16 March 2016

နှလုံးသွေးကြောကျဉ်း ရောဂါ ပျောက်ဆေး

 Zaw Hla Myint's photo.

  
နှလုံးသွေးကြောကျဉ်းရောဂါပျောက်ဆေး ပြုလုပ်ပုံ အဆင့်ဆင့်။ 
ကဲ စလိုက်ကြရအောင် ဆေးက တစ်ကယ်လည်း အစွမ်းထက်ပါတယ်‬အဲဒီတော့ အလွန် အစွမ်းထက်မှန်း သိတဲ့‬ ဒီဆေးကိုဖော်ဖို့ အတွက်  သိန်းပေါင်းမြောက်များစွာ အကုန်ကျခံပြီး စက်တွေလည်း ဝယ်စရာမလို ပါဘူး‬လူအများကြီးလည်း ငှါးစရာ မလိုပါဘူး‬ပညာရှင်တွေလည်းခေါ်စရာ မလိုပါဘူး‬

 ကိုယ့် မိသားစု လတ်လတ် ဆတ်ဆတ် သောက်ဖို့ အတွက်မြန်ချင်ရင် ၁သောင်းကျော်တန် သစ်သီးဖျော်စက် (Blender) စက်ကလေးတစ်လုံးဝယ်လိုက်ပါ။ မဝယ်ချင်လည်း မီးဖိုချောင်မှာ အသုံးပြုနေတဲ့ ငရုတ်ဆုံလေးနဲ့ တင် အဆင်ပြေစွာဖော်စပ်လို့ ရနေတာပါ။ 

အဲဒီဆေး အတွက် အဝယ်ခက်တာ ကတော့ ပန်းသီး ရှာလကာရည်(Apple Vinegar) ပါပဲ။ အဲဒါကလည်း ရန်ကုန် - မန္တလေးမြို့ကြီးတွေ က Citymart တွေမှာ ဝယ်ပြီး အိမ်မှာ သိမ်းထားလို့ရပါတယ်။


ကျွန်တော့် ဆိုင်‬ ၁၁၅ မိုင် ပိုင်အိုးနီးယား မှာလည်း အဝယ်ခက်တဲ့ ပန်းသီး ရှာလကာရည် (Apple Vinegar) USA/Korea/Italy Brand များ ကို တင်ပေးထားပါ့မယ်။
 

ဒီဆေးကို ဝယ် မသောက်စေချင် ပါဘူး ရောင်းတဲ့ဆေးတွေ က ဈေးကွက်ထဲမှာ ဘယ်လောက်ကြာနေမလဲ ဆို တာ ကိုယ်မှ မသိတာ၊ ကိုယ်တိုင်ပဲနိုင်သလောက်လေးဖော်သောက်သင့်ပါတယ် လို့ အကြံပြုချင် ပါတယ် ။ (ခက်တာမှ မဟုတ်တာဗျာ)
 

ကျွန်တော့်ညီ Soe Hla Myint ကလည်း သူ သစ္စာ ဆိုပြီးဖော်စပ်ထားတဲ့ "ထိုက်သူပန်" နှလုံးသွေးကြော ကျဉ်းရောဂါပျောက်ဆေး ကိုလည်း Pioneer Food Centre 115 ဆိုင်မှာ (၂) လ တစ်ခါ လှူ ပေးဖို့ စီစဉ်ထား ပါတယ် ခင်ဗျာ။


သင့်နှလုံးသွေးကြောမျ‬ား ပွင့်ရန်
***************************
သင့်နှလုံးသွေးကြောများ ပွင့်ရန်သောက်ရ မည့်ဆေးဖော်ရန် ဆေး အမယ်များနှင့် အချိုး အစား။
 

၁။ ✏ သံပုယို (သို့)ရှောက်သီး အရည် ၁ ခွက်။
၂။ ✏ ဂျင်း (ချင်း) အရည် ၁ ခွက်။
၃။ ✏ ကြက်သွန်ဖြူ  အရည် ၁ ခွက်။
၎။ ✏ ပန်းသီး ရှာလကာရည် ၁ ခွက်။
 


