14 June 2018
ယုံကြည်မှု သဒ္ဓါတရား
နဂါးဒေါ်ဦး ဆိုတာ ဖဆပလခေတ် နဲ့ မဆလခေတ် အစောပိုင်းလောက်မှာ လျှမ်းလျှမ်းတောက် လုပ်ငန်းရှင် ၊ ကျိကျိတက် သူဌေး ။ အဆင်းရော အချင်းရော ရှိသူ ၊ ပြီးတော့ ဆရာမကြီး လူထုဒေါ်အမာရဲ့ အစ်မ အရင်း ။ နဂါးဆေးလိပ် နဲ့ ကြီးပွား ချမ်းသာခဲ့သူပါ ။
သူ့ အလှူတွေ ဗမာပြည်မှာ တော်တော်များတယ် ။ ပုပ္ပါး၊ စစ်ကိုင်းတောင်ရိုး တို့မှာ သူ့ကောင်းမှုတွေ မြင်ခဲ့ ဖူးပါတယ် ။ လူကိုယ်တိုင်တော့ မမြင်ဖူးဘူး ။ ဘယ်မြင်ဖူးမလဲ ၊ သူလို ကုဋေကြွယ် လုပ်ငန်းရှင် သူဌေးမကြီး အနား သာမန်တောသား ကပ်နှိုင်တာမှတ်လို့ ။
မန်းလေး သင်္ကြန် နဂါး မဏ္ဍပ် နာမည်ကြီးတယ် ၊ အဲဒီမှာ သူ့ မြင်ကောင်း မြင်နှိုင်တယ် ဆိုပေမယ့် မန်း သင်္ကြန်ကို ဟိုခေတ်က ဘတ်စ်ကား အခက်အခဲကြောင့် မရောက်ဖူးခဲ့ပါဘူး ။ တစ်ခေါက်တစ်လေ ရောက်ဖူးပြန်တော့လည်း အပေါင်းအသင်း ဧည့်သည်တွေနဲ့ မူးနေတာနဲ့ပဲ ရောက်သင့်တဲ့နေရာတွေ မရောက်ခဲ့ပြန်ပါဘူး ။
တွေ့မယ့်တွေ့တော့ ၈၄ လမ်း နဂါးတိုက်ပေါ်မှာပဲ အနီးကပ် တွေ့ရတာပါ ။ ကိုယ့် ကုသိုလ်ကံ ယုံတောင် မယုံဘူး ။ ဗမာပြည်မှာ ဒီလောက် နာမည်ကြီးတဲ့ သူဋ္ဌေးမကြီးနဲ့ အနီးကပ် စကားပြောခွင့် ရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ပါဘူး ။
ဒါပေမယ့် ကံဆိုးချင်တော့ နဂါးဒေါ်ဦး နဲ့ တွေ့ဆုံခွင့်ရချိန်မှာ သူဟာ ဇရာကြောင့် သူငယ်ပြန်နေပါပြီ ။ ( ဆေးအခေါ် အယ်လ်ဇိုင်းမား ရောဂါ ထင်တယ် ။ ) နဂါးတိုက် ရောက်ရခြင်း အကြောင်းကလည်း အဲသည်မှာ အလည်ရောက်နေတဲ့ စစ်ကိုင်းတောင်ရိုးက သီလရှင် ဆရာကြီး ၂ ပါး သွားပင့်တာပါ ။ အကျွေးအမွေး တစ်ခုအတွက် ချက်ပြုတ်ပေးဖို့ ဆရာကြီး ၂ ပါးကို အကူအညီ တောင်းထားတယ် ။ ( အလှူရှင်က အစ်မ ) ။
10 June 2018
နိမိတ် နောက် နမာ လိုက်
မွဲ ၊ သေ ၊ ကြမ္မာငင် .. စတဲ့ ကြိယာတွေကို အရမ်းကာရော မသုံးဖို့ ရှေးလူကြီးတွေ သတိပေးလေ့ရှိတယ် ။ နိမိတ်မရှိလို့ တဲ့ ။ ငါ သေချ င်တယ် ၊ မသေသေးဘူးလား ၊ မွဲတော့မှာပဲ ၊ မွဲနေပြီ ၊ မွဲကိန်းဆိုက်ပြီ .. အဲဒီလိုမျိုး စကားတွေ ၊ ဝါကျ တွေ ပြောမိ သုံးမိရင် မကြာခင် အဖြစ်ဆိုးတွေ ကြုံ ရတတ်တာလည်း တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်လောက်ဘူး ။
ဂီတမှာ တစ်ချို့ သီချ င်းစာသားတွေ ၊ သီချ င်း အမည်တွေဟာ ရှောင်နှိုင်ရင် ကောင်းပါတယ် ။
ငယ်စဉ်က တွံတေးသိန်းတန်ရဲ့ ......
