18 September 2013

ဒီ စာတွေကို သေချာဖတ်ပါ...





ဒီစာတွေ ကို သေချာ ဖတ်ပါ ကျုပ်ကစေတနာ နဲ့ အချိန်ကုန် ခံရေးပြတာနော အားနေ လို့ ဒါတွေရေး ထားတာ မဟုတ်ဘူး အဲ့ကြောင့် သေချာဖတ်ပေးပါဗျ
==========================================

Facebook အကောင့်တွေ က အသစ် ဖွင့်ရတာမလွယ်တော့ သလို အဟောင်း တွေဟာ လည်း ခဏခဏ Lock ကျတယ် ။ အကောင့် လုပ်ပေးဖို့ ခိုင်းတာ လူတွေ အများကြီးပဲ လုပ်ပေးချင်ပေမယ့် အခုနောက်ပိုင်း ဖုန်းနံပတ် တစ်ခု ဆို အကောင့်အများကြီး မရဘူး ။ 


အဲ့ဒီတော့ အားနာနာ နဲ့ ငြင်းပယ် ခဲ့ရတယ် တချို့ တွေ က လုပ်ခိုင်းပြီး ရောင်းစား တယ်။ အဲ့တော့ ရင်နာ တယ် ဗျ ကိုယ်အ ကိုယ်ခံ ဆို ကျနော် အလို့ ခံရတယ်ပဲ မှတ်ပါတယ်ဗျာ။ 

တခါ တလေ အားမနာ တ အားခိုင်း တာပဲ ကိုယ်တိုင် လုပ် မကြည့်ရသေးပဲ မကြိုးစား ရသေးပဲနဲ့  မရ ဘူး လုပ်ပေးပါ ။  ကျနော် အချိန် မရလို့ ပါ ဆိုတာတွေ အများကြီးပဲဗျာ..
 

နည်းပေါင်းစုံ ကြိုးစားပြီးမှ လက်လျှော့စေချင် ပါတယ် တတ်စေချင် ပါတယ် ။ သူများ လုပ်ခိုင်းတာ က ကိုယ် မတတ်တော့ဘူး အဲ့တော့ လေ့လာမှု ကိုမြင့်တင် နားမလည်တာကို မှမေး ဖြေရ သူ က အား၇ှိတယ် အား လို့ ဒါတွေလုပ်နေတာ စာတွေတင်နေတာ ရေးနေတာ မှ မဟုတ်တာ 

ကျနော်လည်း အေးအေးဆေး စာဖတ်လိုက် ချက်တင် လုပ်လိုက် ဟိုကြည့် သည်ကြည့် နေချင်တာ ပါပဲဗျာ ။
 


 စောစောကပြောသလို စေတနာ ကို အရောင်ဆိုး ခံရတာ အကောင့်တွေ လုပ်ခိုင်း ဟိုဘက် မှာရောင်း စား တာတွေ လုပ်နည်းရေးထားပါ လျှက်နဲ့  ဖတ် မကြည့်ဘူး လုပ်ပေးပါ ဆိုလာတာတွေ ကြာတော့ မလွယ် ဘူးနော် ။

တချို့ တွေ က မေးတာ ရိုင်းတယ် မင်းက ဘယ်ကလဲ ငါ့ ဒါလေးလုပ်ပေး စမ်းပါ မေးနေတာ ဘာ လို့ ပြန် မဖြေ တာလည်း ကွ ဆရာကြီးလား ရီးပဲကွာ ဆိုတာက ခံရတာ ခဏခဏ။ 


အသက်ကလေးမေး 18-19 သမားတွေ ကျောင်းနေဆဲ ရိုင်းတာ ကလည်း အရမ်း ပဲ ။ မိန်းကလေး ကလည်း ဆဲတာပဲ ဗျာ လူကို များ ခွေးသူတောင်းစားတဲ့ ။

တချို့ က Gtalk ကနေ ခေါ်ပြီး ဆဲကြသေးတယ် ကျနော်လည်း မအားလို့  ဆဲတတ်သူ နားကျပ်ပေး ဆဲခိုင်း လိုက်သေး တာ ခံရတာ များတော့ စိတ်တော်တော် ပျက်တယ် စေတနာလည်း လျှော့လာတယ်
တကယ်ပြော တာ ကျနော် တစ်အား ကူညီချင်ပါတယ် ။ 


