29 October 2016

ဈေးကွက်ထဲက ဆီတွေကို ဘယ်လို စစ်ဆေး အရေးယူသလဲ



မြေပဲဆီ ဟု တံဆိပ် ကပ်ထားပြီး မြေပဲဆီ မဟုတ်ဘဲ စားအုန်းဆီနှင့် အခြား စားသုံးဆီ အရောများ ကို စစ်ဆေးတွေ့ရှိ ရ၍ တော်ဝင်နဒီ ၊ Lucky ၊ SS၊ ရွှေမိုး၊ စိန်သရဖူ၊ စံထိပ်တန်း၊ ရွှေစင်၊ ရွှေကမ္ဘာ၊ Family စသည့် အမှတ်တံဆိပ် ၁၈ မျိုး ကို ဈေးကွက် အတွင်းမှ အမြန်ဆုံးပြန်လည် ရုပ်သိမ်းရန်နှင့် ဆက်လက် ထုတ်လုပ်နေ ပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ (၂၈) ခ အရ အရေးယူသွားမည် ဟု ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ထုတ်ပြန် ထား သည်။

ယင်းကဲ့သို့ အမှတ် တံဆိပ်ကပ် ပါကင်ဘူးများ ကို အရေးယူရ လွယ်ကူသော်လည်း ခွက်ခြင်ဖြင့် ရောင်းချသော ဆီ များကို စစ်ဆေး အရေးယူရာတွင် အခက်ခဲ ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်း ဦးစီးမှူး ဦးမြင့်ချို က ပြောသည်။

“Lose Cargo (အမှတ်တံဆိပ် မပါသော ပုံးဆီ) ကိုလည်း FDA နဲ့ပေါင်းပြီးတော့ ဈေးကွက်ထဲမှာ ကြည့်တဲ့အခါ လူတွေ စားသုံးရန် သင့်လား၊ မသင့်ဘူးလား၊ ဘေးဥပါဒ်ဖြစ်လား။ ဖြစ်နိုင်ရင်တော့ ဒါမျိုးတွေကို Action ယူသွားဖို့ရှိတယ်”ဟု လည်း ၎င်းက ပြောပြသည်။

အဆိုပါ ကုန်ပစ္စည်းသည် စားသုံးသူ ထိခိုက်နစ်နာပြီး ဈေးကွက်တွင် ဆက်လက် မဖြန့်သင့်ဟု စားသုံးသူရေးရာ ဦးစီးဌာန က ဆုံးဖြတ်ပါက အရင်ဆုံး သတိပေးသည့် အပိုင်း ကို လုပ်ဆောင်ကြောင်း ဦးမြင့်ချို  က ဆက်လက် ပြောဆိုသည်။

“ဒါမှ မရရင် ပြင်းပြင်း ထန်ထန် သတိပေးတယ်။ ဈေးကွက်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေ ပြန်သိမ်းခိုင်းတယ်။ နစ်နာမှု ရှိခဲ့ရင် လျော်ကြေးပေးခိုင်းမယ်။ ဒီအပိုင်းတွေကိုကျော်ပြီး သူက မလိုက်နာဘူး ဆိုရင် ဥပဒေ အရ တရားစွဲပြီး အရေးယူမယ်” ဟု လည်း ၎င်းက ဆိုသည်။

လက်ရှိ အချိန်ထိ ဈေးကွက်အတွင်းမှ ဆီများကို စစ်ဆေးအရေးယူမှု အပိုင်းအား ထိထိရောက်ရောက် မလုပ်နိုင်သေး ကြောင်း၊ ထို့အပြင် စားသုံးဆီ ဆိုင်ရာ စံချိန် စံညွှန်း သတ်မှတ်ချက်သည်လည်း အတည်မပြုနိုင်သေးကြောင်း၊ Food Adaptation law ကိုလည်း ရေးဆွဲနေဆဲဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှသာ လွှတ်တော်သို့ တင်နိုင်မည်ဖြစ်ကြောင်း နေပြည်တော် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်  က ပြောသည်။

ဆီလုပ်ငန်း လုပ်ကိုင်ပါက ပထမအဆင့် အနေဖြင့် စက်မှုကြီးကြပ် လိုင်စင်နှင့် စည်ပင်သာယာ လုပ်ငန်း လိုင် စင် ရှိထားရ မည်ဖြစ်ပြီး နောက်တစ်ဆင့်တွင် FDA ထောက်ခံချက် ရယူထားရမည် ဖြစ်သည်။

ရန်ကုန်မြို့ ဈေးတစ်ခု အတွင်း ရောင်းချနေသော ခွက်ခြင် စားသုံးဆီ အရောင်းဆိုင် တစ်ဆိုင်မှ ခွက်ခြင် ရောင်းချ သူများ အနေဖြင့် မည်သည့်နေရာက ဝယ်ယူကြောင်း အထောက်ထားပြေစာ (ငွေရှင်း ဘောက်ချာ) ရယူထားရန် လိုပြီး တာဝန်ရှိသူများ စစ်ဆေးသည့် အခါ ယင်း အထောက်အထား ကို ပြသနိုင်ရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်စောလှ က ပြောသည်။

ပြန်ကြော်ဆီ နှင့် ကင်ဆာ

ဆီကို ထပ်ခါ ထပ်ခါ အသုံးပြု ကြော်လှော်ခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သော ဓာတု ဓာတ်ပေါင်းအဖြစ်သို့ ပြောင်း လဲ သွားနိုင်ကြောင်း သိရှိသူ နည်းပါးလှသည်။

မြောင်းဆီနှင့် အကြိမ်ကြိမ် အသုံးပြု ကြော်လှော်သော ဆီတွင် ခဲ၊ အာဆင်းနစ်နှင့် ကင်ဆာ ဖြစ်စေသော Dioxin ဓာတ် ပါဝင်ပြီး ယင်းသည် အပြင်းထန်ဆုံးသော ကင်ဆာဖြစ်စေသည့် ဓာတ်ဖြစ်ကြောင်း WHO က သတ်မှတ်ထားသည်။


အရက်ဖြတ်ရန် သိထားရမည့် အချက်အလက်များ




အရက်စွဲခြင်းမှာ ပြင်းထန်သော ရောဂါ တစ်မျိုးဖြစ်ပြီး အခြားပြင်းထန်သောရောဂါများ ကဲ့သို့ပင် မကုသဘဲ ထားပါက ပြင်းထန်သော၊ အ သက်အန္တရာယ် ရှိနိုင်သော နောက်ဆက်တွဲပြဿ       နာများ ရှိလာနိုင် သည်။

ကံကောင်းသည်မှာ အရက် စွဲခြင်းအတွက် အစွမ်းထက်သည့် ကုသရေး စီမံကိန်းများ ရှိပြီး အစီအစဉ် တစ်ခုနှင့် တစ်ခုတွင် ပါဝင် သော အသေးစိတ် အချက်အလက်များ ကွဲပြားမှု ရှိသော်လည်း အချို့ အရေးကြီးသော အချက်များမှာ စီမံကိန်း အားလုံးတွင် ပါဝင်နေသည်။

အရက်ဖြတ်ရန် ကြိုးပမ်းခြင်းမှာ အရက်စွဲနေခြင်းကို ကိုင်တွယ် ဖြေရှင်းရန် အရေးကြီးသော ပဏာမခြေ  လှမ်းဖြစ်သည်။ အရက်ဖြတ်ရာတွင် ဆေးပညာ အရ ကြီးကြပ်မှုကို ခံယူရလေ့ ရှိပြီး ယင်း အချိန် အတွင်း ဆရာဝန်များညွှန်ကြားသည့် ဆေးဝါးများကို ရောဂါ လက္ခဏာများ ထိန်းချုပ်နိုင်ရန် သောက်သုံးရမည်ဖြစ်သည်။

လူနာ တစ်ဦးချင်းစီ၏ ဘေးအန္တရာယ် ကင်းရှင်းမှု သေချာစေရေး ကျန်းမာရေး ပညာရှင်များက စောင့်ကြည့်မည်ဖြစ်ကာ ဆေးဝါးများ အပြင် အရက်ကြောင့် ဖြစ်ပေါ်လာသည့် ပြဿ        နာများနှင့် ကုသမှုတို့နှင့် ပတ်သက်သော ဗဟုသုတများ ကို ပညာပေးလေ့ ရှိသည်။

အရက်ဖြတ်ရန် ကြိုးစားရာတွင် ကြုံတွေ့ရမည့် ရောဂါလက္ခ ဏာ များမှာ အန္တရာယ် ရှိနိုင်သဖြင့် အရက်စွဲနေသူ အဖို့ အရက်ဖြတ် ရန် ဆေးဝါးများ အသုံးပြုရေး လိုအပ်ခြင်းဖြစ်သည်။ ယင်း လက္ခဏာ များတွင် ဇောချွေးပြန်ခြင်း၊ မူးမော်ခြင်း၊ အော့အန်ခြင်း၊ တုန်တုန် ယင်ယင်ဖြစ်ခြင်း၊ စိုးရိမ်စိတ်ကြီးခြင်း၊ စိတ်တိုတတ်ခြင်း၊ သူတစ်ပါး အပေါ် သံသယစိတ် ကြီးခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်းနှင့် တက်ခြင်း စသော လက္ခဏာများပါဝင်သည်။


အမိန့်ပြန်တမ်း.မရလို့..မကျွတ်လွတ်နိုင်တဲ့..ရုံးစောင့်





တစ်နေ့သောညနေပိုင်း၌.. ကိုလှ
မျိုး တစ်ယောက် ရာထူးတိုးဖြင့်.အပြောင်းအရွှေ့ ကျသဖြင့် မိတ်ဆွေ အပေါင်း အသင်းများအားနှုတ်ဆက် ပွဲလုပ်ပြီး..ဧည့်ခန်း၌ ထိုင်နေသည်။

ထိုအချိန်.အိမ်ရှေ့မှ.......
"တီ..တီ..တီ" ကားဟွန်းသံကြား
သဖြင့်

" သမီးရေ..ခြံရှေ့မှာ. ဧည့်သည
် လာတယ်.. သွားကြိုလိုက်ပါအုံးကွယ်"ဟု သမီးအငယ်မ ကို သွားကြိုခိုင်း လိုက် သည်။

"ဟေ့ကောင် လှမျိုးး မင်းရာထူး
တိုးပြီ ဆိုကွ"ဟုပြောရင်း လာနေသူက..ကိုလှမျို
အကြီးတန်းစာ ရေး တာဝန်ထမ်းဆောင်စဉ်က..ဆရာဖြစ်သူ ဦးကျော်သူပင်ဖြစ်သည်။

"ဆရာ လာဗျာ ထိုင်အုံးးး ကျွန်ေ
တ်ာလည်း ခဏကမှ မိတ်ဆွေ အပေါင်းအသင်းတွေပြန်သွားလို့ နားနေတာဗျ...သမီးရေ. ဆရာ့အတွက်.. စားစရာလေး ဘာလေး တည်ခင်းပါအုံးကွယ်"

"လှမျိုးရေ..မင်းက ဘယ်နေ့ပြေ
ာင်းမှာလဲကွ"
"ဒီလလယ်ပိုင်းလောက်ပြောင်ြး
ဖစ်မယ် ဆရာ"

"ဘယ်ဘက် လဲကွ"
"မွန်ပြည်နယ်ထဲပါ ဆရာ"

"ကောင်းပါတယ်ကွာ..ဝန်းထမ်း ဆ
ိုတော့..ကျရာနေရာ တာဝန်ထမ်းဆောင်ရသကိုးး"
"ဟုတ်ပ..ဆရာရေ့"

ဆရာ တပည့်နှစ်ယောက် စပ်မိစပ်ရ
ာစကားပြော ကြရင်းးဦးကျော်သူ က
"ဒါနဲ့မင်းကိုပြောရအုံးမယ်ေ
ဟ့..ငါ..မြတုံမြို့ လေးမှာ...တာဝန်ကျတုံးကပေါ့ကွာ..အခု ငါက ပင်စင်တောင်ယူပြီးပြီ ဆိုတော့နှစ်တွေကကြာပါပြီ" ဟုအစပြုရင်းးး.......
ကိုကျော်သူ တစ်ယောက်..အပြောင်း အရွှေ့ဖြင့် တာဝန်ကျရာ မြတုံမြို့လေးသို့ ..မီးရထားဖြင့် လိုက်ပါ လာခဲ့သည်။  လူပျို  လူလွတ်တစ်ယောက် ဖြစ်သဖြင့် တာဝန်ကျရာမြို့လေးသို့ပေါ့ပေါ့ပါး ပြောင်းရွှေ့နေလို့ ရ သည်။ အခက်အခဲမရှိ။

