မူလငှားရမ်းနေထိုင်စဉ် ကတည်းက ကျောချမ်းခဲ့သော ထိုအိမ်ကြီးတွင် တစ်စုံတစ်ရာ ထူးခြားမှုရှိနေသည်က သေချာနေပါပြီ။ နောက်နေ့ ဥပုသ်နေ့တွင် ကျွန်တော့်ယောက်ဖ၏ သူငယ်ချင်းဖြစ်သူ ကို ပြောပြမိသည်။ ထိုသူမှ မင်းစိတ်ထင်လို့ နေမှာပါကွာလို့ စိတ်ဖြေ သာအောင် ပြောသည်။

``ကျွန်တော် စိတ်ထင်တာမဟုတ်ဘူးဗျ။ ဒါထက် စိတ်ထင်တာ မထင်တာအသာထား၊ ဒီည ကျွန်တော့်ဆီလာအိပ်ဗျာ´´ ဟု ကျွန်တော်မှ ဖိတ်ခေါ်အကူအညီတောင်းမိသည်။ ထိုသူမှ ပြန်လည်ပြောကြား သည်ကတော့ အတော်ပင် အားတက်ဖွယ်ကောင်းလှပါသည်။ ``ည ၉ နာရီကျော်လို့ မလာဖြစ်ရင် မလာတော့ဘူးမှတ်ကွာ ´´ တဲ့ ။ ကိုင်း ကောင်းကြရောလား။ ဟိုနေ့က ကြမ်းကျွံတာက ည ၈ နာရီနှင့် ၉ နာရီကြား လူခြေသိပ်မတိတ်သေးသောအချိန်တွင် ဖြစ်ခဲ့သည်။ ထိုသူမှ အကြောင်းသိ၍လား မအားလို့လား သေချာမပြောတတ်။ ထိုသူ လာမည် မဟုတ်ကြောင်း ကျွန်တော် ၉၀ ရာခိုင်နှုန်းလောက် ယုံကြည်မိပါ၏။

သို့နှင့် ထုံးစံအတိုင်းမှောင်နေသော ထိုညတွင် ရုပ်ပြမဖတ်ဖြစ်တော့ပဲ အောက်ထပ်ရှိ မိမိအခန်း ထဲတွင် ပုတီးစိတ်နေခဲ့ပါသည်။ မအိပ်ခင် ပုတီး၉ပတ်ပြည့်အောင် စိတ်မည်ဟု အဓိဌာန်သည်။ ပုတီး ၃ ပတ်လောက်အချိန်တွင် အိမ်ရှေ့တံခါးမကြီးကို ဘုန်း ဘုန်းနဲ့ ခေါက်သည့်အသံကြား လိုက်ရသည်။ ကျွန်တော်သည် ပုတီးစိတ်နေလျက်က ချက်ချင်း စဉ်းစားမိသည်။ အိမ်ရှေ့ဝင်း တံခါးကို သော့ခတ်ထားသည်။ အိမ်ရှေ့ဝင်းတံခါးနှင့် အိမ်တံခါးသည် အနည်းဆုံး ၅ ပေမှ ၆ ပေခန့် ကွာဝေးသည်။

ဝင်းတံခါးကို သော့ခတ်ထားပါလျက် အပြင်ဖက်မှနေ၍ သာမာန်အားဖြင့် အိမ်တံခါးကို မည်သို့ခေါက်မည်နည်း။ လက်၏ အရှည်သည် အလွန်ဆုံး ၃ ပေခန့်ကို လှမ်းနိုင်လိမ့်မည် မဟုတ် လား။ တခါးခေါက်သည်ဟုသာဆိုခဲ့ပါသည်။ အမှန်တော့ ခေါက်သည်မဟုတ် ပုတ်ခြင်း သာဖြစ် သည်။ ကျွန်တော်မှ အဖော်ခေါ်အိပ်သည့်လူကြီးက ၀ါးလုံးနှင့်ထိုးခြင်းလား ... ဒါလည်း မဖြစ်နိုင် ... ကြားရသည့်အသံနှင့် ၀ါးလုံးနှင့်ထိုးလျှင် မြည်မည့်အသံက ကွာခြားလိမ့်မည်ဟု တွေးမိသည်။ ထိုလူကြီးက သူလာလျှင် ပေနှစ်ဆယ်ခန့်အကွာက အော်ခေါ်တတ်သော အကျင့်ရှိသည်ကိုလည်း တစ်ဆက်တည်း တွေးမိလေသော် ... 

မိမိလုပ်နေသည့် ပုတီးစိတ်သည့်အလုပ်လေးကို စိတ်အားဖြည့်ပြီး ဆက်လုပ်နေလိုက်တာ ပိုကောင်းမည် ၊ ထိုသူ အမှန်တကယ်လာလျှင်လည်း စောင့်နိုင်လျှင် စောင့်လိမ့်မည်။ ကြာကြာမစောင့်နိုင်လျှင် အသံပြုအော်ခေါ်လိမ့်မည်ဟု တွေးတောလျက် ကြားရသည့် ဘုန်း ... ဘုန်း .... ဆိုသည့်အသံကို ဥပေက္ခာပြုလျက် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက် ပါတော့ သည်။ အသံတို့ တိတ်ဆိတ်သွားကြသည်။

မိမိပုတီးစိတ်သည့်ကြာချိန်မှာ တစ်နာရီခန့်ဖြစ်လိမ့်မည်။ ပြီးသော် ဘာအသံမှ မကြားရ၍လည်း အိမ်ရှေ့သို့လည်း ထွက်မကြည့်တော့ပါ။ ကြောက်စိတ်က ရှိနေဆဲ ဖြစ်သည်။ လူ မဟုတ်သည် ကတော့ သေချာနေပါပြီ။ ထိုညတွင်လည်း အိပ်လို့ရအောင် မနည်းအိပ်ခဲ့ရပါသည်။ မနက်လင်း သည်နှင့် ထိုသူ့ထံသို့ သွား၍ မေးရန်မလိုသည့်မေးခွန်း `` မနေ့ညက ခင်ဗျားလာသေးလား´´ ဟု မေးမိသည်။ `` ဟ မင်း နောက်နေတာလား၊ ငါဖြင့် မနေ့ညက အလုပ်များနေလို့ကွ ´´ တဲ့ ။ ထိုသို့ကြားရမည်ဟု ကြိုတင်တွေးပြီးသားဖြစ်ပါသည်။ ခက်နေပါပြီ ။ ယခုမှ ငှားထားတာ သိပ်မကြာသေး။ လပိုင်းမျှပဲ ရှိသေးသည်။ နောက်ထပ် မည်သို့မည်ပုံ ကြုံရဦးမည်လဲ ......

ဖြစ်စဉ်များမှာ ထိုအိမ်မှာ တစ်ယောက်တည်းရှိနေချိန်များ တွင် ဖြစ်တတ်သည်။ သို့နှင့် ယောက်ဖအား ထိုဖြစ်စဉ်နှစ်ခုကို ပြောပြမိသည်။ ယောက်ဖမှ မိမိလည်း စိတ်မ လုံကြောင်း ဘုရားစာရွတ် လို့လည်း မရသလို ဖြစ်ကြောင်းပြောပြရာ ကျွန်တော်မှာ အထူး သတိထားနေရတော့သည်။ အထူးသဖြင့် နှစ်ယောက်ရှိနေချိန်များမှာ ထူးခြားမှု မဖြစ်ခြင်းပင်။

ကျွန်တော်မှာ အိမ်လည်သော အကျင့်မရှိရကား အပေါင်းအသင်းလည်း နည်းလှသည်။ ထိုသို့သော သူအဖို့ တနယ်တကျေးတွင်း ယောက်ဖပြန်သောနေ့( အဖိတ် ဥပုသ်ရက်နီး လာလေလေ) မိမိစိတ်သည် အလိုလို သိမ်ငယ်လာရသည်။ ကြာလာတော့ ထိုအိမ်ကြီးတွင် မနေ လိုတော့ပါ။ ယောက်ဖလည်း တစ်လကို ၂ ကြိမ်လောက်ပဲ ပြန်တော့သည်။ ထိုသို့ နေလာ ရင်း နေလာရင်းနှင့် ၃ လလောက်ပင်ရှိတော့မည်ဖြစ်ပါသည်။ ထိုကြား ထဲတော့ ကျောချမ်း ရုံကလွဲလို့ အခြားထူးခြားဖြစ်စဉ်မဖြစ်ခဲ့ပါ။

ကျွန်တော်ကြောက်သော အဖိတ်ဥပုသ်ရက် သို့ ရောက်လာပြန်ပါသည်။ အဖိတ်နေ့ ညနေ တွင် ယောက်ဖပြန်သွားသည်။ ထိုညတွင် ကျွန်တော် စောစောအိပ်ဖြစ်သည်။ မသိတာလား မထူးခြားတာလား သေချာမပြောတတ်ပါ။ မိုးလင်းသည်အထိ ဘာမှမဖြစ်ပါ။ သို့သော် ကြောက် စိတ်တို့က ကြီးစိုးဆဲမို့ ကျွန်တော့်ယောက်ဖ၏သူငယ်ချင်းဖြစ်သူ၏ သားကို ဥပုသ်ညတွင် အဖော်အဖြစ် အိမ်ခေါ်ဖို့ စိတ်ကူးမိသည်။ 

သို့နှင့် သူ့အိမ်သို့သွား၍ ပြောကြားရာ ထိုသူမှ အပြင်းအထန် ငြင်းဆန်ပါတော့သည်။ ဘာလို့လဲ လို့ မေးရာ မဖြေ။ ကျွန်တော်အတန်တန် ပြောတော့မှ လာခဲ့ပါမည်ဆိုသော ကတိကိုရပါသည်။ ညနေပိုင်းတွင် သူရောက်လာခဲ့ပါသည်။ အိပ်ချိန်ရောက်သောအခါ သူ့ကို အပေါ်ထပ်ရှိ အခန်း တွင် အိပ်ဖို့ပြောပြီးနောက် ကျွန်တော်က အောက်ထပ်အခန်းထဲတွင် မူလအတိုင်း ကိုယ့်နေရာ မှာပဲ အိပ်လိုက်ပါတော့သည်။ တော်တော်နှင့် အိပ်မပျော်ပါ။ သို့သော်အချိန်နာရီ မမှတ်မိသည့် အချိန်တွင် အိပ်ပျော်သွားခဲ့ပါလိမ့်မည်။

