17 September 2019

ဇော်ဂျီစနစ် သမိုင်း





#zawgyi စပြီး ထုတ်တာကတော့ ၂၀၀၅ ခုနှစ်ကပါ။ အဓိက က တော့ နည်းပညာလောကရဲ့ အပြောင်းအလဲ မှာ WEB 2.0 လို့ခေါ်တဲ့ အများက အများကို ပြန်ပြီး မျှဝေတဲ့ ခေတ် ကို အရောက် မှာ Blog ဆိုတာတွေ ပေါ်လာတယ် ခေတ်စားလာကြတယ်။


လူတိုင်း အခမဲ့ နံမည်တစ်ခုယူပြီး မျှဝေချင်တာတွေ ကို ရေးလို့ ရတယ် ဖတ်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးလို့ ရတယ် သတင်းတွေ လွယ်ကူစွာပုံနဲ့တစ်ကွ ပေးလို့ရ သလို ပညာရပ်ဆိုင်ရာတွေမျှဝေလို့ ရတဲ့ ခေတ်ကို ရောက်လာပါတယ်။

မြန်မာနိုင်ငံမှာလည်း အင်းတာနက်တွေ ရလာပြီးတဲ့နောက်မှာ ဖိုရမ်တွေမှာလူတွေစုမိ လာကြ တာတွေ ရှိကြတယ်။ Google ရဲ့ Gmail တွေ ခေတ်စားလာပြီးတဲ့နောက် Gtalk ဆိုတာတွေ ခေတ်စားလာတယ်။

နိုင်ငံတစ်ကာနဲ့ ဖုန်းဆက်ခ သိပ်ကြီးတဲ့ အချိန်မှာ ဖုန်းတွေပိုင်ဖို့ ခက်ခဲတဲ့ ဈေးနှုံးကြီးတဲ့ အချိန်မှာ Gtalk နဲ့ chat လုပ်ကြတာတွေဟာ ပြည်ပရောက်မြန်မာတွေနဲ့ ပြည်တွင်း က မိသားစုတွေ သိပ် မမြန်တဲ့ VoIP တွေ သုံးမရတဲ့ ခေတ်မှာ အလွန် အသုံးဝင်ခဲ့တဲ့ စနစ်တစ်ခုဖြစ်ခဲ့တယ်။ 

ဒီအတွက် သုံးနိုင်ဖို့ အင်္ဂလိပ်စာနဲ့ မြန်မာစာ တွဲသုံးလို့ရတဲ့ စနစ်တစ်ခု လိုအပ်လာပါတယ်။
တစ်ကယ်တော့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကတည်းက မိန်းဖရိမ် မှာ မြန်မာ စာ ရအောင်လုပ်ခဲ့တာတွေ DOS လို့ခေါ်တဲ့ စနစ်မှာ jj တို့ ဘာတို့လို မြန်မာစာကို fix width နဲ့ ပေါ်လာတာတွေ ရှိခဲ့ပါတယ်။ ၁၉၈၉ ဒီလောကထဲ စရောက်တော့ Windows က မ ပေါ် လာသေးဘူး။


မြန်မာစာကို 1992 လောက်မှာ အာတာရီ စက်ပေါ်မှာ စတွေ့ကြုံဘူးခဲ့ပါတယ်။ တစ်ကယ်တော့ ဒီအရင် ကတည်းက မန္တလေး လူထု တိုက်မှာ ၁၉၈၀ လွန်ခေတ်တွေ ကတည်းက AVA laser နဲ့ ဂျွန်အိုကဲ တို့ လုပ်ခဲ့တဲ့ စနစ်ကို တွေ့ဘူးခဲ့တာပါ။

နောက်ပိုင်းမှာတော့ Geocomp က နေ အကယ်ဒမီ ဆိုပြီး Windows မှာ သုံးလို့ရတဲ့ မြန်မာစာ ရိုက် စနစ်ကို မှတ်မှတ်ရရ နှစ်ဆန်း ၁ ရက်နေ့မှာ သတင်းစာကနေ ကြော်ငြာပြီး ထွက်လာခဲ့ တယ် ။ နောက်ပိုင်းမှာ CE တို့ Win Innwa တို့ ဆက်ပေါ်လာတယ်။ DTP လို့ခေါ်တဲ့ စာစီ စာရိုက် ပုံနှိပ်လုပ်ငန်းတွေမှာ စသုံးလာကြတယ်။


ဒီအတွင်းမှာ ယိုးဒယားမှာ သွားလုပ်လာပြီး i Win လို့ခေါ်တဲ့ စနစ်တစ်ခုလည်း ပေါ်လာခဲ့ပြီး ထွက်ခါစက မသုံးပေမဲ့ eGovernment ခေတ်မှာ သုံးလာကြတာတွေ တွေ့ခဲ့ရတယ်။ ၂၀၀၁ နောက်ပိုင်း အင်တာနက်က ဖိုရမ်တွေမှာ အဲဒီ ASCII လို့ခေါ်တဲ့ 8Bit စာလုံးတွေကို ဘဲ သုံး လာခဲ့ကြတယ်။



၁၉၉၉ နိုဝင်ဘာမှာ IBC မှာ ကျင်းပတဲ့ နိုင်ငံတစ်ကာ စံသတ်မှတ်ချက်တွေနဲ့ ပတ်သက်တဲ့ ပွဲကို ဂျပန်တွေနဲ့ လုပ်ကြတဲ့ အခါမှာ သူတို့ ဆီက စာတန်းတွေ လာဖတ်ကြရင်း နိုင်ငံတစ်ကာ မှာ ဘာသာ များစွာ ပြိုင်တူသုံးမဲ့ စနစ်တွေဖက်ကို ရောက်ရှိလာကြတယ်။



အဲဒီအချိန်မှာ မြန်မာစာဟာ ပုံနှိပ်လုပ်ငန်းတွေမှာ အတော်အသုံးဝင်နေပါပြီ။ သို့ သော် မြန်မာစာ စာလုံး စနစ်တွေဖြစ်တဲ့ အကယ်ဒမီ၊ ဝင်းအင်းဝ၊ စီအီး စတဲ့ ဖောင့်တွေက အချို့နေရာတွေ မတူ ပါဘူး။ ဒါကြောင့် မြန်မာစာ အချက်အလက်တွေကို သိမ်းပြီး ရင် သိမ်းတဲ့ ဖောင့်မရှိတော့ရင် ပြန်ပြီး အမှန်မပေါ်တော့ပါဘူး။


ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၀၀၁ လောက်က မန္တလေး လမ်း ၈၀ မှာ ရှိတဲ့ ရာစုနှစ် ဖွံဖြို့မှု့ ဌာန new century resource center မှာ ပြုလုပ်တဲ့ စာတန်းဖတ်ပွဲခေါ်တဲ့ ဟောပြောပွဲမှာ မြန်မာစာ စာလုံး များ စံသတ်မှတ်ရေးကို တင်ပြခဲ့ဘူးပါတယ်။ အဲဒီပွဲလာတက်တဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးက ဆရာတော်ကြီး ဦးနာယကက ဖြစ်သင့်တယ်ဆိုပြီး ကွန်ပျူတာ အသင်းက လူကြီးတွေကို တွေ့ခွင့်တောင်းပြီး သွားပြောခဲ့ဘူးပါတယ်။ ဆိုလိုချင်တာက စံရှိစေ ချင် ခဲ့တာ ကြာပါပြီ။


