ကျမတို့ ရပ်ကွက်မှာ မနက်ဈေးလေး တစ်ခုရှိတယ်။ ဈေးကြီးကြီးတွေနဲ့ စူပါ မားကက်တွေ ကလည်း တော်တော်ဝေးတော့ အလောတစ်ကြီး ၀ယ်စရာရှိရင် အဲဒီ ဈေးမှာပဲ ၀ယ်လေ့ရှိကြတယ်။ အလုပ်သွားကျောင်း သွား မနက် ထမင်းဘူးထည့်ရမယ့် သူတွေ
အသားဆိုင် ကလည်း အဲဒီ တစ်ဆိုင်တည်း၊ အသားကလည်း စုံပြီး လတ်ဆတ်တော့ ၀ယ်ချင် သူတွေများ တယ်လေ။ ဒါနဲ့ပဲ ဒင်းက ဘ၀င်လေဟပ်ပြီး ၀ယ်သူတွေပြောရင် နည်းနည်းမှ သည်းမခံဘူး။ ကျမ အပါအ၀င် ရပ်ကွက်ထဲက အိမ်ရှင်မ တော်တော်များများန
တစ်နေ့မှာ ကျမ အမျိုးသား တစ်ခြားနယ်မှာ တာဝန်ကျတော့ ကျမကို ကူညီရင်း အဖော်ပြုပေးဖို့ ကျမ ညီမလေး က လာနေပေးတယ်။ သူက ကျောင်းပြီးခါစ ဒေသန္တရ ဗဟုသုတတွေ စုဆောင်းနေဆဲ အပျိုလေးပေါ့။ မနက်တိုင်း သူပဲဈေးသွားတော့ ကျမလည်း အမှုမဲ့ အမှတ်မဲ့ပဲ နေခဲ့ပေမဲ့ တစ်ပတ်ကျော်လောက်ကြာတော့ သူဝယ်လာတာ နေ့တိုင်း အသားတွေ သိပ်ကောင်းပြီး အလေးလည်း ပြည့်တယ်။
ကျမ ၀ယ်တုန်းကထက် ပိုများများ ရပြီး ပိုလတ်ဆတ်တဲ့ အသားကောင်းတွေပဲ နေ့တိုင်း ရနေတယ်။ ကျမ ညီမလေးကို ဘယ်လိုများ ၀ယ်ခဲ့တာလဲ မေးကြည့်တော့ သူက ပြောပြတယ်။
“သမီးကတော့ သူ အသား ညံ့ညံ့တွေ ပေးတဲ့နေ့လည်း ပြုံးပြလိုက်တာပါပဲ။ သူလည်း သူ့မှာ ရှိတာပဲ ပေးရတာပဲလေ။ ဘာလို့စိတ်ဆိုးရမှာလဲ။ သူ အသားကောင်းကောင်းတွေ ပေးတဲ့နေ့ဆိုရင်တော့ ၀မ်းသားအားရကျေးဇူးတင် စကားေ
ဒီလိုလုပ်လို့ထင်တယ်။ သမီးကိုသူ အခု နေ့တိုင်း အသားကောင်းကောင်းတွေပဲပေးတေ
#yangonlife#lovereflection
No comments:
Post a Comment