20 April 2016

သားစား စုန်း



ပရလောကမှ ရှားပါးမှတ်တမ်းများ's photo. 



ကျွန်တော့ မိန်းခလေး နာမယ် က ခင်လေး တဲ့။ သူရဲ့ ထူးဆန်း တဲ့ အပြု အမူကြောင့် ထင် တယ် သူကို ကျွန်တော် မြင်မြင်ချင်း စိတ် ဝင်စားမိ တာ။ သူက အသားဖြူဖြူ ၊ မျက်နာသွယ် သွယ် နဲ့ အရပ် ၅ပေ ၅ လက် မလောက် ရှိတဲ့ လှပ တဲ့ ကချင်မလေး ပါ ။ 

သူ့ကို ကျွန်တော် ချစ်လွန်း လို့ ခင်လေး လို့တောင် မခေါ် ရက် ပဲ "ခင်" လို့ အဖျားဆွတ် ခေါ် ပါတယ်။ သူကလဲ ကျွန်တော့ကို "ကို" တဲ့ သူ့ ထက် အသက် ၃နှစ်လောက် ငယ်ပေမယ့် လူကြီး ဆန်လွန်းတဲ့ ကျွန်တော့ကို "ကို" လို့ ခေါ်တာ မဆန်းပါဘူး။ 

ကျွန်တော်က ဆရာဝန် ပါ။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ တဲ့ နယ်မြို့လေးတွေ မှာ တာဝန် ထမ်းဆောင် ရတဲ့ ဆရာဝန်ပေါ့။ 

ခင်လေး နဲ့ ကျွန်တော် ရည်းစား သက်တန်း ၁ နှစ်လောက် ကြာပြီးတော့ ကျွန်တော့တို့ မဂ်လာဆောင်ခဲ့ကြ တယ်။ လင်မယား၂ ယောက် သိပ်ချစ်ကြတာပေါ့ ။ လက်ထပ်ပြီးမကြာပါဘူး ကျွန်တော် ကချင်ပြည်နယ် ပူတာအို ဘက်က အရမ်းခေါင်တဲ့ကျေးရွာလေး မှာ တာဝန်ကျ ပါတယ် ။
 



ခင်= ဟင် တစ်ကယ်လား ကို ။ ပူတာအို မှာ တာဝန် ကျတာ တကယ် လားဟင်။
ကျွန်= တစ်ကယ်ပေါ့ ခင်ရဲ့ ။
 

ခင်=ပျော်လိုက်တာ ကိုရယ်။ ဖေ တို့မေ တို့နဲ့တွေ့ရ တော့မယ် ။
ကျွန်=သိနေတယ် လေ ကိုယ့် မိန်းမလေးပျော်နေမယ် ဆိုတာ ။ သဘက်ခါ ကြရင် ကို တိုေ့ပြာင်း ကြမယ် ။ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ထားနော်ခင် ။
ခင်= အင်းပါ ကို ရဲ့။
 

သူက မွေးရပ်မြေ ကချင်ပြည်နယ် ကို ပြန်ရတော့မယ် ဆိုတော့ ပျော်နေ လေ ရဲ့။ ဒါနဲ့ ကျနော် က ရဲနောင် ပါ။ ကျနော့် မိန်းမ ခင်လေးက သိပ်ထူး ဆန်းတယ်။ လက်သည်း ရှည်ကြီးတွေ ပိုင်ဆိုင် ထားပြီး ဘာဝတ် ဝတ် အနက်ရောင် ကို မှ နှစ်သက် စွဲ လန်းစွာ ဝတ် တတ်တယ်။ ဘာစား စား သူ့ လက်သည်းရှည် ကြီးတွေ နဲ့ ထိုး စိုက်ပီး စားလေ့ ရှိ တယ်။


