21 February 2019

ရှု့ဒေါင့်ကွဲဖြစ်တည်မှု ၀ါဒ ၏ တိုးတိုက်မှုများ



Existentialism ဟူသောဖြစ်တည်မှု ၀ါဒသည် အထူးသဖြင့် သက်ရှိတို့၏ အခြေခံ လိုအပ်ချက်ဖြစ်သော် လည်း လူသားပဓါန (Humanism) အယူအဆ အားကောင်းလာသောအခါ မတူညီသောရှု့ဒေါင့် များကြောင့် တိုးမိ တိုက်မိသည်မှ ထိပ်တိုက် အားပြိုင်ရာသို့ ရောက်ရှိလာခဲ့တော့၏။
.
တစ်ချိန်က ရုပ်ဝါဒ (Materialism )၊ ၀ိဉာဏ၀ါဒ ( Idealism)၊ အစစ်အမှန်ဝါဒ(Realism) တို့အားပြိုင်ခဲ့ကြ ဘူးသည်။ အိုင်ဒီယာ စစ်စစ်သည် သဘောတရားရေးရာ အရ နားထောင်ကောင်းပါသော်လည်း အတ္တ အခြေခံသော လူသားတို့ အကြားတွင် လက်တွေ့ အလုပ်မဖြစ်ခဲ့ချေ။ 

ကွန်မြူ နစ် တို့၏ ရုပ်ဝါဒကလည်း ဒုတိယကမ္ဘာစစ် ၀န်းကျင်တွင် ကမ္ဘာ့ဒေသ အတော်များများ အပေါ် သြဇာ သက်ရောက်ခဲ့ပါသော်လည်း စစ်အေးလွန်ကာလတွင် သဂြိုလ်ခံလိုက် ရသည်။

စစ်အေးလွန်တွင် အမေရိကန်တို့၏ တန်ဘိုး (Value) ဟုကြွေးကြော်ခဲ့သော ကျင့်စဉ် (Democracy) သည် လူ့အခွင့်အရေး (Human Right) ကို အဖေါ်ပြုကာ တန်ဖိုးချမှတ်မှု ဆိုင်ရာပညာ (Axiology) ထဲမှ အစိတ် အပိုင်း အချို့ဖြစ်သော စံနှုန်း (Standard) များဖြင့်ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံများ၏ အတွေးအခေါ် ကိုပြန် လည် အရောင် ပြောင်းရန်ကြိုးစားခဲ့သည်။
.
သို့သော်လည်း တစ်ကယ့် လက်တွေ့တွင် ဒီမိုကရေစီနိုင်ငံများ၏ လက်တွေ့လုပ်ရပ်၊ ကိုယ်ကျင့်တရား (Ethic) များသည် ရုပ်အမှန်ပေါ်လာရာမှ နိုင်ငံ အတော်များများ၏ ပညာတတ်များ၏ သိမှုဗေဒ (Epistemology) မှ တစ်ဆင့် ယုတ္တိဗေဒ (Logic) တို့ကြောင့် ယုံကြည်ကိုးစားမှု လျော့နည်းလာခဲ့ပြီး (၂၁) ရာစု၏ နိဒါန်းကို ဒီမိုကရေစီ လက်ညှိုးအထိုးခံခြင်းဖြင့် ဖွင့်လှစ်ခဲ့သည်ဟုမြင်ပါ၏။


အတွေ့အကြုံက ဆရာဖြစ်သည်
************************************
အထူးသဖြင့် ပညာနည်းသောနိုင်ငံများကို ပညာကြီးသောနိုင်ငံများက လိုသလို ပုံသွင်းခဲ့ကြသည်။ ဥပမာ အားဖြင့် လူ့အခွင့်အရေး (Human Right) ကို သူတို့ အကျိုးစီးပွားဖြစ်စေသည့် ဘက်ကကြည့်ကြသည်။ ဤ အ တွက် မီဒီယာအထောက်အပံ့ကို aကာင်းစွာ သုံးစွဲကြသည်။ ဥပမာ..အားဖြင့် ရခိုင်ဒေသ ဘင်္ဂလီ များ၏ တိုက်ခိုက်မှု၊ တပ်မတော်ဖက်က လုံခြုံရေး ထမ်းဆောင်မှုတွင် နိုင်ငံတိုင်း၏ အချုပ်အခြာကို ကာကွယ်ရန် ရှိသည် ဟူသည့် အခွင့် အရေးကို aဘးဖယ်ထားပြီး ဘင်္ဂလီများဖက်မှ လူ့အခွင့်အရေးဟစ်ခဲ့ကြသည်။ ထွက်ပြေး အရေအတွက်ထက် များ စွာ ပိုသည့်ပြန်ဝင် ဘင်္ဂလီဖက်မှ ရပ်တည်ကြ၏။ပြည်တွင်း တိုင်းရင်းသား တို့ဘက်မှ မှန်ကန်စွာကြည့်သော၊ တရားမျှ တသော ရှု့မြင်ရပ်တည်မှုမျိုး မဟုတ်ခဲ့ချေ။

