Post Covid Myanmar Economy
Covid ရိုက်ချက်ကပြင်းသည် ။
1929. Great Depression မဟာစီးပွားပျက်ကပ်
1973. Oil Crisis
1997. Asia Monetary Crisis
2008. Sub prime Crisis
စသည်တို့နှင့် သဘာဝမတူ ယခင် ပြသနာများတွင် စီးပွားရေးကျဆင်းသော်လည်း လူတွေ အပြင်ထွက် အလုပ်လုပ်ပြီး နာလန်ထရေး ကြိုးစားလို့ရသေးသည် ။
ယခုပြဿနာက လူတွေအပြင်ထွက်ခွင့်မရှိ ပုံမှန်အခြေအနေပြန်ရောက်အောင် ကုစားဖို့ ခက်ခဲသည်၊
ပြောရလျင် ပိုဆိုးသည်၊ အများကြီးပိုဆိုးပါသည် ။
🍄 နှစ်ကြော့ပြန် ဒါဏ်
Double Negative Impact
Covid ပထမလှိုင်းမှာပင် ကမ္ဘာ့စီးပွားရေး အတော်ထိသည်၊ ဒုတိယလှိုင်းထပ်လာဦးမည်ဟု
ကျွမ်းကျင်သူများ ခန့်မှန်းထားသည့်အတိုင်း ဒုတိယလှိုင်းလာချေပြီ ။ ပညာရှင်များက ကမ္ဘာ့ အဆိုးဝါးဆုံး စံပြဖြစ်သည့် 1929 Great Depression ထက်ပင် ပိုဆိုးဝါးလိမ့်မည်ဟုခန့်မှန်းသုံးသပ်ခဲ့ကြ သည့်အတိုင်း၊ လက်တွေ့မှာလည်း လက္ခဏာအတော်များများ ပြသလာခဲ့သည်ကိုတွေ့ရသည်၊
နိုင်ငံများ မည်မျှတောင့်ခံနိုင်ကြမည်နည်း ?
Globalization ဟူသည့်အတိုင်း အနည်းအများသာ ကွာပါလိမ့်မည်၊ ဒါဏ်ရာမရသည့်နိုင်ငံတော့
ရှိမည်မဟုတ်ပါ၊
🍄 ကြံ့ကြံ့ခံနှိုင်မှု့
Resiliency
နိုင်ငံတိုင်း ကြံ့ကြံ့ခံနိုင်မှုမတူပါ Covid ရိုက်ချက်ပြင်းပါသည်၊
* နိုငံအဆင့် ဒေဝါလီခံ အဖြစ်မျိုး၊
* ကမ္ဘာ့ စီးပွားရေးအဆင့် လျော့ကျသည့်နိုင်ငံမျိုး
* အစိုးရများ ပြုတ်ကျသွားသည့် နိုင်ငံမျိုး .... စသဖြင့် နိုင်ငံများ၏ ခုခံနှိုင်မှုအားပေါ်တွင်မူတည်ပါ လိမ့်မည် ။
🍄 အစိုးရများ ကဏ္ဏ
The Role of Government.
သာမာန် ရေစုန်မျှောကာလတွင် အစိုးရများကဏ္ဏ မသိသာသော်လည်း၊ Crisis time ဟူသော
အကြပ်အတည်းကာလတွင် အစိုးရများ၏ အရည်အချင်း အမှန် ပေါ်လွင်လာရတော့၏ ။ သမ္မတ၊ ဝန်ကြီးချုပ်တို့၏ မူဝါဒ မှန်ကန်ရမည်ဖြစ်သလို မျက်နှာစုံကို ကိုယ်စားပြုသော ဝန်ကြီးများ၏
Team work သည် ပြည်သူတို့သက်သာရာ၊သက်သာကြောင်း အဖြေတစ်ခုလည်း ဖြစ်လာ၏ ။
💥 Case study (1)
Covid တိုက်ခိုက်မှုကာလအတွင်း နိုင်ငံ (၃) ခု
ကူးစက်မှုအနည်းဆုံး၊ သေပျောက်မှုအနည်းဆုံးဖြင့်
ချီးကျူးခံရသည် ။
💥 US, UK သည် လစ်ဘရယ် ဖက်တွယ်လွန်းခြင်း
Administrative system အားနည်းခြင်း၊ ထရမ့်နှင့်
Boris တို့၏ ဆုံးဖြတ်ချက် မှားယွင်းခဲ့ခြင်းများကြောင့်
ယနေ့အထိ Covid ဒါဏ်ကို ခံစားနေရဆဲ၊
💥 မြန်မာနိုင်ငံ ပထမလှိုင်းတွင် ခပ်ပေါ့ပေါ့ယူဆ လိုက်သဖြင့် မလိုလားအပ်သော ရိုက်ခတ်မှုများ
ရှိခဲ့သလို၊ ဒုတိယလှိုင်းတွင် ရခိုင်းကို Lockdown ချနှိုင်ပါက ရန်ကုန်အခြေအနေ ယခုလောက်
ဆိုးမည်မဟုတ်၊ ထို့မျှမက စည်းရုံးရေးဆောင်ရွက်မှုများကို လူအုပ်ဖြင့်လွှတ်ထားလေရာ.... မကြာမီ ထိုနယ်များ၌ ကူးစက်မှုများကို မျှော်လင့်ထားရပါဦးမည် ။
🍄 ပူးပေါင်းဆောင်ရွက်မှု
Cooperation.
