24 March 2016

လောကကြီး ဟာ သင်၏ ကြေးမုံပြင်






အခြားသူများ မှာ သင်တွေ့မြင်ရတဲ့ ထူးကဲကောင်းမွန်မှုတွေ ဟာ သင့်ရဲ့ ကောင်းမွန်မှုလည်း ဖြစ်ပါတယ်။ အခြားသူများ မှာ တွေ့မြင်နေရတဲ့ အပြစ် အနာတွေဟာ သင့်ရဲ့ အပြစ်အနာအဆာ လည်းဖြစ်ပါတယ်။ တစ်ကယ်တော့ တစ်စုံတစ်ရာ သဘော မပေါက်ခင် အဲ့ဒီ အကြောင်း သိနေရပါမယ်။ 
 
အခြားသူများ မှာ သင်မြင်နေ ရတဲ့ဖြစ်နိုင်ခြေတွေဟာ သင်ရဲ့ဖြစ်နိုင်ခြေလည်း ဖြစ်ပါတယ်။ သင့် ပတ်ဝန်းကျင် မှာ မြင်တွေ့ရတဲ့ အလှအပတွေဟာ သင့်ရဲ့ အလှအပ လည်းဖြစ်ပါတယ်။

သင့် ပတ်ဝန်းကျင်က လောကကြီး ဆိုတာ သင်ဘယ်လိုလူစားလဲဆိုတာ ပြသနေတဲ့ ကြေးမုံပြင် တစ် ချပ် ၊ ရောင်ပြန်ဟပ်မှု တစ်မျိုးပါ။  သင့်ရဲ့လောကကြီး ကို ပြောင်းလဲ ပစ်ဖို့ဆိုရင် သင်ကိုယ်တိုင် လည်း ပြောင်းလဲ ပစ် ရပါမယ်။ ပြစ်တင်ပြောဆို မှုဟာ အရာကိစ္စတွေ ကို ပိုပြီးဆိုးရွားစေပါတယ်။ 
 
သင်ပြုလုပ် သမျှ အရာရာတိုင်း သင့်အပေါ်မှာ ပဲ တာဝန်ရှိပါတယ်။ အခြား သူတွေမှာ သင်မြင်နေရတဲ့ အရာရာ တိုင်းဟာ သင့်မှာလည်း ပဲ မြင်နေရတတ်ပါတယ်။ အခြားသူများမှာ ရှိတဲ့ အကောင်းဆုံး အရာတွေ ကိုပဲ ရူမြင်တတ်ပါစေ။ သင်လည်းပဲ အကောင်းဆုံးဖြစ်လာလိမ့်မယ်။

အခြားသူများ ကို ပေးကမ်းစွန့်ကြဲဖို့ကြိုးစားပါ။ သူတို့ကလည်း ပြန်ပြီး ပေးကမ်းပါ လိမ့်မယ်။ အလှအပ ကို နားလည် ခံစားနိုင်ဖို့ကြိုးစားပါ။ သင်လည်းပဲ လှပလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်ပါက ချီးကျူးပေးလိုက်ပါ။ သင်လည်းပဲ တီထွင်ဖန်တီးနိုင်ပါလိမ့်မယ်။ 
 
ချစ်တတ်ဖို့ကြိုးစားပါ။ သင်လည်းပဲ အချစ် ခံရပါလိမ့်မယ်။ နားလည်ပေးဖို့ကြိုးစားပါ။ သင့် ကိုလည်း နား လည် မှုပေးပါလိမ့်မယ်။ နားထောင်တတ်ဖို့ကြိုးစားပါ။ သင့်စကားကိုလည်း နားထောင်ပေးပါလိမ့်မယ်။ 
 
သင်ကြားပေးဖို့ကြိုးစားပါ။ သင်လည်း တတ်မြောက်လာပါ လိမ့်မယ်။ကြေးမုံပြင် ကို သင့်ရဲ့ အကောင်းဆုံး မျက်နှာ ပြသလိုက်ပါ။ သင့်ကိုပြန်ကြည့်နေတဲ့ မျက်နှာကိုတွေ့မြင်ရလျှင် ပျော်ရွှင်သွားပါလိမ့်မယ်။

 
 
 နေလင်းအောင် ဘာသာပြန်ဆိုထားသည် ကို သိသမျှ ပြန်လည်မျှဝေပေးပါတယ်။
 
 
 
 

No comments:

Post a Comment