အစိုးရများ၏ စွမ်းရည် (Capacity) ကို သူတို့ကောင်းစွာ နားလည်သဘောပေါက်ကြသည့် အလျှောက် နိုင်ငံတစ်ကာနှင့် ဖိအားပေးကာ သူတို့ လိုချင်သောနိုင်ငံတစ်ကာ စံနှုန်းကို သုံး၍ သူတို့ လိုချင်သော ပုံသို့ သွင်းရန် ကြိုး စားကြသည်။ 

သာမန်ပြည်သူထက် ပို၍တွေးခေါ်နိုင်သော နိုင်ငံတစ်ကာ အတွေ့အကြုံရှိသူ တစ်ချို့က ကိုယ့်မြေ၊ ကိုယ့်ရွာ၊ကိုယ့်နိုင်ငံဘက်မှ ခုခံကာကွယ်ကြတော့သည်။ ဤတွင် ယုတ္တိကင်းမဲ့မှု (Absurdity) နှင့် အတွေ့အကြုံ ပညာ ကို အဓိက ထားသော (Empiricism) တို့ ထိပ်တိုက်တိုးကြတော့သည်။ တစ်နည်း ဆိုလျှင် Logic of things ဟူသည် အရာအားလုံး၏ ယုတ္တိဖြစ်ခြင်းနှင့် Logic of reason ဟူသော ကျိုးကြောင်း ဆီလျော်မှု၏ ယုတ္တိ ဖြစ်ခြင်း တို့ အားပြိုင်မှုဟု ဆိုလျင်ရနိုင်သည့် အခြေအနေဖြစ်သည်။
.
ဖြစ်တည်မှု ( Existentialism ) သည် ယေဘုယျအားဖြင့် လက်ခံနိုင်ရာဖြစ်သော်လည်း၊ စစ်မှန် သော ဖြစ်တည် မှု ( Authentic Existence ) ဟုတ် - မဟုတ် ဆိုသည်က ပညာကြီးသူတို့၏ စဉ်းစားလာရ ဖွယ် ရာဖြစ်လာသည်။ 

ထွက်ပြေး ဘင်္ဂလီ တို့ကိုပြန်လည် လက်ခံခြင်းသည် ယေဘုယျ လက်ခံနိုင်ဖွယ်ရာ ဖြစ်သည်။ သို့သော်လည်း ထွက်ပြေး ဘင်္ဂလီထဲမှ အကြမ်းဖက်များ ရောနှောပါလာမှု၊ ဘာသာရေးခေါင်း ဆောင် အချို့၏ အကြမ်းဖက် များ ဆဲလ်ဖြစ်နေမှုကိုရော လက်ခံရပါမည်လား .? အရေးယူမှု မရှိရတော့ပြီလား ဟူသည်မှာ ယေဘုယျ လက်ခံထားသောဖြစ်တည်မှုဝါဒကို စိန်ခေါ်လာသည့် အကြီးမားဆုံးမေးခွန်းဖြစ် လာသည်။ 

ဤအပေါ် အစိုးရနှင့် မူဝါဒ ချမှတ်ဆောင်ရွက်သူများက အမျိုးသား အကျိုးစီးပွား ( National Interest ) အတွက် ပညာကြီးကြီး ဖြင့် အရှည်ကိုကြည့်၍ မှန်ကန်သော ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ ချမှတ်နိုင်ရန် လိုလာ သည်။

စစ်မှန်သောဖြစ်တည်မှု ထားရှိသင့်
***************************************
ဂန္တဝင်ရှေးဟောင်း ဂရိဒဿ       န တစ်ခုဖြစ်သော ဖြစ်တည်မှု အဓိကဝါဒ (Existentialism) သည် သူ့ခေတ် သူ့ အခါက အားကောင်းခဲ့ပါ၏ ။ သို့သော်လည်း အတွေ့အကြုံ ဟူသော ဆရာ၏ ထပ်တိုးစဉ်းစားမှုမှ ရလာသည့် ပညာ ကြောင့် စစ်မှန်သော Authentic Existence ကိုသာ ပို၍ အလေးထားရမည် ဟူသော အသိသို့ လူသား များက ဆန့်ထုတ်တွေးတော လာကြတော့သည်။

