30 September 2015
တစ်ကယ့် ဘ၀ထဲ တိုးဝင်လာသည့် ဖေစ့် ဘွတ်ခ် ပေါ်မှ လူမှုပြဿနာ များ
တကယ်တမ်း တွင် ပြဿ နာ ကဘာမျှကြီးကြီး ကျယ်ကျယ် မဟုတ်။ အေမီချို က ၎င်း၏ ခင်ပွန်း ကလေး ပုခက် လွှဲပြီး ဟင်းချက်နေသည့် ဓာတ်ပုံ တစ်ပုံကို သူငယ်ချင်းများ ကိုပြချင် သည့်စိတ်၊ အိမ် အလုပ်များ ကူ လုပ်ပေး သည့် ခင်ပွန်းဖြစ်သူ ကို ကြွားဝါချင် စိတ်ဖြင့်သာ ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာပေါ် တင် လိုက်ခြင်းဖြစ်ပါသည်။
သို့သော် အေမီချိုမေ့လျော့နေသည့် အချက်ကား ၎င်း၏ များပြားလှစွာသောဖေ့စ်ဘွတ်ခ် သူငယ်ချင်းများ ထဲ တွင် ၎င်း၏ယောက္ခမကြီး လည်း ပါဝင်နေသည် ဆိုသည့် အချက်ဖြစ်သည်။ ပြဿ နာကား အေမီချို တင် ထားသော ဓာတ်ပုံအောက် မှာ ယောက္ခမကြီး က အောက်ပါ အတိုင်း ကွန်မန့် (ခေါ်) မှတ်ချက် တစ်ခုရေး ရာ မှ စတင်တော့သည်။
‘ယောက်ျား ကို အိမ်အလုပ်တွေ မတရား ခိုင်းတာ အမျိုးကောင်း သမီး မဟုတ်ဘူး’
ထို မှတ်ချက်ကို ဖတ်လိုက် ရသော အခါ အေမီချို သွေးဆူ သွားသည်။ အေမီချို့ ထက် ပို သွေးဆူသည် ကား အေမီချို ၏ ဖေ့စ်ဘွတ်ခ် သူငယ်ချင်း ထဲမှာ ရှိနေသည့် မိခင်ဖြစ်ပါသည်။
၎င်းက ဖေ့စ်ဘွတ်ခ် ဓာတ်ပုံအောက် က အေမီချို ၏ယောက္ခမ မှတ်ချက် ကိုမြင်နေရသည်။ ခမည်း ခမက်တော် သူက သမီး ကို အမျိုးကောင်း သမီးမဟုတ်ဟု ဆိုသော စကားက သူ့ကိုပါ တိုက်ရိုက် သက်ရောက်နေ သည်မဟုတ်ပါလား။
ဖေ့စ်ဘွတ်ခ်ပေါ် တွင် ခမည်း ခမက် များ အပြန် အလှန် စကားစစ်ပွဲနွှဲကြ ၏။ သူ့ဘက် ကိုယ့်ဘက် အမျိုးများ၊ မိတ်ဆွေများ က လိုက်ခ် (like) များနှိပ်ကာ အားပေးကြ၏။ ကွန်မန့် မှတ်ချက်ပေါင်း ၂၀ကျော် အပြန် အလှန်ရေး အပြီးမှာတော့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဘလော့ဂ်ပြီး ပွဲသိမ်းလိုက်ကြ၏။ အပြင်မှာ လည်း တစ်ယောက်နှင့် တစ်ယောက် စကားမပြောကြတော့။
Labels:
Facebook နှင့် သက်ဆိုင် သမျှ
28 September 2015
စိတ်ရည် စိတ်သွေး ဆိုသည်မှာ

အရမ်းကို
မှောင်မည်းနေတဲ့ လမိုက်ည တစ်ည ရဲ့ သန်းခေါင်ယံ အချိန်၊ ခြံကျယ်ကြီး
တစ်ခြံထဲ က နှစ် ထပ် တိုက် ရဲ့အပေါ်ထပ် မှာ လူသုံးယောက် အိပ်နေကြတယ်။
အဲဒီ အချိန်မှာ အောက်ထပ်ကနေ ကျွီ ဆိုပြီး တံခါး ပွင့်လာတဲ့ အသံ ကို သူတို့
သုံးယောက်စလုံး ပြိုင်တူ ကြားလိုက်ကြရတယ်။
သရဲ သိပ်ကြောက်တဲ့ သူက..သရဲ..သရဲ ဆိုပြီး အော်ဟစ် လို့ ခေါင်းမြီးခြုံနေလိုက် သတဲ့။ သရဲ ကို မယုံ၊ ဒါ သူခိုးဝင်တာပဲ ဖြစ်ရမယ် လို့ ထင်တဲ့ နောက် တစ်ယောက် ကတော့
တွေ့တဲ့ ပစ္စည်း ကောက် ကိုင် ပြီး အောက်ထပ် ကို ဆင်းချသွားလေရဲ့။ သရဲလည်း မသိ၊
သူခိုး လည်း ဂရု မစိုက်တဲ့ နောက်ဆုံး တစ်ယောက် ကတော့ တုတ်တုတ်မျှ မလှုပ်၊
