ဆင်းရဲတာမှ ဒုက္ခရောက်တယ် မထင်နဲ့
ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ ။
မုန်းမှ စိတ်ပူလောင်ရတာ မဟုတ်ဘူး
ချစ်ရင်လည်း စိတ်ပူလောင်ရတာပဲ ။
လောကဓံတရား ရှစ်ပါး ဆိုတာ ဆန့်ကျင်ဘက် တရားတွေပဲ အပြန်အလှန် ဒုက္ခ ရောက်နေကြတာ ။ လောကဓံ မုန်တိုင်းနဲ့ ကြံ့ခိုင်သည့် စိတ်ထား ဘယ်လို ထားမလဲဆိုတာပဲ အရေးကြီးတယ် ။
သက်ဆိုး ရှည်တယ် ဆိုတာ လောဘ ဒေါသ မောဟ အကုသိုလ် မကင်းပဲနဲ့ အသက်ရှင်နေတာ ။
သက်ကောင်း ရှည်တယ် ဆိုတာ ကုသိုလ်ကောင်းမှုတွေ များများလုပ်ရင်းနဲ့ အသက် ရှင်နေတာ ။
ငွေ ဂုဏ် ရာထူး စည်းစိမ် နောက်လိုက်ရင်းနဲ့ မိသားစုနဲ့ ဝေးသထက် ဝေးနေ ကြရတယ် ။ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့ အတူ မနေရတဲ့ နေ့တွေ ပိုများလာတယ် ။
ကိုယ့်ဇာတိ ကိုယ့်အိမ်ယာမှာ နေရတဲ့ ရက်တွေ မရှိသလောက် ရှားလာတယ် ။ကုသိုလ် ကောင်းမှုတွေ လုပ်ဖို့ အချိန်မရှိသလောက် ဖြစ်လာတယ် ။
သာသနာ ထွန်းကားတယ် ဆိုတာ အမှန်တရားကို သိရှိတာ လက်ခံတာ လိုက်နာ ကျင့်သုံးတာ ၊ သာသနာ ကွယ်တယ် ဆိုတာ အမှန်တရားကို မသိတာ လက်မခံတာ မလိုက်နာ မကျင့်သုံးတာ ကြောက်တဲ့ စိတ်နဲ့ ကြည့်ရင် တစ်လောကလုံးက ကြောက်စရာချည်းပဲ ။
သံသယ စိတ်နဲ့ ကြည့်ရင် အရာရာဟာ သံသယ ဖြစ်စရာချည်းပဲ ။
အားကိုးချင်တဲ့ စိတ်နဲ့ ကြည့်ရင် အကုန်လုံးက အားကိုး ချင်စရာချည်းပဲ ။
လိုချင်တဲ့ စိတ်နဲ့ကြည့်ရင် အရာရာ လိုချင်စရာချည်းပဲ ။
စားချင်တဲ့ စိတ်နဲ့ ကြည့်ရင် အရာရာ စားချင်စရာ ချည်းပဲ ။
အရာရာစိတ်ပဲ စိတ်က ဖန်ဆင်းထားတာပါပဲ ။ အရာရာ ရှိတာမဟုတ်ပဲ စိတ်ရဲ့ သတ်မှတ်ချက်တွေပဲ ရှိနေတာ ။ စိတ်က လက်ခံရင် လက်ခံသလို ဖြစ်တာပါပဲ ။
ဦးနှောက်နဲ့တော့ ဉာဏ်မှီမှာ မဟုတ်ဘူး ဖန်ဆင်းထားတာတွေ သတ်မှတ်ထားတာတွေကို ပညတ်/ ပရမတ် သိတာနဲ့လည်း မမြတ်သေးဘူး ။
ပညတ် / ပရမတ် ကွဲတာနဲ့လည်း မမြတ်သေးဘူး ။
ပညတ် / ပရမတ် နှစ်ခုစပ် သိတတ်သူက မြတ်တယ် သတိမရှိရင် ၁စက္ကန့် /၁မိနစ်/ ၁နာရီ အတွင်းမှာ အကုသိုလ် စိတ်တွေ လှေတွေ လှည်းတွေ ကားတွေနဲ့ တိုက် လို့ မကုန်နိုင်အောင် များလွန်းလှတယ် ။
သတိနဲ့ မနေတဲ့ စိတ်ဟာ အရူး လိုပါပဲ တရားအားထုတ်တယ် ဆိုတာ စိတ်ကို ပြင်တဲ့ အလုပ်ပါပဲ ။
ဂေါတမ မြတ်စွာဘုရား နောက်ဆုံး သာသနာမှာ စိတ်ကိုပြင်ဖို့ အရေးတစ်ကြီး လုပ်သင့်ပါပြီ။
🙏 မင်းကွန်းဆရာတော်ဘုရားကြီး🙏
Credit- ... Ashin AwThada
No comments:
Post a Comment