ယနေ့နိုင်ငံတိုင်း ထုတ်မပြောကြသော်လည်း မမှိတ်မသုံ အခြေခံ ရပ်တည်ထားကြသည့် အမျိုးသား အကျိုး စီးပွား National Interest နှင့် အတူ တွဲစဉ်းစားလာကြသောအခါ စစ်မှန်သောဖြစ်တည်မှုသည် ပင်လျှင် မိမိရှု့ဒေါင့်မှကြည့်သော၊ မိမိ အကျိုးစီးပွားကိုဖြစ်စေသော အခါမှ စစ်မှန်သည်ဟု ယူဆလာကြရပြန်သည်။
ဤ အချက်ကို မြန်မာနိုင်ငံ အစိုးရများက သတိမမေ့ ကျင့်သုံးကြရန်လိုလာသည်။


ဖြစ်တည်မှု ပဓာနကို ဆုပ်ကိုင်လွန်းသော အခါ ဆင်ခြင်တရား ( Reasoning ) ကို ပစ်ပယ်လာတတ်ကြ သည်။ ဖြစ်တည်မှုသည် ခံစားမှု ( emotional ) နှင့် အတ္တ ( Ego ) ကို အခြေခံသည်ဖြစ်ရာ တစ်ခါ တစ်ရံတွင် ကြောင်းကျိုး ဆီလျော်မှုကို မေ့ထားတတ်လေ့ရှိ၏။ (၂၉.၁.၁၉) နေ့က လွှတ်တော်တွင် ရုတ်တစ်ရက် ခြေဥ ပြင်ဆင် ရေးကော်မတီ ဖွဲ့ရန် အရေးကြီး အဆိုတင်သွင်းလိုက်ခြင်းသည် လုပ်ထုံး လုပ်နည်းနှင့် မကိုက်ညီပါ ဟူ၍ တပ်မ တော် ကိုယ်စားလှယ်များ၏ ကန့်ကွက်မှုကို ခံလိုက်ရခြင်းသည် ဥပမာကောင်း တစ်ခုဖြစ်ပါ လိမ့်မည်။

ယခု အစိုးရ (၃) နှစ်တာ ကာလတွင် စီးပွားရေးကောင်းမွန်ခြင်း၊ အမျိုးဘာသာ သာသနာစည်ပင်ခြင်း၊ နိုင်ငံရေး တည်ငြိမ်ခြင်း၊ အလားအလာကောင်းများ ရှိပြီးပြည်သူတို့ ချောင်ချောင် လည်လည်နှင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိခြင်းတို့ ရှိနေ ပါက ခြေ/ဥပြင်ဆင်ရန် ခက်ခဲလှမည် မဟုတ်ချေ။

ဖော်ပြပါ အခြေအ နေများနှင့် ဆန့်ကျင်ဘက်ကိုပြည်သူများ ခံစား နေရပြီး၊ ဘာသာ သာသနာ နိမ့်ပါးနေ ရ သည့် အချိန်နှင့် ကြုံကြိုက်နေခိုက်တွင် ခြေ/ဥပြင်ဆင်ရေး ရုတ်တစ်ရက် ပေါ်ထွက်လာခဲ့ရာ မေးခွန်း ထုတ် စရာ ဖြစ်လာပြီး၊ ဆန့်ကျင်မှုကို ခံခဲ့ရတော့သည်။ ဆိုရလျှင် ကျိုးကြောင်း ဆီ လျော်မှု ကင်းမဲ့ပြီး ၊ အချိန်ကိုက် ( Timing ) မမှန်ကန်မှု ကြောင့်ဟု ဆိုရပါလိမ့်မည်။
.
ထို့ကြောင့် စစ်မှန်သောဖြစ်တည်မှု ဟုတ်ရဲ့လားဟု ပြည်သူအကြား သံသယကြီးသွားစေခဲ့ပါသည်။ ဖြစ် တည်မှု အဓိကဝါဒ ကို ဖော်ထုတ်ခဲ့ကြသော နီချေး ( Nietzsche )၊ ကတ်ကီးဂတ် ( Kierkegaard )၊ ဟိုင်ဒေဂါ ( Heidegger )၊ အာစ်ပါး ( Jaspers ) စသော ပညာရှင်များနှင့် ထင်ရှားကျော်ကြားအောင် ကြိုးစားခဲ့သော ယန်ပေါဆက် ( Jean Paul Sartre ) တို့သည် သြဇာ အရှိန်အဝါကြီးမား ခဲ့ကြသူများဖြစ်ကြ ပါသော်လည်း ယုတ္တိနည်းကို အတွေ့အကြုံ အဓိက၀ါဒ (Logical Positivism) ၊ ပရဂ္ဂမာဝါဒ (Pragmatism) တို့အားကောင်းလာ သည်။ တစ်ချိန်တွင် မေးခွန်းထုတ်စရာ အမြားအပြားဖြစ်လာခဲ့ပါတော့၏။ 