အလုပ်တွေ ဆိုလည်း ကျနော်တို့ ဆီ 10 ခွဲ 11 ညပိုင်း 12 အထိ လုပ်ပေးရတယ် ပြန်ရောက်ပြီ ဆို
ရေမိုးချိုး စားသောက် ချက်ချင်း မနားဘူး ဇာတ်လမ်း မကြည့်ဘူး မေးဖွင့် စာပို့ ထားတာတွေ ဖတ်တယ် ။


 ချက်တင် က တက်လာတာ ပြန်ဖြေရ သမျှလေး ဖြေသေးတယ်။ ဒီကြားထဲ ဆော့ဝဲ အသစ် စာ အသစ် တင် ဖို့ စမ်း ရသေးတယ် လေ့လာရသေးတယ် ။

 ဖုန်းဆက်လာသူ ဆိုလည်း ပြန်ဖြေ ရသေးတယ်လေ အနီး နားက လူတွေ ဖုန်းဆက် ရတဲ့သူတွေ ဖုန်း ဆက်မေး ပါ တကယ် လည်း လက်တွေ့ လုပ်ကြည့်ပါ  ။  မရှင်းတာ ကိုမှ ဖုန်းဆက်ပါ တစ်ခုခု လိုချင်မှတော့
တစ်ခုခု ရင်းရမှာပဲ ။


စော် တွေ ဆီကျ 40-50 အကုန် ခံ ဖုန်းခေါ်ကြတယ် ။ ကျနော့ဆီ တစ်ခုခုမေးချင်တာ ကျတော့ Viber  ကခေါ် တယ် gtalk ကခေါ်ပြီး ချက်တင် ကမေးတယ် ။ ပြန်မပြောရင် ဆဲ သွားတယ် ဆိုးချက် က ရင်နင့်စရာ
အခုနောက် ပိုင်း ကျနော့ ဆက်ဆံရေး ကျဲလာတယ် ။ 


စကားပြော ပြတ်လာတာ တစ်ခုခုဆို စိတ် မရှည်တော့တာ သီးမခံတော့တာ အဲ့လို ရိုက်ခတ်မှုတွေကြောင့်
မစာနာ မှုတွေကြောင့်ဖြစ်ကုန်တ
ာ စေတနာ ဆိုတာ အပြန်အလှန် ထားမှသာ ချိုသာတာ ကြည်နူး စရာကောင်း တာ ။


အစစ အရာရာ သိစေချင် ပါတယ်ဗျ တတ်လည်း တတ်စေချင်ပါတယ် ။အဲ့ဒီတော့ လေ့လာ မိသလောက်လေးတွေ ကိုယ်ကြုံနေရ တာလေးတွေ ချပြတယ် အမှားလည်း ပါတာပေါ့ဗျာ ။ 

အားလုံးကို အမှန် လို့ မယူဆ ပါနဲ့ ထောက်ပြတဲ့ သူလည်း ၇ှိတယ် ။ ဖျဲတဲ့ သူတွေလည်း ရှိတာပဲတစ်ကယ် တတ် တဲ့သူတွေက ပညာ ချမပြတော့ဘူး ။ 

ဒီ အလုပ်က အလကားကြီး အချိန်လည်း ကုန် ငွေလည်း ကုန် အနေ မတတ်တော့ အဆဲတွေပါ ခံရတာမို့  နည်းပညာပိုင်း မှာ update ဖြစ်အောင် တင်နေတဲ့ နည်းပညာ ရှင်တွေ ဟာ ၀ါသနာလည်း ပါ စေတနာလည်း ပါကြ ပါတယ် မျှဝေကြတာတွေ့ ရပါတယ်။
 

 ပညာရှင် ကြီးတော့ ဆော့ဝဲရေးနိုင်သူကြီးရယ် လို့ တော့ ကျနော်က မဟုတ်ဘူး လေ့လာနေ တာကြာတော့ နဲနဲ သိနေတာ ကွန်ပျုတာ နဲ့ အလုပ် လုပ်နေရပြီး တောက်လျှောက် ထိတွေနေ့ ရတော့ ပြဿ         နာ  တစ်ခုခု ဆို သိနေတာ ။ 

