သာသနာ ဆိုတာ ပါဠိ စကားဖြစ်ပြီး ဗုဒ္ဓ ရဲ့ အဆုံးမ တရားတော်ကို ဆိုလိုသလို ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော် မူတဲ့ ဘီစီ ၅၄၄ ကနေ စရေတွက်တဲ့ သာသနာနှစ်ကို လည်း ရည်ညွှန်းတယ်။ ၁၈၆၁ ခုနှစ်မှာ ပညာသာမိ မထေရ်မြတ်ရေးတဲ့ ဗုဒ္ဓသာသနာ သမိုင်း (သာသန၀ံသ) ကနေ မြန်မာပြည်အတွင်း ဗုဒ္ဓသာသနာ ပြန့် ပွားလာပုံ ကို ခြေရာခံရတယ်။ အဲဒီ သမိုင်းကျမ်း အရတော့ ဗုဒ္ဓသာသနာ ဟာ ရာမည ပြည်မှာ စတင်ရောက် ရှိတယ်။
သာသနာနှစ် ၂၃၅ မှာ သောဏ နဲ့ ဥတ္တရ မထေရ်မြတ်နှစ်ပါးဟာ သထုံမြို့နယ်က ကေလာသ တောင်နားမှာရှိတဲ့ သုဝဏ္ဏဘူမိ လို့ ထင်ရှားတဲ့ ရာမညပြည်ကို သာသနာပြု ခရီးရော
အနိရုန္ဓ (အနော်ရထာ) ဘုရင်ဟာ ၁၀၅၇ မှာ သထုံ ကိုအောင်နိုင်တဲ့အခါ မြန်မာပြည် အထက်ပိုင်းကို သန့်စင် တဲ့ ဗုဒ္ဓ ၀ါဒ သယ်ဆောင်ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။ သို့သော်လည်း အဲဒီ သမိုင်း အဆိုကို သက်သေပြဖို့ ခေတ်ပြိုင် သမိုင်း အထောက် အထား မတွေ့ရဘူး။ ဒီ အကြောင်းကို သမိုင်း အစောင်စောင်က ရေးကြပေမဲ့ အဲဒီ သမိုင်းကျမ်းတွေဟာ ခိုင်မာမူ အင်မတန် နည်းတယ်။ ထိုင်းတွေ ကတော့ အနိရုန္ဓဘုရင် ဟာ ဗုဒ္ဓ သာသနာ ကို သထုံက ရတာ မဟုတ်၊ နခွန် ပထွန် က ရတယ် လို့ ပြောကြတယ်။
အနိရုန္ဓ ဘုရင် ရဲ့ အမှတ် တံဆိပ်တော်တွေ တွေ့ရှိချက်အရ သူ့ရဲ့အင်ပါယာဟာ ဧရာဝတီမြစ်ေ
အစောပိုင်း ဗမာ လူမျိုးတွေဟာ အဲဒီ (၁၁) ရာစု မတိုင်ခင် ကတည်းက ဗုဒ္ဓ၀ါဒ နဲ့ ပတ်သက်ပြီး ထိတွေ့ပြီးပြီ လို့ ယူဆစရာ များစွာ ရှိတယ်။ ပျူတွေဟာ ဗမာ လူမျိုးတွေရဲ့ ယဉ်ကျေးမှု နဲ့ ကိုးကွယ်ရာ ဘာသာကို နောက်ကျဆုံး အေဒီ ၁၁၁၂ - ၁၃ ထိ လွှမ်းမိုး ခဲ့မယ် လို့ ခန့်မှန်းရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထိလိုင်မင်း (၁၀၈၄-၁၁၁၃) ရဲ့ သားတော်ဖြစ်တဲ့ ရာဇာကုမာရ မင်းသား ဟာ နာမကျန်းဖြစ်နေတဲ့ ဖခင် အတွက် ရည်စူးပြီးလှူဒါန်
ပျူ မြို့ဟောင်းဖြစ်ခဲ့တဲ့ မှော်ဇာကုန်း ကို တူးဖော်တဲ့ အခါ အလွန် စိတ်ဝင်စားစရာကောင်းတဲ
ပထမ ကောက်နုတ်ရေးသားချက်က ‘‘နိဒါနပါဠိတော်၊ သို့မဟုတ် ပဋိစ္စသမုပ္ပါဒ ပါဠိတော်’’ ဖြစ်တယ်။
ဒုတိယကောက်နုတ်ချက် မှာ ‘‘၀ိပဿ နာ ဉာဏ်စဉ် ခုနှစ်ပါး’’ရေတွက်ပြထား တယ်။
တတိယ ကတော့ ‘‘ဗောဓိပက္ခိယ တရား သုံးဆယ့်ခုနှစ်ပါး ပါဠိတော်’’ ဖြစ်ပြီး ...
