မွဲ ၊ သေ ၊ ကြမ္မာငင် .. စတဲ့ ကြိယာတွေကို အရမ်းကာရော မသုံးဖို့ ရှေးလူကြီးတွေ သတိပေးလေ့ရှိတယ် ။ နိမိတ်မရှိလို့ တဲ့ ။ ငါ သေချ င်တယ် ၊ မသေသေးဘူးလား ၊ မွဲတော့မှာပဲ ၊ မွဲနေပြီ ၊ မွဲကိန်းဆိုက်ပြီ .. အဲဒီလိုမျိုး စကားတွေ ၊ ဝါကျ တွေ ပြောမိ သုံးမိရင် မကြာခင် အဖြစ်ဆိုးတွေ ကြုံ ရတတ်တာလည်း တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်လောက်ဘူး ။
ဂီတမှာ တစ်ချို့ သီချ င်းစာသားတွေ ၊ သီချ င်း အမည်တွေဟာ ရှောင်နှိုင်ရင် ကောင်းပါတယ် ။
ငယ်စဉ်က တွံတေးသိန်းတန်ရဲ့ ......
× × မိုးရွာရင် × ကြမ္မာငင်တော့မယ်လို့ × မထင်နဲ့လေ မိုးရယ် × ×
အဲ့ဒီ တေးတ စ်ပိုဒ် အော်ဟစ် ညည်းမိလို့ ကုန်သည် ဈေးသည် မိခင်ရဲ့ မရိုက်စဖူး အရိုက်အနှက် ခံခဲ့ရ ဖူးပါတယ် ။ တွံတေးသိန်းတန် ကိုယ်တိုင်လည်း လောကဓံ အနိမ့်အမြင့် ရင်ဆိုင်ခဲ့ရပါတယ် ။
ကမ္ဘာကျာ် အဆိုတော် မိုက်ကယ်ဂျက်ဆင် ဘဝနေဝင်ချိ န် မတိုင်မီက Bad ; Dangerous ဆိုတဲ့ သီချ င်းတွေ ( သို့မဟုတ် ) စီးရီးတွေ ထုတ်ဝေဖူးတယ် ။ နိမိတ်မရှိတဲ့ သီချ င်း ၂ ပုဒ် ၊ ၃ ပုဒ်ဟာ မကြာခင် သူဘာဖြစ်တော့မယ်ဆိုတာ သဲလွန်စ ပေးနေသလိုပါ ။
မြန်မာသံတေးတွေ တစ်ခေတ်ဆန်းလိုက်တဲ့ အဆိုတော် မင်းအောင်ဟာ စ, ဝင်လာကတည်းက ` မင်း သားလေးလို လွမ်းပြမယ် ´ တဲ့ ။ အလွမ်း စကားလုံးပါတယ် ။ သူကွယ်လွန်ကာနီး ထုတ်ဝေခဲ့တဲ့ သီချ င်း တစ်ပုဒ် အမည်က " ရန်ကုန်သူ လွမ်းမှာစိုးတယ် " တဲ့ ။ စာသားတွေက ...
× × ရန်ကုန်သူရေ × လွမ်းလို့ကျ န် × လွမ်းလို့ကျ န် × × တဲ့ ။
ရှိသေးတယ် ၊ × × ငါသေရင် ငါ့ရဲ့နံဘေးမှာ × ဂစ်တာရယ် × တိပ်ခွေလေးရယ် × စတီရီယို ကက်ဆက်တစ်လုံးရယ် × တမလွန်အထိ ယူသွားရမယ် × × တဲ့ ။တစ်မျိုးကြီးပဲ ။
ခင်ဝမ်းက `` နှုတ်ဆက်ခဲ့ပါတယ် ´´ တဲ့ ။
စာသားက ..
× × နှုတ်ဆက် ခဲ့ပါတယ် × ကျွန်တော် သွားတော့မယ် × လမ်းရဲ့ သယ်ဆောင်ရာ × ဟိုအဝေးကို × အဝေးကို × ×
ပြည်မှာဆောင်း သီချ င်းမှာလည်း ..
