31 March 2016
အသားအရေ အတွက် ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ် ပင်ကို အမျိုးသမီးတိုင်း မြင်ဖူးပါ လိမ့်မယ်။ မမြင်ဖူးဘူး ဆိုရင်တော့ အဲဒီ မိန်းမပျိုဟာ အသားအရေ အလှပနဲ့ ပတ်သက်ရင် ဗဟုသုတ အတော်နည်းရှာသေးတာကိုး လို့မှတ်ချက်ပြုရမှာပါ။ 
ရှားစောင်း လက်ပတ် ဟာ ယခင်က အထက်မြန်မာပြည် နဲ့ မြန်မာပြည် အလယ်ပိုင်း မှာ အလေ့ကျပေါက်တဲ့ အပင်ဖြစ်ပါတယ်။ အခုတော့ အဖိုးတန် အပင်ဖြစ် လို့ လူတွေ ရဲ့လောဘကြောင့် ရှားပါး လာပါပြီ။ အိမ်မှာ တစ်ကူး တစ်က စိုက်ထားရတဲ့ အခြေအနေထိ ဖြစ်လာပါတယ်။ ရှားစောင်းလက်ပတ် ဟာ အသားအရေကို ဘယ်လို အကျိုးကျေးဇူးပြုနိုင်သလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
1. အဓိက ပါဝင်တဲ့ အာဟာရ ဓာတ်တွေ
ရှားစောင်းလက်ပတ် မှာ အဓိက အားဖြင့် အသား အရေ ကို တိုက်ရိုက် အကျိုးပြုနိုင်တဲ့ ဗီတာမင် အုပ်စုဖြစ် တဲ့ A, B1, B2, B3, B6, B12, C and E, တို့အပြင် folic acid လည်း ပါဝင် ပါတယ်။ ရှားစောင်းလက်ပတ် ကနေ ထုတ်ထားတဲ့ ဂျယ် ကို အသားအရေပေါ် တိုက်ရိုက် သုတ်လိမ်းပေးရုံနဲ့ ထိရောက် မှုတွေ ရှိပါတယ်။
2. နေလောင် ဒဏ်ရာ
နေလောင်ခြင်းကြောင့် အသားရေပေါ်မှာ စွဲမြဲနေတဲ့ အညိုကွက်၊ အနီကွက်တွေ ကို ခဏ အတွင်း ယူပစ် လိုက် သလို ပျောက်ကင်းအောင် စွမ်းဆောင်နိုင်တာ ကတော့ ရှားစောင်းလက်ပတ် ပဲ ရှိပါတယ်။ မယုံရင် စမ်းကြည့်ပါ။
ကံကောင်းခြင်း သဘောဆောင်တဲ့ လက်ကောက်ပေါ် က တြိဂံပုံ
Rascette lines တွေ ဆိုတာ လက်ဖဝါး နဲ့ လက်ကြား လက်ကောက်ဝတ် အပေါ် က ကန့်ပေးထားတဲ့ အလျား လိုက် သို့မဟုတ် ကွေးကောက် တဲ့ မျဉ်းကြောင်းတွေဖြစ်ပါတယ်။ တစ်နည်း အားဖြင့် လက်ကောက်ဝတ် အစင်း အကြောင်း လို့လည်း သိရတဲ့ rascette lines များကို လက္ခဏာဗေဒ မှာ အရေး မပါတဲ့ မျဉ်းကြောင်းများ အဖြစ် သတ်မှတ်ထားပါတယ်။ 
အခုအခါမှာတော့ လူအများစု မှာ တစ်ခုတည်း လည်း ရှိနိုင်ပေမယ့် လက်ကောက် အရေး အကြောင်း ၂ ခု သို့မဟုတ် ၃ ခု ရှိကြပါတယ်။ ဒါပေမယ့် လက်ကောက် အစင်း အကြောင်း ၄ ခု ရှိခြင်း မှာ အသက် ၁၀၀ အသက် ရှင်နိုင်ခြေရှိတဲ့ အမှတ်အသား တစ်ခု ဖြစ်ပါတယ်။
အမှန်တော့ ဒီ မျဉ်းကောက်ကြောင်းများ က လူတစ်ယောက် ရဲ့ အသက်ရှည်ခြင်း၊ ကျန်းမာရေး၊ ဘဝ ကံကြမ္မာ နဲ့ အခွင့် အလမ်းတွေ ကိုယ်စားပြုနေတာပါ။ လူတစ်ယောက် ရဲ့ အတွေး၊ ခန္ဓာ နဲ့ စိတ် ဟန်ချက် ညီမှု၊ မညီ မှု သဘောလည်း ဆောင်ပါတယ်။ လက္ခဏာဗေဒင် အရ မျဉ်းကြောင်းတွေ ပိုပြီး ထင်ရှားပြတ် သားလေ၊ ကောင်းမွန် ကျန်းမာတဲ့ ဘဝ အခွင့်အလမ်း ပိုများလေဖြစ်ပါတယ်။
29 March 2016
ဗိုက်ခေါက်ထူသူများ တစ်လ အတွင်း သိသာမည့် သံပုရာ ပျားရည်
ပြုလုပ်နည်း......
