02 September 2017
နည်းနည်းတော့ ပြောပါရစေ
ရခိုင်လူမျိုး စစ်စစ် ဖြစ်တဲ့ Tun Tun Win ရဲ့ "နည်းနည်းလောက် ပြောပါရစေ" တဲ့ ဖတ်ကြည့်ကြပါခင်ဗျာ..
သူများတွေ ခွဲထွက်တာ မခွဲထွက်တာ အသာထား။ ငါ့တို့ ရခိုင်တွေ ပြည်ထောင်စုက ခွဲထွက်ပြီး " မဟာ အဖရခိုင်နိုင်ငံတော်" ထူထောင်မဲ့ကိစ္စမှာ ဘယ်ပုံ ဘယ်နည်းတွေးခေါ်ပြီးတော့ နိုင်ငံထူထောင်တည်ဆောက်ရပ်
တည်မှာလဲ နည်းနည်းသိချင်တယ်။
ရခိုင် တစ်ယောက်ဖြစ်တဲ့ အတွက် ငါ့မှာလည်း သိပိုင်ခွင့်ရှိတယ် ထင်တယ်။ အစီစဉ်ကောင်းရင် ငါလည်းခွဲထွက် တိုးတက်ကြီးပွါး ချမ်းသာ တစ်ဆွေ တစ်မျိုးသားလုံးကောင်းစားမယ် ဆိုရင်မင်းတို့ " မဟာမျိုးချစ်" တွေနဲ့ အတူ အသက်ပေးတိုက်ပွဲဝင်ပါ့မယ်။
ဒါပေမယ့် နည်းနည်းတော့ စဉ်းစားတွေးခေါ်ကြနော်။
ပြည်မ က ခွဲထွက်ပြီး ပြည်မ ရန်ကို အသာ ထားမေ့ပစ်လိုက်။ ပထဝီ သဘာဝအရ ရခိုင် မပြောနဲ့ မြန်မာ ဆိုတာတောင်ဘေးဘယ်ညာမှာ တရုပ်က လူဦးရေသန်း (၁၃၈၈)သန်းကျော် ၊ အိန္ဒိယက သန်း(၁၃၄၂)
သန်းကျော် ဘေးကပြဿ နာကောင် ဘင်္ဂလား က လူဦးရေ (၁၆၅) သန်းကျော် ၊ ယိုးဒယား ဘာညာ
ကျန်သေးတယ် ထားလိုက်တော့။
အဓိက ရခိုင် နဲ့ အနီးဆုံး ဆက်စပ်နေတာက ဘင်္ဂလား (၁၆၅) သန်းကျော်နှင့် ချစ်တီးမျိုး (၁၃၄၂) သန်းကျော် အိန္ဒိယကို ဘယ်ပုံ ဘယ်နည်း ရင်ဆိုင်ကာကွယ်တားဆီးမလဲ ဆိုတာပဲသိချင်တယ်။
ရခိုင်မှာ လက်ရှိ အစိုးရ စာရင်းအရ လူဦးရေ (၃) သန်းကျော် ဒါတောင်ကုလားက တစ်သန်းနီးပါး၊ ကျန်တဲ့ တစ် သန်းနီး ပါးက နေရာ အနှံ့ရောက်နေတယ်။ တစ်ကယ် စေ့စေ့ပေါက်ပေါက် စာရင်းကောက်ရင် ရခိုင် (၁) သန်းလောက်ပဲ ရှိမယ်။ အဲဒီထဲမှာ သက်ကြီး ရွယ်အို ကလေး သူငယ် အရက်သမား ဘိန်းစား သူခိုး 
ပယ်ရင် တိုက်နိုင် ခိုက်နိုင်တဲ့လူ (၃) သိန်း ဆိုတာအများဆုံးထား။
ခုတောင် ကုလား သတ်လို့ ထွက်ပြေး နေရတာ မျက်မြင် ကိုယ်တွေ့ပဲမလား။ " မဟာနိုင်ငံတော် " 
ထူထောင်ရင် ဘေးက ဘင်္ဂလား (၁၆၅) သန်းကျော် ခြံခတ်ပြီး " မင်းတို့ ရခိုင်မြေကို လုံးဝ မသွားနဲ့ 
မကျူးကျော်နဲ့ ဆိုပြီး မဟာ ကတိတွေပေး အရမ်းရိုသေ ကြောက်ရွံ့ပြနေမယ်ပေါ့ ဟုတ်လား။"
အခုတောင် ဒီဘက်က ကုလား ဟိုဘက်က သူ့အဖေ ဘင်္ဂလား အားကိုးပြီး စစ်တပ်တောင် ခံချနေတာမလား။ ဒီဘက်က ကုလား အသာထား ဘင်္ဂလားနဲ့ တစ်ခုခုဖြစ်ရင် အမျိုးတူ ပါကစ္စတန် (၁၉၆) သန်းကျော်၊ အင်ဒိုနီးရှား (၂၆၃) သန်းကျော်၊ မလေးကုလား (၃၁) သန်းကျော်က ရခိုင်ကို ကူမလား ကုလားဘက်က 
ကူမလား ချီးမစားတဲ့ လူဆို နားလည်တယ်။
ဒါတောင် အာရပ် ကမ္ဘာက သူဌေးနိုင်ငံတွေ ထည့်မပြောေ သးဘူး။ ရခိုင်မှာ ဘယ်ကောင် ဒေါ်လာ 
တစ်သန်း လှူနိုင်လဲ လှူဖူးလဲ ။ ဟိုကောင်တွေက ဒေါ်လာ ဘီလီယံချီထောက်ပံ့နိုင် တယ်။ ဘယ်ပုံ 
ဘယ်နည်း ရပ်တည်ပြီး နိုင်ငံ တည်ထောင်မှာလဲပြာပြကြ။
ခုချိန်မှာ ၁၃၅ မျိုးလုံး ညီညွှတ်မှ တော်ကာကျမယ့် အရေးကို ဗမာ၊ ရခိုင်မုန်းတီးရေး လုပ်နေကြတဲ့ 
ကိစ္စကို လုံးဝ လက်မခံနိုင်ဘူး။
ဗမာ နဲ့  ရခိုင်ဟာ ကိုးကွယ် ယုံကြည်မှု ဓလေ့စရိုက် ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု စားသောက်နေထိုင်ပုံ အားလုံးနီးပါး အခြား တိုင်းရင်းတွေ နဲ့ထက် ပိုနီးစပ်ပါတယ်။ သွေးမကွဲကြပါနဲ့။ ချစ်ခင် စည်းလုံးအောင်
လုပ်ဆောင်ကြပါ။
ပြောလိုက်အုန်းမယ်... စောက်ရူး တစ်ချို့ပြောကြသေးတယ်။
လှေကလေးနဲ့ ငါးရှာ စားစရာမလိုတော့ဘူးကွ။
ထွန်စက် နဲ့ ထွန်ပြီး ရဟတ်ယာဉ် နဲ့ ပိုးသတ်ဆေးဖြန်းနေရမှာပေါ့ဟ။ ပကတိ နိုင်ငံရေး အခြေအနေကို သုံးသပ်ကြပါ။ နားလည် ကြပါ။
စိတ်ကူးယဉ် အိပ်မက် ကမ္ဘာထဲက နိုးထကြပါတော့.....အို......ချစ်လှစွာသော ရခိုင်သားတို့ ........
ရေးသားသူ ..Tun Tun Win
Aung Zaw Win
No comments:
Post a Comment