တစ်ချို့သော ပစ္စည်းတွေက တန်ဆာ 
ရိုက်ပြီး ပို့ ထားပြီးပြီ။ အခုတော့လွတ်လွတ် လပ်လပ် အိတ် ကလေးတစ်လုံးဖြင့်သာ လာခဲ့သည်။ ရထားကြီးကလည်း တစ်ဘူတာဝင် တစ်ဘူတာထွက် အရှိန်နှင့်ခုတ်မောင်းလာခဲ့သည်။ ကိုကျော်သူလည်း ရှုခင်းတွေကြည့်ရင်းလိုက်ပါ လာခဲ့ရာညနေစောင်းလာလေပြီ။

မြတုံမြို့လေးသို့နောက် အချိ
န်ကြာကြာ စီးရအုံးမည်။ ည ၈နာရီခန့်မှသာ ရောက်မည်။

"ပူးးးးးးးပေါ်"ဆိုသော ရထားဥြ
သဆွဲသံနှင့် အတူ မြတုံမြို့ဘူတာသို့ ဆိုက်ရောက်ခဲ့လေပြီ။ လူသူ အဆင်း နည်းသောမြတုံ ဘူတာလေးမှာ မီး လေးကလည်း ခပ်မှိန်မှိန်သာ ရှိသည်။ တောမြို့လေး ဆိုတော့လည်း ဟုတ်ပေ မပေါ့။

ကိုကျော်သူ ခရီးဆောင်အိတ်ကလေ 
းဆွဲကာ ဘူတာက ထွက်လာတော့..ဘူတာရှေ့မှာ ဆိုက်ထား တဲ့   ဆိုက်ကားလေး သုံးလေးစီးသာရှိသည်။

"ဆိုက်ကားငှားမယ်ဟေ့" ဆိုတော
့အလှည့်ကျ ဆိုက်ကားသမားလေး က
"ဘယ်သွားမှာလဲ..ဆရာ"

"စီးပွားဘဏ်ကို ပို့ပေးပါကွာ "
"ဟုတ်ကဲ့ဗျ"ဟုပြောရင်း ဆိုက်
ကားသမားလေး က သူ့လက်ထဲက ခရီးဆောင်အိတ်ကို ယူပြီး ဆိုက်ကား
ပေါ်တင်ကာ..  "တက်..ဆရာ" ဟုပြောရင်း ဆိုက်ကားလေး နင်းထွက်ခဲ့လေသည်။


ဆိုက်ကားသမားလေးနဲ့ စကားတပြေ
ာပြောဖြင့် ခဏကြာတော့ ဆိုက်ကားသမားလေး က
"ရောက်ပြီ ဆရာရေ့"
"အေးအေး..ဘယ်လောက်လဲကွ

"ဆယ့်ငါးကျပ်ပါ..ဆရာ"
ကိုကျော်သူ တစ်ယောက် ၁၅ကျပ်တန
် တစ်ရွက် ထုတ်ပေးရင်း နာရီ တစ်ချက်ငုံ့ကြည့်မိသည် ။

ကိုးနာရီတောင် ထိုးသွားပြီ။ ဆ
ိုက်ကား သမားလေး က နှုတ်ဆက်ရင်း ထွက်သွားလေပြီ။ ကိုကျော်သူ တစ်ယောက် အထုတ်လေး မပြီးရုံး ဝင်းတံခါးပေါက်ရှေ့ ရပ်နေမိသည်။

ရုံးကလေးမှာ တစ်ထပ်တိုက် ကလေး
သာဖြစ်ပြီး။ တာဝန်ကျရာ ဝန်ထမ်း အိမ်ကလေး က အိမ်ခြေပုလေး သရက်ပင်တွေကြားထဲမှာ..
"ဆရာ..က ဒီကို တာဝန်ကျတဲ့ ဆရာ အ
သစ်ထင်တယ်" ဟုယောက်ျားသံ သြသြကြီးကြားမှ သူ့ရှေ့တွင်ခြံ
တံခါးဖွင့်ပေးနေသော ရုံးစောင
့်ဟု ထင်ရသော အသက်၄၀ကျော် အရွယ်လူကြီး တစ်ယောက်။ အဲ့ဒီတော့ မှ သူလည်းခြံထဲ ဝင်ဖို့သတိရသည်။

ထိုလူကြီးက. သူ့လက်မှ အိတ်ကို 
ကူသယ်ပေးရင်း
"လာ.လာ   ဆရာ."ဟုခေါ်ပြီး ဝန်ထမ
်းအိမ်လေး ဆီသို့ ခေါ်လာခဲ့သည်။

ထိုစဉ်..
"အူ....ဝူးးးးးးးး"
ဟုချွဲချွဲ ပြစ်ပြစ် အူလိုက်သော
ခွေးသံ ကြီးကြောင့် ကြက်သည်း ထသွားရသည်။ အိမ်ထဲတွင်
လဲ မီးက ခပ်မှိန်မှိန်လေးသာ ထွန်းထားသည်။


07 October 2016

သစ္စာ စူးကြသူများ



ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပေါ့ ။ အိမ်ထောင်ကွဲတွေ တွေ့ရတယ်။ ချစ်သူကွဲတွေ တွေ့ရတယ်။ တစ်ခု လတ်တွေ တွေ့ရတယ်။ အပျိုကြီး လူပျိုကြီးတွေ တွေ့ရတယ်။ အိမ်ထောင်ရေး အချစ်ရေး နဲ့ ပက်သက်ရင် ကံကောင်းပြီး ဘဝအေးချမ်းသူ မြောက်များစွာ ရှိသလို အိမ်ထောင်ရေး အချစ်ရေး နဲ့ ပက်သက်ရင် သူ့လောက် ကံဆိုးတာ နှစ်ယောက် မရှိအောင် ကံဆိုးသူ များစွာလည်း ရှိပါတယ်။

 အချို့ကျတော့ လေးငါးနှစ် ရည်းစားဖြစ်ပြီးမှ ပြတ်သွားတယ်။ နောက်တစ်ယောက် နဲ့ လပိုင်း ပဲ ချစ်ကြိုက်ပြီး ယူသွားတာတွေလည်း ရှိပါတယ်။ အိမ်ထောင်ရေး နဲ့ ပက်သက်ပြီး ကျွန်တော့် အဖေရဲ့ ဆိုဆုံးမမှု ကို နားထောင်ရတဲ့ အခါ သံဝေဂ တရား များစွာ ပါရှိပါတယ်။ ဒါလေးကို ပြန်လည် မျှဝေချင်လို့ပါ။

သူတို့ကို သစ္စာစူးသူများ လို့ ကျွန်တော့် အနေနဲ့ အမည်ပေးချင်မိပါတယ်။

ကျွန်တော့် အဖေ က ပြောပြတာကတော့ ချစ်သူ နှစ်ယောက် ဘယ်လောက်ပဲ ချစ်ကြတယ် ကြိုက်ကြ တယ် ပြောပြော သူတို့ နှစ်ယောက် ပေါင်းဖက်ရဖို့ ဆိုတာ ၅၀ ရာခိုင်နှုန်းပဲ သေချာပါတယ်တဲ့။ မယူရသေး သရွေ့ ချစ်သူ ရည်းစား ဘဝမှာ ရှိနေသေးရင် ဘဝ မှာ တစ်ကယ် ပေါင်းဖက်ရဖို့ ဆိုတာ ရာခိုင်နှုန်း ၅၀ တောင် တစ်ကယ်တန်းကျ မသေချာ ပါဘူး။


 သေချာအောင် ဘယ်လောက်ပဲ ကြိုးစားကြပါစေ လွဲရတာလည်း ရှိတတ်ပါတယ်။ အချို့ကျတော့လည်း ကိုယ် လိုချင်တဲ့ သူဟာ ဘယ်လို ဘာညာ ဆိုပြီးတော့ ပညတ်တွေ ထုတ်ကြတယ်။ တစ်ကယ်လည်း အဲဒီလို ရတာရှိပေမယ့် အများစု ကတော့ ကိုယ်လိုချင်တဲ့ ပုံစံနဲ့ မရကြ ပါဘူး။ ဘာကြောင့်လဲ ဆိုတာ သူတို့ ဟာ ပေါင်း ဖက် ဖို့ ကံကို ပါနေလို့ ဖြစ်ပါတယ်။ 

ဒါဟာ ဘဝ အဆက်ဆက်က သစ္စာတွေ တည်ခဲ့ကြပြီး ရေစက်ဆုံ ပြန်လည်တွေ့နိုင်အောင် ဘဝ သံသရာ လည်စေတဲ့ ဘဝ လည်ကြောင်း တရားများ နဲ့ ရစ်တွယ် ထားကြလို့ ဖြစ်ပါတယ်။

တစ်လောက လင်မယားနှစ်ယောက် တစ်ယောက် နဲ့ တစ်ယောက် ဓား နဲ့ ခုတ်သတ်ကြတဲ့ သတင်းကြား တယ်။ မယား က ယောင်္ကျား ကို သတ်တယ်။ ယောင်္ကျား က မယား ကို သတ်တယ်။ သူတို့တွေ ဟာ ဒီဘဝ မှာ ဒီလို ဆုံဖို့အတွက် ကို ကံကို က ပါလာပြီးသားမို့ ဖြစ်ပါတယ်။ သိကြားမင်း ကိုယ်တိုင် လာဖြတ် ရင်တောင် မရလောက်အောင် ကြီးမားတဲ့ ရေစက်ကြောင့် ဒီဘဝ မှာ လင်မယား ဖြစ်ကြတယ်။ 


အဆင်မပြေလည်း ပေါင်းကြရတယ်။ အစရှိသဖြင့်ပေါ့။ အချို့ကျတော့လည်း ဘယ်သူနဲ့မှ မပေါင်းဖက်ရဘဲ အပျိုကြီး လူပျိုကြီး ဖြစ်တယ်။ ဒါဟာလည်း ရေစက်ဆုံရန် အကြောင်း မပါလာကြတဲ့ သူများ ဖြစ်လို့ပါ။ ကံ ရဲ့ အကျိုးဆက်တွေပဲ ရှုမြင်မိပါတယ်။

ကျွန်တော့မှာ သားသမီးတွေ ရှိလာတဲ့ အခါ သူတို့ ချစ်သူရည်းစားတွေ ရှိလာရင် ဘယ်သူဘယ်ဝါ ကတော့ အဆင်မပြေဘူး။ အဆင်ပြေတယ် အစရှိသဖြင့် အတတ်နိုင်ဆုံး အကြံပေးတာပဲ လုပ်နိုင်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီး လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို မတားဆီးနိုင်ပါဘူး။ သူတို့မှာ ကံကြမ္မာ ကိုက ကိုယ်တား လည်း သူ ရကို ရမယ့် ကံပါနေလို့ လို့ပဲ မြင်မိ ပါတယ်။ 



သင့် လက်သန်းလေးက ပြောနေသော သင့် အကြောင်း



၁. သင့် လက်သန်း က လက်သူကြွယ် အဆစ် နဲ့ ညီနေမယ် ဆိုရင်...
 ကိုယ့်ကို ကိုယ် ဘယ်လိုဖော်ပြရမလဲ ဆိုတာ နဲ့ ပတ်သက်ပြီး စိတ်ရှုတ်တတ်ပါတယ်။ အကြောင်းအရာ တစ်ခုခုကို မလုပ်ခင်အတွေးလွန်တတ် ပါတယ်။

 ဖော်ရွေတတ်သူ ဆိုတော့လဲ သူငယ်ချင်း အရမ်းများပါတယ်။ သင့်မျက်နှာက အပြုံးလေးတစ်ခုကို အမြဲဆောင် ထားပါ ဒါက သင့်ကို အခွင့်အလမ်းတစ်ခုဆီသို့ ခေါ်ဆောင်သွားပါလိမ့်မယ်..။

 ၂. သင့် လက်သန်း က လက်သူကြွယ် အဆစ်ထက် အနည်းငယ်ကျော်နေတယ် ဆိုရင်…
သင်က ဥာဏ် ထက်သူ ပါ အမြဲ တက်ကြွနေတဲ့သူ ခံစားချက်ကို သဘာဝ ဆန်ဆန်ဖော်ပြတတ်ပြီး လူချစ်ခင် လာအောင်နေထိုင်တတ်သူ လူမှု့ ဆက်ဆံရေး ထူးခြားမှု့ကြောင့် အမြဲထင်ပေါ်နေတတ်သူပေါ့..။