မိုးလင်းတော့ ထိုသူ မရှိတော့ပါ။ အိမ်တံခါးက ဂျက်ထိုးထားသည်ကို အသာဖွင့်ပြီး သော့ခတ် ထားတဲ့ ၀င်းတံခါးကို ကျော်တတ်ပြီး ပြန်သွားခဲ့သည်ဟု ယူဆပါသည်။ ထူးခြားသည် ကတော့ နောက်အဖိတ် ဥပုသ်ရက်များတွင် သူ့အား လုံးဝ ခေါ်လို့ကို မရတော့ကြောင်းပါခင်ဗျား ။ `` ကဲပါကွာ ဒါဆိုလည်း မခေါ်ဘူး၊ ဘာဖြစ်လို့ မလာချင်ရတာလဲ ´´ ဟု ထပ်ခါ ထပ်ခါ မေးတော့မှာ `` ငါက မင်း ကြောက်နေမှာစိုးလို့ ´´ ဟု သာဖြေသည်။ အမှန်တော့ ကျွန်တော်မှာ ကြောက်သော်လည်း `` ပြောမယ့်သာပြောပါကွ ´´ ဟုဆိုမှ သူက ဇာတ်လမ်းအစုံ ခင်းပြပါတော့သည်။

အဲဒီညက ငါလည်း အိပ်ခန်းထဲဝင်ပြီး အိပ်ရော မကြာခင်ကွာ ၊ ဂျက်ချထားတဲ့ အခန်းတံခါးက ဂလောက်ဆို ပွင့်သွားတယ်။ ကျွီဆိုပြီးမြည်တယ်။ ငါလည်း ကတင်းပေါက်(ပြတင်းပေါက်)က ဖွင့်ထားတော့ လရောင်လေးနည်းနည်းနဲ့ ၀ိုးတ၀ါးပေါ့။ သူက ဆက်မပြောသေးပဲ တံတွေး ကို မြိုချသည်။ ထို့နောက် ဘာမှ တွေနေသလိုလို စဉ်းစားနေသလိုလို ဖြစ်နေ၍ ကျွန်တော်မှ `` ဈေးကိုင်မနေနဲ့ကွာ ပြောစမ်းပါ´´ ဟုဆိုမှ `` ငါဈေးကိုင်တာမဟုတ်ဘူး ကြောက်နေတာဟ ´´ ..... တိန် ....

`` ငါလည်း တံခါးဝကို ကြည့်လိုက်တော့ မိန်းမကြီးတစ်ယောက်ကွာ ဆံပင်ကြီးဖားလျားချပြီး ၀င်လာတာ။ အ၀တ်အစား လည်း မပါဘူး တစ်ကိုယ်လုံး အမွှေးတွေနဲ့ မျောက်ဝံမကြီးအတိုင်းပဲ ´´ `` ဟကောင် ဟကောင် မနောက်နဲ့ ´´ ..... `` ငါ မနောက်ဘူး၊ ငါက အစတကည်းက သိနေလို့ မင်းခေါ်တာ ချက်ချင်းမလိုက်တာပေါ့ကွ၊ ငါ့သူငယ်ချင်း အဲဒီအိမ်မှာ ငှားနေတုန်း က ဖြစ်ဖူးတာ ငါသိတယ် ´´ `` အင်း ၊ မင်းသူငယ်ချင်းက ယောကျာ်းလေးလား မိန်းကလေး လား ´´ `` အာ ... မင်းမေးတာနဲ့ စောစောက စကားတောင် ဘယ်ရောက်သွားလဲမသိဘူး .. မိန်းကလေးကွ၊ ငါ ၇ တန်းလောက်က ´´

`` အင်း ဆက်ပါဦး ၀င်လာတော့ ´´ `` ဟား ဘာပြောကောင်းမလဲကွာ ငါလည်း ကြောက်ကြောက်နဲ့ ကြောင်ကြည့်နေတာပေါ့ ၊ ငါ့ဘေးနား လာထိုင်တယ် ကွာ၊ ပြောရင်းနဲ့ ကြက်သီးတောင်ထတယ်၊ ´´ `` ဟကောင် ပြောလက်စနဲ့ ဆက်သာပြောတော့၊ မင်းဘေးလာထိုင်တော့ ဘာဖြစ်တုန်း ´´ အမှန်တော့ ကျွန်တော်လည်းပဲ အလွန်ကြောက်နေပါသည်။ အဟီး ...

`` ငါလည်း အဲအဖွားကြီး ဘေးလာထိုင်တော့ ငါလည်း ဟိုဖက်လှည့် သူ့ကျောပေးပြီး စောင်ခေါင်းမြီးခြုံအိပ်တော့တာပေါ့၊ ဘုရားစာတွေလည်း ရွတ်တာ အစ မေ့လို့မေ့ တစ်ဝက်ကစလို့စ ကဗြောင်းကပြန်တွေဖြစ်နေရော၊ ဘယ်လိုမေ့ကုန် လည်းမသိဘူး ၊ ခဏနေတော့ ကျွိ ဆိုတဲ့အသံကြားပြန်ရော ဒါနဲ့ ထွက်သွားပြီလို့ ၀မ်းသာသွားတာပေါ့´´ .... `` တော်သေးတာပေါ့ကွာ ထွက်သွားလို့ ´´ ... `` ဘယ်ကလာ ခြေရင်းက သံသေတ္တာကြီးက လေပေါ်ကြွတက်လာတာ ကောင်ရေ၊ အဖွားကြီးတော့ မတွေ့တော့ဘူး၊ သေတ္တာကြီးက မြောက်လာတာ လေထဲ တစ်ပေလောက်မြင့် တယ်၊ အဲအတိုင်းမြောက်လာပြီးတော့ ငါ့ ခေါင်းနားလေး ၊ ဘုန်း ဆို ပစ်ချပြတယ်ကွာ အဟီး ငါလည်း တွေးတာက ဒီတစ်ခါတော့ ကိစ္စချောပြီးပေါ့ ဟီးဟီးဟီး မင်းနဲ့ အခုတွေ့ရတာ ငါကံကောင်းသေးတယ်မှတ် ´´ `` အင်း ဘာဆက်ဖြစ်သေးတုန်း ´´ `` မင်းဒလောက်မေးနေ တာ မင်းမကြောက်ဘူးလား ´´ `` ငါလား ... ကြောက်တော့ ကြောက်တာပေါ့ကွ မင်းကလဲ၊ မင်းရောမကြောက်လို့လား ´´ `` သြ ကြောက်ပါတယ်ဆို ´´ `` ကြောက်ရင် ဆက်ပြော ´´ `` အန် ..... အဲဒီမှာ ငါလည်း စောစောက ပြောသလို ဟိုဖက်ပြန်လှည့်ပြီး ဘုရားစာရွတ် တာပေါ့ကွ၊ ´´ `` ရွတ်လို့ရလား ´´ `` မေ့ကုန်လို့ ဘာမှ မရွတ်လိုက်ရဘူး ကြောက်တာလေ ´´

`` အင်း မင်း မိုးလင်းတော့ ဘာလို့ အစောကြီးပြန်သွားတာတုန်း ´´ `` အာ .. မင်းကလဲ ... မနက်လင်းတော့ ငါ ခင်းအိပ်တဲ့ မွေ့ယာရယ် ခြုံတဲ့ ဂွမ်းကပ်စောင်ရယ် သံသေတ္တာပေါ်ကို သေသေချာချာကို ခေါက်တင်ထားပေးတယ်ဗျာ ... ´´ `` သံသေတ္တာက နဂိုနေရာမှာပဲလား ´´ `` အေး နဂိုနေရာမှာပဲ ၊ တကယ်လို့ ငါ အိပ်ရေးကြမ်း ရင် မွေ့ယာတွေ စောင်တွေက ငါ့အနားမကပ်ရုံပဲရှိမှာလေကွာ၊ အခုဟာက တစ်ပေလောက်မြင့်တဲ့ သေတ္တာပေါ် ခေါက်လျက်သားလေးခင်ဗျာ၊ ငါလည်း နိုးတဲ့အချိန် အဲတာတွေ့တာနဲ့ နောက်ပြီး လူသံတွေလည်း ကြားနေရတော့ ခြံကျော် လစ်တော့တာပဲ ´´ `` ဒါဆို အဲအဖွားကြီးက မင်း ကြိုက်နေလို့ နေမယ်၊ မင်းစိတ်ကူးမလွဲနဲ့ ´´ `` XX o XX ´´

`` မင်းသူငယ်ချင်းကိစ္စကရော ဘယ်လိုတုန်း ´´ `` ဘာလဲ ´´ `` မင်းသူငယ် ချင်း ကောင်မလေးလေ ၇ တန်းတုန်းက ´´ `` သြော် သူတို့လည်း အဲမှာ ငှားနေတုန်းကပေါ့ ၊ အဲကောင်မလေးကတော့ ၇ ရက်လောက် ဖျားသွားတာ ´´ `` အင်း ´´ `` သူ မှန်ကြည့်နေတုန်း မှန်ထဲမှာ ပေါ်လာလို့တဲ့ ´´ `` အင်း ဖြစ်နိုင်ပါတယ် ´´ `` မင်းရော ကြုံပြီးပလား ´´ `` ဆိုပါတော့ ပြောပြရမလား ´´ `` တော်ပါပြီး ငါ့အကြောင်းပြန်ပြောတာတောင် ငါ ကျောမလုံဘူး ´´

ထိုအရာများသည် နာနာဘာဝများနှင့် ပတ်သက်၍ GLZ ကြုံတွေ့ဖူးသော အကြောင်းအရာဖြစ်စဉ်အမှန်များ ဖြစ်ပါသည်။ ယခုဇာတ်လမ်း ထိုမျှနှင့် မပြီးသေးပါ။ ထိုအိမ်နှင့်ပတ်သက်၍ ဆက်ရန် ကျန်ပါသေးသည်။

ထိုဖြစ်ရပ်များ ဖြစ်ခဲ့ပြီးနောက် ကျွန်တော်မှာ ထိုအိမ်ကြီးကို အတော်ပင်ကြောက် လန့်၍ သာ နေတော့သည်။ ည အိပ်တိုင်း စိတ်နွမ်းရသည်။ မိုးလင်းလာလျှင် အလွန်ပျော်ပါသည်။ သို့တိုင် အခြေအနေအရ အခြားထိခိုက်အောင် လုပ်ခြင်းမျိုး မကြုံသေး၍ တော်သေးသည်ဟု ကြိတ်မှိတ်ပြီး စိတ်ဖြေခဲ့ရသည်။

စိတ်ဖြေခဲ့ရပေမယ့် စိတ်မပြေပါ။ ဘေးအိမ်မှ ကျွန်တော့်ထက် အသက် ၅ နှစ်ခန့်ကြီးသော ဟဲဗီးရော့ခ်ဂစ်တာသမားကြီးကို မေးကြည့်သည်။ သူက ညည ဂီတာကြီးကိုင်လို့ တော်တော်နှင့် မအိပ်သူတည်း။ ထို့ကြောင့် သိတော့ သိရမည်ဟု စိတ်အထင်နှင့် မေးရသည်။ ထိုအိမ်ကြီး၏ လက်ရှိ ပိုင်ရှင်နှင့် ရော့ကာကြီးမှာ တူ တော်သည်။ ပထမတော့ ဘာမှ မပြော၊ မေးဖန်များတော့ ကြုံဖူးသည်တဲ့ သူ ညည ဂီတာကိုင်၍ (ထိုအချိန်က ဇော်ဝင်းထွဋ်ဖြစ်မည်) ဟဲချိန် တခါတခါ များမှာ အပေါ်ထပ်အခန်းဆီမှ ရှေးသီချင်းကြီးများ ဆိုသံကို ကြားရတတ်သည်တဲ့။ ( ရော့ကာလေး ဟင်းဟင်း မင်းလောက်ကတော့ ငါလည်း ဆိုတတ်တယ်ပေါ့ကွယ် )

