02 May 2018

အခုခေတ်ကာလ အခြေအနေတွေနဲ့ တူနေလို့



တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဆရာသမား တစ်ဦးပြောပြဘူးတဲ့ သခင်စိုး မဆလပါတီ
ဝင်မယ် ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့၂နှစ်လောက်က ကျွန်တော်ရေးခဲ့ဘူးတာ အချို မိတ်ဆွေများ မှတ်မိ မယ်ထင်ပါတယ်။

အခုခေတ်ကာလ အခြေအနေတွေနဲ့ တူနေလို့အကျဉ်းချုပ်လေးပြန်တင်ပါမယ် ။
အချိန်ကာလက ဦးနေဝင်း ဘုန်းမီးနေလ တောက်ပနေတဲ့မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်တစ်ပါတီခေတ်၊ကွန်မြူနစ် သခင်စိုးကြီးကလည်း အင်းစိန် ထောင်ထဲရောက်နေတဲ့ အချိန်၊

ဦးနေဝင်း အနေနဲ့သခင်စိုးကြီး ကိုသူနဲ့ အတူမဆလပါတီကိုဦးဆောင်ဖို့ မက်လုံးတွေ အမျိုးမျိုးပေးပြီး စည်းရုံးပေမဲ့ သခင်စိုးကြီးက ခါးခါးသီးသီး တစ်လျှောက်လုံး ညင်းနေရာက တစ်နေ့တော့ သူ လမ်းစဉ်ပါတီကို ဝင်မဲ့ အကြောင်းထောင်အာဏာပိုင်တွေကို ပြောလိုက်တယ်ဆိုရင်ပဲ အဆင့်ဆင့် သတင်းပို့လိုက်ကြတာ တစ်ခဏမကြာ ဦးနေဝင်းကြီး နားရောက်တယ် ဆိုရင်ပဲ ဦးနေဝင်းကြီးက သူ့တပည့်တွေကို ခေါ်ပြီး

"မင်းတို့ ခုချက်ခြင်း ဆရာကြီး သခင်စိုးဆီသွားတွေ့..ဆရာကြီးဟာ နိုင်ငံရေးလောကမှာ ငါတို့ဆရာ..လေးလေးစားစား ဆက်ဆံ..ဒီညပဲ ဂုဏ်ပြုညစာနဲ့ ဧည့်ခံ"..အေး ဒါပေမဲ့ ငါသိခြင်တာတစ်ခုကိုတော့ မင်းတို့မေးခဲ့၊  မက်လုံးတွေအမျိုးမျိုးပေးပြီး ငါအကြိမ်ကြိမ်စည်းရုံးတာကို ခေါင်းခါ ခဲ့ပြီး အခုမှကောက်ခါ ငင်ကာ တို့ပါတီကိုဘာလို့ဝင်ခြင်ရသလည်းဆိုတာပဲ "

ဒီလိုနဲ့ ညစာစားပွဲမှာ ဦးနေဝင်းကြီးမေးခိုင်းတဲ့ မေးခွန်းကိုသူမေးရနိုး ကိုယ်မေးရနိုး နဲ့တပည့်တွေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေတယ် ဆိုရင်ပဲ အကင်းပါးတဲ့ သခင်စိုးကြီးက..မင်းတို့ဆရာက ဘာများ မှာလိုက်လို့ လည်းဟု စကားလမ်းကြောင်း ခင်းပေးလိုက်တယ်ဆိုရင်ပဲ မျက်နှာလိုခြင်တဲ့တပည့် တစ်ပန်း အပေါင်းဟာဦးနေဝင်းကြီး အမှာတော်ပါးလိုက်တဲ့ အမေးကိုသူ့ထက်ငါ အလုအယက် မေးကြတာပေါ့ ။


အဲဒီမှာ သခင်စိုးကြီးဟာ သူ့ လက်ဖဝါးကြီးနဲ့ ထမင်းစားပြွဲကီးကိုအာပါပြင်းထန်စွာ ဗုန်းကနဲရိုက်လိုက်ပြီး..အေး..ငါပြောခြင်တာ အဲဒီအကြောင်းပဲကွဆိုပြီး... မင်းတို့ စဉ်းစားစမ်း..ကိုနုရဲ့လူတစ်ကိုယ် တိုက်တစ်လုံး၊ကားတစ်စီး၊ လစာ၈၀၀ ဆိုတဲ့ မစားရ ဝခမန်း မအောင်မြင်တဲ့ပြည်တော်သာစီမံကိန်းကြီးနဲ့တိုင်းပြည်ကို ဖျက်ပေမဲ့ တိုင်းပြည် မပျက်ဘူး၊