03 October 2016

ဝိုင်နီ နဲ့ ၀ိုင်ဖြူ



လင်မယားနှစ်ယောက် အိမ်ထောင်သက်နှစ် (၃ဝ) ရှိခဲ့ပြီ။ တစ်နေ့မှာယောက်ျားဖြစ်သူက မိန်းမ ကို လေသံအေးအေးနဲ့ "မိန်းမရေ... ငါတို့ လက်ထပ်ခဲ့တာ နှစ် (၃ဝ) ရှိခဲ့ပြီ။ နင်လည်း ပင်ပန်းခဲ့ပြီ။ ဒါကြောင့် နောက်တစ်ပတ်က စပြီး နင့်ကို ရာထူးတိုးပေးမယ်" လို့ပြောတယ်။

ယောက်ျားရဲ့ အပြောကိုကြားတော့ မိန်းမ က ဝမ်းသာအားရနဲ့ "ဘာရာထူး တိုးပေးမလို့လဲ?" မေးတယ်။

"အင်း.... နောက်တစ်ပတ် ငါမယားငယ် ယူမလို့၊ အဲတာ နင့်ကို မယားကြီး ရာထူးပေးမယ်" ဆိုပြီး ရက် မကြာခင်မှာ ယောက်ျားက မယားငယ်ယူလိုက်တယ်။

ဒါနဲ့ မယားကြီးက ယောက်ျား ကို "ရှင်က မယားငယ်ယူပြီ ဆိုတော့ ညအိပ်တဲ့ အခါ ဘယ်လို စီစဉ်ထားသလဲ ? တစ်ရက်ခြားစီ အိပ်မှာလား? သေချာကြိုပြောထားနော်။ ကျွန်မ က ငြင်းခုန်ရန်ဖြစ်တာမျိုး မလိုချင်ဘူး။ ပြီးတော့ တရားမျှမျှတတ လုပ်နော်။ တနင်္ဂနွေနေ့ ကို ရှင့် နားရက်လို့ သတ်မှတ်လိုက်မယ်"

ယောက်ျား က ခဏလောက်စဉ်းစားပြီး "အင်း... ညစာစားတဲ့ အချိန် ငါ ဝိုင်နီသောက်ခဲ့ရင် မယားငယ် နဲ့အိပ် မလို့။ တစ်ကယ်လို့ ဝိုင်ဖြူသောက်ခဲ့ရင် နင်နဲ့ အိပ်မလို့... အဲလိုပဲ မှတ်လိုက်။ ဒီညက သူနဲ့ယူစ ဆိုတော့ ငါ ဝိုင်နီသောက်မယ်ကွာ" လို့ ပြောတယ်။

မင်္ဂလာညမို့ မယားကြီး ကလည်း ယောက်ျား ကို မနှောင့်ယှက်ချင်တာနဲ့ ဘာမှ မပြောဘဲ စူပုတ်ပုတ်နဲ့ ကိုယ့်အခန်းထဲ ဝင်သွားခဲ့တယ်။

နောက်တစ်နေ့ ညစာ စားတော့ မယားကြီးက ယောက်ျားကိုမေးတယ်။

"ကဲ... ဒီည ဘယ်လိုလဲ?"

"အင်း.. မနေ့ညက သောက်ထားတဲ့ ဝိုင်နီက တစ်ဝက်ကျန်သေးတယ်။ မသောက်ဘဲ ဒီအတိုင်း ထားရင် အရသာ ပျက်သွားတတ်တယ်။ နှမြောစရာကြီး.. ဒီညလဲ ငါ ဝိုင်နီသောက်ပါရစေနော်"



ရေခဲသေတ္တာထဲ ၆ ပိုင်း လူသေအလောင်း အမှု ဦးဆောင်ကျူးးလွန်သူဟာ စီအိုင်အေတွင် တာဝန်ထမ်းဆောင်ခဲ့ဟု ထွက်ဆို



ဘန်ကောက် က ၆ ပိုင်း ပိုင်းထားတဲ့ လူသေအလောင်းကို ရေခဲသေတ္တာထဲ ထည့်တဲ့ အမှု ပတ်စပို့အတုနဲ့ မူးယစ်ဆေးဝါးဂိုဏ်း စတာတွေကို ဦးဆောင်သူ ဟားဘတ်ကရစ်ဂ်လာဖွန် ဟာ ဟာ လက်ဝှေ့သမား၊ဓာတုဗေဒ ပညာရှင်၊ စီအိုင်အေ မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတယ် လို့ ထွက်ဆိုပါတယ်။

ယ္ခု အချိန်မှာတော့ သူနဲ့ သူရဲ့ မိတ်ဆွေ အမေရိကန် ၂ ဦး တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က အကျဉ်းထောင်တစ်ခုမှာ ဖမ်းဆီးခံထားရပြီး အမှု ၅ မှုလောက်နဲ့ ရင်ဆိုင်နေရတာပါ။
ရဲအရာရှိတစ်ဦးဖြစ်သူ နစ်သီသွန်း ပြောတာက မစ္စတာဟားဘတ်လာဖွန် ဟာ စစ်ကြောရေး ဝင်တုန်းမှာ ရဲတွေကို သူဟာ စစ်ပြန် တစ်ယောက်ဖြစ်တယ် ဓာတုဗေဒပညာရပ်ကို ဆည်းပူးခဲ့တာ ဖြစ်ပြီး စစ်တပ် အတွက်လည်း လက်နက်တွေ ထုတ်လုပ်ပေးခဲ့ရတယ်ဆိုတာတွေ ပါပါတယ်။ 
သူက အမေရိကန်နိုင်ငံကို မပြောင်းရွှေ့ခင် ကလေးဘဝတုန်းက ယူကေ မှာ နေထိုင်ခဲ့တယ်လို့ လည်း ပြော ခဲ့ပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့လောက်ကတော့ မစ္စတာ လာဖွန်ဟာ ဒီ လူသေအလောင်းကို သူ ၆ ပိုင်း ပိုင်းခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဒီလူကို သူ သတ်တာမဟုတ်ဘူး လို့တော့ ငြင်းနေတုန်း ပါပဲ။
ရဲတွေက ဒီလူတွေ သွားနေကျ ဘားဆိုင်တွေကို သွားစုံစမ်းတဲ့ အခါမှာ ဘားဆိုင် မှာ မစ္စတာလာဖွန် နဲ့ သောက်နေကျ လူတွေက သူတို့လည်း ဒီလို ဇာတ်လမ်းမျိုးတွေ မစ္စတာလာဖွန်ပြောတာကို ကြားဖူးကြောင်း ဒါပေမဲ့လည်း သူပြောခဲ့တာတွေကို သံသယရှိတယ် လို့ ဆိုပါတယ် ။ 
ဘားဆိုင်မှာ သောက်နေကျ ဖောက်သည်တစ်ဦးရဲ့ အဆို အရ မစ္စတာလာဖွန် ဟာ အမေရိကန်နိုင်ငံ ကို မပြန် တာ နှစ် ၂၀ ရှိနေပြီဖြစ်ကြောင်း သူက အမေရိကန်နိုင်ငံကိုလည်း မုန်းကြောင်းပြောခဲ့တယ်လို့ သိရပါ တယ် ။ ဒီဘားဆိုင်ရဲ့ ဖောက်သည်ကိုလည်း မစ္စတာလာဖွန် က သူက စီအိုင်အေ နဲ့ ဆက်စပ်ကြောင်းပြောပေမဲ့ မယုံခဲ့ဘူးလို့ဆိုပါတယ်။

27 September 2016

လ၀က ရုံးက ဓားပြများ




မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းကြသည့် မင်းစိုးရာဇာ မဟုတ်သည့်သူ များ အနေဖြင့် မဖြစ်မနေ သွားရသည့် အစိုးရဌာန၊ တစ်နည်း အားဖြင့် မသွား ချင်လည်းသွားရသည့် အစိုးရဌာန တစ်ခု ရှိသည်။ ၎င်းမှာ လ၀က ဌာနပင်ဖြစ်သည်။ 

ဘဏ်ဖြင့် ပိုက်ဆံ လွှဲချင်လျှင် အပြင်ပုဂ္ဂလိက ဘဏ်က လွှဲနိုင်သည်။ ဆေးကုသမှု ခံယူရန် ငွေရှိ လျှင် ပြင်ပ ဆေးရုံတွင် ကုသနိုင်သည်။ အခွန်ဌာန မသွားလိုလျှင် သင်ကိုယ်တိုင် မှီခို လုပ်လိုက် လို့ရသည်။ ရပ်ကွက်ရုံးသို့လည်း အိမ်မှ မိသားစုဝင် တစ်ဦးဦးဖြင့် သွားခိုင်းလို့ရသည်။ သို့သော် အသက် ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့်၊ ၄၅ နှစ်ပြည့် မှတ်ပုံတင် များ လုပ်လျှင်တော့ ပွဲစားများ ကို ငွေပေးပြီးလုပ်လျှင်တောင် အနည်းဆုံး လ၀က ရုံးသို့ လက်ဗွေနှိပ်ရန်သွားရပေမည်။

လ၀က ရုံးနှင့် မဖြစ်မနေ ပတ်သက် ရသူတိုင်း စိတ်ချမ်းသာစွာဖြင့် အမှု ကိစ္စများကို ပြီးမြောက် ခဲ့ခြင်း မဟုတ်ပေ။ အနည်းဆုံး သုံးလေးခေါက်လောက် အသွားအပြန် လုပ်လိုက်ပြီး ငွေစလေး များ ပေးကမ်းလိုက်မှသာ ကိစ္စပြီးနိုင် သည်။ သို့မဟုတ်ပါက ရောက်လာသူ အပေါင်း မောဟ ၊ ဒေါသများဖြင့် စိတ် ဆင်းရဲစေပြီး သင်လိုချင်သည်ကိုလည်း လွယ်လွယ်ရနိုင်မည်မဟုတ်ပေ။

“ကျွန်မ ကလေး ၂ ယောက်အ တွက် သန်းခေါင်စာရင်းထဲ ကို မွေး/တိုး လုပ်ဖို့သွားပါတယ်။ ၄ ခေါက် သွားရတယ်။ ပထမ  ကတော့ ဟိုစာရွက် မပါ သေးဘူး၊ ဒီစာရွက်က ဒီလိုမဟုတ်ဘူး။ တစ်ခါတည်းလည်းပြီးအောင်ပြောလိုက်ရင် ယူလာမှာပေါ့။ ရောက်တော့မှ ဟို ဟာလို ဒီဟာ လိုတယ်လို့ ပြန်ပြန်ယူရတာ။ ကိုယ့်အလုပ်လည်း ပျက်ရတယ်။ အဲဒါကြောင့် ကျွန်မ လ၀က နဲ့ပတ်သက်ရမယ် ဆိုရင် ကျားဖင်သာ ပြေးနှိုက်လိုက်ချင်တယ်” ဟု ရန်ကုန်ရှိ မြို့နယ် တစ်ခုက အိမ်သန်းခေါင်စာရင်း ထဲသို့ သူမ၏ ကလေးနှစ်ယောက်ကို မွေး/တိုးထည့် သည့် ဒေါ်သူဇာ (အမည်လွှဲ) က သူ့တွေ့ကြုံခဲ့ရသည်များကို ပြောပြသည်။

ဒေါ်သူဇာ ၏ သန်းခေါင်စာရင်း မှာ မြောက်ဘက် ရပ်ကွက်တွင် နေထိုင်ခဲ့စဉ်က ပြုလုပ် ထားခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့် ကပင် တောင်ဘက် ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင် ခဲ့သည်။ သူမ ၏ ကလေးများသည် အသက် ၁၀ နှစ်ကျော်နေသည်အထိ သန်းခေါင် စာရင်းသို့ မသွင်းရသေးပေ။ ထိုသို့ကလေးများ ကို သန်းခေါင်စာရင်းသို့ မသွင်းရသေး သည့် အကြောင်း ရင်း ကတော့ အစိုးရ ရုံးများနှင့် ပတ်သက်ရမည်ကို ကြောက် ၍ဖြစ်ကြောင်း ဒေါ်သူဇာ က ဆိုသည်။

“သူတို့ဆီက ၃ ရစ် နဲ့ဝတ် ထားတဲ့ အမျိုးသမီး က ကျွန်မကိုပြော တယ်။ ကျွန်မ ကလေးတွေ က ၁၀ နှစ် အထိ သန်းခေါင်စာရင်းထဲ မသွင်းတာ ပြဿ        နာ  ရှိတယ်။ ၅ နှစ်  အတွင်းမှ သန်းခေါင်စာရင်းထဲ  သွင်းရမယ်။ အခု ၁၀ နှစ်ရောက်မှ သန်းခေါင်စာရင်းထဲသွင်း လို့ ခရိုင်ရုံး ထိ ဖြေရှင်းချက်ပေးရမယ်။ လွယ်လွယ်ကူကူမပြီးဆုံးနိုင်ဘူးလို့ပြောတယ်” ဟု ဒေါ်သူဇာက လ၀က ရုံးတွင် ကြုံတွေ့ရသည်များ ပြန်ပြောပြသည်။

