နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ကံ နဲ့ သံသရာကို ယုံကြည့်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ရှေ့ ဘ၀ နောက် ဘ၀ကို လက်ခံ ယုံကြည်ကြပါတယ်။ ဥစ္စာကြွေး ရှိသလို ကံကြွေး ဆိုတာလည်း ရှိပါတယ်။ ၃၁ ဘုံမှာ ကျင်လည်ပြီးတော့ နေကြတဲ့ သတ္တဝါ မှန်သမျှဟာ ကံကြွေးကို ခန္ဓာ နဲ့ ပေးဆပ်နေကြတာပါပဲ။
အတိတ် ဘဝတုန်းက သတ္တဝါတိုင်း သတ္တဝါတိုင်း ဟာ ကံ ဆိုတဲ့ အကြွေးတွေ ယူလာခဲ့ရတာပါပဲ ။ မိုးကုတ်စက်ဝိုင်း ပဋိစ္စသမုပ္ပါဒ် (၁) နံပါတ် အကွက်က လွန်လေပြီးသော အတိတ်ကာလ ဘဝ လို့ပြောရရင် လွန်လေပြီးသော အတိတ်ဘဝ ။ တစ်ဘဝ,နှစ်ဘဝ မဟုတ်ပါဘူး။ မရေတွက်နိုင်တဲ့ ဘဝ များစွာ ဒါကို အတိတ်ကာလ အတိတ်ဟု ဖြစ်ပါတယ်။
အဲ့ဒီလို အတိတ် ဘဝ အတိတ် ကာလတုန်းက အဝိဇ္ဇာ တဏှာကို အခြေခံပြီးတော့မှ သင်္ခါရ ဆိုပြီးတော့ ကံအလုပ်တွေ ဆိုပြီး လုပ်ခဲ့ကြပါတယ်။ အဝိဇ္ဇာ တဏှာကို အခြေခံပြီးတော့ လုပ်တဲ့ အလုပ် မှန်သမျှဟာ တစ်ခြား လား, အကြွေးလား ဆိုရင် အကြွေးတွေ ဖြစ်ကြပါတယ်။
သင်္ခါရ ဆိုတာ ပြုလုပ်တာ ဖြစ်ပါတယ်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာ သံသရာ အယူအဆမှာ သုံးဆယ့်တစ်ဘုံ ပါဝင်ပါတယ်။ အကျဉ်း အားဖြင့် ရေတွက် ရရင် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ခြောက်ဘုံ ဆိုတဲ့ ကာမ ဆယ့်တစ်ဘုံနဲ့ ဗြဟ္မာ့ ဘုံနှစ်ဆယ် ဖြစ်ပါတယ်။
ယေဘုယျပြောရရင် လူ့ပြည်က သေတယ် ဆိုတာ သုံးဆယ့် တစ်ဘုံ လုံးမှာ ပြန်ပြီး ဖြစ်နိုင်ပါတယ်။ တစ်ခြား ဘ၀တွေကနေ သေပြီးတော့လည်း လူ့ပြည်မှာ လူလာဖြစ်နိုင်ပါတယ်။ ဒီတော့ လူသေပြီး လူပြန်ဖြစ်တဲ့ လူဝင်စား ဆိုတာကို ဗုဒ္ဓဘာသာတွေ လက်ခံနိုင်ကြတာပေါ့။ သံသရာကို လက်မခံသူတွေ မှာတော့ လူဝင်စားတယ်၊ လူပြန်ဖြစ်တယ် ဆိုတာကို လက်ခံဖို့ ခက်နေကြပါတယ်။

လက်မခံနိုင်ကြပေမယ့် လူသေလို့ လူပြန်ဖြစ်တဲ့ အထောက်အထားတွေ သိပ္ပံနည်းကျကျ ဖော်ထုတ်နေကြပါတယ်။ ဒါကို သူတို့က reincarnation လို့ နာမည်ပေးပါတယ်။ သူတို့ရဲ့ reincarnation ဆိုတာကို မြန်မာလို လူဝင်စား လို့ ဘာသာပြန်နိုင်ပေမယ့် reincarnation နဲ့ လူဝင်စား အဓိပ္ပာယ် အတိအကျ မတူပါဘူး။
Online Dictionary တစ်ခုမှာ reincarnation ဆိုတာကို "rebirth of the soul in another body" လို့ ဖွင့်ဆို ထားတာ တွေ့ရပါတယ်။ လူတစ်ယောက် သေတဲ့အခါ ၀ိဉာဉ်ကောင်က ခန္ဓာကိုယ် အဟောင်းကို စွန့် ခွာပြီး ဘ၀သစ် က ခန္ဓာ အသစ်မှာ ၀င်ရောက်တယ်လို့ ဆိုလိုပါတယ်။