ဆက်အိပ်နေလိုက်တယ်။
ဒီဖြစ်စဉ် ကို ကြည့်ရင် ကျွီ ဆိုတဲ့ အသံလေး က လှုံ့ဆော်
လိုက်တာချင်းတော့ တူတယ်၊ ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီ ရဲ့ ခံယူချက်ပေါ်
မူတည်ပြီး သူတို့ ရဲ့ တုံ့ပြန်ပုံ ကွာသွားတာကို တွေ့ရပါလိမ့်မယ်။
အခက်အခဲ ဆိုတာကို စိတ်ညစ် စရာလို့ မြင်ပြီး ဝေးဝေး က ရှောင်ချင်တဲ့ သူက
အသက်ကြီး လို့သာ လူကြီး ဖြစ် သွားရုံ ရှိနေချိန်မှာ အခက်အခဲတွေ
စိန်ခေါ်မှုတွေ ဆိုတာ ကိုယ့်ရဲ့ တိမ်မြုပ်နေတဲ့ အရည် အသွေးတွေ ပေါ်လာဖို့ အတွက်
အခွင့်အလမ်း ပဲလို့ ခံယူပြီး တက်တက်ကြွကြွ ရင်ဆိုင်ကျော် လွှားလိုက်တဲ့ သူက
ဘ၀ မှာ အများ လေးစားရသူ အဖြစ် အောင်မြင်လာတယ်။
ဆင်းရဲကျပ်တည်း တဲ့ မိသားစု က ပေါက်ဖွားလာတာချင်း တူပေမယ့် တစ်ယောက်က ဒါကို
စိတ် ထွက်ပေါက် ပေးရင်း နဲ့ လူဆိုး လူမိုက် စာရင်းဝင် ဖြစ်သွားတယ်၊
နောက် တစ်ယောက်ကတော့ ငါ ဒီအခြေ အနေ အဆိုး ကနေ လွတ်မြောက်ဖို့ ပညာမှ တစ်ပါး
တခြားလမ်း မရှိဘူးလို့ ခံယူပြီး ကြိုးစား လိုက်တာ ပါမောက္ခ ကြီးတွေ
သူဌေးကြီးတွေ ဖြစ်လာကြတယ်။
25 September 2015
ပိုက်ဆံ ကို သုံးသင့်တဲ့နေရာ (၅) မျိုး နဲ့ မသုံးသင့်တဲ့ နေရာ(၅)မျိုး
ပိုက်ဆံ ဟာ ကျွန်တော်တို့ နေ့စဉ် ဘဝ အတွက် မရှိမဖြစ် အရာပါ။ အမြဲတမ်း သုံးစွဲနေရ တဲ့ ဒီ ပိုက်ဆံ ကို မှန်မှန် ကန်ကန် အသုံးချတတ် ဖို့ လိုအပ်ပါတယ်။ ဒီလို မှ မဟုတ်ရင်တော့ ပေါ်သမျှ အသစ် အသစ်သော အရာတွေ ကို ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။
ဒီတော့ ကျွန်တော်တို့ ရဲ့ ပိုက်ဆံတွေ ကို ဘယ်နေရာ မှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။
ပိုက်ဆံ ကို အရမ်း မသုံးသင့်တဲ့နေရာ (၅) မျိုး ကတော့......
၁။ အီလက်ထရောနစ် ပစ္စည်းများ
ယနေ့ အခါ အီလက်ထရောနစ် ပစ္စည်းတွေ ဟာ ကျွန်တော်တို့ ဘဝတွေ အတွက် မရှိ မဖြစ် အရာတွေ ပဲ ဖြစ် ပါတယ်။ ဒါပေမယ့် ဒီ ပစ္စည်းတွေ ကို လိုအပ် တာထက် ပိုပြီး မဝယ်ယူသင့် ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ် အသစ်တွေ ထွက်ရှိ လာတာကြောင့်ပဲဖြစ်ပါတယ်။
ဒီတော့ အသစ်တွေ ထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ ပစ္စည်းတွေ ကို ဝယ်ယူရင်း အချိန် တစ်ခုထိ သုံးသင့် ပါတယ်။
၂။ အိမ် အလှဆင် ပစ္စည်းများ
လူတိုင်းကတော့ ကိုယ့်အိမ်လေးကို လှချင်ကြတာပါပဲ။ ဒါပေမယ့် အခြား သူတွေရဲ့ အပြင်အဆင်တွေ ကိုတွေ့ တိုင်း၊ စာအုပ်တွေ ထဲမှာမြင် ရတိုင်း လိုက်လံပြောင်းလဲ ဖို့တော့ မကြိုးစားသင့် ပါဘူး။ တော်ရုံပဲ အသုံးပြုသင့် ပါတယ်။
သန္ဓေတည်ခြင်း ကို ဗုဒ္ဓ နှင့် သိပ္ပံ နှီးနှောယူပုံ

အဋ္ဌကထာ ပြဆိုပုံ........
