မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းကြသည့် မင်းစိုးရာဇာ မဟုတ်သည့်သူ များ အနေဖြင့် မဖြစ်မနေ သွားရသည့် အစိုးရဌာန၊ တစ်နည်း အားဖြင့် မသွား ချင်လည်းသွားရသည့် အစိုးရဌာန တစ်ခု ရှိသည်။ ၎င်းမှာ လ၀က ဌာနပင်ဖြစ်သည်။
ဘဏ်ဖြင့် ပိုက်ဆံ လွှဲချင်လျှင
လ၀က ရုံးနှင့် မဖြစ်မနေ ပတ်သက် ရသူတိုင်း စိတ်ချမ်းသာစွာဖြင့် အမှု ကိစ္စများကို ပြီးမြောက် ခဲ့ခြင်း မဟုတ်ပေ။ အနည်းဆုံး သုံးလေးခေါက်လောက် အသွားအပြန် လုပ်လိုက်ပြီး ငွေစလေး များ ပေးကမ်းလိုက်မှသာ ကိစ္စပြီးနိုင် သည်။ သို့မဟုတ်ပါက ရောက်လာသူ အပေါင်း မောဟ ၊ ဒေါသများဖြင့် စိတ် ဆင်းရဲစေပြီး သင်လိုချင်သည်ကိုလည်း လွယ်လွယ်ရနိုင်မည်မဟုတ်ပေ။
“ကျွန်မ ကလေး ၂ ယောက်အ တွက် သန်းခေါင်စာရင်းထဲ ကို မွေး/
ဒေါ်သူဇာ ၏ သန်းခေါင်စာရင်း မှာ မြောက်ဘက် ရပ်ကွက်တွင် နေထိုင်ခဲ့စဉ်က ပြုလုပ် ထားခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့် ကပင် တောင်ဘက် ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင် ခဲ့သည်။ သူမ ၏ ကလေးများသည် အသက် ၁၀ နှစ်ကျော်နေသည်အထိ သန်းခေါင် စာရင်းသို့ မသွင်းရသေးပေ။ ထိုသို့ကလေးများ ကို သန်းခေါင်စာရင်းသို့ မသွင်းရသေး သည့် အကြောင်း ရင်း ကတော့ အစိုးရ ရုံးများနှင့် ပတ်သက်ရမည်ကို ကြောက် ၍ဖြစ်ကြောင်း ဒေါ်သူဇာ က ဆိုသည်။
“သူတို့ဆီက ၃ ရစ် နဲ့ဝတ် ထားတဲ့ အမျိုးသမီး က ကျွန်မကိုပြော တယ်။ ကျွန်မ ကလေးတွေ က ၁၀ နှစ် အထိ သန်းခေါင်စာရင်းထဲ မသွင်းတာ ပြဿ နာ ရှိတယ်။ ၅ နှစ် အတွင်းမှ သန်းခေါင်စာရင်းထဲ သွင်းရမယ်။ အခု ၁၀ နှစ်ရောက်မှ သန်းခေါင်စာရင်းထဲသွင်း လို့ ခရိုင်ရုံး ထိ ဖြေရှင်းချက်ပေးရမယ်။ လွယ်လွယ်ကူကူမပြီးဆုံးနိုင်
“ကျွန်မ ကလေးတွေဟာ အခု လက်ရှိမှာ ကျွန်မ နဲ့ ရင်အုပ်မကွာ အတူရှိနေတယ် ဆိုတာ သက်သေပြနိုင် ဖို့ ကျွန်မ ရဲ့သန်း ခေါင်စာရင်းပြုလုပ်ထားတဲ့ ရပ်ကွက် က အိမ်နီးချင်း ၂ ယောက်ကိုခေါ်လာ ခဲ့ပြီး သူ့ရှေ့မှာ ထောက်ခံချက်ရေးပေး ရမယ် ပြောတယ်။ ကျွန်မ က အဲဒီရပ်ကွက်မှာ မနေတာကြာတော့ ဘယ်သူ နဲ့မှ အသိ မရှိဘူး။ သိတဲ့လူ ကလည်း ရုံးပြင်ကနား ကို လိုက် သက်သေခံပေးဖို့ ဆိုတာ လုပ်ချင်မှာမဟုတ်ဘူး။ ကလေး တွေ ကျောင်း တက်နေတဲ့ကျောင်း သားကတ်ပြပါမယ် ဆိုတော့လည်း အဲ ဒီ ၀န်ထမ်းက မရဘူးလို့ပြောတယ်” ဟု ဒေါ်သူဇာ က ဆိုသည်။
