22 February 2019

မြောက်ဦး ကို ကမ္ဘာ့ အမွေအနှစ်စာရင်း သွင်းနိုင်တော့မည်ဟုပြောကြား




ရခိုင်ပြည်နယ်ရှိ ရှေးဟောင်း ယဉ်ကျေးမှုဇုန် မြောက်ဦးမြို့ကို လာမယ့် စက်တင်ဘာလ အတွင်း ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်တော့မှာ ဖြစ်တယ်လို့ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဦးစီးဌာနက ပြောပါတယ်။


မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သောင်းထိုက် က “ ဒီ ၂၀၁၉ စက်တင်ဘာ ဆိုရင် ကျနော်တို့ Normal Nation Dossier Draft ကိုတင်ဖို့ လျာထားချက်ရှိပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်တော့ ကျနော်တို့က Final Dossier ကို ကမ္ဘာ့ အမွေအနှစ်ကော်မတီ ကို တင်ပြဖို့ ဆောင် ရွက် နေတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ Time Frame အတိုင်း လုပ်နေပါတယ်”လို့ ပြောပါတယ်။


ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အဖြစ်သတ်မှတ် ခံရတာနဲ့ တစ်ပြိုင်နက် နိုင်ငံတစ်ကာ က ပညာ ရှင်တွေ၊ ကျွမ်းကျင် သူတွေ လာရောက်ကြမှာဖြစ်လို့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ဆိုင်တဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းတွေ တိုးတက်လာမှာဖြစ်သလို ဒေသနေ လူ့အဖွဲ့အစည်းရဲ့ အလုပ် အကိုင် အခွင့်အလမ်းရော စီးပွားရေး လုပ်ငန်းတွေပါ တိုးတက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။






မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် UNESCO ဝင်နိုင်ရေး အစိုးရ အပါအဝင် အရပ်ဖက် အဖွဲ့ အစည်းတွေ၊ ပြည်တွင်း၊ ပြည်ပက ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတယ် လို့လည်း ဒေါက်တာသောင်းထိုက် က ပြောပါတယ်။


“ကျနော်တို့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းတတ်ဖို့ ဟောပြော ပို့ချနေတာတွေရှိတယ်။ လစဉ် အလိုက် အုပ်စုတွေ ခွဲထားပြီးတော့ သင်တန်းတွေ ပို့ချပေးနေတာဖြစ်ပါတယ်။ အဲဒီတော့ ဒါနဲ့ ပတ်သတ်ပြီးတော့ သူတို့ အရင်က မသိသေးတဲ့ အခြေအနေတွေကို အခု သိလာတော့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး နဲ့ ပတ်သတ်ပြီး အရင်ကထက် အများကြီး လုပ်လာနိုင်တယ်ပေါ့လေ။”




မြောက်ဦးခေတ်ဟာ ယဉ်ကျေးမှုသာ မက စီးပွားရေးနဲ့ တစ်ခြားနယ် ပယ်တွေမှာလည်း အထင်အရှားရှိခဲ့တဲ့ သမိုင်း မှတ်တမ်းတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ ပျူမြို့ တစ်မြို့တည်း ကသာ ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင်ဖြစ်ပြီး လက်ရှိမှာ ပုဂံကိုရော မြောက်ဦးမြို့ ကိုပါ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။


နိုင်ငံ ၁၆၅ နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်တဲ့ အဆောက်အဦး ၁၀၇၃ သတ်မှတ်ခံ ထားရ တာ ဖြစ်ပြီး မြန်မာနိုင်ငံက ပျူးမြို့ဟောင်း တစ်ခုသာ ကမ္ဘာ့ အမွအနှစ်စာရင်း သတ်မှတ်ခံ ထားရပါတယ်။



Crd ....  everytimestory.com

No comments:

Post a Comment