စတုတ္ထက ဗုဒ္ဓမြတ်စွာရဲ့ ဝေသာရဇ္ဇ ဉာဏ်တော် (၄) ပါး ဖြစ်တယ်။
ငါးခုမြောက်မှာ ဗုဒ္ဓမြတ်စွာရ
ခြောက်ခုမြောက်ဟာ အမြတ်ဆုံးလေးပါးကို ဖော်ပြထားတဲ့ ဓမ္မပဒ ဂါထာတော်ဖြစ်တယ်။
ခုနှစ်ခုမြောက်ကတော့ ဗုဒ္ဓမြတ်စွာနဲ့ ရဟန်းတော်တွေ ရာဇဂြိုလ်မြို့ကို ဒေသစာရီကြွချီတော်မူကြောင်း
ရှစ်ခုမြောက် က မဟာပရိနိဗ္ဗာနသုတ်ကလာတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဂုဏ်တော်ကို ချီးကျူးပူဇော်တဲ့ ပါဠိတော်ဖြစ်ပါတယ်။
အဲဒီ ပါဠိတော် ရွှေပြားချပ် တွေနဲ့ အနီးအနား ပတ်ဝန်းကျင်မှာ ရှာဖွေတွေ့ရှိရတဲ့ သမိုင်းအထောက် အထားတွေ အရ ပါဠိ သုံးနှုန်းတဲ့ ဗုဒ္ဓ၀ါဒ ဟာ ပျူနိုင်ငံ ကိုရောက်နေပြီး ပျူတွေရဲ့ ပါဠိတော်နဲ့ အကျွမ်းဝင်မူဟာ မနိမ့်ကျဘူးလို့ ကောက်ချက်ဆွဲနိုင်တယ်။ ပါဠိ ဗုဒ္ဓသာသနာ ဟာ သရေ ခေတ္တရာမှာ ထွန်းကားနေပြီး ပုဂံ က ဗမာ တွေဆီ ထိအောင် ပြန့်ပွားလိမ့်မယ် လို့ ယူဆနိုင်စရာရှိတယ်။
ပျူတွေဟာ သူတို့ မြို့တော် ပျက်စီးသွားတဲ့အခါ ဗမာ တွေနဲ့ ရောနှောနေထိုင်ခဲ့ပြီး သူတို့ထက် အားကောင်းတဲ့ ဗမာ လူမျိုးတွေ ရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရတယ် လို့ သုံးသပ်ကြည့်နိုင်တယ်။ ဟန်လင်းကြီး မှာ ရေးထိုးခဲ့တဲ့ ပျူကျောက်စာ သုံးခု ပုဂံပြတိုက်မှာ ရှိတယ်။ တစ်ခုက ဟန်လင်းကြီးက ဖြစ်ပြီး ပုဂံမတိုင်ခင် ခေတ်က ရေးထိုးခဲ့တာဖြစ်တယ်။ နောက်တစ်ခုက ရာဇကုမာရ ကျောက်စာ (အေဒီ ၁၁၁၃) ဖြစ်တယ်။ နောက်ဆုံးကျောက် စာ တစ်ခု ကတော့ စာမျက်နှာ နှစ်ဘက် ရေးထိုးစာ ပါပြီး တစ်ဘက် ဟာ တရုတ် ဘာသာဖြစ်နေ တယ်။ အဲဒီ ကျောက်စာ ကိုတော့ ၁၂၈၇-၁၂၉၈ လောက်က ရေးထိုးခဲ့တာ လို့ ခန့်မှန်းရတယ်။ ပုဂံ ခေတ်တစ်လျှောက်လုံးမှာ ပျူ ကျောက်စာ ရေးထိုးမူ တွေ ဘာကြောင့် ရှားပါးနေရသလဲ ဆိုတာကို အောက်ပါ အတိုင်း ရှင်းပြ နိုင်ပါလိမ့်မယ်။
ပျူ နဲ့ မွန် ယဉ်ကျေးမူ နှစ်ခု စလုံး ဗမာ တွေကို လွှမ်းမိုး ခဲ့ပေမဲ့ မွန် ယဉ်ကျေးမှု က ဘာကြောင့် အားသာသွား ရ သလဲ ဆိုတော့ ကျောက်ဆည်ဒေသမှာ အခြေချနေထိုင်တဲ့ မွန် လူမျိုးတွေရှိပြီး အဲဒီ မွန်တွေဟာ ဗမာ တွေနဲ့ ဒေသချင်း နီးစပ် နေလို့ဖြစ်တယ်။ (၁၂) ရာစုရဲ့ ဒုတိယ ဆယ်စုနှစ်ကို ရောက်တဲ့အခါ ဗမာ ယဉ်ကျေးမှု အပေါ် မွန်တွေရဲ့လွှမ်းမိုးမှု ကျဆင်းသွား ကြောင်းတွေ့ရတယ်။
