ခေတ်ပေါ် ကော်စမိုလော်ဂျီ ပညာရပ်တွင် စကြ၀ဠာကြီး စတင်ဖြစ် ပေါ်လာပုံ သီအိုရီ တစ်ရပ် မှာလည်း ထင်ထင် ရှားရှား ပင်တည်ရှိနေသည်။ ယင်း သီအိုရီ သည်ကား ဘစ်ဂ်ဘန်း (Big Bang) ခေါ် ပြန့် ကားနေသော စကြ၀ဠာ သီအိုရီ ပင်ဖြစ် သည်။
ယင်း သီအိုရီသည် အက်ဒွင် ပိုးဝယ်ဟတ်ဘယ်လ် (Edwin Powell Hubble) ၏လေ့လာမှုများမှ ဖြစ် ပေါ် လာခြင်း ဖြစ်သည်။ ဟတ်ဘယ် ၏ လေ့လာမှုများမှ ယခုမြင်တွေ့ နေရသော ကြယ်များ၊ ကြယ်စုကြီး များ သည် တစ်ခုနှင့် တစ်ခုခွဲဖြာကာ ဝေးရာဘက်ဆီ များသို့ အလွန် ကြီးမား သော အလျှင် များဖြင့် ပြန့် ကားရွေ့ လျား နေကြသည်ဆိုသည်။
ယင်း အချက် မှ မူတည်လျက် ပြန့်ကားနေသော စကြ၀ဠာ သီအိုရီပေါ် ပေါက်လာခြင်း ဖြစ်သည်။ ယင်း သီအိုရီ အရ စကြ ၀ဠာကြီး သည် လွန်ခဲ့သည့် (၁၅) ဘီလီယံ မှ အစပြုခဲ့သည် ဆိုသည်။ စကြ၀ဠာကြီး ၏ မူလ အစတွင် အချိန်နှင့် အာကာသ ဟင်းလင်းပြင် တို့သည် လည်း တည်ရှိ မနေပေ။
ထိုစဉ် တွင် အလွန့်အလွန်သေးငယ် (အက်တမ် တစ်လုံးထက် အဆပေါင်းမြောက်မြား စွာသေးငယ်သည်) ပြီးဒြပ်ထု အားဖြင့် အနန္တ ရှိကာ အနန္တ စကြာဝဠာ အတွင်းရှိ အရာ အားလုံး ပါဝင်သည့် မီးလုံးငယ် (Fire Ball) တစ်ခု သည် ပြင်းထန်စွာပေါက်ကွဲခဲ့သည်ဆိုသည်။
ယင်း သီအိုရီ အရ စကြာဝဠာ သည် မည်သည့် အတွက်ဖြစ်ပေါ်လာ သည်ကို လည်းကောင်း၊ စကြာဝဠာ မဖြစ်ပေါ်ခင် က မည်သို့ တည်ရှိနေခဲ့သည်ကို လည်းကောင်း၊ ရှင်းပြနိုင်ခြင်း မရှိပါ။ သို့သော် စကြ၀ဠာကြီး မည်သို့ စတင်ဖြစ်ပေါ်လာသည် ကို အတိုင်း အတာ တစ်ခု ရှင်းပြနိုင်ခြင်းရှိပါသည်။