၂၀၀၄ လောက်မှာတော့ မန္တလေးတောင်ခြေက ကုသိုလ်တော် ဘုရားမှာ ရှိတဲ့ မင်းတုန်းမင်းကြီး ရဲ့ ပဉ္စမ သင်္ဂါယနာတင် ကျောက်စာတွေကို မှတ်တန်းပြုလုပ်တဲ့ အလုပ်တစ်ခုကို အမရပူရ မဟာ ဂန္ဒာရုံကျောင်းတိုက် က ဥူးဇင်းတွေနဲ့ တွဲလုပ်ဖြစ်တယ်။


ကျောက်စာအားလုံးကို ဓာတ်ပုံရိုက်ကြတယ် နောက်ပိုင်း သီတဂူ ဆရာတော်ကြီးက ပါဝင် ကူပေးတော့ အဆင်ပြေသွားတယ်။ ကျောက်စာတွေကို ပြန်ရှာဖို့ အတွက် ကျောက်စာထဲက စာတွေကို ပြန်ရိုက်သွင်းကြရတယ်။

ကျောက်စာလိုက်ဖြတ်ပြီး ပြန်ရှာရင် ဘယ်အချပ်မှာ ဘယ်လိုတွေ့အောင် လုပ်မယ်ဆိုတာ လုပ်ဖို့ စီစဉ်ခဲ့ကြတယ်။ နောက် ပဉ္စမ မူ ပိဋက နဲ့ ဆဋ္ဌမူ ပိဋကတ် ကို တွဲရှာနိုင်ဖို့ လေ့လာဖို့တွေ လုပ်ကြ တယ်။ နောက်မြန်မာပြန်နဲ့ တွဲဖတ်ဖို့ အပြင် Roman အက္ခရာနဲ့ ရှာနိုင်ဖို့ စတာတွေကို လုပ်ကြနေတာ့ အဲဒီခေတ်က ASCII နဲ့ လုပ်ထားတဲ့ စာတွေက ရှာဖို့ခက်နေတာတွေ့ရတယ်။
ဒါနဲ့ မြန်မာစာ စနစ်အသစ်တစ်ရပ်ကို လိုအပ်လာတယ်။


အဲဒီအချိန်တွေမှာဘဲ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ကနေ အင်္ဂလန်ကို သွားပြီး မြန်မာစာ စံသတ်မှတ် အချက်အတွက် အစည်းအဝေးသွားတက်တယ်။


လေ့လာသူ အဆင့်ဖြစ်လို့ ထိထိရောက်ရောက် ဘာမှ မပြောနိုင်ခဲ့ပေမဲ့ Burma နေရာ မှာ Myanmar ဆိုပြီးပြောင်းနိုင်ခဲ့တယ်။ မူလက ပညာရှင် မိုက်ကယ် တင်ထားတဲ့ မြန်မာစာနေ ရာကို ပြင်ဖို့ ကြိုးစားတယ်။ သူတို့ လိုချင်တဲ့ တင်ချင်တဲ့အရာတွေ ကို တင်ဖို့ လုပ်တယ်။ 

သို့သော် Unicode 4.1 ထွက်လာတဲ့ အခါ မြန်မာစာ ပါလာပေမဲ့ ပင့် ရစ် ဆွဲ ထိုး တွေကို Virama model အရ ဒါတွေက ဗျည်းတွဲ က အထပ် ဆိုပြီး ဆုံးဖြတ်တော့ပါမလာဘူး။
လက်တွေ့မှာ ပါဠိက အသတ်မပါ လို့ သုံးရပေမဲ့ မြန်မာစာမှာ သုံးမရဘူး ။ ဒါနဲ့ ရန်ကုန်မှာ ဒုဝန်ကြီး ၂ ပါးတက်တဲ့ အခန်းအနား တစ်ခုမှာ ဒီစာလုံးတွေ ထည့်ပေးဖို့ လက်မှတ် ထိုး တောင်းဆိုကြတယ်။


ဒီလို တင်တာက လက်ခံပြီး ၂နှစ် ကန့်ကွက်တဲ့သူ မရှိမှ အတည်ဖြစ်မှာ။ ဒီအတော အတွင်းမှာ ဖြစ်နေတော့ ကျောက်စာ ပရောဂျက် အတွက် မြန်မာစာ စနစ်ကို နိုင်ငံတော် ဆီက ရဖို့ခက်လာ တယ်။ Unicode 4.1 နဲ့လုပ်ထားတဲ့ Myanmar 1 ဆိုတာ ရှိပေမဲ့ တရားဝင် သုံးခွင့်တောင်းတာ မရခဲ့ဘူး။ နောက် သုံးဖို့ အခက်အခဲတွေ ရှိခဲ့တယ်။


ဘာလို့လဲဆိုတော့ အဲဒီခေတ်က Windows မှာ စာလုံးတွေကို ပြင်ပေးပြောင်းပေးတဲ့ Render engine ဖြစ်တဲ့ USB10.dll ဆိုတဲ့ ဖိုင်က အလွယ်ထည့်ဖို့ ခက်တယ်။ MCF က နေ ဝန်ကြီးချုပ် ရုံး က စက် ၃၀ ကို သွားထည့်ပေးတာ ပညာရှင် တွေ တစ်ပတ်လောက်ကြာခဲ့ကြတယ်။ ဒီတော့ အများအတွက် CD နဲ့ဖြန့်မယ့် လူတိုင်းသုံးနိုင်တဲ့ စနစ် လိုလာတယ်။ ဈေးကွက်မှာ အဲဒီလောက် ခက် လို့မရဘူး။ လူကြီးပြနိုင်ရုံနဲ့ အဆင်မပြေဘူး။


အဲဒီအချိန်မှာ BIT လိုခေါ်တဲ့ အိန္ဒိယက ကျောင်းသားတွေလုပ်တဲ့ စနစ်တစ်ခုနဲ့ ပဲဈေးနှမ်းဈေး တွေ ကို အင်တာနက် ကနေပြနေတဲ့ eTrade ဆိုတဲ့ Website က နေ သုံးနေတဲ့ မြစေတီ ဆိုတဲ့ စနစ် ရှိနေတယ်။ Myanmar Time က IT မောင်မောင် ဆိုသူက ဒီလို စနစ်တွေ ထုတ်ပေးဖို့ လိုကြောင်း သတင်းရေးတယ်။ နမူနာလုပ်ပြတယ်။


ဒီလိုနဲ့ NLP ခေါ်တဲ့ အဖွဲ့ကနေ အများသုံး အခမဲ့စနစ် ရဖို့ ကြိုးစားကြရာမှာ မရတာနဲ့ ကိုယ်လို ဒုက္ခတွေတွေ့နေသူတွေချင်း စုပြီး စနစ်တစ်ခု ကို ထုတ်ဖို့ ကြိုးစားကြတယ်။ အဲဒီစနစ် ဟာ ဘယ်သူ့ ဆီက မှ ကူးမချဘူး သူ့အရင် ထွက်ခဲ့ဘူးတာတွေနဲ့ မတူတဲ့ အရာတွေ များစွာနဲ့ ထွက် လာနိုင်ခဲ့တယ်။


အရင်ခေတ်က ဝင်းဖောင်တွေလို သရတွေတွဲရေးတာတွေ မရှိတော့သလို အက္ခရာတွေကို လက်ရှိရှိနေတဲ့ Unicode standard 4.1 ကို လိုက်နာပြီး ထည့်ဖို့လိုတာတွေကို လွတ်နေတဲ့ နေရာတွေမှာ တတ်နိုင်သမျှ အက္ခရာစီနိုင်အောင် ရှာနိုင်အောင်ဒီဇိုင်းလုပ်ပြီး ဆီထွင်ခဲ့တယ်။