ထရမ့်က ပင်တဂွန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်၊ တရုတ်ကလည်း PLA နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်၊
နိုင်ငံတိုင်းမှ တပ်မတော်တိုင်းသည် စနစ်တကျ လေ့ကျင့်ထားကြသူများ၊ Biological warfare ကို
မျှော်လင့် လေ့ကျင့်ထားကြသူများဖြစ်သဖြင့် လုံလောက်သော ပစ္စည်းကရိယာများ၊ အတတ်ပညာ
လူအင်အားဖြည့်ဆည်းထားသည့်အဖွဲ့အစည်းများ ဖြစ်ကြပါသည် ။
မြန်မာနိုင်ငံ၌ တပ်မတော်ကမ်းလှမ်းချက်ကို အဘယ့်ကြောင့် အစိုးရဖက်မှ မကြိုဆိုနိုင်ရပါသနည်း ?
အစိုးရနှင့်တပ်မတော် ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်ခြင်းက ပြည်သူတို့အပေါ် Covid တိုက်ခိုက်မှုကို
ပို၍သက်ရောက်မှု ဖြစ်စေခဲ့သည်ဟုမြင်သည်။
🍄 မူလပြန်အခြေအနေသစ်နှင့် နာလန်ထခြင်း
New Normalcy and Recovery.
Normalcy ဆိုသည်မှာ မူလကကဲ့သို့ ပြန်လည်လုပ်ကိုင် နိုင်ခြင်းဖြစ်သည်၊ New Normalcy ဆိုသည်မှာ
ပြန်လည်လုပ်ကိုင်နိုင်သော်လည်း မတူသောအခြေအနေဖြင့် လုပ်ကိုင်ရခြင်းမျိုးဖြစ်သည် ။
မြန်မာအနေဖြင့် မည်သည့်အချိန်တွင် New normal ကို ပြန်ရောက်မည်ဟု မည်သူမျှအတတ်မပြောနိုင်သေး၊
ပြန်လည်နာလန်ထရာတွင် မည်မျှကြာမည်ဆိုခြင်းအတွက် အတော်ဝေးကွာနေဆဲဟု ခန့်မှန်းကြသည် ။
နာလန်ထချိန် မဆိုထားဘိ၊ Covid ကြာချိန်ကိုပင် နှစ်ချီနိုင်ငည်ဟု ခန့်မှန်းကြပါသည် ။
💥 နာလန်ထမှု (၄) မျိုး
Four types of Recovery.
ဘောဂဗေဒပညာရှင်များ သတ်မှတ်ထားသော နာလန်ထ ပုံစံ (၄) မျိုးမှာ...
* ( V ) model
* ( U )
* ( W )
* ( L ). ဟူ၍ဖြစ်သည် ။
( V ) ပုံစံက အကောင်းဆုံးဖြစ်ပြီး နာလန်ထချိန်
အမြန်ဆုံး ဖြစ်သည် ။
( U ) ပုံစံက အရှိန်ယူချိန်ကြာသည့်သဘော ၊
( W ). ပုံစံက "ကျ- တကိ" ၊ " ပြန်ကျ- ပြန်တက် "
( L ). * ကျဆင်းချိန်ကြာမြင့်သည့်ပုံစံ၊
* ဆိုးဆိုးဝါးဝါးထိခိုက်ခံရပြီး၊ အားနည်းသော
အစိုးရများ၌တွေ့ရလေ့ရှိသောပုံစံ၊
* ကမ္ဘာ့စီးပွားရေးအဆင့် အောက်ဆင်းမည့်ပုံစံ
* Social unrest ဟူသော လူမှုရေး
မငြိမ်မသက်ဖြစ်နိုင်သောအခြေအနေ။
( မှတ်ချက် - U ပုံစံက အကောင်းဆုံး L. ပုံစံ အညံ့ဆုံး၊ )
ကမ္ဘ့ာ တိုက်ကြီးများကိုခွဲခြားပြီး နိုင်ငံများ၏ အစိုးရများ အရည်အသွေးအရ ဘယ်နိုင်ငံ ဘယ်လို ပုံစံဖြစ်နိုင်သည်ဟူသောခန့်မှန်းချက် ထွက်လာခဲ့ပါ၏ ။
အာဆီယံ အတွင်း .....
ဗီယက်နမ်ကို ( V ) ပုံစံဖြင့် ၎င်း
မြန်မာကို ( L ) ပုံစံဖြင့်၎င်းး
တင်ကြို ခန့်မှန်းထားသည်ကို တွေ့ရပါ၏။ အားရှိစရာပေ ။
ဖိုးသူတော်လဲလျင် တောင်ဝှေး
တောင်ဝှေးလဲလျင် ဖိုးသူတော်
မြန်မာ အတွက် တောင်ဝှေးရော၊ ဖိုးသူတော်ရော ဘုံးဘုံးလဲမည့် အခြေအနေကို တတ်သိသူများက
ခန့်မှန်းချက်ပေးထားပြီဖြစ်ပါသဖြင့် လက်သည်အားမကိုးပဲ ကိုယ်တိုင်သာ ညှစ်အားပေးကြပါကုန်၊
( စီးပွားရေး ပို့စ်များတင်ချင်ပါသော်လည်း မြန်မာအများစုက နိုင်ငံရေး ပို့စ်များကိုသာ ပို၍အာရုံရသည် ဟုမြင်ပါသည် )
Crd ... နေဇင်လတ် ( 23.9.20 ) 🍄
wow fantastic app you can try Pocket Tanks Mod Apk (Free Shopping)
ReplyDelete