အထက်ဖော်ပြပါ အမယ် (၄)မျိုး ကိုရော စပ်၍ မီးအေးအေးဖြင့် မိနစ် (၆၀) ခန့် (သို့) ၄ ခွက် တွင် ၃ ခွက် ကျန်သည် အထိကြို ပါ။ ပြီး လျင် အအေးခံထားပါ။ ၄င်းနောက် ပျားရည်စစ် စစ် ၃ ခွက်ရော နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင် ထည့်၍ သုံးဆောင်နိုင်ပါသည်။
  

ဥပမာ..   အနေဖြင့် အားလုံး နားလည် လွယ်အောင်ကျွန်တော် ရှင်းပြပေးပါမယ်‬
✏ အခွံ ခွာရ လွယ်သော ကြက်သွန်ဖြူ  ဥတစ်လုံးများ အား အခွံ ခွာ၍ သစ်သီးဖျော်စက် (Blender) (သို့) ငရုတ်ဆုံ တွင်ကြေညက်နေအောင်ပြုလုပ်ပါ။ အကြမ်း ပုဂံလုံး နီးပါး ရလျှင်ရေကျက်အေးဖြင့် အကြမ်း ပုဂံ လုံးပြည့်အောင်ဖြည့်ပါ။ 


ထိုနည်း အတိုင်းပဲ ဂျင်း ကို ရေပြောင်အောင်ဆေး အခွံ ခွာပြီး ပါးပါး လှီးကာညှက်အောင်ပြု လုပ်ပေးပါ။ အကြမ်း ပုဂံလုံးပြည့်ရေကျက်အေးနှင့်ရောပါ။ 

 နောက်..ရှောက်သီး (သို့) သံပုယို သီး ကိုလည်း အကြမ်း ပုဂံလုံး (၁) လုံးပြည့်အောင် အရည် ညှစ်ပေးပါ။ စိတ်ချ ရအောင် ပန်းသီး ရှာလကာရည် ကို USA/Korea/Italy Brand ထဲမှရွေးချယ် ဝယ်ယူ၍ အကြမ်းပုဂံလုံး တစ်လုံးပြည့်အောင် ထည့်ပါ ။ 

 ပြီးနောက် အကြမ်း ပုဂံလုံး တစ်လုံးစီတွင် ထဲ့ထားသော အမယ် (၄) မျိုး ကိုရောစပ်ပြီး မီးအေးအေးလေးဖြင့် (မိနစ် ၆၀ ) ခန့် (သို့) အကြမ်း ပုဂံလုံး ၄ခွက် မှ အကြမ်းပုဂံလုံး (၃) လုံးခန့် ကျန်သည် အထိကြို ပေးပါ။ ပြီးလျင် အအေးခံထားပြီး ပျားရည် စစ်စစ် အကြမ်း ပုဂံလုံး (၃) လုံးဖြင့် သမအောင်မွှေ၍ အိမ်ရှိ ဖန်ပုလင်း တစ်လုံးထဲ ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

များများ လိုချင်လျှင် ထိုနည်း အတိုင်ဆတူ တိုး၍ဖော်စပ်နိုင်ပါသည်။
 


 ဆေးသောက်ရန် မှာ နံနက် အိပ်ယာထ ဘာမှ မစားရသေးခင် ထမင်းစားဇွန်းနှင့် အပြည့် တစ်ဇွန်းသောက် ရပါမည်။ ၅မိနစ်လောက်နေမှ ရေသောက်ပါ။ ပြီးလျှင် စားနေကျ အစားအစာများ ၊သောက်နေကြ အခြားဆေး များအား ပုံမှန်သောက်သုံးလို့ ရပါပြီ။


 

 Zaw Hla Myint's photo.