တစ်နေရာတွင် သန်းခေါင် စာရင်း ပြုလုပ်ထားလျှင် နောက်တစ်နေရာ ပြောင်းလျှင် သန်းခေါင် စာရင်းပါလိုက် မပြောင်းခြင်းက ဒေါ်သူဇာ အတွက် အားနည်းချက်ဖြစ်သည်။ ယခု ရပ်ကွက်တွင် မူ ဒေါ်သူဇာနှင့် သူ့မိသားစုမှာ ယာယီသန်းခေါင် စာရင်းဖြင့်နေ
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပ ဒေ အရ မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း မျိုးနွယ်စုကြီးရှစ်ခု (ရှမ်း၊ ကချင်၊ က ယား၊ ကရင်၊ ချင်း၊ ဗာ၊ မွန်၊ ရခိုင်) တို့မှ ပေါက်ဖွားလာသည့် သူများ သည် မွေးရာပါနိုင်ငံသားဖြစ်ခွင့
ဒေါ်သူဇာတို့ လင်မယားနှစ်ယောက
ဒေါ်သူဇာသည် ယခင် သူမနေထိုင် ခဲ့ရာ ရပ်ကွက်မှ အိမ်နီးချင်း များကို သက်သေ အဖြစ် မခေါ်လို သဖြင့် မြန် မာကျပ်ငွေ သုံးသောင်းဖြင့် လ၀က ၀န်ထမ်း ကို ရေလောင်းခဲ့သည် ဟုဆိုသည်။
လာဘ်ပေး လာဘ်ယူ တို့ရန်သူ ဆိုသော အုပ်ချုပ်သူ အစိုးရ အဂတိ ကင်းစင်ရေး ဆောင်ပုဒ် သည် လာဘ်ပေးသူ ကိုရော လာဘ်ယူသူပါ အစိုးရ ၏ ရန်သူ အဖြစ် သတ်မှတ်ထားသော် လည်း ဒေါ်သူဇာ ကတော့ အစိုးရ၏ ရန်သူသာ ဖြစ်လိုပြီး လ၀က ၏ ရန်သူတော့ မဖြစ်လိုပေ။
ဒေါ်သူဇာ ကဲ့သို့ပင် အစိုးရအဖွဲ့အ စည်း မဟုတ်သည့် သာမန်ပြည်သူတိုင်း တွင် လ၀ကနှင့် ပတ်သက်သည့် စိတ် အနှောင့်ယှက်ဖြစ်စရာ အကြောင်းရာ တစ်ခုခုတော့ ရှိစမြဲပင်ဖြစ်ကြောင်း လွန် ခဲ့သော ၅ နှစ်ခန့် က လှိုင်မြို့နယ် လ၀က ရုံးတွင် ၁၈ နှစ်ပြည့် မှတ်ပုံတင် လဲလှယ် ပြုလုပ်ခဲ့သူ မသီရိ ကပြောသည်။