၁. သံပုရာသီး ကို ဆားဖြင့် ၂၀ မိနစ် နယ်ပါ ။
၂. ဆား များကို ရေပြန်ဆေးပါ ။
၃. ပါးပါး လှီးပါ ။
၎. အစေ့ ထုတ်ပါ ။
၅. ဖန် ပုလင်းထဲ သံပုရာ တစ်ပြားထည့် ပျားရည် စစ်စစ် တစ်စက်ထည့် နောက် တစ်ပြား ထည့် ပျားရည်နောက် တစ်စက် ထည့် ပျားရည် နဲ့ သံပုရာ ထည့်လို့ ကုန်ရင် အဖုံးပိတ် ရေခဲသေတ္တာ ထဲထည့်
၆. ၃ရက်ကြာရင် စပြီး စားလို့ ရပါပြီ ။
၇. မနက် အိပ်ယာနိုး ဘာမှ မစားရသေးခင် တစ်ပြား စား ည အိပ်ရာဝင် တစ်ပြားစား။
သင်္ကြန် မှာ ရေပက်ချိန် ကန့်သတ်သင့်တယ် လို့ဆို
၂၁၀၆ ခုနှစ် အတွင်း မြန်မာနိုင်ငံ မှာ နေ့ အပူချိန်တွေ ပိုများ လာတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိ သူတွေ အနေ နဲ့ လာမယ့် သင်္ကြန်မှာ ရေပက်ချိန် ကန့်သတ် ဖို့ ပညာရှင်တွေ က အကြံပြုထားပါတယ်။
ပူပြင်းခြောက်သွေ့ တဲ့ အယ်လ်နီညို  ရာသီဥတုကြောင့် အပူချိန်မြင့်တက်မှု နဲ့ ခရမ်းလွန်ရောင်ခြည် လွန်ကဲ မှုတွေ ကို သင်္ကြန် လည်မယ့်သူတွေ ကြုံတွေ့နိုင်တာကြောင့် ပညာရှင်တွေက အခုလို အကြံပြုခဲ့တာပါ။
ရေစိုတာကြောင့် အရေပြား ပျက်စီးတာတွေ နဲ့ ခရမ်းလွန်ရောင်ခြည် ခန္ဓာကိုယ် ထဲ ပိုမို ဝင်ရောက် တာဖြစ်နိုင်တယ် လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။
မလုံ့တလုံ အဝတ်အစား နဲ့ ကြော်ငြာ ရိုက်မိလို့ အလုပ်ထုတ် ခံရတဲ့ ဆရာမ
ဒါဟမ်ကောင်တီ က အခြေခံကျောင်းတစ်ကျောင်း မှာ ဆရာမ အဖြစ် လုပ်ကိုင်နေတဲ့ ဂမ်မာ ဆိုသူဟာ Lexi ဖက်ရှင် လုပ်ငန်း အတွက် မော်ဒယ် အဖြစ်လည်း လုပ်ကိုင်သူ ဖြစ်ပါတယ်။
 ကျောင်းမှာ အလုပ်ကောင်းကောင်း လုပ်နိုင်နေတဲ့ အပြင် ကလေးတွေ ကိုလည်း သဘာဝ ကျကျ စာသင်ပြနိုင် တဲ့ အတွက် တုန့်ပြန်မှု ကောင်းကောင်း ရထားချိန် မှာ ဒီလိုဖြစ်ခဲ့တာလို့ ဆရာမဟောင်း ဂမ်မာ က ပြောပါတယ်။
အွန်လိုင်း မှာ ပျံ့နေတဲ့ ဒေါ်နယ်ထရန့် ဇနီး ရဲ့ အဝတ်မဲ့ ဓာတ်ပုံ
အမေရိကန်သမ္မတ တံဆိပ်တုံး ကို ဖော်ပြရင်း ဘီကီနီ နဲ့ ပို့စ်ပေးခဲ့တဲ့ မယ်လန်နီယာ
အမေရိကန် ရဲ့ သမ္မတ ဖြစ်လာနိုင်ခြေရှိနေတဲ့ ဒေါ်နယ်ထရန့် အတွက် သူ့ရဲ့ဇနီး မယ်လာနီယာ က အတား အဆီး တစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ အကြောင်း ကတော့ ဆလိုဗေးနီးယား မော်ဒယ်ဟောင်း မယ်လန်နီယာ ရဲ့ ကိုယ်လုံးတီး ဓာတ်ပုံ တစ်ပုံ ဟာ အွန်လိုင်း မှာ ပျံ့နှံ့လာလို့ပါပဲ။
အဲဒီ ပုံထဲမှာ မစ္စစ်ထရန့် က  သားမွေးကောဇောပေါ်မှာ အဝတ်ဗလာ နဲ့ ဆက်စီ ကျကျ ပို့စ်ပေးနေခဲ့ပါတယ်။
ဒီ ဓာတ်ပုံဟာ ၂၀၀၀ ပြည့်နှစ်တုန်း က GQ မဂ္ဂဇင်း အတွက် ရိုက်ပေးခဲ့တဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။
"မယ်လန်နီယာထရန့်..ရှင် တို့ရဲ့ သမ္မတ ကတော်ဖြစ်လာမယ့် သူပေါ့။ မဖြစ်စေချင်ရင်တော့ အင်္ဂါနေ့ မှာ တက်ဒ်ခရုဇ် ကို ထောက်ခံပေးနိုင်ပါတယ်" လို့ ပုံအောက်မှာ ရေးထားပါတယ်။
28 March 2016
မိန်းကလေး များ ဆေးခတ်ပြီး လိင် အစော်ကား မခံရအောင် ဘယ်လို ကာကွယ်မလဲ
အဲဒီလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ် မိမိ ကာကွယ်နိုင်အောင် ဆောင် ရွက်သင့်တယ် ဆိုတာ ရေးပြ မှ ဆေးကြော်ညာ မဖြစ်မှာပါ ။
(Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဝါး များ ထဲမှာ ရေးထား တာတွေဖြစ်ပါတယ်။)
ကိုယ်နဲ့ မသိသူများမှ  တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေ စတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေး သံဗူးတွေ ကို ကိုယ်တိုင် ဖွင့်ပြီး သောက်ပါ။ 
ကိုယ်ပိုင် သောက်ရည် နဲ့ အအေးဗူးတွေ ကို ကိုယ်နဲ့ မကွာထားပြီး၊ အိမ်သာ သွားရင်လဲ ယူသွားပါ။ အအေး နဲ့ရေ ကို တစ်ခြားသူ နဲ့ မျှဝေ မသောက်ပါနဲ့။ ဖျော်ရည်တွေ နဲ့ လူ အများ စုပေါင်းသောက်သုံး တဲ့ ခွက်တွေ၊ ပုလင်းတွေ ထဲက အရည်တွေ ကို မသောက်ပါနဲ့။ 
ထူးခြားတဲ့ အနံ့ နဲ့ အရသာ ရှိတဲ့ ဘယ် အရည်ကို မျှ မသောက် ပါနဲ့။ များသော အားဖြင့် GHB မှာ ငန်တဲ့ အရသာ ရှိပါတယ်။ သင်္ကြန်လို အချိန်မျိုး သတိထားကြပါ။
အကယ် ၍ ဆေးခတ် ခံရသည် သို့မဟုတ် အဓမ္မ ကျင့်ခံရသည် ဟု ထင်ပါက...............
