17 March 2016

ထူးခြားသော မှဲ့ ( ၇ ) မျိုး

 
 

လူတိုင်း ရဲ့ ခ န္ဓ္ဓာကိုယ်နေရာ အနှံ့ မှာ မှဲ့တွေ ရှိတတ်ပါတယ်။ တစ်ချို့  မှဲ့တွေက သေးပြီး တစ်ချို့  မှဲ့တွေက အသား ပို ထွက်နေ သလို အကြီးကြီးတွေ ဖြစ်ပါတယ်။ 

မှဲ့တွေ မှာ လူ တစ်ယောက် ရဲ့ကျန်းမာရေး၊ စီးပွားရေး ကိစ္စမျိုးတွေနဲ့ လည်း ဆက်စပ်နေတတ် တဲ့ ထူးခြားတဲ့ မှဲ့တွေရှိပါတယ်။ ကိုယ့်မှာ အဲ့ဒီလို မှဲ့မျိုး ရှိသလား ဆိုတာ သိချင်ကြပါသလား။ ဒီ မှဲ့တွေကတော့-

၁) နားထင်ပေါ်မှာ ရှိတဲ့မှဲ့

ဒီ မှဲ့ က ခရီးသွားဖို့ အခွင့်အလမ်းတွေ နဲ့ ဆက်စပ်နေပါတယ်။  ခရီးသွားခြင်း နဲ့ ဆိုင်တဲ့ ပျော်ရွှင်မှုတွေ ၊ အလုပ် အကိုင်တွေ ရရှိမှာ ဖြစ်ပါတယ်။

၂) မျက်ခုံးနှစ်ခု ကြားက မှဲ့

အလုပ် တိုးတက်မှုကို ပြပါတယ်။ မကြာခဏ ရာထူး တိုးတာ၊ လစာ တိုးတာတွေ ကြုံတွေ့ရတာကို ပြပါတယ်။

၃) မျက်လုံး နဲ့ မျက်ခုံး ကြားက မှဲ့

စွယ်စုံရတဲ့ သူ၊ ဘက်စုံ ထူးချွန်တဲ့သူ တစ်ဦး ဆိုတာကို ပြပါတယ်။ လူတွေ နဲ့ ဆက်ဆံရေးကောင်းပြီး ဦးဆောင်ရမဲ့ ရာထူးမျိုး ရရှိနိုင်ပါတယ်။



၎) အပေါ်နှုတ်ခမ်းရှိ မှဲ့

အစားအသောက်၊ အ၀တ်အထည် တို့ကြောင့် မကြာခဏ ပူပန် ရတတ်ပါတယ်။ ကိုယ်ရည် ကိုယ်သွေးမြင့် မားပြီး အပေါင်းအသင်းတွေကြား မှာ ကျော်ကြားတဲ့ သူမျိုးဖြစ်ပါတယ်။

၅) ပါးရိုး ပေါ်ရှိ မှဲ့

အလုပ် မှာ လုပ်ပိုင်ခွင့် ရှိတဲ့ ရာထူးမျိုး ရရှိနိုင်ပြီး စည်းစိမ် ဥစ္စာ ကြွယ်ဝမယ့်သူဖြစ်ပါတယ်။

၆) လက်ဝါးပြင်ပေါ်ရှိ မှဲ့

ဘယ်တော့မှ ငွေကြေးပြတ်လပ်မှုမျိုး ကြုံရမှာ မဟုတ်ပါဘူး။ ရည်မှန်းချက်ကြီး တဲ့ သူ တစ်ယောက် ဖြစ်ပြီး အလွယ်တစ်ကူ ဦးဆောင်နိုင်မယ့်သူလည်း ဖြစ်ပါတယ်။

၇)ခြေဖ၀ါးပြင် ရှိ မှဲ့

မကြာခဏ ခရီးသွားရပြီး လုပ်ငန်းခွင် မှာ ခေါင်းဆောင်ကောင်း တစ်ဦး အဖြစ်ကျော်ကြားသူ တစ်ဦးဖြစ်နိုင် ပါတယ်။

 


Trend Myanmar 

 http://www.searchmyanmar.com/link/frame/cid/57371

No comments:

Post a Comment