ကျွန်= ခင် အဲ့လို မစားရဘူးလေ ကွာ မစားကောင်းဘူး ခင်ရဲ့။
ခင်= အင်းပါ ကို ရယ် ခင်နောက်ဆင်ခြင်ပါမယ်။
 

အဲ့ဒါသူပြောနေကြစကား ။ပြော တုံးခဏ ပြီးရင်ပြန်လုပ်တာ ပဲ။
အဲ့လို နဲ့ ကျွန်တော်တို့ လင်မယား ပူတာအို ဘက်က အဲ့ဒီ ရွာလေးကို ရောက်ခဲ့တယ် ။ ရွာ လူ ကြီး နဲ့ တွေ့ ပြီး ရွာ စွန် လောက် မှာ နေရာ ချပေး တယ် ။ ကျွန်တော် တို့ အတွက် သစ်သားအိမ် ကလေးဆောက်ပြီးသား ပါ။


 ရောက်တဲ့ ရက်မှာ ပဲ လင်မယား ၂ ယောက် ပင်ပန်းလွန်းလို့ခြေ ပစ်လက်ပစ် အိပ် လိုက်ကြ တယ်။ နောက် တစ်ရက် ရောက်တော့ ရွာလူကြီး က လာခေါ် ပြီး ရွာ ဆေးပေးခန်းလေး ကို ပြတယ် ။ သိပ် အကြီးကြီး လဲ မဟုတ် သလို သိပ် သေးသေး လေးလဲ မဟုတ်ပါဘူး။

 ဆေး ပေးခန်း မှာ သူနာပြု  ဆရာမလေး တစ်ယောက် နဲ့ ဆရာ လေးတစ်ယောက် ရှိတယ် ။ ဖော်ရွေ ကြပါ တယ် ။ ရွာသူ ရွာသားတွေ ကတော့ သိပ် ထူးဆန်းတာပဲ ။ စကားလဲ မပြောကြဘူး ။ ကျွန်တော့ ကို မခင် မင် သေးတော့ ရွံ့နေတဲ့ ပုံပါ။

 အဲ့ဒီလို နဲ့ တစ်ပတ်လောက်ကြာတော့ ခင်လေးက  ကို ခင် တို့ မေမေ တို့ အိမ် သွားရအောင်လေ ။ ကို လဲ လိုက်ခဲ့ပေါ့။ ကျွန်တော် ကလဲ အင်း လိုက်ခဲ့ပါမယ် လို့ ကတိပေး ပြီး သူနာ ပြု ဆရာလေး နဲ့ ဆရာ မလေးကို အစစ လွှဲ ထားကာ လင်မယား ၂ ယောက် မြစ်ကြီး နား က ယောက်ခမ အိမ် ချီ တက်ခဲ့ကြပါရော ။ 

ကျနော် ယောက်ခမ ကြီးကလဲ သိပ်ထူးဆန်းတယ် ။ ခင်လေး လိုပဲ လက်သည်း ရှည်ကြီးတွေ နဲ့ ပြီးတော့ မဲနက်နေတာပဲ ။ ယောက်ခမ တို့ အိမ်မှာ ၂ ရက်လောက် နေပြီး တော့ ။ ကျနော် တို့ ပြန်ခဲ့ ကြတယ် ။ 

ရွာ လေးက ခေါင်ပေမဲ့ သာယာ လို့နေလို့ ထိုင်လို့ သိပ်ကောင်း တယ် ။ တစ်ရက် ပေါ့ ကျနော် ဆေးပေး ခန်းက အပြန် အိမ်ရောက် တော့ ကျနော် မိန်းမ ခင်လေး တစ်ယောက် အိမ် နောက်ဖေး မှာ ကုပ်ကုပ် ကုပ်ကုပ် နဲ့ ။ ဘာလုပ်နေလဲ သွားကြည့် တော့ အမဲ သားတွေ အစိမ်းလိုက် စားနေ လေရဲ့ ။ ကျနော် မျက် လုံးပြူး သွားတယ်။ အံ့သြ သွားပြီး ရုတ် တရက် ဆွံ့ အ သွား တယ် ပြီး မှ ။
 