• ရဲစခန်း သို့မဟုတ် ဆေးရုံ သို့ တိုက်ရိုက်သွားပါ။
• ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေး မှု ခံယူပါ။ ဆေး အာနိသင်သည် အလွန် လျှင်မြန်စွာ ပျယ်သွားနိုင် ပါသည်။
• Rohypnol သည် ခန္ဓာကိုယ် အတွင်းတွင် နာရီပေါင်းများ စွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီ အတွင်း တွင် ဆီး အတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီ အထိသာ ခန္ဓာကိုယ် အတွင်း နေနိုင် ပါ သည်။
၂၀၁၆ ဒီဇင်ဘာလ က စပြီး ဥရောပသား မွေးကင်းစ ကလေး အားလုံး microchip ထည့်သွင်းခံရမယ်လို့သိရ
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ကပြီး ဥရောပမှာ မွေးကင်းစ ကလေးငယ် အားလုံး microchip ထည့်သွင်း ခံရမှာ ဖြစ်ပါတယ်။ မွေးဖွားတဲ့ အချိန် ကနေ မသေ မချင်း သူတို့ လှုပ်ရှားမှုတိုင်း ခြေရာခံစောင့်ကြည့်ခံရမယ့် အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ 
၂၀၁၆ ခုနှစ်က စပြီး ဥရောပ တစ်ခုလုံး မွေးကင်းစ ကလေးတိုင်း အရေပြားအောက် RFID chip ကို မဖြစ် မနေ ထည့်သွင်း ခံရမှာဖြစ်ကြောင်း မရေတွက်နိုင်တဲ့ သတင်းအရင်း အမြစ်များ က ဖော်ပြထားပါတယ်။
အဆိုပါ chip ဟာ တစ်ခါသုံး ဘက်ထရီ အသေးစား တစ်ခု တပ်ဆင် ထားတဲ့ GPS ဆင်ဆာ တစ်ခုကဲ့သို့ အလုပ် လုပ်မှာ ဖြစ်ပြီး လူတိုင်း သက်ဆိုင်ရာပြည်နယ်ဆေးခန်း တစ်ခုခုမှာ ၂ နှစ် တစ်ခါ အစားထိုး လှဲလှယ် ရမှာ ဖြစ်ပါတယ်။ 
၎င်းမှ ထုတ်လွင့်တဲ့ ဒေတာ ကို သိမ်းဆည်းပြီး အထူးပြုလုပ်ထားတဲ့ app ရှိတဲ့ tablet နဲ့ smartphone သို့ ပေး ပို့မှာ ဖြစ်ပြီး မိဘ များနဲ့ ဆရာဝန် များအား သူတို့ ကလေး များရဲ့ ကျန်းမာရေး နဲ့ အခြေအနေ အရပ်ရပ် အားလုံး အချိန် နဲ့ တပြေးညီ စောင့်ကြည့်နိုင်စေမှာ ဖြစ်ပါတယ်။
ည အိပ်ချိန်မှာ အမျိုးသမီးတွေ အတွင်းခံ မ၀တ်ပဲ ဘာ့ကြောင့် အိပ်သင့်တယ် ဆိုတာ...