သုန္ဓေ ဝတ္တုမှီ မာတာပိတူသု ဧကဝါရံ
သန္နိပတိ တေသု ယာဝ သတ္တဒိဝဿာနိ
ခေတ္တမေဝ ဟောတိ
သားအိမ် ၌ ဥတုသွေး စင်ကြယ်သောအခါ မိဘနှစ်ဦး တို့  တစ်ကြိမ် သံဝါသပြုထား လျှင် ခုနှစ်ရက် ပတ်လုံး သန္ဓေ တည်နိုင်သည် ။
ကလလ အဗ္ဗုဒ ပေသိ ဃန ဃန မှ ခေါင်း လက် ခြေ ခက်မ ငါးဖြာ ပေါ်လာသည် ဆိုသော စကားနှင့် သိပ္ပံ မှ ဆဋ္ဌမ ပတ် အစမှာ ခေါင်းပေါ် လာသည် ဆဋ္ဌမပတ် အကုန်မှာ လက် ခြေ များပေါ်လာသည် ဟု ပြဆိုချက်
ညီညွတ်သည် ပဉ္စမ ပတ် ၌ ခတ်မ ငါးဖြာ ပေါ်လာသည် ဟူသော အဋ္ဌကထာ မှာ ဆေးပညာနှင့် အနည်း ငယ် ကွဲလွဲနေသော် လည်း ပဉ္စမပတ် အဆုံးနှင့် ဆဋ္ဌမပတ် အစမှာ တဆက်တည်းဖြစ် ၍ နီးစပ်သည် ။
မိခင် ၏ မျိုးစေ့အိမ် မှ အိုဗာ သည် ဥတုသွေး ပေါ်ပြီးနောက် ၁၃ ရက် ၁၄ ရက်မြောက်သောနေ့ ၌ မှည့် ၍ မျိုးစေ့အိမ် မှ ကျွတ်ကျ လာသည် ။
၎င်းအိုဗာ သည် သပြစ်သီး မှည့်နှင့် တူသည် ဥတုသွေး လာပြီးနောက် ၃ ရက် ၄ ရက် ၅ ရက် အတွင်း သံဝါ သပြုသော် လည်း သန္ဓေ မတည်နိုင်ပေ ။
ဆေးပညာ အယူအရ သုတ်ပိုးနှင့်သားဥ မပေါင်းစပ် မိလျှင် ၄ နာရီ ၃၆ နာရီ သို့ မဟုတ် ၂ ရက် ၃ ရက်ကြာ လျှင် သုတ်ပိုးသေ သည် ။
ကျော မလုံတော့သော ပြည်သူတို့ ဘဝ
အလုပ်ဆင်းပြီး နေအိမ်သို့ ပြန်နေကြသော ရန်ကုန်မြို့ မှ ပြည်သူ အချို့ကို စက်တင်ဘာ ၂၁ ရက် ညက တွေ့ရစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အချိန်က ၁၀ နာရီ ကို စွန်းစွန်းကျော်နေပြီ။ သူနေထိုင်ရာ ကျောက်မြောင်းရပ်ကွက်ကလည်း လူအပြတ်သား။ အနောက် က ထက်ကြပ်မကွာ လိုက်လာသော လူစိမ်းနှစ်ဦး ကို မမေခင်ကျော် (အမည်လွှဲ) အစောပိုင်း ကတည်း က သတိထားမိနေသည်။ လက်ထဲ က စလင်းဘက် ကို ကျစ်ကျစ် ပါအောင်ဆုပ်ရင်း ရှေ့တွင် မဝေးတော့သည့် သူ ၏ တိုက်ခန်း သို့ တတ်နိုင် သမျှ မြန်မြန် မပြေးရုံ တစ်မယ် ခပ်သွက် သွက် လျှောက်နေ သည်။
တိုက်ခန်း အရှေ့ရောက်ခါနီး မှ မမေခင်ကျော် တစ်ချက် သတိရသည် က အိမ်မှာ ရှိသည့် အဖေ့ ကို တိုက် ခန်းရှေ့ တွင် ထွက်ခေါ်ရန်။ ပူထူနေ ၍ သူလည်း ဒီလောက်ပဲ စဉ်းစားမိ ၍ အဖေ့ ကို ဖုန်းလှမ်း ဆက်ထား သည်။ အဖေ ကလည်း လာခေါ်မည်ဟု ဆိုသည်။ သို့သော် သူနောက်ကျသွားလေပြီ။
ဖုန်းချပြီးသည်နှင့် နောက်မှ ‘‘ဟဲ့...ကောင်မ’’ဆိုသည့် အော်သံနှင့် အတူ ကုပ်ကို ကိုင်၍ နံဘေးရှိ တိုက်နံရံ တစ်ခု ကို ဆွဲခေါ် သွားပြီး နံရံနှင့် ထပ်ခါ ထပ်ခါ ဆောင့်ပစ် ခံရသည်။ လဲကျ သွားချိန်တွင် ခေါင်းကို တက် နင်း ထားပြီး လက်ကိုင်အိတ်နှင့် ဖုန်း ကို လုယူသွားခဲ့ကြသည်။
ယခု ကဲ့သို့ မမေခင်ကျော် အကြမ်းဖက် လုယက် ခံရသည် မှာ ငါးလ အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ် သည်။ မေလ အတွင်းက တာ မွေမြို့နယ် မင်္ဂလာသိဒ္ဓိလမ်းထောင့် တွင် ဓားဖြင့်ထောက် လုယက် ခံခဲ့ရ ဖူးသည်။
သြဂုတ် ၂၅ ရက်တွင် ကျောက်မြောင်း ၌ ဒုတိယ အကြိမ် ထပ်မံဖြစ်ပွားခဲ့သည် ဟု မမေခင်ကျော် ၏ ဖခင် က ပြောသည်။ သို့သော် ယခု အဖြစ်အပျက်ကတော့ သူတို့ မိသားစု အတွက် ယူကျုံး မရဖွယ်ရာ အတိ ဖြစ်ခဲ့ သည်။ ထို လုယက်မှုနှစ်ခု ကြုံပြီးနောက် မမေခင်ကျော် မှာ စိတ် ကစဥ့် ကလျားနှင့် စိတ် မူမမှန်သည့် အခြေ အနေ ဖြစ်သွားခဲ့ခြင်းကြောင့်ပင်။
24 September 2015
လူဦးခေါင်းခွံ များနှင့် ဆေး ဖေါ်နေသည့် အောက်လမ်း ဆရာများ