“ကျွန်မ ၁၀ နှစ်ပြည့်တုန်းက အမေ ပဲ မှတ်ပုံတင် လုပ်ပေးတော့ လ၀က အကြောင်း မသိဘူးပေါ့။ ၁၈ နှစ်ပြည့် မှတ်ပုံတင် ကို ကိုယ်တိုင် လုပ်တော့ သူတို့က ဟဲ့ကောင်မလေး လက်ဖက်ရည် ဖိုးပေးသွားလို့ပြောတယ်။ ကျွန်မ က ပါလာတဲ့ ပိုက်ဆံ နှစ်ထောင်ပေးလိုက် တာ၊ အဲဒီ့ရုံးက အစ်မကြီး က အမယ်လေး ဒီနေ့ တစ်နေ့လုံး ရွှေပြည်စိုးတွေ နဲ့ချည်း တွေ့နေပါလား။ ဒီလောက် နဲ့ ဘာလုပ်လို့ ရမှာလဲလို့ အော်လိုက်တာ အကျယ်ကြီး။ ကျွန်မ ရှက်လွန်းလို့ အိမ် ကို ငိုပြန်သွားပြီး ပိုက်ဆံ ၁၅,၀၀၀ လာ ပြန်ပေးမှ မှတ်ပုံတင် ထုတ်ပေးတော့တယ်။ ကျွန်မတော့ စိတ်နာလွန်းလို့” ဟု သူမ က မျက်နှာမဲ့ကာ ပြန်ပြောပြသည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ နိုင်ငံသားများ အတွက် အခမဲ့ သန်းခေါင် စာရင်းနှင့် နိုင်ငံသား မှတ်ပုံတင်ပြုလုပ
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ပြည်သူ့လွှတ်တော် ပုံမှန် အစည်
လွှတ်တော်အတွင်းက ဒုဝန်ကြီး၏ ဖြေရှင်းချက်နှင့် ပြင်ပ လ၀က ရုံးများ ၏ လုပ်ဆောင်ချက်များ လွဲနေဆဲဖြစ် ကြောင်း တောင်ဥက္ကလာပ တွင် မှတ် ပုံတင်ပြုလုပ်ခဲ့သူ ဦးခိုင်စိုး ကဆိုသည်။
“လ၀က ရုံးကို မသွားချင်လို့ပေ
နယ်ကိုပြန် တောင်းဖို့ပြောတယ်။ ဒါပေမဲ့ အဲဒီ လောက် ငွေကုန် အချိန်ကုန် အလုပ်ရှုပ်တာ မလုပ်နိုင်တော့ဘူး။ အလုပ်က ခွင့်ယူပြန် ရင်လည်း လစာက ဖြတ်တောက် ခံရအုံးမယ်။ ကိုယ်ရောက်နေတဲ့ မြို့နယ် မှာပဲ သန်းခေါင်စာရင်း ကို အသစ် လုပ်လိုက်တယ်။ အဖေ့ ကိုလည်း သေစာရင်းထဲ ကလည်း မထုတ်တော့ဘူး”ဟု ဦးခိုင်စိုး က ဆိုသည်။
သေဆုံးသူကို သန်းခေါင်စာရင်းမှ ဖယ်ထုတ်ရန် သက်ဆိုင်ရာ ရပ်ကွက်ရုံး က ထောက်ခံချက် ကို လွယ်လွယ် ကူကူ တောင်းခံ ပယ်ဖျက်နိုင်သည်။ လ၀က က ဦးခိုင်စိုး ကို ယင်း အကြံဉာဏ် မပေးလိုက်သောကြောင့် သန်းခေါင်စာရင်းလူဦးရေတွင်
မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ရှိခဲ့သည် ဟု လ၀က ကဖော်ပြခဲ့သည် မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း မ ကောက်မီက အထိဖြစ်သည်။ ၎င်း မှာ ဦးခိုင်စိုး တွေ့ကြုံခဲ့ရသည
သေသူများကိုပါ ထည့်ဝင်ရေတွက် ထားသည့် သန်း ၆၀ ကျော် လူဦးရေ သန်းခေါင် စာရင်း များဖြင့် မြန်မာနိုင်ငံ ၏ ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲတွင် အခြေခံဥပဒေ ကို ထောက်ခံ အတည်ပြုနိုင်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းသာ ရှိကြောင်း လ၀က က ကြေ ညာခဲ့သည်။ သန်းခေါင်စာရင်း များတွင် သေလူများ ကို မဖယ်ထုတ်နိုင်သေး သ ၍ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် လည်း ပြည်သူ့လိုအင် ဆန္ဒပြည့်ဝမည် မဟုတ်ပေ။