 စာရိုက်စနစ် လက်ကွက်ကလည်း ဒက်ကီးခေါ်တဲ့ စနစ်ကို ဦးစွာ မိတ်ဆက်ပေးပြီး အက္ခရာ တွေရဲ့ မတူတဲ့ အရာတွေ အားလုံး တစ်နေရာမှာ ရနိုင်စေတဲ့ စနစ်ကို တွက်ချက် သုတေသန လုပ်ပြီး လက်ကွက်ကို တော့ အိုလံပီယာ လက်နှိပ်စက် ကို ကြောရိုးထားပြီး တည်ဆောက် ခဲ့တယ်။


တစ်ကယ်တော့ ဒီစနစ်ဟာ ပင့် ရစ် ဆွဲ ထိုး ၄ လုံးတောင်းတဲ့ ပွဲမတိုင်ခင်မှာ ကတည်းက ထွက် ထားပြီးဖြစ်နေတယ်။ Virama model ပြဿ        နာ  အရ စာလုံးထပ်တဲ့ အရာတစ်ခုလည်း တိုးတောင်းခဲ့ကြတယ်။ အဲဒီအရာဟာ ဇော်ဂျီ အရင်လုပ်ထားတဲ့ ဒက်ကီးနဲ့ ဆင်နေခဲ့တယ်။


ဇော်ဂျီ ကို ပုလဲနက် ဖိုရမ်မှာ စပြီးသုံးတယ် ကီးဘုတ် ကတော့ အပေါ်မှာဘဲ ရိုက်ရတယ် သီးသန့် မပါသေးဘူး။ အဲဒီနောက် ကုသိုလ်တော်ကျောက်စာ CD ထွက်လာချိန်မှာတော့ ပါလာတယ်။ ကျောက်စာ CD ကို 2006 စင်္ကာပူမှာ လုပ်တဲ့ Burma study comference မှာ ပြသနိုင်ခဲ့တယ်။


ဒီနောက် ဘုန်းကြီးကျောင်းတိုက်တွေ လိုက်ပြ လိုတာပြင်ပြီး သတင်းကျွတ် လပြည့်နေ ၂၀၀၆ မှာဘဲ Treader Hotel မှာ သီတဂူ ဆရာတော်ကြီး ဦးဆောင်ပြီး ထုတ်ဝေ လှူတန်းနိုင်ခဲ့တယ်။
အဲဒီလို စင်္ကာပူ သွားရင်း ဟိုမှာတစ်လလောက်နေပြီး နိုင်ငံတစ်ကာမှာ ရှိတဲ့ Blogger တွေကို မြန်မာစာ သုံးဖို့ အတွက် စည်းရုံးခဲ့တယ်။



ASCII ခေတ်ကလို တစ်ယောက်တစ်မျိုး မဖြစ်အောင် အားလုံးကို အခမဲ့ပေးခဲ့တယ်။ မြန်မာက ASCII ခေတ်မှာ မြန်မာစာကို စံမသတ်မှတ်နိုင်ခဲ့ပါဘူး၊ အဲဒီအချိန်မှာ ယိုးဒယား က သတ်မှတ် ပြီး သားတွေ ရှိပါတယ်။ Ascii က နေ နောက် အခြား နိုင်ငံတစ်ကာနဲ့ပေါင်းတဲ့ အဖွဲ့တွေ လုပ် ကြတဲ့ Unicode အဖွဲ့က လုပ်တဲ့ ဟာတွေမှာလည်း နောက်ထပ် စံတွေထပ် သတ်မှတ် နိုင်ပါတယ်။


ဂျပန် တရုတ် ကိုရီးယား စတာတွေမှာလည်း သုံးတဲ့စနစ်တစ်မျိုးထက်ပိုတဲ့ ပြဿ       နာတွေ ရှိနေ ကြပါတယ်။ ဇော်ဂျီ အနေနဲ့ လူသိများဖို့ သုံးကြဖို့ ကို အခမဲ့ပေးယုံသာ မက နောက်ပိုင်းမှာ ဘလော့တွေ အတွက် မြန်မာပြက္ခဒိန်တွေ ဇာတာဖွဲတာ စတာတွေ ပေးရင်း စည်းရုံးခဲ့တယ်။


အဲဒီအချိန်မှာ ကျွန်တော်ဟာ မန္တလေး ကွန်ပျူတာလုပ်ငနှ်းရှင် အသင်းရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့တာမို့ Internet ကို အများစု သုံးနိုင်ရေး WEB 2.0 Blog စတာတွေကို အသင်း အနေနဲ့လည်း အများ သိအောင်အသုံးချနိုင်အောင်လုပ်ပေးခဲ့တယ်။ လူတိုင်း ဘလော့တွေရေးကြအောင် လိုက်စည်း ရုံး ကြတယ် အဖွဲ့တွေ ဖွဲ့နိုင်ခဲ့ကြတယ်။


Blog Day ဆိုတဲ့ သြဂုတ်လ ၃၁ မှာ နိုင်ငံတကာမှာ ကျင်းပတဲ့ ပွဲကို လည်း ၂၀၀၆ ကတည်းက စပြီး လုပ်နိုင်ခဲ့တယ်။ ဒီလို လုပ်လိုက်တော့မှဘဲ NLP ဆိုတဲ့ အဖွဲ့ကြီးကနေ အများသုံးဖို့ ဆိုပြီး စထုတ်ပေးတာပါ။ ပထမဆုံး ကိုရီးယားနဲ့လုပ်တဲ့ ဒေါ်လာသန်းချီတန်တဲ့ ဝန်ထမ်းစနစ်ကို Myanmar 1 နဲ့ စလုပ်ပြီး အချက်အလက်သွင်းခဲ့ကြပါတယ်။


အဲဒီစနစ်မှာ သဝေထိုး ကို နောက်မှ ရိုက်ရတော့ ဝန်ထမ်းတွေ အဆင်မပြေကြပါဘူး။ နောက် ပိုင်းမှာ Myanmar 2 ဆိုတာထွက်လာတော့လည်း စာတွေကို ပြန်ရိုက်စေပါတယ် Myanmar1 နဲ့ရိုက်တာတွေကို Backword compatable တာဝန်မယူခဲ့ပါဘူး။


အဲဒီအချိန်လောက်က စပြီး အစိုးရက ဒီစနစ်တွေ သုံးရမယ်လို့ စာထုတ်ထားတယ် လို့ သိရပါ တ ယ်။ အဓိက ကွာခြားတာက ဇော်ဂျီ က မူရင်း အရှိအတိုင်း သိမ်းပါတယ်။ ဒါကြောင့် ရရစ်တွေ အောက်ကမြင့်တွေ ပိုများနေတာပါ။


တစ်ကယ် စနစ်မှာတော့ ရရစ် တန်ဘိုးက တစ်ခုထဲဖြစ်လို့ အများကြီးပေး မသိမ်းပါဘူး၊ သို့ သော် အဲဒီခေတ်မှာ စက် အတော်များများက သိမ်းထားတာတွေကို မှန်အောင်ပြန်ပြပေးနိုင်တဲ့ နောက်ကွယ်က စနစ်ကို သုံးလို့ ရအောင် ထည့်ဖို့ မလွယ်ခဲ့တာပါ။ ဒါတွေဟာ နောက်ပိုင်း Windows တွေနဲ့ MAC တွေမှာမှ ပါလာတာပါ။ မိုဘိုင်းမှာလည်း အတူတူပါဘဲ။


ပထမဦးဆုံး Pocket PC တွေမှာ ဇော်ဂျီက O2ခေတ် အစောကြီးကတည်းက ရနေတာပါ။ ဒါကြောင့် လည်း Winodws mobile မှာ အိတ်ဆောင် တိပိဋကစက် စနိုင်ခဲ့တာပါ။ နောက်ပိုင်း မှာ Windows CE ကို ပြောင်းခဲ့တော့လည်း ရနေပါတယ် Windows CE ဆိုတာ ATM စက် တွေ မှာ သုံးလေ့ရှိခဲ့တာပါ။