ထိုင်းနိုင်ငံ ဦဒေါင်ဌာနီ အရပ်တွင် မတော်တဆ ဖြစ်ရပ် များကြောင့်သေဆုံးသွားသူများ ( အစိမ်းသေ) မြုပ်နှံ ထားသည့် အုပ်ဂူများ အား တူး၍ သေဆုံးသူ ဦးခေါင်း များ ဖြတ်ယူ သွားသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ် ပွားနေ သဖြင့် သက်ဆိုင်ရာ ရဲအရာရှိ များ က ပြစ်မှု ကျူးလွန်သူများ အား လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က နမ့်စုံကျေးရွာ မှ ဇွဲကြိုးချသေဆုံး ခဲ့သည့် လူငယ် တစ်ဦး၏ အလောင်းအား ဦးခေါင်းဖြတ် ခိုးယူသွားသူ အမျိုးသမီး တဦးအား စတင် ဖမ်းမိခဲ့ပြီးနောက် မှာ သူမနှင့် အတူ ပူးပေါင်းကြံစည် ကြ သူ အောက်လမ်း ဆရာနှစ်ဦး အနက် အာထစ် ခွန်ကလရင် "ဆရာအောင် " (ထွက်ပြေးနေဆဲ) နှင့် ဆရာနလုံ ဆိုသူ အား သူ ပုန်းခိုနေသည့် နေအိမ်တွင် ဖမ်းမိခဲ့သည်။
တရားခံများက အစိမ်းသေ သူ၏ ဦးခေါင်းအား ဆေးရေစိမ် ၍ အရိုးအား အဆောင် အဖြစ် စီရင်ကာ ဘတ်ငွေ တစ်သိန်း (ကျပ်သိန်း ၃၀) ဖြင့် ရောင်း စားေ နခြင်းဖြစ်သည်။
23 September 2015
ကမ္ဘာ့ အသက် အငယ်ဆုံး Apple ပရိုဂရမ်မာ
ကမ္ဘာ့ အသက် အငယ်ဆုံး Apple ပရိုဂရမ်မာ ကတော့ စင်္ကာပူနိုင်ငံ က ကလေးငယ် Lim Ding Weng ဖြစ်ပါ တယ်။ သူ့ အသက် ၉ နှစ် အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ ပါတယ်။
သူဟာ အသက် ၇ နှစ်အရွယ် ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချ ခဲ့သူ ဖြစ်ပါ တယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း iTune စတိုး မှာ ဒေါင်းလုခ် ဆွဲမှု အကြိမ်ပေါင်း ၈သိန်း ၈သောင်း ကျော်လွန် ခဲ့ပါတယ်။
ယင်း App ကို စတင် ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်း က ထုတ်တဲ့ Apple IIGS ကွန်ပျူတာ နဲ့ ပြုလုပ် ခဲ့ တာ ဖြစ်ပါတယ်။
ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန် က CNN ရုပ်သံလိုင်းမှ လည်း အင်တာဗျူး ခဲ့ပြီး စင်္ကာပူမြို့  ရဲ့  ဂုဏ်ရှိန်ကြီး ရတဲ့ အကြောင်းအရင်း မှာ ယင်း ကလေးငယ် Lim Ding Weng ကို ထည့်သွင်း ခဲ့ပါတယ်။
ချိုင်းသား ဖြူနေစေမယ့် သဘာဝ နည်းလမ်းများ

လက်မောင်းအောက် ချိုင်းသား မည်းနေသူတွေ စိတ်ညစ်မနေနဲ့တော့နော။ ကိုယ့် ရဲ့လက်တစ်ကမ်း မှာပဲ အလွယ် ရနိုင်တဲ့ ပစ္စည်းတွေနဲ့ ပဲ ပြုပြင်လို့ရနေပြီ။ နည်းလမ်းတွေ ကို လွယ်လွန်းလိုက်တာ ဆိုပြီး အထင်တော့ မသေးပါနဲ့။ အချိန် နဲ့ စိတ်ရှည်မှု ပဲ လိုပါတယ်။
(၁) အာလူး က
သိပ်ကောင်းတဲ့ သဘာဝ အရောင်ချွတ်ဆေး ပါ။ သူ့မှာ အက်ဆစ်ပျော့တွေ
ပါဝင် တာကြောင့် အရေပြား ကို မယားယံစေပါဘူး။ အာလူး ကို ပါးပါးလေးတွေ
လွှာလှီး လိုက်ပြီး ချိုင်းနေရာ ကို ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်တိုက် ရပါမယ်။
ပြီးရင်တော့ ရေ ကြက်သီးနွေးလေး နဲ့ ဆေးချလိုက်ပေါ့။ ချိုင်းသားလေး မြန်မြန်ဖြူချင်ရင် အနည်းဆုံး တစ်နေ့ ၂ ခါ လောက် လုပ်ပေးပါ တဲ့။ လွယ်တယ် မလား။
(၂) လီမွန် ဆိုတဲ့ ရှောက်သီး၊ သံပုရာ၊ သံပုရို သီးတွေ ကလဲ သဘာဝကို က သန့်စင် သုတ်သင်ပေးတဲ့ ပစ္စည်း ပါ။ သူ့မှာ က ရောဂါပိုးတွေ သန့်စင်ပေးတဲ့၊ ဘက်တီးရီးယား သန့်စင်ပေးတဲ့ ဓာတ်တွေ ပါပြီးသား။ လီမွန် မှာ ပါတဲ့ အက်ဆစ် ဂုဏ်သတ္တိတွေ က တောက်ပစေခြင်း နဲ့ ဆဲလ်အသေတွေ ကို ဖယ်ရှားပေးနိုင်ပါတယ်။
ရေမချိုးခင် သံပုရာသီး ကို အစိပ်လိုက်လေး လှီးလိုက်ပြီး ချိုင်း ကို ပွတ်ပေးရပါမယ်။ ပြီးရင်တော့ အသား အရေ မခြောက် သွားရအောင် moisturizer တမျိုးမျိုး လိမ်းထား လို့ ရပါတယ်။
ပြီးရင်တော့ ရေ ကြက်သီးနွေးလေး နဲ့ ဆေးချလိုက်ပေါ့။ ချိုင်းသားလေး မြန်မြန်ဖြူချင်ရင် အနည်းဆုံး တစ်နေ့ ၂ ခါ လောက် လုပ်ပေးပါ တဲ့။ လွယ်တယ် မလား။
(၂) လီမွန် ဆိုတဲ့ ရှောက်သီး၊ သံပုရာ၊ သံပုရို သီးတွေ ကလဲ သဘာဝကို က သန့်စင် သုတ်သင်ပေးတဲ့ ပစ္စည်း ပါ။ သူ့မှာ က ရောဂါပိုးတွေ သန့်စင်ပေးတဲ့၊ ဘက်တီးရီးယား သန့်စင်ပေးတဲ့ ဓာတ်တွေ ပါပြီးသား။ လီမွန် မှာ ပါတဲ့ အက်ဆစ် ဂုဏ်သတ္တိတွေ က တောက်ပစေခြင်း နဲ့ ဆဲလ်အသေတွေ ကို ဖယ်ရှားပေးနိုင်ပါတယ်။