(၂၁) ရာစုသည်နိုင်ငံ အားလုံး၊ ခေါင်း ဆောင်အားလုံးက အမျိုးသား အကျိုးစီးပွားအပေါ် ပို၍ အခြေခံ လာကြောင်း သိသာမြင်သာသည့် အချိန်၌ အယူအဆ ဟောင်းကို တစ်ဖြည်းဖြည်းမှေးမိန်၍ လာရတော့၏။
.
စစ်အေးလွန်ပြီးကာစ Ronald Reagan နှင့် ဆိုဗီယက်တို့ ချုပ်ဆို ခဲ့သော INF နျူကလီးယား တာလတ် ပစ် ဒုံးပျံ ပဋိညာဉ်ကို ထရမ့်လက်ထက်၌ နှုတ်ထွက်လိုက်ခြင်းသည် ရုရှားတို့၏ သာလွန်မှုကို ယှဉ်ပြိုင်ရန်ဖြစ်ရာ အမျိုးသား အကျိုးစီးပွားအပေါ် သာ မည်မျှ အခြေခံထားကြောင်းတွေ့ရပါလိမ့်မည်။ ဤသို့ ဤပုံ ကမ္ဘာကြီး ပြောင်းလဲ နေချိန်တွင် မြန်မာခေါင်းဆောင်များ အနေဖြင့် သူတို့၏ သကာအုပ် ထားသော အဆိပ် စကားလုံး များ အပေါ် သာယာမနေသင့်တော့ချေ။

ကိုယ့်ကိုယ် ကို အမှန်သိပါရဲ့လား 
************************************
မြန်မာတို့ မတိုးတက်ရခြင်း အကြောင်းအရင်း တစ်ခုမှာ ကိုယ့်ကိုယ်ကို အမှန် မသိခြင်းပင်ဖြစ်သည်။ လုပ်ပိုင် ခွင့်နေရာတစ်ခုကို ရလိုက်လျှင် ကိုယ့်ကိုယ်ကို အကုန်သိပြီဟု ယူဆတတ်ကြ၏။ ပန်းချီ မဆွဲဘူး လျက်နှင့် ပန်းချီ ပညာ တစ်ကယ် မသိနိုင်ပါ။ ကိုယ်ပိုင် စီးပွားရေး မလုပ်ဘူးပဲနှင့် စီးပွားရေးအကြောင်း မသိနိုင်သလို၊ စီမံခန့်ခွဲရေးပညာ မသင်ဘူးပဲလျက်နှင့် စီမံခန့်ခွဲမှုကောင်းကို လုပ်နိုင်မည်မဟုတ်ပါ။ 

အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသည့်အခါ ကိုယ်အမိန့် ပေးသည်နှင့် အောက်က လိုက်ပေးခြင်းကို စီမံခန့်ခွဲမှု တတ် လှပြီဟု အထင်ရှိကြသူက များလှသည်။ စီမံခန့်ခွဲမှု တတ် ခြင်း/မတတ်ခြင်းကို နောက်ဆုံး “အဖြေ” ကသာ ဖြေပေး သွားပါလိမ့်မည်။

ယနေ့ စီးပွားရေးအကြောင်း လေလုံးကြီးများဖြင့်ပြောသူ အရေအတွက် များလှ၏။ သို့သော် ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်း တစ်ခုမှ မရှိကြသူများ ဒုနဲ့ဒေး ရှိနေကြသည်ကို သတိမှုမိနိုင်ကြသည်။ သီအိုရီ ဆိုသည်မှာ ယေဘုယျ သဘောသာဖြစ်ပြီး ပထ၀ီ၊ ယဉ်ကျေးမှု၊ ပြင်ပ သက်ရောက်အား စသည့် များမြှောင်လှသော ကိစ္စ ရပ် များကို ထည့်သွင်း စဉ်းစားနိုင်ပါမှ လက်တွေ့အလုပ်ဖြစ်သော ရလဒ်ကို ရနိုင်ကြပါမည်။