သင်ဟာ ည အိပ်ချိန်မှာ အတွင်းခံ မ၀တ်ပဲ အိပ်ဖူး ပါသလား။ ဒါမှ မဟုတ် ဘာမှ မ၀တ်ပဲရော အိပ်ဖူး ပါ သလား။ အမျိုးသမီးတွေ ဟာ အတွင်းခံ မ၀တ်ပဲ ဒါမှ မဟုတ် ဘာမှ မ၀တ်ပဲ အိပ်ခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန် ပါတယ်လို့ သိရပါတယ်။
Shape မှာဖော်ပြထားတဲ့ ဆောင်းပါးထဲ မှာတော့ ပညာရှင်တွေ က ညဘက် အိပ်ချိန်တွေ မှာ အတွင်းခံ မ၀တ်ပဲ အိပ်ဖို့ တိုက်တွန်းထားပါတယ်။
အတွင်းခံတွေ ဟာ ဘက်တီးရီးယား ပိုးတွေ ကပ်ငြိဖို့ ရာခိုင်နှုန်း များတဲ့နေရာ တစ်ခုပါ။ ဘယ်လောက်ပဲ သန့်ရှင်းအောင် ထားထား၊ အပေါ့သွားပြီးတဲ့ အခါ ရေစိုစွတ် ကျန်ခဲ့တဲ့ အတွင်းခံတွေ နဲ့ တစ်ချိန်လုံး ထိတွေ့နေရမယ့် အမျိုးသမီး အင်္ဂါ ဟာ ဘက်တီရီးယား ပိုးမွှားတွေ ကပ်ငြိသွားစေနိုင်ပါတယ်။ 
ဒီလို မဟုတ်ရင်တောင် အတွင်းခံ ရဲ့ အသားကြောင့်လည်း အမျိုးသမီး အင်္ဂါ ပူစပ် ပူလောင် ဖြစ်စေ တာ မျိုးတွေ ဖြစ်စေနိုင်ပါတယ် လို့ ဒေါက်တာ Alyssa Dweck ကပြောထားပါတယ်။
သရဏဂုံ တည်ခြင်း ၏ အကျိုး
သရဏဂုံ သုံးပါး ကို အမြဲမပြတ် ရွတ်ဆို ပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရား များကို ရရှိနိုင် ပါသည်။
၁။ ဒိသာသု ပူဇိတော ဟောမိ- သွားလေရာ အရပ်တိုင်း ၌ လေးစားမြတ်နိုးခြင်းခံရမည်။
၂။ တိက္ခပညော- ဉာဏ် အလွန် ထက်မြက်မည်။
၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ- နတ်တို့ ၏ စောင့်ရှောက်ခြင်း ခံရမည်။
၎။ အမိတဘောဂံ လဘာမဟံ- စီးပွားရေး အဆင်ပြေမည်။
၅။ သုဝဏ္ဏ ဝဏ္ဏော သဗ္ဗတ္ထ- ဖြစ်လေရာ ဘဝတိုင်း ၌ ရုပ်အဆင်း အလွန်လှပမည်။
၆။ ပဋိကန္တော ဘဝါမဟံ- ဖြစ်လေရာ ဘဝတိုင်း ၌ လူချစ်လူခင် အလွန်ပေါမည်။
၇။ မိတ္တာနံ အစလော ဟောမိ- ဖြစ်လေရာဘဝတိုင်း ၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။
၈။ ယသော အဗ္ဘုဂ္ဂတော မမံ- ဖြစ်လေရာ ဘဝတိုင်း ၌ လူ အများ၏ လေးစားခြင်း ခံရမည်။ ကောင်းသောစကား များ ကိုသာ ပြောကြမည်။ ကောင်းသတင်း များ သာ ကျောဇော လိမ့်မည် ...   ဟု တိသရဏ မထေရ် ရဟန္တာ အရှင်မြတ် က ဟောကြားခဲ့သည်။
25 March 2016
ဖုန်းမှာ စာရိုက်ရင်း လမ်းလျှောက်သူတွေကို အရေးယူမည်
Unofficial: ကြေးမုံသတင်းစာ's photo.
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ လမ်းလျှောက်ရင်း ဖုန်းမှာ စာရိုက်ကာခေါင်းတစ် ငုံ့ငုံ့ ဖြစ်ပြီးဘေးဘီ ကို သတိ မထားမိနိုင်အောင် ဖြစ်နေသူများအား အရေးယူဖွယ် ရှိနေသည်။ ထိုသို့ အရေးယူမည့် ဥပဒေကြမ်း တစ်ရပ် တင်သွင်း ထားပြီဖြစ်ပြီး ပြည်နယ် လွှတ်တော်က အတည်ပြုပါက ဥပဒေ အသက်ဝင်လာမည်ဖြစ် သည်။
ဥပဒေ အတည်ပြုဖြစ်ပါက ဖုန်းမှာ စာရိုက်ရင်း လမ်းလျှောက်သူများ အား တစ်ကြိမ် ဖမ်းမိတိုင်းဒေါ်လာ ၅၀ သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် နှစ်ခုလုံး ပူးတွဲချမှတ်နိုင်သည်။
"အများပြည်သူ ဆိုင်ရာ လမ်းပေါ်မှာ လမ်းလျှောက်သူ ပဲဖြစ်ဖြစ်၊ ကားမောင်းသူ ပဲဖြစ်ဖြစ် ဖုန်း သုံးနေမယ် ဆို ရင်အာရုံ က တစ်ခြားရောက်နေပြီး သူ့ ဝန်းကျင်က အများပြည်သူ ဟာ သူ့ကြောင့် အန္တရာယ် တစ်ခုခု ကျရောက်နိုင် ပါတယ်။
ဒါကြောင့် အများပြည်သူ အတွက် အန္တရာယ်ဖြစ်စေမယ့် အပြု အမူမျိုးကို တားဆီးဖို့ ဒီဥပဒေကြမ်း တင်သွင်း တာပါ” ဟု ဥပဒေဖြစ်မြောက်ရေး ဦးဆောင် လှုပ်ရှားလျက်ရှိသော ပဲလ်မာလမ်ပစ် ဆိုသော အမျိုးသမီး က
ပြောသည်။
ရှောင်ဖို့ မစဉ်းစားနဲ့ 
ဦးမြင့်ခိုင်'s photo.