“ကျွန်မ ကလေးတွေဟာ အခု လက်ရှိမှာ ကျွန်မ နဲ့ ရင်အုပ်မကွာ အတူရှိနေတယ် ဆိုတာ သက်သေပြနိုင် ဖို့ ကျွန်မ ရဲ့သန်း ခေါင်စာရင်းပြုလုပ်ထားတဲ့ ရပ်ကွက် က အိမ်နီးချင်း ၂ ယောက်ကိုခေါ်လာ ခဲ့ပြီး သူ့ရှေ့မှာ  ထောက်ခံချက်ရေးပေး ရမယ် ပြောတယ်။ ကျွန်မ က အဲဒီရပ်ကွက်မှာ မနေတာကြာတော့ ဘယ်သူ နဲ့မှ အသိ မရှိဘူး။ သိတဲ့လူ ကလည်း ရုံးပြင်ကနား ကို လိုက် သက်သေခံပေးဖို့ ဆိုတာ လုပ်ချင်မှာမဟုတ်ဘူး။ ကလေး တွေ ကျောင်း တက်နေတဲ့ကျောင်း သားကတ်ပြပါမယ် ဆိုတော့လည်း အဲ ဒီ ၀န်ထမ်းက မရဘူးလို့ပြောတယ်” ဟု ဒေါ်သူဇာ က ဆိုသည်။

တစ်နေရာတွင် သန်းခေါင် စာရင်း ပြုလုပ်ထားလျှင် နောက်တစ်နေရာ ပြောင်းလျှင် သန်းခေါင် စာရင်းပါလိုက် မပြောင်းခြင်းက ဒေါ်သူဇာ အတွက် အားနည်းချက်ဖြစ်သည်။ ယခု ရပ်ကွက်တွင် မူ ဒေါ်သူဇာနှင့် သူ့မိသားစုမှာ ယာယီသန်းခေါင် စာရင်းဖြင့်နေထိုင် သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပ ဒေ အရ မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း မျိုးနွယ်စုကြီးရှစ်ခု (ရှမ်း၊ ကချင်၊ က ယား၊ ကရင်၊ ချင်း၊ ဗာ၊ မွန်၊ ရခိုင်) တို့မှ ပေါက်ဖွားလာသည့် သူများ သည် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ရှိသည်။ မွေး ရာပါ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွား လာသူများ သည်လည်း နိုင်ငံသားမှတ် ပုံတင် ကိုင်ဆောင်နိုင်သည်။ သန်း ခေါင်စာရင်းတွင် ထည့်သွင်းနိုင် သည်။ မိုးပွင့်စီမံကိန်းသည် မွေးရာပါနိုင်ငံသား များအတွက် လုပ်ပေးသော စနစ်ဖြစ် သည်။

ဒေါ်သူဇာတို့ လင်မယားနှစ်ယောက် လုံး မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင် ဆောင်ထားသည့် ဗမာလူမျိုး၊ ဗုဒ္ဓဘာ သာဝင်များဖြစ်ကြသည်။ ဒေါ်သူဇာ၏ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ရှိသည့် က လေး ၂ ဦး သန်းခေါင်စာရင်းထဲထည့် ရေးတွင် လ၀က က သက်သေထွက် ချက်များဖြင့် အချက်အလက်ခိုင်လုံ အောင် တောင်းဆိုနေခြင်းသည် ဒေါ် သူဇာနေထိုင်ရာ မြို့နယ်လ၀ကရုံးက မိုးမပွင့်သည်မှာ သေချာနေသောကြောင့် ဖြစ်သည်။

ဒေါ်သူဇာသည် ယခင် သူမနေထိုင် ခဲ့ရာ ရပ်ကွက်မှ အိမ်နီးချင်း များကို သက်သေ အဖြစ် မခေါ်လို သဖြင့် မြန် မာကျပ်ငွေ သုံးသောင်းဖြင့် လ၀က ၀န်ထမ်း ကို ရေလောင်းခဲ့သည် ဟုဆိုသည်။

လာဘ်ပေး လာဘ်ယူ တို့ရန်သူ ဆိုသော အုပ်ချုပ်သူ အစိုးရ အဂတိ ကင်းစင်ရေး ဆောင်ပုဒ် သည် လာဘ်ပေးသူ ကိုရော လာဘ်ယူသူပါ အစိုးရ ၏ ရန်သူ အဖြစ် သတ်မှတ်ထားသော် လည်း ဒေါ်သူဇာ ကတော့ အစိုးရ၏ ရန်သူသာ ဖြစ်လိုပြီး လ၀က ၏ ရန်သူတော့ မဖြစ်လိုပေ။

ဒေါ်သူဇာ ကဲ့သို့ပင် အစိုးရအဖွဲ့အ စည်း မဟုတ်သည့် သာမန်ပြည်သူတိုင်း တွင် လ၀ကနှင့် ပတ်သက်သည့် စိတ် အနှောင့်ယှက်ဖြစ်စရာ အကြောင်းရာ တစ်ခုခုတော့ ရှိစမြဲပင်ဖြစ်ကြောင်း လွန် ခဲ့သော ၅ နှစ်ခန့် က လှိုင်မြို့နယ် လ၀က ရုံးတွင် ၁၈ နှစ်ပြည့် မှတ်ပုံတင် လဲလှယ် ပြုလုပ်ခဲ့သူ မသီရိ ကပြောသည်။

“ကျွန်မ ၁၀ နှစ်ပြည့်တုန်းက အမေ ပဲ မှတ်ပုံတင် လုပ်ပေးတော့ လ၀က အကြောင်း မသိဘူးပေါ့။ ၁၈ နှစ်ပြည့် မှတ်ပုံတင် ကို ကိုယ်တိုင် လုပ်တော့ သူတို့က ဟဲ့ကောင်မလေး လက်ဖက်ရည် ဖိုးပေးသွားလို့ပြောတယ်။ ကျွန်မ က ပါလာတဲ့ ပိုက်ဆံ နှစ်ထောင်ပေးလိုက် တာ၊ အဲဒီ့ရုံးက အစ်မကြီး က အမယ်လေး ဒီနေ့ တစ်နေ့လုံး ရွှေပြည်စိုးတွေ နဲ့ချည်း တွေ့နေပါလား။ ဒီလောက် နဲ့ ဘာလုပ်လို့ ရမှာလဲလို့ အော်လိုက်တာ အကျယ်ကြီး။ ကျွန်မ ရှက်လွန်းလို့ အိမ် ကို ငိုပြန်သွားပြီး ပိုက်ဆံ ၁၅,၀၀၀ လာ ပြန်ပေးမှ မှတ်ပုံတင် ထုတ်ပေးတော့တယ်။ ကျွန်မတော့ စိတ်နာလွန်းလို့” ဟု သူမ က မျက်နှာမဲ့ကာ ပြန်ပြောပြသည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ နိုင်ငံသားများ အတွက် အခမဲ့ သန်းခေါင် စာရင်းနှင့် နိုင်ငံသား မှတ်ပုံတင်ပြုလုပ်ပေးသည့် မိုးပွင့် စီမံကိန်း အဆင့် ၁ ကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးခဲ့ပြီး အဆင့် ၆ ဆင့် ရောက်သည် အထိ မြန်မာနိုင်ငံ အနှံ့အ ပြား တောရောမြို့ပေါ်ပါမကျန် ဆောင် ရွက်ပေးနေသည်။ သို့သော် ရန်ကုန် ကဲ့ သို့ မြို့ကြီးပြကြီး လ၀က ရုံးဆိုက်ရာနေ ရာများတွင်တော့ မိုးမပွင့်ပါ။ 

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေး တွင် လောက်ကိုင် မဲဆန္ဒနယ်မှ ဦးကျော် နီနိုင် က လ၀က အနေဖြင့် ပြည်သူများ ကို စိတ် အနှောင့်အယှက် မဖြစ်စေ ဘဲ မိုးပွင့် စီမံကိန်း မဟုတ် ဘဲနှင့် ရုံးတွင်း လာရောက်သူ တိုင်းရင်းသားပြည်သူ များကို သတ်မှတ်နှုန်းထားများနှင့် အညီ နိုင်ငံသား စိစစ်ရေး ကတ်ပြားများအား ဆောင်ရွက်ပေးနိုင် ပါသလားဆိုသည့် မေးခွန်းကို ဦးကျော်ကျော်နိုင်၊ လ၀ကဒုတိယ ၀န်ကြီး က ပြန်လည်ဖြေကြား ရာတွင် မိမိတို့ ၀န်ထမ်းများ ငွေပိုယူသည်ဟု မကြားမိပါကြောင်း၊ လ၀က ၏ နှုန်းထားများသည် ၃ ကျပ်၊ ၆ ကျပ် ဖြစ်နေသည့် အတွက် ပြည်သူများ က ပိုမို ထည့်ဝင်ပေးသွားခြင်းများ သာ ရှိကြောင်း ရုံးတွင်း လာရောက် လုပ်ရာ တွင်လည်းကောင်း သတ်မှတ်နှုန်းထားမှာ တစ်ပြေးညီ ပင်ဖြစ်ကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

လွှတ်တော်အတွင်းက ဒုဝန်ကြီး၏ ဖြေရှင်းချက်နှင့် ပြင်ပ လ၀က ရုံးများ ၏ လုပ်ဆောင်ချက်များ လွဲနေဆဲဖြစ် ကြောင်း တောင်ဥက္ကလာပ တွင် မှတ် ပုံတင်ပြုလုပ်ခဲ့သူ ဦးခိုင်စိုး ကဆိုသည်။



18 September 2016

တစ်ပွဲစား နဲ့ တောကြီးမာယာ



လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က မြန်မာပြည်အောက်ပိုင်း တစ်နေရာတွင် မုဆိုးအလုပ် နဲ့ သက်မွေး ၀မ်းကျောင်း လုပ်နေသော ဦးရွှေသိုက် ဆိုသော မုဆိုး တစ်ယောက် ရှိပါသည် ။ ဦးရွေသိုက် မှာ သူ့ ဇနီးနဲ့ အတူ သားသမီးသုံးယောက် ရှိပါတယ် ။ 

တပည့်ကျော် ဘခက် နဲ့ အမဲပစ်ပြီး ရလာတဲ့ သားကောင် တွေရောင်း ချပြီး စားသောက်လာတာ စီးပွားရေး က အတော်အသင့် အဆင်ပြေပါတယ် ။ တစ်နေ့ ဦးရွှေသိုက် ဇနီး မှာ ,၄ ယောက်မြောက် ကိုယ်ဝန် ကို ရရှိ လာပါတယ် ။ 

အဲ့ဒီ အချိန်က စပြီး ဦးရွှေသိုက် တောထဲ သွားတိုင်း သားကောင်ကြီး မပြောနဲ့ ယုန် တစ်ကောင် ရဖို့တောင် မနဲ ရှာပစ်နေရတဲ့ အခါ ဆိုတော့ သူ့ စီးပွားရေးကလဲ တော်တော်လေး အဆင်မပြေဖြစ်နေချိန်ပေါ့ ။  ငွေ ကလဲ အရမ်းလိုနေပြီ မိန်းမက ခလေး မီးဖွားတော့မယ် ဆိုတော့ တောထဲမှာ နေပြီးသား ကောင်ပစ်ဖို့ ဦးရွှေသိုက် ဆုံးဖြတ်လိုက်တော့တယ် ။

 "မိန်မရေ ခုတစ်လော သားကောင် ရှာပစ်ရတာ မလွယ်ဘူး ငါတောလည် သွားပြီး ရှာပစ် အုံးမယ်  နွေရာသီရောက်လာပြီ ဆိုတော့ သားကောင်ကြီး တစ်ကောင်လောက် တော့ ရကောင်းရနိုင်ပါရဲ့"

 """မသွားလို့ မရဘူးလား ကျူပ်မှာက မပေါ့မပါး နဲ့ တစ်စုံတစ်ခု ဖြစ်ရင် ဘယ်သူ့ အားကိုးရမလဲ ရှင့်ကိုလဲ စိတ် မချဘူး""" မသွားလို့ ဘယ်ရမလဲ မင်းက ခလေးမွေးတော့မှာ ပိုက်ဆံလိုနေပြီ ပြီးတော့ ဘခက်လဲ ပါတာပဲ စိတ်ချပါ " 