တစ်ကယ်တော့ ဇော်ဂျီ မှာ ပြန်ပြတဲ့ ပြောင်းသိမ်းတဲ့ ဟာ မပါတဲ့ အတွက် BlackBerry လို ဖုန်း တွေ မှာ ပါရခဲ့သလို အခုခေတ်စားနေတဲ့ Android OS နဲ့ Apple iPhone ရဲ့ iOS တွေမှာလည်း စထွက် ကတည်းက ထည့်ရခဲ့ပါတယ်။ Android Version 4 ကျော်မှာ Unicode စထည့်လို့ ရ လာ သလို iOS လည်း 4 တို့5 တို့မှ ၂ခုလုံးသုံးလို့ ရခဲ့ကြတာပါ။


ဒါကြောင့်လည်း မြန်မာပြည်မှာ moblie smart phone တွေ ခေတ်ပြောင်းတဲ့ အချိန် ဇော်ဂျီဖြစ် ကုန်တော့တာပါဘဲ။ လွယ်လွယ်ပြောရရင် ယူနီကုတ် ရဖို့ စသွင်းချိန်မှာ ပြောင်းသိမ်းဖို့ ပြန်ပြချိန် မှာပြောင်းပြဖို့ နောက်ကလုပ်ပေးတဲ့ အရာလိုပါတယ် စက်တွေ ထွက်ခါစမှာ မြန်မာအတွက် မပါ လာရာက ဇော်ဂျီ ဘဲ စရသလိုဖြစ်ခဲ့ကြတာပါ။

android 4 အကျော်မှာ Unicode ကို ထည့်ပေးတဲ့ app တွေ ပေါ်လာပြီး သုံးလို့ရအောင် လုပ် လာခဲ့ကြတာပါ။ ဆိုလိုချင်တာက Support က နောက်ကျသွားတာဟာ mobile wave မှာ အသုံး အများဆုံး မဖြစ်စေတဲ့ ကြောင်း တစ်ခုပါဘဲ။


အဲဒီထက် ကြီးကျယ်ခဲ့တဲ့ သမိုင်းကြောင်း တစ်ခု ရှိပါတယ်။ အဲဒါကတော့ ၂၀၀၇ ခုမှာ Inforithm နဲ့ Alpha ပေါင်းပြီး MICT Park မှာ BlogDay ကို စပွန်စာ ပေးပါတယ်။ အခု အမတ်ဖြစ်နေတဲ့ ကိုနေဖုန်းလတ် တို့လို Blogger တွေ ညီလင်းဆက် တို့လို လူငယ် အဖွဲ့တွေ အပြင် ကာတွန်း အော်ပီကျယ် တို့လို သူတွေ ပါတက်ရောက်ပြီး BlogDay ကို ကျင်းပခဲ့ကြပါတယ်။


အဲဒီပွဲမှာ Web site တွေ လို တင်ဖို့ နာမည် ဝယ်တာ နေရာ ဝယ်တာ ပရိုဂရမ် လုပ်တာတွေ မလိုတော့ကြောင်း လူတိုင်း Blogsport မှာ အခမဲ့ အကောင့် ဖွင့်ပြီး နာမည်ယူပြီး တင်နိုင် ကြောင်း မြန်မာလို ရေးနိုင်ကြောင်း ပုံတွေ အသံတွေ ဇယားတွေထည့်နိုင်ကြောင်း၊ ရေးသမျှတွေ ကို ပြန်ရှိကြည့်နိုင်သလို ဖတ်တဲ့ သူ လာကြည့် သူတွေက မှတ်ချက်ပေးနိုင်ကြောင်း ဘာညာစပြီး ဟောကြပြောကြတယ်။


အတော်လည်း အောင်မြင်ခဲ့တယ်။ အဲဒီပွဲ အပြီးမှာ လူငယ် ဘလောဂါတွေ တိုးလာတယ် စိတ် ဝင် စားကြတယ်။ ကျွန်တော်တို့ မျှော်မှန်းတဲ့ မြန်မာ content တွေ တိုးဖို့ကိုလည်း အထောက် အကူပြုစေခဲ့တယ် ဇော်ဂျီ သုံးသူတွေလည်း တိုးလာတယ်။


အဲဒီ ဘလော့ဒေး လုပ်လို့ မှ တစ်ပတ် မပြည့်ခင်လောက်မှာ ဘုန်းကြီးတွေ လမ်းပေါ်ထွက်ပြီး ပရိတ်ရွတ်တာတွေနဲ့ ရွှေဝါရောင် အရေးအခင်းကြီး စလာပါတော့တယ်။ အဲဒီအချိန်မှာ စထွက် လာတဲ့ ပုံတွေက အစ သတင်းတွေဟာ အချိန်နဲ့ တစ်ပြေးညီတက်လာကြတယ်။ လူတွေက အထူး အဆန်းအနေနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စကြည့်နိုင်လာကြတယ်။


ပြည်ပက မြန်မာတွေလည်း သိကုန်တယ်။ သတင်း သိချင်တာနဲ့ အများစုက သူတို့ စက်ထဲကို ဇော်ဂျီ စသွင်းလာကြတယ်၊ အဲဒီအချိန်မှာ ပြည်ပက ခန့်မှန်းသူတွေက အပြောင်းအလဲကြီးမှန်းပြီး စိတ်ဝင်စားလာကြသလို ပြည်ပကနေ နိုင်ငံရေး လုပ်နေသူတွေလည်း လမ်းကြောင်း တစ်ခုလို စဖြစ်လာတယ်။

CNN ကနေလည်း မြန်မာ ဘလော့ဂါတွေ အကြောင်း ဘလော့သတင်းတွေ အကြောင်း လွင့် တာတွေဖြစ်လာတော့ ပြောရရင် ဇော်ဂျီပေါက်သွားတယ်။

အဲဒီနောက်ပိုင်းကျတော့ အစိုးရကလည်း ဘလော့တွေ ဆိုတာသိလာတယ် အင်တာနက်မှာ Blog ကို ပိတ်တယ်။ အပြင်က လွယ်လွယ် သုံးခဲ့ရပေမဲ့ အထဲမှာကျော်ခွ သုံးကြတယ်။


 နောက်ပိုင်း အစိုးရ ကိုယ်တိုင်က မီဒီယာကို မီဒီယာနဲ့ တိုက်ဘာညာ အော်ပြီး ဇော်ဂျီ သုံးပြီး ဘလော့တွေပေါ်  တက်လာကြတယ်။


အဲဒီအချိန်မှာပြည်တွင်း အင်တာနက် သုံးနိုင်သူထက် ပြည်ပက မြန်မာလို အင်တာနက် သုံးနိုင် သူက ပိုများခဲ့တယ် ပြည်ပရောက်မြန်မာတွေ ပြည်တွင်းကို ပိုစိတ်ဝင်စား လာသလို သိနိုင် တဲ့ လမ်းတွေပွင့်လာတယ်။ လူတိုင်းလည်း ရိုက်တတ်လာကြတယ် ရင်နှီးလာကြတယ်။


၂၀၀၇ မှာ ဘဲ Myanmar Computer Professional Association MCPA က ဇော်ဂျီ ကို Internet ကို မြန်မာတွေ သုံးလာအောင် မြန်မာ Content တွေများလာအောင် လုပ်နိုင်လို့ဆိုပြီး ICT Award ဆုပေးခဲ့တယ် အဲဒီအချိန်ထိဇော်ဂျီကို ဘယ်သူမှန်းမသိကြဘူး စေတန်ဂေါ့ဆိုတဲ့ ဘလောဂါ တစ်ယောက် ဆုတက်ယူတယ်။