ကျွန်= ခင် ဘာလုပ်နေတာ လဲ ။
ခင်= အယ် ကိုပြန်လာတာ စောတယ်နော် ။ ဒီမှာလေ ဗိုက်ဆာ လို့ အမဲ သား ကို နှမ်းဆီလေး နဲ့ တို့စားနေ တာ ကို ရဲ့ ။
 

သူကြည့်တော့လဲ ပြုံးပြုံးလေး ။
ကျွန်= အစိမ်းတွေ မစားရဘူးလေ ခင်ရဲ့ ။ အစာမကြေဖြစ်မှာပေါ့။
 

ခင်=အော် ကိုရယ် ခင် ငယ်ငယ် ထဲက စားတာ စားနေကြပါ ကိုရဲ့ ဘာမှမဖြစ် ပါဘူး။
အဲ့ဒီ တော့ လဲ ကျွန်တော် အထွန့်တက်ခွင့် မရှိတော့ ။.............


ကျွန်တော် တို့အိမ် ဘေး မှာ အမယ်အိုကြီး တစ်ယောက်နေတယ်။ သူလဲ ထူးဆန်းတယ် ရွာသားတွေ နဲ့ ခပ် ကင်းကင်းနေ သလို ရွာသူ ရွာသားတွေ ကလဲ သူကို မရှိ သလိုပဲ သတ်မှတ်ထားကြတယ် ။ အဲ့ အမယ် ကြီး ဘု ရား တရား အရမ်း လုပ်တယ် ထင်တယ် လက်မှာ ဆို အမြဲ ပုတီးအနက်ကြီး ကိုင်လို့ ။ 

မနက်၊ ညတွေ ဆို ဂါထာတွေ ရွတ်နေလား မသိ ။ တိုင်းရင်းသား မို့လို့ စကားမပီ လား မဆိုနိုင် ။ ကျနော် လဲ နားမလည်ဘူး။ သူက ကျွန်တော် တို့ လင်မယား နဲ့ မေးပြော ခေါ်ထူး ယုံပါပဲ။
 

အဲ့ဒီလိုနဲ့ ရွာလေးမှာ နေတာ ၁ နှစ်လောက်ကြာတော့ ခင်လေး မှာ ကိုယ်ဝန် ရှိလားရော ။ ကျနော် မှာ ပျော် လိုက်တဲ့ ဖြစ်ခြင်း။ ခင်လေး လဲ အရမ်းပျော် နေတာ ။ ဘေးအိမ် က အမယ်ကြီး လဲ ခင်လေး ကိုယ်ဝန် ရှိချိန်က စပီး ခင်လေး အနား က မခွာတော့ဘူး။ တစ်ကယ့် အမေအရင်း လို ပဲ။ 

ပုတီးကြီး စိပ်လို့ ခင်လေး အတွက် ဆုတောင်းပေးနေတာ ထင်ပါတယ် ။ အဲ့မှာ ထူးဆန်း တာက ကျနော့် မိန်းမ ခင်လေး။ 

အမယ်ကြီး ကို သိပ် သဘောမကျ တဲ့ ပုံ မျိုး ပဲ။ ကျနော့ မှာ အားနာ လိုက်တာ အမယ်ကြီးကို။
 

ကျွန်=အမေ ကျနော် မိန်းမ ကိုယ်စား ကျနော်တောင်းပန်ပါတယ်နော် ။ သူက ကိုယ်ဝန်ကြီး နဲ့ ဆိုတော့ တစ်ခါ တစ်လေ စိတ်နောက်တယ် ထင်ပါတယ် အမေရယ်။
 

အဘွားကြီး= အော်ရပါတယ် သားရယ် အမေဗွေ မယူ ပါဘူး။
အဲ့လို့မျိုး ကျွန်တော့ မှာ တောင်းပန်ရပါတယ်။