သန်းထွန်းဆိုလည်း လူဆိုကျင်း၊ လှည်းဆိုထင်း၊ နွားဆိုဟင်း ဆိုပြီး တိုင်းပြည်ကို အမျိုးမျိုး ဖျက်ပေမဲ့ ဒီတိုင်းပြည်က မပျက်ပြန်ဘူး၊ ငါလည်း နည်းမျိုးစုံနဲ့ တိုင်းပြည်ကိုဒုက္ခပေးခဲ့တာ မင်းတို့အသိ၊ဒါပေမဲ့ တိုင်းပြည်က မပျက်ဘူး ။

ခေတ်အဆက်ဆက် ငါတို့တွေနည်းလမ်းမျိုးစုံသုံးပြီး ဘယ်လောက် ဖျက်ဖျက်မပျက်တဲ့ တိုင်းပြည်ကို အခု မင်းတို့ဆရာ နေဝင်း ပါတီထောင်ပြီး စနစ်တစ်ကျ တိုင်းပြည်ကိုဖျက်တာ တိုင်းပြည်အတော်ပျက်သွားပြီ၊အဲဒီလို လုပ်နိုင်စွမ်းကို လေးစားလို့ ငါ လမ်းစဉ်ပါတီကို ဝင်တာလို့ မင်းတို့ဆရာကိုပြန်ပြောလိုက် ၊ (ပြန်ပြော မပြောတော့ ကျွန်တော့ဆရာ ပြောတဲ့အထဲ မပါပါ)

၁၉၈၈ နောက်ပိုင်း မှ (၂၀၁၅ ထိ) န.ဝ.တ၊ န.အ.ဖ နဲ့ ဦးသိန်းစိန် အစိုးရ အထိ အပေါ်က လုပ်ပိုင်ခွင့်တွေ အများကြီးနဲ့ ဗိုလ်ချုပ်တွေဗိုလ်ချုပ်ကြီးတွေ မဆိုထားနဲ့Captain လောက် အဆင့်နဲလူတွေတောင် သိန်းပေါင်း သိန်းချီပြီး ချမ်းသာတဲ့အထိ အကျင့်ပျက်ခြစားပေမယ့် တိုင်းပြည်က ဖွံဖြိုး တိုးတက်မှု့နှေးတာ ပဲရှိတယ်၊ လုံးဝ မတိုးတက်တာတော့ မဟုတ်ဘူး ။ အမျိုးဘာသာ သာသနာဆိုလည်း ထိမ်းသိမ်းစောင့်ရှောက်ပေးဖော်ရတယ် ။

ပြောရရင် နှစ်ပေါင်း ၂၆/၂၇ နှစ် သူတို့ဘယ်လိုဖျက်ဖျက် တိုင်းပြည်မပျက်ဘူး တည်ငြိမ်အေးချမ်းတယ် ။အခု ခင်ဗျားတို့ ၂ နှစ်မှာ တိုးတက်တာဆိုလို့ စကားကြီး စကားကျယ်တွေရယ်၊ ကုန်ဈေးနှုန်း တက်လာ တာရယ်၊ သက်ငယ် မုဒိန်းမှု့တွေရယ်၊ ဘယ်လိုမှ ကြည့်ပျော်ရှု့ပျော် မဖြစ်တဲ့ ဗိုလ်ချုပ်ရုပ်တုတွေရယ်ပဲ ရှိတယ် ။

တိုင်းပြည်ကတော့ ပျက်ကာနီးနေပြီ လွတ်လပ်ရေး ရပြီးတဲ့ ၁၉၄၈ ကနေ ၂၀၁၅ အထိ အုပ်ချုပ်ခဲ့တဲ့ အစိုးရ အဆက်ဆက် တိုင်းပြည် ဆင်းရဲသွားတာကလွဲပြီး အချုပ်အခြာ အာဏာကို ပြောင်ပြောင် တင်းတင်း စော်ကား ခံရပြီး တိုင်းပြည်ပျက်တော့မဲ့ အခြေအနေထိမရောက်ခဲ့ဘူး ။

ခေတ်အဆက်ဆက် ဘယ်လိုမှ မပျက်တဲ့ တိုင်းပြည်ကို ၂ နှစ် အတွင်း စနစ်တစ်ကျ ပါတီထောင်ပြီး
ဖျက်နိုင် တဲ့ အတွက်  *သခင်စိုးကြီးစကား ငှါးပြောရရင်.. ကျွန်တော်NLD ပါတီဝင်မယ် ။


Credit- Myint Oo
Naung Yoe

No comments:

Post a Comment