ဤဆေးရည် ကသင်၏ ပိတ်နေ /ကျ ဉ်းနေသော သွေးကြော များကို ပြန်ဖွင့်ပေးပါ လိမ့်မည်။  ဆေး ၏ အရသာ မှာလည်းကောင်းပါသည်။ အထက်ဖော်ပြပါ  ဆေးနည်းလမ်းလေး ကို အင်တာနက်ပေါ် တွင် စေတနာရှင် တစ်ဦးက ဖော်ပြထားသည် ကို ရယူပြီး ဆောင်းပါးရှင် ၏ မူရင်း အတိုင်းပြန် ဆိုရေး သားဖော်ပြ လိုက်ပါသည်။

တစ်ကမ္ဘာ လုံးတွင်သေပျောက်မှု  အများ ဆုံးရောဂါ ထဲတွင် နှလုံးသွေးကြောကျ ဉ်းရော ဂါလည်း အပါ အဝင်ဖြစ် ပါသည်။ ရုတ်တရက် သေဆုံးခြင်း-လေဖြတ် သွားခြင်းများလည်း တွေ့ဖူးကြမည် ဖြစ်ပါသည်။
 


ဤကဲ့သို့ ဆိုးဝါးသည့်ရောဂါကြီး ကို ငွေကုန်ကြေးကျ အနည်းဆုံးနှင့် လက်တွေ့ ပျောက်ကင်းသူ ၏စေတနာ ကို ယုံကြည်မှု ဖြင့် ဖြန့်ဝေလိုက်ပါသည်။ သင့်မှာ နှလုံးသွေးကြောကျ ဉ်းရောဂါ ခံ စားနေရပါသလား။ ခွဲစိတ် ကုသဖို့ ဆရာဝန် က တိုက်တွန်းနေပြီလား။ ခဏလေးစောင့်လိုက်ပါ။
 


အထက်ပါ ကုသနည်းတွေ မပြု လုပ်ခင် ယခု ကျွန်တော်ပြောမည့် ဆေးမြီးတိုလေး ကို ယုံကြည်စွာ သုံးကြည့် လိုက် ပါ။ ဤဆေး က သင့်ကို ဘုရားသခင် က ကုသပေးလိုက်သလို ပျောက်ကင်းသွားပါလိမ့်မည်။
 

လွန်ခဲ့သောနှစ် ဧပြီလ (၁၈) ရက်နေ့ က ကျွန်တော် အင်္ဂလန် မှ ပါကစ္စတန်သို့  Khatme-e-Natbuwat နှစ် ပတ်လည် ညီလာခံ တက် ရန် လာခဲ့ပါသည်။ ညီလာခံ မတိုင်မီ ရက်အ နည်းငယ် တွင် ကျွန်တော်  ၏နှလုံးနေရာ မှာ နာ ကျင်သည့်ဝေဒနာ ခံစားလာရပါသည်။

တစ်ဖြည်း ဖြည်း နာကျင်သည့်ဝေဒနာ က စိတ်လာပါ သည်။ ဆရာဝန်နှင့် ပြသ စမ်းသပ်သည့် အခါ
တွင် ကျွန်တော် ၏နှ လုံးတွင် သွေးကြော သုံး ချောင်း ပိတ်မိနေပြီဖြစ်သဖြင့် ခွဲစိတ်ပြီးသွေး ကြော လမ်းကြောင်း အသစ်ပြောင်း ၍ ကုသ ခြင်း(Bypass)ပြုလုပ် ကုသရန် အကြံပေးပြီး နောက် တစ်လ တွင် ခွဲစိတ်ရန် ရက်ချိန်းပေး လိုက်ပါသည်။


ထို အကြောင်းကို ပါကစ္စတန် မှ တိုင်းရင်းဆေး ဆရာကြီး HazratMoulana Bashir Saheb ဆိုသူ အား ပြောပြမိ ပါသည်။ ဆရာဝန် ချိန်းဆို ထားသည့် ခွဲစိတ်ရက် မတိုင်မီ ဆရာကြီး Sahebဖော်ပေးသောဆေး ကို တစ်လ လုံး တိတိ ကျကျ လိုက်နာ သုံးစွဲခဲ့ပါ သည်။

