
အမေ...အမေ..အမေ ဆိုပြီးအမေ့အကြောင်းကဗျာတွေ၊စာတွေနဲ့ တဖွဲ့တနွဲ့ရေးဖွဲ့နေကြတာ တကယ်ကို အားရ စရာပါပဲ တကယ်ပဲအမေ့ကျေးဇူးသိလို့ လား အပျင်းပြေစာဖွဲ့တာလားတော့ မသိဘူးဗျရေး လိုက်ကြ တာ ဘလော့ အတော်များများမှာတွေ့ရတယ်ဗျ ဒီအထဲမှာကျနော်လဲ အပါအ၀င်ပဲပေါ့။
တကယ်လဲအမေ့ကျေးဇူးတွေက မြင့်မိုလ်တောင်မကကြီးမားတာပေကိုးဗျ။ ဒါပေမဲ့ ကျနော်တို့တွေ သတိ မထားမိတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကို မနေ့ကသွားသတိထားမိတယ်ဗျ ဒါကလဲ ဦးပေါ်ဦးရဲ့ စာတွေ ဖတ်မိရင်း သတိထားမိတာပါ။ အဲဒီစာလေး ဖတ်မိမှဟုတ်ပါရဲ့ ငါတို့တွေ တကယ့်အရေးကြီးတဲ့ အချက်ကြီး ကို မေ့နေကြတယ်ဆိုတာ သတိထားမိတယ်ဗျ။အဲဒါဘာလဲဆိုတော့ ခုရေးပြမဲ့ ပုံပြင်လေးကိုဖတ်လိုက်တာနဲ့ သဘောပေါက်ကြမှာပါ ။ ဒီလိုဗျ...............................
ဟိုး..ရှေးရှေးတုန်းက ထင်းခုတ်ရင်း အသက်မွေးကြတဲ့ သားအမိ၊ သားအဖ သုံးယောက်ရှိသတဲ့။ ဒီလိုနဲ့တနေ့တော့ သားအဖနှစ်ယောက်ဟာ တောထဲထင်းခုတ်သွားကြတာပေါ့ ဒီလိုနဲ့ ထင်းခုတ်နေတုန်း ဗြုန်းဆို ကျားကြီး တစ်ကောင်ပေါ်လာပြီးအဖေကို ကိုက်မယ်အလုပ်မှာ သားလုပ်သူဟာ အဖေအတွက် စိုးရိမ်ပြီး ဓားနဲ့ ကျားကြီးကို ၀င်ခုတ်တဲ့ အတွက် ကျားကြီးဟာ စင်းစင်း သေသွားပါလေရော။ အဲဒီမှာ ထင်းခုတ်သမားဖခင်ကြီးဟာ ကျားကြီးရုတ်တရက်ရောက်လာတဲ့အတွက် ကြောင်တောင်တောင်နဲ့ ကြက်သေ သေနေတော့ မုချသေရ မှာပဲလို့ တွက်ထားပေမဲ့ မသေဘူး။
ခုလိုမသေအောင် သူ့သားကယ် တာပဲ ဒီတော့ ကျေးဇူးရှင်ဖြစ်တဲ့ သားကို ကန်တော့ လိုစိတ်တွေ တဖွား ဖွားပေါ်လာတာနဲ့ အဖေလုပ်သူဟာ သားကိုခေါ်ပြီး သစ်ငုတ်တခုပေါ်ထိုင်ခိုင်းလိုက်ပါတယ်။ အဖေလုပ်သူကတော့ မြေပေါ်ထိုင်ရင်း ကန်တော့မဲ့ပုံလုပ်တော့ သားဖြစ်သူဟာ အဖေ ဒါဘာလုပ်တာလဲ
လို့မေရင်း မကန်တော့ဖို့ တားပါတယ် ဒါနဲ့ အဖေထင်းခုတ်သမားကြီးက ဟ... သားရ အသက်သခင်ကျေးဇူး ရှင်ကို ကန်တော့ရတယ် မကန်တော့ပဲ မနေကောင်းဘူး လို့ ပြောရင်း ထပ်ကန်တော့ဖို့ ကြိုးစားပါတယ် ဒါနဲ့ သား ဖြစ်သူလဲ တားဆီးရင်း အကြံထုတ်ရတာပေါ့ ။
လို့မေရင်း မကန်တော့ဖို့ တားပါတယ် ဒါနဲ့ အဖေထင်းခုတ်သမားကြီးက ဟ... သားရ အသက်သခင်ကျေးဇူး ရှင်ကို ကန်တော့ရတယ် မကန်တော့ပဲ မနေကောင်းဘူး လို့ ပြောရင်း ထပ်ကန်တော့ဖို့ ကြိုးစားပါတယ် ဒါနဲ့ သား ဖြစ်သူလဲ တားဆီးရင်း အကြံထုတ်ရတာပေါ့ ။