အကူးအပြောင်းကာလဖြစ်တဲ့ (၁၁၁၃-၇၄) အတွင်းရေးထိုးခဲ့တဲ့ ကျောက်စာတွေမှာ မွန်၊ သက္ကတ၊ ပါဠိ၊ ဗမာ စာတွေနဲ့ ရေးထိုးတာကို တွေ့ကြရတယ်။ ဒါဟာ ဘာကြောင့်တုန်းဆိုတော့ အဲဒီ အချိန်က ဗမာတွေဟာ အရေးအသား အတတ်မှာ မြေစမ်းခရမ်းပျိုး အဆင့်ဘဲ ရှိနေလို့ဖြစ်တယ်။ သို့သော်လည်း နောက်ဆုံးကျတော့ ဗမာ စကားဟာ ပြိုင်ဘက် ဘာသာ စကားတွေ အားလုံးကို လွှမ်းမိုးသွားခဲ့ပါတယ်။
မှော်ဇာကုန်း မှာ တွေ့ရှိခဲ့တဲ့ ပါဠိတော် ရွှေပြားချက်တွေ ကနေ ကောက်ချက် ဆွဲရရင် ပျူတွေ ရဲ့ ဗုဒ္ဓ၀ါဒ ဟာ မနိမ့်ကျဘူး လို့သိရတယ်။ မွန် ယဉ်ကျေးမှုဟာ သာလွန်ကျော်လွှားပြီး လွှမ်းမိုး သွားခဲ့တယ် လို့ ဆိုနိုင်ရင်တောင် မှ ပျူ ယဉ်ကျေးမှုဟာ လည်း ပုဂံ မှာ အားကောင်းခဲ့တယ် ဆိုတာ ရာဇာကုမာရ ကျောက်စာ ရဲ့ စာ မျက်နှာ တစ်ဖက်က ဖော်ပြနေပါတယ်။
ဒါကြောင့်မို့ အခုအချိန်ထိ တွေ့ရတဲ့သက်သေ အထောက် အထားတွေ
အနုရုန္ဓ ဘုရင်ခေတ် မတိုင်ခင် ကတည်းက ဗမာ နဲ့ မွန်တွေဟာ ပူးတွဲ နေထိုင်ခဲ့ကြတယ်။ ဒါကြောင့်မို့ ဗမာတွေ တောင်ဘက်ကို ဆင်းပြီး မွန်တွေရဲ့ နိုင်ငံကို တိုက်ခိုက် သိမ်းပိုက်တဲ့ အခါ မွန် ယဉ်ကျေးမှုဟာ ဗမာ တွေ အတွက် အသစ်အဆန်း မဟုတ်ပါဘူး။
ပါမောက္ခ လုစ် ကတော့ ဗမာတွေ မြန်မာပြည်ထဲ မ၀င်ရောက်ခင် ကတည်းက မွန်တွေဟာ ကျောက်ဆည်မှာ ရှိနေခဲ့တာ လို့ ကောက်ချက်ဆွဲပါတယ်။ ဗမာတွေ ထိုးဖောက် ၀င်ရောက်လာတဲ့အခါ မ
အဲဒီ ရည်ညွှန်းချက်ဟာ ဆိုခဲ့ပြီး ကြွင်းကျန်ရစ်တဲ့ မွန် တွေကို ရည်ညွှန်းတာဖြစ်နိုင်ပြီး တည်နေရာကိုတော့ စမုံ နဲ့ မြစ်ငယ်မြစ် ဆုံ အနီးမှာ ရှိတဲ့ ကမ္ဗလူ၊ သို့မဟုတ် ခဗူ လို့ဆိုတယ်။ ကျောက်ဆည်တောင်ရဲ့ အနောက်မြောက်ဘက် မှာ ယနေ့ အချိန်ထိ စိုက်ထူ ထားတဲ့ မွန်ကျောက်စာအရ မွန်တွေ ဟာ ဗုဒ္ဓဘာ သာဝင်တွေလို့ ဆိုရမယ်။ ဒီကျောက်စာမှာ မွန် ဘုန်းတော်ကြီး တစ်ပါးက သိမ်ဆောက်လုပ် လှူဒါန်းခြင်း