Man is the measure of all things ဟုဆိုထား၏။ လူသည်အရာရာတိုင်း၏ အတိုင်းအတာ (အရှင်သခင်) ဟုဆိုလိုသည်။ ဤအချက်ကိုငြင်းရန်မရှိ၊ သို့သော်လည်းခေါင်းဆောင်တို့တွင် ကျိုးကြောင်း ဆီလျှော်မှု (Reasoning) မှတဆင့်စဉ်းစားပြီး၊ အများအတွက် ( For the people) ဖြစ်ကြရာ၊ ပုဂ္ဂလဓိဋ္ဌာန် (Subjectivity) မဖြစ်စေရ၊ မူဝါဒတိုင်းသည် (Objectivity) ဟူသော ဓမ္မဓိဋ္ဌာန်သာမြင်ရလိမ့်မည်ဖြစ်ပြီး၊ အရေးအကြီးဆုံးမှာ “မိမိကိုယ်ကိုသိအောင်ကြိုးစားပါ” (Knowing self) ဟူသည့်ကိုယ့်အရည်အချင်းမှန်ကို မှန် မှန်ကန်ကန်သိရန်အဓိကလိုအပ်လှပါ၏။

ယနေ့ခေါင်းဆောင်ဖြစ်ပြီဟုဆိုလျှင် Terminology ဆိုင်ရာစကားလုံး (၃၀) မျှလောက်အလွတ်ကျက်၍ ပြန်ပြောနိုင်သည်နှင့် တတ်ပြီဟု ယူဆသူများကိုသာတွေ့ရရာ ရလဒ်ကောင်း မထွက်နိုင်ကြသည်မှာ မဆန်း လှဟု ဆိုချင်ပါ၏။ အမှန်တစ်ကယ် မသိခြင်းကို အမှန်တစ်ကယ် သိသည်ဟု ယူဆသူများ၏ လုပ်ရပ်က ပို၍ အန္တရာယ်ကြီးမား လှပါ၏။


ပြင်သစ်လူမျိုး အတွေ့အကြုံ အဓိက၀ါဒ (French Positivism) တစ်ဦးဖြစ်သူ (Comte) ၏ အယူအဆ ကို စာရေးသူ များစွာသဘောကျလှပါ၏။ ကွန့် က “ အတွေ့အကြုံအခြေခံပြီး၊ အသိပညာပေါ်လာသည်။ အတွေ့ အကြုံအပေါ် အခြေခံသည့် ပညာသည်သာ စစ်မှန်သော ပညာဖြစ်သည်” ဟုထောက်ပြထားသည်။


Knowledge ဟူသော ပညာ၏ အစဦးသည် အတွေ့အကြုံဟူသော Experience ဖြစ်၏။ တစ်ဆင့်ခြင်း ရင့် ကျက်လာသောအခါမှ ဆင်ခြေတုံတရားနှင့် သိနိုင်သော “ တွေ့ကြုံရှေ့ပုံစံ ” (Apriori) ဟူသော မှန်ကန် သော အသိပညာ အဖြစ်သို့ တစ်ဆင့်တိုး ရောက်ရှိသွားပါလိမ့်မည်။ အမှုမဲ့ အမှတ်မဲ့ နေသူများ အတွက်မှု အတွေ့အကြုံတစ်ခု ကိုဖြတ်သန်းပါသော်လည်း ဖြတ်သန်းသလောက် ပညာ မဖြစ်ကြသူများ ကိုလည်း သတိထား မိနိုင်ကြပါလိမ့်မည်။


ကန့် ၏ ယနေ့တိုင် မှန်ကန်နေသော အဆိုအမိန့်တစ်ခုမှာ…
“ အတွေ့အကြုံ အာရုံ မပါဝင်သော ဆင်ချင်တုံ တရားသည် အကန်းနှင့် တူပြီး၊ ဆင်ချင်တုံ တရား မပါဝင် သော အတွေ့အကြုံ အာရုံသည်လည်း အချည်းအနှီးဖြစ်သည်”
(A perception without conception is blind and a conception without perception is empty).

ကန့် ၏ အဆိုအမိန့်အပေါ် ကောင်းစွာ သဘောပေါက်၍ ဗျုဟာတစ်ခု အဖြစ် အသုံးပြုနေသော ပါဝါနိုင်ငံတို့ သည် မြန်မာတို့ အကြောင်းကို ကောင်းစွာသိသည်ဖြစ်ရာ ထို အဆိုအမိန့်ကိုပင် မြန်မာတို့ အပေါ် ကောင်းစွာ အသုံးချ၍ သူတို့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေကြသည်ကို ယနေ့မြန်မာ့ခေါင်းဆောင်များ ကောင်းစွာ သိရှိနိုင်ပါက. ................................


Crd ... နေဇင်လတ်

No comments:

Post a Comment