နောက်ပိုင်းမှာ အဘိဓာန်တွေ ပိဋကတ်တွေ စတဲ့ မြန်မာ အချက်အလက်ဆိုင်ရာ Software တွေပေါ်လာသလို Website တွေမှာလည်း မြန်မာလိုတွေ ပါလာကြတယ်။


KTV စနစ်တွေ စာရင်းကိုင် စတစ်တွေ စတဲ့ local Software Market မှာ မြန်မာစာကို ဇော်ဂျီ နဲ့ ထည့်သုံး လာကြတာ တွေ့ခဲ့ရတယ်။ နေရာစုံမှာ အသုံးများလာတယ်။ Word , Excel , Powerpoint စတာတွေမှာ စသုံးလာကြတယ်။ နောက်ပိုင်း Social Media တွေပေါ်မှာ လူတွေ စတက်ချိန်မှာ သတင်း ဆိုင်ရာ WebPage တွေ Facebook တွေ စတာတွေမှာ တွင်ကျယ် လာ ခဲ့တယ်။


၂၀၀၈ နာဂစ်ဖြစ်ပြီးတဲ့ အချိန်မှာ လည်း ပြည်တွင်းက ကယ်ဆယ်သူတွေ ကူညီသူတွေနဲ့ ပြည်ပ က စေတနာရှင် အလှူရှင် မြန်မာတွေကြားမှာလည်း Social Network တွေ နဲ့ အလုပ်လုပ်ကြတဲ့ Viber လို Gtalk လို chat တွေက လုပ်ငန်းတွေမှာ အတော် အသုံးတည့်ခဲ့တယ်။ အဲဒီ ၂၀၀၈ မှာဘဲ ၂၀၀၆ ခုနှစ်က တင်ပြီး ၂ နှစ်စောင့်ခဲ့ရတဲ့ ယူနီကုတ် ထွက်လာတယ်။


သူတို့ က တင်ပြီး ကန့်ကွက်သူ မရှိမှ ရမှာဆိုတော့ industry နဲ့ user တွေကို ချပြမေးမြန်း ဆွေးနွေးတာ မလုပ်ဘဲ internet က နေ ပွင့်လင်းမြင်သာစွာ မပြောဘဲ တင်ထားရာက ထွက် လာမှ သိတဲ့ အခါ internet ပေါ် တက်လာတဲ့ အခါ အချို့ကိစ္စတွေ ဆွေးနွေးခွင့် မရခဲ့တော့ တာ ဖြစ်လာခဲ့တယ်။

ISO10646 အရ ဘယ်စာလုံးတွေ ဘယ်မှာသိမ်း ဆိုတာ ထွက်လာပေမဲ့ မြန်မာ စာမှာ စာလုံး တွေ ကို စီပြီး သိမ်းတဲ့ကိစ္စှ ရှိလာတယ် ။ သဝေထိုးကို နောက်ရွှေ့သိမ်းတာဟာ အက္ခရာ စီဖို့ အဆင်ပြေအောင် ဆိုပေမဲ့ မြန်မာ နဲ့ ဗျည်း သရ တူတူ နီးပါးဖြစ်တဲ့ ထိုင်း မှာ သဝေထိုး ကို နောက်မှာ သိမ်းပြီး ရှာနိုင်ခဲ့တယ်။ ပြောရရင် သိမ်းတာနဲ့ ပြန်ထုတ်တာတွေမှာ ISO ချင်းတူပြီး ကွဲလွဲမှု့တွေ ဖြစ်လာတယ်။

ဇော်ဂျီ ကလည်း ၂၀၀၈ မှာ Unicode 5.1 ထွက်လာပြီး နောက်ပြီး စက်တွေကလည်း render လို့ခေါ်တဲ့ ရိုက်တာ ကနေ ပြောင်းသိမ်းတာ သိမ်းတာကနေပြောင်းပြတာ စတဲ့ အရာတွေကို လက် ခံလာပြီဖြစ်လို့ အသစ်ထုတ်ဖို့ ကြိုးစားခဲ့တယ်။ အဓိက က တော့ အရင်က လွတ်တယ် ဆိုပြီး ဇော်ဂျီ ထွက်ချိန်မှာ ယူထားတဲ့ နေရာတွေကို တိုင်းရင်းသား စာတွေ လာထည့်တော့ ပြန် ဖယ်ဖို့ တာဝန်ရှိသလိုဖြစ်သွားတယ်။


ဒါနဲ့ဘဲ ဇော်ဂျီ ယူထားတဲ့ ရရစ်တွေ အောက်ကမြင့်တွေ နဲ့ အထပ် စာလုံးတွေ အတွက်ပြန်ဖယ် ပေးဖို့ ဇော်ဂျီ ၂၀၀၉ ဆိုတာကို ညီလင်းဆက် တို့ စိုးမင်း တို့နဲ့ online ကနေ တစ်လုံးချင်း ဝေဖန် ဆွေးနွေး ချပြပြီး တီထွင် ထုတ်လုပ်ခဲ့ကြတယ်။


ဇော်ဂျီ ၂၀၀၉ မှာ က တစ်ချောင်းငင် လုံးကြီးတင်ရိုက်ရိုက် က လုံးကြီးတင် တစ်ချောင်းငင် ရိုက်ရိုက် အတူတူ သိမ်းပေးနိုင်တယ် ။ မှားတယ် ဆိုပြီး ပြန်ပြင်နေစရာ မလိုဘူး။ အလားတူ သုည ကို လုံးကြီးတင်လို့ တစ်ချောင်းငင် လိုတွေ တင်တာနဲ့ ဝလုံးပြောင်းပေးတယ်။ ကီးဘုတ်မှာ အသတ်နဲ့ ရှေ့ထိုး တူနေပေမဲ့ သိမ်းတော့ မတူအောင်သိမ်းတယ်။ မြန်မာစာမှာ ရှေ့ထိုးဟာ အသတ် မဟုတ်ဘဲ အတူတူ သိမ်းတာကို မလိုလားဘူး။


အဲဒီ zawgyi 2009 ရဲ့ ထူးခြားချက်ကတော့ ဖောင့်အသစ် ထည့်ထားရင် ဖောင့် အဟောင်းကို ဖတ်နိုင်တာပါဘဲ။ Backword compatable ဖြစ်အောင် လုပ်ထားတယ် Standared ဆိုတာ လုပ်ကြရင် အမြဲ ထည့်စဉ်းစားရမဲ့ အရာကို ရအောင်ထည့်ထားတာပါ။


ရည်ရွယ်ချက်က လူတွေက ဖောင့်အသစ်သုံး ရိုက် အဟောင်းတွေ လာပေါ်ပြီး အသစ်တွေက သိမ်းဆည်းမှု့  အသစ်နဲ့ တိုင်းရင်းသား စာတွေနေရာ ဖယ်သိမ်းမယ်။ ဒီလိုပြောင်းသုံးသူများ လာ ရင် ချောမွေ့စွာပြောင်းလဲ သွားပြီး နောက်ပိုင်းမှာ တိုင်းရင်းသား စာတွေ နေရာလွတ် လာပြီး ပြန်ပေးပြီးသာဖြစ်မယ်လို့တွက်တယ်။ လက်တွေ့မှာတော့ အများစုက ပြောင်းမသုံးကြဘူး ။