ရေမချိုးခင် သံပုရာသီး ကို အစိပ်လိုက်လေး လှီးလိုက်ပြီး ချိုင်း ကို ပွတ်ပေးရပါမယ်။ ပြီးရင်တော့ အသား အရေ မခြောက် သွားရအောင် moisturizer တမျိုးမျိုး လိမ်းထား လို့ ရပါတယ်။
20 September 2015
သင် ၏ နေအိမ် မျက်နှာလှည့်သော အရပ် ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း
လာဘ်ပွင့်စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထို ယတြာ နည်းများစွာ တွင် လူတစ်ဦး တစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ် များကို အဓိက ထား၍ ဆောင်ရွက်ခြင်း များကိုသာ တင်ထားတာ များပါတယ်။
အခုပြောမှာ ကတော့ မိမိနေအိမ် ၏
မျက်နှာ လှည့်ရာ အရပ် ကို အဓိက ထား၍ လာဘ်ပွင့်အောင် လာဘ် လာဘ ရွှင်လန်းအောင်
ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။
အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာ အကျိုးကျေးဇူးတွေ ကို
ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသား အားလုံး မိမိ တို့၏
လုပ် ငန်းဆောင်တာ များ မှာ ထူးထူး ကဲကဲ အောင်မြင်ခြင်း၊ အေးအေး ချမ်းချမ်း
ဖြတ် သန်းနိုင်ခြင်း၊ စီးပွားရေး များ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့်
အခက်အခဲတွေ ပြဿ နာတွေ အဆင် မပြေမှု့တွေ အတိုက် အခိုက်တွေ ကနေ
လွတ်မြောက်နိုင်ပါတယ်။
မိမိတို့နေအိမ် သယာစေရန် တိုးတက်စေရန် အကျိုးပြုစေ ပါတယ်။ ဒီနည်း ကို ဆောင်ရွက်မယ့် သူတွေ က မွေးနေ့မွေးရက်
မွေးသက္ကရာဇ် တိတိ ကျကျ သိစရာ မလိုပါဘူး။ မိမိနေအိမ် က ဘယ်ဘက် ကို မျက်နှာ မူသလဲ။
အဲဒီ မျက်နှာ မူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။
Labels:
ဗေဒင် ယတြာ နှင့် သက်ဆိုင်သမျှ
အပါယ်လေးပါး မှ လွတ်မြောက်စေနိုင်သော ကုသိုလ် (၇) မျိုး
အပါယ်လေးပါး ဆိုတာ ငရဲ၊ တိရိစ္ဆာန် ၊ပြိတ္တာ၊ အသူရကာယ် တို့ဖြစ်ပါတယ်။ အပါယ် ဆိုတာ က (အပါယ) ဆိုတဲ့ ပါဠိပုဒ် ကနေ ဆင်းသက်လာတာပါ။
(အပါယ) မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ် ရှိပါတယ်။ အပ=ကင်းခြင်း၊ အယ = ကုသိုလ်တရား နှစ်ပုဒ် ပေါင်း လိုက်တော့ ကုသိုလ် တို့မှ ကင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ဆိုလိုတာက အပါယ်လေးဘုံသား တို့မှာ ကုသိုလ်တွေ မှ ကင်းခြင်း ၊ ကုသိုလ် တရား တို့ကိုပြုလုပ်နိုင်စွမ်း မရှိခြင်း ချမ်းသာခြင်း တရား တို့မှကင်းခြင်း လို့ အဓိပ္ပါယ် ရပါ တယ်။ မှန်ပါတယ်။
အပါယ်လေးဘုံ ကိုရောက်သွားပြီ ဆိုရင် ကုသိုလ် တရားတွေ ကိုပြုလုပ်နိုင်စွမ်း မရှိသည့် အတွက် ကောင်းသော ဘုံ ဌာန ကို ပြန်ရောက်ဖို့ အင်မတန် မှ ခက်ခဲပါတယ်။ အကုသိုလ် ကံ အဟုန်တွေ ကုန်ဆုံး မှ သာ ကောင်းရာဘုံ ကိုရောက်စေတာပါ။
ငရဲဘုံ ဆိုရင်လည်း ငရဲသူ၊ ငရဲသား တို့ရဲ့ ဆင်းရဲဒုက္ခအလွန်ကြီး ပါတယ်။ သံရည်ပူ များနှင့်လောင်းခံ ရခြင်း ၊ခွေးနက်ကြီး များရဲ့ ကိုက်ခဲခြင်း ကို ခံရခြင်း၊ ဓါး ၊ လှံ တို့ဖြင့် ထိုးခံ ရခြင်း စသည်ဖြင့် ဒုက္ခများ စွာ ဖြစ်နေ တဲ့နေ ရာ၊ ချမ်းသာ ဆိုလို့ မြူမှုန် တစ်မှုန် မျှမရှိလိှု့ ငရဲ လို့ခေါ်တာပါ။
18 September 2015
ကိုယ်ဝန်ဆောင် မိခင်များ သိကောင်းစ၇ာ
ကိုယ်ဝန်ဆောင် မိခင်များ အတွက် လိုအပ်တဲ့ ဗဟုသုတ များကို ဖတ်ရတာ လွယ်ကူစေရန် အတွက် တစ်စု တစ်စည်း ထဲပြန်လည်ဖော်ပြလိုက်ပါတယ်။
(HAPPY MOM ကိုယ်ဝန်ဆောင် ခေါင်းအုံးများ အား အဆင့်မြှင့်တင် ထုတ်လုပ် ထားပြီး ၀ယ်ယူ လိုပါက 01-683372 / 09-73235636 တွင် ဆက်သွယ် ၀ယ်ယူနိုင်ပါသည်။)
( ၁ ) ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို ပုံစံ အိပ်ရ မှာလည်း?