တစ်ခုရှိတာက အဲဒီ ကျောက်စာမှာ ခုနှစ် သက္ကရာဇ် ရေးထိုး မထားတာပါဘဲ။ သို့သော်လည်း နောက်ကျမှ ၀င်ရောက်လာတဲ့ ဗမာ တွေဟာ ရှိနှင့် ပြီး မွန်တွေရဲ့ နေရာကို သိမ်းပိုက် လွှမ်းမိုးလိုက်တယ
ပုဂံခေတ် အစောပိုင်းမှာ ဗမာ တွေ ဘယ်လို ဘာသာတရားမျိုး ကို ကိုးကွယ်ခဲ့တယ် ဆိုတာကို သိဖု
ထိလိုင် မင်း (၁၀၈၄ -၁၁၁၃) ရဲ့ ရွှေစည်းခုံကျောက်စာမှာ ဗုဒ္ဓသာသနာနှစ် ၁၆၃၀ (၁၀၈၆) နောက် ပုဂံမှာ စိုးစံမဲ့ ဘုရင်မင်းမြတ် ကို ချီးမွှမ်းထားတာ တွေ့ရတယ်။ အဲဒီ ကျောက်စာအရ ပုဂံမှာ အဲဒီအချိန်တုန်းက အဓိက ကိုးကွယ်တဲ့ ဘာသာတရားဟာ ဗုဒ္ဓ ၀ါဒ ဖြစ်တယ် လို့ ဆိုရမယ်။ သို့သော် အခြား ဘာသာတရားတွေရှိနေကြောင်းလည်
ဥပမာ ထီးလှိုင်မင်း ဟာ ဗိရှနိုး ၀င်စားတဲ့ ဘုရင်တစ်ပါး ဖြစ်တယ် လို့ ရေးထိုးထားတဲ့ အချက်က အဲဒီ ခေတ်က ဗုဒ္ဓ၀ါဒ မှာ ဗြဟ္မဏ ၀ါဒ လွှမ်းမိုးနေတယ် ဆိုတာ သိသာထင်ရှားတယ်။ ထီးလှိုင်မင်း ဟာ ရှင်အရဟံ မထေရ်မြတ် ရဲ့ လမ်းညွှန် ဆုံးမမှုနဲ့ ဗုဒ္ဓသာသနာ ကို ပိဋကတ်တော်တွေရဲ့ ဆုံးမချက်နဲ့ အညီ စင်ကြယ်သန့်
နောက်တစ်ချက် အံသြစရာတွေ့ရတာက အများစု ကိုးကွယ်တဲ့ ဘာသာတရား အပြင် အခြား အနည်းစု ကိုးကွယ်ရာ ဘာသာတရားတွေလည်း ရှိနေပြီး ဘာသာရေး အယူသည်းမူ မရှိတဲ့ အချက်ဖြစ်တယ်။ အဲဒီ ခေတ် က တိတ္တိ ဆိုတာဟာ ဒီနေ့ခေတ်မှာ နားလည်နေသလို ဗုဒ္ဓဘာသာ မှ တပါး အခြား ဘာသာတရားကိုးကွယ်သူ တွေကို မရည်ညွှန်းဘဲ ဗုဒ္ဓ ၀ါဒီ ဖြစ်စေ၊ ဗြဟ္မဏ၀ါဒီ ဖြစ်စေ သက်ဆိုင်ရာ ကျမ်းဂန် ရဲ့ လမ်းညွှန်ဆုံးမမူ အတိုင်း မနေထိုင်သူကို ဆိုလိုကြောင်း သိရတယ်။
နောက်ထပ် ကျောက်စာ တစ်ခုမှာ ထီးလှိုင်မင်း ရဲ့ ဗုဒ္ဓသာသနာ နဲ့ ပတ်သက်တဲ့ ဆောင်ရွက်မူတွေ ရေး ထိုးထားတာ တွေ့ရတယ်။ ပုဂံရဲ့ အရှေ့မြောက်ဘက်မှာ ဇေယျဘူမိ (ရွှေစည်းခုံ) ဘုရားတည်ထား ကိုးကွယ်ခဲ့တယ်။ တိမ် မြုပ်ပျောက်ကွယ်နေတဲ့ ပိဋကတ် ကျမ်းစာတွေကို ရှာဖွေ စုဆောင်းစေခဲ့ပြီး မူကောင်း၊ မူ သန့် ရအောင် သုတ်သင်စေခဲ့တယ်။
ဗုဒ္ဓဂါယာ က ရှရှိ ဗဇြာ ဘုရားကျောင်းကို ပြုပြင်မွှမ်းမံဖို့ လူ၊ ငွေ၊ ပစ္စည်းတွေနဲ့ အတူစေလွှတ်ခဲ့ရုံမျှ မက ရ ဟန်း သံဃာတော်တွေ ကိုလည်း ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ လှူဒါန်းကြောင်းရေး