ဒါဆိုလဲကောင်းပြီ အစစ အရာရာ ဂဂုစိုက်ပါ " ဇနီး နဲ့ သားသမီးတွေကိုနှုတ်ဆက်ကာ တောထဲသို့ အမဲပစ် ရန် ထွက်လာခဲ့လေသည် ။  ဆရာ တပည့်နှစ်ယောက် တစ်နေ့လုံး တောထဲ လှည့်နေတာ သားကောင်ကြီး တစ်ကောင်တစ်လေမျှတောင် မတွေ့ ညနေကလဲစောင်းနေပြီ"

 တောက်!!  ဒီတောထဲက သားကောင်တွေ တောများပြောင်းသွားပြီလား မသိဘူး"""" ""ဟုတ်ပ ဆရာ ရာ ခုတစ်လော ဘာ အကုသိုလ်နဲ့မှ အကျိုးကို မပေးဘူး"" တောထဲတောင်ထဲမှာက ညဘက် ဆို မြေပြင်မှာ မအိပ်ကောင်း ဒီတော့ လင့်စင်ထိုးဖို့ အပင်ကြီး သစ်ပင်ရှာကြတယ် ။ 

ဒီနေရာမှာ ၀ါရင့် မုဆိုးကြီး ဦးရွှေသိုက် က အကွက်မြင်တယ် ။ လင့်စင် ထိုးဖို့ ရေအိုင်ကြီးဘေးက အင်ကြင်း ပင် ကိုရွေးချယ် လိုက်တယ် ။ 

"ဘခက်ရေ ငါတို့တော့ သားကောင် ပင်ပင်ပန်းပန်း ရှာနေစရာ မလိုတော့ဘူးဟေ့ ဟိုမှာတွေ့လားရေကန် ဒီညရေ လာသောက်တဲ့ကောင် ငါတို့ကောင်ပဲ မှတ်လိုက်တော့ "" လင့်စင်ထိုးပြီး သားကောင်အလာ ကို စောင့်နေကြတယ် ။ မုဆိုး အလုပ်ကလဲ မလွယ် ဇွဲကောင်းမှသာ တော်ရာ ကျမယ်။ 

ဒီလို နဲ့ ဆရာ တပည့်နှစ်ယောက် သားကောင်အလာကို စောင့်နေတာ ညတောင်တော်တော် နက်လာပြီ ။ နွေ အခါ လ ပိုသာဆိုတဲ့ အတိုင်း လရောင်အောက်မှာ ပတ်ဝန်းကျင်ကို ရှင်းရှင်း လင်းမြင်နေရတယ် ။ ညက ၁ ချက်ထိုးလောက် ရှိပြီထင်တယ် ။  ခုချိန်ထိ ရေကန်နားကို ဘာကောင်မှ ပေါ်မလာ တောကလဲ အရမ်း ကို တိတ်ဆိတ်လို့ ထူးတော့ ထူးဆန်းနေပြီ ။ ခါတိုင်းဆို တောထဲမှာ အိပ်ရင် ဒီလိုမဟုတ် ကျားဟိန်း သံတွေ ဂျီဟောက်တွေ နဲ့ ဆူညံနေတာပဲ ။ အင်းးးး စဉ်းစားစရာ တော့ဖြစ်နေပြီ။ 

ထိုသို့ တစ်ယောက်ထဲ ဦးရွှေသိုက် စဉ်းစားနေတုန်း ရုတ်တရက် လှုပ်ရှား သွားသော ခြုံလေးကိုကြည့်ကာ မျက်နှာ ၀င်းခနဲ ဖြစ်သွားတယ် ။ တပည့်ဖြစ်သူ ဘခက်ကို လှုပ်နိုးပြီး ""ရှု။း"တိုးတိုး ဟိုမှာတွေ့လား "ဦးရွှေသိုက် လက်ညိုး ထိုးရာကြည့်လိုက်တော့မှ ဘခက် အိပ်ချင်စိတ်မှာ ပျောက်သွားတယ် အာပါးပါး နဲတဲ့ ဆတ်ကြီး မှ မဟုတ်တာ ဂျိုကြီးတွေက ကားထွက်နေတာပဲ ။ 

 အဲ့ဒီ ဆတ်ကြီး ကတော့ သူ့ အန္တာရာယ် သူ မသိရှာဘူး ရေကန်ကရေကို သောက်လိုက် ရေကန်ထဲက လရောင်ကို ကြည့်လိုက် လုပ်နေတာ ။ အဲ့ချိန်မှာ ဦးရွှေသိုက် သူ့နှစ်လုံးပြူးပြောင်ကို သေသေ ချာချာ ချိန်ပြီး  ဘခက် ကို မီးထိုးခိုင်းလိုက်တယ် .။ ဆတ်ကြီး က မီးအလင်းရောင်ကို မြင်ပြီး ကြောင်ပြီး ကြည့်နေတုန်း ဦးရွှေသိုက် မောင်းဖြုတ်လိုက်တော့တယ် ။ 

" ဒိုင်း" "ရွှီး"ဆိုတဲ့ အသံ နဲ့ အတူ ဆတ်ကြီး ဟာ အဲ့နေရာမှာတင် ၀ုန်း ကနဲ လဲကျ သွားတော့တယ် ။ ဦးရွှေသိုက် ကတော့ ထီပေါက်သူ အလားပဲ "ရပြီဘခက် ငါတို့ ဒီလောက်ဆို ခိုင်လုံသွားပြီ မနက်မှ ဆင်းကောက် ရအောင် ခုတော့ တစ်ရေး တစ်မော အိပ်အုံးစို့ "ဆိုပြီး အိပ်ချလိုက်တော့တယ်။ 

အိပ်မှ အိပ်ရတာ အတွေးတွေ နဲ့ ဦးရွှေသိုက် အိပ်မပျော် ဒီညက သူ့ အဖို့ တော်တော်လေး ကို ထူးဆန်းနေ တာ ဆတ်ကြီး က အော်သံလဲ မပေး တောက်သံလဲ မပေးပဲနဲ့ ရေကန်နားကို ရောက်လာတယ်။ တောကလဲ အလွန်အမင်း တိတ်ဆိတ်နေတယ် ပြီးတော့ ဆတ်ကို သေနတ်နဲ့ ပစ်လိုက်တော့လဲ နာကျင်သံ ထွက်မလာ ၀ုန်း ခနဲ လဲကျသွားတာရယ် "ဟူး" တစ် ခုခုတော့ မှားနေပြီ ။ 

17 September 2016

နှာခေါင်း ထိပ်က အမည်းစက်တွေကို ရိုးရှင်း လွယ်ကူစွာ ဖယ်ရှားနည်း



မျက်နှာ အဆီပြန်တတ်သူတွေ နဲ့ ပေါင်းစပ် အသားအရေ (ခေါ်) နဖူး အလယ် နှာခေါင်း၊ မေးစေ့ တွေမှာ အဆီပြန်တတ်သူတွေဟာ အမည်းစက်တွေ ထွက်လေ့ ရှိပါတယ်။

အမည်းစက် လို့ ဆိုပေမယ့် တစ်ကယ်တမ်း မှာတော့ ဝက်ခြံဖြစ် ပြီး ၄င်းကို ညှစ်လိုက်တဲ့ အခါ အထဲ က အဖြူရောင် အဆန်လေးတွေ ထွက်လာတာမျိုး ပါ။ အဲ့ဒီလို အမည်းစက်တွေကိုတော့ နှာခေါင်းထိပ် တစ်ဝိုက်မှာ အများဆုံးတွေ့ရပြီး နှာ ခေါင်းဘေး ကပ်လျက်ရှိသော ပါး ပေါ်မှာလဲတွေ့ရတတ်ပါတယ်။

 အောက်နှုတ်ခမ်း နဲ့ နီးကပ်နေသော မေးစေ့ပေါ်မှာတော့ကြာစူး ကဲ့သို့ အဖု ချွန်းချွန်းလေးတွေ ခပ်ကျဲကျဲ ထွက်ပြီး၎င်း ကို  ကုတ်ခြစ်ကြည့်တဲ့ အခါမှာလဲ အဖြူရောင် အဆန် ထွက်ရှိလာပါတယ်။

 ပျမ်းမျှအားဖြင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပို၍အဖြစ် များပြီး ဆယ်ကျော်သက် အရွယ် က စလို့ ခုလိုမျိုး ထွက်လာကြတာပါ။

သာမန် ဝက်ခြံဖုတွေဟာ အချိန်တန် လို့ သူ့အလိုလို မှည့်သွားတဲ့ အခါ အဖြူရောင် အဆန် သွေးစသွေးနနဲ့ သားနံရည်တွေ ထွက်လာပေမယ့်၊ အမည်းစက် တွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့် ၄င်း အမည်းစက်တွေကို အထဲက အဆန် ထွက်လာဖို့ ညှစ်ပေးရမှာပါ။ တစ်ချို့ သူတွေက ညှစ်လိုက်ရင် ပွားတတ် တယ်ဆိုကာ မညှစ်ရဲဘဲ ထားကြ ပါတယ်။

တစ်ကယ်တမ်း မှာတော့ အမည်းစက်တွေက မပွားတတ်ပါ ဘူး။ သို့သော် အမြစ်ပြတ်တယ် လို့ မရှိဘဲ အဆန်တွေ ထွက်သွားပြီး နောက်ရက် အနည်းငယ် အတွင်းမှာ ပင်နေရာဟောင်းမှာ သူ့အလိုလိုပြန် ပေါ်လာလေ့ ရှိပါတယ်။ 


အလှကုန်ဈေးကွက်ထဲမှာ နှာ ခေါင်းကပ် (ကပ်ခွာ) ပစ္စည်းလေး တွေ၊ အမည်းစက် အတွက် သီးခြား ဖန်တီးထားတဲ့ scrub (ခေါ်) ဂျီး (ကြေး) တွန်း သန့်စင် ပစ္စည်းလေးတွေ ရနိုင်သလို၊ အလှပြင်ဆိုင်တွေ မှာ လဲ မျက်နှာပေါ်က အမည်းစက်တွေကို ဆေးသုံးပြီး ဖယ်ရှားပေးနေ ပါတယ်။


 အလှပြင်ဆိုင် ကို တစ်ကူး တစ်က သွားနေစရာမလိုဘဲ အိမ်မှာတင်ပဲ ရိုးရှင်း လွယ်ကူတဲ့ နည်းလမ်းလေးတွေသုံးပြီး ဘေးဥပါဒ် မဖြစ် စေဘဲ အမည်းစက်တွေကို ဖယ်ရှား လို့ရပါတယ်။

သို့သော် သန့်ရှင်းမှု နဲ့ အတူ ဇွဲ ရှိဖို့တော့ လိုပါတယ်။ ဦးစွာ ည အိပ်ရာဝင်ခါနီး မျက် နှာသစ်ပြီးနောက် အမည်းစက် တွေကို လက်သန့်သန့်ဖြင့် ညှစ် ထုတ်ပါ။(ဝက်ခြံညှစ် ကိရိယာကို သုံးနိုင်သော်လည်း နောင်တစ် ကြိမ်ပြန်သုံး ဖို့ အတွက် ထို ကိရိယာ ကို သန့်ရှင်းစင်ကြယ်နေပါစေ။)


သူ့ အကုသိုလ် နဲ့ သူ



ဒေါ်ဘုတ်ဆုံကြီး က ရွာထဲမှာ စုန်း လိုလို မှော် လိုလို အောက်လမ်း ဆရာမ ကြီး။ တံတားကျိုး ရွာမှာ နာမည်ကြီး။ သူ့ဆို တစ်ရွာလုံးက ကြောက်ကြတယ်။ တစ်ခုခုဆို ဒေါ်ဘုတ်ဆုံ ဆီပဲ ပြေးကြတယ်။

ဖြစ်ပုံက ဒီလိုဗျ......
ကျနော့် သူငယ်ချင်း အမေ က ရွာမှာဆို အရမ်း အချမ်းသာကြီး မဟုတ်ပေမဲ့ အသင့်အတင့် ရှိတယ်။
တစ်နေ့ သူတို့ အိမ်မှာ ဒေါ်ဘုတ်ဆုံက ပိုက်ဆံချေးသွားတယ်။ မပေးချင်ပေမဲ့လည်း ပညာ ကိုကြောက်လို့ ပေးလိုက်တာပေါ့။ တစ်လ ကုန်တော့ ကျနော့်သူငယ်ချင်းက အကြွေး သွားတောင်းလိုက်တာ။ ကျနော်က တစ်ဖက်ရွာ ကို သွားနေလို့ မသိလိုက်ဘူး။


ညနေ ကျနော်ပြန်လာတော့ သူနဲ့ အတူ လက်ဖက်ရည် အတူထိုင်သောက်ပြီး သူက.......