( ၂ ) ကိုယ်ဝန်ဆောင် မိခင် များ သိထား သင့်သော အခြေခံ ဆောင်ရန် ရှောင်ရန် အချက် အလက်များ.....
( ၃ ) လုပ်သင့် သလား၊ မလုပ်သင့် ဘူးလား? ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ ။
( ၄ ) ကြောင် များမှ အဓိကဖြစ်ပွားသောToxoplasmosis ရောဂါ အကြောင်း သိကောင်းစရာ။
( ၅ ) ကိုယ်ဝန်ဆောင်ချိန် ကာလ အပိုင်းအခြား အလိုက် စားသုံးသင့်သည့် အကောင်းဆုံး အစား အစာများ
( ၆ ) ကိုယ်ဝန်ဆောင် မိခင်များ ညအချိန်တွင်ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေမည့် နည်းလမ်း ကောင်းများ
( ၇ ) ကလေး မီးဖွားဖို့ ဆေးရုံ ကို ဘာတွေယူဆောင်သွားဖို့လိုအပ်သလဲ။
( ၈ ) ကိုယ်ချစ်တဲ့သူကိုယ်ဝန်ဆောင်ရင် ကိုယ်ဘာ လုပ်ပေးရမှာလဲ။ ( ၉ ) ကိုယ်ဝန်ရစေဖို့ အကူအညီဖြစ်စေမည့် နည်းလမ်းကောင်းများ။ ( ၁၀ ) မိခင်ကော ကလေးပါ ကျန်းမာဖို့ မိခင်နို့ တစ်မျိုးတည်း သာ တိုက်ကြစို့ ။
( ၁၁ ) ကိုယ်ဝန်ဆောင် များ ကျန်းမာစေရေး နည်းလမ်းကောင်းများ ။
( ၁ ) ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုပုံစံ အိပ်ရ မှာလည်း?
ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးတစောင်း အိပ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ အထူး သဖြင့် ဘယ် ဖက်ကိုစောင်း အိပ်ခြင်း သည် ကလေးထံသို့ သွေးလည်ပတ်မှူ ပိုမိုကောင်းမွန် စေပါသည်။ ထို့ အတူ မိခင် ၏ အချင်းမှတဆင့် ကလေးထံ သို့ အဟာရ ဓါတ်များ ပိုမိုရောက်ရှိစေပါသည်။
ဘယ်ဖက် သို့ တစောင်း အိပ်ခြင်းဖြင့် ကျောက်ကပ် အတွင်း မှ အညစ်အကြေးများ... နှင့် အရေများ ကို ပိုမို ထိရောက်စွာ ဖယ်ရှား ပေးခြင်းအားဖြင့် ခြေလက် အဆစ်အမြစ်များ ရောင်ရမ်းခြင်း ကို လျှော့ချ ပေးပါ တယ်။
သင့်လက် အမူအရာက ပြောတဲ့ သင် ၏ စိတ်နေသဘောထား

1 - သင့် လက်နှစ်ဖက် ကို ဆုပ်ကိုင် ကြည့်ပါ
2- လက်ပိုက် ကြည့်ပါ...
