10 July 2020

External Locus of Control - ပြင်ပ သက်ရောက်မှု




ကိုယ်လုပ်ရင်ဖြစ်တယ်လို့ တစ်ဖက်သတ်ယုံကြည်တာကို ILOC - Internal locus of control လို့ခေါ်ပြီး....
ပြင်ပ ထိမ်းချုပ်မှုရှိတယ် ( ဥပမာ..ကံ ) ဆိုတဲ့ အပေါ် ယုံကြည်မှုကို ELOC- External locus of control လို့ခေါ်တယ် ။


MBA ကျောင်းသားဘဝမှာ ဘမောင် နဲ့ နိုင်ငံခြားသား ဆရာတို့ ငြင်းခုံခဲ့ကြတဲ့ issue တစ်ခုပေါ့ ။


ဗုဒ္ဓက...
ဘယ်အရာကိုမှ တစ်ဖက်စွန်း မကျဖို့ လမ်းညွှန်ထားတယ်၊ ELOC အရ... ကိုယ်လုပ်ရင်ဖြစ်တာက အခြေခံ အဖြစ် လက်ခံထားရမှာ ဖြစ်ပေမဲ့ အစွန်းတစ်ဖက် မရောက်ဖို့လိုတယ် ။  ILOC ကို ယုံကြည်မှုများပြီး ဘာမှ မလုပ်ရင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ပြန်ဘူး၊ ELOC နဲ့ ILOC ကို မျှတစွာ အသုံးချနှိုင်တာက
ပညာ ပဲ ။



မြန်မာတွေမှာ "စန်း" ဆိုတာရှိတယ်၊
"စန်း" ထတဲ့ အချိန် ဘာလုပ်လုပ်ဖြစ်တယ် ။ အနုပညာ နယ်ထဲမှာ ပိုထင်ရှားတယ် ။


" ကံ" ကောင်းတဲ့အခါ " စန်း" လဲ လိုက်ကောင်းတတ်တယ် ။" စန်း" ကျရင် ဘယ်သူမှ လက်မခံတော့ဘူး ။
ကနေဒီ ဆိုရင် " စန်း" ကျန်နေသေးပေမဲ့ သက်တမ်းကုန်တော့ အသက်ပါ ပေးလိုက်ရတယ်၊ နစ်ဆင်ဆိုရင် “ ကံ" အဆိုးနဲ့ ကြုံပြီး Watergate affair ကြောင့် ရုပ်ပျက်ဆင်းပျက်
သမ္မတ အဖြစ်က နှုတ်ထွက်ပေးလိုက်ရတယ် ။ 


အသက်ရှင်သန် နေပေမဲ့လည်း "စန်း" ကုန်သွားလို့ မထင်ပေါ်တော့တဲ့ အပြင် ရှင်သန်နေစဉ် သူများ မေးငေါ့တာကို ခံစားခဲ့ရသူဖြစ်သွားတယ်။ အရာရာအတွက် ဆင်ခြင်နိုင်တာ အကောင်းဆုံးပါ အထူး သဖြင့် တာဝန်ကြီးကြီး ယူထားပြီး အများနဲ့သက်ဆိုင်တဲ့ သူ အားလုံး ဆင်ခြင်နိုင်မှ တော်ရုံကျပါလိမ့်မယ် ။


လူပြော သူပြောများလာရင်... "စန်း" ကျနေပြီ ဆိုတာသိဖို့ကောင်းတယ်၊ မဆင်ခြင်နိုင်ရင် နွံထဲမှာ ရုန်းလေ နစ်လေ ပိုဖြစ်တတ်တယ် ။



ဘယ်အချိန်မှာ မြန်မာတွေ ယတြာခြေတတ်ကြသလဲ ?
ကျဆုံးခန်းရောက်ချိန် နီးလေ... ယတြာ ပိုချေတတ်လေ ဆိုတာ သတိပြုမိကြမှာပါ ။
ယတြာချေတာနဲ့ အကုန်ကျော်လွှားနိုင်မလားလို့မေးရင် ဗေဒင်ဆရာတွေ ကျုပ်ကို လာရိုက်ကြလိမ့်မယ် ။




ILOC ကို မေ့ထားရင် ...


ဗုဒ္ဓက တစ်ခါထဲဟောပြီးသားပါ ။
" ကံ" ဆိုတာ စေတနာ အရင်းခံတဲ့ ( အကြောင်း ရဲ့အကျိုး) ငြင်းလို့မရဘူး၊ တူတဲ့ အကျိုးကို မလွဲမသွေ ခံစားရပါ့မယ် ။ အဲ့ဒါက လောကရဲ့ နိယာမဖြစ်သလို၊ ဓမ္မရဲ့ နိယာမလည်း ဖြစ်ပါတယ် ။


ဘယ်တရားရုံးရဲ့ မတော်မတရား အမှု ပလပ်တာမျိုးလိုလဲ လုပ်လို့မရဘူး၊ နိယာမကို ဘယ်သူမှ အမိန်ပေး လို့ မရသလို ဘယ်သူမှ လဒ်ထိုးလို့လဲ မရဘူး၊ ဘယ်သူ့ လွှမ်းမိုးမှုနဲ့မှလဲ မကျော်လွှားနိုင်ဘူး ။



လူ တစ်ဦးကို စိတ်ဆင်းရဲစေရင်... အဲ့ဒီ အကျိုးကိုပြန်ရမယ် ။
လူ အများကို စိတ်ဆင်းရဲစေရင်လဲ အဆမတန်သော စိတ်ဆင်းရဲမှုကို ပြန်ရမှာသေချာတယ် ။
အဂတိ ဆိုတာ တစ်ခုမှကောင်းတာ မပါပါဘူး ။


ပညာမဲ့တဲ့ အဂတိ၊ အဆင်ခြင်မဲ့တဲ့ အဂတိ အားလုံးဟာ ပြုသူနဲ့ အပေါင်းအပါ အားလုံးကို အနက်ဆုံးသော
ချောက်ကမ်းပါးထဲ အထိ ဆွဲချ သွားပါလိမ့်မယ်။ ဖြစ်ပျက် အခြေအနေတွေကို သုံးသပ်ရတာ အတော် တောင် နီးကပ်နေပြီထင်ပါရဲ့ ။  ဘယ်လိုသော ယတြာမျိုးမှ မစွမ်းတော့တဲ့ ကာလလို့ ခန်းမှန်းရတယ်။




မီးစာလဲကုန်
ဆီလဲခမ်း
အပြင်လေလဲ ခပ်ပြင်းပြင်း တိုက်နေတဲ့ ကာလမျိုး ၊  ပြောရရင် ILOC ဆင်ခြင်တုံ နည်းပါးမှုကြောင့်
ELOC အားကောင်းတဲ့ ကာလလို့ပြောရင် ရမယ်ထင်တယ် ။




နတ်သိကြားတွေကိုလည်း ဒုက္ခမပေးကြပါနဲ့တော့ ၊ သူတို့ အိပ်ပျက်တာပဲ အဖတ်တင်မဲ့ အချိန်မျိုးလို့ ဆိုရင်
လွန်မယ်လို့တော့ မထင်ပါ။ အနည်းဆုံး လူပေါင်း သန်း (၄၀) ရဲ့ စိတ်နှလုံးကို ညှိုးနွမ်းစေတာ နည်းတဲ့ အကုသိုလ်တဲ့လား။



Crd ...  Nay Zin Latt



No comments:

Post a Comment