ကျီး တစ်ကောင် ပျံသန်းနေတဲ့ အချိန်မှာ လယ်တဲ တစ်ခု က ကရွတ်ခွေတခုဟာ မီးလောင်ပြီး
လေပေါ် ကိုမြောက်တက် သွားတယ် ။ ပြီးတော့ ကျီး လည်ပင်းမှာ စွပ်မိပြီး ကျီး ဟာ မီးလောင်ပြီးသေခဲ့ ရတယ် ။
လေထဲ ပျံနေတဲ့ ကျီး ဟာ မီးလောင်ပြီးသေတယ် ဆိုတော့ အံ့သြ စရာကြီးဖြစ်နေတယ် ။ ဘုရားရှင် က ချစ်သားတို့  မအံ့သြ နဲ့ တဲ့ အဲဒီ ကျီး ဟာ လယ်သမားဖြစ်ခဲ့ချိန် က ပေကပ်ကပ် လုပ်နေတဲ့ နွား ကို လည်ပင်း မှာ ကောက်ရိုး မီးကွင်း စွပ်ပြီး နှိပ်စက် ခဲ့လို့  ဘဝပေါင်း ၄၉၉ ဘဝ မီးလောင်သေခဲ့ ရပြီး နောက်ဆုံး လေ ထဲ ပျံနေတဲ့ ငှက်ဖြစ်တာတောင်၅၀၀ မြောက် ဘဝ ကို မီးလောင်ခံပြီး သေခဲ့ရတယ် ။
ကံ ဆိုတာ ရှောင်လို့ မလွတ်ဘူး ချစ်သား တို့  တဲ့..... သြော် နာဂစ်ဖြစ်တုန်းက ပင်လယ်ထဲ ကရေတွေ တက်လာလို့  ရေနစ်သေ တဲ့ သူတွေ ရှိတာ မထူးဆန်းပေမဲ့ ပင်လယ်ရေပြင် အထက် ပေပေါင်း မြောက်မြား စွာ မြင့်နေတဲ့ ရှမ်းကုန်းမြေမြင့်ဒေသ က လူတွေ ရေကြီး တာတွေ ရေနစ်သေ တာတွေ ဟာ ကျီး ကို မီးလောင်သေ သလို အတိတ် ကံတွေ ရဲ့ လက်ချက်များ  လေလား လို့  တွေးမိပါတယ် ။
ငှက်တွေ ငှက်တွေ ...
တစ်ကယ့် တစ်ကယ်တန်း ရှင်းရင်တော့ ... ရှင်းပြစရာတွေ အများကြီးရယ် ... သို့ သော်လည်း ...
မရှင်းဖြစ် မပြောဖြစ်တာက ပိုများတယ် ... 
ဘာလို့ မပြောဖြစ်လဲ ဆိုတော့ ...စိတ်ပျက်တာက တစ်ကြောင်း ... စိတ်ကုန်တာလဲ တစ်ကြောင်း ... ကိုယ် ဘာရေးရေး ...ကန့် လန့် တိုက် မန့် နေကြတဲ့  ငတိငတတွေ ကို ...ပြန် အရွဲ့တိုက် ကလိနေရလို့  ... မအားမလပ် တာကလဲ တစ်ကြောင်း ... အဲဒီ အကြောင်းကြောင်းတွေကြောင့်  ...ပြောမနေဖြစ်တော့တာ ...
သို့ သော် ...ဒီနေ့ တော့  အချိန်လေး နည်းနည်းရလို့  ... စိတ်လို လက်ရ ပြောလိုက်ဦးမယ် ...
ငှက်တွေ ငှက်တွေ ...   ခင်ဗျား တို့  အဖွားကြီး ကို စွတ်မြှောက် မနေနဲ့ ... ကြာရင် အဖွားကြီး ဂိမ်းသွား လိမ့်မယ် ... 
ခင်ဗျားတို့  လုပ်ပေါက်က ...ဘုန်းကြီးကျောင်းသား အချင်းချင်း ... ငါ့ဘုန်းကြီးမြန်တယ် ... သူ့  ဘုန်းကြီး မြန် တယ် ... ငြင်းကြ မြှောက်ကြချိန် ...နောက်ဆုံး သပိတ်ချ ထပြေးရတဲ့ ... ဆွမ်းခံကိုယ်တော်နှစ်ပါး လို ဖြစ်နေတယ် ...
 ဒေါ်စု အသက်ကြီးပြီ ...အရာအားလုံး ...သူ တစ်ယောက်ထဲ လိုက်လုပ်လို့  မရ ... လိုက်လုပ်ရင် ...
ခဏလေး နဲ့ လစ်သွားမှာ ...ဝန်ကြီးဌာနလေးခု ကိုင်တာ ...အမေ က သိပ်တော် တာပဲ ... အမေ့ အကွက် သိပ်လှ တာပဲ ... အို ... မေမေ .... အိုး ... မေမေ ..... အူကြောင်ကြား ထထတွန် ...
အမှန်က အဲဒါ ဘာအကွက် မှ မဟုတ် ... လုပ်နိုင်တဲ့သူ မရှိလို့  ... သူတို့  ကမ်းလှမ်းတဲ့ ပညာရှင် တစ်ချို့  ကလဲ ...မလုပ်ချင်ဘူး ငြင်းလို့  ...သူ့ ခေါင်းပေါ်ပုံကျ ...   နောက်ဆုံး သူ ပဲ တာဝန်ယူလိုက်ရတာ ...
ဒါကို ငှက်နာ ကျနေတဲ့ ... ငှက်ဦးနှောက် နဲ့ မစဉ်းစား သူတိုင်း ...ကောင်းကောင်း သဘောပေါက်တယ် ...