လုပ်ဖူးပြီး ဖြစ်ဖူးတာတွေ ဆို နားလည်နေတာ အဲ့လောက်ပါပဲ  ။ အပျံစား ပညာရှင် မဟုတ်
နည်းပညာလော က မှာက လူတွေ အများကြီး ပါပဲဗျာ။ ခုဆို ပိုပို များလာပါတယ် ။
လူငယ်တွေရော လူကြီးတွေရော အများကြီး ရှိတယ် ။ ၀မ်းသာစရာ ပါပဲဗျ
 


သူတို့ ကို အားပေးပါ လိုအပ်တာ အကူညီတောင်းလို့ ရနေတာပါ ပဲလေ အဖြောင့်တွေးမယ် ဆို ခင်ဗျား တို့ ခိုင်းတာ သူတို့ လုပ်ပေးနေကြတာပဲလေ အကောင့်လုပ်ပေး အေးဆို..လုပ်ပြီးပြီ.. ကူညီပါ ဆိုတာ ယဉ်ကျေးစွာ နဲ့  ခိုင်းတာပါပဲ။ 

တဖက် လူကလည်း အားနေသူ ဆိုတော်သေး ၀န်ထမ်းတွေ စားဝတ်နေရေး အတွက် ရုံးကန်နေသူတွေ ဆို အခက်ခဲတော့၇ှိမှာပဲဗျာ. ကိုယ်ချင်းစာပါ မဆဲပါ နဲ့ ဗျာ။ 

အဆင်ပြေနေတယ် ဆို မခိုင်း ပါနဲ့ အကောင့် ရှိပြီး အပို လုပ်ခိုင်း မရောင်းစား ပါနဲ့ ။ တကယ်မ ရှိလို့ ကူညီရ တာ တကယ် မတတ်လို့  သင်ပေးရတာ တကယ်ငတ်နေ လို့ တစ်ဝက် ဖဲ့ကြွေးရတာ မျိုး ဆိုရင်တော့
ကျေနပ် ပါတယ်ဗျ။ 


ဘာလို့ ဒီလိုရေးရလည်း ဆိုတော့ အဲ့လို လုပ်နေသူတွေ ၇ှိတယ် ကျနော် က လုပ်ပေးတယ် ဟိုဘက် မှာ ရောင်း စား ပစ်တယ်လေ ကိုယ်လုပ်ပေးတဲ့ အကောင့် ကိုယ့်လာ အက်တယ် ၀ယ်ထားရ တာတဲ့ဗျာ။
 

မအားဘူး ဆို လို့  ပြင်ပေးတယ် လုပ်ပေးတယ် တဖက် မှာတော့ သူကလျေူနေတယ် ဗျ မွှ မွှတွေ လုပ် အာဘွားတွေပေး စေတနာ ပျက်လိုက်တာ စေတနာ ဟာ လူတိုင်း နဲ့ တန်တယ် လို့ ပြောတာ 100% မထောက် ခံတော့ဘူး ။


ကိုယ့် စေတနာတွေကို ဖိနပ်လုပ် စီးပြီး သူကတော့ ကောင်းစားနေတာမျိုး က အဆိပ်ပင်ရေလောင်းနေ တာနဲ့ တူတယ် ။


 စေတနာ က တန်တဲ့ လူတွေ နဲ့ ပဲ တန်တော့တယ် ။ နောက် စေတနာ ဟာ လူတိုင်း နဲ့ တန်တယ် ဆိုလာခဲ့ ရင် စေတနာ ဆိုတာ ထားသင့်တဲ့လူ အပေါ်ထားရမယ် လို့ ပြန်ပြော ပစ်တော့မယ် ။


မကူညီသင့် သူကို ကူညီနေတာ ဟာ တကယ် အကူညီ လိုအပ်နေသူတွေ ကို အနှောက် ယှက်ဖြစ်စေ တယ်။ ဘာပဲဖြစ်ဖြစ် စေတနာ ဟာ လူတိုင်း နဲ့ မတန်ပါဘူး။



ရင်နာခြင်းများစွာဖြင့် = မောင်{စွယ်စုံကျမ်း}    

From ...Facebook


No comments:

Post a Comment