နောက်ပြီး ဒီလိုပြောင်းတာကို ဝိုင်းအဆဲ ခံရရာက စနစ်ထွင်တဲ့ သူလည်း စိတ်တိုပြီး ဆက် မလုပ် တော့ဘူး။ သူအများအတွက် တင်ထားတာတွေလည်း ပြန်ဖျက်သွားတယ်။ နောက်ပိုင်း ကိုမင်းကျော် တို့ က ဧရာ ဆိုပြီး ထပ်ထွက်တယ် ISO10646 ကို လိုက်နာပေမဲ့ သိမ်းတာ ထုတ် တာ မတူတာတွေ ဖြစ်နေတဲ့ စနစ်ဖြစ်တယ် ။ ဒါလည်း Support ကောင်းပေမဲ့ လူသုံးများ မလာ ကြဘူး။


၂၀၀၉ မှာတော့ စောစောကပြောခဲ့သလို စမတ် တယ်လီဖုန်းတွေ ဈေးမကျခင် မှာ ပိဋကတ် သုံးပုံ ကို အဋ္ဌကထာ ဋီကာ မြန်မာပြန် က အစ ပါတဲ့ ပါဠိ စာလုံး မတူတဲ့ သန်းကျော်ကို တစ်လုံး ချင်း ရှာပေးညွန်းပေးနိုင်တဲ့ အဓိပါယ်ဖော်ပေးနိုင်တဲ့ အိပ်ဆောင် တိပိဋကတ် စက်လေးကို ဇော်ဂျီ အချက်အလက်ပေါ်အခြေခံပြီးထုတ်နိုင်ခဲ့တယ် ။ 2009 National ICT Award ရခဲ့တယ်။

သံဃာထုကြား အသုံးများလာခဲ့တယ်။ ရဟန်းတွေအတွက် လိုတဲ့ ကျမ်း အတော်များများက ဇော်ဂျီ နဲ့ ရှိနေတာဟာ ရှာပြီး ဆွဲထုတ်နိုင်တဲ့ Software တွေ ထွက်လာတာဟာလည်း အဲဒီ လောကနဲ့ ဆက်နွယ်သူတွေ အသုံးများလာစေတယ်။

အိန္ဒိယ ရောက်နေတဲ့ ကျမ်းပြုဆရာတော် အတော်များများ လက်စွဲတွေဖြစ်လာတယ်။ နောက် ပိုင်း မှာ တရားတွေကို သာသနတက္ကသိုလ်တွေမှာ Wifi Server နဲ့ လိုက်လှူပြီး ချိန်မှာ အချက် အလက်ကို ရှာတွေ့ချိန်မှာ ဇော်ဂျီ အချက်အလက်ဘဲဖြစ်လာခဲ့တယ်။


၂၀၁၀ နောက်ပိုင်း မှာတော့ Unicode သုံးသူတွေလည်း များလာသလို သူလည်း စငြိမ် လာ တယ် ။ အရင်က ကရင်သရနဲ့ တိုက်လို့ သိမ်းပုံ အပြောင်းတွေ ဘာတွေဖြစ်ခဲ့ပါသေးတယ်။
တစ်ကယ် ထူးခြာတဲ့ နောက်ထပ် အပြောင်းတစ်ခုကတော့ ၂၀၁၃ မှာ ဆက်သွယ်ရေး ဥပဒေပြောင်းပြီး ၂၀၁၄ မှာ နိုင်ငံတစ်ကာ ဆက်သွယ်ရေးလုပ်ငန်းတွေ ဝင်လာတာပါဘဲ။



မူလက မိုဘိုင်း ၅ သန်းလောက်ကနေ ၂နှစ် အတွင်း သန်း ၄၀ ကျော်သွားတယ် ။ အရင်က ၂၀၁၂ ထိ သိန်းဂဏန်းလောက်ဘဲ ရှိခဲ့တဲ့ အင်တာနက် သုံးစွဲသူက သန်းဆယ်ချီ သွားတဲ့ အပြင် အရင်က မြို့ကြီးတွေမှာဘဲ ရနေရာ ကနေ အခု တောတွေ ပြည်နယ်တွေတောင်ပေါ်တွေထိ တိုင်းပြည် သုံးပုံနှစ်ပုံလောက် ရလာတယ်။ အဲဒီအချိန်မှာ Samrt Phone သုံးစွဲနှုံးဟာ နိုင်ငံတစ်ကာထက် များပြီး ၇၀% ကျော်ဖြစ်လာခဲ့တယ်။


အဲဒီအချိန်မှာ Android တွေက Version 4 နဲ့ 4.5 ကြားဖြစ်နေတော့ ဇော်ဂျီဘဲ ရသလို iPhone လည်း အပေါ်မှာပြောသလို ဇော်ဂျီဘဲ အရင်ရတယ်။ နောက်ပြီး အများစုက သုံးပြီးသားဖြစ် နေ တော့ Mobile Operator တွေကလည်း ဒါနဲ့ဘဲ ပို့တယ်။


ဈေးကွက်ဖြစ်လာကြီးတာမြန်လာတဲ့ အခါ စီးပွားရေး အတွက်နဲ့ Samsung , Huawei ,LG စတာတွေက တရားဝင် ဝင်လာပြီး မြန်မာစာ သုံးဈေးကွက်ကို ရောက်လာကြတယ်။ Google လို FaceBook လိုသူတွေကလည်း ဝင်လာကြတယ်။ ဈေးကွက် ရဖို့ကြိုးစားတယ်။


ဒီလိုနဲ့ ၂၀၀၇ က ရွှေဝါရောင် လိုဘဲ တစ်ကယ် လိုတဲ့ အချိန်မှာ အဆင်သင့်ဖြစ်ခဲ့တဲ့ ဇော်ဂျီက Snow Ball လိမ့်ချိန်နဲ့ ထပ်ကြုံပြီး သုံးစွဲသူ ပိုများလာတယ်။ တစ်နိုင်ငံလုံး Facebook ပေါ် Viber ပေါ်ရောက်နဲ့ အချိန်မှာ ဆက်သွယ်တဲ့ အဓိက စာက ဇော်ဂျီ ဘဲဖြစ်ခဲ့တယ်။


အစိုးရတွေမှာ ယူနီကုတ် သတ်မှတ်ထားပေမဲ့ ဇော်ဂျီ နဲ့ ရိုက်ပြီး ပြောင်းသုံးကြတာဟာ ပြည် တွင်း သာမက ပြည်ပက နိုင်ငံခြားသားတွေက အစ ဒီလိုဖြစ်လာတယ်။ လက်တွေ့နေတာကို ပြောင်းဖို့ ခက်လာတယ်။ မြန်မာစာ content ရဲ့ထုက ပိုကြီးကြီးလာပါတယ်။


အခု ဖုန်းတွေမှာ Unicode နဲ့ ရော ဇော်ဂျီ နဲ့ ပါ မြန်မာစာ အပြည့်နဲ့ ကြိုက်တာရွေးနိုင်လာသလို မြန်မာလို မသုံးချင်ဘဲ အင်္ဂလိပ်လို ထားရင်တောင် ဇော်ဂျီ ယူနီကုတ်ရွေးနိုင်လာပါပြီ။


Android တွေ root မဖောက်ဘဲ iPhone တွေ JailBrake မလုပ်ဘဲ မြန်မာစာ ကို ကြိုက်ရာ သုံးလို့ ရအောင်လုပ်ပေးထားကြလာပါတယ်။ စံ စနစ်ကိုလည်း လိုက်နာကြလို့ ဈေးကွက် အတွက်လည်း ရွေးစရာ စုံအောင်ထည့်ပေးလာကြပါတယ်။