ထိုသူမှ ကျွန်တော်ကြောက်အောင် ပြောနေခြင်းမဟုတ်မှန်း သိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်မှာ သူ့အဒေါ်၏ အိမ်မှာ ငှားရမ်းနေသူမဟုတ်လား။ ထို့ကြောင့် သူတို့ မိသားစုသည် ကျွန်တော်မေးမြန်းသော ထင်မြင်ချက်များကို ဖုံးကွယ်လိုသည်ဖြစ်လိမ့်မည်။ သို့သော် မကြာခဏ မေးမြန်းပြန် ကြာရှည်လည်း ဖုံးကွယ်၍မရတော့သည့် လက်တွေ့သာဓက များကို ပြောပြခြင်းကြောင့် ပြောပြရခြင်း ဖြစ်လိမ့်မည်ဟု ပြန်လည် သုံးသပ်မိပါသည်။

ထို့ကြောင့် ကျွန်တော်သည် သတိဖြင့် နေနေခဲ့ရသည်။ ယုတ်စွအဆုံး အိမ်နောက်ဖေး မှာ ရေချိုး၊ ရေအိမ်တတ်တာ ကအစ မြန်မြန်ချိုး မြန်မြန်တက်ရသည်။ ၀မ်းမချုပ်ဖို့လည်း ဂရုစိုက်ရသည်။ အဟီး ... ဗန္ဓုလသွေးဖြစ်မည် ...

ထူးခြားချက်မှာ လူစုံရှိနေလျှင် ဘာမှ မဖြစ်ခြင်းနှင့် တစ်ယောက်တည်းဖြစ်နေချိန် အဖိတ် ဥပုသ်ရက် အထူးသဖြင့် လပြည့် လကွယ်ရက်များတွင် ထင်ရှားသည် ကို နောက်မှ ပြန်တွေး မိရပါသည်။ ကျွန်တော်နှင့် ပတ်သက်၍ နောက်ထပ် ဖြစ်ပျက်သော အဖြစ်တစ်ခုရှိပါသေးသည်။ ထိုဖြစ်ရပ် ဖြစ်ခဲ့ချိန်သည် ထိုအိမ်ကို ငှားသည့် ကာလ ၄ လ၀န်းကျင်ခန့် ဖြစ်ပါသည်။ ထိုဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် ထိုရက်မှစ၍ ကျွန်တော်မှာ ထိုအိမ်မှာ လုံးဝ မနေ၀ံ့တော့သည်ကို ရိုးသားစွာ ၀န်ခံရပေမည်။ (စာကြွင်း အဖိတ် ဥပုသ်တိုင်းကြုံရသည်တော့ မဟုတ်ပါ၊ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည်လည်း မိမိ၏ ဇာတိ ချက်ကြွေ မြစ်သားမြို့သို့ ပြန်ဖြစ် ခဲ့သောကြောင့်ဖြစ်သည် ။ ကျွန်တော်မရှိလျှင် ယောက်ဖလည်း မနေပါ )

ကျွန်တော်နောက်ဆုံးကြုံသည့် ထိုနေ့ ... ဥပုသ် လပြည့်ဖြစ်သည့်နေ့ သိကြသည့်အတိုင်း ကျွန်တော် တစ်ယောက်တည်း ဖြစ်ပါသည်။ နည်းနည်း ချမ်းစိမ့်စိမ့်ဖြစ်သောကြောင့် အခန်းတံခါးများ ပြတင်းပေါက်များ ပိတ်ထားသည်။ ထို့ကြောင့် နေ့ခင်းဖြစ်နေသော်လည်း အိမ်အတွင်းပိုင်းမှာ မှောင်လျက်ရှိနေသည်။ လျှပ်စစ်က ထုံးစံအတိုင်းဖြစ်၍ ဖယောင်းတိုင် အတုတ်ကြီးကို ဧည့်ခန်းတွင် ထွန်းထားသည်။ တစ်ယောက်တည်း အိမ်ခန်းအတွင်းဝယ် လုပ်ရန်ရှိသော အလုပ်ကိစ္စများနှင့် ပစ္စည်းအချို့ကို လုပ်လျက်နေသည်။

အလုပ်လုပ်လျက်က ဖယောင်းတိုင်ကို စောင်းမစောင်း မြဲမမြဲ ကြည့်ဖြစ်ပါသည်။ ဖယောင်းတိုင်သည် အတုတ်ဖြစ်၍ လက်မထက်ပင် တုတ်ခိုင်သည်။ အရှည်တစ်ထွာနီးပါးခန့် ရှိသည်။ ထိုဖယောင်းတိုင်ကို တည်ပြီး ထွန်းထားသည်မှာလည်း အုတ်နံရံတွင် သံရိုက်ထားသောသံပြားကို L ပုံစံချိုးထားပြီး ထိုမှတဖန် ဖယောင်းတိုင်စိုက်ထူရန် သွပ်နန်းကြိုးအတုတ်ကို ဖယောင်းတိုင်၏လုံးပတ်အတိုင်း အ၀ိုင်းလေးလုပ်ပြီး ပလိုင်ယာဖြင့် သေချာစွာ ချည်နှောင်ထားသော အနေအထား( ဥပမာ မိုးပျံပူဘောင်းပုံ)ကို နံရံတွင်ပင် သံရိုက်ထားသည်။ 


ထိုသို့ဝိုင်းထားသော သွပ်နန်းကြိုးကြီး ၂ ခုဖြင့် ဖယောင်းတိုင်၏ ခါးလည်မှ တစ်ခု အောက်ခြေ ပိုင်းနားလေးမှ တစ်ခုဖြင့် ထိန်းထားသောကြောင့် စိတ်ချရသည်။ သံပြားပေါ်တွင် ဖယောင်းစက် ချပြီး မထွန်းလျှင်တောင်မှ သံပြားကို သာမာန်ရိုက်ပုတ်လိုက်လျှင် ဖယောင်းတိုင်ပြုတ်မကျသော အနေအထားတွင်ပင် ဖယောင်းကို အစက်ချ ထွန်းညှိခဲ့ပါသည်။ သွပ်နန်းကြိုးအ၀ိုင်းလေး၏ ထိန်းနိုင်အားမှာ ဖယောင်းတိုင်ကို ထုတ်ယူလျှင်တောင်မှ အံကျလေးဝိုင်းထားသောကြောင့် ကြပ်တပ်တပ် ရှိပါသည်။ ထိုအရာကို ကျွန်တော်ကိုယ်တိုင် ပြုလုပ်ထားခဲ့သည်။ မီးအလာ ကျဲသောကာလတွင် ဖယောင်းတိုင်ကို အားကိုးရသောကြောင့် လုံခြုံရအောင်ဟူ၍ပင်။

ကျွန်တော်မှာ နေ့ခင်းကြီး ဖယောင်းတိုင်ထွန်းထား သည့်အဖြစ်ကို ရယ်လည်းရယ် ချင်နေမိ သည်။ ခဏအကြာတွင် အိပ်ချင်သလိုဖြစ်လာ၍ ဖယောင်းတိုင်ကို မီးငြိမ်းသတ်ခြင်း မပြုခဲ့ပဲ အိပ်ခန်းတွင်းဝင်၍ အိပ်စက်ခဲ့သည်ကို ဖြစ်ရပ်တစ်ခု ကြုံပြီးနောက် နောင်တ ကြီးစွာရမိပါသည်။

ကျွန်တော်သည် ရုတ်တရက် ထွက်ပြေးရသည်။ ပတ်ဝန်းကျင်တွင် မြူခိုးများလိုလို မီးခိုးငွေ့များလိုလို နေရာတိုင်းတွင် ပျံ့လွင့်နေသည်ဟု စိတ်က ခံစားမိသည်။ နောက်မှလည်း မမြင်ရသော တစ်စုံတစ်ရာလိုက်လာနေသည်ဟု ခံစားရသည်။ သို့နှင့် အားကုန် ခွန်စိုက် ပို၍ပို၍ ဝေးသွားစေရန် ထပ်၍ထပ်၍ ခြေလှမ်းကို သွက်သွက်ပြေးသည်။ သို့သော် နေရာ က ရွေ့သည်ဟုမထင်။ ကြာတော့ ကျွန်တော်မှာ မောဟိုက်လွန်းအားကြီး၍ အသက်ရှူကြပ် လာပါသည်။ မှန်ပါသည် တကယ်ကို အသက်ရှူကြပ်နေပါသည်။ ထိုစဉ် ကျွန်တော်၏နာမည် ကို ခေါ်သံကို ၀ိုးတ၀ါးကြားလိုက်ရသည်။

ပထမဆုံးသိလိုက်ရသည်က ကျွန်တော်ဘာဖြစ်နေပြီလဲ၊ ဘယ်ရောက်နေသလဲ ဆိုသည့် အတွေး ကို တွေးခြင်းဖြစ်သည်။ ဟုတ်သည်။ သို့သော် ကျွန်တော်မသိပါ။ အတွေးတို့၏ အဖြေကို မသိပါ။ မျက်လုံးဖွင့်ကြည့်သည် ဘာမှ မမြင်ရ။ မှောင်နေသော အရိပ်မည်းကြီး သာ မြင်ရ သည်။ စောစောကတော့ မြူခိုးလိုလိုတွေ တွေ့သေးသည်။ အသက်ရှုလည်း လွန်စွာကျပ်နေ ပါသည်။ ရှူလို့ နည်းနည်းလေးမှ မရတော့ပါ။ စောစောကလို ထွက်ပြေးရန်ခွန်အားတို့လည်း ကုန်ခန်းနေပါသည်။ ကျွန်တော်လွန်စွာ ကြောက်လန့်တုန်လှုပ်မိပါတော့သည်

```............... ´´´ နာမည်ခေါ်သံကို ကြားရပြန်ပါသည်။ ပြန်ထူးရန် လည်ပင်းတို့ အစ်နေသည်။ ပြန်ထူးရမည့် ၀ါကျမှာ တိုတောင်းလှသော်လည်း စိတ်ထဲမှသာ ထူးဖြစ်နေသည်။ အသံအိုးထဲတွင် ပြန်ထူးသည့်စိတ်များ စုပြုံကျသော်လည်း အသံထွက်ခြင်းငှာ မစွမ်းနိုင်ခဲ့။