အထက်ဖော်ပြပါ ပုံများ ထဲမှာ သင်\ လက်ပိုက်ပုံ ၊လက်ဆုပ်ကိုင်ပုံ နှင့် တူညီသည် ကို ရွေးပါ
။ပြီးနောက် သင့် ၏ စိတ်နေသဘောထား ကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။
R-R
သင်ဟာ ယဉ်ကျေးတဲ့သူ တစ်ယောက်ဖြစ်ပြီး အခြားသူတွေ ရဲ့စကားကို နားထောင်ပေးလေ့ရှိသူပါ။ အခြားသူတွေ ရဲ့ ခံစားချက်တွေ ကို စာနာ တတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဟာ အားနာတတ်သူပါ။ ဒီ အားနာတဲ့ စိတ်ကြောင့်ပဲ အခွင့်အရေး တချို့ ဆုံးရှုံးခဲ့သူပါ။ အချစ်ကို ကိုးကွယ်သူလည်း ဖြစ်ပါတယ်။
Labels:
ဗေဒင် ယတြာ နှင့် သက်ဆိုင်သမျှ
အဖြူရောင် သင်္ကေတများ
စေတနာနှင့်
မေတ္တာ ထိုထို၊ တောင်မြင်းမိုရ် သို့
နှိုင်းဆို ဂိုဏ်းနွယ်၊ ဘုရားနှယ် ဟု
အဘယ် လမ်းကြောင်း၊ သက်မွေးကျောင်းမျှ
ပိုကောင်း ဖို့ရာ၊ မရှိ ပါတည့်
ဆရာ မည်စွ၊ အာစရိယ
အဖြူရောင် ၏ သင်္ကေတ။
အဖြူသက်သက်၊ မေတ္တာ လက်မှ
ဆင်းသက် ပညာ၊ လိုလား စွာဖြင့်
သကာရည်နို့၊ ခံယူ စို့မည်
အဖို့ ဘာဂ၊ လူ့ဘဝ ကို
အလှ စခန်း၊ ပန်းခင်းလမ်း မှ
လျှောက်လှမ်းစေအံ့၊ မျှော်လင့် ငံ့ရင်း
ကြံ့ကြံ့ ခိုင်ခိုင်၊ ဆီမီးတိုင်တွေ
မြိုင်မြိုင် ထွန်းညှိ၊ အလင်းဖြည့်ဟု
တပည့် ဘဝ ကျောင်းမှာ စ
အဖြူရောင် ၏ သင်္ကေတ။
အေးမြတေးသံ
* မှောင်နှင့် မည်းမည်း၊ တောနက် ထဲဝယ်
ခက်ခဲ မတ်စောက်၊ ကွေ့လိမ်ကောက်သော
တစ်ယောက် သွားသာ၊ လမ်းမှ လာ၍ ---- ။
* ဝက်ဝံ သစ်ကျား၊ သားရဲ များ၏
ကြီးမား အန္တရာယ်၊ အသွယ်သွယ် ကို
သွေဖယ်ရှောင်ကွင်း၊ ရဲစိတ် သွင်း၍ ---- ။
* နှစ်ရက် သုံးရက်၊ ရက်ဆက် ခရီး
အရှည်ကြီး ကို၊ ငြီးငွေ့မောဟိုက်
ရင်ထဲ လှိုက်ဖို၊ စိတ်ထဲ ငို၍ ---- ။
* ပညာဝေငှ၊ စာသင်ပြဖို့
ဝေးလှသီခေါင်၊ သည်ရပ်ချောင် သို့
တောတောင်ဖြတ်ကာ၊ ရောက်ခဲ့ ရာဝယ် ---
ရင်မှာ မချိ၊ ညည်းတွား မိလည်း ---- ။
လရောင် အောက်က တောခွေးများ

အိမ်ပေါက်စေ့ မုန့်ညင်းစေ့ ရှာသလို
ပြက္ခဒိန်ထဲ
သေနတ် တချက် မပေါက်ဖူးတဲ့နေ့ရက် တရက်ကို
အိပ်မက်ရင်း နဲ့လိုက်ရှာ...
ကြာလာတော့
ကိုယ့် အနာဖေး ကိုယ် ထိုင်ခွာနေရတာ ကိုပဲ
အရသာ တခုလိုဖြစ်လာ.....
ဒဏ်ရာ ကင်းမဲ့တဲ့ သူရဲကောင်း ဆိုတာ
လိမ်ညာဖြီးဖြန်းသူပဲဖြစ်လိမ့်မယ်...လို့ အဆိုရှိလေရာ
မနက်တုံး ဆီက ကြော့ဆုံးမှာ
နှင်းဆီဟာ ခွာလိပ်လို့
ကွန်ပျူတာ ဆာဗာ ဆိုသည်မှာ
ကွန်ပျူတာ ဆာဗာ ဆိုပြီး
ပြောနေကြတယ် ဘာရယ် လို့ တိတိ ကျကျ သိလှတဲ့သူ နည်းမယ် ထင်ပါတယ်။ ကွန်ပျူတာ ကတော့
ပြောစရာ သိပ်လိုမယ် မထင်ပါဘူး အားလုံး သိကြတယ်။ ဆာဗာ (Server) ဆိုတာ က
ခုခေတ်မှာ ကျောင်း၊ ရုံး၊ တက္ကသိုလ်၊ ဆေးရုံက အစ အားလုံး သုံးလာကြပါပြီ။
ဘာကြောင့်လဲ ဆိုတော့ ကွန်ပျူတာ သုံးတယ် ဆိုတာ တစ်လုံးတည်း မဟုတ်တော့ဘူး။
နေရာတိုင်း မှာ ကွန်ပျူတာတွေ အများကြီး သုံးလာကြတာ ဆိုတော့ အဲဒီ ကွန်ပျူတာ
အချင်းချင်း ချိတ်ဆက်နိုင်ဖို့ လိုလာ တယ်။
ဒါကြောင့် ဆာဗာ ဆိုတာလည်း
ပေါ်ပေါက်လာရတယ်။ ဆာဗာ ကို ဘယ်လို ရည်ရွယ်ချက် နဲ့ သုံးရတယ် ဆိုတာ
သိဖို့လိုတယ်။
လူတွေက “ဆာဗာ ကတော့
ကျနေပြီ” “ဆာဗာ ကို ချိတ်လို့ မရဘူး” စသဖြင့် ပြောဆို သံတွေ ဌာနဆိုင် ရာတွေ နဲ့
လုပ်ငန်းတွေ မှာ ကြားလာရတယ်။
အလားတူ ပဲ ကွန်ပျူတာ အင်တာနက် ဆိုင်ရာ