 "ငါ ဒေါ်ဘုတ်ဆုံဆီမှာ အကြွေး သွားတောင်းတယ်ကွ"
"ဟုတ်လား၊ ရရဲ့လား "
"မရပါဘူးကွာ ၊ ငါလည်း စိတ်တိုတာနဲ့ ဆောင့်အောင့်ပြီးပဲ ပြန်လာခဲ့တာ ဘာမှတော့ မပြောခဲ့ပါဘူး ကြောက် လို့ "တဲ့ သူပြောပြတယ်။

အဲ့ဒါ နဲ့ ကျနော်နဲ့ သူနဲ့ လမ်းခွဲပြီး အိမ်ပြန်လာခဲ့တယ်။ မနက်မိုးလင်းတော့ သတင်းဆိုးက ဆီးကြိုနေတယ်။
သူငယ်ချင်း တစ်ယောက် ဆေးရုံရောက်လို့တဲ့။ အဲ့ဒါနဲ့ မော်လမြိုင်ဆေးရုံ ကို ချက်ချင်း လိုက်တာပဲ။ မော်လမြိုင်ဆေးရုံရောက်တော့ သူငယ်ချင်းနေတဲ့ အခန်းထဲမှာ သူ့အမေ နဲ့ အဖေ နဲ့ အမျိုးတွေ ရောက်နေကြတယ်။


ကျနော်လည်း သူငယ်ချင်းရဲ့အနား ကို ကပ်ပြီး ၊ ဘာဖြစ်တာလဲ လို့မေးတော့။ သူက "ဗိုက် အရမ်းအောင့်လာပြီး လူ တစ်ယောက်က လည်ပင်း လာညှစ် သလို အသက်ရှု ကျပ်လာတယ်တဲ့။ အဲ့ဒါ ပြီးတော့ ဗိုက်က မခံနိုင်အောင် အောင့် လာတော့ အမေ့ ကို ခေါ်တော့တာပေါ့ တဲ့။ ပြီးတော့ အိမ်က ကားနဲ့ ပဲ ဆေးရုံ ကို ညတွင်းချင်း ပြေးတာ၊ခုမှ သက်သာတယ်တဲ့။"

" အေးပါကွာ၊ သက်သာပြီ ဆိုတော့ ကောင်းတာပေါ့ကွာ၊ ငါလည်း ကြားကြားချင်း လိုက်လာခဲ့တာ။"
နေ့လည်ပိုင်းလောက်ရောက်တော့ အမျိုးတွေက သက်သာပြီ ဆိုတော့ ပြန်ကုန် တာပေါ့။ ကျနော် ရယ် သူငယ်ချင်း တစ်ယောက်ရယ် အခန်းထဲမှာ အားလုံးပေါင်းမှ သုံးယောက်ပဲ ကျန်တော့တယ်။ အဲ့ဒီ အချိန် မှာ ကျနော့် သူငယ်ချင်းက ထဖောက်ပါလေရော။ ပါးစပ် က တစ် အား အား ဗိုက်အောင့်တယ်၊ လို့အော်နေ တယ်။ ခဏကြာတော့ သူ့ လည်ပင်းကို သူကိုင်ပြီး လွှတ် လွှတ် လို့အော်နေတယ်။


အိမ်သာက ထွက်ရင် လက်ကို ဘယ်လောက်ကြာအောင် ဆေးသင့်လဲ



အပေါ့ဘဲ သွားသွား၊ အလေးပဲ သွားသွား အိမ်သာက ထွက်တိုင်း လက်ဆေးသင့်ပါတယ်။ စစ်တမ်းတွေ အရ လူ တစ်ထောင်ကျော်မှာ ၁၀ ရာခိုင်နှုန်းဟာ အပေါ့အပါး သွားပြီး လက်မဆေးပါဘူး။ ၃၃ ရာခိုင်နှုန်း က လက်ဆေးပေမဲ့ ဆပ်ပြာ မသုံးပါဘူး။ ဒီလို သေချာ မဆေးတာဟာ အနာရောဂါ နဲ့ ပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။

တစ်ကယ်လို့ လက်ဆေးမယ် ဆိုရင် သေချာဆေးသင့်ပါတယ်။ ကျွမ်းကျင်သူတွေ ရဲ့ ပြောကြားချက် အရ လူတစ်ဦးဟာ အိမ်သာက ထွက်တိုင်း လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးသင့်တာဖြစ်ပါတယ်။
 ဆေးတဲ့ အခါမှာလည်း ဆပ်ပြာကို သုံးသင့်ပြီး သေချာစွာ ပွတ်တိုက်ဆေးသင့်တယ် လို့ ပြောကြားထား ပါတယ်။

11 September 2016

ဘယ်လိုနှာခေါင်းပုံစံ ဆို ဘယ်လို စရိုက် လက္ခဏာ ရှိတယ်ဆိုတာ



လူတစ်ယောက် ရဲ့ ပင်ကိုစရိုက် လက္ခဏာ ကို နှာခေါင်း ပုံစံကို ကြည့်ပြီး သိနိုင်တယ်လို့ သုတေသနပြု ချက်တွေက ဆိုထားတာမို့ ဘယ်လိုနှာခေါင်းပုံစံ ဆို ဘယ်လို စရိုက်လက္ခဏာရှိတယ် ဆိုတာ လေ့လာကြည့်ရအောင်ပါ။

ဂရိနှာခေါင်း ပုံစံ
ရှည်လျားဖြောင့်စင်းပြီး နှာ ခေါင်းရိုးပေါ်လွင်တဲ့ ဂရိနှာခေါင်း ပိုင်ရှင်တွေက အလုပ် ကြိုးစားပြီး စကားပြော  ရင်လည်း ဝေ့လည် ကြောင်ပတ် မလုပ်ဘဲ တည့်တိုး ပြောတတ်ကြပါတယ်။ အရာရာကို လက်တွေ့ကျကျ လုပ်တတ် သလို သစ္စာရှိသူတွေလည်း ဖြစ်ပါတယ်။ ခံစားချက်ကို လွယ်လွယ် ကူကူ ထုတ်ပြောတတ်  သူတွေ မဟုတ်တဲ့ အတွက် နားလည်ဖို့ ခက်ခဲပါတယ်။

နူဘီရမ်နှာခေါင်း ပုံစံ
နှာခေါင်းရိုး တိုပြီး ဘေးကား တဲ့ပုံစံ နှာခေါင်းဟာ ထူးခြားတဲ့ အ တွက် မှတ်မိ လွယ်ပါတယ်။ ဒီနှာ ခေါင်းပိုင်ရှင်တွေ ကတော့ အလုပ် အပေါ်မှာ အရူးအမူး လုပ်တတ် သလို တီထွင် ဖန်တီးမှု စွမ်းအား လည်းကောင်းကာ ဩဇာတိက္ကမ နဲ့ ပြည့်စုံသူလည်း ဖြစ်ပါတယ်။

ရောမနှာခေါင်း ပုံစံ
နှာခေါင်းရိုး အလယ်မှာ အ ထစ် ပုံစံလေးလိုဖြစ်ပြီး နှာသီးဖျား ချွန်တဲ့ ရောမနှာခေါင်း ပိုင်ရှင်တွေ ကတော့ ထူးခြားတဲ့ ပင်ကို အရည် အသွေး ရှိသူတွေဖြစ်ပြီး ရဲရင့်တဲ့ နှလုံးသားရှိသူတွေ ဖြစ်ပါတယ်။ အလုပ် အပေါ်မှာ ဘဝကိုမြှုပ်နှံပြီး လုပ်ကိုင်တတ်သလို ရိုင်းပင်းကူ ညီစိတ်ရှိသူလည်း ဖြစ်ပါတယ်။

လင်းယုန်နှာခေါင်း ပုံစံ
ဖြောင့်စင်းပြီး ထောင့်မှန်ကျ ကျပုံစံရှိတဲ့ နှာခေါင်းပိုင်ရှင်တွေ ဖြစ်ပြီး ဆွဲဆောင်မှုရှိသူတွေဖြစ် သလို ဩဇာလွှမ်းမိုးနိုင်ကာ စီးပွားရေးအမြင်ရှိသူတွေလည်း ဖြစ်ပါ တယ်။

08 September 2016

ကင်ဆာ သမားတွေ အတွက် သတင်းကောင်း

                            ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်

ဒန်ဒလီယွန်(dandelion)လက်ဖက်မှာ ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း ပြိုကွဲပျက်စီးစေပြီး ထိုအချိန်အတွင်းတွင် ဖြစ်တည်လာသည့် ကျန်းမာသော ဆဲအသစ်များကိုလည်း ထိခိုက်ခြင်း အလျဉ်းမရှိပေ။ အလေ့ကျပေါက်သည့် အပင်ဖြစ်သော်လည်း ရောဂါကုသနိုင်သည့် အာနိသင် အမြောက်အများရှိသောကြောင့် အပင်များကို နှုတ်ယူစုဆောင်းပြီးပါက ညစ်ညမ်းမှု ကင်းနိုင်သမျှ ကင်းစင်အောင် သန့်သန့်ရှင်းရှင်းထားရသည်။

အဘိုးအဖွား များက ဆေးဖက်ဝင်သောကြောင့် ဒန်ဒလီယွန် ပန်းပွင့်များကို အရည်ညှစ် ယူထားလေ့ ရှိသော်လည်း သူတို့ မသိခဲ့သည့် အချက်မှာ ဒန်ဒလီယွန် အမြစ် က ကင်ဆာရောဂါသည်များကို ကုသည်နိုင်ခြင်း ပင်ဖြစ်သည်။ ကင်ဆာဆဲလ် အားလုံးကို သတ်နိုင်သောကြောင့် ဒန်ဒလီယွန်ပင် ၏ အမြစ် မှာ ဓာတု ကုထုံးထက်ပင် ပိုမိုကောင်းမွန်ပုံရကြောင်း ကနေဒါနိုင်ငံ မှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထို့အပြင် ဆီးရွှင်သည့် အာနိသင်လည်း ရှိပြီး၊ သည်းခြေရေကို လှုံ့ဆွပေးသကဲ့သို့၊ အသည်း ကိုလည်း ဆေးကြောပေးကာ၊ ဓာတ်မတည့်မှု များကိုလည်း ကုစားနိုင်သည့် အပြင် အဆီ ကိုလည်း ကျစေနိုင်သည်။ အရေးကြီး သည့် ဗိုက်တာမင်နှင့် သတ္တုဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်နေသည်။

စိတ် အဖေါ်



အဖေါ် ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ။ ကိုယ့် စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ် ဆိုတာကို သိတဲ့သူ၊ ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ၊ ကိုယ့်ကို နားလည်တဲ့သူ ( နားလည်တယ် ဆိုရာမှာလည်း ကိုယ့် ရဲ့ အကောင်းရော၊ အဆိုးရော၊ အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။ ) ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့ သူ၊ မဝေဖန် မရှုံ့ချတဲ့သူ၊ အပြစ် မရှာတဲ့သူ ကို ကိုယ့် အဖေါ်လို့ ခေါ်တယ်။ နားလည်တယ် ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး။ သို့သော် နားလည်ချင်စိတ် ရှိတယ်၊ နားလည်ဖို့ကြိုးစားတယ် ဆိုရင်ကိုပဲ တော်လှပါပြီ။ အဲဒီလောက် ရှိပြီ ဆိုရင်ကိုပဲ ဒီလူနှစ်ယောက်က အဖေါ်ဖြစ်လို့ ရပြီ။