``` ဒုန်းးးးးးးးး ´´´ ကြားရသည့် အသံတို့ ကျယ်လောင်လာပါသည်။ စောစောက ဘာမှ မမြင်ရသော်လည်း ယခုတော့ မြူခိုးလေးလိုလို မီးခိုးငွေ့လေးလိုလိုတို့ကို မြင်ရပြန်သည်။ ကျွန်တော်သည် စောစောက ပြေးနေလျက်က ပက်လက်အနေအထား သို့ ရောက်နေပြန် ပါသည်။ အံ့သြဖို့ ကောင်းလှသည်။ သို့သော် ကြာရှည်မအံ့သြနိုင်ပါ။ ခါတိုင်းရှူသွင်းခွင့် ရနေသော လေထဲမှာပါဝင်သော အောက်ဆီဂျင်တို့သည် ဤကမ္ဘာမြေကြီး၏ ပတ်လည်တွင် မရှိတော့သည်လား။ ဒါမှမဟုတ် ကျွန်တော် သေများ သေသွားပြီလား။ ကျွန်တော်၏ ရင်ဘတ်ကြီးတစ်ခုလုံးမှာ ပန်းပဲဖိုတွင် မီးအားကောင်းစေရန် အသုံးပြုသော ဖားဖိုကြီးကဲ့သို့ မြင့် တက်လာလိုက် နိမ့်ကျသွားလိုက် ဖြစ်နေသော်လည်း ကျွန်တော်လုံးဝ အသက်ရှုလို့မရတော့ပါ။