ဒီအချိန်မှာ ဖြစ်လာတာက နိုင်ငံနဲ့ အဝှမ်း သောင်းနဲ့ ချီတဲ့ ဖုန်းရောင်းတဲ့ ပြင်တဲ့ ဆိုင်တွေ နဲ့ သိန်းနဲ့ ချီတဲ့ စက်ပြင်ကြတဲ့ ဝန်ဆောင်မှု့ပေးကြတဲ့ ဝန်ထမ်းတွေဟာတောမြို့တွေထိ ရောက်ပြီး ဒေသခံ သုံးစွဲသူတွေကို မြန်မာစာ ထည့်ပေးတာ သီချင်းထည့်တာ တရားထည့်တာ Facebook Google email ကောင်းတွေ ဖွင့်ပေးတာတွေဟာ ဝင်ငွေရတဲ့ ဝန်ဆောင်မှု့ တွေ ဖြစ်လာတဲ့ နောက်ပိုင်းမှာ ဇော်ဂျီဟာ Community ပုံဆောင်လာပြီး Hardware Vander တွေ ဆိုင်တွေ ဖုန်းပြင် သမားတွေက ဖာသာ လိုတာပြင်ကြ ဖျက်ကြ တိုးကြလျော့ကြနဲ့ ဈေးကွက်ကို လိုက်ပြီး ဖြစ်လာကြပါတယ်။


အများကနေ အများသုံးဖို့ အများအတွက် လုပ်ထားတဲ့ဖောင့် လိုဖြစ်လာပြီး အခမဲ့ လည် ပတ်နေ တာတွေက ကြီးထွားနှုံးမြန်လာတာတွေ့ရပါတယ်။


Facebook ကိုယ်တိုင်က ဇော်ဂျီ ကို ယူနီကုတ်နဲ့ အတူ နိုင်ငံတစ်ခုလို ရွေးချယ် သုံးစွဲနိုင် အောင် ထည့်လာတယ်။ ဇော်ဂျီ နဲ့ ရေးထားတာတွေကို ယူနီကုတ် နဲ့ပြန်ပြပေးတယ်။ Google ကလည်း မြနမာ ကနေ အင်္ဂလိပ် နဲ့ အခြားဘာသာကို ပြန်ရင် ဇော်ဂျီနဲ့ရေးရေး ယူနီကုတ်နဲ့ ရေးရေးပြန် ပေးပြီး မြန်မာစာကို ပြန်တဲ့ အခါမှသာ ယူနီကုတ်ပေး လုပ်ထားတယ်။


ဇော်ဂျီက တိုင်းရင်းသား ဘာသာစကားတွေနေရာ ယူထားတယ် ဆိုပေမဲ့ သူတို့ စာတွေ ပိတ်နေ တယ် ဆိုပြီး တိုင်းရင်းသားဒေသတွေမှာ သူတို့ စာကို ယူနီကုတ် နဲ့ သုံးသူ ရှာပြန်တော့လည်း သိပ်မတွေ့ရဘူး။ တစ်ကယ်ဆို သူတို့ နယ်တွေမှာ ဇော်ဂျီ ကို မသုံးဘဲနေကြရမှာ၊ သို့ သော် အဲဒီလို ဟုတ်မနေပြန်တာတွေ့နေရတယ်။


တစ်ကယ်တော့ ဈေးကွက်ကြီး ရှိလာလို့ နိုင်ငံတစ်ကာ က လုပ်ငန်းတွေ ကုန်ပစ္စည်း ထုတ် လုပ် သူတွေက မြန်မာစာ ကို စိတ်ဝင်စားပြီး လာလုပ်ကြတာပါ။ သူတို့ စိတ်ဝင်စားရင် တိုင်းရင်းသား စာတွေ လုပ်ပေးလို့ ရပေမဲ့ လုပ်ပေးတာ မတွေ့တာက content တွေ မရှိသလောက်နဲနေတာနဲ့ User ခေါ်တဲ့ သုံးစွဲသူ မများတာလည်း ဖြစ်နိုင်တယ်။


တစ်ကယ်တော့ပြောချင်တာက ဇော်ဂျီ ဟာ စံ သတ်မှတ်ချက်ကို သွေဖီတယ် ဆိုတာထက် စံ မထွက်ခင် က ထွက်ခဲ့တာပါ။ စံထွက်ချိန်မှာ နီးစပ်အောင် backwork compatable ဖြစ်အောင် လုပ်ဖို့ လိုပေမဲ့ မလုပ်ခဲ့ကြဘူး။ ယိုးဒယားလို သဝေထိုး ကို ရှေ့မှာ ထားပြီး ရှာနိုင် စီနိုင်အောင် ဒီဇိုင်း မလုပ်ခဲ့တော့ ကီးဘုတ်က အစ နိုင်ငံရာကျော် ရေးလို့ ရတဲ့ စနစ်တွေနဲ့ သုံးဖို့ခက် တာ မျိုးဖြစ်လာတယ်။


ဇော်ဂျီ ဟာ မြန်မာ သုံးစွဲသူတွေနဲ့ မြန်မာ content တွေ များစွာ ရအောင်လုပ်ပေးနိုင်ခဲ့တာဖြစ်လို့ ဇော်ဂျီ ဟာ မြန်မာစာ ကို လမ်းမှားပို့သူ မဟုတ်ဘဲ တစ်ကယ် စနစ် မထွက်နိုင်ခင်မှာ အချက် အလက်တွေ ရအောင် ကြိုလုပ်ပေးထားနိုင်သူ သုံးစွဲသူ ရအောင် လုပ်ထားနိုင်သူဖြစ်တယ် ။

ဒါကြောင့်လည်း လုပ်ငန်းတွေက စိတ်ဝင်စား ခံရတယ်။ တစ်ကယ်တော့ ဇော်ဂျီ နဲ့ ယူနီကုတ် ဟာ စက်နဲ့ အလွယ်ပြောင်းလို့ ရနေပါတယ် ။ ဒီတော့ ယူနီကုတ် အတွက် content တွေဟာ ဇော်ဂျီ ဆီက သူတို့ ရနေနိုင်တာပါ မြန်မာ wiki မှာ ကြုံခဲ့ဘူးပါတယ်။


တစ်ကယ်တော့ အတိုင်းအတာတွေ ရဖို့ ပေနဲ့ တိုင်းတိုင်း မီတာနဲ့ တိုင်းတိုင်း ပါ တိုင်းပြီးသား ရှိနေတာဟာ အချက်အလက် ရဖို့ အလွယ်တစ်ကူပြောင်းနိုင်တာမို့ အကူအညီဖြစ်ပါတယ်။ 

တစ်ကယ်တော့ ဇော်ဂျီ ဟာ သုံးလို့ရတဲ့ စနစ် မရှိလို့ ပေါ်လာရတာဖြစ်ပါတယ်။ အစကတည်းက သုံးလို့ရတာ ရှိနေရင် လုပ်စရာ မလိုသလို ထွက်လာလည်း ဘယ်သူမှမသုံးပါဘူး။


အချို့ကိစ္စတွေ မရတာ ခက်နေတာက နည်းပညာကြောင့် မဟုတ်ပါဘူး စံမဖြစ်တဲ့ ကိစ္စ လိုင်စင် ကိစ္စတွေကြောင့်ပါ ။ သူသာ အခြားနိုင်ငံက ဘာသာတွေလို မတူတဲ့ စံ တစ်ခုဖြစ်ခဲ့ရင် လည်း အလွယ်ကူပြောင်းလို့ရနိုင်မှာပါ။


အတွေ့အကြုံ အရ နောင်တစ်ခတ်မှာ internet of things IoT တွေခေတ်မှာ ပေါ်လာတဲ့ စက် တိုင်းမှာ မြန်မာစာ render engine စပါဖို့ မသေချာပါဘူး ။ အပေါ်က ပြောခဲ့တဲ့ smart phone တွေလို မပါတဲ့ အချိန်မှာ ဇော်ဂျီ ဘဲဖြစ်နေနိုင်ပါတယ်။