အဲဒီကျောက်စာ မှာ ရှင်အရဟံ မထေရ် မြတ်ရဲ့ မျက်မှောက်မှာဘဲ ဘာသာအယူဝါဒ အရောရော အနှောနှော ဖြစ်နေတဲ့ နန်းတည် အခမ်းနား ကို ကျင်းပကြောင်း ဖော်ပြထား တယ်။ နန်းတည်မူ အခမ်း အနားကြီး ဟာ ဆောက်လုပ်ရေးမှာ အထူး ကျွမ်းကျင်တဲ့ နက္ခတ် ဆရာ ဗြာဟ္မဏတွေရဲ့ စီမံမူ အောက်မှာ ကျင်း ပ ခဲ့တယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်တွေရဲ့ တာဝန်ဟာ ပရိတ် ရွတ်ဖတ်ရုံပါဘဲ။ ပရိတ်ရေတွေကိုလည်း ဗြ ဟ္မဏတွေကဘဲ ဗိရှနိုးနတ် နဲ့ သင်္ကေတ လို့ပြောရမဲ့ ခရုခွံ မှာ ထည့် သယ်ဆောင်ပြီး သွင်းလောင်းခဲ့ကြောင်းဖော်ြ
နန်းတော်သစ် ရဲ့ အထူးနေရာ တစ်နေရာကို ဘုရား ၀တ်တက်ဆောင် အဖြစ်သတ်မှ
ဘာဖြစ်လို့ တုန်း ဆိုတော့ တွေ့ရသမျှ ကျောက်စာ အပိုင်း (၁ဂ) ပိုင်းထဲမှာ ဗြဟ္မဏတွေကို ဖော်ညွှန်း ထားတဲ့ နေရာ (၄၉) နေရာတောင် တွေ့ရလို့ဖြစ်တယ်။ ဆောက်လုပ်ရေး မှန်သမျှမှာလည်း ဗြဟ္မဏတွေက ဦးဆောင် တာကို တွေ့ရတယ်။ ဒါကြောင့် မို့လို့ အခမ်းနားတိုင်း မှာ ဗိရှနိုးနတ် ကို ရှိခိုးတာနဲ့ စမယ် လို့ ကောက်ချက် ဆွဲနိုင်တယ်။ ဣန္ဒနတ် (သိကြားမင်း) ကို လှူဒါ
ဗြဟ္မဏ ၀ါဒရဲ့ လွှမ်းမိုးမူတွေ ရှိနေတယ်ဆိုတ
‘‘နန်းကျ မွန်ဘုရင် (မကုတ) ရဲ့ နန်းဘုရားမှာ အဓိက ကျန်ရစ်ခဲ့တဲ့ ပန်းပု လက်ရာတွေဟာ ဗြာဟ္မာ ရုပ်ထုတွေ ဖြစ်တယ်။ ကျန်စစ်သား ရဲ့ နန်းတော် နဲ့ ကပ်လျက်မှာ ယနေ့ အချိန်ထိ တည်ရှိ ကျန်ရစ်နေသေးတာ ကတော့ ဗိရှနိုးနတ် ရဲ့ ဘုရားကျောင်းဖြစ်တဲ့ နတ်လှောင်ကျောင်း ဖြစ်တယ်။ ရှီဝ နတ် ရဲ့ သင်္ကေတ နဲ့ ရုပ်ထုတွေကို ဗိရှနိုးနတ် နဲ့ စာရင် ပုဂံမှာ တွေ့ ရ နည်းပေမဲ့ သထုံ၊ ရွှေစာရံ ဘုရားက ရှေးဟောင်း စဥ့်သုတ်ပြားတွေပေါ်မှာ ဗြာဟ္မာ၊ ဗိရှနိုး နဲ့ ရှီဝ နတ်သုံးပါး တို့ရဲ့ ပုံတွေကို မြင် တွေ့နိုင်ပါတယ်’’
ပုဂံ မင်းဆက် တစ်ဝက်နောက်ပိုင
မဟာပိန္နဲနတ် (မဟာဝိနာယက) သို့မဟုတ် ဂဏေရှနတ် ကို တော့ အေဒီ ၁၂၇၅ မှာရေးထိုးတဲ့ ကျောက်စာတစ်ချပ် မှာ တွေ့ရပါတယ်။ ၁၁၇၉ အေဒီ မှာ ရေးထိုးတဲ့ ကျောက်စာမှာ ဂ၀ံပတိ ဆိုတဲ့ အမည် ကိုလည်း ဗုဒ္ဓမြတ်စွာ နဲ့ အဂ္ဂသာဝက အမည်နှစ်ပါး တို့နဲ့ အတူတွေ့ရတယ်။ ဒါကြောင့်မို့လို့ ဗမာ တွေဟာ ဗုဒ္ဓ၀ါဒ ကို မွန်တွေ ဆီက ရတယ် လို့ ပြောနိုင်တယ် ဆိုရင်တောင် အဲဒီလို မွန်တွေ ထံက ရောက်ရှိ လာတဲ့ ဗုဒ္ဓသာသနာ ဟာ သာသနာ ၀ံသ နဲ့ သမိုင်း ကျမ်းတွေမှာ ပြောထားသလိုမျိုး သန့်ရှင်းစင်ကြယ်တဲ့ ဗုဒ္ဓ၀ါဒ မဟုတ်ဘူး ဆိုတာပါဘဲ။