ပစ္စည်းတွေကို သုံးနေရင်လည်း The server is down ဆိုတာ နဲ့ Cannot establish
connection to server ဆိုတဲ့ စာတန်းတွေနဲ့ လည်း မကြာကြာ ရင်ဆိုင် ဖူးကြမယ်
ထင်ပါတယ်။
အင်္ဂါဂြိုဟ် ပေါ်တွင် ထူးဆန်းသည့် ပုံရိပ် များ ထပ်မံတွေရှိ
ဝါရှင်တန်၊ စက်တင်ဘာ ၃
အမေရိကန် အာကာသ သိပ္ပံ NASA အဖွဲ့ကစေလွှတ် ထားသည့် အင်္ဂါဂြိုဟ် သွား Curiosity အာကာသယာဉ် က ရိုက်ပို့ ထား သည့် ပုံများ တွင် ကျောက်တလားခေါင်း၊ ပိရမစ်၊ ဖွတ်နှင့် နောက်ဆုံး ဇွန်း ကဲ့သို့သော ပျံနေ သည့် ယာဉ်ပုံစံ များပါ တွေ့ရှိခဲ့ရ ကြောင်း Reuters သတင်း တွင်ဖော်ပြထားသည်။
နောက်ဆုံးတွေ့ရှိခဲ့ သည့် ဇွန်းပျံ ပုံကို UnmannedSpaceflight.com ပေါ် တွင် တင်ပေးထားပြီး ပျံသန်းနေ သည့် အသွင် နှင့် အောက်တွင် အရိပ်ထင်နေသည့် ပုံ များကို ပြတ်သားစွာတွေ့ရှိ ခဲ့ရကြောင်း ယင်း သတင်းက ဆိုသည်။
အင်္ဂါဂြိုဟ် သွား Curiosity ယာဉ်က ရိုက်ပို့ ထားသော ပုံများ သည် မထင် မရှားဖြစ်နေသည် ဆိုသော်လည်း မကြာသော ကာလ တွင် ဓာတ်ပုံများ ကို ဆက်စပ်ပြီး တစ်ခုခု ထူးခြားမှု များကို ဖော်ထုတ်နိုင် မည် ထင်ကြောင်း SETI သုတေသန အဖွဲ့က ပြောကြားသည်။
အင်္ဂါဂြိုဟ် ပုံရိပ် များတွင် အထူးခြားဆုံး ပုံရိပ် များမှာ သမ္မတ အိုဘားမား မျက်နှာနှင့် တူသော ကျောက်ဆောင် ၊ အမျိုးသမီး တစ်ဦး ၏ အသွင်သဏ္ဍန် များဖြစ်ပြီး ပညာရှင်များ ကြားတွင် အငြင်းပွားစေနိုင်ခဲ့သည့် ပုံရိပ် များဖြစ်ခဲ့သည်။
ဆယ်ကျော်သက်တွေ အိပ်ချိန် နဲလာလို့ ပိုအိပ်ကြဖို့လို
လေ့လာမှု အသစ်တွေ အရ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် အတွင်း မှာ ဆယ်ကျော်သက် လူငယ်တွေ ရဲ့ အိပ်ချိန်ဟာ တဖြည်းဖြည်းလျော့ပါး လာခဲ့ပြီး အခုအခါ အိပ်ချိန် အနည်းပါးဆုံး ကာလကို ရောက်နေပြီလို့ ဆိုပါတယ်။
သုတေသီ တွေက လွန်ခဲ့တဲ့နှစ်နှစ်ဆယ် အတွင်းမှာ ဆယ်ကျော်သက် လူငယ်ပေါင်း သုံးသိန်း နီးပါးကို မေးမြန်းပြု စုထား တဲ့ အချက်အလက် အရ မျက်မှောက်ခေတ် မှာ လူငယ်တွေ ရဲ့ အိပ်ချိန်ဟာ သမိုင်း တလျှောက်မှာ အနည်းပါးဆုံး ကာလ ကိုရောက်နေပြီလို့ ဆိုပါတယ်။
ဆယ်ကျော်သက် တစ်ဦး ဟာ တစ်နေ့ ကို ခုနှစ်နာရီ အိပ်ရင် လုံလောက်တယ် ဆိုပေမယ့် ဒီ ခုနှစ်နာ ရီပြည့် တဲ့ အထိ ဆယ်ကျော်သက်တွေ အိပ်စက်ခြင်း မရှိတော့တာဖြစ်ပါတယ်။
ကျွမ်းကျင် သူတွေ အကြံပြုထားတာ ကတော့ ဆယ်ကျော်သက်တွေ ဟာ တနေ့ ကို ကိုးနာရီ ကနေ ဆယ် နာရီကြား အိပ်သင့်တယ် ဆိုတာပါပဲ။
ပိုးမွှား အများဆုံး ရှင်သန်တတ်သည့် ပိုက်ဆံအိတ်
ပိုက်ဆံ များကို သွင်းလိုက် ထုတ်လိုက် လုပ်နေရသော နေ့စဉ် သုံး ပိုက်ဆံအိတ် တွင် လက်များတွင် ကပ်ပါ လာသော ရောဂါပိုးမွှား များ ကပ်ငြိနေတတ်သည်။
သိပံ္ပပညာရှင် များ ၏ အဆိုအရ ပိုက်ဆံများ အပေါ် တွင် တုပ်ကွေး ရောဂါပိုးမွှား များသည် ပျှမ်းမျှ (၁) နာ ရီ ကြာအောင် ကပ်တွယ် နေတတ်ကြသည် ဟု ဖော်ပြထား သည်။
ရောဂါ ပိုးမွှား အပြင် ဗိုင်းရပ်စ် တို့သည်လည်း နှာခေါင်းပေါက် မှ ထွက်သောနှာရည် မှ တစ်ဆင့် ငွေ စက္ကူ များပေါ်တွင် (၁၇) ရက် အထိ နေထိုင်နေတတ်ကြသည်။
သို့ဖြစ်၍ မိမိ တို့၏ ပိုက်ဆံ အိတ် များကို (၁) ပတ်လျှင် (၁) ကြိမ် ဆေးကြော သန့်စင်ပါ။
Subscribe to:
Posts (Atom)