မြန်မာပြည်သူများသည် ကိုယ့် မိဘများ သေဆုံးခဲ့ကြသည်ကို မုသားသုံး လိမ်လည် ထွက်ဆိုကြ မည် မဟုတ် သော်လည်း မိဘသေဆုံးသွားကြောင်း လိမ်လည် တင်ပြခိုင်းသည်မှာလည
ဈေးသည် အမျိုးသမီးသည် နိုင်ငံ သား မှတ်ပုံတင် ရမထားသည့် အိန္ဒိယနွယ်ဖွား ယောက်ျား ကို လက်ထပ် ထားပြီး သား တစ်ဦး ထွန်းကားခဲ့သည်။ သား အတွက် မှတ်ပုံတင် ရရှိရေးတွင် ဖခင်ဖြစ်သူအား သေဆုံးကြောင်းသာ တင်ပြရန် လ၀က က အကြံပြုသည်ဟု ၎င်းက ၀န်ခံပြောဆိုသည်။ ထိုကိစ္စ အတွက် လ၀က ကို ပိုက်ဆံပေးရကြောင်းလည်း ပြောသည်။
လ၀က သည် မှတ်ပုံတင် လုပ်လျှင် ယူလာရမည့် စာရွက် စာတမ်းများ၊ သန်းခေါင် စာရင်း လုပ်လျှင် လိုအပ်သည့် အချက်များ၊ မွေးတိုး၊ သန်းခေါင်စာရင်း ပြောင်း၊ သန်းခေါင်စာရင်း အသစ်လုပ်လျှ
“ကျွန်မ မှတ်ပုံတင် ရတော့ နံပါတ် က လွဲနေတယ်။ ပြန်ပြင်ပေးဖို့ပြော တော့ ဂဏန်းနေရာကို ဓားနဲ့ခြစ်ပြီး ပြန်ရေးပေးတယ်။ ကျွန်မ ပတ်စ်ပို့စ် လျှောက်တော့ မှတ်ပုံတင်မှာ ဖျက်ရာ ပါလို့ဆိုပြီး အကြာကြီးစောင့် လိုက်ရတယ်။ ကျွန်မ ဒါကိုပြန် အသစ် လုပ်မှဖြစ်မယ် ဆိုတာသိပေမဲ့ အဲဒီ့ ရုံး သွားရမှာ စိတ်ဆင်းရဲတယ်။ ကျွန်မ မှတ်ပုံတင် လုပ်တုန်းကလည်း သံ
လ၀က က ကောက်ခံသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား အ
သင့် မျက်စေ့ရှေ့တွင်နေသော ခရိုနီ မဟုတ်သူ၊ အာဏာပိုင် မဟုတ်သူ တစ်ဦးဦး က
ကျွန်တော်နဲ့ လဝက မကြာမီတွေ့မည်။
လဝက ဥပဒေအရ တွေ့မည်
ဖွဲ့စည်းပုံအခြေခံဥပဒေအရ
နိုင်ငံသားအခွင့်အရေးအရ တွေ့မည်။
လဝကမှ ပုဂ္ဂိုလ်များ အကြီးကြီး မင်္ဂလာပါ။
ဗညား Saw Lynn Loon
လ၀က ရုံးက ဓားပြများ
============
သတင်းဆောင်းပါး - မိမိသန့်(Ladies News journal )
စက်တင်ဘာ ၁၈၊ ၂၀၁၄။
မိမိသန့်
The Ladies News Journal
No comments:
Post a Comment