07 November 2016

ပျားရည် ကို ဘာကြောင့် မှီဝဲသင့်သလဲ



ပျားရည် ကို ဘာကြောင့် မှီဝဲသင့်သလဲ ဘယ်လိုရောဂါတွေ အတွက် ကောင်းပါသလဲ ...

ပျားရည် ဟာ ကြာရှည်ခံသော အစားအစာ ဖြစ်ရုံတင် မကဘဲ ဆေးဘက် ဝင်သော အရည် တစ်မျိုး ဖြစ်ပါ တယ်။ 

အထူး သဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင် ရုံတင် မကဘဲ အခြားသော ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ပျားရည် ဟာ ချိုမြိန်သော အရသာ ရှိသည့်အတွက် လူတိုင်းကြိုက်နှစ် သက်လို့ မှီဝှဲရန် အဆင်ပြေတဲ့ အစား အစာ တစ်မျိုးဖြစ် ပါတယ်။

ပျားရည် ကို မှီဝဲလို့ ကာကွယ်ပေး နိုင်တဲ့ ရောဂါတွေ ကတော့ .......

(၁) ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) နှလုံးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) ပြည်တည်နာနှင့် အနာဆွေး၊ အနာဟောင်း အတွက်လည်း ပျားရည် ဟာ အသုံးဝင်ပါတယ်။
(၄) ခန္ဓာကိုယ် အတွက် ခွန်အား ကို ပေးစွမ်းပါတယ်။
(၅) ချောင်းဆိုးခြင်းများ အတွက်လည်း မှီဝဲပေးနိုင်ပါတယ်။


(၆) အစာ ကို အလွယ်တစ်ကူ ကြေစေနိုင်တဲ့ သတ္တိ ရှိပါတယ်။
(၇) မီးလောင်နာနှင့် ပြတ်ရှနာ များ အတွက်လည်း ကောင်းမွန်ပါတယ်။
(၈) နို့ ပူပူလေး တစ်ခွက် ကို ပျားရည် တစ်ဇွန်းခန့်ရော စပ်ပြီး အအေးခံသောက်သုံးပါက အိပ်မပျော်သူများ အိပ်ပျော်စေနိုင်ပါတယ်။


Credit to Diary


No comments:

Post a Comment