အဲ့လို နဲ့ ခင်လေး နေစေ့ လစေ့ ဖြစ်လာတဲ့ တစ်ရက် ရွာ ဆေးပေး ခန်းလေး ထဲ မှာ ပဲ ကျန်တော် ကိုယ်တိုင် ကျနော့ သားလေး ကိုအောင်အောင်မြင်မြင်မွေး ထုတ်ပေး နိုင်ခဲ့ပါတယ်။ ကျနော် အရမ်း ပျော်နေ ပါတယ် ။ အမယ်အိုကြီး လဲ အရမ်းပျော်နေပါတယ်။ ခလေး ကို အမယ် အိုကြီး က ချီမယ် လုပ်တော့ ခင်လေး အတင်းပြန်တောင်းပါတယ် ။သိပ်ထူးဆန်းတာပဲ။ 

အမယ်အိုကြီး ကတော့ ပြုံးပြီးတော့ပဲ ပြန်သွားပါတယ်။ မနက် ဖက် အမယ်ကြီး ဘုရား ရှိခိုးရင် ခင်လေး မခံ နိုင်ဘူး ဟို တွန့် ဒီတွန့် နဲ့ ။ ကျွန်တော် မင်္သကာတော့ပါ။
 

ကျွန် = ခင် ဘာဖြစ်လို့လဲ နေမကောင်း ဘူးလား။
ခင်= မဟုတ်ပါဘူးကို ရယ် ဘာဖြစ်လို့လဲ မသိ တစ်ကိုယ် လုံး ယား လာ လို့ ပါ။
 

ကျွန်= မတည့်တာတွေ စားမိလား ရေချိုး လိုက်ပါလား ခင်ရယ်။
ခင်= အင်း ချိုး လိုက်မယ်ကို။
 

ကျွန်=ပေးပေး ခလေး ကို ကိုယ်ကိုပေး။
ခင်=ဟင့်အင်း ဟင့်အင်း ခလေးပါခေါ်သွားမယ်။
 

ကျွန်တော် အံသြရပြန်ပါသည်။ ခင်လေး သည် သားလေး ကို မျက်စိ အောက် က အပျောက်မခံ ပါ ။ကျနေိာ ခင့် ကို ကြောက်လာ မိပါတော့သည်။ ကျနော့ ငယ်ငယ် က အမေ တို့ ပြော ပြဖူးသော သူများ ခလေးသာ မက ကိုယ့် ခလေးပါ စားသောက် တတ်သော သားစား စုန်းမ များ ခင်လေးဖြစ်နေမလား ။ မဖြစ်တော့ခြေ။
 

ကျနော့်သည် အရေးကြီးသော ကိစ္စ အား လုပ်ရပေတော့မယ်။ ထမင်း စားသော အချိန် ခင်လေး မသိစဉ် တွင် သူမ သောက်သော ရေခွက် ထဲ သို့ အိပ်ဆေး ခတ် ပါတော့သည်။ ကျနော့် မိန်းမ သည် ထမငိးစား ပြီး သည် နှင့် ခလေး အား ဖက် က အိပ်ပါတော့သည်။ 

ကျနော လဲ ခင်လေး အားကြိုး ဖြင့်တုတ် ထားခဲ့ပြီး သားလေး အား ဘေး အိမ် ရှိ ဘုရား တရား အမြဲ လုပ် ၍ ခင်လေးကြောက်သော အမယ် အိုကြီး ထံ ခလေးကို အပ်ပါတယ် ။ အမယ် အိုကြီး က ပြုံးပြလျက် သူ စောင့်ရှောက် ထား မည်ဖြစ်ကြောင်း ပြောပြီး တံခါး ကို ပိတ်လိုက်ပါတော့သည်။ 