ထိလိုင်မင်း (၁၀၈၆-၁၁၁၃) နတ်ရွာစံပြီးတဲ့ အခါ မွန် ယဉ်ကျေးမူရဲ့ လွှမ်းမိုးမူ ကျဆင်းသွားပြီး အဲဒီ ခေတ်ကကျောက်စာ အများစုကို ဗမာစာနဲ့တွေ့ကြရတယ်။ သို့သော် လည်း ကျောက်စာ အနည်းငယ် ကိုတော့ ပါဠိ သက်သက်၊ သို့မဟုတ် ပါဠိ-ဗမာ ရောနှောပြီး ရေး ထိုးကြဆဲဖြစ်တယ်။ ဗြာဟ္မဏ ၀ါဒရဲ့ လွှမ်းမိုးမူ့လည်း ကျဆင်းသွားတယ် လို့ပြောနိုင်ပေမဲ့ ဗိသုကာ အဆောက် အုံတွေမှာ ကလသာ အိုးပါနေသလို မျိုး ဗြာဟ္မဏ၀ါဒ ရဲ့ အကြွင်းအကျန် လက်ရာတွေကတော့ ပုဂံ မင်းဆက် ကုန်ဆုံးချိန်ထိ တွေ့နေရပါတယ်။
ရတနာသုံးပါး ကို ထီးလိုင်မင်း လက်ထက်က ရတ်နတျေ လို့ခေါ်ခဲ့ရာကနေ နောက်ခေတ်မှာ ရတနာ သုံးပါး ဖြစ်သွားတယ်။ ဘုရား၊ တရား၊ သံ ဃာ ရတနာ သုံးပါးကို ဆိုလိုတာဖြစ်ပြီး ဘုရား ရဲ့ အဆုံးအမ သာသနာတော်ဟာ လည်း နှစ်ငါးထောင်ရှည်ကြာမယ် လို့ ယုံကြည်ကြတယ်။ သို့သော်လည်း အများထက် ပိုပြီး တွေးခေါ် တတ်တဲ့ စကုက်ရိ (စက္ခုကာရီ) လို အရှင်ကတော့ သာသနာဟာ ကမ္ဘာ တည်သရွေ့ တည်လိမ့်မယ် လို့ တွေးခေါ်ယူဆပါတယ်။
အိုစောကျွမ်း (မိဘုရားစော) ကလည်း ဗုဒ္ဓသာသနာ ဟာ အသင်္ချေ တစ်ရာ ကာလ တိုင်အောင် ကြာရှည်မယ် လို့ မျှော်လင့်ခဲ့တယ်။ ဒီနေ့ ခေတ်မှာတောင် ဗုဒ္ဓဘာသာဝင် အများစုဟာ ဗုဒ္ဓသာသနာ ဟာ နှစ် ငါးထောင် ထက် ပိုပြီး ရှည်ကြာမယ်လို့ မမျှော်လင့်ကြဘူး။ ရှေးတုန်းက ဗမာ တွေလည်း ဒီအတိုင်းပါဘဲ။ သိပ်မစဉ်းစား ကြဘဲ သာသနာဟာ နှစ်ငါးထောင် ရှည်ကြာမယ်၊ အဲဒီ ရှည်ကြာသလောက် ကာလမှာ သာသနာကို တတ်နိုင်သမျှ လှူဒါန်း ထောက်ပံ့ဖို့ဟာ တာဝန် တစ်ရပ်ဘဲလို့ ခံယူထားကြတယ်။
ဒီတာဝန်ထဲ မှာ မိမိကိုယ်တိုင် သံသရာ ၀ဋ်ဆင်းရဲကနေ လွတ်မြောက်အောင် ကြိုးစားခြင်း လည်းပါတယ်။ ဗုဒ္ဓ တရားတော်တွေက ဒီလောကမှာ ပိုင်ဆိုင်သမျှ ဘယ်အရာမှ မတည်မြဲဘူး၊ ဒီ ဘ၀မှာ ဘယ်လောက် စည်း စိမ် ဥစ္စာပြည့်စုံသည်ဖြစ
