မင်းလေးနားလည် သီချင်းနဲ့ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားပြီး နောက်ပိုင်း အခွေတွေ ဆက် တိုက်ထွက်ခဲ့ ပါတယ်။ တစ်ခွေ နဲ့ တစ်ခွေအချိန်အနည်း ငယ်ကြာခဲ့ ပေမယ့် ထွက်ရှိလာတဲ့ သီချင်းတိုင်း ဟာ ပရိသတ်တွေနဲ့ ရင်ဘတ်ချင်း ထိခဲ့တဲ့သီချင်းတွေပါပဲ။
အခုလည်း အချစ်ဆိုတဲ့ နယ်ပယ်ထဲမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အဖြစ်အပျက်လေးတွေ ကို ရိုးရှင်းသော စာသားလေးတွေနဲ့ လူငယ်ပရိသတ် ထဲကို အရောက်ပို့ခဲ့ တဲ့ အချစ်လို့ခေါ်သလား သီချင်းပိုင် ရှင်ဖြစ်ပြီး (၂၇)ကြိမ်မြောက်အရှေ့ တောင် အာရှအားကစားပြိုင်ပွဲ မှာလည်း တေးရေး လင်းထက်ရဲ့ ရောင်စုံဥယျာဉ် သီချင်းနဲ့ ဆုရခဲ့တဲ့ တေးသံရှင် ထူးအယ်လင်းနဲ့ ခဏတာ တွေ့ဆုံခဲ့ပါတယ်။
Q. လတ်တလောအနုပညာ လှုပ်ရှားမှု...
A. သူများအခွေအတွက်စီစဉ် ပေးနေပါတယ်။ (၈)ရက်နေ့မှာ ဆီး ဂိမ်းအတွက် နေပြည်တော်ကိုသွား မယ်။
Q. ကိုယ်ဆိုတဲ့ သီချင်းက ဆီး ဂိမ်းအတွက်ရွေးချယ် ခံရတဲ့အပေါ် ဘယ်လို ခံစားရလဲ။
A. ဆုရမယ်လို့မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ နှစ် ပေါင်းများစွာကြာပြီးမှပြန်လည်ပြု လုပ်ခွင့် ရတဲ့ကိုယ့်နိုင်ငံရဲ့ဆီးဂိမ်းမှာ မမျှော်လင့်ဘဲရွေးချယ်ခံရတော့ သ မိုင်းဝင်မှတ်တမ်းတစ်ခုပေါ့။ အဲဒီအ တွက် အများကြီးဂုဏ်ယူပါတယ်။
Q. မင်းလေးနားလည် အခွေနဲ့ လူသားဘဝအခွေက ဘာကြောင့် အချိန်အရမ်း ကွာခြားသွား တာလဲ။
A. ကျွန်တော်က သီချင်းတွေ ကိုရင်ဘတ်ထဲကလာတဲ့ခံစားမှုမျိုး ပါတာပဲလိုချင်တာပါ။ စက်ရုံတစ် ရုံလို တစ်ခွေပြီးတစ်ခွေမထုတ်နိုင်ပါ ဘူး။ ကိုယ်ဆိုလိုက်တဲ့သီချင်းက ပ ရိသတ်နဲ့ရင်ဘတ်ချင်းထိအောင်ကြိုး စားချင်လို့ပါ။