ကျနော် လဲ အိမ် ရှိရာသို့ပြန်လာပြီး ခင်လေး အား အမှန် အတိုင်း ပြော ရန် နိုးရ ပါသည် ။ ခင်လေးနိုး လာသော အခါ ခလေး ကို အရင်မေး ပါသည်။
 

ကျွန်= မညာ နဲ့ တော့ ခင် ရယ် သားလေး ကို ချမ်းသာပေးပါ ။ စား ချင်လျင် ကို ကို သာစား ပါတော့ ခင်ရယ် နော်။
 

ခင်=ကို ဘာတွေ ပြော နေတာ လဲ သားလေး ရောလို့ ။
ကျွန်=သားလေး ကို အဘွားအိမ် ကို ပို့လိုက်ပြီ။ ကဲ ခင် ကိုယ့် ကို သတ်ပါတော့။ ဟူ၍ မျက်စီ မှိတ် သော အခါ ။ခင်လေး မှာ အသဲ အသန် အော် ငို လျက် ကိုယ်ကျိုးနဲ ပါပြီ ကိုရယ်။ အမလေး သားလေး ရဲ့ ငါ့ သားလေး အသက် မှ ရှိပါ အုံးမလား ။ ကို ခင်တောင်းပန် ပါတယ် ကို ရယ် သားလေးကိုပြန် သွား ခေါ် ပေးပါနော်။
 

ကျနော် ကြောင်သွားပါတယ် ။ ကျွန်တော် ရူးတော့မယ် ခင်လေး ဘာတွေ ပြော နေလဲ ကျွန်တော် နား မလည် ပါ။ ဝမ်းနည်း စွာ ရင် ကွဲ ပက်လက် ငိုကြွေးနေသော ချစ်ဇနီး အား သနား လာသလို သားလေး အား လဲ သူစိမ်း တစ်ယောက် လက် ထဲ တွင် ထားခဲ့ ရသည် ကို စိတ်ပူပန်မိ လာပါတော့သည်။ 

ချက်ချင်း ပင် ဇနီးသည် လက် မှ ကြိုးကို ဖြတ် က အမယ်အိုကြီး အိမ်ရှိ ရာသို့ လင်မယား၂ယောက် ပြေး လာမိ ပါတော့သည်။ အလာကောင်းပေမယ့် အခါ နှောင်းခဲ့ ပါပြီ ။ အမယ် အိုကြီး မှာ မရှိ တော့ပါ။ ဦး ခေါင်း မှ လွဲ ၍ ကိုယ် ခန္ဓာ တစ်ခုလုံး အသား မကျန် ပဲ အရိုး သာ ဖြစ် နေသော သား ငယ် လေး ၏ အလောင်းကို သာ တွေ့မြင်ရပါတော့သည်။ 

ကျနော့ ခြေ များ မခိုင်ချင်တော့ပါ။ ကျနော့ ဇနီးမှာ မူ အရုပ် ကြိုးပြတ် လဲကျပြီး အဲ့ဒီ အဘွားကြီး ပေါ့ အိမ်မက် ထဲ အထိ လာတောင်း တာ အဲ့ဒီ အဖွားကြီး ပေါ့ အောင်မလေး သား လေး ရဲ့ ဟု ဆို ကာ အသက် ပါသွား တော့ သည်။ 

အသက် ဝိညာဉ် ကင်မဲ့ေ နသော ချစ်ဇနီး ၏ အလောင်း ကိုထွေးပိုက်ရင်း ကျနော့ အမှား တစ်ခု အတွက် ဘယ်သော အခါ မှ ပြန်မရနိုင် တော့သော အရာများအားတွေး တောကာ ကျနော် သည် သားရဲ တစ်ကောင် လို အော်ဟစ် ငို ကြေး မိပါတော့သည်။



#‎ အိုဇုန်း‬ (သားငယ်)

 ပရလောကမှ ရှားပါးမှတ်တမ်းများ

No comments:

Post a Comment