24 March 2016
သင် မယုံကြည်သင့်တော့သော ခေါင်းဆောင် တို့ စကား
စွန့်ဦး တီထွင်မှု ( Entrepreneu ) လောက မှာ စာဖတ်သူ ကိုယ်တိုင် သို့မဟုတ် အခြား တစ်ဦး တစ်ယောက်က ဦးစီး ဦးဆောင်ပြီး လုပ်ကောင်း လုပ်ရပါလိမ့်မယ်။ ဒီလိုဆိုရင် သူက ခေါင်းဆောင်ပါ။ စာရေး ဆရာ Mark Sanborn ဟာ မိမိ တို့ ဆက် အယုံ အကြည်မထားသင့်တော့ တဲ့ ခေါင်းဆောင် များရဲ့  ပြောတတ်တဲ့ စကားများ ကို ရေးသားဖြော်ပထားပါတယ်။ ဒါကြောင့် မြန်မာပြည် မှ Entrepreneur များအတွက်လည်း လေ့လာ၊ မှတ် သား စရာလေးတွေ ပါတာမို့ ဆီလျော် သလို ဘာသာပြန်ပေး လိုက်ရ ပါတယ်။
မန်နေဂျာ တိုင်း ဟာ ခေါင်းဆောင် ဖြစ်တယ် ။
ခေါင်းဆောင် တစ်ယောက် က အဲ့ဒီလို စကားသံ ထွက်လာပြီ ဆိုရင် ဆက် မယုံသင့်တော့ပါဘူး။ ဒါဟာ သူက ဆက်လက်ပြီး ခေါင်းဆောင်နေ ရာ မှာ တာဝန် မယူနိုင်တော့ဘူး ဆို တာကို ပြောလိုက် တာနဲ့ အတူတူ ပါပဲ။ မန်နေဂျာ ရဲ့  တာဝန် က Monitoring, Maintaining, Process တွေ အတွက် ပဲ ယေဘုယျ အားဖြင့် မှတ်သားနိုင် ပါတယ်။ 
 ခေါင်းဆောင်တစ်ယောက်မှာ ကျ အဲဒါတွေ အပြင် ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှု နဲ့ ချဲ့ ထွင်မှု တို့အတွက် လည်း တာဝန် ရှိလာရမယ့်သူ ဖြစ်ပါတယ်။ ဒါကြောင့် မန်နေဂျာ အဆင့်တွေ ကို ခေါင်းဆောင်တွေ ပါ လို့ ပြော လိုက်ခြင်းက သူဟာ ခေါင်းဆောင် တာဝန် မလုပ်နိုင်ပါဘူးလို့ပြောလိုက်တာနဲ့ အတူတူပါပဲ။
လူ အချို့  ပဲခေါင်းဆောင်ဖြစ်နိုင်တယ် .....
အဲဒါ မှားပါတယ်။ အဲ့ဒီလို စကားထွက်တဲ့ သူကလည်း ခေါင်းဆောင် ထားသင့်သူ မဟုတ်ပါဘူး။ လူတိုင်း ထမင်းစား တာချင်း အတူတူ ခေါင်းဆောင်ဖြစ်ဖို့ လူ အချို့ ပဲဖြစ်နိုင်တယ် ဆိုတာ တစ်ယူသန်၊ အတ္တဆန် တဲ့ ခံယူချက် ဖြစ် ပါတယ်။ မဖြစ်နိုင်ဘူး ဆိုတာမရှိ၊ မဖြစ်သေးတာပဲ ရှိတယ် ဆိုတာ ဘယ်နယ် ပယ်မှာ မဆို
အမြဲ မှန်တဲ့ စကား ဖြစ်ပါတယ်။ ယနေ့ ရိုးရိုး ဝန်ထမ်းဖြစ်နေသူ တစ်ဦး ကလည်း အရည်အချင်းပြည့်ဝလာတဲ့ အခါ ခေါင်းဆောင် ဖြစ်ကိုဖြစ် လာနိုင်ပါတယ်။
လောကကြီး ဟာ သင်၏ ကြေးမုံပြင်
အခြားသူများ မှာ သင်တွေ့မြင်ရတဲ့ ထူးကဲကောင်းမွန်မှုတွေ ဟာ သင့်ရဲ့ ကောင်းမွန်မှုလည်း ဖြစ်ပါတယ်။ အခြားသူများ မှာ တွေ့မြင်နေရတဲ့ အပြစ် အနာတွေဟာ သင့်ရဲ့ အပြစ်အနာအဆာ လည်းဖြစ်ပါတယ်။ တစ်ကယ်တော့ တစ်စုံတစ်ရာ သဘော မပေါက်ခင် အဲ့ဒီ အကြောင်း သိနေရပါမယ်။ 
အခြားသူများ မှာ သင်မြင်နေ ရတဲ့ဖြစ်နိုင်ခြေတွေဟာ သင်ရဲ့ဖြစ်နိုင်ခြေလည်း ဖြစ်ပါတယ်။ သင့် ပတ်ဝန်းကျင် မှာ မြင်တွေ့ရတဲ့ အလှအပတွေဟာ သင့်ရဲ့ အလှအပ လည်းဖြစ်ပါတယ်။
သင့် ပတ်ဝန်းကျင်က လောကကြီး ဆိုတာ သင်ဘယ်လိုလူစားလဲဆိုတာ ပြသနေတဲ့ ကြေးမုံပြင် တစ် ချပ် ၊ ရောင်ပြန်ဟပ်မှု တစ်မျိုးပါ။  သင့်ရဲ့လောကကြီး ကို ပြောင်းလဲ ပစ်ဖို့ဆိုရင် သင်ကိုယ်တိုင် လည်း ပြောင်းလဲ ပစ် ရပါမယ်။ ပြစ်တင်ပြောဆို မှုဟာ အရာကိစ္စတွေ ကို ပိုပြီးဆိုးရွားစေပါတယ်။ 
သင်ပြုလုပ် သမျှ အရာရာတိုင်း သင့်အပေါ်မှာ ပဲ တာဝန်ရှိပါတယ်။ အခြား သူတွေမှာ သင်မြင်နေရတဲ့ အရာရာ တိုင်းဟာ သင့်မှာလည်း ပဲ မြင်နေရတတ်ပါတယ်။ အခြားသူများမှာ ရှိတဲ့ အကောင်းဆုံး အရာတွေ ကိုပဲ ရူမြင်တတ်ပါစေ။ သင်လည်းပဲ အကောင်းဆုံးဖြစ်လာလိမ့်မယ်။
အခြားသူများ ကို ပေးကမ်းစွန့်ကြဲဖို့ကြိုးစားပါ။ သူတို့ကလည်း ပြန်ပြီး ပေးကမ်းပါ လိမ့်မယ်။ အလှအပ ကို နားလည် ခံစားနိုင်ဖို့ကြိုးစားပါ။ သင်လည်းပဲ လှပလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်ပါက ချီးကျူးပေးလိုက်ပါ။ သင်လည်းပဲ တီထွင်ဖန်တီးနိုင်ပါလိမ့်မယ်။ 
ငရဲ ဆိုသည်မှာ
ငရဲ ဆိုသည်မှာ.... နှင့် ငရဲ ၏ ဒုက္ခ ဆင်းရဲများ ဟူသည်...
