16 December 2020

ဒီမိုကရက်တွေရဲ့ ကလိမ်ကကျစ်

 



   🍄  အချိန်ရရင်ဖတ်ကြည့်ကြပါ ။

ဒီမိုကရက်တွေရဲ့ ကလိမ်ကကျစ်ကို ဖွင့်ချထားတာ၊ အမေရိကန်တွေ နေဝင်ချိန်စပြီလို့ အလကားရေးတာမဟုတ်ဘူး။ နှစ်ပေါင်း (၇၀) လောက် သူများနိုင်ငံတွေရဲ့ပြည်တွင်းရေးကို စိတ်ကြိုက်ခြယ်လှယ်နေတဲ့ အမေရိကန်ဟာ အိုဘားမား၊ ဟီလာရီကလင်တန် တို့လက်ထက်မှာ အကြီးအကျယ် နိုင်ငံရေးနဲ့ ကိုယ်ကျိုးစီးပွား မသမာ အဂတိမှုတွေရှိခဲ့ရာကနေပြီး အမေရိကန် ရဲ့ပြည်တွင်းရေးကို ရုရှားတွေ ဝင်ကစားလာတယ် ။


၂၀၂၀ ရွေးကောက်ပွဲ မှာတော့ အမေရိကန်ရွေးကောက်ပွဲဟာ....

ရုရှား နဲ့ တရုတ်တွေရဲ့ အားပြိုင်ရာရွေးကောက်ပွဲတစ်ခု အဖြစ် ပီပီပြင်ပြင် ပြောင်းလဲသွားပါတော့တယ် ။


John Solomon နဲ့ Seamus Bruner တို့က အမေရိကန် အတွင်းရေး... အထူးသဖြင့် ဒီမိုကရက်တွေရဲ့ မျက်နှာဖုံးကိုခွာပြီး နိုင်ငံကို ဘယ်လိုရောင်းစားခဲ့တယ် ဆိုတာကို....




* နျူးကလီးယား အဂတိ

* ရုရှား သူလျှိုတွေခြေရှုပ်မှုနဲ့

* ဝါရှင်တန် ရဲ့ အလိမ်အညာတွေက ကလင်တန် နဲ့ ဘိုက်ဒင် နန်းဆက် ကို.... ဘယ်လို ကြီးထွားလာစေ ခဲ့တယ် ဆိုတဲ့ အကြောင်း ဖွင့်ချထားတာပါ ။


ဟီလာရီ ရဲ့ အရှုပ်တော်ပုံ စာအုပ်က..... Guilty as sin ဆိုပြီး ရှိပါသေးတယ်။ တွဲဖတ်နိုင်ရင် အတော်ကောင်းပါလိမ့်မယ် ။


ဒီမိုကရေစီ၊ လူ့အခွင့်အရေး မျက်နှာဖုံး တပ်ပြီး တွင်တွင်အော်နေ တဲ့ ဟီလာရီကလင်တန် ဟာ နိုင်ငံ့ အကျိုးစီးပွားကို ရောင်းစားပြီး ဒီမိုကရေစီ ကို တိတ်တစ်ဆိတ် အသေသတ်သွားသူအဖြစ်တွေ့ရပါလိမ့်မယ်။


Crd ...  Nay Zin Latt


No comments:

Post a Comment