28 February 2018

ပဲခူး ဘုရားဝင်းအတွင်းမှ ဘုရင့်နောင် ရုပ်တု လိပ်ပြာသိပ်ထားတယ်လို့ ထိုင်းများ ယုံကြည်ကြ

 



ပဲခူးမြို့မှာ ဘုရင့်နောင်မင်းတရားကြီး တည်ထားခဲ့သော ပဲခူးမြို့ရဲ့ တစ်ဆူတည်းသော ဘုရားဖြစ်တဲ့ ဆုတောင်းပြည့် စွယ်တော် ရှင်မဟာ စေတီတော်မြတ်ကြီးကို ဘုရင့်နောင်မင်းရဲ့ ရုပ်တုမှာ လိပ်ပြာ
သိပ်ထားတယ်လို့ ယုံကြည်ကြပြီး ထိုင်း ဧည့်သည်တွေ အများဆုံး လာရောက်ကြတယ်လို့သိရပါတယ် ။

ဘုရားဝန်း အတွင်းမှာ တည်ရှိတဲ့ ဘုရင့်နောင် ရုပ်တု ထဲကို ထိုင်းက လာပြီး လိပ်ပြာ သိပ်ထားတာ ဖြစ် တယ်လို့ ယုံကြည်ကြပါတယ်။

“ ထိုင်းဘုရင့် သမီးတော် ဆုပန်ကလျာ နဲ့ ဘုရင့်နောင် မင်းတရားကြီးရဲ့ ကြင်ယာဖြစ်ခဲ့ပြီးတော့ ထိုင်းနဲ့ပတ်သက်တာကတော့ အဓိက ဒီကို လာကြတယ် ။ ဘုရင့်နောင် ရဲ့ ကြင်ယာတော်ဖြစ်လို့လည်း ဒီကို ထိုင်းက လာကြတယ် ဒီဘုရားက ပဲခူးမှာ ဘုရင့်နောင် တည်ခဲ့တဲ့ တစ်ဆူတည်းသော ဘုရား ဒီရုပ်တုမှာ ဘုရင့်နောင်ရဲ့ လိပ်ပြာသိပ်ထားတယ်လို့ပြောကြတယ် ။


အဲ့ဒါကြောင့် ထိုင်းတွေပဲအများဆုံးလာကြတယ် “လို့ ဆုတောင်းပြည့်စွယ်တော် ရှင်မဟာ စေတီတော်မြတ်ကြီးက လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ဦးကျော်သန်းဝင်းက ပြောပါတယ်။


 
 

ထိုင်း ဘုရင့်သမီးတော် ဆုပန်ကလျာ ဟာ ဘုရင့်နောင်မင်းတရားကြီးရဲ့ ကြင်ယာဖြစ်ခဲ့ပြီးတော့ ဘုရင့်နောင် ဟာ ထိုင်းကို သိမ်းယူခဲ့ပေမယ့် ထိုင်းတွေ အနေနဲ့ အမုန်းမထားပဲ စကြာင်္ဝတေးမင်း အဖြစ် သတ်မှတ်ကာ ယိုးဒယား သမိုင်းတွေမှာ ဘုရင့်နောင်အကြောင်းကို ကောင်းမြတ်တဲ့ ဖြောင့်မတ်တဲ့ စိတ်ရင်း စိတ်ကောင်းရှိတဲ့ မင်းကောင်းမင်းမြတ်အဖြစ်ဖော်ပြထားတယ်လို့သိရပါတယ်။

“ သူတို့ရဲ့ အယူအဆတွေနဲ့ပေါ့နော် သူ့တို့ဘာသူတို့ ဒီဘုရင့်နောင် ရုပ်တုထဲမှာ လိပ်ပြာလာ သိပ် ထားကြတယ် ။ အဲ့ဒါကြောင့် ထိုင်းတွေက ဒီကို အဓိကထားပြီး လာကြတာများတယ်” လို့ ဘုရားမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ ဦးအေးဝင်း ကပြောပါတယ်။

By – လမင်းသော်တာ
Source


No comments:

Post a Comment