အလှူ တစ်ခုပြုပြီး လို့ ဆုတောင်းကြတဲ့ အခါ နောင် ပွင့်တော်မူမဲ့ အရိမေတ္တေယျ ဘုရားရှင်ထံမှောက် မှာ နိဗ္ဗာန် မဂ်ဖိုလ် ကို မျက်မှောက် ပြုလိုကြောင်း ဆုတောင်းတတ်ကြပါတယ်။ ပိုပြီး ကြီးမားတဲ့ ဆန္ဒရှိသူတွေကတော့ ဘုရားဆု ပန်ကြ တယ်။ သို့သော်လည်း ဗုဒ္ဓတရားတော်တွေဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ရည်မှန်းဖို့နဲ့ ယခု ဘ၀မှာတင် နိဗ္ဗာန်ရောက်နိုင်ဖို့ ကျင့်စဉ်တွေကို ဟောကြား ဆုံးမထားပါတယ်။ ဒီလို ဟောကြားဆုံးမထားတဲ့ ဗုဒ္ဓ၀ါဒ တရားတော်တွေဟာ အဲဒီ ခေတ်က ပုဂံသူ၊ ပုဂံ သားတွေအပေါ်မှာ အများကြီးလွှမ်းမိုးထားနိုင်
ဗုဒ္ဓဘာသာဖြစ်လာတာနဲ့ အရင်က ရဲ့ဝံ့ တက်ကြွပြီး စစ်လိုလားတဲ့ ဗမာ လူမျိုးတွေဟာ တဖြည်းဖြည်း နဲ့ ငြိမ်းငြိမ်း ချမ်းချမ်းနေလု
မိဘုရား တစ်ပါးဟာ သူဆောက်လုပ် လှူဒါန်းထားတဲ့ ကျောင်းတိုက် အတွင်းမှာ ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ်တော် ရရှိတော်မူ ခဲ့တဲ့ နေရာက မဟာဗောဓိညောင်ပင် ရဲ့ အစေ့က မျိုးပွားလာတဲ့ ဗောဓိညောင်ပင်ပွား တစ်ပင် ကို စိုက်ပျိုးခဲ့ကြောင်းတွေ့ရတ
ဘုရား ဆိုတဲ့ ဗမာ စကားဟာ မြတ်သောလို့ အဓိပ္ပါယ်ရပြီး ‘‘၀ရ’’ ဆို တဲ့စကားက ဆင်းသက် လာတာဖြစ်နိုင် တယ်။ အများအား ဖြင့်တော့ ဗုဒ္ဓမြတ်စွာရဲ့ သရီရ ဓါတ်တော်တွေကို ဌာပနာ ထားတဲ့ စေတီ ပုထိုးတွေကိုဘဲ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် အဖြစ် ရည်မှန်းပြီး ဘုရားလို့ ခေါ်ပါတယ်။ သို့သော်လည်း ရှင်ဘုရင်ကို လည်း ဘုရားလို့ ဘဲခေါ်ပြီး သူ့ရဲ့ ဇနီး ကိုတော့ ရှေ့က ‘‘မိ’’ ထည့်ပြီး ‘‘မိဘုရား’’ သို့မဟုတ် ‘‘အမိ’’ ထည့်ပြီး ‘‘အမိဘုရား’’ လို့ ခေါ်ပါတယ်။
ဒီလို အသုံးနှုန်းတူနေတဲ့ ကိုးကွယ်ရာ ဘုရား နဲ့ အုပ်ချုပ်သူ ဘုရား ကို ခွဲခြားဖို့ အတွက် ရှေး ကျောက်စာရေးသူတွေဟာ ဗုဒ္ဓမြတ်စွာ ကို ရည်ညွှန်းချင်တဲ့ အခါ ‘‘မြတ်စွာသော ဘုရား’’ လို့ သုံးနှုန်းပြီး အုပ်ချုပ်