အပါယ် ဟူသည် ပါဠိလို အပါယ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) မှ ဆင်းသက် လာသည်။ အပါယ် လေးဘုံ ဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ ရှိလေသည်။
ငရဲ အမျိုး အစား (၈) မျိုး ရှိလေသည်။
၁) သိဉ္စိုး ငရဲ၊
၂) ကာဠသုတ် ငရဲ၊
၃) သံဃာတာ ငရဲ၊
၎) ရောရုဝ ငရဲ၊
၅) မဟာရောရုဝ ငရဲ၊
၆) တာပန ငရဲ၊
၇) မဟာ တာပန ငရဲ၊
၈) အဝီစိ ငရဲ စသည်ဖြင့် ငရဲကြီး ရှစ်ထပ် ရှိသည်၊
၁) သိဥ ၥိဳးငရဲ =  
ထပ်တလဲလဲ မလွတ်မြောက်ပဲ ခံစားရသော ငရဲ ဟု အဓိပ္ပါယ် ရှိလေသည်။ 
ငရဲ ထိန်းများ က အလျှံ တပြောင်ပြောင် တ၀င်းဝင်း တောက်နေသော ငရဲ လက်နက်များဖြင့် ထိုး ခုတ် ရိုက်နှက် ၍ သေအောင် ပြု လုပ်ကြသည်။ 
ငရဲ ခံကြသူများမှာ ထိုသို့ လက်နက် များဖြင့် ထိုးခုတ် ရိုက်နှက် ၍ သေသော် လည်း တစ်ဖန်ပြန်ထပ် ရှင်သန် ကာ အရင် အတိုင်း ထပ်ကာ ထပ်ကာ ဆိုင်ရာ ငရဲဒုက္ခ တို့ကို ငရဲ သက်တမ်း မကုန် မချင်း ပြန် ခံစားနေရ သည်။ 
ဤ ငရဲ ၏ သက်တမ်း မှာ ထို ဘုံဘ၀ ၏ အနှစ်ငါးရာ ဖြစ်လေသည်။ ထိုငရဲဘုံ ၏ တစ်ရက် သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် ကိုးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်း မှာ မဟာပထ၀ီမြေထု ၏အောက် ယူဇနာပေါင်း တစ်သောင်း ငါးထောင် ကွာဝေး ၍ ယူဇနာပေါင်း တစ်သောင်း အကျယ်အ၀န်း ရှိလေသည်။
၂) ကာဠသုတ် ငရဲ
မည်းနက်သော ကြိုး ငရဲ ဟု အဓိပ္ပါယ် ရှိလေသည်။ 
ငရဲထိန်းများ က လက်နက် မျိုးစုံဖြင့် လိုက်၍ ခုတ်၊ ထစ်၊ ထိုး၊ ရိုက်၊ နှက်ကြသော် ငရဲသားများ မှာ ကြောက်အား လန့်အားဖြင့် ပြေးလွှား ရကာ အမောဆို့ ၍ လဲ ကျသော အခါ လက်သမား ဆရာများက သစ်သား များကို မည်းနက်သော သစ်မျှဉ်းကြိုးဖြင့် တိုင်းတာ ကာ လို သလို ဖြတ်ကြ သကဲ့သို့ ငရဲသားများ အမောဆို့ကာ လဲကျသောအခါ ငရဲထိန်း များက မည်းနက်သော ကြိုးဖြင့် လို သလို ပုံစံမျိုး တိုင်းတာကာ လွှ ငမန်း တို့ဖြင့် ဖြတ်ကြ ပိုင်းကြလုပ်ခြင်းကို ခံကြရသည်။ 
ထိုသို့ လက်နက် များဖြင့် ပိုင်းဖြတ်၍ သေသော်လည်း တစ်ဖန်ပြန်ထပ် ရှင်သန်ကာ အရင် အတိုင်း ထပ်ကာ ထပ်ကာ ဆိုင်ရာ ငရဲဒုက္ခ တို့ကို ငရဲ သက်တမ်း မကုန် မချင်း ပြန် ခံစားနေရသည်။ ဤ ငရဲ၏ သက်တမ်းမှာ ထို ဘုံဘ၀ ၏ အနှစ်တစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ ၏ တစ်ရက် သက်တမ်းသည် လူတို့ ၏နှစ်ဖြင့် အနှစ် သုံးကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။
ညီမလေးရေ ... မိုးတွေသည်းနေတယ်
(၁)
ညီမလေးရေ...
မိုးတွေသည်းနေတယ်...
ကောင်းကင်ကြီးမှာ...သက်တန့်ရောင်စဉ်တွေပေါ်ထွန်းတိုင်း
ပျော်နေတတ်တဲ့..ညီမလေး..
ခပ်ရေးရေး ပုံဖော်မိတဲ့ အတွေးထဲ..
နွေးနွေးထွေးထွေးမှ ရှိရဲ့လား ..
(၂)
ညီမလေးရေ...
ဘ၀ဆိုတာ..ဆုတောင်းရုံ တစ်ခုတည်းနဲ့
လင်းကနဲ ရှင်းကနဲ မြင့်မားလာတတ်တဲ့
ခပ်ပေါပေါ အရာတစ်ခု မဟုတ်ခဲ့ဘူး
ရိုးသားပါမှ ... ကြိုးစားပါမှ
တို့ ဘ၀တွေ..တိုးပွားလာရမယ်...........