စိတ်ချင်း အဖေါ် လုပ်ဖို့က တစ်ကယ် သတ္တိရှိမှ ရတယ်။ ဟန်ဆောင်မှု မရှိမှ ရမယ်။ အရိုးသားဆုံး ဆက်ဆံရမယ်။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး။ အဲဒီလို မိတ်ဆွေတွေဟာ တွေ့ကြတဲ့ အခါ ပစ္စည်းအကြောင်း မပြောဘူး၊ ပိုင်ဆိုင်မှုတွေ အကြောင်း မပြောဘူး။ ဘဝ အတွေ့အကြုံတွေ ပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့ ကိုယ့်ရဲ့ အသိဥာဏ်, စိတ်ထား, အတွေးအခေါ်တွေကို ဆွေးနွေးမယ်။ တစ် ယောက်ကို တစ်ယောက် အနိုင်မယူရဘူး။ အထင်သေးတာ အထင်ကြီးတာ မရှိရဘူး။ တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ်။ တယောက် ရဲ့ လွတ်လပ်မှုကို တစ်ယောက် အတားအဆီး မဖြစ်စေရဘူး။
 သူ့ကြောင့်ငါ မလွတ်လပ်တာ၊ ငါ့ကြောင့်သူ မလွတ်လပ်တာ မဖြစ်စေရဘူး။ နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်။ ဒါမှ “ soul mate ” ဖြစ်မယ်။ အဲဒီလို လူတွေဟာ ဘယ်တော့မှ မအိုဘူး။ သူတို့ ဟာ ရေစီးနေတြဲ့မစ်။ ရေခဲနေတဲ့မြစ် မဟုတ်ဘူး။ သူတို့ဟာ မပြောင်းလဲမှု ထဲမှာ ထောင်ကျမနေဘူး။ လွတ်လပ်နေတယ်၊ ပြောင်းလဲနေတယ်၊ တိုးတက်နေတယ်။

လူတွေ အများကြီးကြားထဲမှာ နေရုံနဲ့ အဖေါ်ရမှာ မဟုတ်ဘူး။ နက်ရှိုင်းတဲ့ ခံယူချက်၊ ယုံကြည်ချက်၊ နက်ရှိုင်းတဲ့ မြင့်မြတ်တဲ့ သဘောထားတွေ နဲ့ တစ်ယောက်နဲ့ တယောက် ဆက်ဆံကြမှသာ အဖေါ်မဲ့နေတယ် ဆိုတဲ့ ခံစားမှုက ပျောက်မှာ။ အခုခေတ်လူတွေက လူကို အဖေါ် လုပ်လို့မရရင် T.V , Video တွေကို အဖေါ်လုပ်ပြီး နေကြတယ်။ ပိုဆိုးတာပဲ။ အဲဒါ ပြဿ      နာကို ဖြေရှင်းတာ မဟုတ်ဘူး၊ ပြဿ       နာကို ဖုံးလိုက်တာပဲ။
ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး မရှိရင် စိတ် မကျန်းမာဘူး။ စိတ်ချင်း မတွေ့ဆုံနိင်တဲ့ ဆက်ဆံရေး ဟာ အပေါ်ယံ ဆက်ဆံရေးပဲ ဖြစ်တယ်။ အပေါ်ယံ ဆက်ဆံရေးဟာ စိတ် အတွက် အဟာရ မဖြစ်ဘူး။ အဆိပ် အတောက် ဖြစ်တယ်။
မိတ်ဆွေကောင်းရှိအောင် ဘယ်လို စိတ်ထားမျိုးနဲ့ ဆက်ဆံရမယ် ဆိုတာကို လေ့လာပြီး အဲဒီ စိတ်ထားမျိုးကို မွေးယူဖို့ လိုတယ်။ အဲဒီလို မွေးယူတာ ပညာရေး။ အဲဒါ သဘောပေါက်စေချင်တယ်။ Ph.D ပါရဂူ ဘွဲ့တွေ ဘယ်နှစ်ထပ် ရနေရနေ ဒီလို အဆင့်မြင့်တဲ့ အသိဥာဏ်မျိုး စိတ်ထားမျိုး မရသေးရင် အဲဒီလူဟာ ပညာတတ် မဖြစ်သေးဘူး။

ဇီကာ ဗိုင်းရပ်စ် မျက်ရည်မှ တစ်ဆင့် ကူးစက်နိုင်





အရှေ့တောင် အာရှ ဒေသမှာပါ ကူးစက် ပျံ့နှံ့မှုတွေ ရှိလာနေတဲ့ ဇီကာ ဗိုင်းရပ်စ် ဟာ မျက်လုံးထဲမှာလည်း ရှင်သန်နိုင်ပြီး မျက်ရည်မှ တစ်ဆင့် ကူးစက် ပျံ့နှံ့နိုင်ကြောင်း သုတေသီတွေ က စက်တင်ဘာ ၆ ရက် မှာ ပြောကြားခဲ့ပါတယ်။

ဇီကာ ဗိုင်းရပ်စ်ကြောင့် အမြင်အာရုံ ထိခိုက်နိုင်မှုနဲ့ အမြင် အာရုံ ဆုံးရှုံးနိုင်မှုကို သုတေသီတွေ က ကြွက်များဖြင့် စမ်းသပ် ခဲ့ပြီးနောက် တွေ့ရှိချက်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဇီကာ ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး သုတေသီတွေ ရဲ့ အသစ်တွေ့ရှိချက်ကို Cell Reports ဂျာနယ်မှာ ဖော်ပြထားပါတယ်။

သုတေသီတွေက သန္ဓေသား၊ မွေးဖွားလာတဲ့ကလေးနဲ့ အရွယ်ရောက်ပြီး ကြွက်တွေရဲ့ မျက်လုံးမှာ ဇီကာဗိုင်းရပ်စ် သက်ရောက်နိုင်မှုအပေါ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

လေ့လောတွေ့ရှိမှုအရ မျက်လုံးထဲမှာ ဇီကာဗိုင်းရပ်စ် ရှင်သန်နေထိုင်နိုင်ကြောင်း လေ့လာစမ်းသပ်မှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ Washington University School of Medicine မှ ပါမောက္ခ မိုက်ကယ်ဒိုင်းမွန်းက ပြောပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရသူတွေရဲ့ မျက်လုံးထဲမှာ အဆိုပါ ဗိုင်းရပ်စ် ဟာ မည်မျှကြာအောင် ရှိနေနိုင်ကြောင်း စူးစမ်းလေ့လာရန် လိုအပ်ကြောင်းနဲ့ ဇီကာဗိုင်းရပ်စ် ကူစက် ခံထားရသူတွေ့ရဲ့ မျက်ရည်မှ တစ်ဆင့် ပျံ့နှံ့မှုဖြစ်နိုင်ကြောင်း ပါမောက္ခ မိုက်ကယ်ဒိုင်းမွန်း က ပြောပါတယ်။



07 September 2016

ရွာ ကျက်သရေ



ကကြီး ရရစ် ကသတ် ကြက်၊ ကကြီး ရရစ် ငသတ် ကြင်။
နှစ် တစ်လီ နှစ်၊ နှစ် နှစ်လီ လေး၊ နှစ် သုံးလီ ခြောက်။
သဝေထိုး ငရေးချ ကသတ် ငေါက်၊ သဝေထိုး ငရေးချ ငသတ် ငေါင်။
ကကြီး ရေးက၊ ကကြီး ရေးချာ ကာ၊ ကကြီးရေ လုံကြီးတင် ကိ၊ မရရစ် လုံးတင် တချောင်းငင် ကသတ် မြိုက်၊ မရရစ် လုံကြီးတင် တချောင်းငယ် ငသတ် မြိုင်။
ဧ၀ံ မေ သုတံ၊ ဧကံ သံမယံ။

ကကြီး၊ ခခွေး၊ ဂငယ်၊ ဃကြီး အစရှိသော အသံများသည် မိုးသံနှင့် လုံးထွေးပြီး သကာလ ကုက္ကိုဝ သူကြီးမင်း ဦးဖိုးထုံ ၏ အိမ် မြောက်ဘက် အရပ်တွင် ထကြွ သောင်းကျန်းလျက် နေကြ လေသည်။ အချိန်ကား နံနက် (၆) နာရီခန့်သာ ရှိသေး၏။ 

အဆိုပါ ဆူညံ လှစွာသော အသံကိုကား ကုက္ကိုဝ ရွာ အဖို့ မင်္ဂလာ ရှိသော အသံ၊ သာယာသော အသံ၊ ကျက်သရေ ရှိသော အသံများ ဖြစ်ကြ၏။ ရွာလူကြီး၏ အိမ်တွင် မိုးအေးအေးနှင့် ကွေး၍ အိပ်ပျော် နေသော မောင်လူအေး အဖို့ကား ငှက်ဆိုး ၏ အသံနှင့် ခပ်ဆင်ဆင် တူလျက်နေလေ၏။

ထိုအသံများ၏ ပိုင်ရှင် ကျောင်းသား/ကျောင်းသူ ကလေးတို့ စုဝေးရာ ရွာကျောင်းကား ဒိစတြိတ် ကောင်စီ၏ အထောက် အပံ့ခံ ကျောင်းမဟုတ်၊ အစိုးရမင်းက အသိအမှတ် ပြုသော ကျောင်းလည်းမဟုတ်၊ အမျိုးသား ပညာရေး အဖွဲ့က အားပေးသော ကျောင်းလည်း မဟုတ်ပေ။ ထိုကျောင်းသား/ ကျောင်းသူ ကလေးများက တစ်ယောက်လျှင် တနှစ် အတွက် စပါး သုံးတင်းမျှသော အထောက် အပံ့ကိုသာ ခံယူကာ တည်ထောင် ထားသော ကျောင်းဖြစ်သည်။

ဤသို့ ကျောင်းသား ကလေးများ၊ ကျောင်းသူ ကလေးများမှ တစ်ပါး၊ အခြား မည်သူ၏ အထောက် အပံ့ ကိုမျှ ခံယူသော ကျောင်း မဟုတ် သောကြောင့် ပညာအုပ်၊ ပညာဝန်ထောက်၊ ပညာဝန်၊ ဒိစတြိတ် ကောင်စီ လူကြီး မင်း တို့၏ စစ်ဆေးခြင်းမှ လုံးလုံး ကင်း၏။ ထိုကျောင်းကို အုပ်ချုပ်မင်း လုပ်နေသော ဆရာစောပင် ပညာအုပ်၊ ပညာဝန်ထောက်၊ သူပင် ပညာဝန်၊ သူပင် ပညာမင်းကြီး၊ သူပင် ပညာရေး အမတ်ချုပ်ကြီး ဖြစ်ပေသည်။

နွေ အခါ မေမြို့(ယခု - ပြင်ဦးလွင်) ၌ ရုံးစိုက်၍ မိုး အခါ ရန်ကုန်မြို့တွင် ရုံးစိုက်တော် မူသော ပညာရေး အမတ် ချုပ်ကြီး ထက်ပင် ဆရာစော မှာ လွတ်လပ်ခွင့် ရသေး၏။ ပညာရေး အမတ်ချုပ်ကြီးမှာ မင်းတိုင်ပင် အမတ် တို့၏ အမေး များကို ဖြေကြား ရသေးသည်။ ကုက္ကိုလ်ဝရွာ ဆရာစောကား မည်သူ၏ အမေး ကိုမျှ ဖြေကြားရန် မလို၊ စိတ်ထင်တိုင်း သင်ကြားနိုင်သော ဂုဏ်ထူး ရှိ၏။ 

မိမိ သင်ကြား လိုသော စာပေတို့ကို သင်ကြားနိုင်၏။ မိမိ ကျောင်းလွှတ်ချင်သော အချိန်တွင် လွှတ်နိုင်၏။ မိမိ ကျောင်းပိတ် ချင်သော အချိန်တွင် ပိတ်ထားနိုင်၏။ သူ့အား မည်သူကမျှ လာ၍ ဒုက္ခမပေးနိုင်။ ပညာအုပ်မင်းများ လာလျှင် ဆင်းကြို ရသော ဒုက္ခ၊ သူတို့ အတွက် လှည်း တို့၊ လှေ တို့ စီမံပေးရသော ဒုက္ခမျိုး မှလည်း လုံးလုံး ကင်းပေ၏။ 

ကျောင်း ၏ ပုံပန်း ကို  အနည်းငယ် ရေးပါရစေဦး။
ဆရာစော ၏ ကျောင်းမှာ ဓနိကာ၊ ဓနိမိုး၊ ၀ါးလုံးတိုင်၊ ၀ါလုံးကြမ်းခင်း၊ ပြတင်း ပေါက်နှစ်ပေါက်၊ တံခါးပေါက် နှစ်ပေါက် မျှသာ ရှိလေသည်။ ဤမျှနှင့် ပုံပန်း ပေါ်လောက်ပြီ။

ဆရာစော ၏ အကြောင်း ရေးသားရန် လိုသေး၏။ ဆရာစော ကား အထက်သား ဇာတိ၊ ဘုန်းကြီး လူထွက်  ဖြစ်လေသည်။ မည်သည့်မြို့၊ မည်သည့် အရပ် မှ ရောက်လာသည် ဟူ၍ကား မည်သူမျှ မပြောနိုင်။ ရဟန်း ဘ၀ က မည်သည့် စာ အထိ ပေါက်ခဲ့သည် ဟူ၍လည်း မည်သူမျှ မသိ။ 

