
ဇီပင်ပူး ဆည်ဟာ တရုပ်ပြည် မင်မြစ်ပေါ်မှာ ၂၀၀၁ လောက် က စဆောက်ပါတယ်။ ငလျင် ကြော နဲ့တစ်မိုင် သာ ကွာတဲ့ အနေအထား မှာ ရှိလို့ တရုပ် ငလျင်စောင့်ကြည့်လေ့လာရေး ဗျူရို က သတိ ပေးပါသေး တယ်။
၂၀၀၇၊ ၂၀၀၈ မှ ဆည်ဆောက်ပြီး လို့ရေလဲဖြည့်ရော ဆည်အောက်ပိုင်း ငါးကီလို အကွာမှာ ဗဟိုပြုပြီး ၇.၉ အင်အား ရှိတဲ့ Wenchuan ဝင်န်ချောင်း ငလျင် ၂၀၀၈ ခု မြန်မာပြည် နာဂစ် ဖြစ်တဲ့ အချိန်နဲ့ သိပ်မကွာ ဘဲ မေလ ထဲမှာ လှုပ်ပါရောလား ။
စီချွမ်ပြည်နယ် မှာ လူပေါင်း ရှစ်သောင်းလောက် သေကြေ ပျက်ဆီးခဲ့ပါတယ်။ ငလျင်ကြီးတွေ လှုပ်ပြီး နောက် ဆက် တွဲ ငလျင် တွေ ထပ်လှုပ်လေ့ ရှိတာမို့ ငလျင် တိုင်းတာရေး စခန်းတွေက နောက်ထပ် ငလျင် ၅၀လောက် အဲ့ဒီ ငလျင်ကြော တစ်လျောက်မှာ ထပ်လှုပ်တာ တိုင်းတာမိခဲ့ကြပါတယ်။
ငါးနှစ်လောက် ကြာတဲ့အခါ အထွတ်အထိပ် ကိုရောက်လာပြီး ၂၀၁၃ ဧပြီ ၂၀ ရက် မှာ ပြင်းအား ခုနှစ် ရှိတဲ့ Ya’an ငလျင် ဟာ အဲ့ဒီ ငလျင်ကြောမှာဘဲ ထပ်လှုပ်လို့ လူတွေသေကြေ ပျက်စီးခဲ့ရ ပါသေးတယ်။
အထပ် ငါးဆယ်တိုက် လောက်ရှိမဲ့ ဆည်ကြီး ထဲက ရေထု ဟာ မြင့်လာလိုက် နိမ့် လာလိုက် လှုပ်ရှားနေတာ မို့ သူ့ရဲ့ရေ အလေးချိန်ဟာ ငလျင်ကြောမှာ ရှိတဲ့ ပြတ်ရွေ့ကျောက် တွေ အပေါ်နှဲ့နေသလို ဖိအားတွေ ဖြစ်စေပြီး အဆုံး မတော့ အောက်ခံကျောက်တွေ ကျိုးပျက်ရွေ့လျားတာ ကနေ ငလျင်တွေ ဖြစ် ပေါ်စေခဲ့တာ ပါ။ (မြန်မာပြည် က မြစ်ဆုံ က သူ့ထက် ပိုမြင့်တယ်နော်)
ဆည်တွေ ဟာ ရေ လွှမ်းမိုးမှု နဲ့ မိုးခေါင်ရေရှားမှု ကို အကာ အကွယ်ပေး ဘို့ ဆောက်ရတယ် ဆိုပြီး ကြော်ငြာ ထိုး လေ့ ရှိပါတယ်။ ဒီကြော်ငြာကရော မှန်ရဲ့လား၊ အတိုင်း အတာ တစ်ခု အထိတော့ မှန်ပါလိမ့်မယ်။ ပုံမှန် မိုးလေဝသ အခြေအနေ မှာ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး ဆိုသလိုပေါ့၊