ခွဲစိတ်ရက် မတိုင်မီ ပါကစ္စတန်နိုင်ငံ Lahore နှလုံးရောဂါကုဆေးရုံ သို့ သွား၍ ခွဲ စိတ်ခ ကြိုတင်ငွေ  Rs 225,000 ကိုပေးသွင်းရ ပါသည်။  ၄င်းနောက် အသေးစိတ် စမ်းသပ်မှု များ ထပ်မံပြု လုပ်ရပါသည်။ စမ်းသပ်မှု အပြီး တွင် ထွက်ရှိလာသော အဖြေနှင့် ယခင် ရရှိထား သောအဖြေ ကို နှိုင်းယှဉ်ကြည့်ပြီး ဆရာဝန် က
ယခင် စမ်းသပ်မှု  အပြီး တစ်လ အတွင်း ဘာ ဆေးတွေ စားသလဲဟုမေးပါသည်။
 

ကျွန်တော် က ဆရာကြီး Saheb ဆေးကို စားခဲ့ကြောင်းပြောပြရာ ဆရာဝန်က ယခု ရသည့် အဖြေသည် အလွန် အံ့သြ စရာကောင်းကြောင်း ပိတ်နေသောနှလုံးသွေးကြော သုံးချောင်း စလုံး ပြန် ပွင့်နေပြီဖြစ်ပြီး သွေးလည်ပတ်မှု   မှာလည်း ပုံမှန်ဖြစ်နေ သဖြင့် ခွဲစိတ်ရန် မလိုတော့ကြောင်းပြောပြီး ကြိုတင်ငွေပါ ပြန်အမ်းပေးလိုက်ပါသည်။

ဆရာကြီး Saheb ဆေးနည်း မှာ အ ထက်တွင် ရေးသား ခဲ့သော နည်း အတိုင်းဖော် စပ်ရပါသည်။ ဤ ကဲ့ သို့ ငွေကုန်ကြေးကျ သက် သာပြီး လွယ်ကူစွာဖော်စပ်နိုင်သော ဆေးဝါး အား အန္တရာယ် အလွန်ကြီး မားသော နှလုံးသွေး ကြောကျဉ်းရောဂါ ဝေဒနာ ခံစားနေရသူများ အတွက် '''ဖတ်ပါ-ဝေငှပါ '' ဟု တိုက်တွန်းလိုက် ပါသည်။


 

 Zaw Hla Myint's photo.


ပန်းသီး ရှာလကာရည် (Apple Vinegar) ကို Citymart ကဲ့သို့ သော စတိုးဆိုင်ကြီးများ တွင် ဝယ်ယူ ရရှိနိုင် ပါ သည်။
 

ကျွန်တော့်ညီဖော်စပ်သော ထိုက်သူပန် ဆေးများတွင် ပန်းသီး ရှာလကာရည် ကို USA/Korea/Italy Brand
များကို အသုံးပြု ဖော်စပ် ထားပါသည်။ အတတ်  နိုင်ဆုံး Myanmar/China/Thailand Brand များကို အရည် အသွေး စိတ်မချ သဖြင့် အသုံး မပြုဘူးလို့ သိရပါတယ်။
 

 ကျေးဇူးတင်ပါတယ်။


 ‪#‎အားလုံး အတွက် အလွန် အစွမ်းထက်သော ဤနှလုံးသွေးကြောပွင့်ဆေးဖော်စပ်နည်းအား‬ ‪#‎Shareပေးခြင်းဖြင့်ကူညီပေးကြပါ‬
 


အားလုံးအဆင်ပြေကြပါစေ။


 
Zaw Hla Myint's photo.


 Zaw Hla Myint's photo.


 ကျေးဇူး များစွာဖြင့်....
ကိုဇော်+မမိုး (ပိုင်အိုးနီးယား ၁၁၅)


 Sayar Zaw Moe Pfc

 Zaw Hla Myint
 Pioneer Food Center @ 115 Miles.


No comments:

Post a Comment