ဆရာစော ၏ အပြောအဆို အတိုင်းကား သင်ရိုးပေါက်ခဲ့သူ တစ်ယောက် ဖြစ်သည်။ ရဟန်း ဘ၀တွင် မပျော်ပိုက်၍ လူထွက် ရသည်မဟုတ်။ ၀ိနည်း အတိုင်း မကျင့်နိုင်သောကြောင့်သာ လူထွက်၍ လာရခြင်း ဖြစ်လေသည်။

ဆရာစော ၏ ပုံပန်းကား အသား နက်နက်၊ မျက်လုံး ကျယ်ကျယ်၊ နှုတ်ခမ်း တွဲတွဲ၊ နှာတံကောက်ကောက်။ သို့သော် ကြောက်စရာကား မကောင်းပေ။ တစ်ထွာခန့် ရှည်သော် ဆံတို များကို သိမ်းရုံး ကာ မျက်နှာသုတ်ပ၀ါဖြင့် ပေါင်း၍ ထား၏။ အကျီ င်္ ကားမရှိ။ လုံးကွင်းမှာ လက်နှီးရောင်၊ ဖာထေးရာတွေမှာ အနန္တ၊ အောက် ဘက် အစတွင် အကွဲက နှစ်ကွဲ၊ လက်ထဲတွင်ကား ကြိမ်လုံး တစ်လုံးကို ကိုင်လျက်။ ပါးစပ်ကမူ ဆေးတံကြီးကို ခဲထားလေသည်။ ထိုဆေးတံမှာ အရိုးကျိုး နေပါပြီ။ `သစ်မရှိခင် စပ်ကြား ၀ါးပေါင်းကွပ်´ဆိုသော စကားနှင့် အညီ ကျိုး၍ သွားသော သစ်သားရိုး၏ နေရာတွင် ၀ါးရိုး ကို တပ်၍ ထား၏။

ထိုဆေးတံကြီးကို ဖွာကာ ဖွာကာ ဆယ်အိမ်ခေါင်း ဦးလူမော်နှင့် တွဲရေး ခွဲရေး အကြောင်း ဆွေးနွေး နေကြလေသည်။ ဤသို့ ဆွေးနွေး၍ ကောင်းနေ ကြခိုက်တွင် မောင်တင်နှင့် မယ်အေး တို့သည် တယောက် ကို တယောက် ဆဲရေး နေကြလေသည်။

ငထွန်းကား စာမအံ၊ ယင်ကောင်တွေ ဖမ်းမိလျှင် နောက်တိုး ၏ နားထဲသို့ လွှတ်သွင်းသဖြင့် နောက်တိုးနှင့် ငထွန်း တို့ တစ်ယာက်နှင့် တစ်ယာက် စကားများ ကြပြီးနောက် တစ်ယာက် တစ်ချက်စီ ထိုးနေ ကြလေသည်။

စိန်ဖေ ကား ဘေသန်း နှင့် အတူ ကျောင်း နောက်ဖေး ကွင်းပြင် ထဲတွင် ပြေးလွှား ကစားကာ ဖား ကလေး များကို ဖမ်းလျက် နေကြ လေသည်။ နောက်ဖေး အိမ်သာ တွင်ကား ဘထွန်း၊ သာအေး၊ ငွေလှိုင်၊ စံမြ တို့ လူစု ဦးတာတေ ၏ ကျွဲများကို ဖမ်း၍ စီးရန် တိုင်ပင် နေကြ လေသည်။

ထွန်းဝေနှင့် စံသိန်း တို့ကား ကျောင်းအောက်တွင် နပန်း လုံးနေကြ ကုန်၏။ သာထွန်းနှင့် ညွှန့်မောင် တို့က ဒိုင်လုပ် ကြလေသည်။

ဝေလင်း ကား မိမိ ၏ ကျောက် သင်ပုန်း ပေါ်တွင် ခွေးရုပ်၊ ကြောင်ရုပ်၊ ကြက်ရုပ် များကို ရေးပြီးလျှင် တင်အေး အား ပြနေလေသည်။ တင်အေး သည် ဝေလင်း အား ချီးမွမ်း၍ မဆုံးပြီ။ မိခွေးနှင့် မမယ်သိန်း တို့ ထောင့်တစ်ထောင့်တွင် ခရားစေ့ တောက်တမ်း ကစား နေကြလေသည်။ ဆရာစောကား စကားပြော၍ ကောင်းတုန်းပင်။

သို့နှင့် ယခင်က ဆူညံ၍ နေသော စာအံသံ ကြီးမှာ တစ တစ တိုး၍ တိုး၍ သွားလေ တော့၏။ နောက်ဆုံး၌ စာအံသံ ဟူ၍ မကြားရ တော့ပြီ။ ဆော့နေကြသော အသံ၊ ရန်ဖြစ်နေကြသော အသံ၊ ရယ်နေကြသော အသံတို့ကိုသာ ကြားရ လေသည်။

နေကွယ်သော်လည်း အလင်းမပြယ်



နံနက်ခင်းရဲ့ ဆည်းဆာရောင်ခြည် နှင့်အတူ သူရိယ နေမင်းကြီးက အရှေ့ဘက်မှ တရွေ့ရွေ့ ပေါ်ထွက်စ ပြုလာခဲ့ပြီပဲ။ လေပြေလေညှင်း လေးတွေက တစ်သုန်သုန် တိုက်ခတ်ခြင်းနှင့်အတူ နေခြည် နွေးနွေးလေးက အရာအားလုံးကို လွှမ်းခြုံကာ နွေးထွေး တက်ကြွမှုတို့ကို ပေးနိုင်ခဲ့ပါပြီ။ အာရုဏ်ဦး ငှက်တေးများရဲ့ ငြိမ့်ညောင်းစွာ တွန်ကြူသံနှင့်အတူ လူသားအားလုံးမှာ လည်း နေ့သစ် တစ်နေ့အတွက် သက်ဝင် လှုပ်ရှားလာပါတော့သည်။

‘အင်း...ကျွတ်........ကျွတ်.......ကျွတ်’ ငြီးသံ သဲ့သဲ့လေးနှင့်အတူ...‘ ဟော......ရောင်ခြည်တွေဖြာလဲ့ လို့ မိုးတောင် လင်းပြီးပဲ’။ ကျနော် အိပ်ယာထက်မှ နာရီ ကို ကြည့်လိုက်တော့ ၅း၄၅ မိနစ်။ အင်း ......တစ်ကိုယ်လုံးလဲ နာကျင် ကိုက်ခဲနေတာပဲ ဆေးထိုးထားတဲ့ အရှိန်ကြောင့်ထင်တယ်....ညကလည်း တော်တော်နှင့် အိပ်မပျော်ဘူး။ နှစ်နာရီ ထိုးတာ သိတယ် ဆိုတော့ နှစ်နာရီ နောက်ပိုင်းမှ အိပ်ပျော်တာ ထင်ပါရဲ့ ။ မျက်လုံးတွေကလည်း စပ်ပြီးနေတာပဲ။

ဆရာဝန် ကတော့ “ဆေး မှန်မှန်သောက် အနားယူရမယ်... ခင်ဗျားရဲ့ နှလုံးက အားနည်းနေတယ်..... သာ မန် လူတစ်ဦးဟာ နားနေလျှင် တစ်မိနစ်ကို အကြိမ် ရ၀ လောက် ခုန်တယ် တွန်းထုတ်လိုက်တဲ့ သွေး ကလည်း မီလီလီတာ ၄၉၀၀ ဒါမှမဟုတ် ၅ လီတာ နီးပါးနဲ့ ညီတယ်။ အားကစား သမားတွေဆို တစ်မိနစ်မှာ ထုတ်လွှတ်တဲ့ အား ၂၅ လီတာ ကနေ ၄၀ လီတာလောက် ထိ မြင့်တက်သွားနိုင်တယ်။

လူတစ်ဦး ရဲ့ နှလုံး ကို အဓိက သွေးပြန် ကြောကြီးဖြစ်တဲ့ ( Coronary sinus ) ကတဆင့် သယ်ပို့ရတယ်။  ( Atherosclerosis) လို့ခေါ်တဲ့ ကိုလက်ထရောတွေ အများကြီးပါတဲ့ အဆီတွေဟာ သွေးလွှတ်ကြောတွေရဲ့ နံရံတွေမှာ ကပ်နေရင်( Coronary ) သွေးကြော ပိတ်ခြင်း ဖြစ်တယ်။ ဒါကြောင့် (coronary) သွေးကြော ကြီး ပိတ်ဆို့မှု တစ်ခုဟာ ပြင်းထန်ရင် သေဆုံးနိုင်တယ်။ 

( Coronary ) ငယ်မှာ ပိတ်ဆို့မှု ဖြစ်မယ် ဆိုရင်တော့ နှလုံးဟာ အားနည်းပေမဲ့ အချိန်ကြာလာနဲ့ အမျှ သွေးသစ် ဖို့အတွက် အနီးအနားမှာရှိတဲ့ သွေးကြောတွေနဲ့ ဆက်စပ်မှုတွေက ပိုမို ကျယ်လာရင် အခြေအနေ တိုးတက်လာနှိုင်တယ်။ ”

“ဒါကြောင့် နှလုံးခုန်မှု အားကောင်းအောင် သွေးလည်ပတ်မှု ရှိအောင် ထိုက်သင့်တဲ့ အားကစား တစ်မျိုးမျိုး လုပ်ပေးသင့်တယ်။ ခင်ဗျားက အခု ဘာမှ မဖြစ်သေးဘူး ဆိုရမယ်၊ ပုံမှန် လေ့ကျင့်မှု လုပ် အဆီများများ ပါတဲ့ အစားရှောင် အိပ်ရေး ၀၀အိပ် အတွေးနယ် မကျွံမိစေနဲ့ပေါ့ဗျာ။ ဒါမှ မဟုတ်ရင်တော့ စိုးရိမ်းဖွယ်ရှိလာနိုင် တယ်...။”

ကျနော် အတွေးတွေ ဘယ်လောက် ကြာသွားမှန်းမသိ။ အခန်းရှေ့မှာ လှုပ်လှုပ် ရှားရှားနဲ့ တိုးတိုး တိုးတိုး စကားသံများကြောင့် ‘ဟော...သူတို့လေးတွေ လာနေကြပြီ’။ ကျနော် ခံစားနေတဲ့ ဝေဒနာတွေ ဘယ်လို လွင့်စင်ပျောက်ကွယ် သွားတယ် မသိတော့...။ ကျနော် အမြန်ဆုံး အိပ်ယာကို လူတစ်ယောက် အိပ်နေတဲ့ပုံ လုပ်ခဲ့တယ်။

ပြီးတော့ ရေချိုးခန်း မှာ ကိုယ်လက် သန့်စင်ပြီး အသာကလေး ချောင်းကြည့်နေခဲ့တယ်။  ဟော...ခုတော့တွေ့ပါပြီး သူတို့လေးတွေ တံခါးမကြီးကို အသာအယာ ဖွင့်လို့ ဦးခေါင်းတွေက တစ်ဦးကို တစ်ဦး ထပ်ဆင့်ကဲလို့ ကျွန်တော် အိပ်တဲ့ ကုတင်ကို မျက်ဝန်း ၀ိုင်းဝိုင်းလေးတွေနဲ့ အကဲခတ်နေကြတဲ့ပုံစံ ။ ပြီးတော့မှ ပိုင်ပြီ ဆိုတဲ့ သဘောနဲ့ အခန်းထဲကို အလုံးအရင်း နဲ့ ၀င်လာပါတော့တယ် အရွယ်ကြီးကြီး ကလေးတွေကတော့ ရပ်လျက်ပေါ့၊ အငယ်လေးတွေကတော့ ကုတင်ပေါ်ကို ၀မ်းလျားထိုးချ လိုက်ကြပါတော့တယ်။ 

အပိုင်ဖက်ပြီး ဟေး...လို့အော်လိုက်ကြတဲ့ သူတို့လေးတွေရဲ့ အသံက မနက်ခင်း အချိန်ကို ပိုမို လန်းဆန်း သက်ဝင် လှုပ်ရှားသွားသလိုပါပဲ။ သူတို့ကြည့်ရတာ ကျွန်တော့ တစ်ကိုယ်လုံး ကိုပဲ ၀ါးမြိုတော့မလိုပဲ။ ပြီးတော့စောင်ကို ဖယ်လိုက် ချိန်မှာတော့ ‘ဟင်...ဟာ...ဟယ်...ဆရာ...ဆရာ မှ မဟုတ်တာ။ ‘ သူတို့လေးတွေ ယနေ့တော့ ရှုံးသွားပါပြီ။