× × မိုးရွာရင် × ကြမ္မာငင်တော့မယ်လို့ × မထင်နဲ့လေ မိုးရယ် × ×
အဲ့ဒီ တေးတ စ်ပိုဒ် အော်ဟစ် ညည်းမိလို့ ကုန်သည် ဈေးသည် မိခင်ရဲ့ မရိုက်စဖူး အရိုက်အနှက် ခံခဲ့ရ ဖူးပါတယ် ။ တွံတေးသိန်းတန် ကိုယ်တိုင်လည်း လောကဓံ အနိမ့်အမြင့် ရင်ဆိုင်ခဲ့ရပါတယ် ။
ကမ္ဘာကျာ် အဆိုတော် မိုက်ကယ်ဂျက်ဆင် ဘဝနေဝင်ချိ န် မတိုင်မီက Bad ; Dangerous ဆိုတဲ့ သီချ င်းတွေ ( သို့မဟုတ် ) စီးရီးတွေ ထုတ်ဝေဖူးတယ် ။ နိမိတ်မရှိတဲ့ သီချ င်း ၂ ပုဒ် ၊ ၃ ပုဒ်ဟာ မကြာခင် သူဘာဖြစ်တော့မယ်ဆိုတာ သဲလွန်စ ပေးနေသလိုပါ ။
မြန်မာသံတေးတွေ တစ်ခေတ်ဆန်းလိုက်တဲ့ အဆိုတော် မင်းအောင်ဟာ စ, ဝင်လာကတည်းက ` မင်း သားလေးလို လွမ်းပြမယ် ´ တဲ့ ။ အလွမ်း စကားလုံးပါတယ် ။ သူကွယ်လွန်ကာနီး ထုတ်ဝေခဲ့တဲ့ သီချ င်း တစ်ပုဒ် အမည်က " ရန်ကုန်သူ လွမ်းမှာစိုးတယ် " တဲ့ ။ စာသားတွေက ...
× × ရန်ကုန်သူရေ × လွမ်းလို့ကျ န် × လွမ်းလို့ကျ န် × × တဲ့ ။
ရှိသေးတယ် ၊ × × ငါသေရင် ငါ့ရဲ့နံဘေးမှာ × ဂစ်တာရယ် × တိပ်ခွေလေးရယ် × စတီရီယို ကက်ဆက်တစ်လုံးရယ် × တမလွန်အထိ ယူသွားရမယ် × × တဲ့ ။တစ်မျိုးကြီးပဲ ။
ခင်ဝမ်းက `` နှုတ်ဆက်ခဲ့ပါတယ် ´´ တဲ့ ။
စာသားက ..
× × နှုတ်ဆက် ခဲ့ပါတယ် × ကျွန်တော် သွားတော့မယ် × လမ်းရဲ့ သယ်ဆောင်ရာ × ဟိုအဝေးကို × အဝေးကို × ×
ပြည်မှာဆောင်း သီချ င်းမှာလည်း ..
× × အနေဝေး × ( ရေဝေး ) မှာ ဆုံးရှုံးသွားရတော့မယ့် × ပြည်မှာဆောင်း × × တဲ့ ။
( သူ ကွယ်လွန်တော့ ရေဝေး သုဿ န်မှာ မြု ပ်နှံခဲ့ရတယ် ထင်တယ် ။ ) ဆိုင် မဆိုင်တော့ မသိ ၊
ဆရာမြို့မငြိမ်းရဲ့ ` တိမ်လွှာမို့မို့လွင် ´ ကို နိမိတ်မကောင်းဘူးလို့ ယူဆလို့ အဖွဲ့သားတွေက သည်တေး လက်ရှောင်တယ်တဲ့ ။
ဒါတွေ အယုံအကြည်မရှိတဲ့ ဦးဝင်းဦးက ပြန်လည်ဖေါ်ထုတ်တယ် ။ ဦးဝင်းဦးလည်း ဘာ့ကြောင့်ရယ် မသိ ၊ အကြွေစောခဲ့ရှာတယ် ။
Subscribe to:
Posts (Atom)