သတိကို စုစည်းသည်။ အသိကို လက်ရှိအနေအထားသို့ထား၍ ပြန်သုံးသပ်ကြည့်သည်။ မိမိနောက်ဆုံးမှတ်မိသည်က အိပ်ခန်းတွင်းသို့ ၀င်သည်။ ထို့နောက် ... ထပ်သိသည်က အိမ်တံခါး ပြတင်းတံခါးတွေကို ပိတ်ခဲ့သည်။ ထပ်စဉ်းစားမိတော့ ဖယောင်းတိုင် ထွန်း ..... ဟုတ်ပြီ။

``` ................ ဒုန်း ဒုန်း ဒုန်း ......... ဒုတ် ဒုတ် ´´´
``` လာပြီး ´´´ ရုတ်တရက် ကျွန်တော့်အသံထွက်လို့ရလာသည်။ အားယူပြီး ထပြေးမိသည်။ `` ၀ုန်း ´´ ပြုတ်ကျပါတော့သည်။ ထိုအချိန်တွင် စူးရှရှအနံ့တို့ ရသည်။
``` .......... ´´´ အသံလာရာဖက်သို့ ရုန်းထပြေးမိပြန်သည် ။ ``` ဒုန်း ´´´ နဖူးတွင် ပြင်းထန်သော ဝေဒနာကို ခံစားရပြန်သည်။ သို့သော် ငွေ့ငွေ့လေးတွေဘေးမှာ ရှိနေ သည်ဟု ထင်သည်ကလွဲလို့ ဘာမှလည်း မမြင်ရသေးသလို အသက်ရှူလို့လည်း မရသေးပါ။ မကြာမီတွင် ပြုတ်ကျတဲ့ ဝေဒနာနှင့် ၀င်တိုက်မိသော ဝေဒနာတို့က ကျွန်တော့်အား အခြေအနေ မှန်ကိုသိရန် ပိုဆောင်ပေးပါသည်။ မမြင်မကန်းနှင့် တံခါးဘောင်ကို စမ်းမိတော့မှ အိပ်ခန်းတံခါး ဂျက်ထိုးထားသည်ကိုလည်း အသိဝင်လာရပါတော့သည်။

အိပ်ခန်းတံခါးကို ဖွင့်ပြီး၊ ပြေးထွက်မိသည်။ အိပ်ခန်းအပြင်သို့ရောက်သော် အခြေအနေမှန်ကို လုံးဝ သိလိုက်ရပါတော့သည်။ အိမ်အတွင်း မီးလောင်နေခြင်းတည်း။ သို့နှင့် အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်တွင် အိမ်ပြင်မှ ရောက်နေကြသော တံခါးဖျက်နေကြသော အိမ်နီးချင်း များအား တွေ့လိုက် ရပါတော့သည်။ ထို့အတူ အိမ်ခန်းအတွင်း မီးတောက်မတွေ့ပဲ မီးခိုးချည်း အူပြီး လှိုက်လောင်နေခြင်းကိုလည်း သိလိုက်ရပါတော့သည်။ မီးကို ရေအနည်း ငယ်လောက် မျှဖြင့် ငြှိမ်းသတ်ပြီးနောက် အိမ်နီးချင်းများနှင့် စကားစမြည်ပြောဆို၍ စဉ်းစားခန်း ဖွင့်မိပါတော့ သည်။

ငါ နောက်နေ့ ဒီအိမ်မှာ မနေတော့ဘူးဟူ၍ ..... ထိုဖြစ်ရပ်ကို ပြန်သုံးသပ်မိလျှင် ဖယောင်းတိုင် ကို မငြိမ်းသတ်မိပဲ အိပ်မိသည်ကတော့ ကျွန်တော့်ချွတ်ယွင်းချက်ဖြစ်ပါသည်။ သို့သော် ဖယောင်းတိုင်တင်ထွန်းရန် လုပ်ထားသော အရာများသည် တိကျသေချာစွာလုပ်ထားခဲ့သည်။ လူကိုယ်တိုင်ပင် ဖယောင်းတိုင်ကို ထည့်ထားလျက်က ပြန်နှုတ်ချင်လျှင်တောင် လက်နှစ်ဖက်နှင့် ထုတ်ယူမှ ယူခွင့်ရအောင် သွပ်နန်းကြိုးများက ကြပ်ညှပ်တုတ်ခိုင် လှသည်။ ဖယောင်းတိုင် တိုသွားသည့်တိုင်အောင် အောက်ခြေတွင်လည်း သွပ်နန်းကြိုးနောက်တစ်ချောင်းက ထိန်းထားသေးသည်။ 

ယခုမူကား ဖယောင်းတိုင်သည် လေလည်းမတိုက်( အခန်းအလုံပိတ် ထား၍) ၊ အခြားတိရိစ္ဆာန် များ ၀င်တိုက်၍ လဲရအောင်လည်း စားပွဲပေါ်မှာမဟုတ် အုတ်နံရံမှာ၊ သို့တိုင်အောင် ဖယောင်းတိုင်သည် တစ်ခုခုကြောင့် လဲကျပြီးနောက် သံပြားပေါ်တွင် မတင်ရစ်ပဲ အောက်ရှိ ပစ္စည်းများကို လောင်ကျွမ်းခဲ့ခြင်းကို ကျွန်တော်မှ မူလကတည်းက စိုးရွံ့ခဲ့သော ကြောက် လန့်စရာ ထိုအိမ်ကြီး၏ မကောင်းဆိုးဝါး၏ လက်ချက် ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်မှာ မလွန် ပါချေ။ ကျွန်တော်မှ ထိုဖယောင်းတိုင်လဲကျခြင်းကို နမူနာပြသ၍ ဘေးအိမ်သို့ ရှင်းပြခဲ့ပါ၏။ သို့သော် သူတို့သည် ကျွန်တော့်အား အပြစ်မတင်ပါချေ။ အဘယ့်ကြောင့်နည်း။

ဤအကြောင်းအရာသည် ကျွန်တော်နှင့် ထိုအိမ်ကြီး နောက်ဆုံးပတ်သက်ခဲ့သမျှ အကြောင်းဖြစ် ပါသည်။

ယခုအကြောင်းအရာသည် ကိုယ်တွေ့တော့မဟုတ်ပါ။ သို့သော် အမှန်ဖြစ်ပါသည်။

ကျွန်တော်မှာ ယခင်ဆိုခဲ့သည့်အတိုင်း မိမိအသက်ကိုပါ ရန်ရှာခဲ့သည်ဟု ယုံကြည်လာ သည့်နောက် ထိုအိမ်ကြီးတွင် ဆက်လက် နေထိုင်လိုစိတ်နှင့် နေထိုင်ရဲသည့်သတ္တိတို့ ကုန်ခန်း သွားသည်။ အိမ်ပေါက်ဝနားတွင်ပင် ရပ်နေလိုစိတ်မရှိ၊ သို့နှင့် ထိုသို့ စိတ်ပျက်ကြောက်ရွံ့နေခိုက် မိမိအတွက် ကံအသာပေးသည့်အကြောင်းက ဇာတိချက်ကြွေသို့ ပြန်နေရန် အကြောင်းပေါ် လာသည်။ ငှားခဲ့သည့် ၆ လကာလတွင် ၄ လကျော်သာ နေခဲ့ရသည်။ ထိုအိမ်ကြီးကို ကျွန်တော် မနေသည့်နောက် ယောက်ဖလည်း မနေ၊ သော့ခတ်ထားခဲ့သည်။ သို့သော် ၆ လပြည့်ခါနီး ရက်ပိုင်းမျှအလို ......

မုံရွာမှ အစ်မဖြစ်သူသည် ကလေးငယ်နှစ်ယောက်နှင့် အတူ ထိုအိမ်သို့ လာတည်းဖြစ်ပါသည်။ အမှန်မှာ ထိုအိမ်ရှိ ပစ္စည်းများကို ပြောင်းရွှေ့ရန်အတွက်သာ ဖြစ်သည်။ အစ်မနှင့်အတူ အစ်ကိုကြီး လည်း လိုက်ပါ၍ တည်းခိုဖြစ်သည်။ စုစုပေါင်း အစ်မ၊ အစ်ကို၊ တူနှစ်ယောက် ဖြစ် သည်။ ကျွန်တော်မှလည်း မိမိကြုံရသည့် အကြောင်းအရာများ ကို ပြောပြ ထားဖူးသည်။ မူလက သူတို့ သိပ်မယုံကြသော်လည်း ခဏခဏ ပြောဖြစ်သည်ကတစ်ကြောင်း၊ အမှန်ကို အမှန် အတိုင်း ပြောသည်ဟု အစ်မမှ လက်ခံလာသည်ကတစ်ကြောင်း ယုံကြည်သွားပါသည်။ အစ်မသည် ကျွန်တော်ကြုံရသည့် အထဲမှ အိမ်တံခါးကို ပုတ်ခြင်းကို အစွဲ ဥပါဒါန်အကပ် ဆုံးဖြစ်သည်။

သူတို့ ၄ ယောက်သည် ယောက်ဖ ယခင်အိပ်ခဲ့သော အခန်း၊ ကျွန်တော့်သူငယ်ချင်း အိပ်နေစဉ် အ၀တ်မပါ မိန်းမကြီးတစ်ယောက်က တံခါးကို ဂျလောက်ကနဲဖွင့်ကာ ၀င်လာခဲ့တဲ့အခန်း၊ သူ့အား သံသေတ္တာကြီးဖြင့် ဦးခေါင်းကို ပေါက်မလိုဖြစ်ခဲ့ပြီး နံနက်လင်းသော အခါ စောင်တွေ မွှေ့ယာတွေ ကို ခေါက်ပေးခဲ့ သည့်အခန်း၊ ရော့ကာကြီး မှ ရှေးသီချင်း သံကြားခဲ့ရသောအခန်း၊ ကျွန်တော့်အား ကြမ်းကျွံပြသခဲ့သော အခန်း၊ အပေါ်ထပ်က အခန်းလေးအတွင်းဝယ် အစ်မနှင့် အစ်ကိုတို့က ကလေးနှစ်ယောက်ကို ဘေးမှ ၀န်းရံလျက် အိပ်ခဲ့သည်ဟုဆိုသည်။ ယခုနောက်ပိုင်းရေးသားချက်များသည် အစ်မမှ ပြန်လည်ပြောပြ ချက်များဖြစ်ပါသည်
 
 `` ဟယ်လို ´´
``ငါလေ အရင်က နင်ပြောပြထားလို့ ရောက်ကတည်းက ကြောက်ကို နေတာ ဒါပေမယ့် ဒီမှာ မနေလို့ အခြားမှာ အိပ်လို့မှ မဖြစ်တာ။ တစ်ရက်နှစ်ရက်နဲ့ ဆိုတော့ ဘာမှ မဖြစ်ပါဘူး လို့ တွေး တာဟာ၊ ´´ `` အင်း ၊ ခု တွေ့ပြီလား အဲဒီအိမ်က ´´ .... `` မနေဘူးဟေ့ .... ဒီနေ့ အပြီးပြောင်းမယ် .... ´´ `` မဟုတ်လည်း နောက်နေ့ကျတော့ ၆ လပြည့်မှာပဲကို အဲနေ့ကျ .... ´´ `` အာ .... မဖြစ်ပါဘူး ခုပြောင်းမယ် ´´ `` အင်း ... ပြောပြဦးလေ ´´ ...

ည ပိုင်း လူခြေတိတ်ချိန် ..... ကျွန်မ၏ မောင်ငယ်ပြောပြထားသော အကြောင်းအရာများသည် ကျွန်မကို နေ့ခင်းကတည်းက ခြောက်လှန့်လျက်ရှိနေသည်။ ထိုအိမ်ကြီးသည် တကယ့် မကောင်းဆိုးဝါး မကြီး ရှိနေသည်ဟုလည်း ယုံကြည်မိသည်။ နေ့ခင်းက ရှင်းလင်းစရာရှိ သည်များကို အတက်နိုင်ဆုံးလုပ်ပြီးနောက် ညပိုင်းရောက်တော့ အတော်ပင် နွမ်းချိနေပြီ။

သို့သော် စိတ်က ခြောက်လှန့်လျက်ရှိနေခြင်းကြောင့် ကြောက်စိတ်ကြောင့်လားမသိ အိပ်၍ အတော်နှင့်မပျော်ပါချေ။ မောင် အလတ်သည် အနောက်ဖက်ဆုံးတွင် အိပ်ရန်နေရာယူသည်။ လူကြီးများကြားထဲမှ ကလေးနှစ်ယောက်ကို သိပ်ထားသည်။ အကယ်၍များ အကယ်၍များ ဤည ဤအိမ်ကြီးမှာ ```.... အောင်မယ်လေး ...... ဂတ် .. ဂတ် .. ဂတ် ... ´´ `` အဲဗျာ ပြောရင်းနဲ့ကို မေးတုန်အောင် ဖြစ်ရသလားဟ ´´ `` အေး ငါ နင်ပြောတာကို အပြည့်ယုံပြီဟေ့ .... ´´ `` အင်း … ဆက်ပြောပါဦး ´´

ဂျစ်စ်စ် ၊ ဂျစ်စ်စ် ...... ကြောက်စိတ်ကြောင့် အိပ်မပျော်နိုင်သူမှာ အသံတစ်ခုကြောင့် ပိုမို လန့်သွားသည်။ တံခါးကို လက်သည်းနှင့် လာခြစ်သည်ဟုထင်သည် ။ ကြောင်လည်း မဟုတ်နိုင်ပေ။ ခြစ်သည့် လက်ချောင်းမှာလည်း တစ်ချောင်းတည်းနှင့် ခြစ်နေ  သည်ဟုတွေး မိသည်။