ကားဒိုင်ခွက် ဆေးရုံ ပစ္စည်း အားကစား ပစ္စည်း မီးဖို့ အဝတ်လျော်စက် စတဲ့ ပစ္စည်းတွေအတွက် မြန်မာစာ လိုချိန်မှာ Render မရရင် ဇော်ဂျီ လိုဟာ လိုနိုင်သလို 7Bit 8Bit ဘဲ ရရင် ASCII အတွက်မြန်မာစာ စံပါ ထပ်လိုမယ်လို့ ထင်ပါတယ်။


သို့ သော် eGovernment လိုနေရာတွေမှာတော့ အစိုးရ ဌာနတွေမှာတော့ ယူနီကုတ် စံကို သုံး ဖို့ လိုတာ လက်ခံပါတယ်။ ဘာကြောင့် စံစနစ် ထွက်လာတဲ့ အချိန် အားသာချက်တွေ များလာတဲ့ အချိန် မပြောင်းလဲသလဲလို့ မေးစရာရှိပါတယ်။


တစ်ကယ်တော့ တစ်ကယ်လိုတဲ့ အချိန်မှာ အမြဲအဆင်သင့် မဖြစ်ခဲ့တာကြောင့် အဆင်ပြေတာ ထွက်လာအောင် ချူနေရသလိုဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ် ကလည်း မြန်မာစာ သုံးဖို့လိုချိန် ထုတ်မပေးလို့ ဇော်ဂျီ ထုတ်ပြီး ချူခဲ့လို့ အများအတွက် အလကား ပေးဖို့ စထွက်လာခဲ့ပါတယ်။ 

အလားတူဘဲ လက်ရှိ မြန်မာစာမှာ ပြင်ဖို့ လိုနေတာတွေ ရှိတယ်လို့ ခံယူပါတယ်။ မြန်မာစာ တွေကြားထဲမှာ ရှမ်း စာလုံးတွေက ယူသုံးနေရတာ ရောနေတာမျိုး ရှမ်းတွေ အတွက်အဆင် မပြေတာ တွေ ရှိနေသလို မွန် ကရင် ရှမ်း မဟုတ်တဲ့ တိုင်းရင်းသားတွေ အတွက်လည်း အချို့ လိုတာတွေ ထပ်ထည့်ဖို့လိုမယ်လို့ ထင်ပါတယ်။


တစ်ခါ မြန်မာထဲမှာ ရောနေတဲ့ ကရင်အတွက်မောက်ချလို့ အရာတွေ သတ်သတ်စီ ရှိစေချင် ပါ တယ်။ အသတ်နဲ့ ရှေ့ထိုး အတူတူ သိမ်းတာ အချိုသက္ကတတွေ မသုံးဘဲ ထည့်ထားတာ ဿ       ကို သီးသန့် စာမဟုတ်ဘဲ ယူထားတာ။ အများသုံးနဲ့ ရောပြီးပြောင်းလို့ ရတဲ့ ပင့် ရစ် ဆွဲ ထိုး ကို ဇော်ဂျီ နဲ့ မတူအောင်လုပ်ထားတာ။


ယိုးဒယားမှာ တောင် ထားပြီး စီလို့ရတဲ့ သဝေထိုးလို ဟာကို ပဋိသန္ဓေ လို့နေရာမှာ သဝေထိုးက နနောက်က ဓနောက်ထိ ရွေ့စေတာတွေက ရှုပ်ထွေးတယ်လို့ မြင်ပါတယ်။ နောက်ပြီး Apple က AVA laser မှာ အော ကို အ နဲ့ေ-ာ ရိုက်လို့ ရတယ် ။ ဆိုလိုတာက မြန်မာစာမှာ အော က သရ အေ နဲ့ အာ နဲ့ပေါင်းမထားဘူး သို့ သော် အခုက သရ တွဲလိုဖြစ်နေတယ်။


ဒီလို ရှုပ်ထွေးနေတယ်လို့ မြင်တယ်။ အဲဒီလိုပြောစရာတွေ အများကြီးရှိပါသေးတယ်။ ငြိမ်ပြီ လို့ မထင်သေးပါဘူး။ ပြောင်းမရဘူးချည်းပြောနေလို့သာ ခက်နေကြတာပါ။

တစ်ကယ်တော့ အခုဇော်ဂျီကနေ ယူနီကုတ်ပြောင်းရ မလွယ်သလို တစ်ခါပြင်ရတာ မလွယ် ပါ ဘူး အရင် Unicode 4.1 က 5.1 ကိုပြောင်းတာ အချက်အလက် မရှိသေးလို့ပါ။


ဒီတော့ အကောင်းဆုံးမြန်မာစာဖြစ်ဖို့ နှစ်ပေါင်း ရာထောင် မပြင်ရဖို့ အရင်ကပြီးစလွယ် လူနဲစုနဲ့ နိုင်ငံတော်ဝိတ် သုံးပြီးလုပ်ထားခဲ့ကြတဲ့ စံ စနစ်ကို အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြစေချင်ပါတယ် ။

 ဒီင်္လို အဖြေရှာပြီးမှာ ထွက်လာရင် ဒီအတိုင်းဖြစ်လည်း လက်ခံပါမယ် ။ ဒီလိုလုပ်စေဖို့ ဘာဂိန်း လုပ်တဲ့ အနေနဲ့ ဇော်ဂျီ ကို ဘဲ စောင်တဲ့ အနေနဲ့ ဆက်သုံးသွားမှာပါ။

မြန်မာစာ ရဲ့ အနာဂတ် အတွက် ဆိုရင် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ပေမဲ့ တစ်ချိန်ပြဿ   နာ ရှိလာနိုင်တဲ့ စနစ်ကြီးကို တော့ မပြောင်းချင်သေးပါဘူး။ တစ်ခါပြောင်းပြီး မှပြန်ပြင်နေရတာမျိုး မဖြစ်အောင် အခု စနစ်ကို ဘဲရွေးဆိုတာကို မဖြစ်စေလိုပါဘူး။


ဒါကြောင့် အကောင်းဆုံး စနစ်ဖြစ်စေချင်ပါတယ်။ တိုင်းရင်းသားတွေ အတွက်လည်း လူမျိုး ၁၀၀ ကျော်အတွက် ထပ်လိုနိုင်ပါသေးတယ် ။ အိန္ဒိယ လို စာ ၈၀ ၉၀ တွေဖြေရှင်းသလို ခွဲထုတ် သင့် တာလည်းဖြစ်နိုင်ပါတယ်။


ရှမ်းတွေဆို မြန်မာပြည်မှာသာမက ယိုးဒယား အိန္ဒိယ တရုတ်တွေထဲ ရှိတာမို့ သူတို့ ချိတ် ဆက် လုပ်ကိုင် လိုတာတွေ ရှိနိုင်ပါတယ် ။ ကိုယ်က မသိဘဲ လုပ်ပေးထားတာတွေက အသုံးကျ မကျ မသေချာသေးပါဘူး။


အချုပ် ဆိုရရင် ဇော်ဂျီ ဟာ မြန်မာစာ ကို မဖျက်ဆီးခဲ့ပါဘူး ။ စည်ပင် တိုးပွားအောင် အမြဲလုပ် ခဲ့ပါတယ်။ သုံးစွဲသူတွေ ပြောင်းပြီးမှ အခက်အခဲဖြစ်တာမျိုး မဖြစ်စေလိုတာကြောင့် အကောင်းဆုံး မြန်မာစာ ထွက်လာတာကို စောင့်ရင်း သုံးနေပါတယ်လို့ ဆိုချင်ပါတယ်။


Crd .... ye myat thu
23 July 2016
Moe Kyaw

No comments:

Post a Comment