ဆင်းတု ဆိုတဲ့ စကားဟာ ‘‘ဆ’’ ၊ “ဗို’’ ဆိုတဲ့ ပျူ စကားရဲ့ အဓိပ္ပါယ်နဲ့ အတော်တူပြီး သစ်၊ ကျောက်နဲ့ ထုလုပ်တဲ့ ဘုရားပုံတွေကို သာမကဘဲ ဂူပေါက်စေတီ တွေရဲ့ နံရံမှာ ရေးဆွဲထားတဲ့ ဘုရားပုံတွေကို ပြောဖို့လည်း သုံးပါတယ်။ တခါမှာ (၁၇) ရက်အတွင်း ဘုရားရုပ်ပုံပေါင်း ၁၄၆၁၉ ရုပ်ရေးခြယ် ပူဇော်ခဲ့တယ် လို့သိရပြီး တခါတော့ ပုံပေါင်း (၄၀၀၀) ရေးခြယ်ပူဇော်တယ် ဆိုတာကို လည်းတွေ့ရတယ်။ အများအားဖြင့် ဂေါတမ ဗုဒ္ဓမြတ်စွာရဲ့ ပုံတော်ကို ရေးဆွဲ၊ ထုလုပ်တာဖြစ်ပြီး တစ်ခါ တစ်ရံ အခြား ဘုရားရှင်တွေ ရဲ့ ပုံတော်တွေကိုလည်း ရေးခြယ် ထုလုပ်တယ်။ ဒီ ဘုရားဆင်းတု ရုပ်ပုံ တွေဟာ တစ်ဆူနဲ့ တစ်ဆူ ပုံစံ တူတွေသာဖြစ်တယ်။
မတူအောင် ခွဲခြားတဲ့နည်းက ဘုရား တစ်ဆူစီ အမှီပြုပြီး သဗ္ဗညုတဉာဏ် ရရှိရာ နောက်ခံ ဗောဓိပင် ကို မတူအောင် လုပ်တာဖြစ် တယ်။ ဗုဒ္ဓမြတ်စွာ ရဲ့ရှေးဘ၀ဖြစ်တေ
အာနန္ဒာ ဘုရားမှာ မွန်မူ က လာတဲ့ ဇာတ်တော် တွေကို သရုပ်ဖော်ထားတဲ့ စဥ့်ကွက်ပေါင်း ၁၅၀၀ လောက်ရှိတယ်။ အများအားဖြင့် စဥ့်ကွက် တစ်ခု ဟာ ဇာတ်တော် တစ်ခုစီ ကို ကိုယ်စားပြုပေမဲ့ နောက်ဆုံး ဇာတ်တော်ကြီး ဆယ်ခု ကတော့ တစ်ခုမက ရှိနိုင်တယ်။ ဒီလို ဇာတ်တော်တွေရဲ့ အကောင်းဆုံး နမူနာ ဆေးရေးလက်ရာကို ၀က်ကြီးအင်း၊ ဂူပြောက်ကြီးမှာ တွေ့နိုင်တယ်။
အေဒီ ၁၂၉၄ က ကျောက်စာတစ်ချပ်မှာ ဘုရားခြေတော်ရာတော်ကိုလည်း အရောင် အမျိုးမျိုးနဲ့ ရေးခြယ် တယ် လို့ ရေးထိုးထား ပါတယ်။ ဘုရား ဆင်းတုတော်တွေ ထုလုပ် ရေးခြယ်တဲ့ လက်မှု ပညာသည်တွေကို ဘုရား သမား လို့ခေါ်တယ်။ ဘုရား ထုလုပ် ရေးခြယ်ခ ကို ငွေ သို့မဟုတ် ပစ္စည်း၊ သို့မဟုတ် နှစ်ခုပေါင်းပေးလေ့ရှိတယ်။
တစ်ခါက ဘုရားထုလုပ်ခပေးဖို့ ကျွန် မိန်းကလေး တစ်ယောက်ကို ရောင်းတယ် ဆိုတာမျိုးတွေ့ရတယ်။ အေဒီ ၁၂၃၆ က ကျောက်စာ အရ ဘုရား ထုလုပ်ခ ဟာ ဘုရားဆင်းတု (၁၀) ဆူ အတွက်၊ ငွေပြား (၃၀)၊ အနက်ရောင် လီနင်
အလှူရှင်တွေဟာ မတ်ရပ် ဘုရားဆင်းတုတော်တွေကို မိမိ အရပ်နဲ့ တိုင်းပြီး ပြုလုပ်ပူဇော်တတ်ကြတယ်၊ ဒီလို ဘုရားဆင်းတု မျိုးကို ကိုယ်တိုင်း ဘုရား လို့ ခေါ်ပြီး အရပ်ရော၊ အလေးချိန်ရော တိုင်းတာ ပူဇော်ကြတဲ့အခါ ‘‘ကိုယ်တိုင်း ရုပ်တိုင်း’’ ဘုရားလို့ ခေါ်ကြပါတယ်။
Tin Maung Hlaing
No comments:
Post a Comment