`` အီး .... ဂတ် ဂတ် .... ဂတ် ....´´

ကြောက်လွန်း၍ မေးတစ်ဆတ်ဆတ် တုန်ကာ ဟိုဖက်လှည့်အိပ်သည်။ ခေါင်းမြီးခြုံသည်။ ရသမျှ ဘုရားစာတို့ကို ရွတ်ဖို့ ပြင်သည်။ သို့သော်လည်း ဘုရားစာ ဘုရားစာဟုသာ စိတ်တို့ မှ တွေးတော မိရုံမှ ဘာမှ မရ၊ အားလုံးမေ့ကုန်သည်။ အချိန်အတန်ကြာသည် အထိ ဂျစ်စ်စ် အသံကြီးကို ကြားနေရသည်။ ကြားရသည့် အသံ၏စည်းချက်မှာ မှန်ကန်လှသည်။ ရည်ရွယ်ချက် တစ်ခုခုဖြင့် လုပ်နေခြင်းဟုလည်း ကြောက်နေရင်းမှ သိပြန်ပါသည်။

`` ငါ့မောင်ရေ ၊ ငါ ဒီလိုမှန်း သိရင် ငါဒီည ဒီမှာလာမအိပ်ပါဘူးဟ ´´ `` အင်းပေါ့´´

အဲ ... ဟိုအကောင် ငါကြောက်မှန်းသိလို့ နောက်နေသလားပဲ ..... ကြည့်လိုက်တော့ မောင် အလတ်က နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိနေသည်။ အသံကတော့ တိတ်ဆိတ်လှသော ညအချိန်ဝယ် ပုံမှန် မြည်နေစဲ။ သို့သော် အခန်းအပြင်က ခြစ်နေခြင်းကြောင့် တော်ပါသေးသည်။ အခန်းထဲ မ၀င်ရဲလို့များလား .... ကြံဖန်ပြီး စိတ်ရဲအောင်တွေး လိုက်ပြန်သေးသည်။ သို့သော်လည်း စိတ်ကတော့ မရဲ။

ထိုသို့ ကျောပေးနေရင်းက မည်သည့်အချိန်တွင် အိပ်ပျော်သွားမှန်း မသိပါ။ ည သန်းခေါင်ကျော်လောက် ဖြစ်လိမ့်မည်။ ဖျက်ဆို နိုးလာသည်။ အကျင့်ပါနေကျအတိုင်း ကလေးများ စောင်လွတ်နေသည်လား သိရန် လက်ဖြင့် စမ်းကြည့်လိုက်သောအခါ .......... (မီးများလည်း မှောင်နေ၍လည်းကောင်း ကြောက်လွန်း၍ ပြတင်းတံခါးများပိတ်ထား သည်ကြောင့်လည်းကောင်း ဘာမှ မမြင်ရပါ။ လက်ဖြင့်သာ စမ်းရသည်။ )

ရင်ဘက်မှ ဒုန်းကနဲ ဆောင့်တက်သည်။ အိုး …. လက်ပြတ်ကြီး တစ်ဖက်ပါလား .... စွတ်စိုစေးပြစ်သော အရည်များဖြင့် လက်ဝါးကြီးတစ်ဖက် ကလေးများ၏ ကိုယ်ပေါ်တွင် ကန့်လန့်ဖြတ်တင်ထားသည်။ သွေးတွေများလား …. `` အား ... ´´ အသံအတော် ကျယ်လောင်စွာဖြင့် စိတ်ထဲမှ အော်ပြီး လက်ကို ရုတ်မိသည်။ မူလ စမ်းမိခါစက မိမိ၏ ကလေးတစ်ယောက် လက်ပဲဟုသာ ထင်မိခဲ့သည်။ သို့သော် ယခုလက်မှာ ကြီးသည်။ သွေး အရည်များသဖွယ်လည်း တွေ့ရသည်။ မိမိလက်ဖြင့် ကိုင်တွယ်ပွတ်သပ်ကြည့်သောအခါတွင် အမွှေးအမျှင်များရှိကြောင်း ခံစားထိ သိရသည်။ ပွတ်သပ်ကြည့်နေစဉ်အတွင်း လက်ကြီးမှာ ဆွဲလျှင် ဆွဲသလောက်ရှည်လာသလို သိရပြန်သေးသည်။ သို့သော် မိမိ၏လက် မှာတော့ စေးပြစ်သောအရည်များ ကပ်မလာပါချေ။

`` ဟာ ….. ဒ ... ဒ .. ဒါဆို ဟိုဟာမကြီးလား .... လက်ကြီးက ချွဲကျိကျိကြီးပဲ၊ ဟုတ်တယ်၊ အား ...... ´´ ဟိုဖက်လှည့်ပြီးတော့သာ ခေါင်းမြီးခြုံနေဖြစ်ခဲ့ပါသည်။ မိမိ၏ ကျောဖက်သို့ ယောင်လို့တောင်မှ မကြည့်ရဲလောက်အောင် ကြောက်ရွံ့တုန်လှုပ် မိပါသည်။ ထိုလက်ကြီးသည် နောက်ထပ် ဘာများ လုပ်ဦးမှာလဲ … လက်ကြီး၏ အနေအထား သည် ကလေးများ၏ ကိုယ်အပေါ်တွင် လက်ပက်လက်အနေအထားဖြင့် တစ်ခုခုတောင်းနေ သည့် သဘောမျိုးဆောင်နေသည်။ မှောင်နှင့်မည်းမည်းမို့ ဘာမှတော့ မမြင်ရပါ။ ကလေးတွေ ကိုများ ဒီလက်ကြီးက ဘာလုပ်မှာလဲ။ လဲပေါင်းများစွာ တွေးရင်းက ဘယ်တော့မိုးလင်းမှာလဲ ….

ဂျစ် အသံတို့လည်း တိတ်ဆိတ်ခဲ့ပြီ။ ရောင်နီလည်း သန်းလုပြီ။ ကျေးငှက်ကလေး တို့ အော်မြည်သံတို့ ကြားလာရတော့မှ သက်ပြင်းကို အားရပါးရ ချနိုင်တော့သည်။ နံနက်ခင်း လင်းပြပြရှိသောအချိန်တွင် ကလေးများကို ကြည့်မိလိုက်တော့ အကြီးကောင်လေး ကတော့ ဘေးနားမှာ ခွေခွေလေးအိပ်နေသည်။ အငယ်ကောင်လေးကိုကား မတွေ့ရချေ။ စိုးရိမ်ပူပန်စိတ်တို့က ကြီးစွာ တိုးလာပြန်ပါသည်။ အငယ်လေးရော …. ဟို လက်ပြတ်ကြီးကများ … ဟား …။ ထိုသို့ဖြင့် မိုးလည်း သိပ်မလင်းသေးလို့ ကောင်းကောင်းလည်း မမြင်ရ၊ ကလေးငယ် ကို ရှာလို့လည်း မတွေ့သည့် ကျွန်မအဖြစ်ကို တွေးကြည့်လှည့်ပါ။ ထိုလက်ပြတ်ကြီးနှင့် တွေ့စဉ် က ဘာကြောင့်များ သူသေကိုယ်သေ ရိုက်ပုတ် ခုတ်ထစ်ရဲသော သတ္တိများက ဘာလို့မဖြစ်ခဲ့ တာလဲဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။

`` ဒုန်း ´´ `` ပလုတ်တုပ် ´´ အသံကြားရာကို ဖျက်ကနဲ ကြည့်မိလိုက်တော့ သံသေတ္တာကြီး နားလေးမှာ ရှာနေသည့် သားငယ်လေးက တစ်ဦးတည်း ပက်လက်ကလေး။ `` ဒုန်း ´´ သံသေတ္တာကို သားငယ်လေးမှ ကန်နေခြင်းပါလား။ အို တော်ပါသေးရဲ့ ကလေးများလည်း ဘာမှ မဖြစ်ပါ။ အခြားသူများလည်း မသိခဲ့ပါ။ ကျွန်မဘ၀တွင်တော့ မမေ့နိုင်သော ဖြစ်ရပ်များအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါသည်။

ထိုအကြောင်းများသည် ကျွန်တော်၏ အစ်မမှ ကျွန်တော့်အား ထိုအိမ်ကြီးနှင့် ပတ်သက်၍ ပြန် လည် ပြောပြသော အကြောင်းအရာများ ဖြစ်ပါသည်။ ကျွန်တော်မှာ ကိုယ်တိုင်ကြုံရခြင်း မဟုတ်သောကြောင့် တကယ်ဖြစ်သောအရာမှန်သော်လည်း ပေါ်လွင်အောင် ရေးသားနိုင်ခြင်း ရှိချင်မှ ရှိလိမ့်မည်။ သို့သော် ဘ၀တွင် မမေ့နိုင်သော အကြောင်းများသာဖြစ်ကြောင်း အာမခံ ပါသည်။


From...ပ ယော ဂ နှင့် ထူး ဆန်း အံ့ ဖွယ် ဖြစ် ရပ် မှန် များ
 
 


‌‌ပြုစားတယ်ဆိုတာ လူတိုင်း လက်ခံနိုင်ဖို့ ခက်ခဲပါတယ်



‌‌ပြုစားတယ်ဆိုတာ လူတိုင်း လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။ အခုလိုတိုးတက်တဲ့ သိပ္ပံခေတ်ကြီးမှာ ပိုပြီးတော့ မယုံသူတွေ များတတ်ပါတယ်။ အထူးသဖြင့် မြို့ပြက လူတွေ အတော်များများ မကြုံ ဖူးတော့ မယုံဘူးပေါ့လေ။ အဲတာတွေနဲ့ ပတ်သက်တဲ့ တရားဝင်စာအုပ် စာပေဆိုတာ ကလည်း ထုတ်ဝေခွင့်မပြုခဲ့လို့လား ၊ မထုတ်ဝေခဲ့ကြလို့လား၊ ကျွန်တော်ပဲ မတွေ့သေးလို့လား...မသိ၊ မဖတ်ဖူးသေးပါ။ တကယ်တော့ အဲတာမျိုးတွေ လောကီပညတ်နယ်မှာ တကယ်ရှိပါတယ်။

တောသူမလေး ပြုစားခံရခြင်း (ဖြစ်ရပ်မှန်)

ယာတဲကိုသွားတဲ့ မ …………ဟာ ခြေထောက်က ဆစ်ခနဲ နာကျင်တဲ့ ဝေဒနာနဲ့အတူ အိမ်ကို ပြန် လာခဲ့ပါတယ်။ သူမဟာ ထိုနာကျင်တာကို ရိုးရိုးသာမာန် ခြေထောက် အနင်း မတော်လို့ မြေစိုင် ခဲချော်နင်းမိလို့ ထင်တာပေါ့။

ဒါနဲ့ သာမာန် ဗမာဆေး အင်္ဂလိပ်ဆေးတွေနဲ့ ကုတယ်။ လိမ်းတယ်ပေါ့။ ဒါပေမယ့် ခြေထောက်က သက်သာလည်းခဏ၊ ယောင်ကားလာပါတယ်။ ဒီအခါ ဖခင်ဖြစ်သူက ကျွန်တော်တို့ တရားထိုင် ရာနေရာကို ရောက်လာခဲ့ပါတယ်။ အပမှီသလား စစ်ဆေးပေးဖို့ လာပင့်ပါတယ်။ ကျွန်တော်နဲ့ အတူ ထိုစဉ်က ကျွန်တော့်ဆရာတစ်ယောက်၊ ညကြီးမင်းကြီး ၁ နာရီခန့်လောက်မှာ မိုင် ၃၀ ခန့်ခရီးကို ဆိုင်ကယ်နဲ့ နှင်ခဲ့ကြပါတယ်။ ဟိုရောက်တော့ ဆရာသမားက ခေါ်ပုံခေါ်နည်း သင်ပေးတယ်။ ကျွန်တော့်ချည်းလွှတ်ထားခဲ့ပြီး သူက ရှောင်သွားပါတယ်။ ရှောင်တယ်ဆိုတာက သူက အနားမှာ မနေပဲ လမ်းလျှောက်နေတာပါ။ ဒါနဲ့ ကောင်မလေးကို လက်ဝါးဖြန့်ခိုင်းပြီး ဆရာသင်ပေးတဲ့ အတိုင်း ခေါ်စစ်တဲ့အခါ ကောင်မလေးရဲ့ လက်တွေ တုန်ခါလာပါတယ်။

အဲဒီဖြစ်ရပ်ဟာ ကျွန်တော့်ဘ၀မှာ ပထမဆုံး စစ်မေးတာဖြစ်တဲ့အတွက် အတော်ကို ကသီလင်တ နိုင်လှပါတယ်။ ပြောရမယ့် စကားတွေ မသိ၊ ထုံးစံမသိနဲ့ ဟိုက လက်တွေတုန်လို့ ပူးကပ်နေပါပြီ။ ပူးလာတော့ ဘာမေးရမယ်မသိ၊ ဘာလုပ်ရမယ်လည်း မသိဖြစ်နေတုန်း ပူးကပ်ခံကောင်မလေးက တ၀ါးဝါးနဲ့ သန်းပြနေပါတယ်။ ချွေးတောင်ပြန်လာတယ်။ ဒါနဲ့ လမ်းလျှောက်နေတဲ့ ဆရာသမားကို ပင့်ရပါတော့တယ်။ ဆရာသမားက အနားရောက်လာပြီး ကုမပေးပါဘူး။ ကုပုံကုနည်း မေးပုံမေးနည်းကို သင်ပေးပါတယ်။ တစ်ဖက်က ၀င်ပူးသူ ဟာ ကောင်မလေးကို ရန်ပြုထားသူပါပဲ။ ဆရာရဲ့ သင်ပေးပုံအရ သူရန်ပြုထားတဲ့နေရာကို တုန်ရီနေတဲ့ လက်တွေနဲ့ ပြခိုင်းပါတယ်။ ပြပါတယ်။ ဘေးက ဆရာသမားက မေးခွန်း တစ်ခုခြင်းမေးသွားရာမှာ မြေဘုတ်သတ္တ၀ါဖြစ်တယ်လို့ သိရပါတယ်။

