““၁၉၈၈ ခုနှစ်ကတည်းက အခု အချိန်အထိ သေဒဏ် ကို တစ်ခါ မှ အတည်ပြုစီရင်ခဲ့တာ မရှိဘူး”” ဟု အကျဉ်း ဦးစီးဌာနမှ ညွှန်ကြားရေး မှူးး တစ်ဦးကပြောသည်။
ကြိုးစင်တွေလား...ရှိတယ်။ ထောင်တိုင်းမှာ ရှိတယ်။ ကြိုးပေးဖူးတဲ့ ထောင်ဝန်ထမ်းတော့ တော် တော်ရှားသွားပြီ။ ပင်စင်ယူကုန်ကြ ပြီလေ၊မရှိတော့ဘူး။ ကြိုးမပေး တော့တာ အနှစ်သုံးဆယ်နီးပါးဆို တော့ တကယ်လုပ်ဖူးတဲ့သူ ရှား ကုန်တာပေါ့။ အခု သေဒဏ်ပြန်စီ ရင်မယ် ဆိုရင်တောင် ထောင်ဝန် ထမ်းတွေကို သင် တန်းပြန်ပေးရဦး မယ်ဟု ထိုအရာရှိကပင် ဆက်လက် ပြောဆိုသည်။
မျက်မှောက် ခေတ်လက်ခံ ကျင့် သုံးနေသည့် တရားစီရင်ရေး စနစ်ပြစ်မှုနှင့်ပြစ်ဒဏ် များတွင် သေဒဏ်သည်အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်သည်။ လက်ရှိ ကမ်္ဘာပေါ်တွင် သေဒဏ် ကို လက်ခံကျင့်သုံးနေ သော နိုင်ငံပေါင်း ၅၈ နိုင်ငံ ရှိပြီး သေဒဏ်စနစ် ကို ဖျက်သိမ်းထား သောနိုင်ငံ ပေါင်း ၁၀၂ နိုင်ငံရှိ သည်။
နိုင်ငံ ၆ နိုင်ငံတွင် အရေး ပေါ်အခြေအနေမျိုးမှ အပ ကျန် အခြေအနေတွင်သေဒဏ် ကို မ ကျင့်သုံးတော့ပေ။ နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် သေဒဏ်စနစ် ရှိသော်လည်း အတည်ပြုစီရင်ခြင်း မပြုသည် မှာအနည်းဆုံးဆယ်နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံခန့် က သေဒဏ် စီရင်မှု ပေါင်း ၁၆၃၀ နှင့် အထက်ပြုလုပ် ခဲ့သည်။ တရားဝင် ထုတ်ပြန်သည့် စာရင်းများ အရ အီရန် တွင် ၂၀၁၅ တစ်နှစ်တည်းတွင် သေဒဏ်စီရင်မှု ပေါင်း ၉၇၇ မှုနှင့် အထက် ပြုလုပ် ခဲ့သည်။
တရုတ်နိုင်ငံမှာ သေဒဏ် စီရင်မှု အများဆုံးပြုလုပ်သည့်နိုင်ငံ ဟု ယူဆရသော်လည်း စာရင်းဇ ယား အချက်အလက်များ တရားဝင် ထုတ်ပြန်ခြင်း မပြုပေ။ တရုတ်ကဲ့သို့ မထုတ်ပြန်သည့်နိုင်ငံ အချို့ မှာ မ လေးရှား၊ မြောက်ကိုရီးယားနှင့် ဗီ ယက်နမ် တို့ဖြစ်ကြသည်။
အမေရိ ကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ် အတွင်း သေဒဏ်စီရင်မှု ၂၈ ခု ပြုလုပ်ခဲ့ သည်။ သေဒဏ် စီရင်ရာတွင် အ များအားဖြင့် ကြိုးပေးခြင်း၊ လျှပ်စစ် ကုလားထိုင် တင်ခြင်းနှင့် ဆေးထိုး ခြင်းစသည့် နည်းလမ်းများကို အ သုံးပြုစီရင်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် ချမှတ်လေ့ ရှိသောပြစ်ဒဏ် များတွင် ငွေဒဏ်၊ ထောင်ဒဏ်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၊ တစ်သက်တစ်ကျွန်း ဒဏ်၊ သေဒဏ် ဟူ၍ ချမှတ်ကျင့် သုံးလေ့ရှိသည်။ အမြင့်ဆုံးပြစ်ဒဏ် ဖြစ်သည့် သေ ဒဏ် ကို ချမှတ်ရာ တွင် ““လည်ပင်းကြိုးစွပ်၍ မသေ မချင်းသတ်စေဟု စီရင်ချက်တွင် ရေးသားဖော်ပြလေ့ရှိပြီး မနီလာ ကြိုးဖြင့် ကြိုးစင်တွင် ကြိုးပေးသည့် နည်းကို အသုံးပြုစီရင်လေ့ရှိသည်။
တရားခံအား ကြိုးပေးပြီးလျှင် သက်ဆိုင်ရာထောင်ပိုင်မှ “ကောင်း မွန်သပ်ရပ်စွာ သေဒဏ်ပေးပြီး ကြောင်း” တရားသူကြီးထံ စာရေး သားပေးပို့ရသည်။ သေဒဏ် ချမှတ် ခံရသူမှာ ကိုယ်ဝန်ဆောင် အမျိုး သမီးဖြစ်လျှင် ကလေးမွေးဖွားပြီး ချိန်အထိ သေဒဏ်ကို ဆိုင်းငံ့ထား ရသည်။

မြန်မာနိုင်ငံတွင် သေဒဏ် ချမှတ်လေ့ရှိသည့် မှုခင်းများမှာ နိုင်ငံတော် သစ္စာဖောက်မှု၊ စစ်ပုန်ကန်မှု အားပေးကူညီခြင်း၊ လူသတ် မှု၊ လူသတ်မှု ပါဝင်သော ဓားပြမှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဥပဒေ၊ အ ရေးပေါ် စီမံမှုအက်ဥပဒေ အစရှိ သည့် မှုခင်းများဖြစ်ပြီး မြန်မာနိုင်ငံ တွင် နောက်ဆုံးစီရင်ခဲ့သည့်သေ ဒဏ်မှာ ၁၉၈၈ ခုနှစ်က ပြင်ဦးလွင် အအက မှ ဗိုလ်မှူးး ခင်မောင်တင့် အား သတ်မှုတရားခံ တပ်သားအုန်း ထွန်းအားကြိုးပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သေဒဏ်စ နစ် ကို ဖျက်သိမ်းခြင်း မပြုသေးပေ။ တရားရုံးများတွင်လည်းသေဒဏ်များ ချမှတ် စီရင်နေဆဲဖြစ်သည်။ သို့သော် ထိုသေဒဏ် ချမှတ်ခံရ သည့် အကျဉ်းသားများအားသေ ဒဏ် ကို အတည်ပြုစီရင်ခြင်းမပြု သည်မှာ အနှစ် သုံးဆယ်နီးပါးကြာ မြင့်တော့မည်ဖြစ်သည်။

.jpg)