ဒီလိုနဲ့ အကြံရတော့ အဖေကျေးဇူးတင်တာ မှားနေပြီဗျ တကယ်က အဖေ့ကို ခုလို ကယ်နိုင်အောင် အမေ ကကျနော့်ကို မွေးခဲ့တာလေ အမေသာ မမွေးခဲ့ရင် အဖေ့ကို ခုလိုကယ်နိုင်မှာ မဟုတ်ဘူး ဗျ ဒီတော့ တ ကယ် ကျေးဇူးရှိတာအမေပါ ကျေးဇူးတင်ချင်ရင်အမေ့ကိုသာတင်ပါအမေ့ကိုသာကန်တော့ပါလို့ ပြောလိုက် ပါတယ်။ အဖေထင်းခုတ်သမားကြီးဟာ လူရိုးလဲဖြစ်ပြန် ကွေ့ကွေ့ကောက်ကောက်လဲ မစဉ်းစား တတ်တော့ သားပြောတာကို ခေါင်းလေး တညိမ့်ညိမ့်နဲ့ လက်ခံရင်း ခုတ်ပြီးသားထင်းတွေ ကောက်ပြီး ရွာကိုပြန်ကြ ပါတယ်။
ဒီလိုနဲ့ အိမ်ရောက်တော့ အဖေထင်းခုတ်သမားကြီးကနေပြီး ရှင်မရေ လာပါဦးဟလို့ ခေါ်လိုက်ပြီး အိမ်ခေါင်း ရင်းက သင်ဖြူးဖျာပေါ်ထိုင် ခိုင်းလိုက်ပါတယ်။ ဒီတော့ အိမ်ရှင်မလဲ ယောင်နနနဲ့ ထိုင်လိုက်ပါတယ်။ ထင်းခုတ် သမားကြီးဟာ အိမ်ရှင်မရှေ့မှာ ပုဆစ်တုတ်ထိုင်ရင်း ကန်တော့ဖို့ပြင်တော့ အိမ်ရှင်မလဲသဘော
ပေါက်ပြီး အူးယားဖားရားနဲ့ တားတာပေါ့။ ဒီလိုနဲ့ အိမ်ရှင်မက ဘာကြောင့်ရှိခိုးတာလဲ မေးတော့ ထင်းခုတ် သမားကြီးက တောထဲကအဖြစ် သနစ်တွေရှင်းပြတာပေါ့ရှင်မသာဒီသားကိုမမွေးခဲ့ရင်ငါတော့ကျား ကိုက်သေ မှာပဲ လို့ပြောပြတာပေါ့
ပေါက်ပြီး အူးယားဖားရားနဲ့ တားတာပေါ့။ ဒီလိုနဲ့ အိမ်ရှင်မက ဘာကြောင့်ရှိခိုးတာလဲ မေးတော့ ထင်းခုတ် သမားကြီးက တောထဲကအဖြစ် သနစ်တွေရှင်းပြတာပေါ့ရှင်မသာဒီသားကိုမမွေးခဲ့ရင်ငါတော့ကျား ကိုက်သေ မှာပဲ လို့ပြောပြတာပေါ့
ဒီတော့မှအိမ်ရှင်မကနေပြီး ဟက်ဟက်ပက်ပက်ရယ်ရင်း ကိုရင်ရယ် ရှင်ကများ ကျမကိုများကြံဖန်ကျေးဇူး တင်ရတယ်လို့တော် အံ့ပါရဲ့ တကယ်က ကျမတစ်ယောက် အစွမ်းထဲနဲ့ ဒီသားကိုမွေးနိုင်ပါ့မလား
တော်ရဲ့ ရှင့် ကြောင့်ဒီသားလေးရလာတာတော့်.................ပုံပြင်လေးကတော့ဒါပါပဲဗျာ။
တော်ရဲ့ ရှင့် ကြောင့်ဒီသားလေးရလာတာတော့်.................ပုံပြင်လေးကတော့ဒါပါပဲဗျာ။
ကဲ....ဒီတော့ ...... အကိုကြီး၊အမကြီး၊ညီလေးညီမလေးတို့ရေ အဖေ့ကျေးဇူးလဲ မမေ့ကြနဲ့ဦးဗျ သူသာမရှိရင်
ကျနော်တို့ လူဖြစ်လာမှာမဟုတ်ဘူးဗျနော်။
S.M.M.........Copy...
ကျနော်တို့ လူဖြစ်လာမှာမဟုတ်ဘူးဗျနော်။
S.M.M.........Copy...
From...Facebook
No comments:
Post a Comment