ဆရာသမားက ဒါရိုက်မကုပေးပါဘူး။ ကျွန်တော့်ကိုသာ ဘေးကနေ သင်ပေးပြီး အမိန့်ပေးခိုင်း ပါတယ်။ ကျွန်တော်လည်း ပထမဆုံး အတွေ့အကြုံမို့ စိတ်ကတုန်ကယင်နဲ့ စကား လုံးတွေ မေ့လျော့နေပါတယ်။ ဒါနဲ့ပဲ ဟေ့ ရန်ပြုသူမိစ္ဆာ မင်း ငါ့ဆရာပြောတဲ့ အမိန့်ကို ကြားလား။ ကြားရင် လက်နဲ့ ရိုက်ပြလို့ ကျွန်တော်ပြောတော့ လက်တွေတုန်ရာက ခြေထောက် သူလုပ်ထားတဲ့နေရာကို ပြတယ်။ အေး ဒါဆို ငါ့ဆရာပြောတဲ့အတိုင်း ဆက်လုပ် ဆိုပြီး ကျွန်တော် အမိန့်မပေးတတ်တော့ လူလည်လုပ်လိုက်ပါတယ်။

ဒါနဲ့ ဟိုဖက်က ပြုလုပ်ရန်စသူက ခြေထောက်ဆင်းပြီး လက်တွေနဲ့ သပ်ချနေလိုက်တာ ၁ နာရီဝန်းကျင်လောက် ကြာသဗျ။ သူလည်း သပ်ချပြီးအတော်နေတော့ သကောင့်သားက လက်ခါပြပါတယ်။ မရှိတော့ဘူးပေါ့။ ဒါနဲ့ သူ့ကို ပြန်လွှတ်၊ ကောင်မလေးကို ပြန်စစ်တော့ တကယ် မရှိတော့တာ သိရပါတယ်။ ယောင်နေတဲ့ ခြေထောက်လည်း ချက်ချင်း လျော့ကျ သွားပြီး ပယောဂနဲ့ ပတ်သက်တဲ့ဝေဒနာအားလုံး ချက်ချင်း ပျောက်သွားခဲ့ပါတယ်။

‌ကောင်မ‌လေးကို မေးမြန်းချက် …..

ညည်း ငါတို့ ပြောနေတာတွေ ကြားရလား …. (ကြားရတယ် ဒါပေမယ့် စိတ်တွေ ထွေပြီး အကုန်မကြားသလိုပဲ ….)

စောစောက သန်းဝေနေတဲ့ သဘောကို သိသလား … ( သိတယ် ဒါပေမယ့် ကျွန်မ မအိပ်ချင်ဘူး စိတ်က လေးလာတာ)

အခုရော အိပ်ချင်နေသလား ( ဟင့်အင်း)

ခြေထောက်မှာ အခု ထုံနေတာ ကိုက်နေတာ ရှိသေးလား ( မရှိတော့ပါဘူး၊ နည်းနည်းလေး ပဲ ယောင်တော့တယ်) ….. အမှန်မှာ ဆူးစူးခံရသူ ဆူးနှုတ်ပြီးသော်လည်း ဆူးစူးသည့်နေရာမှာ ဒဏ် ကျန်သည့်သဘောဟု မှတ် …

ငါ့ကို စောစောက ကုနေစဉ်တုန်းက စကားပြောချင်စိတ် ဘာညာ ရှိသလား … ( ရှိတယ် .. ဒါပေမယ့် ကျွန်မပြောချင်တာမဟုတ်ဘူးလို့ ထင်တယ် … စိတ်ထဲမှာ သူ့ဖာသာသူ ပြောချင် လာတာ )

ငါ့ကို ရန်လိုစိတ်များ ဖြစ်မိသလား ( ဖြစ်တယ် စိတ်ထဲမှာ မကျေနပ်ဘူး ဒါပေမယ့် အားမတန်လို့ မာန်လျှော့ရတဲ့ ပုံစံမျိုး ထင်တာပဲ အလိုလို ကြောက်လာတာ )

ဆရာဖြစ်သူ၏ ပြောကြားချက် ….

ကောင်မလေး ယာတောက အပြန် အိပ်နေသည့် မြေဘုတ်သတ္တ၀ါကို သာမာန်မျက်စေ့နှင့် မမြင်မိလို့ ခလုတ်တိုက်သည်။ မြေဘုတ်မှ ဒေါသဖြစ်သွားပြီး လက်နှင့် လှမ်းရိုက် ရာ ကောင်မလေး ၏ခြေထောက်ကို ရိုက်မိသွားသည်။ သီးသန့် မနာလို၍ နှောက်ယှက်ခြင်း မဟုတ်ကြောင်း ပြောကြားပါသည်။ ထို မြေဘုတ်သတ္တ၀ါသည် ကမ္မစိဒ္ဓိ စွမ်းအင်နည်းပါး၍ အပူးခံရမည့် ကာယကံရှင်မှာ မိန်းမသားဖြစ်နေသည့်တိုင်အောင် ခြေတုန် လက်တုန်အဆင့်ပဲ ပူးကပ်နိုင်သည်။ နှုတ်ဝဇီအထိ စီးအား ပူးကပ်အား မသန်၊ စကားမပြောနိုင် ဟုမှတ် 


… ခြွင်းချက်အားဖြင့် အပြုစားခံရသည့် လူတိုင်းတော့ မဟုတ်၊ အပူးခံရမည့် ကာယကံရှင်နှင့် လည်း ဆိုင်သေးသည်။ အပူးခံရသည့် လူကို မှီ၍ စကားပြောနိုင်ခြင်း မပြောနိုင်ခြင်းသည် ကုသည့်ဆရာနှင့် မဆိုင် ။

ပယောဂ ကုလျှင် အပူးခံရမည့်သူ အိပ်ချင်လာခြင်း၏ အကြောင်း

ထိုစဉ်က ကျွန်တော်မှာ အတွေ့အကြုံ မရှိ၍ တစ်ဖက်ပြုစားသူမှ ကျွန်တော့်ကို မင်းလောက်တော့ ပျင်းတောင် ပျင်းသေးတယ်ဟု သတ်မှတ်ထားပြီး သန်းဝေပြနေသလားဟုပင် အတွေးရောက် မိသည်။ အမှန်မှာတော့ အပူးခံရသည့် ကာယကံရှင် သန်းဝေခြင်းလည်း မဟုတ်၊ တစ်ဖက်မှ ပြုစားသူမှ လက်တုန်ခြေတုန် အနေအထား ပူးကပ်နေရာမှာ စကားပြောနိုင်ရန် အပူးခံရသည့်လူ၏ စိတ်(နာမ်ပိုင်းဆိုင်ရာအထိ) ပူးကပ်လာခြင်းကြောင့် ကာယကံရှင်၏ မူလသိစိတ်များ လျော့ပါးလာရသည်။ ထိုအရာကို အိပ်ချင်၍ သန်းဝေသည်ဟု အပေါ်ယံ ယူမိသည်။ တကယ်တော့ ကာယကံရှင် မအိပ်ပါ။

ဤကား ကျွန်တော်ဘ၀တွင် ပထမဆုံးသော ပယောဂပြုစားသူနှင့်ကြုံခြင်းတည်း ...

 ဒါက Goodluck Zaw အေ‌‌ကာင့် နဲ့ေ‌ရးပြီးသားတစ်ခုကို ပြန်‌‌ကော်ပီလိုက်ပါတယ်‌‌‌ ။


From...ပ ယော ဂ နှင့် ထူး ဆန်း အံ့ ဖွယ် ဖြစ် ရပ် မှန် များ 

လွယ်ကူသက်သာ သဘာဝနည်းနဲ့ ကျောက်ကပ် သန့်စင်ရအောင်

လွယ်ကူသက်သာသဘာဝနည်းနဲ့ ကျောက်ကပ်သန့်စင်ရအောင်  01-11-2013  ကျောက်ကပ်က ခန္ဓာကိုယ်တွင်း ၊ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ဖယ်ရှားသန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ ထဲက မလိုလားအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူရယ်လို့ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်တိုင်း မနားမနေ အလုပ် လုပ်ပေးနေရတဲ့ မိမိရဲ့ကျောက်ကပ်ကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဂရုစိုက်ဖို့ဆိုတာလဲ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့လွယ်ကူသက်သာသဘာဝ နည်းလမ်းလေးပါ။ ဒါကတော့လူတိုင်းသိတဲ့ နံနံပင်ပါဘဲ။  လုပ်ဆောင်ရမဲ့နည်းလမ်းတွေကတော့  (၁) နံနံပင် ၁၀ ပင် ၁၅ပင်ကို ရေစင်စင်ဆေးပါ။ (၂)ရေဆေးပြီးတဲ့နံနံပင်ကိုနုတ်နှုတ်စင်းထားပါ ။ (၃) ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာလောက်နဲ့စင်းထားတဲ့နံနံပင်ကို ရေနွေးအိုးထဲထည့်ပြီး ၁၀ မိနစ်လောက် ကြိုချက်ပေးပါ။ (၄)ကြိုပြီးရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်ကို အအေးခံထားပါ။ (၅)အေးသွားရင်ရေခဲသေတ္တာထဲထည့်ပြီးသိမ်းထားပါ။(ရေခဲသေတ္တာမလွယ်ကူရင်လဲအရိပ်လဲရအေးတဲ့နေရာမှာသိမ်းထားနိုင်ပါတယ်)။  အဲဒီအအေးခံထားတဲ့ နံနံပင်ပြုတ်ရေကို နေ့စဉ်နေ့တိုင်း တစ်ခွက်လုံးကုန်အောင်သောက်ပေးပါ။ထိုသို့သောက်သုံးပေးခြင်းအားဖြင့် မိမိ၏ကျောက်ကပ်ကို သန်ရှင်းစင်ကျယ်စေနိုင်ပါတယ်။  နံနံပင် မှာကျောက်ကပ်ကို အကျိုးပြုစေနိုင်တဲ့အာနိသင်တွေ ပေါများပြီး ဈေးလဲမများသော သဘာဝဟင်းရွက်ပါဘဲ။ဒါကြောင့်ဈေးလဲမများ လွယ်ကူသက်သာတဲ့ နည်းလမ်းလေးနဲ့ မိမိရဲ့ကျောက်ကပ်ကို သန့်စင်လိုက်ကြရအောင်နော်။  ပိုပိုဇော်(သဘာဝအားအင်)  အေးချမ်းမွန် Credit To >အင်းလေးမီဒီယာ<Thanks https://www.facebook.com/excellencemedia

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း ၊ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ဖယ်ရှားသန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ ထဲက မလိုလားအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူရယ်လို့ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်တိုင်း မနားမနေ အလုပ် လုပ်ပေးနေရတဲ့ မိမိရဲ့ကျောက်ကပ်ကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ 


ဂရုစိုက်ဖို့ဆိုတာလဲ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ လွယ်ကူသက်သာသဘာဝ နည်းလမ်းလေးပါ။...
 

ဒါကတော့လူတိုင်းသိတဲ့ နံနံပင် ပါဘဲ။

လုပ်ဆောင်ရမဲ့နည်းလမ်းတွေကတော့

(၁) နံနံပင် ၁၀ ပင် ၁၅ပင်ကို ရေစင်စင်ဆေးပါ။
 


(၂)ရေဆေးပြီးတဲ့နံနံပင်ကိုနုတ်နှုတ်စင်းထားပါ ။ 

(၃) ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာလောက်နဲ့စင်းထားတဲ့နံနံပင်ကို ရေနွေးအိုးထဲထည့်ပြီး ၁၀ မိနစ်လောက် ကြိုချက်ပေးပါ။
 

(၄)ကြိုပြီးရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်ကို အအေးခံထားပါ။ 