× × အနေဝေး × ( ရေဝေး ) မှာ ဆုံးရှုံးသွားရတော့မယ့် × ပြည်မှာဆောင်း × × တဲ့ ။
( သူ ကွယ်လွန်တော့ ရေဝေး သုဿ န်မှာ မြု ပ်နှံခဲ့ရတယ် ထင်တယ် ။ ) ဆိုင် မဆိုင်တော့ မသိ ၊
ဆရာမြို့မငြိမ်းရဲ့ ` တိမ်လွှာမို့မို့လွင် ´ ကို နိမိတ်မကောင်းဘူးလို့ ယူဆလို့ အဖွဲ့သားတွေက သည်တေး လက်ရှောင်တယ်တဲ့ ။
ဒါတွေ အယုံအကြည်မရှိတဲ့ ဦးဝင်းဦးက ပြန်လည်ဖေါ်ထုတ်တယ် ။ ဦးဝင်းဦးလည်း ဘာ့ကြောင့်ရယ် မသိ ၊ အကြွေစောခဲ့ရှာတယ် ။
စာပေနယ်မှာလည်း အဲဒီလို နိမိတ်ပြ ဝတ္ထု တွေ ၊ ဆောင်းပါးတွေ အများကြီး ရှိပါတယ် ။ ရုတ်တစ်ရက်
စဉ်းစား မရလို့ပါ ။ ခေါင်းထဲပေါ်လာတာတော့ ဆရာ သော်တာဆွေရဲ့ ၇၅ ပဲ ။
သူ့ဟာသ ဝတ္ထု တွေမှာ ၇၅ ကို ခဏခဏ သုံးခဲ့ဖူးတယ် ။ ( ဒီလို မိန်းမမျိုး ရလို့ကတော့ ၇၅ ယောက် ယူတယ် ။ ဒါမျိုးများ ၇၅ ခါ ဖြစ်လိုက်စမ်း .. စသဖြင့် ) ။ သူကွယ်လွန်တော့ ၇၆ နှစ် ... ။
တစ်ချို့ အမျိုးသမီးကြီးတွေ ပုဝါ စုံချ တယ် ။ တစ်ချို့ စလွယ်သိုင်းတယ် ။ အစဉ်အလာ အတိုင်း ရိုးရာ
မပျ က် စုံချ တဲ့ အမျိုးသမီးကြီးတွေ စုတ်ကော ၊ လာဘ်ကော ဝင်တယ် ။ လိုရာပန်းတိုင် ရောက်ကြတယ် ။
အစဉ်အလာကို ဖောက်ထွက်တဲ့ ၊ စလွယ်သိုင်းတဲ့ တစ်ချို့ လေဒီကြီးတွေ ထိပ်ဆုံး မရောက်ပဲ ထိပ်ဆုံးနား တစ်နေကြတယ် ။
တစ်ချို့အမျိုးသားတွေ နေကာမျ က်မှန် တပ်တယ် ။ ဟောပြောပွဲတွေမှာ မျ က်မှန် အနက်ကြီး တပ်ဟော တယ် ။ လူမြင်ကွင်းမှာ spec တစ်ကားကားနဲ့ စတိုင်ထုတ်တယ် ။
ရလဒ်က ဥာဏ် အမြင်တွေ ၊ ဗဟုသုတ ရရာ ရကြောင်းတွေ ၊ အတွေးအမြင် ဝေမျှ ခွင့်တွေ ကန်းသွားတယ် ( သို့မဟုတ် ) အဖွဲ့အစည်း တစ်ခုခုရဲ့ ကန့်သတ်ပိတ်ပင်မှု ခံလိုက်ရတယ် ။
( ဘယ်သူ ဘယ်ဝါ မဆိုလိုပါ ၊ ဖြစ်တတ်တဲ့ သဘာဝ ပြောတာပါ ။ )
ဒါ့ကြောင့် နိမိတ် နောက် နမာ မလိုက်အောင် စကားအသုံးအနှုန်း ၊ အပြောအဆို ၊ ဆင်ခြင်ကြပါ ။
ပုဝါ စုံချ ကြပါ ။ မျ က်မှန်နက်ကြီး စင်ပေါ်မှာ မတပ်ကြပါနဲ့ ။
Crd ; Maung Maung Nee
No comments:
Post a Comment