(၃)
တချို့တွေက ရိုင်းတယ်
ကောက်ကျစ် တဲ့ မာယာ မျက်နှာ ဖုံးတွေနဲ့
အပြုံး ချိုချိုတွေ ကိုယ်စီ ချိတ်ဆွဲလို့
သိုးတွေလို ဖြူစင်နေပြတယ်
ငါ့... ညီမလေးရေ
ခေတ်..စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း
ကိုယ့်ဘ၀ကိုယ် မမေ့ဖို့ပဲလိုတယ်.............
(၄)
လှိုင်း ဘယ်လောက်ကြီးကြီး...လှေအောက်ရောက်စမြဲ
ဇွဲကြီးသူတို့ဟာ အောင်ပွဲခံ စမြဲတဲ့
ဆင်းရဲ...ချမ်းသာ..ဒီနှစ်ဖြာကြား
ဗျာများ မနေစေနဲ့
တစ်ချိန်... တို့အားလုံးရဲ့ မရဏ ပန်းတိုင်မှာ
ဘယ်လိုမှတ်တမ်းမျိုး ကို ရေးထွင်း ချင်ခဲ့သလဲ
ဘယ်လိုမှတ်တိုင်မျိုး ကို စိုက်ထူချင်ခဲ့သလဲ
ခပ်ရဲရဲသာတွေးဖို့ လိုတယ်..............
(၅)
ညီမလေးရေ...
အချစ် ဆိုတာကိုလည်း အလွယ် မယုံနဲ့
အလွယ် ယုံလို့...ပုံမှား မိသူတွေ
ပြောင်းလဲတတ်တဲ့ ၁၅၀၀ သဘောတရားမှာ
ညီမလေးတစ်ယောက်...အလိုက်သင့်မှ စီးမျောနိုင်ရဲ့လား
ရင်ခုန်ခြင်းကို ဘ၀ ဆိုတဲ့ အသိနဲ့ ထိမ်းချုပ်လို့
အချစ်နဲ့ ဦးနှောက် ကို ညီမျှခြင်းချ
အတည်တကျ..ချစ်ခြင်းနဲ့သာ ဆုံဆည်းရစေ
23 March 2016
သမ္မတ တာဝန် လွဲပြောင်းပွဲ မတ် ၃၀ မှာ လုပ်မယ်
နိုင်ငံတော် သမ္မတ တာဝန် လွဲပြောင်းရေး အခမ်းအနား ကို လာမယ့် မတ်လ ၃၀ ရက်နေ့မနက်ပိုင်း မှာ နေပြည်တော် သမ္မတ အိမ်တော် မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သမ္မတသစ် ဦးထင်ကျော် ကို သမ္မတ ဦးသိန်းစိန် က သမ္မတ အိမ်တော်မှာ ကြိုဆိုပြီး တာဝန်တွေ လွှဲပြောင်းပေး သွားမှာပါ။
‘‘သမ္မတ အိမ်တော်မှာ မတ်လ ၃၀ ရက် မနက် သမ္မတ တာဝန်လွှဲပြောင်းရေး အခမ်းအနား ပြုလုပ်မယ်။ သမ္မတ ဦးသိန်းစိန် က တာဝန် လွှဲမယ်။ အဲဒီနေ့ မနက် မှာပဲ သမ္မတသစ် က လွှတ်တော် မှာ ကျမ်းကျိန်မယ်။ ကျမ်းကျိန်ပြီးရင် အိမ်တော်ကို လာမယ်ပေါ့။ နောက်ဆုံး ပါပဲ’’ လို့ သမ္မတပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် က ပြောပါတယ်။
အဖေ များ နေ့
ဒီနေ့ဟာ မြန်မာနိုင်ငံသား အပေါင်း တို့ သိကြတဲ့ အတိုင်း တပေါင်း လပြည့်နေ့ပါ။ ဒါပေမယ့် လူသိနည်း တဲ့ အချက် ကတော့ ဒီနေ့ဟာ မြန်မာနိုင်ငံ ရဲ့ အဖေနေ့ ဆိုတာပါပဲ။ 
အဖေ ဆိုတာ သားသမီးတွေ ကို ကာကွယ်သူပါ။ သားသမီးတွေ ကို ကျွေးမွေးစောင့်ရှောက် သူလဲ ဖြစ်ပြန်ပါ တယ်။ သားသမီးတွေ ကို ဝမ်းဝ ခါးလှအောင် ဆင်ရုံမက လမ်းမမှားအောင် ပဲ့ကိုင်ပေးသူဆို လဲ မမှားပါဘူး။ 
ဒီလို တပေါင်း လပြည့်နေ့ထူး နဲ့ တစ်ထပ်တည်း ကျနေတဲ့ အဖေနေ့ ကို မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ IME Marketing and Communication မှ အဖေနေ့ ကို အောက်ပါ ကဗျာလေးနဲ့ ဂုဏ်ပြုလိုက် ပါတယ်။
 တော်ဝင်ပခုံး
*********
ညအိပ်ရာဝင် ၊ ပခုံးတင်လို့
ကျောပြင် သပ်မှ ၊ အိပ်နေကျမို့
အိပ်ဝပါစေ ၊ မှိန်းစက်စေတော့
ဖေဖေ့ ပခုံး ၊ ရင်ဖြင့် အုံးစေ
သုံးပျော်စေတွေး ၊ ပခုံးပေးခဲ့..။ 
ဝလည်း မသိ ၊ ဘယ်လို ၀ိ လည်း
နည်းသိ မကြွယ် ၊ လူမမယ်မို့
ဥာဏ်ကျယ်စေတွေး ၊ ပညာရေးတွက်
ဟေးဆိုလို့ မြှောက် ၊ ဟိတ်ဆိုခြောက်ကာ
ကျောင်းရောက် တစ်လီ ၊ အိမ်ဆီ တစ်သွယ်
သယ်ပို့ကြိုကြို ၊ မငြိုရွှင်ပြုံး
ဝလေး လုံးရေး ၊ ပခုံးပေးခဲ့...။