(၅)အေးသွားရင်ရေခဲသေတ္တာထဲထည့်ပြီးသိမ်းထားပါ။(ရေခဲသေတ္တာမလွယ်ကူရင်လဲအရိပ်လဲရအေးတဲ့နေရာမှာသိမ်းထားနိုင်ပါတယ်)။
 

အဲဒီအအေးခံထားတဲ့ နံနံပင်ပြုတ်ရေကို နေ့စဉ်နေ့တိုင်း တစ်ခွက်လုံး ကုန်အောင်သောက်ပေးပါ။ထိုသို့သောက်သုံးပေးခြင်း အားဖြင့် မိမိ၏ကျောက်ကပ်ကို သန်ရှင်းစင်ကျယ်စေနိုင်ပါတယ်။
နံနံပင် မှာကျောက်ကပ်ကို အကျိုးပြုစေနိုင်တဲ့ အာနိသင်တွေ ပေါများပြီး ဈေးလဲမများသော သဘာဝဟင်းရွက်ပါဘဲ။ ဒါကြောင့်ဈေးလဲမများ လွယ်ကူသက်သာတဲ့ နည်းလမ်းလေးနဲ့ မိမိရဲ့ကျောက်ကပ်ကို သန့်စင်လိုက်ကြရအောင်နော်။

ပိုပိုဇော်(သဘာဝအားအင်)

အေးချမ်းမွန် Credit To >အင်းလေးမီဒီယာ<Thanks
https://www.facebook.com/excellencemedia



ကျော်သူ - အမိုက်ကောက်ခွင့်သာပြုရင် လေးလအတွင်း စင်ကာပူကို မီစေ ရမယ်


ကျော်သူ - အမိုက်ကောက်ခွင့်သာပြုရင် လေးလအတွင်း စင်ကာပူကို မီစေ ရမယ် Thursday, October 31, 2013  မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော် သာယာ လှပသန့်ရှင်းစင်ကြယ်ဖို့အတွက် အ မှိုက်တွေ ကောက်ကြမယ်ဆိုပြီး နာ ရေးကူညီမှုအသင်းဥက္ကဌဦးကျော်သူ ခေါင်းဆောင်ကာ စီစဉ်ခဲ့ပါတယ်။ အမှိုက်ကောက်မယ့် ကိစ္စကို မလုပ် ဖို့ပြောတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦး ကျော်သူက ]]အခုကျွန်တော်တို့ကို ပြောထားတာ မနက်ကဖုန်းဆက် တာ။ ခင်ဗျားတို့ကို အသုဘတောင် ချပေးခွင့်ပြုထားတာပဲ။ သူတို့ဆီမှာ လည်း ဒီစည်ပင်ဝန်ထမ်းအင်အား ရှိပါတယ်တဲ့။ အင်အားက ငါး ထောင်ကျော်ပဲရှိတယ်။ ရန်ကုန်မြို့ မှာ လူဦးရေက အများကြီးရှိတယ်။ ဘယ်လိုမှ မမျှဘူး။ မမျှဘူးဆိုတာ ကျွန်တော်တို့က ဒါစည်ပင်လုပ်ရ မယ်ဆိုပြီး ဘေးထိုင်နေလို့ မရဘူး လေ။ ပြည်သူလူထုစိတ်ဝင်စား အောင် ကျွန်တော်တို့လို အသင်း အဖွဲ့တွေ ဂီတပညာရှင်တွေ စာပေ ပညာရှင်တွေက ပါလာတယ်ဆိုရင် ပြည်သူလူထုကလည်း ဒါတွေက ငါ တို့လုပ်ရမယ့် အလုပ်ပါလားဆိုတာ ကို ခေါင်းထဲရောက်သွားမယ်။ အ ရင်တုန်းကလို ဆေးလိပ်သောက်ပြီး လမ်းဘေး ပစ်တာမျိုး၊ အချဉ်ထုပ် စားပြီး လမ်းဘေးပစ်တာမျိုးတွေ မဖြစ်တော့ဘူး။ုပြန်သုံးလို့ ရမယ့် သံဘူးတွေ၊ ရေ့သန့်ဘူးတွေဆိုရင် တစ်မျိုး၊ မြေဆွေးဖြစ်မယ့်ဟာတွေ တစ်မျိုး၊ ဒါမျိုး အမှိုက်ပုံးတွေက သီးသန့်ထားသင့်တယ်။ ဈေးဆိုင် တွေကို မေးကြည့်တော့လည်း ဈေး ဆိုင်ဘေးက အမှိုက်ခြင်းတွေကို ပိုက်ဆံ ၂၀၀ ပေးမှ လာသိမ်း တယ်တဲ့။ အမှန်တော့ ကိုယ်လုပ်ရ မယ့် အလုပ်ကို တာဝန်ကျေအောင် လုပ်ရမယ်။ ဒီနေ့ကတော့ အမှိုက် ကောက်ခွင့်မှမရတာ၊ ခုနကပြောသ လို ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ထဲကပဲ လုပ် သွားမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ ဆိုရင် နာရေးကူညီမှုအသင်းမြောက် ဒဂုံရုံးချုပ်ဆိုရင် အမှိုက်တစ်စမှ မရှိအောင်လောလောဆယ်လုပ်ရ မယ်။ သစ်ပင်ပန်းပင်တွေနဲ့ စိမ်းလန်း စိုပြည်နေရမယ်။ လာတဲ့အလှူရှင် တွေအားလုံး တအံ့တသြဖြစ်အောင် လုပ်ပြရမှာပဲ။ ကျွန်တော်တို့အခု အစီအစဉ်လုပ်တယ်ဆိုတာပြည်သူ ပါတယ်။   အရင်တစ်ခါ နိုင်ငံတော် အကြီးအကဲတစ်ယောက်ပြောဖူး တယ်မဟုတ်လား။ ကျွန်တော်တို့ လုပ်တဲ့ဟာကိုသာ ခွင့်ပြုလိုက်မယ် ဆိုရင် လေးလအတွင်း စင်္ကာပူနိုင်ငံ ကိုမီကိုမီစေရမယ်။ သန့်ရှင်းမှုကို ပြောတာ။ ကျန်တဲ့အပိုင်း ကျွန်တော် မပြောဘူး။ အမှိုက်ကောက်ဖို့စာကို ရန်ကုန်တိုင်းဒေသကြီး ကိုလည်း တင် ပြီးပြီ။ ဟိုအပတ်ကတည်းက ကြို တင်ထားတယ်။ ဘယ်မြို့နယ်မှာ အမှိုက်ကောက်ချင်တယ်။   ဗိုလ်တ ထောင်၊ မြောက်ဥက္ကလာမြို့နယ်ရုံး တွေလည်းတင်ထားပြီ။ အခုအပတ် လည်း တင်ထားတာကို မနက်ကမှ ဒါကို မလုပ်ပါနဲ့ ဆိုပြီးပြောတာ။ သူ တို့ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောတဲ့အတွက် ဒီဟာကို မလုပ်ပါ နဲ့ဆို ပြီးပြောတာ။ ပြည်ပမှာတောင် စည် ပင်နယ်နိမိတ်ကတော့ ကျွန် တော်တို့လုပ်ဖို့က မရဘူးလေ။ ဒါပေ မဲ့ ကျွန်တော်တို့က တရားဝင်စာ ထုတ်ပေးပါလို့ပြော ထားတယ်။ တရားဝင်စာထွက်လာ ပြီဆိုရင် တော့ ကျွန်တော်တို့စဉ်းစားမယ်။  credit>>>8 Days

မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော် သာယာ လှပသန့်ရှင်းစင်ကြယ်ဖို့အတွက် အ မှိုက်တွေ ကောက်ကြမယ်ဆိုပြီး နာ ရေးကူညီမှုအသင်းဥက္ကဌဦးကျော်သူ ခေါင်းဆောင်ကာ စီစဉ်ခဲ့ပါတယ်။ အမှိုက်ကောက်မယ့် ကိစ္စကို မလုပ် ဖို့ပြောတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦး ကျော်သူက ..."အခုကျွန်တော်တို့ကို ပြောထားတာ မနက်ကဖုန်းဆက် တာ။ ခင်ဗျားတို့ကို အသုဘတောင် ချပေးခွင့်ပြုထားတာပဲ။ သူတို့ဆီမှာ လည်း ဒီစည်ပင်ဝန်ထမ်းအင်အား ရှိပါတယ်တဲ့"။ 


အင်အားက ငါး ထောင်ကျော်ပဲရှိတယ်။ ရန်ကုန်မြို့ မှာ လူဦးရေက အများကြီး ရှိတယ်။ ဘယ်လိုမှ မမျှဘူး။ မမျှဘူးဆိုတာ ကျွန်တော်တို့က ဒါစည်ပင်လုပ်ရ မယ်ဆိုပြီး ဘေး ထိုင်နေလို့ မရဘူး လေ။ ပြည်သူလူထုစိတ်ဝင်စား အောင် ကျွန်တော်တို့လို အသင်း အဖွဲ့တွေ ဂီတပညာရှင်တွေ စာပေ ပညာရှင်တွေက ပါလာတယ်ဆိုရင် ပြည်သူလူထုကလည်း ဒါတွေက ငါ တို့လုပ်ရမယ့် အလုပ်ပါလားဆိုတာ ကို ခေါင်းထဲရောက်သွားမယ်။ အ ရင်တုန်းက လို ဆေးလိပ်သောက်ပြီး လမ်းဘေး ပစ်တာမျိုး၊ အချဉ်ထုပ် စားပြီး လမ်းဘေးပစ်တာမျိုးတွေ မဖြစ်တော့ဘူး။

ုပြန်သုံးလို့ ရမယ့် သံဘူးတွေ၊ ရေ့သန့်ဘူးတွေဆိုရင် တစ်မျိုး၊ မြေဆွေးဖြစ်မယ့်ဟာတွေ တစ်မျိုး၊ ဒါမျိုး အမှိုက်ပုံးတွေက သီးသန့်ထားသင့်တယ်။ ဈေးဆိုင် တွေကို မေးကြည့်တော့လည်း ဈေး ဆိုင်ဘေးက အမှိုက်ခြင်းတွေကို ပိုက်ဆံ ၂၀၀ ပေးမှ လာသိမ်း တယ်တဲ့။ အမှန်တော့ ကိုယ်လုပ်ရ မယ့် အလုပ်ကို တာဝန်ကျေအောင် လုပ်ရမယ်။ ဒီနေ့ကတော့ အမှိုက် ကောက်ခွင့် မှမရတာ၊ ခုနကပြောသ လို ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ ထဲကပဲ လုပ် သွားမယ်ဆိုတော့ ဘယ်လို လုပ်မလဲ ဆိုရင် နာရေးကူညီမှုအသင်းမြောက် ဒဂုံရုံးချုပ်ဆိုရင် အမှိုက်တစ်စမှ မရှိအောင်လောလောဆယ်လုပ်ရ မယ်။ သစ်ပင်ပန်းပင်တွေနဲ့ စိမ်းလန်း စိုပြည်နေရမယ်။ လာတဲ့အလှူရှင် တွေအားလုံး တအံ့တသြဖြစ်အောင် လုပ်ပြရမှာပဲ။ ကျွန်တော်တို့အခု အစီအစဉ်လုပ်တယ်ဆိုတာပြည်သူ ပါတယ်။

အရင်တစ်ခါ နိုင်ငံတော် အကြီးအကဲတစ်ယောက်ပြောဖူး တယ်မဟုတ်လား။ ကျွန်တော်တို့ လုပ်တဲ့ဟာကိုသာ ခွင့်ပြုလိုက်မယ် ဆိုရင် လေးလအတွင်း စင်္ကာပူနိုင်ငံ ကိုမီကိုမီစေရမယ်။ သန့်ရှင်းမှုကို ပြောတာ။ ကျန်တဲ့အပိုင်း ကျွန်တော် မပြောဘူး။ အမှိုက်ကောက်ဖို့စာကို ရန်ကုန်တိုင်းဒေသကြီး ကိုလည်း တင် ပြီးပြီ။ ဟိုအပတ်ကတည်းက ကြို တင်ထားတယ်။ ဘယ်မြို့နယ်မှာ အမှိုက်ကောက်ချင်တယ်။

ဗိုလ်တ ထောင်၊ မြောက်ဥက္ကလာမြို့နယ်ရုံး တွေလည်းတင်ထားပြီ။ အခုအပတ် လည်း တင်ထားတာကို မနက်ကမှ ဒါကို မလုပ်ပါနဲ့ ဆိုပြီးပြောတာ။ သူ တို့ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောတဲ့အတွက် ဒီဟာကို မလုပ်ပါ နဲ့ဆို ပြီးပြောတာ။ ပြည်ပမှာတောင် စည် ပင်နယ်နိမိတ်ကတော့ ကျွန် တော်တို့လုပ်ဖို့က မရဘူးလေ။ ဒါပေ မဲ့ ကျွန်တော်တို့က တရားဝင်စာ ထုတ်ပေးပါလို့ပြော ထားတယ်။ တရားဝင်စာထွက်လာ ပြီဆိုရင် တော့ ကျွန်တော်တို့စဉ်းစားမယ်။

credit>>>8 Days