
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅) စက္ကန့် အချိန်တွင်
မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း
(ချောက်မြို့ ၏ အနောက်ဘက် (၁၂) မိုင်ခန့် အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈) အ
ဆင့် ရှိ အင်အားပြင်းထန်သော မြေငလျင် ဖြစ်ပေါ်ခဲ့ရာ ညောင်ဦးမြို့နယ် ပုဂံဒေသ ရှိ ဓမ္မရံကြီး၊ ထီးလိုမင်း
လို စေတီတော် ကွမ်းတောင်များပြိုကျ ခဲ့ပါသည်။
မြန်မာ စံတော်ချိန် (၁၈) နာရီ (၁၀) မိနစ် အထိ စာရင်းကောက်ခံချက် အရ ဘုရားပုထိုး ၆၅ ဆူ ထိခိုက်မှု
ရှိကြောင်း ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်။
၂၄.၈.၂၀၁၆
Ministry of Religious Affairs

ငလျင်လှုပ်ခတ်ပြီး ညောင်ဦးမြို့ ကနဦး သတင်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး ခရိုင်၊ ညောင်ဦးမြို့ တွင် (၂၄-၈-၂၀၁၆) ရက်နေ့ ညနေ (၁၇: ၀၇) နာရီ
အချိန်ခန့်တွင် လှုပ်ခတ်သွားသော အင်အားရစ်(ခ်)တာ စကေး ၆.၈ အဆင့် ရှိ အင်အားပြင်း ထန်သောမြေ
ငလျင်ဒဏ်ကြောင့် ပုဂံညောင်ဦးမြို့ရှိ ထီးလို မင်းလိုစေတီတော် ထီးတော်ပြိုကျခြင်း၊ ဓမ္မရံ ကြီး ဘုရား မုဒ်ဦး
ပြိုကျခြင်း၊ ငါးမျက်နှာ ဘုရားအပျက်အစီး အနည်းငယ်ရှိခြင်း၊
ဘုရား အမှတ် ၁၆၁၆ ပျက်စီးခြင်း၊ ခေမိန္ဒ ဘုရားပျက်စီးခြင်း၊ မြစေတီစိန်ဖူးတော်ပြုတ်ကျခြင်း၊ အာနန္ဒာ
ဘုရား အင်္ဂတေကွာကျခြင်း၊ တဘက်ကျစေတီထီးတော်မြေခခြင်းနှင့် အမည်မသိဘုရားအချို့ ပျက်စီး ဆုံးရှုံး
မှုရှိခဲ့ကြောင်းကနဦးသတင်းရရှိသည်။
ညောင်ဦး ပြန်/ဆက်
No comments:
Post a Comment