29 June 2016

ဦးဇင်း သာဝ အလိမ်ခံရ




ကိုသာဝ ဆိုသူက နေ့စဉ် လိုလို မူးမူးပြီး မိန်းမနှင့် မကြာခဏ ရန်ဖြစ် စကားများကြတတ်တယ် တဲ့။
့ မိန်းမဖြစ်သူ က အကောင်းဆုံးနည်းလမ်း ရှာပြီး ဘုန်းကြီးကျောင်းသို့ သင်္ကန်းသွားဝတ်ပါရန် တိုက်တွန်း လိုက်တယ်တဲ့။


့ တစ်နေ့တော့ ကိုသာဝ က သင်္ကန်း ၀တ်ဖြစ်သွားတယ် ။ တစ်ပတ်လောက်ကြာသော် ဦးဇင်းသာဝ က လူ ဘ၀နှင့် ဦးဇင်း ဘ၀ကို စဉ်းစားတယ်။
 

“အင်း အိမ်ထက် စာရင် သင်္ကန်း ၀တ်ရတာ ပိုအေးချမ်းတယ်”
(၂) လ ကြာသော် လူထွက်ချင်စိတ် မရှိ မိန်းမဖြစ်သူက လူထွက်ရက်ကိုမျှော်နေသည် ။


(၃) လ ရောက်သော်လည်း လူထွက်ဖို့ အသံ မကြား တစ်နေ့တွင် မိန်းမဖြစ်သူက…


““ဦးဇင်း ဘုရား တပည့်တော်မ တို့၏ ခြံစည်းရိုး ပေါက်ပြဲနေပြီး လူ ၀င်လိုက် ခွေး ၀င်လိုက် နဲ့ ဘယ်လို လုပ်ရ မလဲဘုရား””


““ဟ ကပ္ပိယကြီး ရှိတယ်လေ သု့ကို ကာခိုင်းလိုက်””


ဒီလိုနဲ့ နောက်တစ်လ လည်း လူ မထွက် ဒီတစ်ခါ..


““ဦးဇင်း ဘုရား မိုးတွေကလည်း ကျလာပြီ အိမ်ခေါင်မိုးလည်း မလုံဘူး ဘယ်လို လုပ်ရမလဲဘုရား””
““ကပ္ပိယကြီးကိုလုပ်ခိုင်းလိုက်””
 

 နောက်(၁) လ ကြာလဲ မထူး.........
““အင်း ဘယ်လို လုပ်ရမလဲ””


နောက်တစ်နေ့ တွင် ခြေထောက် ထော့နဲ့ ထော့နဲ့ နဲ့ သွားပြီး…
““ဦးဇင်း ဘုရား…..တပည့်တော်မ ၏ပေါင်ကြား မှာ အနာစိမ်း အကြီးကြီးပေါက်နေလို့ ကပ္ပိယကြီး ကိုပဲ ညှစ်ခိုင်းတော့မယ်ဘုရား”” လို့ လျှောက်ပြီးပြန်လှည့်သွားသည်။







ဦးဇင်း စဉ်းစားသည်.. ပြီးကာမှ ကမန်း ကတန်းနဲ့…


““ဟေ့ဟေ့ ဒကာမ ခဏနေဦး ဒါတော့ ကပ္ပိယကြီးကို ညှစ်ခိုင်းလို့ မဖြစ်ဘူး ငါလာ ညှစ်ပေးမယ်““ ဆိုပြီး ချက်ချင်း လူထွက်ကာ အိမ်ရောက်တော့ …

““ပေးပေး ဘယ်မလဲ အနာ””


““ဘာ..အနာ မှ မရှိဘူး ရှင့်ကို သတိရလို့ လိမ်ပြောတာ ဟိဟိ””



““ဟာ့…သေနာမ အဟုတ်မှတ်လို့””




 Myanmar Daily Star

No comments:

Post a Comment